Rangon News Daily

Directions Website

Rangon News Daily Rangon News Daily
Android App:
http://www.mediafire.com/?fpzlvpadw8pj1r2

Rangon News Daily နေ့စဉ်သတင်း ( Rangon News Daily - Daily Myanmar & International News )

ချဲလ်ဆီးအသင်း ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ရီးရဲလ်ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်း ခြေစမ်းပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြေ...
16/08/2026

ချဲလ်ဆီးအသင်း ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ရီးရဲလ်ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်း ခြေစမ်းပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေနဲ့ ရင်ဆိုင်ခဲ့ရ

August 16, 2026

ချဲလ်ဆီးအသင်း ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ရီးရဲလ်ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်း ခြေစမ်းပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ချဲလ်ဆီးတို့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ကမ္ဘာ့ဖလား ဒုတိယဆုရှင် အန်ဇိုဖာနန်ဒက်ဇ်အတွက်တော့ အဆင်မပြေတဲ့ ကြိုဆိုမှုတခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ခြေစမ်းပွဲတွေမှာ ဒီလိုအခြေအနေမျိုး မရှိတတ်တာကြောင့် အတော်လေး ထူးခြားနေတာပါ။

ပွဲမစခင် ကစားသမားစာရင်း ကြေညာချိန်မှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ နာမည်ကို ဖတ်လိုက်တာနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကွင်း ပရိသတ်တွေက လှောင်ပြောင်သံတွေ ပေးခဲ့တာပါ။

သူကတော့ ဒီပွဲမှာ အရန်ခုံကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က ချဲလ်ဆီးပရိသတ်တွေရဲ့ သူ့အပေါ်ထားရှိတဲ့ လက်ရှိခံစားချက်ကို ပြသနေတာ ဖြစ်ပါတယ်။

အန်ဇိုဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတယောက်ဖြစ်ပေမဲ့ ပရိသတ်တွေရဲ့ မကျေနပ်မှုကို ရင်ဆိုင်နေရတာပါ။

ဥရောပချန်ပီယံ PSG အသင်းက ကမ္ဘာ့ဖလားတွင် အနိုင်ဂိုးသွင်းခဲ့သည့် စပိန်တိုက်စစ်မှူး ဖာရန်တောရက်စ်ကိုခေါ်ယူAugust 16, 2026စပ...
16/08/2026

ဥရောပချန်ပီယံ PSG အသင်းက ကမ္ဘာ့ဖလားတွင် အနိုင်ဂိုးသွင်းခဲ့သည့် စပိန်တိုက်စစ်မှူး ဖာရန်တောရက်စ်ကိုခေါ်ယူ

August 16, 2026

စပိန်လက်ရွေးစင် တိုက်စစ်မှူး ဖာရန်တောရက်စ်ဟာ ဘာစီလိုနာကနေ ပြင်သစ်ထိပ်တန်းကလပ် ဥရောပချန်ပီယံ PSG အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ဒီပြောင်းရွှေ့မှုက PSG ရဲ့ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တာပါ။

ဖာရန်တောရက်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ စပိန်အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ထူးချွန်တဲ့ ကစားသမားတယောက်ပါ။

သူဟာ ဘာစီလိုနာအသင်းမှာလည်း အဓိက ကစားသမားတယောက်အဖြစ် ခြေစွမ်းပြခဲ့ပါတယ်။ အခုတော့ ဥရောပချန်ပီယံ PSG နဲ့အတူ အသင်းရဲ့ ပြည်တွင်းနဲ့ ဥရောပဖလား စိန်ခေါ်မှုတွေမှာ အထောက်အကူပြုဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

လျှပ်စစ်မီတာ မရှိသေးသည့် ပြည်သူများ အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီတာအသစ်များကို လျင်မြန်စွ...
14/08/2026

လျှပ်စစ်မီတာ မရှိသေးသည့် ပြည်သူများ အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီတာအသစ်များကို လျင်မြန်စွာ ရရှိနိုင်ရေးအတွက် မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၁၄. ၂၀၂၆

