Shwe OO

Shwe OO knowledge of life & business

တိုးတက်ချင်ရင် ကိုယ်တိုင်...ငါကြောင့်ဆိုတဲ့ အရာကိုလက်ခံရမယ်။ဘာကြောင့်လဲကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ရအောင်။ငွေ..လောကမှာအပ...
27/08/2026

တိုးတက်ချင်ရင် ကိုယ်တိုင်...
ငါကြောင့်ဆိုတဲ့ အရာကိုလက်ခံရမယ်။
ဘာကြောင့်လဲကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ရအောင်။

ငွေ..
လောကမှာအပေါဆုံးပဲ
ငါ့မှာပဲမရှိသေးတာ။

အချိန်...
လူတိုင်း ၂၄နာရီထက်ပိုမရဘူး
ငါပဲစီမံမှုအားနည်းနေလို့ အချိန်မရှိတာ
ဒါမှမဟုတ် ဘာမှမလုပ်လို့ကို အချိန်ပေါနေတာ။

အခွင့်အလမ်း
လောကမှာ အခွင့်အလမ်း တွေအများကြီး
ငါကိုယ်တိုင်က မြင်အောင်မကြည့်လို့မမြင်သေးတာ။

တိုးတက်မှု
တိုးတက်ပြောင်းလဲ နေတဲ့သူတွေအများကြီးပဲ
ငါပဲ တိုးတက်ရကောင်းမှန်းမသိလို့ မတိုးတက်သေးတာ။.

အရာရာ
ဖြစ်အောင်လုပ်ပြနေတဲ့သူတွေအများကြီးထဲမှာ
ငါပဲ ​အသုံးမချပဲ အသုံးမကျသေးတာ

ငါဆိုတဲ့ မိမိကိုယ်မိမိ အာရုံစိုက် ပီး
ဆုံးမရမယ်။
ဆင်ခြေတွေလျှောက်မပေးပဲ အရာရာ ငါကိုယ်တိုင်ပဲလို့ခံယူရမယ်။
မသိတာတွေအများကြီးနဲ့ သိချင်ယောင်ဆောင်မှုတွေထဲမှာငါမနေဘူး။

ပီးရင် လျှောက်လှမ်းဖို့လမ်းကိုရွေးချယ်ပီး
ဘာကြီးပဲဖြစ်ဖြစ် ရအောင်လှမ်းဖို့ ကြိုးစားမယ်။
နည်းနည်းလေးလုပ်ပီး အများကြီးလုပ်လိုက်တယ်လို့ ငါမခံယူဘူး။

ဒီလို ငါဆိုတဲ့ကောင်ကို ပဲအရင်ဆုံး
နိုင်အောင်ထိမ်းသိမ်းလိုက်ပါ ။
တိုးတက်လာပါလိမ့်မယ်။

တိုးတက်ခြင်းကသင့်ရဲ့super powerဖြစ်လိုက်ပါ

အရင်အပတ်က ကိုဘမောင် ငွေလိုပါတယ်. သူငယ်ချင်းတစ်ယောက်က ချေးပေးတယ်.. တစ်ရက်ပဲ ကြာမယ် ကတိပေး ချေးမိတယ်..ဒီနေ့ ငွေပြန်ဖော်တော...
27/08/2026

အရင်အပတ်က ကိုဘမောင် ငွေလိုပါတယ်. သူငယ်ချင်းတစ်ယောက်က ချေးပေးတယ်.. တစ်ရက်ပဲ ကြာမယ် ကတိပေး ချေးမိတယ်..ဒီနေ့ ငွေပြန်ဖော်တော့ ချေးလာတဲ့ ပမာဏက မမှီတော့တဲ့အခါ ကတိမတည်သလိုဖြစ်မိတယ်. ငွေချေးတယ်ဆိုတာ ယုံကြည်မှုကိုချေးတာ၊ ရင်းနှီးမှုကို ချေးတာပါ..

ဘယ်လောက် လုပ်ငန်းကြီးလုပ်နေပါစေ. ဘယ်လောက်ချမ်းသာပါစေ.. ချေးပြီးပြန်မဆပ်ရင် အမည်ပျက်ရပေလိမ့်မယ်..
ကတိမတည်တော့ နောက်တစ်ခါဆိုတာ မမျှော်နဲ့ပေါ့ (ကတိတည်ပါစေ)

ပြန်စဉ်းစားပြန်ရင်လည်း အခြေအနေ အရပ်ရပ်ကြည့်ပြန်တော့ ချေးငွေ မပြည့်တော့တာ ကတိမတည်တာတော့မဟုတ်ဘူး ..

