ALL မြန်မာအင်ဂျင်နီယာဆိုင်ရာ ဗဟုသုတရှိသလောက်ဝေမျှကြရအောင်

  • Home
  • Myanmar
  • Yangon
  • ALL မြန်မာအင်ဂျင်နီယာဆိုင်ရာ ဗဟုသုတရှိသလောက်ဝေမျှကြရအောင်

ALL မြန်မာအင်ဂျင်နီယာဆိုင်ရာ ဗဟုသုတရှိသလောက်ဝေမျှကြရအောင် Let's share and discuss Knowledge for All Engineers

04/07/2025
I Phone Useful Performance #သတင်းကအံ့သြစရာပါထရပ်ကားတစ်စီး ခြံစည်းရိုးကိုဝင်တိုက်ပြီး ယာဉ်မောင်းတစ်ဦး ခြံစည်းရိုးတိုင်နဲ့...
03/07/2025

I Phone Useful Performance

#သတင်းကအံ့သြစရာပါ

ထရပ်ကားတစ်စီး ခြံစည်းရိုးကိုဝင်တိုက်ပြီး ယာဉ်မောင်းတစ်ဦး ခြံစည်းရိုးတိုင်နဲ့ကား မတော်တဆကားတိုက်မှု့ကို 2025 ခုနှစ် ဇွန်လ 30 ရက်နေ့ မနက် 5:30 နာရီ လောက်မှာ ဖြစ်ပွါးခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ iPhone က Crash Detection နည်းပညာနဲ့အတူ အလိုအလျောက် 911 ကို အသိပေး ခဲ့တာကြောင့် မီးသတ်သမားတွေ ၆ မိနစ်အတွင်း ရောက်လာနိုင်ခဲ့ပြီး၊ လူနာကို 6:30 နာရီမှာ ကယ်တင်ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ကြပါတယ်။

နည်းပညာနဲ့အသက်ကယ်မှုတွေကြားရတာက တကယ်ကို စိတ်လှုပ်ရှားဖွယ်ပါပဲ။ 📱💡

ဖြစ်စဉ်မှာ -
လူတစ်ဦးဟာ သူ့ရဲ့ထရပ်ကားနဲ့ ခြံစည်းရိုးကိုဝင်တိုက်ပြီး မတော်တဆမှုကြောင့် သံတံတားတန်းတစ်ခုက သူ့ကိုထိုးစိုက်သွားခဲ့ပါတယ်။ ထိုအချိန်မှာ သူ့မှာ iPhone တစ်လုံးရှိနေပြီး၊ Emergency SOS စနစ်ရဲ့အသိပေးမှု့က အလိုအလျောက် 911 ကို အသိပေးခဲ့တာကြောင့် အသက်ရှင်နိုင်ခဲ့တာပါ။

📱 iPhone 14 နှင့်နောက်ပိုင်းမော်ဒယ်တွေမှာ ပါဝင်တဲ့ Crash Detection နည်းပညာက မတော်တဆမှုကိုသိရှိပြီး တည်နေရာကို တိတိကျကျ ပေးပို့ ခဲ့ပါတယ်။ ဖုန်းမှသတိပေးမှု့အပြီး ၆မိနစ်အတွင်း မီးသတ်သမားတွေ ရောက်လာပြီး၊ ထရပ်ကားအမိုးကို ဖြတ်ပြီး လူနာကို ကယ်တင်နိုင်ခဲ့ပါတယ်။

🩺 လူနာကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ သူ့ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ မတော်တဆမှုဖြစ်ချိန်မှာ သူဟာ မလှုပ်နိုင်တဲ့အခြေအနေမှာရှိခဲ့တာကြောင့်၊ ဒီလိုနည်းပညာက အသက်
ရှင်မှု့ အတွက် အရေးကြီးဆုံးအခန်း
ကဏ္ဍတစ်ခု ထမ်းဆောင်ခဲ့တာပါ။

သတင်းအပြည့်အစုံကို WFLA News မှာ ဖတ်ရှုနိုင်ပါတယ်။ 😊

iPhone ရဲ့ Crash Detection ဖွင့်ထားချင်သူများအတွက် ဖွင့်နည်း ဖော်ပြပေးလိုက်ပါတယ် 😊

iPhone ရဲ့ Crash Detection လုပ်ဆောင်ချက်ကို ဖွင့်ထားဖို့အတွက် အောက်ပါအဆင့်တွေလိုအပ်ပါတယ် — အထူးသဖြင့် iPhone 14 နဲ့နောက်ပိုင်းမော်ဒယ်တွေမှာ အသုံးပြုနိုင်ပါတယ်။

