Nam Kham News

Nam Kham News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nam Kham News, News & Media Website, 11181, Yangon.

 နမ့်ခမ်းမြို့နေ အမျိုးသမီးတစ်ဦး လည်ပင်း၌ သေနတ် (၃)ချက် အပစ်ခံရ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့နမ့်ခမ်းသတင်းစဉ်ဖြစ်စဉ်မှာ...
02/11/2021


နမ့်ခမ်းမြို့နေ အမျိုးသမီးတစ်ဦး လည်ပင်း၌ သေနတ် (၃)ချက် အပစ်ခံရ

၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့
နမ့်ခမ်းသတင်းစဉ်

ဖြစ်စဉ်မှာ မနေ့ည (အချိန်စုံစမ်းဆဲ) တွင် အသက် (၃၀)ကျော် အမျိုးသမီး တစ်ဦး၌ ကားဖြင့်အပြင်မှ အိမ်ပြန်ရောက်လာပြီး ကားပေါ်မှဆင်းချိန်တွင် အမျိုးသား နှစ်ဦးက သူ့နောက်ရောက်လာခဲ့ပြီး သေနတ်ဖြင့် (၃)ချက် ယင်းအမျိုးသမီးလည်ပင်းတွင် ပစ်ခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

ပစ်ခံရတဲ့အမျိုးသမီးက နမ့်ခမ်းမြို့နယ်၊ ပေါက်နေ-ကုန်းသာ(ကုန်းဆာ၊ ကောင်းဆာ) ရပ်ကွက်ကြားနေ ပြည်သူတစ်ဦးဖြစ်ပြီး၊ ပြင်းထန်သော သေနတ်ဒဏ်ရာကြောင့် အရမ်းစိုးရိမ်ရတဲ့ အနေအထားနဲ့ လက်ရှိ နမ့်ခမ်းပြည်သူ့ဆေးရုံကြီး၌ ဆေးကုသခံနေရတယ်လို့လည်း ကြားသိရပါတယ်။

သေနတ်လာပစ်တဲ့ အမည်မသိ အမျိုးသား (၂)ယောက်ကလည်း “သေအောင်ပစ်ပါ၊ သေအောင်ပစ်ပါ” ဆိုပြီး တအောင်း(ပလောင်)စကားသံနဲ့ ပြောနေတာကို ကြားရတယ်လို့ ဆိုပါတယ်။

နမ့်ခမ်းသတင်းစဉ် (Nam Kham News)
နမ့်ခမ်းသူနမ့်ခမ်းသားများ
02 November 2021
#မိုင်ဆုန်ခ

ကျောင်းတွေ ဖွင့်လိုက်တယ် ဆိုပေမယ့်ဆောင်းပါးအာဏာသိမ်း စစ်ကောင်စီက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျလာသည့်အတွက် နိုဝင်ဘာ ...
01/11/2021

ကျောင်းတွေ ဖွင့်လိုက်တယ် ဆိုပေမယ့်

ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျလာသည့်အတွက် နိုဝင်ဘာ ၁ ရက်တွင် အခြေခံ ပညာကျောင်း အများစုကို ပြန်ဖွင့်မည် ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ကြေညာသည်။

တချို့မြို့နယ်များတွင် ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေကြောင့် မြို့နယ်ပေါင်း ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများကိုမူ ဆက်လက် ပိတ်ထားဦးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပိတ်ထားမည့် ကျောင်းများမှာ ကချင်ပြည်နယ်မှ ပူတာအို အပါအဝင် မြို့နယ် ၆ မြို့နယ်၊ ကယားပြည်နယ်မှ ဖားဆောင်း အပါအဝင် ၃ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့နယ်နှင့် ချင်းပြည်နယ်မှ ၂ မြို့နယ်တို့ရှိ စာသင်ကျောင်းများ ပါဝင်ကြောင်း သိရ သည်။

ထို့ပြင် စစ်ကိုင်းတိုင်းမှ လေရှီးမြို့နယ်၊ မကွေးတိုင်းမှ ဆော အပါအဝင် ၄ မြို့နယ်၊ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည် နယ် ဂွမြို့နယ်နှင့် ရှမ်းပြည်နယ်မှ လားရှိုး အပါအဝင် ၂၆ မြို့နယ်တို့ရှိ စာသင်ကျောင်းများလည်း ပိတ်ထားရမည့် ကျောင်း များစာရင်းတွင် ပါဝင်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက် ကျလာသဖြင့် ပိတ်ထားသည့် စာသင်ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုး က သတင်းမီဒီယာ အချို့သို့ ဖြေကြားထားသည်။

