The Football Arena - Myanmar

Call Directions Website Contact the business

The Football Arena - Myanmar Sports Media

နော်ဝေးတိုက်စစ်မြှားဦးမှာ ဟာလန်းတည်ရှိနေမှုက မြောက်များစွာသော ခံစားချက်တွေကိုပေးတယ်။ နော်ဝေးရဲ့စုစည်းမှုနဲ့ကစားအားက ပြို...
01/07/2026

နော်ဝေးတိုက်စစ်မြှားဦးမှာ ဟာလန်းတည်ရှိနေမှုက မြောက်များစွာသော ခံစားချက်တွေကိုပေးတယ်။ နော်ဝေးရဲ့စုစည်းမှုနဲ့ကစားအားက ပြိုင်ဖက်တွေအတွက် ကစားရခက်တယ်ဆိုတဲ့ ခံစားချက်ကိုပေးတယ်ဆိုရင် ဒီလိုအစုအဖွဲ့ထဲ ဟာလန်းတည်ရှိနေတဲ့အခါ ပြိုင်ဖက်တွေကို အနိုင်ပါယူနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးအထိပေးတယ်။ ဒါကိုက ဟာလန်းပဲ။ ကမ္ဘာ့ဖလားမှာလက်ရှိအထိ မက်ဆီ ၆ဂိုးသွင်းထားတယ်၊ ဘာပေ ၆ဂိုးသွင်းထားတယ်၊ ဒါပေမဲ့ နော်ဝေးလိုအစုအဖွဲ့နဲ့ ဟာလန်းသွင်းထားတဲ့ ၅ဂိုးက ပိုပီးတန်ဖိုးရှိတယ်လို့ personally ခံစားရတယ်။ ဒီလိုပြောလို့ မက်ဆီကိုမကြိုက်လို့၊ ဘာပေကိုမကြိုက်လို့မဟုတ်ဘူး။ ကျွန်တော်မက်ဆီရော၊ ဘာပေရောကို အရမ်းကြိုက်တဲ့အထဲပါတယ်။

ဟာလန်းလိုကစားသမားအတွက် တစ်ဂိုးရဖို့က အခွင့်ရေးများများစားစားမလိုဘူး။ ဒါကိုလည်း သူ့ရဲ့ပထမဆုံးကမ္ဘာ့ဖလားမှာ ထပ်ပီးပြသနေတယ်။ တဆက်တည်းမှာပဲ ဒီကမ္ဘာ့ဖလားမှာ နော်ဝေးအတွက် ဟာလန်းဆီက ပြင်းထန်တဲ့အားထုတ်မှုမျိုးမြင်ရတယ်။ ပွဲထဲမှာ ပြိုင်ဖက်ကိုပြင်းပြင်းထန်ထန် ဖိအားလိုက်ပေးတယ်၊ တိုက်စစ်မှာနေရာစုံ ပြေးလွှားကစားတယ်၊ ကွင်းလယ်နဲ့ခံစစ်ထိ ပြန်ဆင်းကူတယ်။ သူလုပ်ရမဲ့အရာတွေထက် အများကြီးပိုလုပ်နေတယ်။ နော်ဝေးအသင်းအတွက်၊ နော်ဝေးပရိတ်သတ်တွေအတွက် ဟာလန်းဆီက ဒါမျိုးမြင်ရတာ နှစ်လိုဖွယ်အရမ်းကောင်းနေလိမ့်မယ်။ ဟာလန်းတည်ရှိမှုနဲ့အတူ Vikings တွေရဲ့အောင်ပွဲခံသံတွေဟာ ဆက်လက်ကျယ်လောင်နေလိမ့်ဦးမယ် ….

ဒမ်ဘီလီရဲ့ show ကိုမြင်ခဲ့ရတဲ့ပွဲပေါ့။ PSG ကဒမ်ဘီလီက ဒီပွဲမှရောက်လာခဲ့ပီး သွင်းဂိုးတွေမှာ သူ့ရဲ့နည်းစနစ်ပိုင်းထူးချွန်မှ...
27/06/2026

ဒမ်ဘီလီရဲ့ show ကိုမြင်ခဲ့ရတဲ့ပွဲပေါ့။ PSG ကဒမ်ဘီလီက ဒီပွဲမှရောက်လာခဲ့ပီး သွင်းဂိုးတွေမှာ သူ့ရဲ့နည်းစနစ်ပိုင်းထူးချွန်မှု၊ တည်ငြိမ်တဲ့အဆုံးသတ်စွမ်းရည်နဲ့ pure class ကိုမြင်ရတယ်။ နော်ဝေးတို့ဘယ်လိုမှ မထိန်းနိုင်ခဲ့ပဲ ဘာကြောင့် Ballon d’Or ဆုရှင်ဖြစ်လဲဆိုတာကိုပြခဲ့ပီး ဘာပေတောင် ဒီနှစ်ကမ္ဘာ့ဖလားမှာ ပြင်သစ်အတွက် ဟက်ထရစ်မရသေးခင်မှာပဲ ဒမ်ဘီလီက သူ့ရဲ့တကိုယ်ရည်ထူးချွန်မှုကိုပြပီး 25 မိနစ်အတွင်း ဟက်ထရစ်ယူသွားတယ်။ ပြင်သစ်ရဲ့တိုက်စစ်ကစားသမားတွေထဲမှာ ဒမ်ဘီလီကို ကျွန်တော်အကြိုက်ဆုံးအချက်က ခန့်မှန်းရခက်တာပဲ။ သူဘာလုပ်မလဲဆိုတာက ပြိုင်ဖက်တွေအတွက် အတော်လေးမှန်းဆရခက်တယ်။