📲 ဖွင့်ရန်အဆင့်များ

1. Settings ကိုဖွင့်ပါ
2. Emergency SOS ကိုနှိပ်ပါ
3. Call After Severe Crash ဆိုတဲ့ option ကို ဖွင့်ထားမယ်/ပိတ်မယ် ဆိုတာရွေးချယ်နိုင်ပါတယ်

🔔 ဒီလုပ်ဆောင်ချက်က ပုံမှန်အားဖြင့် ဖွင့်ထားပြီးသား ဖြစ်ပါတယ်။ မတော်တဆမှုတစ်ခုဖြစ်ပေါ်တဲ့အခါမှာ iPhone က သင်မတုံ့ပြန်နိုင်လျှင် 20 စက္ကန့်အတွင်း Emergency Services ကို အလိုအလျောက် ခေါ်ပေး ပါလိမ့်မယ်။

🛰️ Cellular signal မရှိတဲ့နေရာမှာတောင် Satellite SOS နည်းပညာနဲ့ ဆက်သွယ်နိုင်တဲ့အခွင့်အလမ်းရှိပါတယ် (အချို့ဒေသများတွင်သာရရှိနိုင်သည်)။

သင့်မှာ Apple Watch ပါရှိတယ်ဆိုရင်လည်း Crash Detection ကို iPhone နဲ့ပေါင်းပြီး အသုံးပြုနိုင်ပါတယ်။😊📱
နည်းပညာတိုးတက်မှု့တွေကြောင့် ဖုန်းကနေ လူ့အသက်ကို ကယ်တင်ပေးနိုင်တဲ့ တီတွဒ်မှု့တွေရှိတာကြောင့် သင့်ရဲ့ iPhone မှာ Crash Detection ကိုဖွင့်ထားပြီး အရေးပေါ်အခြေအနေတစ်ချို့ကို စိတ်အေးစွာဖြတ်ကျော်လိုက် ကြရအောင် 😊

ငလျင်လှုပ်ပြီးနောက်ပိုင်း Code ကို Update လုပ်ထားတဲ့ MNBC 2025 ထွက်လာပြီမလို့MNBC 2020 နဲ့မသုံးရတော့ဘူးလို့သိရတယ်အခုအကြမ...
02/07/2025

ငလျင်လှုပ်ပြီးနောက်ပိုင်း Code ကို Update လုပ်ထားတဲ့ MNBC 2025 ထွက်လာပြီမလို့
MNBC 2020 နဲ့မသုံးရတော့ဘူးလို့သိရတယ်

အခုအကြမ်းဖတ်ကြည့်တာမှာ
MNBC 2025မှာ 0.2sec Spectral Acceleration နဲ့ 1sec Spectral Acceleration Factor တွေကွာသွားတယ် Seismic Design Category မှာ ပိုပြီးပြည့်စုံလာတယ်
2025မှာ မြို့တစ်မြို့ချင်းစီရဲ့ factor တွေအသေးစိတ်ရေးပေးထားသလို factor တန်ဖိုးတွေလည်းကွာသွားတာတွေ့ရတယ်
ဥပမာ မန္တလေးဆို
MNBC 2020မှာ Ss 1.2 နဲ့ S1 က 0.7
MNBC 2025 မှာ Ss 1.8နဲ့ S1 က 1.31
ဖြစ်သွားတယ်

MNBC 2025 English Version

MNBC - 2025 pdf file download ရယူရန်

PART1-ADMINISTRATION OF PLANNING, BUILDING AND BUILT ENVIRONMENT
PART2-ARCHITECTURE AND URBAN DESIGN

https://drive.google.com/file/d/1SClcgZHC3pa3I-x4p4mnE5_SF5VLih44/view?usp=sharing

PART3-STRUCTURAL DESIGN
PART4-SOIL AND FOUNDATION

https://drive.google.com/file/d/1AWDYPEWjsolKYlwUD4v8bqJSAeojX3wm/view?usp=sharing