လျှပ်စစ်မီတာ မရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီတာအသစ်များကို လျင်မြန်စွာ ရရှိနိုင်ရေးအတွက် မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
တစ်ဆင့်ခံပွဲစားများနှင့် ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ကင်းဝေးပြီး အချိန်နှင့် စရိတ်စက သက်သာစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်သည်။

Website မှတစ်ဆင့် လျှောက်ထားရာတွင် ဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ပေးသွင်းရမည့် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခ အပါအဝင် ကျသင့်နှုန်းထားများသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ အောက်ပါအတိုင်း ပေးသွင်းရမည်ဖြစ်သည်။

ကျသင့်နှုန်းထားများအနေဖြင့် အိမ်သုံးမီတာ - ၂၅၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (10 kW) - ၁,၀၀၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (20 kW) - ၁,၂၃၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (30 kW) - ၁,၄၆၀,၀၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ (10 kW) - ၁,၀၇၇,၅၀၀ ကျပ်၊စက်မှုသုံးပါဝါမီတာ (20 kW) - ၁,၃၈၂,၅၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ (30 kW) - ၁,၆၈၇,၅၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီတာလျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်) ဖုန်း ၀၆၇-၃၄၁၀၄၆၀၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) Hot Line 1717၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) Hot Line 1616 နှင့် ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ သို့လည်းကောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၀၆၇-၃၄၁၀၄၀၇၊ ၀၉-၆၈၂၂၃၂၆၀၀၊ ၀၉-၆၆၅၄၃၂၅၇၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ဧရာဝတီအက်...
14/08/2026

အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ဧရာဝတီအက်ဖ်စီ ခေါ်ယူ

ရန်ကုန်။ ဩဂုတ် ၁၄. ၂၀၂၆

ဧရာဝတီအက်ဖ်စီအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က ထုတ်ပြန်ကြေညာထားသည်။

McKenna Davidson သည် ဥရောပအမျိုးသမီးချန်ပီယံလိဂ် (UEFA Women’s Champions League) ပြိုင်ပွဲအပါအဝင် ဥရောပနှင့် အာရှကလပ်အသင်းများတွင် ပါဝင်ကစားခဲ့ဖူးပြီး နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရှိသည့် ကစားသမားတစ်ဦးဖြစ်သည်။

အသင်း၏ ထုတ်ပြန်ချက်အရ Davidson သည် တောင်ပံတိုက်စစ်နှင့် ခံစစ်ပိုင်းနေ ရာများတွင် ကစားနိုင်သူဖြစ်ပြီး ၎င်း၏ နိုင်ငံတကာအတွေ့အကြုံနှင့် ခြေစွမ်းဖြင့် ဧရာဝတီအက်ဖ်စီ၏ တိုက်စစ်နှင့် ခံစစ်ပိုင်းကို ပိုမိုအားကောင်းလာစေရန် အ ထောက်အကူပြုနိုင်မည်ဟု ယုံကြည်ထားကြောင်း သိရသည်။

ဧရာဝတီအက်ဖ်စီအနေဖြင့် လာမည့် AFC Women’s Champions League ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလုပ်နေပြီး McKenna Davidson သည် ယင်းပြိုင်ပွဲတွင် အသင်းအတွက် ပါဝင်ကစားပေးသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံ ဒန်ခွန်သော ခရိုင်ရှိ စျေးရောင်းပွဲတော် တစ်ခုမှာ လူတစ်စုက ဓ-ား၊ ပြောင်းတို‌ေ-သနတ် တစ်လက်တို့ အသုံးပြုပြီး တ...
13/08/2026

ထိုင်းနိုင်ငံ ဒန်ခွန်သော ခရိုင်ရှိ စျေးရောင်းပွဲတော် တစ်ခုမှာ လူတစ်စုက ဓ-ား၊ ပြောင်းတို‌ေ-သနတ် တစ်လက်တို့ အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်း ဒဏ်ရာရ

