Eleven Sports

Eleven Sports THE MOST RELIABLE PARTNER BY THE PEOPLE FOR THE PEOPLE

"Visit us: www.news-eleven.com

■ Telegram ~ https://t.me/elevensports11

Eleven Media Group was established on June, 2000.
• First Eleven Sports Journal was established on 8th June, 2000.
• Premier Eleven Sports Journal was established on 31st August, 2003.
www.first-11.com sport news website was established in 2004.
• Weekly Eleven News Journal was established on 12th October, 2005.
• Biweekly Eleven News Journal was established on 14th March, 2008.
www.news-elev

en.com news website was established in 2009.
www.facebook.com/ElevenMediaGroup was established in 2010.
• Web Printing Factory has been started the operation in 2011.
• Eleven Media Group was awarded the 2011 press freedom prize by
Reporters without Borders (RSF).
• Daily Eleven SMS service was established in 2012.
• English edition news website (www.elevenmyanmar.com ) was established
in 2012.
• The Eleven Web TV was established on 1st January, 2013.
• The Daily Eleven Newspaper was established on 3rd May, 2013.

■ ဂါနာချိုကို ရောင်းထုတ်ဖို့ ချယ်လ်ဆီး ဆုံးဖြတ်ပြီး ပြောင်းရွှေ့ကြေး သတ်မှတ်ထားချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားတောင်ပံကစားသ...
12/07/2026

■ ဂါနာချိုကို ရောင်းထုတ်ဖို့ ချယ်လ်ဆီး ဆုံးဖြတ်ပြီး ပြောင်းရွှေ့ကြေး သတ်မှတ်ထား

ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပြောင်းရွှေ့ကြေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားမကစားတဲ့ ချယ်လ်ဆီးအသင်းသားတွေဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အသင်းနဲ့ လာရောက်ပူးပေါင်းရမှာဖြစ်ပေမဲ့ ဂါနာချိုကတော့ ရောက်မလာခဲ့ပါဘူး။

ချယ်လ်ဆီးအသင်းက ဂါနာချိုရဲ့ပြောင်းရွှေ့ကြေးကို ပြည်ပကလပ်တွေအနေနဲ့ ယူရို သန်း ၅၀၊ ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ ပေါင် ၄၅ သန်း သတ်မှတ်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂါနာချိုကတော့ စီးရီးအေကလပ် ရိုးမားအသင်းထံ ပြောင်းရွှေ့ကစားလိုနေတယ်လို့ သိရပါတယ်။

ရိုးမားအသင်းက ဂါနာချိုကို ကနဦးအငှားနဲ့သာ ခေါ်ယူလိုပြီး ချယ်လ်ဆီးအသင်းကတော့ အပြီးတိုင်ရောင်းချဖို့သာ စဉ်းစားမှာဖြစ်တယ်။

ဂါနာချိုဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၂၄ ပွဲ ကစားခဲ့ရပေမဲ့ ၁၀ ပွဲက လူစားဝင်ကစားရပြီး တစ်ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ မန်ယူနိုက်တက်ကနေ ပေါင် သန်း ၄၀ နဲ့ ချယ်လ်ဆီးကို ရောက်လာခဲ့တာပါ။

အသင်းဟောင်း မန်ယူနိုက်တက်အနေနဲ့ ဂါနာချိုရဲ့ အပြောင်းအရွှေ့ကနေ ၁၀ ရာခိုင်နှုန်းခံစားခွင့် ရှိနေပါတယ်။

■ ငရဲကျသလို ခံစားရတယ်လို့ ရှုံးပွဲအပြီး တစ်ကျော့ပြန် မက်ဂရီဂေါ် ညည်းတွားအိုင်ယာလန်နာမည်ကျော်ကစားသမား မက်ဂရီဂေါ်ဟာ UFC 32...
12/07/2026

■ ငရဲကျသလို ခံစားရတယ်လို့ ရှုံးပွဲအပြီး တစ်ကျော့ပြန် မက်ဂရီဂေါ် ညည်းတွား

အိုင်ယာလန်နာမည်ကျော်ကစားသမား မက်ဂရီဂေါ်ဟာ UFC 329 ပွဲစဉ်မှာ သူ့ရဲ့တစ်ကျော့ပြန်ပွဲအဖြစ် စိတ်ပျက်ဖွယ်အရှုံးနဲ့ ရင်ဆိုင်ရပြီးနောက် ငရဲကျသလို ခံစားရတယ်လို့ ညည်းတွားခဲ့ပါတယ်။

