Sports Topic

Sports Topic ဘောလုံးအားကစားသတင်းများအား တင်ဆက်ပေးမည့် page ဖြစ်ပါသည်။

11/01/2025

ချန်ပီယံလိဂ် Theme Song ဟာ သိပ်ကို နားထောင်လို့ ကောင်းပါတယ်။ အထူးသဖြင့် ကိုရီးယားသူလေးတွေ တီးပြတော့ ပိုပြီးနာဝင်ချိုတာပေါ့

03/01/2025

Salah အတွက် ဘာတွေလိုနေသေးတာလဲ...

29/12/2024

မက်ဆီကို လေးစားအားကျရတာ ဒါတွေကြောင့်ပါပဲ - လမိုင်းယာမယ်

2024ကို အနိုင်နဲ့နုတ်ဆက်မယ့်မန်စီးတီးဒီညက မန်စီးတီးပဲ..ညီလေးရေ.ပေါ့စိမ့်တစ်ခွက်ဟေ့..ပုံမှန်မဟုတ်တဲ့မန်စီးတီးအတွက်။အပြာရေ...
29/12/2024

2024ကို အနိုင်နဲ့နုတ်ဆက်မယ့်မန်စီးတီး

ဒီညက မန်စီးတီးပဲ..ညီလေးရေ.ပေါ့စိမ့်တစ်ခွက်ဟေ့..ပုံမှန်မဟုတ်တဲ့မန်စီးတီးအတွက်။အပြာရောင်ကောင်းကင်ကိုမော့ကြည့်တိုင်း အက်ကြောင်းတွေအတိုင်းသားမြင်နေရတယ်..မသာမယာမျက်နှာတစ်ခုရဲ့ညှိုးနွမ်းခန်းတွေကို ငါမကြည့်ရက်တော့ဘူး။ဒီညဟာ မန်စီးတီးညဖြစ်တယ်။

နောက်ဆုံး13ပွဲမှာ နိုင်ပွဲတစ်ပွဲပဲရခဲ့တယ်ဆိုတဲ့မှတ်တမ်းဆိုးကြီးက မန်စီးတီးရဲ့အဆုံးစီရင်ခန်းလား။ဖြစ်ပြီးရင် ပျက်ဆိုတဲ့ တရားလိုလိုဘာလိုလိုတွေလည်း ငါမနာချင်ပါဘူး။ဂုဏ်သိက္ခာတွေအလွှာလိုက်ကွာကျနေတဲ့ဂွာဒီယိုလာရဲ့မျက်ဝန်းတွေဟာ ညှိုးငယ်နေတယ်။လူပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် ကြွေကျပြီဆို အမိူက်ဖြစ်သွားစမြဲ...

မန်စီးတီးရဲ့ကျဆုံးခန်းတွေ အလွှာလိုက်ကွာနေတဲ့သိက္ခာတွေ တစ်ပွဲပြီးတစ်ပွဲဆုံးရူံးနေတဲ့ ရမှတ်တွေနဲ့ဆောင်းဟာသိပ်မအေးရှာတော့ဘူး။ဒါပေမဲ့ ဒီညဟာ မန်စီးတီးညဖြစ်တယ်. လက်စတာနဲ့ကစားမယ့်ပွဲမှာ မန်စီးတီးကိုပြန်မြင်ရလိမ့်မယ်..ဒီပွဲမှာ မန်စီးတီးရဲ့သွင်ပြင်လက္ခဏတွေကိုမြင်ရလိမ့်မယ်။

