Hello Nay Pyi Taw

Hello Nay Pyi Taw RealEstate

မင်္ဂလာပါခင်ဗျကြယ်တံခွန် အိမ်ခြံမြေမှ ကြုိဆိုပါတယ်ခင်ဗျနေပြည်တော် ရဲ့ အဓိက မိန်းလမ်းမကြီးပျဥ်းမနား -တောင် ညိုလမ်းမေးတင် ...
08/05/2025

မင်္ဂလာပါခင်ဗျ
ကြယ်တံခွန် အိမ်ခြံမြေမှ ကြုိဆိုပါတယ်ခင်ဗျ

နေပြည်တော် ရဲ့ အဓိက မိန်းလမ်းမကြီး
ပျဥ်းမနား -တောင် ညိုလမ်းမေးတင်
မျက်နှာစာ ၆၀ပေ
နောက်ကို ၁၅၀ပေ
ဂရန်အမည်ပေါက်
အရောင်း

စျေးနှုန်း ၂၇၀၀၀သိန်း (ညှိနှိုင်း)

0943020246
09400096563
#နေရာကောင်းမိန်းလမ်း #မြေဝယ်စုချင်သူများ #နေရာကောင်း #

နေပြည်တော် ၊ ထန်းတပင် VIp ရပ်ကွက် ၊ ၁၀၀ပတ်လည်မြေကွက်အရောင်းများ၁။ အနောက်လှည့် - တောင်လှည့် ထောင့်ကွက် ၊ဍ စားသောက်ဆိုင်အန...
05/11/2024

နေပြည်တော် ၊ ထန်းတပင် VIp ရပ်ကွက် ၊ ၁၀၀ပတ်လည်မြေကွက်အရောင်းများ

၁။ အနောက်လှည့် - တောင်လှည့် ထောင့်ကွက် ၊ဍ စားသောက်ဆိုင်အနီး နေရာကောင်း စျေးနှုန်း - ၁၄၀၀၀သိန်း (nego)

၂။ အရှေ့လှည့် - တောင်လှည့် ထောင့်ကွက် ၊ လယ်ကွင်း view ၊မျက်နှာစာ ပေ၂၀ခန့် မြေ ပိုကျယ်
စျေးနှုန်း - ၁၅၀၀၀ သိန်း (nego)

ဖုန်း ၀၉၄၃၀၂၀၂၄၆
၀၉၄၀၀၀၉၆၅၆၃
#ခြံကျယ်ကျယ် ကြိုက်သူများ
# အိမ်ကောင်းကောင်းဆောက်ချင်သူများ
# VIP အကွက်ကျယ်

မင်္ဂလာပါခင်ဗျနေပြည်တော် ၊ထန်းတပင်ရပ်ကွက်၊VIp စားသောက်ဆိုင်အနီး၊ဍ စားသောက်ဆိုင် အနီး ၊၁ ဧက ( ၁၀၀ပတ်လည် ၄ကွက်စာ)၊မြေကွက်လ...
29/10/2024

မင်္ဂလာပါခင်ဗျ
နေပြည်တော် ၊ထန်းတပင်ရပ်ကွက်၊VIp စားသောက်ဆိုင်အနီး၊ဍ စားသောက်ဆိုင် အနီး ၊၁ ဧက ( ၁၀၀ပတ်လည် ၄ကွက်စာ)၊မြေကွက်လေးငှားချင်ပါတယ်ခင်ဗျ

တော်ဝင်ရတနာ လမ်းမကြီး မေးတင်နေရာကောင်း

အုတ်တံတိုင်းခတ်ပြီး

စားသောက်ဆိုင်ကြီးများ

ကလေးကစားကွင်းများ

GYM Center များ အထူးသင့်လျော်သောနေရာကောင်း

စျေးနှုန်း တစ်လ --- ၅၀ သိန်း (nego)

၀၉၄၀၀၀၉၆၅၆၃
၀၉၄၃၀၂၀၂၄၆

နေပြည်တော် ၊ဥတ္တရသီရိမြို့နယ်၊ဘဏ်ဇုန်အနီး၊ဇလပ်ဝါပလာဇာအနီး ၊ ၁၀၀ပတ်လည် ၊တစ်ထပ်တိုက်အရောင်း။မာစတာ ၁ခန်းရိုး၂ခန်းအုတ်တံတိုင...
28/10/2024