ထိုသို့ စစ်ကောင်စီက ကျောင်းများ ပြန်ဖွင့်ရန် ပြင်ဆင်နေသော်လည်း ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘ များကမူ စစ်ကောင်စီ ဖွင့်သည့် ကျောင်းများတွင် ကျောင်းတက်မည် မဟုတ်ကြောင်း ပြောဆိုကြသည်။

ပဲခူးမြို့မှ မူလတန်းကျောင်းသူ တဦး၏ ဖခင်ဖြစ်သူက စစ်ကောင်စီ လက်အောက်တွင် ကျောင်းမထားချင်ကြောင်းနှင့် Non CDM ဆရာမများ၏ သွန်သင်မှုများကို လက်မခံနိုင်သဖြင့် ၎င်း၏ သမီးဖြစ်သူကို ကျောင်းမထားရန် ဆုံးဖြတ်ထားကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “အကြောင်းအရင်းကတော့ သူတို့ အုပ်ချုပ်မှုကို အာဏာဖီဆန်တဲ့ အနေနဲ့ မထားတာ။ နံပါတ်နှစ်ကတော့ လုံခြုံရေး အရပေါ့။ အချိန်မရွေး တခုခုဖြစ်သွားနိုင်တဲ့ အနေအထားလေ။ အခုက ပစ်တာခတ်တာတွေရော၊ ပေါက်ကွဲတာတွေရော ဆိုတော့ တကယ်လို့ တခုခုဖြစ်လာရင် ကလေးရဲ့ ကျောင်းနဲ့အိမ်နဲ့က ဝေးတယ်လေ။ သွားဖို့အတွက် အရမ်းခက်ခဲတယ်။ နောက်ပြီးရင် လူတွေအများကြီးနဲ့ ကိုဗစ်ကူးမယ့် အန္တရာယ်ကလည်း စိုးရိမ်ရတယ်။ ဒါကြောင့် မပို့ဘူး” ဟု ဆိုသည်။

၎င်းကဆက်ပြီး “အခု ဆိုရင် ကျနော်တို့က ကလေးကို စာမပြတ်အောင် သင်ပေးတယ်။ စာနဲ့ ထိတွေ့မှုရှိအောင် သင်ပေးတယ်။ ကျောင်း အတန်း စာ၊ ပုံနှိပ်စာအုပ်တွေကို ဝယ်ပြီးတော့ အပြင်ဆရာမတွေဆီမှာ သင်တယ်။ သင်တဲ့အခါမှာ ကလေးက စာမပြတ်သွားတဲ့အ တွက် စာနောက်ကျမှာ စိတ်မပူဘူး” ဟု ဆိုသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာတရွာမှ နဝမတန်း ကျောင်းသားတဦး၏ ဖခင်ဖြစ်သူကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်ထဲတွင် စစ်ရေးလှုပ်ရှားနေသဖြင့် သားဖြစ်သူကို ကျောင်းလွှတ်ရန် စိတ်မချကြောင်း ပြောဆိုသည်။

၎င်းက “အခု စစ်ကောင်စီ တပ်တွေက ရွာတွေထဲဝင်ပြီး မထင်ရင်မထင်သလို တွေ့ကရာကို ပြဿနာ ရှာနေတာ။ ကိုယ့် ကလေးက ၁၅/၁၆ အရွယ်ဆိုတော့ ကျောင်းလွှတ်လိုက်ပြန်ရင် PDF ဆိုပြီး ဖမ်းသွားတာတို့၊ မတော် ပစ်သတ်သွားတာ ဆိုရင် ရင်ကျိုးမှာ။ အဲဒါကြောင့် သူတို့ ကျောင်းဖွင့်လည်း ကျနော်တော့ ကျောင်းမလွှတ်ဘူး” ဟု ပြောသည်။

လက်ရှိတွင် သားဖြစ်သူ ကျောင်းစာ နောက်မကျစေရန်အတွက် ၎င်းတို့ရွာရှိ CDM ဆရာမ အချို့ထံတွင် သွားရောက်၍ စာသင်ကြားစေလျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။