PART5 BUILDING SERVICES
PART5A- LIGHTING
PART5B- ELECTRICAL AND ALLIED INSTALLATIONS
PART5C- INSTALLATION OF LIFTS AND ESCALATORS
PART5E- HEATING, MECHANICAL VENTILATION AND AIR-CONDITIONING SERVICES
PART5F- FIRESAFETY, FIREPROTECTION SYSTEMS AND MEANS OF ESCAPE

https://drive.google.com/file/d/15ESMtEZLG367UBsOpjF4X5wp03Ac4nWM/view?usp=sharing

PART5D- WATERSUPPLY, DRAINAGE AND SANITATION

https://drive.google.com/file/d/1GiPIeR5d5nz4HwM8ZSUvQ57MYpT5HQXq/view?usp=sharing

PART 6- BUILDING MATERIALS
PART 7-CONSTRUCTION MANAGEMENT AND PLANNING, CONSTRUCTION PRACTICES,
SAFETY AND BUILDING MAINTENANCE

https://drive.google.com/file/d/1dcvBghT2iwufieriuIg97Ca5Psc9pMkB/view?usp=sharing

MNBC 2025 Myanmar Version

အပိုင်း ၁- မြို့ပြစီမံကိန်း၊ အဆောက်အအုံနှင့် မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း

https://drive.google.com/file/d/1_h2YraXyZYUas8mr3HDmMCmPp_U8gfD_/view?usp=sharing

အပိုင်း ၂ - ဗိသုကာနှင့် မြို့ပြပုံစံထုတ်ခြင်း

https://drive.google.com/file/d/1LWiqJLCG4Lb7cBsHE-O_qVBpFhREfsAr/view?usp=sharing

MNBC - 2025 (pdf file download ရယူရန်)

အပိုင်း ၃ - ဖွဲ့စည်းပုံ ဒီဇိုင်း
အပိုင်း ၄ - မြေနှင့် အုတ်မြစ်

https://drive.google.com/file/d/1ZIyaVaYMCiIKzfAHY1MTlFRHw4WW29BX/view?usp=sharing

အပိုင်း ၅ - အဆောက်အအုံ ဝန်ဆောင်မှုများ
အပိုင်း ၅ (က) - အလင်းရောင်
အပိုင်း ၅ (ခ) - လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း
အပိုင်း ၅ (ဂ) - ဓါတ်လှေကားများနှင့် စက်လှေကားများ တပ်ဆင်ခြင်း

https://drive.google.com/file/d/1OnsVjaq7ZgR762OVZWRMzMvorO3g-_A5/view?usp=sharing

အပိုင်း ၅- အဆောက်အအုံ ဝန်ဆောင်မှုများ
အပိုင်း ၅ (င) - အပူပေးခြင်း၊ စက်စွမ်းအားသုံး လေဝင်/လေထွက်စနစ်နှင့် လေအေးပေးခြင်း လုပ်ငန်းများ
အပိုင်း ၅ (စ) - မီးဘေးလုံခြုံရေး၊ မီးဘေးကာကွယ်ရေးစနစ်များနှင့် အရေးပေါ် လွတ်မြောက်ရေးဆိုင်ရာ နည်းလမ်းများ

https://drive.google.com/file/d/1xqHe5PT220aZf9Ykf5-t0IEQFD6R_DB6/view?usp=sharing

အပိုင်း ၅ (ဃ) - ရေပေးဝေခြင်း၊ မိလ္လာပိုက်ဆက်ခြင်းနှင့် သန့်ရှင်းမှု

https://drive.google.com/file/d/1MlbO1e6nkG0LE0l6m80geLPHWYaXcBTJ/view?usp=sharing

အပိုင်း ၆ - အဆောက်အအုံဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ

https://drive.google.com/file/d/1Qw_sLDiQ0m66ZpBcelzBjs62iDrVUJdt/view?usp=sharing

Credit Khun Pyae

“Oily water separator မောင်းချိန် ကောင်းနေဖို့ သတိထားရမယ့် အချက်များ”၁။ OWS က ဆီအနည်းငယ်သာပါတဲ့ ရေအတွက်သာ အသုံးပြုရမှာပါ...
15/06/2025

“Oily water separator မောင်းချိန် ကောင်းနေဖို့ သတိထားရမယ့် အချက်များ”