လက်စတာကိုလျှော့တွက်တာလားတဲ့။မလျှော့တွတ်ပါဘူး။ဒါပေမဲ့ကစားပုံအနေအထားအရ မန်စီးတီးခံကန်နိုင်တဲ့အခြေအနေမှာမရှိဘူး။နစ္စတယ်ရွိုင်းလက်ထက်လက်စတာကိုကြည့်ရတာ ခံစစ်ကစားပုံမကောင်းဘူး။ဝက်စ်ဟမ်းနဲ့စကစားတဲ့ပွဲတစ်ပွဲပဲ ပုံစံကောင်းရလိုက်တယ်။ကျန်ပွဲတွေမှာရလဒ်တွေမကောင်းဘူး။နောက်ဆုံးသုံးပွဲဆက် 10ဂိုးပေးထားရဲ့ခံစစ်က မန်စီးတီးတိုက်စစ်ကိုထိန်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘူး။

မန်စီးတီးရဲ့လက်ရှိအနေအထားကသိတဲ့အတိုင်းဂိုးတစ်ဂိုးရဖို့ရုန်းကန်နေရတယ်ဆိုပေမဲ့ ကစားပုံက အရင်တိုင်းပဲရှိနေတယ်။ဒါကြောင့်ရလဒ်ဆိုးတွေကနေရုန်းထွက်ဖို့ဆိုနိုင်ပွဲလိုနေတယ်...ဒီပွဲက မန်စီးတီးပွဲဖြစ်လိမ့်မယ်..မန်စီးတီးဟာ 2024ကိုအနိုင်နဲ့နူတ်ဆက်ပါလိမ့်မယ်.

28/12/2024

ဆုပေးပွဲမှ ရော်နယ်ဒိုရဲ့ စကားသံများ

Hazard 2.0
26/12/2024

Hazard 2.0

ပင်နယ်တီလွဲချော်သော ဟာလန်း အပါအဝင် မန်စီးတီးကစားသမား၏ ပင်နယ်တီကန်သွင်းချက်ကို ရေဘူးမှာ စနစ်တကျ ပြင်ဆင်ခဲ့သော အဲဗာတန်ဂိုး...
26/12/2024

ပင်နယ်တီလွဲချော်သော ဟာလန်း အပါအဝင် မန်စီးတီးကစားသမား၏ ပင်နယ်တီကန်သွင်းချက်ကို ရေဘူးမှာ စနစ်တကျ ပြင်ဆင်ခဲ့သော အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်

မန်ယူဆိုတာ မလင်းတော့တဲ့မီးလုံးအိုးထရက်ဖို့ဒ်ဟာ အမှောင်ခန်းထဲမှာ ကိုယ့်အသံနဲ့ကိုယ်သွေးလန့်နေခဲ့ရတဲ့အခိုက်အတန့်တွေရှိခဲ့တာ...
31/10/2024

မန်ယူဆိုတာ မလင်းတော့တဲ့မီးလုံးအိုးထရက်ဖို့ဒ်ဟာ အမှောင်ခန်းထဲမှာ ကိုယ့်အသံနဲ့ကိုယ်သွေးလန့်နေခဲ့ရတဲ့အခိုက်အတန့်တွေရှိခဲ့တာပေါ့..။မန်ယူလား တော်ပါပြီကွာ ကျောခိုင်းသွားတဲ့မိတ်ဆွေတွေရဲ့ရင်ဘတ်မှာ ဒဏ်ရာတွေနဲ့.တစ်ခါနီဖူးရင် တစ်သက်လုံးနီတယ်ဆိုတဲ့သူငယ်ချင်းတွေနဲ့လည်း အဆက်သွယ်ပြတ်နေတာကြာလှပေါ့..။

အသုံးမကျတဲ့ခေါင်းဆောင်မူတွေအောက်မှာ ရေတွေလည်းကြီးခဲ့ဖူးတယ်.လိူင်းလေတွေလည်းထန်ခဲ့ဖူးတယ်..လှည့်မကြည့်ချင်လောက်အောင် နာကျင်ရတယ်ဆိုတာ ချစ်လွန်းလို့ပါ...တန်ဟက်အလွန်မန်ယူဟာ မိုးသားကင်းစင်သွားတဲ့ကောင်းကင်ကြီးဟာ လှပလွန်းခဲ့တယ်..မန်ယူ5-2လက်စတာ။ကြယ်တွေစုံတဲ့ညမှာ ငါတို့တွေဝိုင်းဖွဲ့လို့ ကခုန်ခဲ့ကြတယ်။အမှောင်ကျနေတဲ့အိုးထရက်ဖို့ဒ် ဂိုးဆိုတဲ့အသံတွေနဲ့ လင်းကျင်းခဲ့တယ်..။