ရက် အနည်းငယ် နောက်ကျသွားတာ ဖြစ်တတ်တယ်.. သို့ပေမဲ့ အရေးကြီးဆုံးက ပြန်ဆပ်ချင်စိတ်ဓါတ်ပဲ..သိန်း (၁၀၀) ကို တလ (၁၀)သိန်း ခွဲပေးလိုက်၊ တခါတေလ ၅ သိန်းသွင်းလိုက်နဲ့ ၁ နှစ်အတွင်း အကျေပေးသွားတယ်. ချေးသူက ကြိုးစားပမ်းစား ဆပ်ပေးလို့ သူ့ငွေသူ အရင်းအတိုင်း ပြန်ရတာ ကိုယ်ကြည့်ပြီး ကျေနပ်နေတာ. နောက်ဆုံးလမှာ နောင်လိုရင် လာယူပါဆိုတဲ့ စကားလက်ဆောင်လေး အမြတ်ရလိုက်ပါတယ်

နောက် သူကို ခွဲသွင်းလို့ လက်ခံပါ့မလား.. ဒီပိုက်ဆံလောက်က သူအတွက် ကလေးမုန့်ဖိုးပဲရှိတယ် မိမိထင်ကြေးနဲ့ မဆုံးဖြတ်ပါနဲ့. ချေးလာရင် ဆပ်ရမှာ ကိုယ့်တာ၀န် နည်းတာ၊ မ်ားတာ ကိုယ်ချေးခဲ့တာလေ
နောက် အတိုးမပါပဲ စေတနာနဲ့ ချေးပေးရင် ပိုဂရုစိုက်ရမယ်. သူ့စေတနာကို လေးလေးစားစားရှိရမယ်.သူ့ငွေ အဆုံးခံပြီး ချေးချင်သူ ဘယ်စီးပွားရေးသမားမှ မလုပ်ချင်ဘူး

ချော့ပြီး ပြန်တောင်းနေရတာလည်း ဘယ်သူ့မှ အလိုမရှိဘူး..မင်းနဲ့ ခင်မင်မှု ဆက်ဆံရေးကို အလေးထားလို့ စေတနာနဲ့ ချေးပေးတာလေ.ယုံကြည်တဲ့ စေတနာကို အသိအမှတ်ပြု လေးစားရမယ်.ငွေထက် ခင်မင်မှု၊ ယုံကြည်မှုက ပိုတန်ဖိုးရှိလို့လေ.
တွေ့ဖူးတယ်.

မြို့မျက်နှာဖုံး သူဌေးမကြီးချေးပြီးရင် ပြန်တောင်းရခက်တယ်. သူဌေမို့လို့ မလုပ်လောက်ပါဘူး မထင်လေနဲ့ပိုက္ဆံက ချမ်းသာမှုကို တိုင်းလို့ မရဘူ အလုပ်ဘယ်လောက် အတူတွဲလုပ်လို့ကောင်းတယ်.ကတိတည်တယ်.သစ္စာရှိတယ်၊ အကျိုးရှိတယ်ဆိုတဲ့ စံနှုန်းတွေက အဓိကပါ.. နောက်သူနဲ့ ဘယ်သူ့မှလည်း အလုပ်မလုပ်ချင်ကြတော့ပဲ ရှောင်ကုန်ကြတယ်. အဲဒါ တကယ်ချမ်းသာတာလား၊ သူ့အနေနဲ့ ကိုယ်ချင်းစာတရား နားလည် ခံစားကြည့်ရင် ပိုသိမယ်ပေါ့..

သူများရဲ့ကို စိတ်ဒုက္ခပေးပြီးမှ ကိုယ်ပျော်ရရင် အောက်တန်းစားစိတ်ဓာတ်တွေ့ရဲ့ လုပ်ရပ်ပဲ.။

လူဆိုရင် အသိဉာဏ်ရင့်ကျက်ဖို့လည်း လိုတာပေါ့ဗျာ.။ နိမ့်ကျနေတဲ့ စိတ်ဓါတ်လေးတွေ အရင်ပြင်ကြရအောင် အကြွေးဆပ်စရာလူတွေ မြန်မြန်ဆပ်ကြ...

ခြင်္သေ့က ကျားကို ဝံပုလွေဆယ်ကောင်၏ခေါင်းဆောင်အဖြစ်ခန့်လိုက်သည်။ခြင်္သေ့က သူတို့အတွက် အသားတုံးဆယ့်တစ်ခု နေ့စဉ်ယူလာပေးသည်။...
27/08/2026

ခြင်္သေ့က ကျားကို ဝံပုလွေဆယ်ကောင်၏ခေါင်းဆောင်အဖြစ်ခန့်လိုက်သည်။

ခြင်္သေ့က သူတို့အတွက် အသားတုံးဆယ့်တစ်ခု နေ့စဉ်ယူလာပေးသည်။ ကျားက ထိုအသားများကို မျှမျှတတခွဲဝေပေးသည်။

သူက အသားတုံးတစ်ခုကို သူ့အတွက်ယူထားပြီးနောက် ကျန်အသားတုံးဆယ်ခုကို ဝံပုလွေဆယ်ကောင်အား တစ်ကောင်လျှင်တစ်ခုကျ အရွယ်အစားတူခွဲဝေပေးသည်။

ဤသို့ဖြင့် နေ့ရက်များစွာကုန်လွန်သွားကြသည်။ ဝံပုလွေများက သူတို့၏မကျေနပ်မှုကို အချင်းချင်းတီးတိုးပြောလာကြသည်။

ဝံပုလွေတစ်ကောင်ကဆိုသည်။
"ကျားက ဘာဖြစ်လို့ ငါတို့နဲ့ အသားခွဲတမ်းအတူတူရနေတာလဲ..."

အခြားဝံပုလွေတစ်ကောင်ကထောက်ခံသည်။

"အေးလေ... ဒီကောင်က ဘာတစ်ခုမှလည်းလုပ်တာမဟုတ်ဘူး... သူလုပ်တာဆိုလို့ ငါတို့ကိုအစာခွဲပေးတဲ့အလုပ်ပဲရှိတယ်..."

