Eleven Sports

Eleven Sports THE MOST RELIABLE PARTNER BY THE PEOPLE FOR THE PEOPLE

"Visit us: www.news-eleven.com

■ Telegram ~ https://t.me/elevensports11

Eleven Media Group was established on June, 2000.
• First Eleven Sports Journal was established on 8th June, 2000.
• Premier Eleven Sports Journal was established on 31st August, 2003.
www.first-11.com sport news website was established in 2004.
• Weekly Eleven News Journal was established on 12th October, 2005.
• Biweekly Eleven News Journal was established on 14th March, 2008.
www.news-elev

en.com news website was established in 2009.
www.facebook.com/ElevenMediaGroup was established in 2010.
• Web Printing Factory has been started the operation in 2011.
• Eleven Media Group was awarded the 2011 press freedom prize by
Reporters without Borders (RSF).
• Daily Eleven SMS service was established in 2012.
• English edition news website (www.elevenmyanmar.com ) was established
in 2012.
• The Eleven Web TV was established on 1st January, 2013.
• The Daily Eleven Newspaper was established on 3rd May, 2013.

■ မန်ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် ဂလက်စနာ ရေပန်းအစားဆုံးဖြစ်နေမန်ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနည်း...
06/01/2026

■ မန်ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် ဂလက်စနာ ရေပန်းအစားဆုံးဖြစ်နေ

မန်ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စနာက ရေပန်းအစားဆုံးဖြစ်နေတယ်လို သိရပါတယ်။

ဂလက်စနာနောက်မှာ လက်ရှိယာယီနည်းပြ ဒါရင်းဖလက်ချာ၊ ချယ်လ်ဆီးနည်းပြဟောင်း မာရက်စကာတိုနဲ့ ကပ်လိုက်နေပါတယ်။

ဂလက်စနာဟာ အခုရာသီကုန်မှ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းက ရာသီကုန်အထိ နည်းပြတစ်ဦးကို ခန့်အပ်ဖို ပြင်ဆင်နေပြီး နွေရာသီရောက်မှ ကာလကြာရှည်ကိုင်တွယ်မယ့် နည်းပြကို ခန့်အပ်မယ်လိုလည်း သတင်းထွက်နေပါတယ်။

ဒါကြောင့် တချိုဘွတ်ကီဒိုင်တွေမှာ ဖလက်ချာကို နံပါတ်တစ်နေရာ ပေးထားတာမျိုးတွေလည်း တွေ့ရပါတယ်။

ဖလက်ချာဟာ ဗုဒ္ဓဟူးနေ့မှာ ဘန်လေနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲအပြင် တနင်္ဂနွေနေ့မှာကစားမယ့် ဘရိုက်တန်နဲ့ FAဖလားပွဲကိုလည်း တာဝန်ယူဖိုရှိနေပါတယ်။

06/01/2026

မန်စီးတီးနောက်ခံလူ ဂယ်ဗာဒီယောလ်ရဲ့ ညို့သကျည်းရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမယ်
မန်စီးတီးနောက်ခံလူ ဂယ်ဗာဒီယောလ်ဟာ ချယ်လ်ဆီးနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ညို့သကျည်းရိုးကျိုးဒဏ်ရာ ခွဲစိတ် ကုသမှု ခံယူရမယ်လို့ သိရပါတယ်။

■ ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် ရိုဆီနီယာကို အတည်ပြုခန့်အပ်ချယ်လ်ဆီးအသင်းဟာ အသင်းနည်းပြသစ်အဖြစ် လီယမ်ရိုဆီနီယာကို ခန့်အပ်...
06/01/2026

■ ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် ရိုဆီနီယာကို အတည်ပြုခန့်အပ်

ချယ်လ်ဆီးအသင်းဟာ အသင်းနည်းပြသစ်အဖြစ် လီယမ်ရိုဆီနီယာကို ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံသားနည်းပြ ရိုဆီနီယာ(၄၁ နှစ်)ဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်တယ်။

၎င်းဟာ ချယ်လ်ဆီးရဲ့ပိုင်ရှင်တူကလပ်ဖြစ်တဲ့ ပြင်သစ်ကလပ် စထရာဘိုးအသင်းကနေ ပြောင်းရွှေ့လာခဲ့တာပါ။