လက်စတာကိုနိုင်တာပဲ ပျော်စရာလားတဲ့။ဟုတ်ပါတယ်..ငါတို့ပျော်ခဲ့ကြတယ်..နောက်ဆုံး8ပွဲမှာတစ်ပွဲနိုင်ထားတဲ့ငါတို့အတွက်တော့ 5-2ဆိုတဲ့ရလဒ်က မိုးတစ်ပြိုက်ပဲဆိုရင်တော့ ခဏတော့ ရင်အေးခဲ့ရပါတယ်...နစ္စတယ်ရွိုင်းနဲ့ပွဲထွက်လာတဲ့မန်ယူကိုကြည့်လိုက်တော့လူစာရင်းက အပြောင်းအလဲသိပ်မရှိခဲ့ပါဘူး။ဒါပေမဲ့ ကစားသမားတွေရဲ့စိတ်ဓာတ်တွေက ပြောင်းလဲသွားတယ်..ပြိုလဲနေတဲ့အသင်းတစ်သင်းရဲ့ပြန်လည်ရုန်းထနိုင်မူက ရေကြည်လေးတစ်ပေါက်ဆိုပေမဲ့ ရေငတ်နေသူတွေအတွက် လုံလောက်တဲ့ကြည်နူးမူပါပဲ..။

beginner luck..တဲ့။ ဒါဟာတာထွက်ကံကောင်းမူ။အသင်းတစ်သင်းဟာနည်းပြအပြောင်းအလဲဖြစ်ခဲ့ရင် ရလဒ်ကောင်းတတ်တယ်။ဂစ် ဆိုးရှား ကာရစ်တို့တုန်းကလည်း ဒီလိုပါပဲ..။ယာယီနည်းပြဆိုတဲ့ခေါင်းစဥ်အောက်မှာ ရလဒ်တွေကောင်းခဲ့ကြတယ်..လက်စတာနဲ့ပွဲမှာ အသင်းလိုက်ကစားပုံကအားရစရာကောင်းခဲ့တယ်။တိုက်စစ်ကလည်း အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တယ်..ပြီးတော့အသုံးချနိုင်ခဲ့တယ်..မန်ယူဟာ barnsleyကို7-0ပြတ်နိုင်ပြီးတဲ့နောက်ပထမဆုံး 5ဂိုးပြန်သွင်းနိုင်တဲ့ပွဲ...။

ဘယ်လိုပဲဖြစ်ဖြစ်။ဒီရလဒ်က ဒဏ်ရာတွေနဲ့လဲပြိုနေသူတွေကို ပြန်လည်ကုသပေးတယ်ဆိုရင်လည်းမမှားဘူး...တန်ဟက်အလွန်မန်ယူဟာ မိုးသားကင်းစင်နေတဲ့ကောင်းကင်ကြီးလို လှပခဲ့တယ်။ဒါကြောင့်လက်စတာနဲ့ပွဲကစလို့ လာမယ့်ပွဲတွေမှာလည်း မန်ယူဟာမန်ယူအဖြစ်နဲ့ပြန်လာဖို့ နောက်တစ်ကြိမ်ပြန်လည်မွေးဖွားလာခဲ့ပါပြီ....။

တချို့သောလမ်းခွဲခြင်းတွေက လွမ်းလောက်စရာမရှိပါဘူး..ပတ္တားပြုတ်နေတဲ့တံခါးတွေဆိုတာ ဒီအတိုင်းထားလို့မှမရတာ ပြုတ်လဲရမှာပဲလေ.....
29/10/2024

တချို့သောလမ်းခွဲခြင်းတွေက လွမ်းလောက်စရာမရှိပါဘူး..