၁။ OWS က ဆီအနည်းငယ်သာပါတဲ့ ရေအတွက်သာ အသုံးပြုရမှာပါ။ တကယ်လို့ ဆီများနေရင် Waste oil tank ထဲ တိုက်ရိုက်ထည့်ပြီး ဆိပ်ကမ်းကို ပို့ချင်ပို့၊ Incinerator နဲ့ ရှို့ချင်ရှို့ရပါမယ်။ OWS ထဲကို ထည့် မမောင်းလိုက်ပါနဲ့ OWS က ဂန့်သွားလိမ့်ပါမယ်။
၂။ High viscosity oil တွေက OWS ထဲက Filter တွေကို ပိတ်ဆို့စေပါတယ်။ Viscosity က 100 mm2/s အတွင်းမှာပဲ ရှိသင့်တယ်။ (SI unit for kinematic viscosity is one meter squared per second and is equivalent to 10,000 St. Usually, Centistokes (cSt) is used (1 cSt = 0.01 St = 1 mm2/s).
၃။ Heater တပ်ဆင်ထားရင် OWS က မောင်းတဲ့အခါ ဖွင့်ပြီး၊ မရပ်မီ ပိတ်ပေးဖို့ သေချာပါစေ။ OWS ကို အချိန်ကြာ မောင်းရတဲ့အခါ Heater နဲ့ ကြာကြာအပူပေးထားရတော့ Coil က အပူလွန်ကဲမှုတွေ မရှိအောင် ဂရုစိုက်ပေးရမယ်။ အပူလွန်ကဲမှုက သိပ်ကြာလာရင် OWS ထဲမှာ မီးလောင်နိုင်တဲ့ Gas တွေ ရှိနေလိမ့်မယ်။
၎။ OWS ကို မောင်းပြီးရင် ချက်ချင်း မရပ်ပစ်ပါနဲ့။ ရပ်တော့မယ်ဆိုရင် Bilge water inlet valve ကို ပိတ်၊ OWS ထဲကို Sea water ထည့်မောင်းလှည့်ပတ်ပြီး ဆေးကြောပေးရမယ်။ ထွက်လာတဲ့ ရေတွေကိုတော့ Waste oil tank ထဲ ထည့်ရမှာပေါ့။ မဟုတ်ရင် အထဲမှာ ကျန်နေမယ့် Bilge water ထဲက ဆီတွေက OWS က ရပ်ထားရင် အေးလာလို့ Coalescer မှာ ကပ်သွားပြီး နောက်ထပ်ပြန်မောင်းမရတာ ဖြစ်နေပါလိမ့်မယ်။
၅။ Bilge water ထဲမှာ အရွယ်အစားကြီးတဲ့ အမှုန်တွေ၊ သဲတွေ ပါလာရင် Coalescer ထဲကို ခက်ခက်ခဲခဲ ဖြတ်ကျော်နေရတဲ့အတွက် Coalescer ရဲ့ အသုံးချနိုင်တဲ့ Service life သက်တမ်းကို တိုစေပြီး OWS ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်။ ဒီလို မဖြစ်အောင် Bilge water inlet line မှာ Dust filter ကို တပ်ဆင်ထားပေးရမယ်။ Dust filter ကို အချိန်မှန် ဖွင့်ဆေးဖို့လည်း မမေ့ကြနဲ့ပေါ့။ (OWS ကို ပုံမှန် တစ်နေ့ကို တစ်နာရီလည်ပတ်တယ်ဆိုရင် ထုတ်လုပ်တဲ့ အမျိုးအစား ပေါ်မူတည်လို့ တစ်နှစ်/နှစ်နှစ်ခွဲကြာတဲ့အခါ Coalescer ကို အသစ်လဲပေးရတယ်။ Manual ကို ဖတ်ပြီး လိုက်နာပါ။)