"ငါတို့ကဆယ်ကောင်ရှိတာ ဒီကောင်ကတစ်ကောင်တည်းပဲ... တကယ်လို့ ငါတို့သာသူ့ကိုမောင်းထုတ်လိုက်မယ်ဆိုရင်

ဘယ်သူက အသားဘယ်လောက်ရသင့်တယ်ဆိုတာကို ငါတို့ကိုယ်တိုင်ဆုံးဖြတ်လို့ရသွားမယ်..."

ကျားသည် သူတို့၏တီးတိုးစကားများကိုကြားသည်။ သို့သော် သူ၏ယခင်စည်းကမ်းချက်ကိုမပြောင်းလဲ။

အားလုံးအပေါ်တွင်မျှမျှတတဆက်ဆံနေသမျှ မည်သည့်ဆန့်ကျင်ပုန်ကန်မှုမျိုးမှမပေါ်ပေါက်နိုင်ဟု သူယုံကြည်သည်။

သို့သော် တစ်နေ့တွင် ဝံပုလွေများကသူ့ကိုဝိုင်းလေတော့သည်။

ဝံပုလွေများထဲမှ သတ္တိအကောင်းဆုံးတစ်ကောင်ကပြောသည်။

"ငါတို့အတွက် ခေါင်းဆောင်မလိုတော့ဘူး... မင်းထွက်သွားတော့..."

ကျားသည် ဝံပုလွေဆယ်ကောင်နှင့်တိုက်ခိုက်လိုစိတ်မရှိ။ ထို့ကြောင့် သူသည် ဝံပုလွေအုပ်ကိုစွန့်ခွာသွားပြီးနောက် ခြင်္သေ့ထံသို့ပြန်သွားသည်။

နောက်တစ်ရက်တွင် ဝံပုလွေများကိုအုပ်ချုပ်ရန်အတွက် ခြင်္သေ့က မြေခွေးကိုတာဝန်ပေးလိုက်သည်။

မြေခွေးသည်လည်း ယခင်ကဲ့သို့ပင် အသားတုံးဆယ့်တစ်ခုရသည်။

သူသည် ဝံပုလွေများကို သေသေချာချာဂရုစိုက်လေ့လာပြီးနောက်တွင် အသားတုံးသုံးခုကို သူ့အတွက်ဖယ်ထားလိုက်သည်။

ထို့နောက်တွင် ခွန်အားအကောင်းဆုံးဝံပုလွေတစ်ကောင်ကို အသားတုံးနှစ်ခု အပိုပေးလိုက်သည်။

မြေခွေးကပြောသည်။
"အခုစပြီး မင်းဟာ ငါ့လက်ထောက်ဖြစ်သွားပြီ..."

မြေခွေးသည် အသံအကျယ်ဆုံးဝံပုလွေနှစ်ကောင်အတွက်လည်း အသားတုံးသုံးခုကိုခွဲဝေပေးလိုက်သည်။

"ငါ့အမိန့်ကို ကျန်တဲ့အကောင်တွေလိုက်နာအောင်လုပ်ဖို့ မင်းတို့နှစ်ကောင်ကို တာဝန်ပေးလိုက်ပြီ..."

ထို့နောက်တွင်မှ ကျန်သောအသားတုံးများကို ကျန်ဝံပုလွေများထံသို့ပစ်ပေးလိုက်သည်။

ဝံပုလွေများသည် မကျေမနပ်ဖြင့် ဆူဆူညံညံဖြစ်လာကြတော့သည်။

"ဒါ လုံးဝမတရားဘူး... ကျားအုပ်ချုပ်တုန်းကဆိုရင် ကျုပ်တို့အားလုံးအတွက် ခွဲတမ်းညီတူညီမျှရတယ်..."

မြေခွေးကပြုံးလိုက်သည်။
"ဒါဆိုရင် မင်းတို့ကဘာဖြစ်လို့ သူ့ကိုမောင်းထုတ်လိုက်ကြတာလဲ..."

ဝံပုလွေများထံမှ အသံများတိတ်ဆိတ်သွားသည်။

ဤသို့ဖြင့် မြေခွေးသည် ဝံပုလွေများကို ဆက်လက်အုပ်ချုပ်လာခဲ့သည်။ သူသည် ဝံပုလွေအချို့ကို ဆုလာဘ်ချီးမြှင့်သည်။ အချို့ကို ပြစ်ဒဏ်ပေးသည်။

ကျန်ဝံပုလွေများကို နောက်တစ်ရက်တွင် အသားခွဲတမ်းပိုရမည်ဟု ကတိပေးထားသည်။

ခွန်အားအကောင်းဆုံးဝံပုလွေများသည် သူတို့လက်ရှိရနေသော အခွင့်ထူးများကိုဆုံးရှုံးရမည်ကိုကြောက်ကြသည်။

ထို့ကြောင့် သူတို့က မြေခွေးကိုအကာအကွယ်ပေးကြလေသည်။ ခွန်အားနည်းသောဝံပုလွေများသည်် အားကောင်းသောဝံပုလွေများကို ကြောက်ရွံ့ကြသဖြင့် စောဒကမတက်ရဲဘဲ တိတ်ဆိတ်စွာနေကြလေသည်။

အချိန်အတော်ကြာပြီးနောက်တွင် ကျားက ခြင်္သေ့ကိုမေးကြည့်သည်။

"ကျွန်တော်က တရားမျှတမှုရှိအောင်ကြိုးစားခဲ့တာပဲ... ဘာဖြစ်လို့ သူတို့က ကျွန်တော့်ကိုဆန့်ကျင်ကြတာလဲ...