ပတ္တားပြုတ်နေတဲ့တံခါးတွေဆိုတာ ဒီအတိုင်းထားလို့မှမရတာ ပြုတ်လဲရမှာပဲလေ..။ပတ်ဝန်းကျင်နဲ့သယဇာတမဖြစ်တဲ့လူတစ်ယောက်ဟာ ကျောခိုင်းထွက်သွားတာဟာ အကောင်းဆုံးပဲ။ဒါကြောင့်တချို့သောလမ်းခွဲခြင်းတွေဟာ လွမ်းလောက်စရာမရှိဘူး..။ကိုယ်မလုပ်ပြနိုင်တော့ဘူးလို့သေချာသွားရင် ကျောခိုင်းလိုက်ခြင်းဟာ ဂုဏ်သိက္ခာရှိတဲ့လုပ်ရပ်ပါပဲ..ဒါပေမဲ့တချို့က ကိုယ်မှာလည်းအရည်အချင်းမရှိဘူး..လုပ်လည်းလုပ်မပြနိုင်ဘူး။ရလဒ်ကြည့်ရင်လည်းစုတ်ပြတ်သတ်နေတာပဲ..ဒါလည်းဆက်လုပ်နေဦးမယ်ဆိုရင် ဖြုတ်ချလိုက်တာအကောင်းဆုံးပဲ.

မန်ယူကတော့ တန်ဟက်ကိုဖြုတ်လိုက်ပြီ။လူတစ်ယောက်ရာထူးကပြုတ်သွားတာဟာ မဂ်လာတရားမဟုတ်ဘူးဆိုပေမဲ့ ကျတော်တို့ပျော်နေကြတယ်..ဒါဟာမကောင်းတဲ့စိတ်နဲ့ဝမ်းသာနေကြတာမဟုတ်ပါဘူး..သူမရှိမှဖြစ်မှာမို့ ပျော်နေကြတာပါ..ပတ္တားပြုတ်နေတဲ့တံခါးကိုမဖြုတ်ဘဲထားရင် နောက်ကျောလုံလုံနဲ့ဘယ်လိုလုပ်အိပ်စက်လို့ရမှာလဲ..

တန်ဟက်ဆက်ရှိနေရင် နောက်ကျောမလုံဘူး.စိတ်ချလို့မရဘူး။သူ့ကိုဖြုတ်တာအဖြေမဟုတ်ဘူးဆိုရင်တောင် အပြောင်းအလဲကိုကျတော်တို့မျော်လင့်တယ်။နောက်လူက သူ့အိုင်ဒီယာနဲ့သူတည်ဆောက်မှာပဲလေ ဟုတ်တယ်မလား..ဒီလမ်းခွဲခြင်းက လွမ်းလောက်စရာမရှိဘူး။

အခုသတင်းတွေတက်လာတယ်။နစ္စတယ်ရွိုင်းက ယာယီနည်းပြလုပ်မယ်..အမြဲတမ်းအတွက်နည်းပြရှာနေတယ်...ရှာနေတဲ့နည်းပြတွေကတော့ သူ့နည်းသူဟန်နဲ့အရည်အချင်းရှိကြတာချည်းပါပဲ။အမြဲတမ်းနည်းပြမခန့်အပ်ခင် နစ္စတယ်ရွိုင်းက ခဏတာတာဝန်မယ်။ဒါဟာ ဆိုရှားလိုပဲမျိုးပဲ။မန်ယူမှာ ဂစ်ရောကာရစ်ပါ ယာယီလုပ်ဖူးတာတွေရှိတယ်။ဆိုရှားကတော့ယာယီနည်းပြဘဝမှာရလဒ်ကောင်းခဲ့လို့ အမြဲတမ်းနည်းပြဖြစ်ခဲ့ဖူးတယ်..