ဘာပေရဲ့ကစားပေါက်ကို ခန့်မှန်းလို့ရချင်ရမယ်၊ ဒမ်ဘီလီကိုက မလွယ်ဘူး။ သူက ကစားပေါက်ပိုစုံတယ်၊ ကစားကွက်မှာ ပိုစီးမြောနိုင်တယ်၊ အသင်းလိုက်စွမ်းဆောင်ရည်မှာ ပိုလုပ်နိုင်တယ်။ ညကပွဲမှာ နော်ဝေးခံစစ်က ဘာပေကိုအာရုံစိုက်နေချိန် ဒမ်ဘီလီက နေရာလွတ်တွေရပီး ရရင်ရသလိုအသုံးချသွားတယ်။ ဒါကပဲ ပြင်သစ်တိုက်စစ်ရဲ့ကြောက်စရာကောင်းမှုကိုပြတယ်။ ဘာပေနဲ့အိုလစ်ဆေးကို အာရုံစိုက်နေရင် ဒမ်ဘီလီကလွတ်နေမှာဖြစ်သလို ဒမ်ဘီလီနဲ့ဘာပေကို အာရုံစိုက်နေရင်လည်း အိုလစ်ဆေးက လုပ်ချင်သလိုလုပ်သွားမှာပါ။ တိုက်စစ်မှာ versatility level မြင့်တဲ့ ဒူရေးရဲ့လုပ်နိုင်စွမ်းကိုလည်း မေ့ထားလို့မရပြန်ဘူး။ ပြင်သစ်ရဲ့ super power attacking ကပြိုင်ဖက်တွေကို တစ်ပွဲထက်တစ်ပွဲ ပိုခြိမ်းခြောက်လာနေပါပီ ….

ဟယ်ရီကိန်းကစားတာကို ကြည့်နေရတာကိုက တကယ့်အရသာပဲ။ ဟယ်ရီကိန်းဆီကနေ ပြီးပြည့်စုံမှုကိုခံစားရတယ်၊ အလုပ်ကြိုးစားမှုကိုခံစားရတယ...
18/06/2026

ဟယ်ရီကိန်းကစားတာကို ကြည့်နေရတာကိုက တကယ့်အရသာပဲ။ ဟယ်ရီကိန်းဆီကနေ ပြီးပြည့်စုံမှုကိုခံစားရတယ်၊ အလုပ်ကြိုးစားမှုကိုခံစားရတယ်၊ clinical ဖြစ်မှုကိုခံစားရတယ်။ သူ့ဆီကရတဲ့အရာတွေက အများကြီးရယ်။ တိုက်စစ်မှုးတစ်ယောက်ရဲ့တာဝန်ထက် ပိုတဲ့အရာတွေကို ကစားပွဲထဲမှာလုပ်ပြနေတယ်။ no.9 position အတွက်လက်ရှိအချိန်မှာ ဟယ်ရီကိန်းကအကောင်းဆုံးပဲ။ ဟာလန်း၊ ဘာပေတို့လည်း သူ့အားသာချက်နဲ့သူရှိကြတယ်၊ ဒါပေမဲ့ ဟယ်ရီကိန်းကစားသလို ဟာလန်းမကစားနိုင်ဘူး၊ ဘာပေမကစားနိုင်ဘူး၊ ဟယ်ရီကိန်းပဲကစားနိုင်တာမျိုးပါ။

ညကအင်္ဂလန်နဲ့ခရိုအေးရှားပွဲကိုကြည့်ဖြစ်တော့ ဟယ်ရီကိန်းကစားနေတာကိုကြည့်ပီး “ဟာ….ကောင်းလိုက်တာကွာ” ဆိုတဲ့အာမေဋိတ်ကို ခဏခဏရေရွတ်နေမိတယ်။ striker တစ်ယောက်ရဲ့အဓိကတာဝန်ဖြစ်တဲ့ ဂိုးသွင်းဖို့ဆိုတဲ့တာဝန်မပျက်သလို deeper playmaker တစ်ယောက်လို၊ no.10 တစ်ယောက်လို ကစားသွားတာတွေက ပြီးပြည့်စုံလွန်းတယ်။ ဂိုးသမားပစ်ဖို့ဒ်ဆီက ဘောလုံးကိုကိုယ်တိုင်းဆင်းလက်ခံပီး ကစားပုံပြန်စသွားတာတွေ၊ ကမ္ဘာ့အဆင့် playmaker တွေမှာသာမြင်ရတဲ့ long pass မျိုးတွေနဲ့ တိုက်စစ်ကိုတိုက်ရိုက်စတင်သွားတာတွေကိုကြည့်ပီး ပါးစပ်အဟောင်းသားဖြစ်ရတယ်။