၆။ 15 ppm OWS အမျိုးအစား အတော်များများရဲ့ 1st. and 2nd. stage Oil collecting chamber ထဲက Level detecting probe and transmitting converter တွေက အမျိုးအစားတူတွေ ဖြစ်တတ်တယ်။ Oil level နဲ့ ပတ်သက်လို့ ပြဿနာဖြစ်တယ်ဆိုရင် Spare မရှိတဲ့အခါ အဲဒီ Level detectors တွေကို ဟိုဘက်၊ ဒီဘက် Chamber ထဲ လဲထည့်ပြီး စစ်ဆေးလို့ရတယ်။ ဒီအချက်က အပြစ်ရှာရလွယ်ကူမြန်ဆန်အောင်ပါ။
၇။ OWS ရဲ့ အတွင်းနံရံတွေကို သုတ်ထားတဲ့ Tar epoxy coating ဆေးက မီးလောင်နိုင်တဲ့အတွက် OWS ရဲ့ ကိုယ်ထည်ကို Welding ဂဟေဆော်လို့ မရပါဘူး။ သုတ်ထားတဲ့ဆေးတွေ ပျက်စီးကွာထွက်ပြီး အတွင်းနံရံက သံချေး တက်လာပါလိမ့်မယ်။
၈။ OWS ကို စမောင်းတဲ့အခါ Sea water အရင် ဖြည့်ပြီး Vent valve က လေထွက်တာကုန်လို့ ရေလိုက်လာမှ Bilge water ကို ထည့်မောင်းခြင်းက Filter & Coalescer ရဲ့ Service life သက်တမ်းကို ကြာရှည်စေပြီး OWS ရဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်တယ်။
၉။ Bilge water ကို OWS ထဲ မဝင်မီ ရှိနေမယ့် Feed pump ရဲ့ Vent valve က ဖြစ်ဖြစ်၊ Test c**k ကဖြစ်ဖြစ် ဖွင့်ပြီး ကြည့်ကြည့်ပေးနေရမယ်။ ဆီနဲ့ အညစ်အကြေးတွေ အများကြီး ပါလာရင် OWS ကို ဆက်မမောင်းပါနဲ့တော့။ သင်္ဘောပေါ်မှာ ရှိစဉ်က OWS ကို မောင်းတဲ့အခါ Bilge tank ရဲ့ အောက်ခြေအထိရောက်အောင် ရေကို မစုတ်ယူပါဘူး။ Feed pump ရဲ့ Vent valve အထွက်မှာ Copper tube လေးတပ်ပြီး နည်းနည်းပဲ ဖွင့်ထားတဲ့ Valve က ထွက်လာတဲ့ ရေကို ပုံးတစ်လုံးနဲ့ ခံထားပါတယ်။ လူတစ်ယောက်က စောင့်ကြည့်ပေးပါတယ်။ ဆီပါတာ များတာနဲ့ OWS operation ကို ရပ်ပါတယ်။ အချိန်တစ်ခုအထိ ကြာလာတဲ့အခါ အခြေအနေပေးရင် Bilge tank ထဲက ရေတွေကို Sludge tank မှ တစ်ဆင့် ဆိပ်ကမ်း (Shore facility)ကို ပို့လိုက်ပါတယ်။
၁၀။ OWS operation ကို ရပ်ပြီးတိုင်းမှာ Oil content meter (OCM) ကို Fresh water နဲ့ ဆေးပေးပါ။
၁၁။ လှိုင်းလှုပ်ရင် အထဲက ရေတွေပါ လှုပ်တတ်တဲ့ Bilge tank ထဲက ရေကို အပူ မပေးပါနဲ့။ လှုပ်ရှားနေတဲ့ Bilge water အတွက် အပူချိန်များတာက နည်းတာထက် ဆီနဲ့ ရေကို ပိုပြီး တစ်သားတည်း ပြန့်နှံ့ပေါင်းစပ်သွား (Emulsion) စေလို့ပါ။ ပုံမှန်အားဖြင့် Bilge tank ထဲမှာ Heating coil မရှိ​​ပေမယ့် လိုရမယ်ရ သိရ​အောင်ပါ။