နစ္စတယ်ရွိုင်းက သူကဒီရာသီမှမန်ယူနည်းပြအဖွဲ့ဝင်ဖြစ်လာတဲ့သူ။တန်ဟက်ကိုဖြုတ်ရင် ယာယီအစားထိုးဖို့ရည်ရွယ်ချက်နဲ့သူ့ကိုခေါ်ခဲ့ပုံရတယ်..သူကပြောရရင် မန်ယူမှာအစဥ်လာကြီးခဲ့တဲ့တိုက်စစ်မူးတစ်ယောက်။မန်ယူအကြောင်းကိုကောင်းကောင်းသိတယ်..ကစားသမားတွေနဲ့သူ့ကြားမှာရင်းနှီးတဲ့ဆက်ဆံရေးတွေရှိတယ်..ဒါကြောင့်သူထိန်းနိုင်မယ့်အခြေအနေမှာရှိတယ်..

ဘာလို့ဆို။လက်ရှိလူစာရင်းက အကောင်းကြီးမဟုတ်ရင်တောင်မညံ့တဲ့အထဲမှာပါတယ်။တန်ဟက်ကဘာဖြစ်ချင်နေတာလဲ သူလုပ်နေချင်နေတာလဲ..သူပဲသိလိမ့်မယ်ထင်တယ်..နောက်ဆုံးကစားတဲ့ပွဲတွေမှာလူထုတ်ပုံတွေစဥ်းစားစရာတွေဖြစ်လာတယ်..အခုနစ္စတယ်ရွိုင်းလက်ထက်မှာအသင်းကပုံစံကောင်းပြန်ရလာနိုင်တယ်။ပြီးတော့နည်းပြအပြောင်းအလဲဖြစ်သွားရင်ရလဒ်ကောင်းတတ်တဲ့အစဥ်အလာလည်းရှိတယ်ဆိုတော့ ဘာတွေဘယ်လိုဖြစ်လာမလဲစောင့်ကြည့်ရမယ်..။

လိဂ်ပြီးတော့နိုင်ငံပွဲ..ဝတ်စုံပြောင်းသွားပေမဲ့ ငါတို့ရဲ့ရင်ခုန်သံကမပြောင်း...စွဲလမ်းစိတ်က ဝတ်စုံမှာမဟုတ်ဘူး.နှလုံးသားမှာ...
08/09/2024

လိဂ်ပြီးတော့နိုင်ငံပွဲ..ဝတ်စုံပြောင်းသွားပေမဲ့ ငါတို့ရဲ့ရင်ခုန်သံကမပြောင်း...စွဲလမ်းစိတ်က ဝတ်စုံမှာမဟုတ်ဘူး.နှလုံးသားမှာမဟုတ်လား..ကော်ဖီကိုဘယ်ခွက်နဲ့ထည့်သောက်ထည့်သောက် အရသာကပြောင်းမသွားဘူးလေ..နိုင်ငံပွဲကနိုင်ငံပွဲအလျောက် အရသာရှိခဲ့တယ်...

အဂ်လန်..ဆောက်ဂိတ်အလွန်အဂ်လန်ကိုကြည့်ရတာ တကယ်မိုက်တယ်..ဂလီးရှစ်ကို10roleနေရာမှာထားတဲ့နည်းပြရဲ့စိတ်ကူးက အမှတ်ပြည့်ပေးချင်စရာ..သူကဆောက်ဂိတ်လက်ထက်မှာ ပုံမှန်နေရာမရတဲ့သူ..ပြီးခဲ့တဲ့ယူရိုမှာသူသာပါခဲ့ရင်ဆိုတဲ့မအတွေးက ခေါင်းထဲပြုတ်ကျလာခဲ့တယ်..ဘယ်တောင်ပံကစားတဲ့ဂေါ်ဒွန်ကစားတာမဆိုးဘူး..တိုက်စစ်လမ်းကြောင်းတွေက အရင်ထက်ပိုသပ်ရပ်လာတယ်..ရိုက်စ် မိန်နူးတို့ကွင်းလယ်အတွဲက တည်ငြိမ်လွန်းအားကြီးတယ်...ကိုးလ်ကိုဘယ်တောင်ပံနေရာမှာထားကစားတာသဘောကျတယ်