ဟယ်ရီကိန်းဒီလိုပုံစံကစားတာကို မော်ရင်ဟိုစပါးကိုကိုင်တွယ်ချိန်က မြင်ခဲ့ရဖူးပေမဲ့ လက်ရှိမှာပိုပီးပြည့်စုံလာတယ်။ သူ့ရဲ့ movement တွေက ပိုပီးအဓိပ္ပာယ်ရှိလာတယ်၊ ပိုပီးအရည်သွေးမြင့်လာတယ်။ ဂိုးသွင်းဖို့ဆိုတဲ့တာဝန်မှာလည်း လှည့်ကြည့်စရာမလိုပဲ ဂိုးသွင်းနှုန်းကကောင်းနေတုန်းပဲ။ deep position အထိဆင်းပီး ကစားကွက်ပုံဖော်ပေမဲ့ တိုက်စစ်ပြန်စရင်လည်း တိုက်စစ်ကိုအချိန်မီပြန်ရွေ့လျားနိုင်တာက သူ့ရဲ့ပညာကိုပြတယ်။ ဘယ်သူတွေဘယ်လိုကောင်းကောင်း ဟယ်ရီကိန်းရှိနေသရွေ့တော့ ဟယ်ရီကိန်းဟာ အပြီးပြည့်ဆုံဆုံးနဲ့ အကောင်းဆုံးတိုက်စစ်မှုးပါပဲ ….

ကမ္ဘာ့ဖလား ဒီညစပီ။ ကမ္ဘာ့ဖလားအချိန်ရောက်ပီဆိုတာနဲ့ ကျွန်တော့်စိတ်ထဲ လုံးလုံးလျားလျားရောက်လာတဲ့ ကစားသမားတွေထဲ ဂျိမ်းရိုဒရ...
11/06/2026

ကမ္ဘာ့ဖလား ဒီညစပီ။ ကမ္ဘာ့ဖလားအချိန်ရောက်ပီဆိုတာနဲ့ ကျွန်တော့်စိတ်ထဲ လုံးလုံးလျားလျားရောက်လာတဲ့ ကစားသမားတွေထဲ ဂျိမ်းရိုဒရီဂွက်ဇ်လည်းပါတယ်။ 2014 ဘရာဇီးကမ္ဘာ့ဖလားမှာ ကိုလံဘီယာနဲ့အတူတောက်ပလာကတည်းက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကျွန်တော်အကြိုက်ဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်လာတယ်။ နောက်ပိုင်းနှစ်တွေမှာ ကမ္ဘာ့ဖလားကနေ လူငယ်ကစားသမားတွေ တစ်ကြိမ်တစ်ယောက်လောက်ပေါ်ထွက်တယ်။ ပိုဒေါစကီး၊ မူလာတို့ကစလို ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ အန်ဇိုဖာနန်ဒက်ဇ်အဆုံးပေါ့။ အားလုံးက သူပုံစံ၊ သူဟန်နဲ့သူ ကောင်းကြတယ်၊ တကယ်လည်း အရည်အသွေးပြည့်မှီကြတယ်။ ဂျိမ်းစ်ကတော့ ကျွန်တော့်စိတ်ထဲပိုရောက်တာပေါ့။ ကိုလီဘီယာအတွက် တကယ့် cheat code ကစားသမားဖြစ်ပီး ဒီနေ့အချိန်အထိပဲဆိုပါတော့။ no.10 player စစ်စစ်။ ဉာဏ်ရည်မြင့်တယ်၊ ဉာဏ်ရည်အတိုင်းလည်း ခြေစွမ်းကလိုက်နိုင်တယ်။

အဲ့အချိန်က ဂျိမ်းစ်ရဲ့ခြေစွမ်းက တော်ရုံသဘောမကျတဲ့ ရီးယဲဥက္ကဌပီရက်ဇ်ကို အကြီးကျယ်ဆွဲဆောင်နိုင်လိုက်တယ်။personally အမြင်အရတော့ ဂျိမ်းစ်ရဲ့ခြေစွမ်းနဲ့လုပ်နိုင်စွမ်းက ဒဏ်ရာတွေကသာမကန့်သတ်ခဲ့ရင် အထိန်းအကွပ်မဲ့လိမ့်မယ်။ Ballon d’Or စင်မြင့်ထက်ကို နှစ်တိုင်းရောက်နိုင်တဲ့ အရည်သွေးမျိုးအပြည့်ရှိတယ်။ လက်ရှိမှာတော့ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားကို ဆင်နွှဲတော့မယ်။ 2014 မှာကိုလံဘီယာနဲ့ထွန်းတောက်လာတဲ့ကောင်လေးက အသင်းခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ ကိုလံဘီယာကိုဦးဆောင်ပီး သူ့နိုင်ငံအတွက် သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားကို ဆင်နွှဲပီ။ တွေးကြည့်လိုက်ရင်တော့ အချိန်တွေက မြန်သလိုပဲ။ career တလျှောက် ဒဏ်ရာတွေနဲ့ ဘယ်လောက်ပဲရုန်းကန်ရ ကိုလံဘီယာရောက်ရင်တော့ ဂျိမ်းစ်ရဲ့လုပ်နိုင်စွမ်းက အရင်အတိုင်းပဲ။ ကိုလံဘီယာကို ဆွဲတင်ပေးနိုင်တုန်း၊ ဦးဆောင်ပေးနိုင်တုန်း။ ဒီတစ်ကြိမ်မှာရော ဘယ်လောက်ထိလုပ်နိုင်ဦးမလဲ။ ဘာပဲဖြစ်ဖြစ်တော့ One Last Dance ဆိုတဲ့အသုံးအနှုန်းအောက်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်လို ကမ္ဘာ့ဖလားရဲ့ပြယုဂ်ကစားသမားတစ်ယောက်ကိုလည်း ကောင်းကောင်းမွန်မွန်လေး နှုတ်ဆက်ချင်မိတယ် ….