နေပြည်တော် ၊ဥတ္တရသီရိမြို့နယ်၊ဘဏ်ဇုန်အနီး၊ဇလပ်ဝါပလာဇာအနီး ၊ ၁၀၀ပတ်လည် ၊တစ်ထပ်တိုက်အရောင်း။
မာစတာ ၁ခန်း

ရိုး၂ခန်း

အုတ်တံတိုင်းပတ်လည်ခတ်ပြီး

အသင့်တက်နေရုံ

စျေးနှုန်း ၁၂၀၀၀သိန်း ညှိနှိုင်း

၀၉၄၃၀၂၀၂၄၆
၀၉၄၀၀၀၉၆၅၆၃
#အသင့်နေအိမ်
#ခြံကျယ်ကျယ်
#စျေးဝယ်စင်တာများနှင့်နီး
#ဘဏ်ဇုန်

မင်္ဂလာပါခင်ဗျာနေပြည်တော်ရဲ့ ဒုတိယသပြေကုန်း (သာယာကုန်းရပ်ကွက်)နေရာကောင်းအရောင်း ရွှေပြည်တန် ဟိုတယ်အနီးပတ်ဝန်းကျင်သန့် ပေ...
27/10/2024

မင်္ဂလာပါခင်ဗျာ
နေပြည်တော်ရဲ့ ဒုတိယသပြေကုန်း (သာယာကုန်းရပ်ကွက်)နေရာကောင်းအရောင်း
ရွှေပြည်တန် ဟိုတယ်အနီး

ပတ်ဝန်းကျင်သန့်

ပေ ၆၀ပတ်လည်

လမ်းလေးခွဆုံ သွားလာရအဆင်ပြေသောနေရာ

စျေးနှုန်း ၅၅၀၀သိန်း ( nego)

ဖုန်း 0943020246
09400096563

နေပြည်တော် နေရာကောင်း #
ခြံကွတ်လွတ် #ပတ်ဝန်းကျင်သန့် #

နေပြည်တော် ၊မြို့မစျေး၊နေရာကောင်း ၊လမ်းမတန်း၊ ၃ခန်းရောင်းပါမည်။၂ခန်းတွဲ ၁ခုလမ်းမတန်း ၁ခန်းစျေးနှုန်း  တစ်ခန်း ၄၅၀၀သိန်း ...
24/10/2024

နေပြည်တော် ၊မြို့မစျေး၊နေရာကောင်း ၊လမ်းမတန်း၊ ၃ခန်းရောင်းပါမည်။

၂ခန်းတွဲ ၁ခု

လမ်းမတန်း ၁ခန်း

စျေးနှုန်း တစ်ခန်း ၄၅၀၀သိန်း (nego)

09400096563
0943020246

နေပြည်တော် ပါမစ် (သို့) မြေပေးမိန့် (သို့ )စလစ် အခြားမြို့များနှင့်ကွာခြားချက် ၁ ။ရွာသားပါမစ် မြန်မာနိုင်ငံရဲ့မြို့တော်န...
29/11/2022