မက်ဂရီဂေါ်ဟာ UFC 329 ရဲ့ ခေါင်ပွဲအဖြစ် မက်ဟောလိုဝေးနဲ့ ထိုးသတ်ခဲ့ပြီး ပွဲအစ ၆၉ စက္ကန့်မှာပဲ ဒဏ်ရာရသွားလို့ အရှုံးပေးခဲ့ရတာဖြစ်တယ်။

UFC ဥက္ကဋ္ဌ ဒေနာဝှိုက်ကတော့ မက်ဂရီဂေါ်ဟာ ဒူးအရွတ်ဒဏ်ရာ ရခဲ့ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။

မက်ဂရီဂေါ်ကတော့ လူမှုကွန်ရက်ကနေ ပွဲမတိုင်ခင် ဒဏ်ရာရှိနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။

မက်ဂရီဂေါ်(၃၇ နှစ်)ဟာ ၂၀၂၁ ခုနှစ် ဒပ်စတင်ပိုရီယေးနဲ့ပွဲမှာ ခြေထောက်ကျိုးခဲ့ပြီးနောက် အခုမှ ပထမဆုံး UFC ပွဲ ထိုးသတ်တာပါ။

၎င်းဟာ ကစားသမားဘဝမှာ ခုနစ်ပွဲမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီး နောက်ဆုံးငါးပွဲမှာ လေးပွဲအထိ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

မက်ဂရီဂေါ်အနေနဲ့ ကစားသမားဘဝက အနားယူသွားနိုင်တယ်လို့ ခန့်မှန်းမှုများစွာ ထွက်ပေါ်နေပေမဲ့ သူဘက်ကတော့ ဘာမှ မတုံ့ပြန်ထားပါဘူး။

★ ရန်ကုန်စီးတီးအသင်း ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို ခေါ်ယူရန်ကုန်စီးတီးအသင်းဟာ လာမယ့်ရာသီသစ်အတွက် ဒုတိယမြေ...
12/07/2026

★ ရန်ကုန်စီးတီးအသင်း ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို ခေါ်ယူ

ရန်ကုန်စီးတီးအသင်းဟာ လာမယ့်ရာသီသစ်အတွက် ဒုတိယမြောက် နိုင်ငံခြားသားကစားသမားအဖြစ် ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာဟာ ပြီးခဲ့တဲ့ရာသီက ရှမ်းယူနိုက်တက်အသင်းမှာ ခြေစွမ်းပြကစားခဲ့သူဖြစ်ကြောင်း သိရပါတယ်။

ရုဂျီဟီရိုတာဟာ ရှမ်းယူနိုက်တက်အသင်း မတိုင်မီ ဂျပန်နဲ့ ထိုင်းကလပ်အသင်းများစွာမှာ ကျင်လည်ကစားခဲ့သူဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်စီးတီးအသင်းဟာ ရုဂျီဟီရိုတာရဲ့ စာချုပ်သက်တမ်းကို မဖော်ပြခဲ့ပေမဲ့ တစ်ရာသီသက်တမ်းသာဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။

ရန်ကုန်စီးတီးအသင်းဟာ ဂျပန်ကစားသမားမတိုင်မီ ဘရာဇီးနောက်ခံလူ ပက်ဒရိုကို ခေါ်ယူထားကြောင်း သိရပါတယ်။

ရန်ကုန်စီးတီးအသင်းဟာ လက်ရှိမှာ ပြည်ပကစားသမား (၂) ဦး၊ ပြည်တွင်းကစားသမား (၆) ဦးအထိ ခေါ်ယူထားပြီးဖြစ်ပါတယ်။

ရန်ကုန်စီးတီးအသင်းဟာ ပြည်ပကစားသမားများအဖြစ် ဘရာဇီးနောက်ခံလူ ပက်ဒရို၊ ဂျပန်ကစားသမား ရုဂျီဟီရိုတာ၊ ပြည်တွင်းကစားသမားများအဖြစ် ဇွဲထက်မင်း၊ ဇွဲခန့်မင်း၊ ဘုန်းသစ္စာမင်း၊ မြတ်ကောင်းခန့် ၊ သန်းတိုးအောင်၊ စိုးအာကာတို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။