🔹Page သက်တမ်း 7နှစ်၊ Agent သက်တမ်း 3နှစ်အတွင်း နာမည်ပျက်မရှိပဲ Page Admin ကိုယ်တိုင် ဝန်ဆောင်မှုပေးနေတဲ့ကျွန်တော်တို့ရဲ့ အိုင် (ဘတ်) ၇၈၉ Service.

🔹ဘောလုံးရာသီသစ်အတွက် အိုင် (ဘတ်) ၇၈၉ ကစားဖို့ ယုံကြည်စိတ်ချရတဲ့အေးဂျင့်ရှာနေတယ်ဆိုရင် ကျွန်တော်တို့ရှိပါတယ်.

🔹အိုင် (ဘတ်) ၇၈၉ အတွက် Viber - 09 796 762 418 မှာကျွန်တော်တို့ 24hrs ရှိနေပါတယ်.

ဘရူနိုဖာနန်ဒက်စ်က သဘောကျတဲ့သူတွေများသလို သဘောမကျတဲ့သူတွေလည်းများတယ်။ အစပိုင်းမှာ ယူနိုက်တက်ပရိတ်သတ်တွေထဲတောင် အဲ့လိုမျို...
23/05/2026

ဘရူနိုဖာနန်ဒက်စ်က သဘောကျတဲ့သူတွေများသလို သဘောမကျတဲ့သူတွေလည်းများတယ်။ အစပိုင်းမှာ ယူနိုက်တက်ပရိတ်သတ်တွေထဲတောင် အဲ့လိုမျိုးနှစ်ခြမ်းကွဲနေတာမျိုးတွေရှိတယ်။ လူတွေစိတ်ကလည်း တခါတလေကျရင် နားလည်ရတော့ခက်သား။ ဘရူနိုဖာနန်ဒက်စ်ဆိုတဲ့ ကစားသမားက အရည်အသွေးဆိုတဲ့ခေါင်းစဉ်အောက်ကကြည့်ရင် သူ့ကိုသဘောမကျစရာ၊ သံသရဝင်စရာနည်းနည်းလေးတောင်မရှိဘူး။ ကျွန်တော်တို့က ပရိတ်သတ်တွေပါ၊ ဒါပေမဲ့ မျက်လုံးမပွင့်တဲ့ပရိတ်သတ်မျိုးတွေတော့ မဖြစ်သင့်ဘူး။

ဘောလုံးအားကစားကို အားပေးတယ်၊ ဒီကစားသမားက တကယ်ကောင်းတယ်ဆိုကောင်းတယ်ပေါ့။ အရည်အသွေးဆိုတဲ့အရာကို ပုဂ္ဂိုလ်ရေးနဲ့မဖုံးလွှမ်းဖို့တော့ လိုပါတယ်။ ဝန်းကျင်တိုင်း ဝန်းကျင်တိုင်းမှာ အရာအားလုံးက ဆက်စပ်နေတာ။ ပရိတ်သတ်တွေရဲ့ အသိနဲ့ဆင်ခြင်နိုင်စွမ်းမြင့်မှ အသင်းရဲ့ level ကလည်းပိုတိုးတက်လာမှာပါ။ ဘရူနိုနဲ့ပတ်သက်ပီးလည်း ချီးကျူးသင့်တာချီးကျူး၊ ဂုဏ်ပြုသင့်တာ ဂုဏ်ပြုရမှာပဲ။ ဘရူနိုဖာနန်ဒက်စ် Player of the season ဆုတွေရတယ်၊ မထိုက်တန်ဘူး၊ မရသင့်ဘူးပြောတဲ့စကားတွေ ထွက်လာတဲ့သူတိုင်းက မျက်လုံးမပွင့်တဲ့သူအများစုဆီကပါ။

ကျွန်တော်ကတော့ရှင်းတယ်၊ ဒီကလန်ရိုက်စ်ရသွားရင်လည်း ဂုဏ်ပြုမှာပဲ၊ သူလည်း ထိုက်တန်တာကိုး။ အခုဘရူနိုရသွားတော့လည်း ငြင်းစရာမရှိပါဘူး၊ နှစ်ယောက်စလုံးက ထိုက်တန်တဲ့သူတွေပါ။ ကိုယ့်အားပေးတဲ့ကစားသမားမရလို့ negative mindset တွေဝင်ပီး လျှောက်လျှောက်ပြောနေတာတွေက သမာသမတ်တော့မကျဘူးရယ်။ ကျွန်တော်က ယူနိုက်တက်ပရိတ်သတ်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ကယ်ဗင်ဒီဘရိုင်းနောက်ပိုင်း no.10 position အတွက်ဆို ဘရူနိုလောက်အရည်အသွေးမြင့်တဲ့ ကစားသမားမရှိသေးဘူး။ ရှိတယ်ဆိုရင်လည်း နာမည်တွေချရေးပြပါလို့ပဲ ပြောချင်တယ်။