အဂ်လန်ရဲ့ခြေစွမ်းကိုခြုံကြည့်ရရင် ဆောက်ဂိတ်လက်ထက်ကထက် သက်တောင့်သက်သာရှိခဲ့တယ်..လီးကာစလေ..ဆိုတဲ့ယာယီနည်းပြရဲ့အိုင်ဒီယာကမဆိုးဘူး။သူကအဂ်လန်ကစားသမားတွေအ​ကြောင်းကောင်းကောင်းသိတဲ့သူဖြစ်တယ်..ဒါကြောင့်လည်းသူရဲ့ပထမဆုံးပွဲက ဟန်ကျပန်ကျပါပဲ။တကယ်တော့အဂ်လန်အသင်းဟာ နည်းပြကောင်းတွေနဲ့သာလက်တွဲလိုက်ရင် အများကြီးပိုကောင်းလာမယ့်သဘောမှာရှိတယ်..

ကစားသမားအစုအဖွဲ့ကလည်းတောင့်တယ်..တစ်ဦးချင်းထူးချွန်တဲ့သူတွေများတယ်..ဒါကြောင့်FAအနေနဲ့ နည်းပြကောင်းတစ်ယောက်ကိုရှာဖွေနိုင်ဖို့ပဲလိုတယ်ဆိုတာ လီကာစလေကသက်သေပြလိုက်တာပါပဲ..အဂ်လန်ဘောလုံးအဖွဲ့ချုပ်ဘာလုပ်မလဲစောင့်ကြည့်ရမယ်...

ရေးသားသူ - အလင်းဖြူ

One Championship ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာနိုင်ငံက အောင်လအန်ဆိုင်းနဲ့ တူရကီနိုင်ငံက အာဒိုဂန်တို့ရဲ့ပွဲစဉ်ကတော့ ဒုတိယ...
07/09/2024

One Championship ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာနိုင်ငံက အောင်လအန်ဆိုင်းနဲ့ တူရကီနိုင်ငံက အာဒိုဂန်တို့ရဲ့ပွဲစဉ်ကတော့ ဒုတိယအချီမှာပဲ တူရကီဖိုက်တာ အာဒိုဂန်ရဲ့ ချုပ်ကွက်နဲ့ ထိုးချက်တွေအောက်မှာ အောင်လအန်ဆိုင်းတစ်ယောက် ရှုံးနိမ့်သွားခဲ့ရပါတယ်။

အရိပ်မိုးထားရင် ရုန်းရခက်တယ်တဲ့ လူတစ်ယောက်ဟာနိူင်းယှဥ်ခံရရင် ရှင်သန်ဖို့သိပ်ခက်တယ်..တဲ့။ဘောလုံးလောကမှာ မိုးထားတဲ့အရိပ်တွ...
04/09/2024

အရိပ်မိုးထားရင် ရုန်းရခက်တယ်တဲ့ လူတစ်ယောက်ဟာနိူင်းယှဥ်ခံရရင် ရှင်သန်ဖို့သိပ်ခက်တယ်..တဲ့။ဘောလုံးလောကမှာ မိုးထားတဲ့အရိပ်တွေအများကြီး။ဖာဂူဆန်အရိပ် အာစင်ဝင်းဂါးအရိပ် မော်ရင်ဟိုအရိပ်.စသည်ဖြင့်ပေါ့လေ..မန်ယူဆိုဖာဂူဆန်အရိပ်က မကျွတ်လွတ်သေးဘူး..တစ်ခုခုမှားလိုက်ပြီဆို ဖာဂူဆန်နဲ့နိူင်းယှဥ်ကြတယ်...ရောက်လာတဲ့နည်းပြတိုင်းဒီအရိပ်အောက်မှာပဲ အနာဂတ်တွေပျောက်သွားတယ်။အာတီတာတောင် ဒီအဆင့်ရောက်ဖို့ တော်တော်လေးရုန်းကန်ခဲ့ရတယ်..လူဟာအရိပ်မိုးခံထားရင် ကိုယ်ရှိန်ကိုယ်ဝါတောက်ပဖို့မလွယ်ဘူး...