ရန်ကုန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသုံးပြုခဲ့တဲ့ ပြည်ပကစားသမား (၅) ဦးစလုံးနဲ့ လမ်းခွဲထားပြီးဖြစ်ပါတယ်။

Photo- YCFC

■ နော်ဝေနဲ့ပွဲ အင်္ဂလန်အသင်းကစားပုံနဲ့ပတ်သက်ပြီး နည်းပြ တူဟယ်လ်နဲ့ ဘယ်လင်ဂမ် အငြင်းပွား၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိ...
12/07/2026

■ နော်ဝေနဲ့ပွဲ အင်္ဂလန်အသင်းကစားပုံနဲ့ပတ်သက်ပြီး နည်းပြ တူဟယ်လ်နဲ့ ဘယ်လင်ဂမ် အငြင်းပွား

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် အင်္ဂလန် ၂-၁ နော်ေ၀ ပွဲစဉ်မှာ အင်္ဂလန်အသင်းကစားပုံနဲ့ပတ်သက်ပြီး နည်းပြ တူဟယ်လ်နဲ့ ဘယ်လင်ဂမ်တို့ မီဒီယာထက်မှာ အငြင်းပွားခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲမှာ ဘယ်လင်ဂမ်သွင်းယူပေးတဲ့ ဂိုးနှစ်ဂိုးနဲ့အတူ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်ကို ခရီးဆက်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အင်္ဂလန်အသင်းနည်းပြ တူဟယ်လ်က အသင်းကစားပုံ လျော့တိလျော့ရဲနိုင်ပြီး အနိုင်ရတာ ကံကောင်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒီပြောဆိုမှုအပေါ် ဘယ်လင်ဂမ်က ''ဒီလိုအခြေအနေမှာ ဘယ်လိုကစားရမလဲဆိုတာ သူမသိတာလည်း ဖြစ်နိုင်ပါတယ်။ ဟာလန်း၊ နူဆာ၊ ဆော်လော့သ်တို့ပါဝင်တဲ့အသင်းက လွယ်ကူတဲ့ပြိုင်ဘက် မဟုတ်ပါဘူး''လို့ ပြောကြားခဲ့ပါတယ်။

တူဟယ်လ်ကတော့ ဘယ်လင်ဂမ် မမှားပေမဲ့ ကစားသမားတွေအနေနဲ့ အခုထက်ပိုကောင်းဖို့ လိုအပ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၅ ဇန်နဝါရီ ၁ ရက်မှာ အင်္ဂလန်အသင်းနည်းပြ ဖြစ်လာပြီးနောက်ပိုင်း တူဟယ်လ်နဲ့ ဘယ်လင်ဂမ်အကြား ဆက်ဆံရေးက သိပ်မကောင်းခဲ့ပါဘူး။

ကမ္ဘာ့ဖလားမတိုင်ခင်မှာလည်း ဘယ်လင်ဂမ်က တူဟယ်လ်ရဲ့အသင်းမှာ ပွဲထွက်ခွင့်မသေချာတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။

★ ဝင်းသိင်္ဂီထွန်နဲ့ ရတနာပုံအမျိုးသမီးအသင်းကို MFF အရေးယူမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့်...
12/07/2026