ပြိုင်ဖက်ပရိတ်သတ်တွေ ဘရူနိုကိုသဘောမကျကျဘူး၊ ဒါပေမဲ့ ဘရူနိုလိုအရည်အသွေးမျိုးနဲ့ကစားသမားက သူတို့အသင်းကစားသမားသာဆို သူတို့သေချာပေါက် သဘောကျကြမှာ၊ ချစ်ကြမှာ။ ခက်တော့ခက်တယ်ဗျာ၊ ဒါပါပဲ ဒါဟာ လူတွေရဲ့ထုံးစံပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ “Congratulations Bruno” ဆိုတဲ့စကားတစ်ခွန်းကို ရဲရဲကြီးပြောတယ်၊ နည်းနည်းလေးတောင် သံသရဝင်စရာမရှိပါဘူး ….

🔹Page သက်တမ်း 7နှစ်၊ Agent သက်တမ်း 3နှစ်အတွင်း နာမည်ပျက်မရှိပဲ Page Admin ကိုယ်တိုင် ဝန်ဆောင်မှုပေးနေတဲ့ကျွန်တော်တို့ရဲ့ အိုင် (ဘတ်) ၇၈၉ Service.

🔹ဘောလုံးရာသီသစ်အတွက် အိုင် (ဘတ်) ၇၈၉ ကစားဖို့ ယုံကြည်စိတ်ချရတဲ့အေးဂျင့်ရှာနေတယ်ဆိုရင် ကျွန်တော်တို့ရှိပါတယ်.

🔹အိုင် (ဘတ်) ၇၈၉ အတွက် Viber - 09 796 762 418 မှာကျွန်တော်တို့ 24hrs ရှိနေပါတယ်.

ပေါ်တိုပွဲတွေနဲ့ရင်းနှီးသူတွေဆို ဗီတင်ဟာကို ပေါ်တိုမှာကတည်းက ကောင်းကောင်းသိမယ်။ အဲ့အချိန်က ဗီတင်ဟာနဲ့အတူ လက်ရှိအာဆင်နယ်က...
20/05/2026

ပေါ်တိုပွဲတွေနဲ့ရင်းနှီးသူတွေဆို ဗီတင်ဟာကို ပေါ်တိုမှာကတည်းက ကောင်းကောင်းသိမယ်။ အဲ့အချိန်က ဗီတင်ဟာနဲ့အတူ လက်ရှိအာဆင်နယ်က ဗီအဲရာ၊ အယ်လ်နာဆာက အိုတာဗီယိုတို့အစုအဖွဲ့က ပရိတ်သတ်တွေ မျက်စိအောက်အတော်လေးရောက်ခဲ့တယ်။ personally အရတော့ ဗီတင်ဟာရဲ့ကစားဟန်ကို သဘောကျတယ်။ အခုနောက်ပိုင်း ပီအက်စ်ဂျီပွဲတွေကြည့်ဖြစ်ရင်လည်း ဒီကစားသမားရဲ့ပုံစံကို သေချာလေးကြည့်ဖြစ်တယ်။ ပီအက်စ်ဂျီမှာ ပိုကောင်းလာတယ်၊ အင်းနရစ်လက်ထက်မှာ world class ဖြစ်လာတယ်။ ဗီတင်ဟာက ကွင်းလယ်မှာ positional adaptability မြင့်တယ်။ center midfield တစ်ယောက်၊ ကွင်းလယ်မှာ နေရာစုံကစားနိုင်တယ်။ လက်ရှိ ပီအက်စ်ဂျီမှာ deeper role ကနေပီး အသင်းရဲ့ build up စတင်သူအနေနဲ့ကစားပီး world class level ဖြစ်လာပါတယ်။

ဗီတင်ဟာဟာ တိုက်စစ်အတွက် ပံ့ပိုးမှုအားကောင်းတယ်၊ vision ရှိတယ်၊ creative ဖြစ်တယ်။ passing တွေဆို class တစ်ခုရှိပီး key pass တွေလည်းတွေ့ရပါတယ်။ ဗီတင်ဟာရဲ့အဓိကအရည်အသွေးက နည်းစနစ်ပိုင်းနားလည်နိုင်မှုမြင့်တာ၊ ဥရောပ analyst အချို့ဆို ဗီတင်ဟာနဲ့ပတ်သက်ပီး ‘သူဟာပီအက်စ်ဂျီအတွက် key player ဟုတ်ချင်မှဟုတ်မယ်၊ ဒါပေမဲ့ နည်းစနစ်ပိုင်းအရတော့ အရမ်းအရေးပါသူ’ လို့ဆိုကြတယ်။ လူကောင်ကခပ်သေးသေး၊ physical ပိုင်းအကောင်းကြီးမဟုတ်ပေမဲ့ မြန်တယ်၊ ကစားတာဝင်ရဲထွက်ရဲတယ်၊ တွန်းတွန်းတိုက်တိုက်ရှိတယ်၊ ကစားဟန်က dynamic ဖြစ်တယ်ပေါ့။ ဗီတင်ဟာရဲ့ long shot တွေဆိုလည်း အရမ်းကြောက်စရာကောင်းပီး သူ့ရဲ့သွင်းဂိုးအများစုက long shot တွေကများပါတယ်။ လက်ရှိမှာအသက် 25နှစ်ပဲရှိသေးတယ်၊ ပီအက်စ်ဂျီနဲ့ပေါ်တူဂီအတွက်တော့ တကယ့် rising star ပါပဲ။ ပီအက်စ်ဂျီကွင်းလယ်က ဗီတင်ဟာအသွေးအသားတွေနဲ့ အများကြီးရှေ့ဆက်ရဦးမယ်ထင်ပါတယ် ….

