Ko James

Ko James အချိုကြိုက်ရင် သကြားစား အမှန်တရားက တခါတရံ ခါးတယ် ( Ko James ) We reserve the right to remove any inappropriate message from the page.

We welcome your comments, feedback and messages but please respect other Facebook members and do not post offensive, abusive or inappropriate messages.

21/10/2025

Mandalay 🏢

21/10/2025

" သည်းခံခြင်း " နှင့် " money circle "

20/10/2025

MDY 🚙 🚙 🚙

ကြီး​ ချော​လေး​တွေ၊ ​ဆော့ချက်က​တော့ 9 +
20/10/2025

ကြီး​ ချော​လေး​တွေ၊ ​ဆော့ချက်က​တော့ 9 +

အလုပ်ထဲ စိတ်က ပါသလို မပါသလို ဖြစ်​နေလို့အကိုရာ နည်းလမ်း​လေး​ပေးပါဦးတဲ့။လွယ်လွယ်​လေး အလုပ်လုပ်ချင်စိတ် ​မရှိတဲ့​နေ့ ထမင်...
20/10/2025

အလုပ်ထဲ စိတ်က ပါသလို မပါသလို ဖြစ်​နေလို့အကိုရာ နည်းလမ်း​လေး​ပေးပါဦးတဲ့။
လွယ်လွယ်​လေး အလုပ်လုပ်ချင်စိတ် ​မရှိတဲ့​နေ့
ထမင်း ​မစား နဲ့
အာ ... အကိုကလည်း ထမင်းမစားပဲ ဘယ်​​နေ လို့ ရမလဲဗျာ။
​အေး​လေ စားတာ ရပ်မရပါပဲ၊
စားဖို့ ​ငွေရှာရတဲ့ အလုပ် လုပ်ချင်စိတ် မရှိဘူးဆို​တော့ မင်းက ဘာနဲ့ ထမင်း ဘာ နဲ့ ဝယ်စားမလိုလဲကွာ။

20/10/2025

လူတော်တော်များများက လူကောင်းကိုသာ ရှာနေကြတာ၊

ကိုယ်တိုင် က လူကောင်းဖြစ်ရမယ် ဆိုတာကို မေ့နေကြတယ်၊

လူကောင်းတွေက လည်း လူကောင်းသူကောင်းပဲ ပေါင်းမှာပေါ့ဗျာ။

Ko James

၂၀၂၅ အတွက် update ကျွန်​တော့်မိတ်​ဆွေ​တွေ လက်ရှိ ဘာလုပ်ငန်း​တွေ လုပ်ကိုင်​နေကြပါသလဲ ?တစ်ခုခု ဆို ပြန်ပြန်ရှာ​နေရတယ် ... ...
20/10/2025

၂၀၂၅ အတွက် update
ကျွန်​တော့်မိတ်​ဆွေ​တွေ လက်ရှိ ဘာလုပ်ငန်း​တွေ လုပ်ကိုင်​နေကြပါသလဲ ?
တစ်ခုခု ဆို ပြန်ပြန်ရှာ​နေရတယ် ... မှတ်သားထားမလို့ပါ ခင်ဗျာ။
တစ်ဦး လုပ်ငန်း တစ်ဦး သိ​နေ​တော့ လူသတင်း လူချင်း​ဆောင် တာ​ပေါ့ဗျာ။
၂၀၂၂ https://www.facebook.com/photo/?fbid=692210262254833&set=a.214413586701172
၂၀၂၃ https://www.facebook.com/photo/?fbid=792800952195763&set=a.214413583367839

20/10/2025

Jealousy is Not a Joke !!!

မနာလိုတယ် ဆိုတာ နောက်ပြောင်မှု တစ်ခု သက်သက်မဟုတ်ဘူး၊ သူ ကိုယ့်ကို မနာလိုတာပဲ ဆိုပြီး ပေါ့ပေါ့ဆဆ မနေပါနဲ့ ဘယ်တုန်းကမှ မနာလိုတယ် ဆိုတဲ့ အတွေးလောက်နဲ့ မရပ်တန့်ပါဘူး၊ သတိလက်လွတ် နေမိရင် ရရင် ရသလောက် လုပ်မှာပါပဲ။
မနာလိုမှုကို သတိပြုမိတယ် ဆိုတာ သတိကပ်ထား ဖို့အတွက် ဦးနှောက်က အချက်ပြနေတာပါ၊
အကောင်းဆုံးကတော့ ဘဝ ကို အသိ၊ သတိလေးနဲ့ နေထိုင်တာ အကောင်းဆုံးပါပဲ။
Ko James