ဘန်ကောက်။ သြဂုတ် - ၁၃ ၊၂၀၂၆

ထိုင်းနိုင်ငံ ဒန်ခွန်သော ခရိုင်ရှိ စျေးရောင်းပွဲတော် တစ်ခုမှာ လူတစ်စုက ဓ-ား၊ ပြောင်းတို‌ေ-သနတ် တစ်လက်တို့ အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

အဆိုပါဖြစ်ရပ်သည် ဩဂုတ် ၁၂ ရက် ညပိုင်းက နက်ခွန် ရတ်ချာဆီမာပြည်နယ်၊ ဒန်ခွန်သော ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လောလောဆယ်တော့ ရဲတွေက သံသယ တရားခံ တစ်ဦးကို ထိန်းသိမ်းထားပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ချမ်ရှော့ချိုင်းဆိုတဲ့ အစားအသောက်နဲ့ စျေးရောင်းပွဲတော်တစ်ခု ကျင်းပနေချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဖမ်းမိထားသူကလွဲလို့ ကျန်တဲ့ ကျူးလွန်သူတွေက ထွက်ပြေး လွတ်မြောက်နေဆဲပါ။

အဖမ်းခံထားရတဲ့ အသက် ၃၂ နှစ်အရွယ် နတ်သာကစ် ဒုခ်ခွန်သောကတော့ သူတို့အဖွဲ့ဟာ မော်တော်ဆိုင်ကယ် ခိုးမှုတစ်ခုမှာ မတရား စွပ်စွဲခံရလို့ ပြဿနာ စခဲ့တာလို့ ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

ပွဲကျင်းပတဲ့ တာဝန်ခံတွေက သူ့သူငယ်ချင်းတွေကို ဆိုင်ကယ်သူခိုးတွေအဖြစ် စွပ်စွဲခဲ့ကြောင်း၊ ရန်ဖြစ်ကြတဲ့အခါ သူက သူငယ်ချင်းတွေဖက်က ဝင်ကူရင်း ‌ေ-သနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း နတ်သာကစ်က ပြောပါတယ်။ သူ့ရဲ့ လိုင်စင်မဲ့ ‌ေ-သနတ်ကိုလည်း ရဲတွေက သိမ်းဆည်းရမိထားပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ၂ ဦးရဲ့ အခြေအနေက ပြင်းထန်တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက ဒဏ်ရာရသူတွေကို ဒေသတွင်း ဆေးရုံတစ်ခုဆီ ပို့ပေးခဲ့ပြီး အခြေအနေ စိုးရိမ်ရသူတွေကိုတော့ မဟာရတ် နက်ခွန် ရတ်ချာဆီမာ ဆေးရုံဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ပွဲစီစဉ်သူတွေရဲ့ အဆိုအရ စျေးရောင်းပွဲပြီးလို့ ပစ္စည်းသိမ်းချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ရဲတွေကတော့ မော်တော်ဆိုင်ကယ် ခိုးမှု စွပ်စွဲချက်ကနေစပြီး လက်နက်ကိုင် ရန်ပွဲ ဖြစ်ပွားတဲ့ထိ ဖြစ်စဉ်အားလုံးကို အသေးစိတ် စုံစမ်းနေပါတယ်။ ပြီးတော့ ထွက်ပြေး လွတ်မြောက်သွားသူတွေကိုလည်း လိုက်ရှာနေပါတယ်။

ထိုင်းမှာ ‌ေ-သနတ်သမား အပါအဝင် လူ ၉ ဦး သေဆုံးတဲ့ ကျောင်းတွင်းပစ်ခတ်မှု၊ လွှတ်တော် အမတ်ဟောင်း တစ်ဦးက ဒေသဆိုင်ရာ အရာရှိ တစ်ဦးကို ပစ်သတ်ခဲ့မှုတွေအပြီး ရက်ပိုင်းအကြာမှာ အခုမှုခင်း ထပ်မံ ပေါ်ပေါက်လာတာပါ။

ထိုင်းအစိုးရကတော့ လက်နက်ကိုင်ဆောင်ခွင့် စည်းမျဉ်းတွေနဲ့ အရေးယူမှုတွေကို ပိုမိုတင်းကျပ် လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