🔹Page သက်တမ်း 7နှစ်၊ Agent သက်တမ်း 3နှစ်အတွင်း နာမည်ပျက်မရှိပဲ Page Admin ကိုယ်တိုင် ဝန်ဆောင်မှုပေးနေတဲ့ကျွန်တော်တို့ရဲ့ အိုင် (ဘတ်) ၇၈၉ Service.

🔹ဘောလုံးရာသီသစ်အတွက် အိုင် (ဘတ်) ၇၈၉ ကစားဖို့ ယုံကြည်စိတ်ချရတဲ့အေးဂျင့်ရှာနေတယ်ဆိုရင် ကျွန်တော်တို့ရှိပါတယ်.

🔹အိုင် (ဘတ်) ၇၈၉ အတွက် Viber - 09 796 762 418 မှာကျွန်တော်တို့ 24hrs ရှိနေပါတယ်.

အဒမ်ဝါတန်လို profile မျိုးက အင်္ဂလိပ်ဘောလုံးမျိုးဆက်မှာ ရှားပါတယ်။ ဒီလို profile မျိုးတွေက အသင်းကစားပုံအတွက် သော့ချက်တစ်...
14/05/2026

အဒမ်ဝါတန်လို profile မျိုးက အင်္ဂလိပ်ဘောလုံးမျိုးဆက်မှာ ရှားပါတယ်။ ဒီလို profile မျိုးတွေက အသင်းကစားပုံအတွက် သော့ချက်တစ်ခုဖြစ်သလို အသင်းအတွက် balance တစ်ခုကို ယူဆောင်လာပေးတဲ့ ကစားသမားမျိုးတွေဆိုလည်း မမှားဘူး။ အနီးစပ်ဆုံးဥပမာပြရရင် မိုက်ကယ်ကာရစ်လိုပုံစံပါ။ အင်္ဂလန်အသင်းအနေနဲ့ မိုက်ကယ်ကာရစ်တုန်းက နေရာမပေးခဲ့တာကို သာဓကထားပီး ဝါတန်အတွက် အကောင်းဆုံးကိုင်တွယ်နိုင်သင့်ပါတယ်။

ဝါတန်က holding mid player၊ holding mid မှာကို ဝါတန်က deep lying playmaker ပါ။ ခံစစ်တန်းရှေ့ကနေ အသင်းရဲ့ကွင်းလယ်ဟန်ချက်ကို ထိန်းကျောင်းတယ်၊ အသင်းရဲ့ tempo အတင်အချကို တာဝန်ယူပေးတယ်၊ pass type မျိုးစုံနဲ့ ကစားကွက် connection တွေကို အဓိကချိတ်ဆက်ပေးတယ်။ ဝါတန်က passing quality တော်တော်လေးမြင့်တဲ့အထဲပါတယ်။ သူ့ဆီက progressive pass တွေအများဆုံးမြင်ရပီး accuracy လည်းတော်တော်မြင့်ပါတယ်။ data တွေနဲ့တိုင်းရုံနဲ့ မရှင်းပြနိုင်တဲ့ passing quality မျိုး ဝါတန်ဆီမှာရှိနေတာပါ။

သူ့ရဲ့ passing တွေက transition ကစားတဲ့အသင်းတိုင်းအတွက် လိုအပ်ချက်ဖြစ်ပီး ခံစစ်-တိုက်စစ်ကို တိုက်ရိုက်ကူးပြောင်းပေးနိုင်တဲ့ကစားသမားမျိုးပါ။ tactically၊ technically နဲ့ work rate လည်းအရမ်းကောင်းတယ်။ ဝါတန်ကို အဓိကသဘောကျမိတာကတော့ composure ဖြစ်လွန်းတာ၊ on the ball/off the ball အခြေအနေနှစ်မျိုးစလုံးမှာ ဝါတန်ရဲ့တည်ငြိမ်မှုက အရွယ်နဲ့မလိုက်ဘူး။ ဖန်တီးယူထားတာ၊ ကြိုးစားလုပ်ယူထားတာမျိုးမဟုတ်ပဲ သူ့ရဲ့ပင်ကိုယ်ဗီဇကိုက တည်ငြိမ်သွေးအေးလွန်းတာပါ။

ဝါတန်ရဲ့ potential ကအများကြီးကျန်သေးသလို သူ့ဘယ်လောက်ထိ ရောက်နိုင်မလဲဆိုတာကလည်း မှန်းဆလို့မရပါဘူး။ အသင်းကြီးတွေရဲ့ radar ထဲ သေချာပေါက်ရှိနေမဲ့ ကစားသမားဖြစ်ပီး ဘယ်အသင်းကိုရောက်မလဲက စိတ်ဝင်စားစရာပါ။ ဝါတန်ဆိုတဲ့နာမည်ကို သတင်းစာခေါင်းကြီးပိုင်းတွေမှာ အများကြီးမြင်ရဦးမှာပါပဲ ….