ဒါပေမဲ့အာနီဆလော့ကတော့ မိုးထားတဲ့အရိပ်တွေကိုခွာချပြီး အရောင်တောက်ပဖို့ ရှေ့ထွက်လာခဲ့တယ်..ပရီးမီးယားလိဂ်အဖွင့်3ပွဲဆက် အနိုင်ရခဲ့တယ်.ပေးဂိုးမရှိခဲ့ဘူး. ဒါဟာအဲရစ်ဆင်နောက်ပိုင်းအကောင်းဆုံးမှတ်တမ်းပဲ။အိုးထရက်ဖို့ဒ်မှာ မန်ယူကိုအနိုင်ရခဲ့တဲ့လီဗာပူးလ်နည်းပြတွေရှိတယ်.ဒါပေမဲ့ပထမဆုံးရာသီမှာ အိုထရက်ဖို့ဒ်မှာအောင်ပွဲခံခဲ့တဲ့နည်းပြဟာ လက်ချိုးရေလို့ရတယ်။

အာနီဆလော့ ဒီလောက်ထိလျင်လျင်မြန်မြန်အထိုင်ကျသွားတာဟာလီဗာပူးလ်အသင်းရဲ့စီမံခန့်ခွဲမူနဲ့လည်းဆိုင်တယ်..ကလော့ထွက်တော့မယ်လို့ တရားဝင်ကြေငြာလိုက်တဲ့အချိန်ကစလို့ နည်းပြရှာပုံတော်ဖွင့်ခဲ့တယ်။ လေဗာကူဆင်နည်းပြအလွန်ဆို စပို့တင်းနည်းပြ အာမိုခရမ် ဖီယင်နုနည်းပြ အာနီဆလော့။ဒီနည်းပြသုံးယောက်ထဲမှာဆလော့က လူသိနည်းတယ်။ဒါပေမဲ့လီဗာပူးလ်DNAနဲ့ကိုက်ညီတဲ့နည်းပြ။ ကလော့နေရာ ဘယ်သူ့အစားထိုးမလဲ..ဆွေးနွေးမူတွေလုပ်ကြတယ်..နောက်ဆုံးဆလော့နဲ့သဘောတူညီမူရခဲ့တယ်..

ဆလော့က ကလော့ကိုယ်တိုင်သဘောကျတဲ့နည်းပြ။ဒါကြောင့်သူ့ရဲ့နောက်ဆုံးပွဲမှာ သူ့ကိုယ်တိုင် ဆလော့..ဆလော့ဆိုပြီး ကြိုဆိုခဲ့တယ်..ထောက်ခံခဲ့တယ်။ဒီလိုနဲ့ဆလော့ လီဗာပူးလ်ကိုရောက်လာခဲ့တယ်..လီဗာပူးလ်က အများကြီးပြင်စရာမလိုတဲ့အသင်း။ဆလော့က သူ့အိုင်ဒီယာတချို့ကိုရောစပ်ပြီး လီဗာပူးလ်ကိုကောင်းကောင်းတည်ဆောက်ပြခဲ့တယ်..