Source - Bangkok Post

ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသူ ၁၇၀ ဦးအနက် ၉၃ ဦးမှာ ကာလဝမ်းရောဂါပိုး တွေ့ရှိထားရ...
13/08/2026

ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသူ ၁၇၀ ဦးအနက် ၉၃ ဦးမှာ ကာလဝမ်းရောဂါပိုး တွေ့ရှိထား

ရန်ကုန်၊ ဩဂုတ် ၁၃. ၂၀၂၆

ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသူ ၁၇၀ ဦးရှိပြီး ယင်းတို့အနက် ၉၃ ဦးမှာ ကာလဝမ်းရောဂါပိုး တွေ့ရှိထားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးသို့ သြဂုတ် ၁၁ ရက်က တက်ရောက်ကုသသူ ၉၇ ဦးရှိခဲ့ပြီး ဩဂုတ် ၁၂ ရက်တွင် လူနာ ၈၄ ဦး ထပ်မံတက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။

ဩဂုတ် ၁၁ ရက်က ဆေးရုံတက်ရောက်နေသူများအနက် ရောဂါသက်သာလာသည့် လူနာ ၁၁ ဦးမှာ ဩဂုတ် ၁၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

လသာမြို့နယ်တွင်လည်း ဩဂုတ် ၁၁ ရက်က ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ၁၆ ဦးရှိခဲ့ပြီး ဩဂုတ် ၁၂ ရက်တွင် လူနာ ၁၃ ဦး ထပ်မံတွေ့ရှိခဲ့ကာ ယင်းတို့အနက် လေးဦးမှာ ကာလဝမ်းရောဂါပိုး တွေ့ရှိထားကြောင်း သိရသည်။

ကာလဝမ်းရောဂါပိုး တွေ့ရှိထားသည့် လူနာများကို ရန်ကုန်ဆေးရုံကြီးရှိ သီးသန့်အဆောင်တွင် ထားရှိကာ ပိုးသတ်ဆေးများနှင့် သက်ဆိုင်ရာကုသဆေးဝါးများ အသုံးပြု၍ ဂရုတစိုက်ကုသပေးနေကြောင်း သိရသည်။

ကာလဝမ်းရောဂါပိုးတွေ့ရှိသည့် လူနာများ ထပ်မံများပြားလာပါက ကုသမှုပေးနိုင်ရန် ရန်ကုန်ဆေးရုံကြီးတွင် အဆောင်တစ်ခုအား ကြိုတင်ပြင်ဆင်ထားပြီး ကုတင်များတပ်ဆင်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် လသာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ တွေ့ရှိလာပြီးနောက် သက်ဆိုင်ရာဌာနများ၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ခြေရှိသည့် လက်လုပ်ချဉ်၊ အသုပ်၊ ဒုတ်ထိုး စသည့် အစားအသောက်ဆိုင်များကို ယာယီရပ်နားထားရန် ညွှန်ကြားထားကြောင်း သိရသည်။

သတင်း - မြင့်မြတ်​အောင်မြင်
ဓာတ်ပုံ - ရန်ကုန်​ဆေးရုံကြီး

ကမာကြည်လမ်း သုဝဏ္ဏ ကမာကြည်တံတားအဆင်း၌ လိုက်ထရပ်ကားတစ်စီးက YBS 42 ခရီးသည်တင်ယာဉ်ကို အနောက်မှ ဝင်တိုက်မှု ဖြစ်ပွားပြီး အမျ...
13/08/2026

ကမာကြည်လမ်း သုဝဏ္ဏ ကမာကြည်တံတားအဆင်း၌ လိုက်ထရပ်ကားတစ်စီးက YBS 42 ခရီးသည်တင်ယာဉ်ကို အနောက်မှ ဝင်တိုက်မှု ဖြစ်ပွားပြီး အမျိုးသားတစ်ဦးဆုံးပါး