အခြေခံပညာလုပ်သားများသမဂ္ဂ တိုက်ပွဲဦးဆောင်ကော်မတီမှ CDM ဆရာ တဦးကလည်း စစ်ကောင်စီဘက်က အခြေခံ ပညာကျောင်းများ ပြန်ဖွင့်ရန် ဆောင်ရွက်လာခြင်းသည် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် အစိုးရယန္တရား ပုံမှန်ပြန် လည်ပတ်လာနေပြီး တိုင်းပြည်ကို ထိန်းချုပ်နိုင်ပြီဟု ပြသလိုသဖြင့် ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

“အခြေခံပညာကျောင်းတွေကို ဖွင့်လှစ်ဖို့ ကြိုးစားလိုက်တာက ကျနော်တို့ တော်လှန်ရေးကို နှောင့်နှေးသွားစေဖို့ လုပ်တယ် လို့ ထင်တယ်။ ကလေးတွေကို ကျောင်းပို့ကျောင်းကြိုနဲ့ တော်လှန်ရေးဘက်ကို အာရုံ မစိုက်နိုင်တော့ဘူးပေါ့။ တကယ်လို့ သာ ကလေးတွေကို တကယ်စေတနာ ရှိတယ်။ တိုင်းပြည်ကို စေတနာ ရှိတယ်ဆိုရင် စစ်အာဏာသိမ်းတယ် ဆိုတာက ဖြစ်မလာသင့်ဘူးပေါ့။ နိုင်ငံတကာ ဖိအားကြောင့်လည်း သူတို့ ယန္တရား လည်ပတ်နေပြီ ဆိုတာကို ပြချင်တာလည်း ပါ မှာပေါ့” ဟု ၎င်းက ဆိုသည်။

အခြေခံပညာ ကဏ္ဍတွင် ဆရာ၊ ဆရာမ စုစုပေါင်း ၄ သိန်း ၃ သောင်းကျော်ရှိပြီး ယင်းတို့အနက် ဆရာ၊ ဆရာမ ၁ သိန်းခွဲ မှာ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြောင်း အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ၏ အချက်အလက်များအရ သိရသည်။

သို့ဖြစ်ရာ ဆရာ၊ ဆရာမ အင်အား၏ ၃ ပုံ ၁ ပုံကျော်က CDM လုပ်ထားသဖြင့် ကျောင်းများ ပြန်ဖွင့်ပါကလည်း စာသင် ကြားမှုကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ နိုဝင်ဘာမှ ဖေဖော်ဝါရီလအထိ ၄ လတာ ကာလ အတွင်း သင်ခန်းစာအားလုံးကို မည်ကဲ့သို့ ကုန်စင်အောင် သင်မည်ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း အခြေခံပညာ လုပ်သားများသမဂ္ဂ တိုက်ပွဲဦးဆောင်ကော်မတီမှ CDM ဆရာတဦးက သုံးသပ်သည်။

“အသစ်ခန့်မယ် ဆိုရင်တောင် အသစ်ခန့် ဆရာ၊ ဆရာမတွေမှာက ဆရာအတတ်ပညာကို ဘယ်လောက် ကျွမ်းကျင်နိုင် မလဲ ဆိုတာကို မေးခွန်းထုတ်စရာ ရှိတယ်။ ကျနော်တို့ ပညာရေးက သင်ရိုးအသစ်ပြောင်းဖို့ ကြိုးစားနေတဲ့ အချိန်မှာ အာ ဏာသိမ်းလိုက်တာ ဖြစ်တော့ သင်ရိုးသစ် သင်တန်းတွေကလည်း တိုးလို့တန်းလန်းနဲ့ ဖြစ်သလို ပြီးခဲ့တာ ရှိတယ်။ သင်ပေး ပြီးရင်လည်း သင်ပေးလိုက်တဲ့သူတွေကို ဘယ်လို ပညာရည် အကဲဖြတ်မလဲ ဆိုတာကလည်း ရှိသေးတယ်။ ခြုံပြောရ ရင်တော့ သူတို့ဖွင့်တဲ့ ကျောင်းတက်လည်း ပညာတတ်ကျွမ်းဖို့က ထိရောက်မှု သိပ်မရှိနိုင်ဘူး ထင်တယ်” ဟု ၎င်းက ပြော သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ကိုဗစ်ကြောင့် ပိတ်ထားသော အခြေခံပညာကျောင်းများကို ဇွန်လတွင် ပြန်ဖွင့်ရန် စစ်ကောင်စီက ကြိုးပမ်းခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်မှု တကျော့ပြန် မြင့်တက်လာသဖြင့် စာသင်ကျောင်းများ ဖွင့်ပြီး သိပ်မကြာခင် ပြန်ပိတ်ခဲ့ရသည်။