★ ဝင်းသိင်္ဂီထွန်နဲ့ ရတနာပုံအမျိုးသမီးအသင်းကို MFF အရေးယူ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီဟာ ရတနာပုံအမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းနဲ့ ရတနာပုံအမျိုးသမီးအသင်းတို့ကို အရေးယူပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် (၇) ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ ရတနာပုံအသင်းနဲ့ မြဝတီအမျိုးသမီးအသင်းတို့ပွဲမှာ ရတနာပုံအသင်းက ပယ်နယ်တီကန်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီပယ်နယ်တီကို ရတနာပုံအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက တမင်ရည်ရွယ်ချက်ရှိစွာနဲ့ ဘေးချော်ကန်ခဲ့ပါတယ်။ ဒီဖြစ်စဥ်အတွက် MFF က ဝင်းသိင်္ဂီထွန်းကို လူတွေ့ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ရာမှာ ဝင်းသိင်္ဂီထွန်းက မြဝတီကစားသမားများက ပယ်နယ်တီပေးမှုအပေါ် ကျေနပ်မှုမရှိပဲ ပြင်းပြင်းထန်ထန် စောဒကတက်နေကြကြောင်း၊ ပယ်နယ်တီပေးရင် ပွဲကို ဆက်မကစားတော့ပဲ ကွင်းအတွင်းမှ ထွက်ခွာမှာဖြစ်ကြောင်း စသဖြင့် ခြိမ်းခြောက်ပြောဆိုနေကြတာကြောင့် Fair- Play အရ တမင်ဘေးချော်ကန်ပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ MFF က ဝင်းသိင်္ဂီထွန်းရဲ့ လုပ်ရပ်ဟာ ပြိုင်ပွဲစည်းမျဥ်းစည်းကမ်း၊ အားကစားပြိုင်ဆိုင်မှုဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီခြင်း၊ ကွင်းလယ်ဒိုင်၏ ဆုံးဖြန်ချက်ကို ကစားသမားတစ်ဦးက ပြန်လည်အစားထိုး ပြင်ဆင်သည့်သဘောသက်ရောက်ခြင်း၊ နောင်တွင်ကစားသမားများအပေါ် မလိုလားအပ်သည့် ဖိအားများ ဖြစ်ပေါ်လာစေနိုင်ခြင်း၊ ပြိုင်ပွဲ၏ ပုံမှန်ယှဥ်ပြိုင်မှုအပေါ် ထိခိုက်စေခြင်း အစရှိတဲ့ ပြစ်မှုများမြောက်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် MFF ဟာ ဝင်းသိင်္ဂီထွန်းကို အနီးစပ်ဆုံး တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေ ကျပ် (၂) သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရတနာပုံအသင်းနည်းပြ ဦးဘိုဘိုအောင်ဟာ ပွဲအပြီး အင်တာဗျူးဖြေကြားရာမှာ တာဝန်ကျဒိုင်လူကြီးများကို ဝေဖန်ပြောဆိုခဲ့တဲ့အတွက် စည်းကမ်းထိန်းသိမ်းရေးအပိုဒ် (၁၇) ကို ကျူးလွန်ရာရောက်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် MFF ဟာ ရတနာပုံအမျိုးသမီးအသင်းကို ဒဏ်ကြေးငွေ ကျပ် (၇) သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် မြဝတီအမျိုးသမီးအသင်းမှ ကစားသမားတွေဟာ ကွင်လယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်မှုအပေါ် မကျေနပ်တဲ့အတွက် ကွင်းအတွင်းမှ ထွက်ခွာမယ့် ကိုယ်အမူမရာများ တွေ့ရှိခဲ့ရကြောင်း သတ်မှတ်ခဲ့ပါတယ်။ ဒီအတွက် MFF ဟာ မြဝတီအမျိုးသမီးကို နောက်ဆုံးအကြိမ် ပြင်းထန်စွာသတိပေးအကြောင်းကြားကြောင်း သိရပါတယ်။

Photo- YWFC & MWL

12/07/2026

အင်္ဂလန်အတွက် အထူးချွန်ဆုံး ဘယ်လင်ဂမ်

12/07/2026

ဥရောပ ယူ-၁၉ ပြိုင်ပွဲမှာ စပိန်အသင်း ၁၀ ကြိမ်မြောက် ဗိုလ်စွဲ

၂၀၂၆ ဥရောပ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းက ဂျာမနီအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီး ၁၀ ကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။

■ ကိုလံဘီယာနောက်ခံလူ ကမ်ပက်ဇ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရကိုလံဘီယာလက်ရွေးစင်နောက်ခံလူ ယာမင်တန်ကမ်ပက်ဇ်ဟာ အသက်အန္တရာယ် ခ...
12/07/2026

■ ကိုလံဘီယာနောက်ခံလူ ကမ်ပက်ဇ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရ

ကိုလံဘီယာလက်ရွေးစင်နောက်ခံလူ ယာမင်တန်ကမ်ပက်ဇ်ဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ လက်ခံရရှိခဲ့ပြီး လူမှုကွန်ရက်မှာလည်း ဝေဖန်တိုက်ခိုက်ခံခဲ့ရပါတယ်။

ကမ်ပက်ဇ်(၃၂ နှစ်)ဟာ ဆွစ်ဇာလန်နဲ့ ၁၆ သင်းအဆင့်ပွဲစဉ် အချိန်ပို နောက်ဆုံးခြောက်မိနစ်အတွင်း အပိုင်အခွင့်အရေးရပေမဲ့ သူ့ကန်ချက်က ဂိုးဘားပေါ် ကျော်သွားခဲ့တာဖြစ်တယ်။