နေပြည်တော်
ပါမစ် (သို့) မြေပေးမိန့် (သို့ )စလစ် အခြားမြို့များနှင့်ကွာခြားချက်

၁ ။ရွာသားပါမစ်

မြန်မာနိုင်ငံရဲ့မြို့တော်နေပြည်တော်အဖြစ်စတင်အကောင်အထည်ဖော်စဥ်က အဓိကမိန်းလမ်းအကျယ်များဖောက်လုပ်ခြင်း ၊ အဓိကရုံးဌာနများ၊ဝန်ထမ်းအိမ်ယာများအမြန်ဆောက်လုပ်ကြပါတယ်။ မလွတ်ကင်းသော မြေယာများ၊ကျေးရွာများကို အရေးကြီးအဆောက်အအုံများအတွက်အမြန်ရွှေ့ပြောင်းပေးကြရပါတယ်။ ရွှေ့ပြောင်းကျေးရွာများကို မြေကွက်များဖော်ဆောင်ပြီး ပိုင်ဆိုင်မူအတွက် အထက်ပါ စလစ် (သို့)မြေပေးမိန့်များ ယာယီထုတ်ပေးခဲ့ပါတယ် ။ အဆိုပါမြေပေးစလစ်များကို (အလွယ်ခေါ်) ရွာသားစလစ် (သို့)မြေပေးမိန့် ဟုခေါ်ကြပြီး နောက်ဆုံးဝယ်ယူက စပ်ဆက်စာချုပ်များဖြင့် ဂရန်အမည်ပေါက်လျှောက်ရပါတယ်။အခွန်မဆောင်ရပါဘူးခင်ဗျာ။ရောင်းသူတောင်သူများအနေနဲ့လည်းရောင်းခွန် မဆောင်ရပါဘူးခင်ဗျာ။ကျွန်တော်တို့ကြားသိရသည်ကတော့ လယ်ယာ၅ဧကကို တစ်ကွက်နှုန်း၊ အိမ်ထောင်စုဇယားပေါ်မူတည်ပြီးစသည့်နည်းလမ်းအမျိုးမျိုးဖြင့် မြေကွက်များချပေးခဲ့ပါတယ်။ တချို့ ရွာသူရွာသားများက ကျွဲနွားများဖြင့် အဆိုပါမြေကွက်များမှာ မနေကြပဲ ပြန်လည်ရောင်းချကာ နီးစပ် ကျေးရွာများတွင်ပြောင်းရွှေ့နေထိုင်ကြပါတယ် ။

၂။ ၀န်ထမ်းပါမစ်

နေပြည်တော် စီမံကိန်း အထိုက်အလျှောက် အကောင်အထည်ပေါ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသော ၀န်ထမ်းများ ၊နေပြည်တော်လုပ်သက်နှင့်ရာထူးအလိုက် နေရာချထားပေးခဲ့ပါတယ်။အဆိုပါ စလစ်(သို့) မြေပေးမိန့်တွေက လည်းပုံစံအားဖြင့်တူသော်လည်း နောက်ဆုံးဝယ်သူက ဂရန်အမည်ပေါက် လျောက်မရပါဘူးခင်ဗျာ ။စည်းကမ်းချက်များထားကာ နေပြည်တော် စည်ကားပြီးလူအများလာရောက်နေထိုင်စေလိုသောကြောင့် ချထားပေးသောဝန်ထမ်းကိုယ်တိုင်ဂရန်လျောက်ပေးရပါတယ်၊ရာထူးအလိုက် သတ်မှတ်ထားသော အိမ်ပုံစံ ၊ တချို့နေရာတွေဆို အဆောက်အဦးအခိုင်အမာ ဆောက်ပေးမှ ဂရန်ပေးပါတယ်၊ခြံစည်းရိုးကာပေးရပါတယ် ။ဝန်ထမ်းအမည်ဖြင့်ဂရန် ရရှိမှသာ ေနာက်ဆုံးဝယ်သူကအခွန်ဆောင်မှသာအမည်ပေါက်ပြောင်းရပါတယ်ခင်ဗျာ။စလစ်(သို့)မြေပေးမိန့် မြင်တိုင်း အခွန်မဆောင်ရဘူးဆိုပြီး စာရွက်ဝယ်မိရင်တော့ မှားတော့ပါမယ်၊အဆင့်ဆင့် လုပ်ဆောင်ပြီးမှ ဂရန်အမည်ပေါက်ရပါမယ်ခင်ဗျာ။