အခုတော့ မြေခွေးက သူ့အတွက်အသားတုံးတွေအများကြီးယူနေတာတောင် သူတို့တွေက မြေခွေးရဲ့အောက်မှာ ဘာဖြစ်လို့ ဘာသံမှမထွက်ဘဲနေနေကြတာလဲ..."

ခြင်္သေ့ကပြန်ဖြေသည်။
"မင်းက သူတို့ကို တရားမျှတမှုပေးလိုက်ရင် သူတို့ကအဲဒီတရားမျှတမှုကို တန်ဖိုးထားလိမ့်မယ်လို့မျှော်လင့်ထားတာကိုး...

ဒါပေမယ့် လူတွေ၊ တိရစ္ဆာန်တွေဟာ အချိန်ကြာလာတဲ့အခါမှာ အဲဒီတရားမျှတမှုဟာ ဘယ်သူ့ကိုမှ ကျေးဇူးတင်စရာမလိုတဲ့ သူတို့ရဲ့ရပိုင်ခွင့်လို့ပဲမြင်လာတတ်ကြတယ်..."

"မြေခွေးကျတော့ ဘာဖြစ်လို့လဲ..."

"ဒီကောင်က ဝံပုလွေအနည်းစုကို အထူးအခွင့်အရေးတွေပေးတယ်၊ တခြားဝံပုလွေတွေကိုတော့ ကြောက်နေအောင်လုပ်ထားယ်၊

သူတို့အချင်းချင်း အပြိုင်အဆိုင်ဖြစ်အောင်လုပ်ပေးထားတယ်... အခုဆိုရင် ဝံပုလွေတွေဟာ သူတို့အချင်းချင်း ရန်ဖြစ်နေရတာနဲ့တင် လုံးဝမအားကြတော့ဘူး...

သူတို့ရနေတဲ့ အခွင့်အရေးလေးတွေ ဆုံးရှုံးသွားမှာကို ကြောက်နေကြတာနဲ့တင် မြေခွေးကို စိန်မခေါ်ရဲကြတော့ဘူး..."

ကျားသည် လေးလေးနက်နက်စဉ်းစားရင်း အသံတိတ်သွားသည်။

ထို့နောက် ခြင်္သေ့ကဆက်ပြောသည်။

"လောကကြီးမှာ တရားမျှတမှုရှိနေရုံနဲ့မပြီးသေးဘူး... တရားမျှတမှုရဲ့တန်ဖိုးကို တခြားသူတွေနားလည်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း မင်းသိထားဖို့လိုအပ်တယ်...

ဘာကြောင့်လဲဆိုတော့ လူတွေဟာ ရုန်းကန်ကြိုးစားစရာမလိုပဲ နေ့စဉ်ပုံမှန်ရနေတဲ့အရာတွေကို အသိအမှတ်ပြု တန်ဖိုးထားဖို့ ခပ်မြန်မြန်ပဲ သတိမေ့သွားတတ်ကြတယ်...

ဝံပုလွေတွေဟာ တရားမျှတမှုရှိတဲ့​ခေါင်းဆောင်တစ်ယောက်ကို ဆုံးရှုံးပြီးတော့မှ

သူတို့ကို ဘယ်လောက်ထိ တရားမျှတအောင်ဆက်ဆံခံခဲ့ရပါလားဆိုတာကို သဘောပေါက်သွားကြရတာပဲ..."

သင်ခန်းစာ -
ကျွန်ုပ်တို့သည် ရိုးသားမှုနှင့် တရားမျှတမှုများကို ရရှိခံစားနေသည့်အချိန်မျိုးတွင်

ထိုအရာများကို ကျေးဇူးတင် တန်ဖိုးထားရန်ပျက်ကွက်နေလေ့ရှိကြသည်။

တခါတရံတွင် လူများသည် ကောင်းမြတ်ခြင်းနှင့် တရားမျှတမှု၏တန်ဖိုးကို ထိုအရာများအား

မိမိတို့ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့ကြပြီးသည့်နောက်တွင်မှ နားလည်သဘောပေါက်သွားကြလေ့ရှိပါသတည်း။

(Translated by )
The Lion put the Tiger in charge of ten wolves.

Every day, the Lion brought them eleven pieces of meat. The Tiger divided the food fairly: he kept one piece for himself and gave the other ten, all equal in size, to the wolves—one piece each.

Several days passed, and the wolves began to whisper among themselves in discontent.

“Why does the Tiger get as much as we do?” said one.

“He hardly does anything. All he does is hand out the food,” another agreed.

“There are ten of us and only one of him. If we drive him away, we can decide for ourselves who deserves how much.”

The Tiger heard their whispers, but he did not change his rules. He believed that as long as he treated everyone fairly, there would be no reason for rebellion.

But one day, the wolves surrounded him.

“We don’t need a leader anymore,” said the boldest among them. “Leave.”

The Tiger had no desire to fight ten wolves. He left the pack and returned to the Lion.

The next day, the Lion appointed the Fox to rule over the wolves.

The Fox received the same eleven pieces of meat.

She studied the wolves carefully, set aside three pieces for herself, then gave two more to the strongest wolf.