20/10/2025

" ဘယ်သူက လူ့ဂွစာလဲ"
++++++++++++++
လူဂွစာ ကြီးလို့ ကင်ပွန်းတပ်ခံ ထားရတဲ့ လူတော်တော်များများ နဲ့ ကျွန်တော် ဆက်ဆံ ဖူးပါတယ်။
ကျွန်တော် တို့ ငယ်ငယ်က သိလာတာက လူ့ ဂွစာဆိုတာက လူအများနဲ့ အံဝင်ခွင်ကြ မဖြစ်တဲ့လူတွေကို ခေါ်တာမျိုးပါ၊ ဒါပေမယ့် ဘဝခရီး လျှောက်လှမ်းရင်း သိလာတာက ကျွန်တော် သိလာတဲ့ အတွေးတွေနဲ့ တကယ့် ပြင်ပ ဘဝမှာ ချိန်ထိုးကြည့်တဲ့အခါ အကုန်အမှန် မဟုတ်မှန်း သိလာခဲ့ရတယ်။
သူများ "စည်းကမ်းမဲ့ အမှိုက်ပစ်လို့ " မပစ်ပါနဲ့ အမှိုက်ပုံးထဲ ပစ်ပါလို့ ပြောခံရတဲ့လူက လွယ်လွယ် ကင်မွန်းတပ်လိုက်တယ် လူဂွစာတဲ့ သူတို့လုပ်သလို လိုက်မလုပ်လို့ ။
သူများ ပျက်စီးရာ ပျက်စီးကြောင်း အပြိုင်အဆိုင်လုပ်နေတဲ့ ခေတ်ထဲ တဦးကို တဦး တန်ဖိုးထားကြပါ လူသားတွေ နဲ့ ချစ်ခင် တန်ဖိုးထားမှု နဲ့ ထိုက်တန်ပါတယ်လို့ ပြောလိုက်ရင် သူတို့လုပ်သလို လိုက်မလုပ်လို့ လူ့ဂွစာလို့ ခပ်လွယ်လွယ် ကင်ပွန်းတပ်လိုက်တော့တာပါပဲ။
အများစု ဂွစာလို့ ပြောလို့ ကျွန်တော် ပေါင်းကြည့်လိုက်ရင် အင်မတန် ကောင်းတဲ့လူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့ဟာ လူအများ ပျက်တာကို လိုက်မပျက်ပဲ စံ နှုန်းတွေကို ထိန်းသိမ်း သယ်ဆောင်သူတွေ စနစ်တွေကို ထိန်းသိမ်းထားသူတွေ ဖြစ်နေတာကို ဝမ်းသာ ဝမ်းနည်း တွေ့မြင်ရပါတယ်။
အမှန် နဲ့ အမှား မိမိရဲ့ ယုံကြည်ချက် ရပ်တည်ချက်ကို ရဲရဲ ကြီး ဆုပ်ကိုင် ထားတဲ့လူတွေကို၊ "လူ့ အမှိုက်" တွေက လူ့ ဂွစာလို့ ခပ်လွယ်လွယ် မထေ မဲ့ မြင် နာမ် နိုမ် ပြီး လူဂွစာ တံဆိပ်ကပ်နိုပ်လိုက်တော့တာပါပဲ။
လူ့ ဂွစာလို့ ကင်ပွန်းတပ်ခံ ရတဲ့လူတွေက စည်းမရှိ ကမ်းမရှိ ပရမ်းပတာတွေက သူတို့ မနှစ်သက်တဲ့ စည်း စနစ် ရှိတဲ့လူတွေကို အကြောက်တရား နဲ့ ခေါ် ဆိုတဲ့ အသံပါလား ဆိုတာ ကောင်းကောင်းကြီး သဘောပေါက် နားလည်ခဲ့ရပါတယ်။
ကျွန်တော် သူတို့ နဲ့ သွားလာရင်း ကိုဂျိမ်း ဒီလူတွေဆို မတွေ့ဖူး၊ သိက္ခာကျတယ်၊ ဒါ ဆို ကျွန်တော် မလုပ်နိုင်ဖူး၊ မလုပ်ဖူး ... မလုပ်ဖူး ... မလုပ်ဖူး .... ဆိုတဲ့ လူသာ မတူပေမယ့် သူတို့ ငြင်းဆိုတဲ့ အသံပေါင်းများစွာ အရာပေါင်းများစွာ ကျွန်တော် ကြားခဲ့ရတဲ့အခါ သူတို့ ငြင်းဆန်တဲ့အရာ တွေ အကုန်လုံးက အားနာစရာ ကောင်းပေမယ့် သူတို့ ယုံကြည်ချက်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းထားတယ်ဆိုတဲ့အချက်ကို အတိအကျ သွားတွေ့ခဲ့မိပါတယ်။
တချိန်က လူဂွစာဆိုတဲ့ လူတချို့ကို ဆက်ဆံဖို့ တွန်ဆုတ်ခဲ့သမျှ၊ ငါ အတွေးမှားခဲ့ပါလား ရင်းနှီးခွင့်ရတာတောင် နောက်ကျ လိုက်တာလို့ တွေးမိတဲ့အထိပါပဲ။
တခါတလေ ဂွ ကြလိုက်တာ ဆိုတဲ့ စကားလုံးမပြောခင်၊ သူပြောတာ မှန်သလား ငါ သိထားတာ မှန်သလား ဆိုတာလောက်ကိုတော့ ကောင်းမွန်စွာ ခွဲခြမ်းစိတ်ဖြာ သင့်တယ် ဆိုတာလောက်ကို အသိလေးဝင် ဆင်ခြင်ဖို့ တိုက်တွန်းပါတယ်။
.
Ko James
20.10.2025