ကမ်ပက်ဇ်ဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ သူ့ကန်သွင်းမှု ဂိုးဝင်ခဲ့ပေမဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံလာရတာဖြစ်တယ်။

ကြာသပတေးနေ့နံနက်ပိုင်းက ကိုလံဘီယာအသင်းရဲ့အိမ်ပြန်ခရီးမှာ ကမ်ပက်ဇ်ဟာ သူ့အသက်အန္တရာယ်စိုးရိမ်လို့ လိုက်ပါမသွားခဲ့ပါဘူး။

ကမ်ပက်ဇ်အနေနဲ့ လက်ရှိမှာ အမေရိကန်မှာပဲ ဆက်ရှိနေသလား၊ မိခင်ကလပ်ဖြစ်တဲ့ အာဂျင်တီးနားကလပ် စင်ထရယ်အသင်းထံပဲ ပြန်သွားသလားဆိုတာ မသိရပါဘူး။

ကမ်ပက်ဇ်ကတော့ Instagram ကနေ လေးစားမှုနဲ့ အေးဆေးတည်ငြိမ်မှု ထားရှိပေးဖို့ တောင်းဆိုခဲ့ပါတယ်။

၁၉၉၄ ကမ္ဘာ့ဖလားမှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ ကိုလံဘီယာနောက်ခံလူ အက်စ်ကိုဘာ မိခင်နိုင်ငံကို ပြန်အရောက်မှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။

■ သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဂေါ့ဖ်အတူကစားခဲ့ရတာဟာ အိပ်မက်လိုပဲလို့ ဟာရီကိန်း ဖွင့်ဟအင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိ...
12/07/2026

■ သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဂေါ့ဖ်အတူကစားခဲ့ရတာဟာ အိပ်မက်လိုပဲလို့ ဟာရီကိန်း ဖွင့်ဟ

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဂေါ့ဖ်အတူကစားခဲ့ရတာဟာ အိပ်မက်လိုပဲလို့ ဖွင့်ဟခဲ့ပါတယ်။

ဟာရီကိန်းဟာ ဒေါ်နယ်ထရန့်နဲ့ လွန်ခဲ့တဲ့ ၁၈ လက ဂေါ့ဖ်အတူကစားခဲ့တာကို အခုမှ ပြောဆိုလာခဲ့တာဖြစ်တယ်။

''အရိုးသားဆုံးပြောရင် ကျွန်တော် ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော် Palm Beach မှာရောက်နေတုန်း သမ္မတက ဂေါ့ဖ်ကစားဖို့ ဖိတ်ခေါ်ခဲ့တာပါ။ သူနဲ့ ဂေါ့ဖ်အတူကစားရတာ မယုံနိုင်စရာကောင်းပြီး အိပ်မက်ဆန်တဲ့
အတွေ့အကြုံပါပဲ။ သူ ဂေါ့ဖ်ရိုက်တာ အတော်ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ သူ့အသက်အရွယ်မှာ သူ့လောက်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ကျွန်တော့်ကို ဂေါ့ဖ်ကစားဖို့ ဖိတ်ခေါ်တဲ့
အတွက် ကျေးဇူးတင်ပါတယ်''လို့ ဟာရီကိန်းက ပြောခဲ့ပါတယ်။

ဟာရီကိန်းက အခုလို ဖွင့်ဟလာပြီးနောက် ထရန့်ကလည်း ''ကိန်းဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော် သူနဲ့အတူ ဂေါ့ဖ်ကစားခဲ့ပြီး သူ့ကို အတော်ကြိုက်ပါတယ်။ သူဟာ ဂေါ့ဖ်သမား
ကောင်းတစ်ဦးဖြစ်သလို၊ သူက တကယ်ကို တော်ပါတယ်''လို့ တုံ့ပြန်ခဲ့ပါတယ်။

ဟာရီကိန်းဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက် အင်္ဂလန်အသင်းအတွက် ခြောက်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးထားပါတယ်။

⚽ နှစ်ထပ်ကွမ်းလား၊ သုံးထပ်ကွမ်းလား၊ လေးထပ်ကွမ်းလား    ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ချန်ပီယံဟောင်းတွေရဲ့ အားပြိုင်ပွဲ ဖြ...
12/07/2026