“From now on,” she said, “you are my deputy.”

She divided three more pieces between the two loudest wolves.

“You will be responsible for keeping order.”

Then she threw what remained to the others.

The wolves erupted in outrage.

“This is unfair! Under the Tiger, everyone received an equal share!”

The Fox smiled.

“Then why did you drive him away?”

The wolves fell silent.

And the Fox went on ruling them. Some she rewarded, others she punished, and still others she promised a larger share tomorrow. The strongest wolves were afraid of losing their privileges, so they protected her. The weaker ones were afraid of the strongest and kept quiet.

Some time later, the Tiger met the Lion and asked:

“I tried to be fair. Why did they rebel against me, yet remain silent under the Fox, even though she keeps more for herself?”

The Lion replied:

“You gave them fairness and assumed they would value it for its own sake. But people and animals alike often begin to treat fairness as something they are simply entitled to.”

“And the Fox?”

“She gave privileges to a few, fear to the others, and rivalry to them all. Now they are too busy fighting among themselves—and too afraid of losing even the little they have—to challenge her.”

The Tiger fell silent, deep in thought.

Then the Lion said:

“It is not enough to be fair. You must also know how to make others understand the value of fairness. For what people receive every day without having to struggle for it, they very quickly cease to notice.”

And only after losing a just leader did the wolves understand just how fair he had been.

Moral: We often fail to appreciate honesty and fairness while we still have them. Sometimes people understand the true value of a good and just order only after they have destroyed it with their own hands.

Crdခြင်္သေ့က ကျားကို ဝံပုလွေဆယ်ကောင်၏ခေါင်းဆောင်အဖြစ်ခန့်လိုက်သည်။

Crd

၁။ ဝင်ငွေကို ၃ ပိုင်းခွဲပြီး "၅ဝ-၃ဝ-၂ဝ စည်းမျဉ်း" အတိုင်းစီမံပါ။- ၅ဝ% – အခြေခံလိုအပ်ချက်များ (အိမ်စရိတ်၊ အစားအသောက်၊ ကျန...
23/06/2026

၁။ ဝင်ငွေကို ၃ ပိုင်းခွဲပြီး "၅ဝ-၃ဝ-၂ဝ စည်းမျဉ်း" အတိုင်းစီမံပါ။

- ၅ဝ% – အခြေခံလိုအပ်ချက်များ (အိမ်စရိတ်၊ အစားအသောက်၊ ကျန်းမာရေး)

- ၃ဝ% – စိတ်ကျေနပ်မှုအတွက် (ခရီးသွား၊ ဝယ်ချင်တဲ့ပစ္စည်း)

- ၂ဝ% – စုဆောင်းငွေ (အရေးပေါ်ဘဏ်အကောင့်၊ ရင်းနှီးမြှုပ်နှံမှု)

၂။ တကယ်လိုအပ်နေတာနဲ့ လိုချင်နေတာကို သေချာခွဲခြားသိပါ။

- "Need" (လိုအပ်တာ) – အသက်ရှင်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့အရာ (ဥပမာ – စားဝတ်နေရေး)

- "Want" (လိုချင်တာ) – မရှိလည်း ရပ်တည်နိုင်တဲ့အရာ (ဥပမာ – အပန်းဖြေခရီး)

"Want" ကို လျှော့ပြီး "Need" ကို ဦးစားပေးပါ။

၃။ အိမ်သုံးငွေစာရင်း ပြုစုပါ။

လစဉ်ဝင်ငွေ၊ ကုန်ကျစရိတ်တွေကို ရေးမှတ်ပါ။ ငွေကုန်ကြေးကျ App (သို့) Excel Sheet သုံးပြီး စနစ် တကျ စောင့်ကြည့်ပါ။

၄။ အလွယ်တကူထုတ်လို့မရတဲ့ စုငွေအကောင့်ဖွင့်ပါ။

ဘဏ်မှာ Fixed Deposit (FD) အကောင့် ဖွင့်ထားပါ။ Digital Wallet (သို့) ငွေစုအတွက် အထူး အကောင့်သုံးပါ။

၅။ အသေးစားငွေစုနည်းကို သုံးပါ။

တစ်နေ့ကို ၁ဝဝဝ ကျပ်စုရင် တစ်လမှာ ၃ဝ,ဝဝဝ ကျပ်၊ တစ်နှစ် မှာ ၃၆၅,ဝဝဝ ကျပ်ရမယ်။ ပြီးတော့ စျေးဝယ်ပြီး အမ်းလာတဲ့အကြွေတွေကို ထည့်စုတာလည်း ရေရှည်မှာ ခရီးရောက်ပါတယ်။

၆။ အရေးပေါ်ငွေကြေးဘဏ်အကောင့်ဖွင့်ပါ။

အနည်းဆုံး ဝင်ငွေ (၃-၆ လ) စာလောက် သီးသန့်စုထားပါ။ ဒါမှ မမျှော်လင့်တဲ့အခြေအနေ (ဥပမာ – အလုပ်ပြုတ်ခြင်း၊ ကျန်းမာရေးအရေးပေါ်) အတွက် အဆင်ပြေမယ်။

၇။ အလိုအလျောက်ငွေစုစနစ်ကို ဖန်တီးပါ။

ဘဏ်မှာ Auto-Debit သတ်မှတ်ပြီး လစဉ်ဝင်ငွေထဲက အနည်းဆုံး ၁၀% ကို အလိုအလျောက်စုခိုင်းပါ။