(Premium Content တွေတင်မဲ့ ကျွန်တော်တို့ရဲ့ Telegram Channel ကိုလည်း Subscribe လုပ်ထားပေးပါဦး)

https://t.me/TFA_Myanmar

ကင်းမစ်ရှ်နဲ့ပတ်သက်ရင် အမြဲတွေးမိတာတစ်ခုက သူ့ဘေးမှာ ball winning DM ကောင်းကောင်းတစ်ယောက်သာရှိရင် သူ့ရဲ့ပွဲတစ်ပွဲအပေါ် သက...
11/05/2026

ကင်းမစ်ရှ်နဲ့ပတ်သက်ရင် အမြဲတွေးမိတာတစ်ခုက သူ့ဘေးမှာ ball winning DM ကောင်းကောင်းတစ်ယောက်သာရှိရင် သူ့ရဲ့ပွဲတစ်ပွဲအပေါ် သက်ရောက်နိုင်စွမ်းက ဘယ်လောက်မြင့်သွားမလဲဆိုတာပါ။ ဘိုင်ယန်ကလည်း ဒီကွက်လပ်ကိုဖြည့်ပေးဖို့ တောက်လျှောက်ကြိုးစားခဲ့ပါတယ်။ အခုချိန်မှာပတ်ဗလိုဗစ်နဲ့ အဆင်ပြေသလိုတော့ရှိနေပါပီ။ မှတ်မှတ်ရရ ဒီကလန်ရိုက်စ်တုန်းကဆို ဘိုင်ယန်ဖက်က တော်တော်လိုချင်ခဲ့တာ၊ ကစားသမားက အာဆင်နယ်ကိုရွေးသွားလို့သာ။

တကယ်တော့ ကင်းမစ်ရှ်ဆီက creative output အရမ်းကြောက်စရာကောင်းတယ်။ ကင်းမစ်ရှ်မှာ ကမ္ဘာ့အဆင့် creative playmaker တစ်ယောက်လို quality မျိုးရှိတယ်။ vision အရမ်းကောင်းတယ်၊ killer pass တွေအရမ်းထွက်တယ်။ ဒါပေမဲ့ သူ့က ဘိုင်ယန်မှာ ခံစစ်ကိုပိုအားစိုက်နေရတဲ့အချိန်တွေများတော့ သူ့ရဲ့ attacking attribute တွေက နှမြောဖို့ကောင်းသွားတယ်။ ကင်းမစ်ရှ်က ကစားအားအရမ်းကောင်းတယ်၊ အချိန်ပြည့်ရွေ့လျားနေနိုင်တယ်။

ကွင်းလယ်တကြောလုံး သူ့လက်သူခြေကြီးကစားနိုင်တယ်။ အဓိကကတော့ အခွင့်အရေး ဖန်တီးမှုတွေနဲ့အတူ match control ယူတာတွေ၊ tempo အတင်အချလုပ်တာတွေမှာ အရမ်းထူးချွန်တာ။ pass type မျိုးစုံပိုင်နိုင်ပီး accuracy လည်း တော်တော်မြင့်ပါတယ်။ တကယ်တော့ ကင်းမစ်ရှ်လို ကစားသမားမျိုးက သိပ်ကိုရှားတယ်။ position တော်တော်များများ ကစားနိုင်တယ်။ clinical ဖြစ်တယ်၊ နောက်ပီး intensity ကောင်းကောင်းနဲ့ မဆုတ်မနစ်ကစားလေ့ရှိတယ်။

ဘိုင်ယန်နဲ့ဂျာမနီအတွက်တော့ ကင်းမစ်ရှ်ဟာ အဖိုးမဖြတ်နိုင်ခဲ့ဘူး၊ အများကြီးလည်း သက်သေပြခဲ့ပီးပီ။ တချိန်က လူတွေပြောပြောနေကြ ဂျာမန် intensity ဆိုတာလက်ရှိမှာ ကင်းမစ်ရှ်ဆီမှာလောက်ပဲ မြင်နိုင်တော့တာမျိုးပါ။ မက်ဆီ နောက်တစ်ယောက်၊ ရော်နယ်ဒို နောက်တစ်ယောက် ပေါ်ဖို့မလွယ်သလို ကင်းမစ်ရှ်နောက်တစ်ယောက်လည်း ပေါ်ဖို့မလွယ်ပါဘူး။ ကျွန်တော့် တင်စားမှု over-confident ဖြစ်သွားမလား၊ ကျွန်တော်ကတော့ မထင်ဘူး၊ ဒါဟာ ကင်းမစ်ရှ်ပါပဲ ….