၃။ ပုဂ္ဂလိက စလစ်(သို့)မြေပေးမိန့်

မြို့သစ်များဖော်ဆောင်ပြီး အမှန်တကယ်နေလိုသူများအား စည်ကမ်းချက်များဖြင့် ချထားပေးခဲ့ပါတယ် ။ အစိုးရက သတင်းစာမှာကြေငြာပြီး ပေအကျယ်အမျိုးမျိုးကို စျေးနှုန်းသတ်မှတ်ရောင်းချခဲ့ ပါတယ်။တချို့ကို မဲနှိုက်ရောင်းချခဲ့ပါတယ်။အဆိုပါ စလစ် (သို့)မြေပေးမိန့် အများစုကတော့ ယခုအချိန်ထိ အခွန်ဆောင်စရာမလိုပဲ နောက်ဆုံးဝယ်သူက ဂရန် အမည်ပေါက်လျှောက်ထား၍ရပါတယ်ခင်ဗျ။

အခြားမြေကွက်များ အနေဖြင့် တပ်သားများကိုချထားပေးသော အရပ်အခေါ် တပ်ဗုပ္ပ မြေကွက်များလည်းရှိပါတယ်။ အဆိုပါမြေကွက်များကို အမည်ပြောင်းခြင်းပြုလုပ်မပေးပဲ တပ်သားအမည်ဖြင့်သာထားရှိရပါတယ်။ဂရန်ထွက်ရှိပြီးသားမြေကွက်များမှာ ဝယ်ယူရန် အဆင်ပြေသော်လည်း ဂရန်မထွက်ရှိသေးပါက အရှုပ်အရှင်းများပြီး စွန့်စား၍ ဝယ်ရမည်ဖြစ်ပါသည် ။

သူအရပ်နဲ့ သူဇာတ် မြေကွက်အရောင်းအ၀ယ်မှာလည်း သူအရပ်နဲ့သူဇာတ်ဆိုသလို လုပ်ထုံးလုပ်နည်းမဟုတ်တဲ့ အရိုးစွဲအလေ့အထလေးတွေရှိပါတယ်။...
28/11/2022

သူအရပ်နဲ့ သူဇာတ်

မြေကွက်အရောင်းအ၀ယ်မှာလည်း သူအရပ်နဲ့သူဇာတ်ဆိုသလို လုပ်ထုံးလုပ်နည်းမဟုတ်တဲ့ အရိုးစွဲအလေ့အထလေးတွေရှိပါတယ်။ ဥပမာ ။ ။ ရန်ကုန်မှာမြေဝယ်မယ်ဆို မြေကွက်အမည်ပေါက်စစ်၊ပထမစရံချ ၊ ကန့်ကွက်သူရှိမရှိသတင်းစာထည့်၊ရောင်းချသူကိုအရောင်းမြေပုံထုတ်ခိုင်းပါတယ်၊ အခွန်ဆောင် ၊ မှတ်ပုံတင်စာချုပ်ချုပ်ရင်ငွေဘယ်လောက်ချေ၊တချို့ အမည်ပေါက်တဲ့အထိ အဆင့်ဆင့်ငွေ ပေးချေကြပါတယ် ။အတော်လည်းကြာကြပါတယ်။ အဲ့လိုအဆင့်ဆင့်မလုပ်လို့ ပိုင်ဆိုင်မှုဆုံးရှုံးခဲ့ ကြတာလည်းသာဓကတွေများတာကို။သို့ပေမဲ့ နေပြည်တော်မှာတော့ လုပ်ဆောင်ပုံကျောရိုးလည်းမပျောက်အောင် စရံချ၊သတင်းစာထည့်၊ကာလ (၁)လဆိုင်းပြီး၊ငွေအကြေချေတဲ့နေ့မှာ ဝယ်သူကို အထူးကိုယ်စားလှယ်လွှဲစာပေးအပ်လိုက်ကြပါတယ်။ဝယ်သူက အထူးကိုယ်စာလှယ်လွှဲစာ ကိုကိုင်ပြီးရောင်သူကိုယ်စား ဝယ်သူအမည်ပေါက်ရအောင် တစ်ရုံးဝင် တစ်ရုံးထွက်လိုက်လံဆောင်ရွက်ကြရပါတယ် ။အဲအတိုင်းခေါက်ရိုးကျိုးနေကြပါတယ်။ရန်ကုန် = နေပြည်တော် ကွာခြားချက်ကတော့ ရန်ကုန်မြေကွက်မြေရာဇဝင်က ရှည်ကြာပြီး ပိုင်ရှင်အဆင့်ဆင့်ပြောင်းလာတာတစ်ကြောင်း၊မြေပုံမြေရာဇဝင်ကိုမှ မထုတ်ကြည့်၊သေချာမစစ်ဆေးရင်လွဲမှားနိုင်ချေများတာကြောင့် အရောင်းအဝယ်လုပ်ရာမှာအဆင့်မကျော်ပဲ တစ်ဆင့်ပြီးတစ်လုပ်ဆောင်ကြပါတယ်၊နေပြည်တော်မြေကွက်များမှာတော့ မြေကွက်ဖော်ဆောင်တာ မကြာသေးသည်ကတစ်ကြောင်း၊ အများအားဖြင့် ပိုင်ရှင် တစ်ဦးနှစ်ဦး သာပြောင်းပြီး မြေကွက်မြေရာဇဝင် မရှုပ်ထွေးသေးတာကြောင့် အရောင်းအဝယ်စာချုပ်ချုပ်ဆို၊အထူးကိုယ်စားလှယ်လွဲစာပေးပြီးတာနဲ့ တခါတည်းငွေချေကြပါတယ်။အခြားကွာဟချက်များ ကိုတော့ နောက်နေ့ဆက်ရေးပေးပါမယ်ခင်ဗျာ ။ကျေးဇူးတင်ပါတယ်။