ထို့နောက် ကိုဗစ်တတိယလှိုင်း ကာလအလွန် ရောဂါကူးစက်မှု ပြန်ကျလာသည့်နောက် ယခုအခါတွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသူ၊ ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးကာ အခြေခံပညာကျောင်းများ အားလုံးကို နိုဝင်ဘာ ၁ ရက်တွင် ကျောင်းပြန်ဖွင့်နိုင်ရေး စစ်ကောင်စီဘက်က ထပ်မံကြိုးပမ်းလာခြင်း ဖြစ်သည်။

ထိုသို့ ဖွင့်လိုက်သော်လည်း မြို့ပေါ်နှင့် ကျေးလက်တချို့တွင် မိဘများက အာဏာဖီဆန်ရေး၊ လုံခြုံရေး အတွက်ကြောင့် ၎င်းတို့၏ သားသမီးများအား ကျောင်းမပို့ကြရန် စဉ်းစားနေကြသလို ကျောင်းတွင်တွေ့ရမည့် Nom CDM ဆရာ၊ ဆရာမများနှင့် လက်ပူတိုက်ဝင်လာမည့် ဆရာ၊ ဆရာမသစ်များအပေါ် ယုံကြည်မှုနည်းနေသည်ကလည်း စစ်ကောင်စီ ဖွင့်သည့် ကျောင်းများကို တက်သူနည်းစေသည်။

နိုင်ငံအတွင်း နေရာ အများအပြားတွင် ယင်းသို့ ကျောင်းထားရေး၊ မထားရေး စဉ်းစားနိုင်ကြသော်လည်း စစ်ပဋိပက္ခဖြစ်ပွားရာ ဒေသမှ မိဘများနှင့် ကလေးငယ်များမှာ စာသင်ကျောင်းရှိသည့် မိမိရွာတွင် မနေထိုင်နိုင်ကြတော့ဘဲ ကျည်ဆံများ၊ အမြောက်ဆံများ၊ အာဏာသိမ်း စစ်တပ်များနှင့် ကင်းလွတ်ရာ တောတောင်များတွင် စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

1 November 2021 - ဧရာဝတီသတင်းဌာန

နှစ်နိုင်ငံသဘောမတူနိုင်သေးသ၍ ဘာမှမစိုက်ပျိုးရန် စိုက်ပျိုးမှုရှိပါက ခြံစည်းရိုးချက်ချင်းဝင်ခတ်မည်ဟု နောင်ခမ်းကျေးရွာသားမ...
31/10/2021

နှစ်နိုင်ငံသဘောမတူနိုင်သေးသ၍ ဘာမှမစိုက်ပျိုးရန် စိုက်ပျိုးမှုရှိပါက ခြံစည်းရိုးချက်ချင်းဝင်ခတ်မည်ဟု နောင်ခမ်းကျေးရွာသားများအပေါ် နယ်မြေကျူးကျော်သူတရုတ်က ခြိမ်းခြောက်စာပို့

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်
နမ့်ခမ်းသတင်းစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာအုပ်စု နောင်ခမ်းကျေးရွာသူရွာသားပိုင်နယ်မြေများကို တရုတ်ဘက်က လူအင်အား စစ်အင်အား စက်အင်အားတွေအပြည့်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ နေ့၌ နယ်မြေကျူးကျော်ပြီး ခြံစည်းရိုး လာခတ်တဲ့ပြဿနာ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ၂၄ နာရီအတွင်း (၁၉ ရက်နေ့ နံနက်)မှာပဲ နောင်ခမ်းရွာရှိ နေအိမ်တစ်လုံး၌ မီးလောင်ကျွမ်းမှု ထပ်ဖြစ်ပွားခဲ့ပါတယ်။