၈။ အပိုဝင်ငွေကို စုဆောင်းပါ။

အလုပ်တိုး Bonus၊ လက်ဆောင်ငွေ၊ အိမ်ခြံမြေငှားရမ်းခြင်း စတဲ့ အပိုဝင်ငွေတွေကို ချက်ချင်းမသုံးဘဲ စု ထားပါ။

၉။ အသုံးအဖြုန်းကို စိစစ်ပါ။

" ဒါအရာက ငါ့အတွက် တကယ်လိုအပ်လား" လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ စျေးဝယ်စာရင်းလုပ်ပြီးမှ ဈေးဝယ် ထွက်ပါ။

၁ဝ။ ငွေကို အသေမထားဘဲ ရင်းနှီးမြှုပ်နှံမှုလုပ်ပါ။

စုဆောင်းထားတဲ့ငွေကို အန္တရာယ်နည်းတဲ့ ရင်းနှီးမြှုပ်နှံမှု (ဥပမာ – ရွှေ၊ ဘဏ်အတိုး၊ အစုရှယ်ယာ) လုပ် ပါ။ ငွေကို ငွေပြန်ရှာခိုင်းပါ။

ပိုက်ဆံစုတယ်ဆိုတာ စည်းကမ်းရှိရှိနဲ့ ရေရှည်စီမံကိန်းချမှတ်ရတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက ကိုယ်နဲ့ကိုက်ညီမယ့်နည်းလမ်းကိုရွေးပြီး ရေရှည်စီမံကိန်းနဲ့ ထိထိ ရောက်ရောက်ငွေစုနိုင်ကြပါစေ။

ငွေ က အခြေအနေ တစ်ခုခုကို တခဏတာ
ငြိမ်အောင် ထိန်းသိမ်းရာမှတော့ အသုံးဝင်နေဆဲ...

"ကြိုးစားနေတဲ့ "      အချိန်မှာ သည်းခံပါ။"ကျရူံးနေတဲ့ "          အချိန်မှာ ရဲရင့်ပါ။"အောင်မြင်နေတဲ့ "  အချိန်မှာ တည်ငြိမ...
11/05/2026

"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။

သင်ကြိုးစားနေတာလား
•••••••••••••••••••••

ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။.
ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။.
မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။.
ဒါသင်သွားမယ့် လမ်းကြောင်းက အမိူက်တွေပါ
အမိူက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။.
သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။.
လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။.
နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။.
သင် ကျရူံးနေလား
•••••••••••••••

ဒါဆို ရဲရင့်ပြလိုက်စမ်းပါ
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။.
လူဆိုတာ ကိုယ်ထက်သာ
မနာလိုကြတာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။.
ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။.
နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်းတိုင်းပြီးလည်း လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။.
ကျရူံးချိန်တွေ ပြီးရင်
မလွဲမသွေလာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။.
"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။
ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။.
အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။

သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။.
သင် အောင်မြင်နေပြီလား
•••••••••••••••••••••

ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။.
ပညာရှိတော်တော်များများကလည်း
ငြိမ်သက်နေတတ်ပါတယ်။.
စိန်နဲ့တူတဲ့ သဇင်ပန်းပေါ့ နေရာတိုင်းမှာ
မတွေ့ရတော့ပါဘူး။.
ပြည့်နေတဲ့ အိုးထဲက ဘောင်ဘင်
မခတ်တော့သလို တည်ငြိမ်သွားကြပါတယ်။.
သင့်ရဲ့ အောင်မြင်မှုကို အစစ်အမှန် ဂုဏ်ယူသူရှိမယ်။
အတုအယောင်တွေနဲ့ ကဲ့ရဲ့သူလည်းရှိမယ်။
ဒါတွေကို သင့်အနေနဲ့ ဂရုစိုက်စရာ မလိုပါဘူး။.
"လမင်း" ကို ခွေး ဟောင်တာ သဘာဝပါပဲ
အရာရာကို ဥပက္ခာပြုထားပါ။.
ဒီအချိန်မှာ အရေးကြီးဆုံးက
အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ပဲ.
မောက်မာပြီး အောက်ခြေမလွတ်ဖို့လည်း
သိပ်ကိုအရေးကြီးတယ်။
မောက်မာပြီး အောက်ခြေလွတ်သူတွေက
အထိနာတက်ကြပါတယ်။
ဘယ်အရာမှ မတည်မြဲပါဘူး။.
"လ" သာဖို့အတွက် နေ ဝင်ပေးရသလို
"နေ" သာဖို့အတွက် လ ပျောက်ကွယ်ပေးရတဲ့
အချိန်တွေလည်း ရှိတယ်ဆိုတာ မမေ့နဲ့။.
နွေး မိုး ဆောင်း ပြောင်းလဲနေသလို
အရာရာလည်း အမြဲပြောင်းလဲ နေဦးမှာပါ။.
ဒီကမ္ဘာမှာ ဘယ်တော့မှ မပြောင်းလဲတဲ့ အရာတစ်ခုပဲ
ရှိတယ် ဒါက "ပြောင်းလဲခြင်းတရားပါ"။