၁၂။ OWS မောင်းနေစဉ် ဖွင့်ထားတဲ့ Overboard valve က ပင်လယ်ရေရဲ့ မျက်နှာပြင်အောက်ဘက်မှာ ရှိလို့ ရေတွေက 2nd. Stage chamber ရဲ့ Outlet pipe ကနေ OWS ထဲ ပြန်ဝင်တာကို Siphon effect လို့ခေါ်ပြီး မဖြစ်အောင် ဂရုစိုက်ရပါ။ Siphon effect ဆိုတာ Pressure ခြားနားလို့ ရေမျက်နှာပြင်မြင့်တဲ့ ရေကန်ကနေ နိမ့်တဲ့ ရေကန်ကို ဆက်သွယ်ထားတဲ့ ပိုက်ကနေ စီးဆင်းသွားတာပါ။ (ပုံ ၃) ဥပမာ မော်တော်ကားရဲ့ ဆီတိုင်ကီထဲကို ပိုက်ပျော့ထည့်၊ တစ်ချက်စုပ်ပေးပြီးတာနဲ့ ပိုက်ပျော့အဝကို အောက်က ပုံးတစ်ခုထဲ စိုက်ပေးလိုက်ရင် ဆီတွေ ကျလာတာကို Siphon လို့ ဆိုတယ်။
OWS မှာ Siphon effect ဖြစ်ရင် ​ရေတွေက ပြန်ဝင်လို့ 2nd. Stage chamber ထဲက Coalescer filter တွေရဲ့ ​ရေစီးဆင်းမှုကို ပိတ်ဆို့စေတယ်။
Siphon effect မဖြစ်ဖို့ -
(က) OWS outlet & Overboard valve တွေက ထုံးစံအတိုင်း Non-return valves ကိုတပ်ရပါမယ်။
(ခ) Anti- Siphoning pipe & valve ကို OWS oulet 3 way valve & Overboard valve ကြားမှာ တပ်ဆင်ရပါမယ်။ (ပုံ ၄)
(ဂ) Coalescer & Filter တွေ ပြန်တပ်တဲ့အခါ Maker ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျ ပြန်တပ်ပေးပါ။
(ဃ) In/Outlet pipe တွေက Flow rate and pressure of the system ကို ရစေတဲ့ အရွယ်အစားဖြစ်ပါစေ။
(င) စက်ခန်းနဲ့ Bilge area ရဲ့ Ventilation system ကို ကောင်းမွန်အောင်ထားပါ။ ကောင်းမွန်သင့်တော်တဲ့ Ventilation က Pressure differentials ခြားနားမှုကို နည်းပါးစေပြီး Siphoning ဖြစ်ခြင်းကို ကာကွယ်ပေးတယ်။
(စ) OWS အတွက် အချိန်မှန် သန့်ရှင်းရေး၊ အစိတ်အပိုင်းများကို စစ်ဆေးပြုပြင်၊ လိုအပ်တာ လဲပေးတဲ့ Overhaul လုပ်ငန်းစဉ်တွေကို ပုံမှန် ဂရုစိုက်လုပ်ပေးပါ။
(ဆ) စက်ခန်းအဖွဲ့သားတွေကို စနစ်တကျ မောင်းနှင်တတ်အောင် လေ့ကျင့်သင်ကြားပေးထားပါ။ လူကြောင့် ပျက်စီးတာတွေ ရှိတယ်။
(ဇ) Siphon effect အတွက် Monitoring & alarm system ကို တပ်ဆင်ထားပါ။ ပုံမှန် မဟုတ်တဲ့ Pressure များတာ၊ ပြောင်းပြန်စီးနေတာတို့ကို အသိပေးနိုင်အောင်လို့ပါ။ ဒါမှ လိုအပ်တာ အချိန်မီစစ်ဆေးပြုပြင်နိုင်မှာပေါ့။
Anti- Siphoning pipe & valve က သင်္ဘောတိုင်းမှာ ပါချင်မှ ပါတတ်ပေမယ့် ဗဟုသုတရအောင် ရေးလိုက်တာပါ။

