
02/03/2024
Music ဒိုင်ယာရီပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဦးမျိုးရဲ့ အကောင့် အဟက်ခံလိုက်ရပြီး ပိုက်ဆံများလိုက်ချေးနေပါတယ်။
ကျမတို့ထံ ည သန်းခေါင်ကျော်ကြီး ပိုက်ဆံလာချေးနေတာ မသင်္ကာလို့ ဦးမျိုးထံ ဖုန်းဆက်အသိပေး မေးမြန်းရာ သူ့အကောင့်ထဲ ဝင်လို့မရတော့ကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။
ဦးမျိုးရဲ့တောင်းဆိုချက်အရ ထိုအကောင့်ဖြင့် ပိုက်ဆံလာချေးပါက မချေးမိစေရန်နဲ့ ဦးမျိုးက ထိုအကောင့်ကို ပြန်မဆယ်တော့ဘဲ နောက်ပိုင်းမှာ အကောင့်အသစ်ဖွင့်ပြီး အသုံးပြုသွားမှာဖြစ်တယ်လို့ သူ့ပရိသတ်တွေကို အသိပေးခိုင်းပါတယ်ရှင်။
Music ဒိုင်ယာရီပရိသတ်တွေအနေနဲ့ ပုံမှာမြင်ရတဲ့ ဦးမျိုး အကောင့်ကို report ဝိုင်းထုပေးကြဖို့လည်း အကူအညီတောင်းပါတယ်နော်။ 😓😞