ယခုလို တရုတ်အသုံးများနေတဲ့ Wechat ဆိုသော App တခုမှာ မနေ့ ၃၀ရက်နေ့မှ စတင်ပြီးပြန့်နှံ့လာခဲ့တဲ့ နောင်ခမ်းကျေးရွာသားအပေါ် တရုတ် ခြိမ်းချောက်စာကိုလည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာတင်ကတည်းက ရက်စွဲတပ်ပြီး ရှမ်းဘာသာဖြင့် နောင်ခမ်းရွာအတွက် အသိပေးစာဆိုပြီး ခြိမ်းခြောက်စာ (၃)ချက် ပါရှိကာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) နယ်မြေပြဿနာနှင့် ပတ်သက်ပြီးတော့ ကျွန်ုပ်တို့ နောင်ဆောင်ရွာ(တရုတ်ပိုင်) ဘက်က သက်ဆိုင်ရာဌာနများကို အကြောင်းကြားတင်ပြပြီး ဖြစ်ပါသဖြင့်၊ ဒီကိစ္စနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်မှ မြန်မာအစိုးရကို ဆွေးနွေးဖြေရှင်းသွားမည်။

(၂) နယ်မြေကိစ္စဟာ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် သက်ဆိုင်တဲ့အတွက်ကြောင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ရန်လည်း ကျွန်ုပ်တို့ရွာမှာ တာဝန်ရှိပါတယ်။ နယ်မြေကျူးကျော်သည့်ပြဿနာနှင့် ပတ်သက်လာလျှင် ကျွန်ုပ်တို့ ဘယ်လိုမှ ရှောင်ရှားပေးနိုင်မည်မဟုတ်သလို ခင်ဗျာတို့ပိုင်မြေကိုလည်း သွားလုယူမှာမဟုတ်ဘူး သို့သော် ကျွန်ုပ်တို့ နယ်မြေဖြစ်ရင်တော့ ကျွန်ုပ်တို့ပြန်ယူရမှာဖြစ်ပြီး နည်းနည်းမှ ရှောင်ရှားနောက်ဆုတ်ပေးမည်မဟုတ်ပါ။

(၃) ဒီနယ်မြေပြဿနာနှင့်ပတ်သက်၍ နှစ်ဘက်သော နှစ်နိုင်ငံအစိုးရ ဘာသဘောတူညီချက်မှ မရသေးသ၍ ဒီနေရာမှာ အဆွေတို့ နောင်ခမ်းရွာသားများကိုလည်း ဘာစိုက်ပျိုးရေးမှ မလုပ်ရ။ တကယ်လို့ တစုံတခု လာစိုက်တာရှိခဲ့လျှင် ကျွန်ုပ်တို့ ဝင်ရောက် ဖျက်ဆီးသွားမည်မက ကျွန်ုပ်တို့ ခြံစည်းရိုး ချက်ချင်း ဝင်ခတ်သွားမည် ဖြစ်ပါတယ်။ နောက်နှောင်တွင် ဒီနယ်မြေပြဿနာ အမှုတွေ ထပ်ပေါ်ပေါက်လာပါက ခင်ဗျားတို့ နောင်ခမ်းရွာအပေါ် တာဝန်အားလုံးယူရပါမည်။ ဆိုပြီး ပို့တဲ့ခြိမ်းခြောက်စာမှာ ပါရှိပါတယ်။

နောင်ခမ်းကျေးရွာတွင် ဖြစ်ပွားသည့် နယ်မြေကျူးကျော် ခြံစည်းရိုးခတ်တဲ့ပြဿနာကိစ္စသည် လွန်ခဲ့သော ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့ပြီး၊ တရုတ်ဘက်က နောင်ဆောင်ရွာနေ စိုင်းဆန်ယီဘအောင် ဆိုသူဦးဆောင်ပြီး ခြံစည်းရိုး စတင်ခတ်ခြင်းဖြစ်ပါတယ်။

နယ်မြေပြဿနာ ဖြစ်သည့်နေရာသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ နှင့် တရုတ်ပြည်နယ်၊ ရွှေလီမြို့၊ နောင်တောင်းအုပ်စု၊ နောင်ဆောင်ကျေးရွာ အစပ်ကြားဖြစ်သည့် မိုင်တိုင်အမှတ်(၅၈) ခေါ် ကျောက်လူနှစ်ယောက် အမှတ်အသား စိုက်ထူထားတဲ့နေရာဖြစ်ပါတယ်။

ဒီခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး နောင်ခမ်းကျေးရွာသားများ စိုးရိမ်ပူပန်မှုတွေရှိနေခဲ့ပြီး သက်ဆိုင်ရာ မြန်မာအစိုးရဌာနများအားလည်း ဒီကိစ္စကို တတ်နိုင်သလောက် အမြန်ဆုံးကူညီဖြေရှင်းပေးပါရန်ဆိုတဲ့ တောင်းဆိုချက်များလည်းရှိနေပါသည် ဟု သတင်းရရှိပါတယ်။

နမ့်ခမ်းသတင်းစဉ် (Nam Kham News)
နမ့်ခမ်းသူနမ့်ခမ်းသားများ
31 October 2021

#မိုင််ဆုန်ခ

30/10/2021

တမြို့လုံးစစ်ဘေးရှောင်နေရတဲ့ ထန်တလန်မြို့မှာ နေအိမ်တွေ မီးရှို့ခံရ (ဒေသခံ)
29 အောက်တိုဘာ၊ 2021
VOA

တမြို့လုံး စစ်ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်တွေကို စစ်ကောင်စီတပ်တွေ မီးရှို့တဲ့အတွက် နေအိမ်တော်တော်များများ မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေမှာလည်း အစားအစာအကူအညီလိုအပ်နေ ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် တမြို့လုံး ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ထန်တလန်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ တဲ့အတွက် နေအိမ်တွေ မီးလောင်ကျွမ်းတယ်လို့ ထန်တလန်ဒေသခံတဦးက အခုလိုပြောပြပါတယ်။

“ထန်တလန်မှာ စရှို့တယ်ဆိုတာက ရှို့တဲ့အချိန်မှာမရှိဘူးဆိုတော့ အတိအကျတော့ ပြောလို့်တော့မရဘူး။ ၉ နာရီခွဲလောက်ကစပြီး မီးလောင်တယ်လို့ပြောကြတယ်။ ပြီးရင် စလောင်တဲ့အိမ်က ထန်တလန်လမ်းဆုံက CB ဘဏ်နားက စတာ။ သူတို့စစ်တပ်တွေ မီးရှို့တယ်ဆိုတာက ကျနော်တို့ ထန်တလန်မှာက ပြည်သူလူထုက မရှိတော့ဘူး။ စစ်တပ်တွေပဲရှိတော့တာ။ သူတို့ပဲရှိတယ်ဆိုတော့ သူတို့မရှို့ဘဲ ဘယ်သူမှ ရှို့မှာမဟုတ်ဘူးလေ။ လူမှ မရှိတော့တာ။ အခု ပါသွားတဲ့ အိမ်က ၁၂ လုံးရှိပြီ။ အခုလည်းရှိနေတုန်းပဲ။ အဲ့ဒါနဲ့မီးကမငြိမ်းသေးဘူး။ လူလည်းမရှိဘူးဆိုတော့ စစ်တပ်တွေကလည်း မီးကိုမငြိမ်းဘူးဆို ဒီတိုင်းပဲ။ တိုက်ပွဲလည်းမရှိဘူး။ သေနတ်သံလည်း မကြားဘူး။ ဒီတိုင်းပဲ တမင်သက်သက် ရှို့တာပေါ့။”

မနက် ၉ နာရီကျော်ကနေ လောင်ကျွမ်းတဲ့မီးဟာ ညနေ ၄ နာရီ အထိ ငြိမ်းသတ်မည့်သူမရှိဘဲ လောင် ကျွမ်းနေပြီး နေအိမ် အလုံး ၃၀ ကျော် မီးလောင်ကျွမ်းနေပါတယ်။ အခုလို မီးလောင်တာဟာ တိုက်ပွဲဖြစ် ပွားတာကြောင့် မဟုတ်ဘဲ စစ်ကောင်စီတပ်က မီးရှို့တာဖြစ်ပြီး မီးလောင်ပြီးနောက် စစ်ကောင်စီဘက်က သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်တယ်လို့ ထန်တလန် CDF က အတည်ပြုပြောပါတယ်။