အခုရေးထားတဲ့ အကြောင်းအရာတွေက Online မှာ ရှာဖွေတွေ့ရှိချက်တွေကို လက်တွေ့ကျင့်သုံးခဲ့တဲ့ အတွေ့အကြုံတွေနဲ့ သုံးသပ်ပြီး လူငယ်တွေအတွက် အကျိုးရှိမယ်လို့ ယူဆတဲ့အတွက် ရေးသားလိုက်ပါတယ်။

မောင်းရခက်လို့၊ မောင်း မရလို့၊ မမောင်းတတ်လို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ OWS ကို မမောင်းဘဲ Oil record book ထဲ လိမ်ညာရေးနေကြရတဲ့ဒုက္ခက လွတ်မြောက်နိုင်ကြပါစေ။ ထောင်နှုတ်ခမ်းနင်းပြီး လျှောက်နေကြရတဲ့ ဘဝက ကင်းဝေးကြပါစေ။

Credit to
သန်းလွင် CE

All photos are credit to original uploaders.

အစိုးရနည်းပညာတက္ကသိုလ် တခုခုမှအောင်မြင်ဘွဲ့ရထားသောBE(Civil)များအတွက်ဂျပန်နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင်အင်ဂျင်န...
17/03/2025

အစိုးရနည်းပညာတက္ကသိုလ် တခုခုမှ
အောင်မြင်ဘွဲ့ရထားသော
BE(Civil)
များအတွက်
ဂျပန်နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင်
အင်ဂျင်နီယာ/ ပုံဆွဲ ရာထူးများဖြင့်
လုပ်ကိုင်နိုင်မည့်
အခွငိ့အရေး

https://www.facebook.com/share/18ycyJkt4t/?mibextid=WC7FNe

“ဂျပန်နိုင်ငံသို့ BIM/ Revit / Rebro ကျွမ်းကျင်အင်ဂျင်နီယာတစ်ယောက်အနေဖြင့်အမြန်ဆုံးသွားရောက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းဟောပြောပွဲ ( ဝန်ဆောင်ခအခမဲ့ ) “

Webinar Date : 17-03-2025 (Monday) 🙋‍♂️🙋‍♂️🙋‍♀️

မင်္ဂလာပါခင်ဗျ 🙏🏻🙏🏻🙏🏻

ဂျပန်နိုင်ငံမှာအလုပ်လုပ်ဖို့စိတ်အားထက်သန်နေသူအင်ဂျင်နီယာမောင်မယ်များအတွက် အင်ဂျင်နီယာများ၏ လုပ်ငန်းခွင်အခြေအနေ၊ တိုးတက်မှုအခွင့်အလမ်းများ၊ စီးပွားရေးလမ်းကြောင်းများကို ရှင်းပြဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ထို့အပြင်အင်ဂျင်နီယာတစ်ယောက်အနေဖြင့် သက်ဆိုင်ရာ နေရာများတွင် ဘယ်လို ဦးဆောင်မှုအခွင့်အလမ်းများ ရရှိနိုင်မလဲဆိုတာကိုလည်း ဂျပန်နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လက်ရှိဦးဆောင်နေသော ဂျပန်လူမျိုးတာဝန်ရှိသူကိုယ်တိုင် ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
အင်ဂျင်နီယာအလုပ်ခေါ်စာဖြင့်သွားရောက် လျှောက်ထားနိုင်သည့်မေဂျာများကတော့Civil/Archi/Electrical Power / Electronic/Mechanical/Mechatronic/ရေကြောင်းနှင့်လေကြောင်းပညာတက္ကသိုလ်များမှဘွဲ့ရရှိပြီးထားသူများတက်ရောက်နို်င်ပါတယ္ဗျ။
‌‌ေဟာပြောပွဲ ‌တက်ရောက်ပြီးအင်တာဗျူးအခွင့်လမ်းကို ချိတ်ဆက်နိုင်ခြင်း၊ ပါဝင်ဆွေးနွေးသွားမည့် Company ဖြင့် အင်တာဗျူး ခေါ်ယူသွားမည်ဆိုပါက ဝန်ဆောင်ခ အခမဲ့ အပြင် ၊ လေယာဉ်လက်မှတ်ဖိုးပါ အင်ဂျင်နီယာ မှ အကုန်ကျ ခံစရာမလိုဘဲ ဂျပန်တွင် အလုပ်လုပ်ကိုင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးတွေရနိုင်ပါတယ် ခင်မျ။
Seminar လေးတက်ရောက်နားထောင်ရင်းအခွင့်အလမ်းတွေကိုရယူနိုင်ပါပီနော်။
လူဦးရေအကန့်အသတ်နဲ့ပဲ တက်ရောက်ခွင့်ရှိတာမို့လို့ အမြန်ဆုံးစာရင်း ပေးသွင်းထားကြဖို့ လိုပါလိမ့်မယ်။