ရန်ကုန်၊ ဩဂုတ် ၁၃. ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (၂၉) ရပ်ကွက် ကမာကြည်လမ်း သုဝဏ္ဏ ကမာကြည်တံတားအဆင်း၌ လိုက်ထရပ်ကားတစ်စီးက YBS 42 ခရီးသည်တင်ယာဉ်ကို အနောက်မှ ဝင်တိုက်မှု ဩဂုတ် ၁၁ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားပြီး အမျိုးသားတစ်ဦးဆုံးပါးခဲ့တယ်လို့သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ကားပေါ်ပါ အမျိုးသားတစ်ဦး ယာဉ်အတွင်း ညပ်မိခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

ယာဉ်အတွင်း ညပ်မိနေသူမှာ ဆုံးပါးခဲ့သဖြင့် ရွှေရောင်တွဲလက် ပရဟိတအသင်း သူနာတင်ယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိ ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာက ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ဓာတ်ပုံ - CJ

မိုးသည်းထန်မှုကြောင့် မိုးကုတ်မြို့နယ်တွင် ငါးရက်အတွင်း မြေပြိုမှု အနည်းဆုံး (၁၅) ကြိမ်ဖြစ်ပွားပြီး နေအိမ် ၄၀ ကျော် ထိခိ...
12/08/2026

မိုးသည်းထန်မှုကြောင့် မိုးကုတ်မြို့နယ်တွင် ငါးရက်အတွင်း မြေပြိုမှု အနည်းဆုံး (၁၅) ကြိမ်ဖြစ်ပွားပြီး နေအိမ် ၄၀ ကျော် ထိခိုက်

မိုးကုတ်၊ ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ဩဂုတ်လ ၅ ရက်မှ ၉ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

အဆိုပါကာလအတွင်း မြေပြိုမှု အနည်းဆုံး (၁၅) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြေပြိုမှုများသည် မိုးကုတ်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျပ်ပြင်၊ ပန်းမ-ပတ္တမြားရှိုး၊ အောင်သစ်လွင်၊ ကမ္ဘာအေး၊ ပိတ်ဆွယ် (ရပ်ကွက်-၄)၊ အေးစေတီ၊ ပန်းမ-ချယ်ရီ၊ အောင်နီလာ၊ အုတ်အင်းနှင့် မြို့မရပ်ကွက်များအပြင် ကျောက်ပြတ်သတ်ရွာတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြေပြိုမှုများကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် အနည်းဆုံး ၄၀ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးကုတ်မြို့ရှိ ဖောင်တော်ဦးဘုရား၏ လှေကားထစ်များလည်း မြေပြိုမှုဒဏ်ကြောင့် ပျက်စီးခဲ့ရသည်။

ယခုဩဂုတ်လ ပထမပတ်မှ စတင်၍ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေခြင်းကြောင့် မြို့နယ်အတွင်း မြေပြိုမှုများ ထပ်မံဖြစ်ပွားလာနိုင်သည့် အခြေအနေရှိနေပြီး မြေပြိုနိုင်သည့် နေရာများအနီး နေထိုင်သူများအနေဖြင့် သတိထားနေထိုင်ရန် လိုအပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

သတင်း - WynnWynn
ဓာတ်ပုံ - CJ

ကျောက်မဲတိုးဂိတ်မှာ ကြက်စာတင်လာတဲ့ ကုန်ကားတစီး မီးလောင်ပြီး တိုးဂိတ် အဆောက်အအုံကိုပါ မီးကူးစက်လောင်ကျွမ်းသွား12.August ,...
12/08/2026

ကျောက်မဲတိုးဂိတ်မှာ ကြက်စာတင်လာတဲ့ ကုန်ကားတစီး မီးလောင်ပြီး တိုးဂိတ် အဆောက်အအုံကိုပါ မီးကူးစက်လောင်ကျွမ်းသွား

12.August , 2026

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်က ကျောက်မဲတိုးဂိတ်မှာ ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီခွဲကျော်လောက်က ကြက်စာတင်လာတဲ့ ကုန်ကားတစီး မီးလောင်ပြီး တိုးဂိတ် အဆောက်အအုံကိုပါ မီးကူးစက်လောင်ကျွမ်းသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