ရိုဆီနီယာဟာ စထရာဘိုးအသင်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လက စတင်တာဝန်ယူခဲ့ပြီး ပထမဆုံးရာသီမှာပဲ ၁၉ နှစ်အတွင်း ဥရောပဝင်ခွင့်ပြန်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ရိုဆီနီယာအနေနဲ့ အင်္ဂလန်အောက်တန်းကလပ်တွေဖြစ်တဲ့ ဟားလ်စီးတီး၊ ဒါဘီအသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။

■ စီးရီးအေ ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်◘ လက်ချီ - ရိုးမား (ည ၁၁း၃၀ နာရီ)ရိုးမားအသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည်က ရာသီအစပိ...
06/01/2026

■ စီးရီးအေ ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်

◘ လက်ချီ - ရိုးမား (ည ၁၁း၃၀ နာရီ)

ရိုးမားအသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည်က ရာသီအစပိုင်းမှာ တော်တော်လေး ကောင်းခဲ့ပေမဲ့ တဖြည်းဖြည်း အကျဘက်ရောက်လာတယ်။ ယူရိုပါလိဂ်မှာ အနိုင်ရထားပေမဲ့ စီးရီးအေ နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ထားတယ်။ တန်းဆင်းဇုန်နားကပ်နေတဲ့ လက်ချီကတော့ နှစ်ပွဲဆက် ပွဲကျပ်ကစားရတာဖြစ်ပြီး ပြီးခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့တယ်။ ဂိုးနည်းတဲ့ သရေပွဲဖြစ်နိုင်တယ်။

◘ ဆာဆူအိုလို - ဂျူဗင်တပ်စ် (ဇန်နဝါရီလ ၇ ရက် နံနက် ၂း၁၅ နာရီ)

တန်းဆင်းဇုန်နဲ့ဝေးဖို့ ရုန်းကန်နေတဲ့ လက်ချီအသင်းနဲ့အတွေ့မှာ ဂျူဗင်တပ်စ်အသင်းရဲ့ နိုင်ပွဲဆက်မှု ရပ်တန့်သွားတယ်။ ဒါပေမဲ့ အဆင့် ၅ နေရာက ရိုးမားအသင်းလည်း ရှုံးပွဲကြုံခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာကို တက်ရောက်လာနိုင် ခဲ့တယ်။ ဂျူဗင်တပ်စ်အသင်းက ခံစစ်ပိုင်းကျစ်လျစ်ပေမဲ့ တိုက်စစ်ပိုင်းကတော့ အားနည်းနည်းပျော့တယ်။ နိုဝင်ဘာနောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံရှစ်ပွဲမှာ နှစ်ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲ မရှိသေးဘူး။ တန်းတက် ဆာဆူအိုလိုကလည်း အရှိန်ပြန်ကျလာပြီး
လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတယ်။ ဂျူဗင်တပ်စ်အသင်း ဂိုးမပြတ်ဘဲ အနိုင်ရဖို့ရှိတယ်။

◘ အခြားပွဲစဉ်

ပီဆာ - ကိုမို*

Photos: Lega Serie A, Teams' Facebook

■ ပရီးမီးယားလိဂ် ပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်◘ ဝက်စ်ဟမ်း - နော်တင်ဟမ်ဖောရက်စ် (ဇန်နဝါရီလ ၇ ရက် နံနက် ၂း၃၀ နာရီ)ဝက်စ်ဟမ်း...
06/01/2026

■ ပရီးမီးယားလိဂ် ပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်

◘ ဝက်စ်ဟမ်း - နော်တင်ဟမ်ဖောရက်စ် (ဇန်နဝါရီလ ၇ ရက် နံနက် ၂း၃၀ နာရီ)

ဝက်စ်ဟမ်းအသင်းက ရက်ပိုင်းအတွင်း တောင်အမေရိကတိုက်စစ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဘရာဇီးလ်သား ပါဘလိုဖိလစ်ပီနဲ့ အာဂျင်တီးနားသား ကက်စတယ်လာနို့စ်တို့ကို ခေါ်ယူထားတယ်။ အခုပွဲလူစာရင်းမှာတော့ ပါဘလိုဖိလစ်ပီ ပါဝင်လာနိုင်တယ်။
နော်တင်ဟမ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် လေးပွဲဆက် အရေးနိမ့်ထားခဲ့တယ်။ ဝက်စ်ဟမ်း အမှတ်ပိုလိုနေလို့ အိမ်ရှင်ကိုပဲ ရွေးချယ်ချင်တယ်။