ထန်တလန်မြို့နေအိမ်တွေ မီးရှို့ခံရတယ်ဆိုတဲ့ ဒေသခံနဲ့ PDF တို့ပြောဆိုချက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကို မေးမြန်းထားပါတယ်။ သတင်းထုတ်လွှင့်ချိန်အထိ ပြန်ကြားချက်မရရှိသေးပါဘူး။
စစ်ကောင်စီတပ်တွေနဲ့ CDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်။ စစ်ဘေးရှောင်နေရတာ ၁ လကျော်ကြာမြင့်လာတဲ့အတွက် စစ်ဘေးရှောင်တွေမှာ စားသောက်ရေးမှာ အခက်အခဲတွေရှိလာပါတယ်။ လက်ရှိအခက်အခဲတွေကို စစ်ဘေးရှောင်တဦးက အခုလိုပြောပါတယ်။

“တချို့ဒုက္ခသည်တွေက စားစရာမရှိတော့ဘူး။ အစားအစာတွေက တော်တော်လေး ဒုက္ခရောက်ကြတယ်။ အစားအစာရတဲ့နေရာက ဟားခါးနဲ့ထန်တလန် အများအားဖြင့်ယူကြတာပေါ့။ အခုတော့ သွားလို့ မရတော့ဘူး ဖြစ်နေတယ်။ ဟားခါးကလည်း ပစ္စည်းယူလို့မရတော့ဘူး။ ထန်တလန်ကလည်း ပစ္စည်းယူလို့မရတော့ဘူး။ ထန်တလန်ကလည်း အကုန်ထွက်ပြေးကုန်ကြပြီဆိုတော့လေ။ စားစရာတွေ ယူမယ့်နေရာမရှိဘူးဖြစ်နေတယ်။ တချို့ဒုက္ခသည်တွေက သူတို့နေတဲ့နေရာက အိန္ဒိယ နယ်စပ်မှာပေါ့နော်။ အိန္ဒိယနယ်စပ်မှာနေကြတယ်ဆိုတော့လေ။ အဲ့မှာ တချို့တွေက ဒေသထွက် စပါးတွေပေါ့နော်။ အခုတော့ ရိတ်သိမ်းနေပြီ အဲ့ဒါနဲ့စားတယ်။ အိန္ဒိယကနေ ဆက်သွယ်ပြီးတော့ ဆန်တွေဆီတွေ ဝယ်ပြီးစားတယ်။ အဲ့လိုရပ်တည်နေကြတယ်။”

အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ထန်တလန်မြို့ဟာ စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်တွေနဲ့ ထန်တလန် CDF တို့တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ် ၂၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်တာကို ငြိမ်းသတ်တဲ့ သင်းအုပ်ဆရာတဦးမှာ ကျဉ်ဆံထိမှန်ပြီး သေဆုံးခဲ့ရပြီးနောက်ပိုင်း တမြို့လုံး စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရတာလည်းဖြစ်ပါတယ်။

#ထန်တလန် #မီးရှို့ #ရိက္ခာပြတ် #ဗွီအိုအေ၊မြန်မာ

28/10/2021

သျှာမ်းတပ်(RCSS)ကို တိုက်ထုတ်မယ်ဆိုတဲ့ UWSA ရှေ့တန်းထွက်နေတဲ့ Video ဖိုင်လ် နာမည်ကြီးနေ

28/10/2021

လူတစ်ဦးတစ်စုကြောင့် (၁)နှစ် ကျော်ကြာ ဝင်လို့မရသော Nam Kham News အကောင့်ကို အခု ပြန်ဝင်လို့ရပါပြီကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

AA လက်နက်ကိုင်အဖွဲ့သည် မတရားအသင်း နှင့် အကြမ်းဖက်အုပ်စု ဖြစ်သည်ဟု အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာ
24/03/2020

AA လက်နက်ကိုင်အဖွဲ့သည် မတရားအသင်း နှင့် အကြမ်းဖက်အုပ်စု ဖြစ်သည်ဟု အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံတွင်း Covid 19 တွေ့ရှိကြောင်း အစိုးရတရားဝင်ကြေညာ
24/03/2020

မြန်မာနိုင်ငံတွင်း Covid 19 တွေ့ရှိကြောင်း အစိုးရတရားဝင်ကြေညာ

22/03/2020

Address

11181
Yangon
11181

Alerts

Be the first to know and let us send you an email when Nam Kham News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share