⚽ နှစ်ထပ်ကွမ်းလား၊ သုံးထပ်ကွမ်းလား၊ လေးထပ်ကွမ်းလား

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ချန်ပီယံဟောင်းတွေရဲ့ အားပြိုင်ပွဲ ဖြစ်လာခဲ့ပါပြီ။ ဆီမီးဖိုင်နယ်ရောက်လာတဲ့ (၄)သင်းစလုံးက ချန်ပီယံဆု ရရှိဖူးကြတဲ့ ချန်ပီယံဟောင်းတွေ ဖြစ်တာကြောင့်ပါ။ ဒီ(၄)သင်းထဲမှာ အအောင်မြင်ဆုံးကတော့ ချန်ပီယံဆု (၃)ကြိမ်ရရှိထားတဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဖြစ်ပြီး ချန်ပီယံဆုကို (၄)ကြိမ်မြောက်ရယူနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒုတိယအအောင်မြင်ဆုံးအသင်းတွေဖြစ်တဲ့ ဂျာမနီနဲ့ အီတလီတို့ကို လိုက်မီသွားမှာပါ။ လက်ရှိ ဆီမီးဖိုင်နယ်ရောက်(၄)သင်းထဲမှာ ဒုတိယအအောင်မြင်ဆုံးကတော့ ချန်ပီယံဆု(၂)ကြိမ်ရရှိထားတဲ့ ပြင်သစ်အသင်းဖြစ်ပြီး အင်္ဂလန်နဲ့ စပိန်ကတော့ တစ်ကြိမ်စီသာ ရရှိထားပါတယ်။ အင်္ဂလန်အသင်းက ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ချန်ပီယံဆု ရရှိခဲ့ခြင်းဖြစ်တာကြောင့် အားလုံးထဲမှာ ဆုဖလားနဲ့ အဝေးကွာဆုံးလည်း ဖြစ်နေပါတယ်။ လက်ရှိ(၄)သင်းထဲမှာ ချန်ပီယံဆုအတွက် အလေးပေးခံရမှု အနိမ့်ဆုံးအသင်းလည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ အလေးပေးမှုနှုန်းထားတွေကတော့ ခြားနားမှုသိပ်မရှိကြပါဘူး။ ပြင်သစ်က (၁၃း၈)လေး သတ်မှတ်ခံထားရပြီး စပိန်က (ရး၂)လေး၊ အာဂျင်တီးနားက (၄း၁)လေး၊ အင်္ဂလန်က (၅း၁)လေး သတ်မှတ်ခံထားရတာပါ။