ဂျိုရှူအားဗန်က အလှပဆုံးနိုင်ပွဲတစ်ခုကို ဖော်ဆောင်သွားတယ်။ တက်ဆူရိုတိုင်ရာလို fighter တစ်ယောက်ကို တနဲ့နဲ့ဖြိုသွားပုံက သိပ...
10/05/2026

ဂျိုရှူအားဗန်က အလှပဆုံးနိုင်ပွဲတစ်ခုကို ဖော်ဆောင်သွားတယ်။ တက်ဆူရိုတိုင်ရာလို fighter တစ်ယောက်ကို တနဲ့နဲ့ဖြိုသွားပုံက သိပ်ကိုသပ်ရပ်လွန်းတယ်။ ပွဲမတိုင်ခင်ရှု့ထောင့်တွေအရ ဗန်က တက်ဆူရိုတိုင်ရာကို နိုင်သွားနိုင်တယ်၊ သို့ပေမဲ့ အရမ်းကိုခက်ခဲမယ်ဆိုတဲ့အနေအထား။ တိုင်ရာက UFC မှာ level တစ်ခုရှိပြီးသားသူ။ ဗန်အတွက် တိုင်ရာက ပြိုင်ဖက်ကောင်းတစ်ယောက်ဆိုတဲ့အဆင့်ထက် အများကြီးပိုတဲ့အနေအထားမှာရှိတယ်။ အခုပွဲမှာလည်း တိုင်ရာရဲ့မာကျောမှု၊ နည်းစနစ်ပိုင်းတွေနဲ့ သူ့ရဲ့နပန်းပညာက ဘယ်လောက်ဒုက္ခပေးနိုင်လဲ၊ အနိုင်ယူဖို့ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာတွေကို မြင်နိုင်တယ်။

ဂျိုရှူအားဗန်က striking သမား၊ တိုင်ရာက takedown သမား၊ ground သမား။ သူတို့နှစ်ယောက်က opposition side မှာရှိတယ်။ အခုက ကိုယ့်အားသာချက်ကို ပိုပီးထိရောက်အောင်၊ သေသပ်အောင်၊ တိတိကျကျလုပ်နိုင်တဲ့သူကနိုင်သွားတာပါ။ ဒီနေရာမှာ တိုင်ရာက သူ့အားသာချက်ကို ဒီပွဲမှာအသုံးမချနိုင်ခဲ့ဘူးဆိုတာမျိုးထက် ဗန်ကသူ့ကို အသုံးချခွင့်မပေးခဲ့တာဆိုတဲ့ စကားမျိုးသုံးရင် ပိုမှန်လိမ့်မယ်။ တစ်ဖက်က ဗန်အားသာတဲ့ထိုးချက်တွေကိုတော့ တိုင်ရာမရှောင်လွှဲနိုင်ခဲ့ဘူး။ တစ်ခါမှ ပွဲသိမ်းမခံရဖူးတဲ့ တိုင်ရာရဲ့စံချိန်လည်း ဗန်ရဲ့တိကျတဲ့ထိုးချက်တွေအောက်မှာ ကျိုးပျက်ခဲ့ရတယ်။

ဗန်ရဲ့ထိုးချက်တစ်ချက်ချင်းစီက ထိရောက်မှုအားအရမ်းကောင်းတယ်။ တစ်ချက်ဆိုဆိုသလောက် အထိနာလွန်းတယ်။ သူ့ရဲ့ယုံကြည်ချက်နဲ့ အေးဆေးတည်ငြိမ်မှုက သူ့ရဲ့လက်သီးချက်တွေမှာ မြင်ရပါတယ်။ ဗန်က အခုမှအသက် 24နှစ်သာသာပဲရှိသေးတယ်။ သူ့အသက်အရွယ်နဲ့ သူ့လို အရည်အသွေးမျိုးက သူကစားနေတဲ့ဝိတ်တန်းမှာ လက်ရှိမှာမရှိသလောက်ပဲ။ Flyweight တန်းရဲ့အနာဂတ် GOAT ဆိုတဲ့နေရာအတွက် potential အကောင်းဆုံးမှာရှိနေပါပီ။ ပန်တိုဂျာပြန်စိန်ခေါ်မယ်ဆိုရင်တောင် ဗန်ရဲ့လက်ရှိအရည်အသွေးနဲ့က စိုးရိမ်စရာသိပ်မရှိဘူး။

ဂျိုရှူအားဗန်က မြန်မာပရိတ်သတ်တွေကြားမှာလည်း အများကြီးပိုအောင်မြင်ဖို့ရှိသေးတယ်။ မြန်မာပရိတ်
သတ်တွေအကြိုက် ဖွင့်ကစားတဲ့ထိုးပေါက်မျိုးရှိသလို playing style ကိုကဖျော်ဖြေမှုအရမ်းဆန်ပါတယ်။ အနှစ်သာရတွေနဲ့ပြည့်ဝနေတဲ့ မြန်မာ့အလံခြုံချန်ပီယံတစ်ယောက် UFC လိုကမ္ဘာ့စင်မြင့်မှာ ဂုဏ်ယူဝင့်ကြွားစွာရှိနေပါပီ ….

Address

Yangon

Alerts

Be the first to know and let us send you an email when The Football Arena - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Football Arena - Myanmar:

Shortcuts

Share