ခေတ်မကောင်းရင် ရူးချင်ယောင်သာ
ဆောင်နေလိုက်ပါ။.
ဒါကြောင့် ဘာမှမတည်မြဲတဲ့ လောကကြီးမှာ
ဟန်ဆောက်မှု အရောင်တွေနဲ့ မရှင်သန်ပါနဲ့။.
ဖြူစင်မှု စိတ်ထားကောင်းမွန်မှု
တည်ငြိမ်ရင်း ရှင်သန်ကြည့်ပါ။.
ရေဗွတ်ပမာ ပျောက်သွားမယ့် အရာတွေပေါ်မှာ
မောက်မာပြီး အောက်ခြေလွတ်တဲ့
စိတ်တွေနဲ့ မသာယာမိစေနဲ့။
တစ်ဘဝစာလုံး အထိနာသွားတတ်တယ်။.
ဒါကြောင့် သင့်ရဲ့ အောင်မြင်မှုကို
တန်ဖိုးရှိရှိ ထိန်းသိမ်းတတ်ပါစေ။.
ဒီကမ္ဘာကြီး လည်နေတယ်ဆိုတာ
သင်ဘယ်တော့မှ မမေ့ပါနဲ့။.
Credit : Copy ©®

စီချွမ် ဟော့ပေါ့ အခြေခံစက်ရုံကျွန်ုပ်တို့တွင် အောက်ပါတို့အပါအဝင် ဟော့ပေါ့အခြေခံအမျိုးမျိုးကို ပေးဆောင်ပါသည်-အမဲသားအဆီအခြ...
20/04/2026

စီချွမ် ဟော့ပေါ့ အခြေခံစက်ရုံ

ကျွန်ုပ်တို့တွင် အောက်ပါတို့အပါအဝင် ဟော့ပေါ့အခြေခံအမျိုးမျိုးကို ပေးဆောင်ပါသည်-
အမဲသားအဆီအခြေခံ၊ ကြည်လင်သောဆီအခြေခံ၊
ဖားနှင့်ငါးအခြေခံ၊ စီချွမ်ငရုတ်ကောင်းငါးအခြေခံ၊ ကင်ထားသောငါးအခြေခံ၊
Maocai (စီချွမ်စပ်သော ဟော့ပေါ့) အခြေခံ၊ ဆန်ခေါက်ဆွဲအခြေခံ၊ ပူပူနွေးနွေးရွှေရောင်ဟင်းရည်အခြေခံ၊
ရွှေရောင်ဟင်းရည်ငါး maw ကြက်သားအခြေခံ၊ ခရမ်းချဉ်သီးအခြေခံနှင့် မှိုဟင်းရည်အခြေခံ။

စက်ရုံမှတိုက်ရိုက်ထောက်ပံ့မှု။ WeChat တွင် ကျွန်ုပ်တို့ကိုထည့်သွင်းပါ၊ ကျွန်ုပ်တို့သည် နမူနာများပေးပို့ပါမည်။ အဖွဲ့စီမံခန့်ခွဲသူပလက်ဖောင်းကို ကျေးဇူးတင်ပါသည်။ 🙏

ဤအရာအားလုံးသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ထုတ်ကုန်များဖြစ်သည်။

ကျွန်ုပ်၏ဆက်သွယ်ရန်အချက်အလက်-
WeChat ID: wh112576
WeChat: 158 2853 0356
WhatsApp: +95 9 263 656 332

四川火锅底料工厂

牛油底料,清油底料,
美蛙鱼底料,麻椒鱼底料,烤鱼料
冒菜麻辣烫底料,米线料,酸辣金汤料,
金汤花胶鸡,番茄底料,菌汤底料

厂家直供,加个微信,给您寄样品,感谢群主平台🙏
这些都是我公司的产品,
我的联系方式:微信号;wh112576
微信:158 2853 0356
WhatsApp: +95 9 263 656 332

👍Sichuan hot pot seasoning factory.
We offer:
Beef fat base sauce, light oil base sauce.
American frogfish base seasoning, spicy chili pepper fish base seasoning, grilled fish seasoning.
Maocai spicy hot pot base ingredients, rice noodle ingredients, sour and spicy golden soup base.
Golden Soup with Bird’s Nest and Chicken, Tomato-based Sauce, Mushroom-based Sauce.

Direct supply from the manufacturer. Add me on WeChat, and I’ll send you samples. Thank you to the group leader for this platform.🙏
These are all products of my company.
My contact information:
WeChat ID; wh112576
WeChat: 158 2853 0356
WhatsApp: +95 9 263 656 332

👍Sichuan Hot Pot Base Factory
We offer:
Beef tallow base, clear oil base, bullfrog and fish base, Sichuan pepper fish base, grilled fish base, spicy hot pot base, rice noodle base, hot and sour golden broth base, golden broth fish maw chicken base, tomato base, mushroom broth base

Factory direct supply. Add us on WeChat and we'll send you samples. Thank you for the group platform! 🙏

These are all products of my company.
My contact information:
WeChat ID; wh112576
WeChat: 158 2853 0356
WhatsApp: +95 9 263 656 332

Happy Myanmar New Year 2026 Myanmar Water festival 2026Shwe OO မိသားစု မှ...သက်ြန် ဆုတောင်းမေတ္တာ🙏🙏🙏နှစ်သစ် တန်ခူးလဆုတော...
16/04/2026

Happy Myanmar New Year 2026
Myanmar Water festival 2026

Shwe OO မိသားစု မှ...