28/11/2022

မနေ့က မြေယာအကြောင်း ဖတ်မှတ်မိတာ လေးမျှဝေပါရစေ ယခင်ရှေးဘုရင်စနစ်ကတည်းက ဘုရင်တွေမြေယာစီမံခန့်ခွဲတာ အရေးကြီးပုံ အနော်ရထာမင်းကြီးရဲ စိုက်ဧကတိုးချဲ့ တမံအသစ်တွေတည်ဆောက်ပြီး ပုဂံသူပုဂံသားတို့ ကြီးပွားတိုးတက်ပုံတွေ၊ဘုရင်တွေက ၀တ္တကမြ(ဘုရားမြေ)မြေမှလွဲ၍ ကျန်မြေများ အခွန်ဆက်သရပုံတွေဖတ်မှတ်မိပါတယ်။ထူးရှားတာက အဲ့ခေတ်တည်က လူတွေအခွန်ရှောင်ကြပါတယ်။အခွန်ရှောင်ချင်လို့ ၀တ္တကမြေ(ဘုရားမြေ)စာရင်းထဲပေါင်းထည့်ကြပါတယ်။မြေတိုင်းတာရေးအဖွဲ့တွေကလည်း စာရင်းအမှန်ဖြစ်အောင်ထိန်းသိမ်းကြရပါတယ်။လူတွေ အခွန်လျှော့ကောက်တာ ကြိုက်ပုံကတော့ သီပေါမင်းခေတ် အထက်မြန်မာပြည် ၊အောက်မြန်မာပြည် ကွဲသွားတဲ့အချိန် အစက အထက်မြန်မာပြည်မှာ လူဦးရေများပြားပြီး ဘုရင်စနစ်ရဲ့ အခွန်အတုတ်အောက်မှာနေထိုင်ကြပါတယ်။အဲ့အချိန် အောက်မြန်မာပြည်မှာ စိုက် စိုက်ပျိုးသူတွေနည်းပါးလာကြပြီး အဂ်လိပ်အစိုးရက အခွန်အတုတ်ကင်းလွတ်လျော့ပေါ့ပေးမယ့် အစီအစဥ်ကြောင့် အထက်မြန်မာပြည်က စိုက်ပျိုးသူတွေက အောက်မြန်မာပြည်သို့ပြောင်းရွှေ့လုပ်ကိုင်ကြပါတယ်။ဘယ်လောက်တောင် ပြောင်းရွှေ့လည်းဆိုရင် ၃ပုံ ၁ပုံ ပဲ အထက်မြန်မာပြည်မာကျန်ခဲ့ပါတယ်။အခွန်လျော့ပေါ့ပေးတာကို လူတွေအရမ်းနှစ်သက်ကြကြောင်းပြောရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hello Nay Pyi Taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share