ရည်ရွယ်ချက်💕💕

ဂျပန်နိုင်ငံသို့ အလုပ်သင် သင်တန်းများ အများဆုံးစေလွှတ်ပေးလျက်ရှိသော မြန်မာနိုင်ငံ ၏ နံပါတ် (၁) ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကြီးမှ Work Visaဖြင့် ဂျပန်နိုင်ငံသို့သွားရောက်နိုင်မည့်
နည်းလမ်းများ မျှဝေပေးခြင်း အစီအစဥ် နှင့် ကုန်ကျစရိတ် အသက်သာဆုံး အစီအစဥ်ဖြင့် သွားရောက်နိူင်မည့် နည်းလမ်းများကို မျှဝေပေးရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။

ဟောပြောပွဲခေါင်းစဉ်☑️☑️

ဂျပန်နိုင်ငံသို့ ဝန်ဆောင်ခ အခမဲ့ဖြင့် Engineer Work Visa ဖြင့်သွားရောက်နိုင်မည့်
အလုပ်အကိုင်အခွင့်အလမ်းများမိတ်ဆက်ပေးခြင်း

⏰ကျင်းပမည့်နေ့ရက် - ၂၀၂၅ ခုနှစ် March 17 ရက် (Monday )
⏰ကျင်းပမည့်အချိန် - နေ့လည် 1:00 နာရီ မှ 2 : 30 နာရီအထိ
📞အမေးအဖြေကဏ္ဍ - ၃၀ မိနစ်

ဝင်ကြေးအခမဲ့ဖြစ်ပါသည်။

ဟောပြောပွဲတက်ရောက်မည့်သူများစာရင်းပေးသွင်းရန်

March လ 16 ရက်နေ့ နောက်ဆုံးထားပြီး အောက်ဖော်ပြပါ Google form Link ကိုနှိပ်၍ စာရင်းပေးသွင်းရန် လိုအပ်ပါသည် ။ Gmail account ဖြင့်စာရင်းပေးသွင်း ရမည် ဖြစ်ပြီး account တစ်ခုကို တစ်ကြိမ်သာ စာရင်း ပေးသွင်းရမှာဖြစ်ပါတယ်။ စာရင်းပေးသွင်းပြီးပြီဆိုရင် မိမိတို့ရဲ့ Gmail accountထဲကို ဟောပြောပွဲတက်ရောက် ရမယ့် လင့်ခ်လေး အလိုအလျောက်ရောက်ရှိလာမှာဖြစ်လို့ မိမိတို့ရဲ့ account လေးတွေကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ဟောပြောပွဲတက်ရောက်ရန် Zoom Application update version ကို မိမိ၏ ဖုန်း ၊ ကွန်ပြူတာ ၊ တက်ဘလက်များတွင် download ပြုလုပ်ထားပြီး ဟောပြောပွဲ အစီအစဥ် လင့်ခ်ကို တိုက်ရိုက်နှိပ်ပြီး တက်ရောက်မည် ဆိုပါက အဆင်ပြေချောမွေ့စွာဖြင့် တက်ရောက်နိူင်ပါ လိမ့်မယ်။

ဟောပြောပွဲ တက်ရောက်ရန် အတည်ပြုပြီးသော်လည်း Gmail account မှားယွင်းနေလို့ ဟောပြောပွဲလင့်ခ်ကို လက်ခံ ရရှိခြင်း မရှိတဲ့သူများအား ထပ်မံဆက်သွယ်ပြီး အကြောင်းကြားပေးမှာ ဖြစ်လို့ စာရင်းပေးသွင်းတဲ့ အခါ Google form ထဲမှာ မိမိတို့ရဲ့ Viber သုံးတဲ့ ဖုန်းနံပါတ်လေးတွေကို မှန်ကန်စွာရေးဖြည့် ပေးဖို့ မမေ့ကြနဲ့နော်
စာရင်းပေးသွင်းရန်နှင့် ဆက်သွယ်စုံစမ်းရန် ဖုန်းနံပါတ်

09-787824106/09760382204

စာရင်းပေးသွင်းရန် https://docs.google.com/forms/d/e/1FAIpQLSeHbbL5uYErDzMoojdDtVcHhKNnuAHfwCjYwRa0RF8S3ILlRA/viewform?usp=header

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+951322962

Website

Alerts

Be the first to know and let us send you an email when ALL မြန်မာအင်ဂျင်နီယာဆိုင်ရာ ဗဟုသုတရှိသလောက်ဝေမျှကြရအောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share