သက်ြန် ဆုတောင်းမေတ္တာ🙏🙏🙏

နှစ်သစ် တန်ခူးလဆုတောင်း🌻🌻🌻

နှစ်ဟောင်း ကုန်ပျောက် နှစ်သစ်ရောက်🌻

ထွန်းတောက် မင်္ဂလာရှိပါစေ🌻

နှစ်သစ်မင်္ဂလာ ဒီချိန်ခါ 🌻

စိတ်မှာညစ်မဲ ကင်းပါစေ🌻

နှစ်သစ်မင်္ဂလာ 🌻

ချမ်းသာကိုယ်စိတ်မြဲပါစေ🌻

တစ်နှစ်ပတ်လုံး စိတ်ဖြူဖုံး 🌻

ရွှင်ပြုံးကြည်သာ ရှိပါစေ🌻

ကုသိုလ်ကျန်းမာ ပညာစီးပွား 🌻

ဒီရေအလား တိုးပွားကြပါစေ🌻
Shwe OO မိသားစု

သက်ြန် ဆုတောင်းမေတ္တာ🙏🙏🙏နှစ်သစ် တန်ခူးလဆုတောင်း🌻🌻🌻နှစ်ဟောင်း ကုန်ပျောက် နှစ်သစ်ရောက်🌻ထွန်းတောက် မင်္ဂလာရှိပါစေ🌻နှစ်သစ်မင...
14/04/2026

သက်ြန် ဆုတောင်းမေတ္တာ🙏🙏🙏

နှစ်သစ် တန်ခူးလဆုတောင်း🌻🌻🌻

နှစ်ဟောင်း ကုန်ပျောက် နှစ်သစ်ရောက်🌻

ထွန်းတောက် မင်္ဂလာရှိပါစေ🌻

နှစ်သစ်မင်္ဂလာ ဒီချိန်ခါ 🌻

စိတ်မှာညစ်မဲ ကင်းပါစေ🌻

နှစ်သစ်မင်္ဂလာ 🌻

ချမ်းသာကိုယ်စိတ်မြဲပါစေ🌻

တစ်နှစ်ပတ်လုံး စိတ်ဖြူဖုံး 🌻

ရွှင်ပြုံးကြည်သာ ရှိပါစေ🌻

ကုသိုလ်ကျန်းမာ ပညာစီးပွား 🌻

ဒီရေအလား တိုးပွားကြပါစေ🌻

တိုးတက်ချင်ရင် ကိုယ်တိုင်ငါကြောင့်ဆိုတဲ့ အရာကိုလက်ခံရမယ်။ဘာကြောင့်လဲကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ရအောင်။ငွေ..လောကမှာအပေါဆ...
05/03/2026

တိုးတက်ချင်ရင် ကိုယ်တိုင်
ငါကြောင့်ဆိုတဲ့ အရာကိုလက်ခံရမယ်။
ဘာကြောင့်လဲကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ရအောင်။

ငွေ..
လောကမှာအပေါဆုံးပဲ
ငါ့မှာပဲမရှိသေးတာ။

အချိန်...
လူတိုင်း ၂၄နာရီထက်ပိုမရဘူး
ငါပဲစီမံမှုအားနည်းနေလို့ အချိန်မရှိတာ
ဒါမှမဟုတ် ဘာမှမလုပ်လို့ကို အချိန်ပေါနေတာ။

အခွင့်အလမ်း
လောကမှာ အခွင့်အလမ်း တွေအများကြီး
ငါကိုယ်တိုင်က မြင်အောင်မကြည့်လို့မမြင်သေးတာ။

တိုးတက်မှု
တိုးတက်ပြောင်းလဲ နေတဲ့သူတွေအများကြီးပဲ
ငါပဲ တိုးတက်ရကောင်းမှန်းမသိလို့ မတိုးတက်သေးတာ။.

အရာရာ
ဖြစ်အောင်လုပ်ပြနေတဲ့သူတွေအများကြီးထဲမှာ
ငါပဲ ​အသုံးမချပဲ အသုံးမကျသေးတာ

ငါဆိုတဲ့ မိမိကိုယ်မိမိ အာရုံစိုက် ပီး
ဆုံးမရမယ်။
ဆင်ခြေတွေလျှောက်မပေးပဲ အရာရာ ငါကိုယ်တိုင်ပဲလို့ခံယူရမယ်။
မသိတာတွေအများကြီးနဲ့ သိချင်ယောင်ဆောင်မှုတွေထဲမှာငါမနေဘူး။

ပီးရင် လျှောက်လှမ်းဖို့လမ်းကိုရွေးချယ်ပီး
ဘာကြီးပဲဖြစ်ဖြစ် ရအောင်လှမ်းဖို့ ကြိုးစားမယ်။
နည်းနည်းလေးလုပ်ပီး အများကြီးလုပ်လိုက်တယ်လို့ ငါမခံယူဘူး။

ဒီလို ငါဆိုတဲ့ကောင်ကို ပဲအရင်ဆုံး
နိုင်အောင်ထိမ်းသိမ်းလိုက်ပါ ။
တိုးတက်လာပါလိမ့်မယ်။

တိုးတက်ခြင်းကသင့်ရဲ့super powerဖြစ်လိုက်ပါ။

Shwe OO

Address

Yangon
095

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959424210306

Alerts

Be the first to know and let us send you an email when Shwe OO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share