20/10/2025

" ဘာလေး လုပ်လုပ် ဦးနှောက်ပါအောင်လုပ် "
++++++++++++++++++++++++++
" ငါ" မင်းအတွက်ပေါ့ မွေးဖွားတာတာ ...

နှလုံးသား ကြီးပြီး ဦးနှောက်ပါမလာဆိုတဲ့ သီချင်း ဆိုပြီး၊
ခါးတွေ သိပ်မကော့နော် ညီတို့ ညီမတို့၊ အဲ့ ဒါက သီချင်း ထဲမှာပဲ ဆိုလို ကောင်းတာပါ။ သီချင်းက နားထောင်လို့ ကောင်းမွန်ပေမယ့် တကယ် မလုပ်နဲ့နော် ဘဝ အတွက် ပြသာနာ ရှိတယ်။
မိန်းကလေးဆိုလည်း နဂိုကတည်းက လေးလေးနက်နက် ဦးနှောက်နဲ့ မ‌‌တွေးပဲ အပေးအကမ်းတွေ သိပ်များသွားရင် ကလေး တွဲလောင်း ယောင်္ကျားပစ်သွားလို့ တိုင်ပတ်နေတဲ့လူတွေ အများကြီး တစ်ဘဝစာနော်။
ယောင်္ကျားဆိုပြီးလည်း အလကား ရတိုင်း မစားနဲ့နော် ရောဂါတွေ မှိုလိုပေါက် ဂုံးထောက်တာကလည်း တစ်မျိုး ကိုယ့်ဂုံးမဟုတ်ပဲ သူများ ဂုံးပါ တာဝန်ယူရတာမျိုး ခံရချက်ဆိုးမယ် လည်ပါတယ် ဆိုတဲ့ လူတွေ လူသိရှင်ကြားခံနေရတာ မကြာခဏ။
၁၀ မိနစ်လောက်သာယာတာ ၁၀ နှစ်နဲ့ ကုစားလို့ မရဘူးနော် တစ်ကြိမ်မှား တသက်စာတွေ။
အားကျတယ် ဆိုတာ ဘဝ အောင်မြင် ကြီးပွားတိုးတက်တာ ကောင်းမွန်တဲ့ ဂုဏ်ကိုသာ ကို အားကျရတာမျိုးပါ။
ကျောင်းသူအရွယ်လေး အော်ဒါတကြိမ် ၂၅ သိန်း နဲ့ လိုက်ပြီး တစ်ရာ ဝန်းကျင် ဖုန်းဝယ် ကိုင်တာမျိုးကို အားကျနေရင်တော့ ကိုယ့်စိတ်ကိုယ်ထိန်း၊ အားမကျ စကောင်းတဲ့ အရာဆိုတာ ညီတစ်ယောက် ညီမတစ်ယောက်လို တိုတိုတုတ်တုတ် သတိပေးပါတယ်။
ခဲတံ မှာ ခဲဖျက်ပါပေမယ့်၊ ဘဝ အမှားအတွက် ခဲဖျက် မပါဘူး ဆိုတာ မမေ့ကြဖို့ တိုက်တွန်းပါတယ်။
ဘဝ ဆိုတာ အသိဉာဏ်နဲ့ တည်ဆောက်ရတာပါ၊
ဦးနှောက်မပါရင် မစင်တွင်းထဲ ကျတာထက် ဆိုးသွားပါလိမ့်မယ်၊
အတွေး၊ အပြော၊ အလုပ် အစစ အရာရာ ဂရုစိုက် လုပ်ဖို့ တိုက်တွန်းပါတယ်။
Ko James
20.10.2025
fans

" Happy deepavali 2025 "
20/10/2025

" Happy deepavali 2025 "

SCT Auto Service Center09981000777 ( Sat San )09952000014 ( Mingalardon )09983000777 ( Car Spa & Paint Booth )
19/10/2025

SCT Auto Service Center
09981000777 ( Sat San )
09952000014 ( Mingalardon )
09983000777 ( Car Spa & Paint Booth )

Address

Yangon
11021

Telephone

+9595502700

Website

Alerts

Be the first to know and let us send you an email when Ko James posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share