ဆီမီးဖိုင်နယ်ရောက် အသင်း(၄)သင်းက ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး(၄)နေရာ ရပ်တည်နေကြတဲ့အသင်းတွေလည်း ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်တဲ့ ဇွန်(၁၁)ရက်နေ့မှာ ဖီဖာက နောက်ဆုံးကမ္ဘာ့အဆင့်သတ်မှတ်ချက် ထုတ်ပြန်ခဲ့ပြီး ပြင်သစ်က ထိပ်ဆုံးနေရာ၊ အာဂျင်တီးနားက ဒုတိယနေရာ၊ စပိန်က တတိယနေရာနဲ့ အင်္ဂလန်က စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ဖီဖာက လက်ရွေးစင်ဘောလုံးအသင်းတွေရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကို ၁၉၉၂ ဒီဇင်ဘာမှာ စတင်ထုတ်ပြန်ခဲ့တာကြောင့် ၁၉၉၄ ကမ္ဘာ့ဖလားကနေ ၂၀၂၂ ကမ္ဘာ့ဖလားအထိ ကမ္ဘာ့ဖလားပြိုင်ပွဲ(၈)ကြိမ် ကြုံတွေ့ခဲ့ပြီးပြီဖြစ်ပေမဲ့ ထိပ်ဆုံး(၄)နေရာ ရပ်တည်နိုင်တဲ့အသင်းတွေ ဆီမီးဖိုင်နယ်တက်ရောက်နိုင်တာ မရှိခဲ့ဖူးပါဘူး။ ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီတော့ လတ်တလောကာလမှာ စွမ်းဆောင်ရည်အကောင်းဆုံးအသင်း(၄)သင်း ဆီမီးဖိုင်နယ်တက်ရောက်လာနိုင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ ပြင်သစ်က ကမ္ဘာ့အဆင့် နံပါတ်(၁)အသင်းဖြစ်နေခြင်းနဲ့ ကိုက်ညီမှုရှိအောင် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူသွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်နဲ့ စပိန်၊ အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြင်သစ်နဲ့ အာဂျင်တီးနား ဗိုလ်လုပွဲမှာ ဆုံတွေ့ရဖို့ အလားအလာအကောင်းဆုံးဖြစ်နေကြောင်း ထင်ကြေးပေးနေကြပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ရရှိခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲကို ထပ်မံတက်လှမ်းနိုင်ခဲ့တဲ့ ပြင်သစ်အသင်းက အတည်ငြိမ်ဆုံးနဲ့ အတောင့်တင်းဆုံးအသင်း ဖြစ်နေတာကြောင့် ချန်ပီယံဆုအတွက်လည်း တစ်ပေးခံထားရပါတယ်။ အမ်ဘာပေ ဦးဆောင်တဲ့ ပြင်သစ်အသင်းရဲ့ တိုက်စစ်ကို တားဆီးနိုင်ဖို့ခက်သလို၊ ဆာလီဘာဦးဆောင်တဲ့ ပြင်သစ်အသင်းရဲ့ ခံစစ်ကလည်း ထိုးဖောက်ရခက်ပါတယ်။ ပြင်သစ်အသင်းက အုပ်စုအဆင့်မှာသာ ဂိုးပေးခဲ့ရပြီး ရှုံးထွက်အဆင့်မှာ ဂိုးမပေးရသေးပါဘူး။ စပိန်ကလည်း ဒီပြိုင်ပွဲမှာ ခံစစ်စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ပွဲမှာတော့ ပေးဂိုးမဲ့မှတ်တမ်း ကျိုးပျက်သွားခဲ့ပါတယ်။ ကျွမ်းကျင်သူတွေက ပြင်သစ်ပြီးရင် စပိန်အသင်းကို အကောင်းဆုံးလို့ သတ်မှတ်ထားကြပြီး ဗိုလ်လုပွဲမှာမှ ဆုံတွေ့သင့်တဲ့အသင်းတွေဖြစ်ကြောင်းလည်း မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ပွဲစဉ်လမ်းကြောင်းအရ ဆီမီးဖိုင်နယ်မှာပဲ ဆုံတွေ့ခဲ့ကြတာကြောင့် ဗိုလ်လုပွဲကို တစ်သင်းပဲ တက်ရောက်နိုင်တော့မှာပါ။ အာဂျင်တီးနားနဲ့ အင်္ဂလန်ကိုတော့ ပြင်သစ်နဲ့ပဲတွေ့တွေ့၊ စပိန်နဲ့ပဲ တွေ့တွေ့ ချန်ပီယံဆု ရယူနိုင်ဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ ကျွမ်းကျင်သူအများစုက သုံးသပ်ထားပါတယ်။ ဒီနှစ်သင်းက ကွာတားဖိုင်နယ်မှာ ပြိုင်ဘက်တွေကို အချိန်ပိုရောက်မှ ကျော်ဖြတ်နိုင်ခဲ့တာကြောင့် အခုလိုခန့်မှန်းခံရတာလည်း အဆိုးမဆိုသာပါဘူး။ ဒါပေမဲ့ ခန့်မှန်းမှုတိုင်း မှန်ကန်လိမ့်မယ်လို့လည်း အာမခံချက်မရှိပါဘူး။ ဘယ်လိုရလဒ်အဖြေ ထွက်ပေါ်လာမလဲဆိုတာ လက်တွေ့ယှဉ်ပြိုင်ကစားချိန်မှာမှ သိရှိနိုင်မှာပါ။ ဘယ်သူတွေ ဗိုလ်လုပွဲအထိ အရောက်လှမ်းနိုင်မလဲ။ ချန်ပီယံဆုကို ပြင်သစ်အသင်းကပဲ သုံးထပ်ကွမ်းအဖြစ် ရယူသွားနိုင်မလား၊ အာဂျင်တီးနားကပဲ လေးထပ်ကွမ်းအဖြစ် ရယူသွားနိုင်မလား၊ အင်္ဂလန်နဲ့ စပိန်တို့ကပဲ နှစ်ထပ်ကွမ်းအဖြစ် ရယူသွားနိုင်မလား ဆိုတာ . . . ။

Photos: X

Address

No. (65)/Corner Of Myamarlar Street And Myanma Gon Yi Street, Thaketa Industrial Zone, Thaketa Township
Yangon
11231

Alerts

Be the first to know and let us send you an email when Eleven Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eleven Sports:

Shortcuts

Share