433ကစားဟန်ကို 4231ပုံစံပြောင်းပြီး ကလော့လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ဂရာဗင်ဘာ့ချ်ကို အယ်လစ္စတာနဲ့တွဲပြီး Double pivotအဖြစ်ကစားစေခဲ့တယ်။ဂရာဗင်ဘာ့ချ်ဟာ နောက်ထပ်DMသမားမလိုဘူးဆိုတာကိုသက်သေပြခဲ့တယ်..နောက်ထပ်ချီးကျူးရမယ့်ကစားသမားနှစ်ယောက်က ဆိုဘိုဆလိုင်းနဲ့ဂျိုတာ..။ဆလော့က ဆိုဘိုဆလိုင်းကို 10roleမှာထားပြီးကစားကွက်ကိုတည်ခဲ့တယ်..ဂျိုတာကိုအထောင်နေရာမှာသုံးခဲ့တယ်..ဂျိုတာရဲ့လုပ်အားနူန်း နည်းဗျူဟာကျွမ်းကျင်မူတွေက အများကြီးအထောက်အကူဖြစ်ခဲ့တယ်..ဆာလာနဲ့ဒီယက်ဇ်တို့ရဲ့တောင်ပံနှစ်ဖက်ရဲ့အလုပ်လုပ်ပုံကလည်းတကယ်ကောင်းခဲ့တယ်။

ဆလော့ကနဂိုကတည်းကမှ aggressive high pressကိုသုံးတယ်..မန်ယူနဲ့ပွဲမှာဆို မိန်နူးတို့ကတ်စမဲရိုးတို့အမှားလုပ်ခဲ့တာ လူမှားပေးခဲ့တာတွေက pressingကြောင့်ပဲ..ဆလော့ရဲ့နည်းဗျူဟာကိုလေ့လာကြည့်ရင် အစွန်တွေကိုအားမပြုဘဲ အလယ်ကြောစိုးမိုးမူကိုဦးစားပေးတာတွေ့ရတယ်..ဂျိုတာ ဆိုဘိုဆလိုင်း အယ်လစ္စတာ ဂရာဗင်ဘာ့ချ် ဗန်ဒိုက် ကိုနာတေးတို့က အလယ်ကြောစိုးမိုးကိုအလေးထားကစားစေတယ်..ဒီးယက်ဇ် ဆာလာ အာနိုးလ် ရောဘင်ဆန်တို့လိုအစွန်သမားတွေက အခြေအနေကြည့်ပြီး အလယ်​ကြောကိုဝင်ကူပေးတာတွေ့ရတယ်..

ဘောလုံးဆုံးရူံးသွားတဲ့အချိန်မှာ ပြိုင်ဘက်အသင်းဘောလုံးပေးလို့မရအောင်ချက်ချင်း pressလုပ်တာအရမ်းသပ်ရပ်တယ်.တိုက်စစ်လမ်းကြောင်းတွေကိုလည်း ပုံစံအမျိုးမျိုးတည်ဆောက်ထားတယ်ဒီယက်ဇ် ဆာလာတို့ရဲ့ ပြေးလမ်းကြောင်းအသုံးချမူတွေကလည်းထိရောက်တယ်..လီဗာပူးလ်ရထားတဲ့7ဂိုးစလုံးကို တိုက်စစ်မူးတွေကပဲသွင်းထားတာတွေ့ရတယ်။ဒါဟာ ဖာမီနို ဆာလာ မာနေးတို့ကိုပြန်အမှတ်ရစေတယ်။ဒါ့အပြင် ဂိုးဖန်တီးတဲ့နေရာမှာလည်း ဆာလာကသုံးကြိမ် ဒီယက်ဇ် ဂျိုတာ ဆိုဘိုဆလိုင်းတို့ကတစ်ကြိမ်စီဖန်တီးမူလုပ်ထားတယ်။ဒါဟာတိုက်စစ်သမားအချင်းချင်းကြားမှာခိုင်မာတဲ့နားလည်မူတွေဖြစ်တယ်...

ဒါကြောင့်..။ဆလော့လက်ထက်လီဗာပူးလ်အသင်းလျင်လျင်မြန်မြန်အထိုင်ကျသွားခြင်းဟာ DNAတူညီနေလို့ပါပဲ..လက်ရှိပုံစံအတိုင်းသာဆက်သွားရင် မန်စီးတီးကိုကောင်းကောင်းယှဥ်ကစားနိုင်စွမ်းရှိတယ်..ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်...

ရေးသားသူ - အလင်းဖြူ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sports Topic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share