သီပေါဘက်ကနေ ကျောက်မဲဘက်ကိုလာတဲ့ ကြက်စာတင်ကားဟာ တိုးဂိတ်မရောက်ခင်ကတည်းက အပူလွန်ပြီး ဝါယာရှော့ဖြစ်ကာ မီးစလောင်တာလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“လူထိခိုက်တာတော့ မရှိဘူး။ ကားက အတက်ကတည်းက လောင်လာတာ။ တိုးဂိတ်ရောက်မှ အစောင့်တွေက အော်ပြီး ပြေးမှ ကားဆရာလည်း မီးလောင်နေတာ သိတာ။ ကားသမားက မီးလောင်နေတာ မသိဘဲ မောင်းလာတာ။”

ကားမောင်းလာတဲ့သူက ကားမီးလောင်နေတယ်ဆိုတာ မသိဘဲ ဆက်မောင်းလာပြီး တိုးဂိတ်ရောက်တဲ့အချိန် ယာဉ်ဖြတ်သန်းခပေးဖို့ အရှိန်လျှော့ပြီး ရပ်လိုက်ချိန်မှာ ကားပေါ်က မီးတောက်တွေ ထွက်လာတာလို့ ဒေသခံက ပြောပါတယ်။ အဲဒီနောက် ကားကနေ တိုးဂိတ်အဆောက်အအုံဘက်ကို မီးကူးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

မီးလောင်မှုဖြစ်တာကြောင့် ကျောက်မဲခရိုင် မီးသတ်စခန်းက အုပ်ချုပ်မှုယာဉ်တစီး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ မီးသတ်ရေသယ်ယာဉ်တစီးတို့ ထွက်ခွာပြီး မီးငြှိမ်းသတ်ခဲ့ကာ ညနေ ၆ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လက်ရှိ သိရသလောက် မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပျက်စီးဆုံးရှုံးတန်ဖိုး ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

Photo: ThPThL

မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသစစ်ကိုင်းတိုင်းထဲက ရေဘေးသင့်ရွာတွေကိုတွေ့ရပုံသြဂုတ် - ၁၁ ၊၂၀၂၆မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသ...
11/08/2026

မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသစစ်ကိုင်းတိုင်းထဲက ရေဘေးသင့်ရွာတွေကိုတွေ့ရပုံ

သြဂုတ် - ၁၁ ၊၂၀၂၆

မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသစစ်ကိုင်းတိုင်းထဲကရွှေဘို ၊ခင်ဦး၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်တွေရှိ မူးမြစ်ဘေးတလျှောက်ရှိရေဘေးသင့်နေတဲ့ ရွာတွေကို သြဂုတ်လ ၁၀ ရက် ညနေပိုင်းကတွေ့မြင်ရတာပါ။

စစ်ကိုင်းတိုင်းမှာမိုးကြီးပြီးတဲ့နောက်ကျွန်းလှမြို့နယ်ကသဖန်းဆိပ်ဆည်မှာရေလျှံလာတဲ့အတွက် ရေဖောက်ချရာမှာ ဆည်အောက်ဘက်က မြို့နယ်တွေ သြဂုတ်လ ၅ ရက်ကစတင်ပြီးရေဘေးကြုံနေရတာပါ။

စစ်ကိုင်းတိုင်းကရေဘေးသင့်တဲ့မြို့နယ်တွေမှာကောလင်း၊ ခင်ဦးနဲ့ဒီပဲယင်းမြို့နယ်တွေကအဆိုးဆုံးဖြစ်နေပြီး လူဦးရေ ၁၂၀,၀၀၀ ကျော်ရေဘေးသင့်နေသလို သေဆုံးသူ ၁၅ ဦး နဲ့ပျောက်ဆုံးသူ နှစ်ဦးရှိနေတယ်လို့ NUG ရဲ့စာရင်းအရသိရပါတယ်။

ဓာတ်ပုံ - YE-U Freedom Comrades - YFC

Address

No. 133, Anawratha Road
Yangon
11411

Alerts

Be the first to know and let us send you an email when Rangon News Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share