Photos: Premier League, Teams' Facebook

06/01/2026

ဖာဂူဆန်ခေတ်လွန် မန်ချက်စတာယူနိုက်တက်နည်းပြများထဲ အာမိုရင်မ် မှတ်တမ်းအဆိုးဆုံးဖြစ်ခဲ့

ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အခုရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ရူဘင်အာမိုရင်မ်က မှတ်တမ်းအဆိုးဆုံး ဖြစ်ခဲ့ပါတယ်။

■ အာမိုရင်မ်အား ထုတ်ပယ်မှုအတွက် မန်ယူနိုက်တက်အသင်း ပေါင် ၁၂ သန်းခန့် ကုန်ကျနိုင်မန်ယူနိုက်တက်အသင်းဟာ နည်းပြ ရူဘင်အာမိုရင...
06/01/2026

■ အာမိုရင်မ်အား ထုတ်ပယ်မှုအတွက် မန်ယူနိုက်တက်အသင်း ပေါင် ၁၂ သန်းခန့် ကုန်ကျနိုင်

မန်ယူနိုက်တက်အသင်းဟာ နည်းပြ ရူဘင်အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ခဲ့မှုအတွက် လျော်ကြေး ပေါင် ၁၂ သန်းခန့် ကုန်ကျနိုင်ပါတယ်။

မန်ယူနိုက်တက်အနေနဲ့ အာမိုရင်မ်ကို ခေါ်ယူခဲ့ချိန်တုန်းကလည်း စပို့တင်းလစ္စဘွန်းအသင်းထံ စာချုပ်လျော်ကြေး ပေါင် ၁၁ သန်း ပေးချေခဲ့ရပါတယ်။

အာမိုရင်မ်ဟာ မန်ယူနိုက်တက်အသင်းမှာ တစ်ပတ် ပေါင် ၁၂၅၀၀၀ နဲ့ တစ်နှစ် ပေါင် ၆.၅ သန်း ရရှိခဲ့သူပါ။

ဒါကြောင့် လက်ကျန်စာချုပ်သက်တမ်းက ၁၈ လ ရှိနေလို့ အပြည့်အဝပေးချေရရင် ပေါင် ၁၀ သန်းဝန်းကျင်လောက် ကုန်ကျပါလိမ့်မယ်။

သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေအပါအဝင်ဆိုရင်တော့ ပေါင် ၁၂ သန်းဝန်းကျင် ရှိသွားနိုင်တယ်လို့ University Campus of Football Business အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ရော့ဘ်ဝီလ်ဆင်က သုံးသပ်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ တန်ဟက်ဂ်ကို ရာထူးက ထုတ်ပယ်ချိန်ကလည်း လျော်ကြေး ပေါင် ၁၀.၄ သန်း ပေးခဲ့ရပါတယ်။

Photos: MEN, Mirror Football

■ ရှစ်ပွဲသာကိုင်တွယ်ရသေးတဲ့ နန်စီကို ဆဲလ်တစ်အသင်း ထုတ်ပယ်ခဲ့ပြီး မာတင်အိုနေးလ်နဲ့ အစားထိုးစကော့တလန်ထိပ်သီးကလပ် ဆဲလ်တစ်အသ...
06/01/2026

■ ရှစ်ပွဲသာကိုင်တွယ်ရသေးတဲ့ နန်စီကို ဆဲလ်တစ်အသင်း ထုတ်ပယ်ခဲ့ပြီး မာတင်အိုနေးလ်နဲ့ အစားထိုး

စကော့တလန်ထိပ်သီးကလပ် ဆဲလ်တစ်အသင်းဟာ ရှစ်ပွဲသာ ကိုင်တွယ်ရသေးတဲ့ နည်းပြ ဝီလ်ဖရက်နန်စီကို
ရာထူးက ထုတ်ပယ်ခဲ့ပြီး ဝါရင့်နည်းပြ မာတင်အိုနေးလ်နဲ့ အစားထိုးခဲ့ပါတယ်။

ဒီဇင်ဘာလအစပိုင်းကမှ ဆဲလ်တစ်နည်းပြဖြစ်လာတဲ့ နန်စီဟာ ၃၃ ရက်သာ ကိုင်တွယ်ခဲ့ရပြီး သူ့လက်ထက်
ရှစ်ပွဲမှာ နှစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။

အိုနေးလ်(၇၃ နှစ်)အနေနဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ဘရန်ဒန်ရော်ဂျာစ် နုတ်ထွက်သွားခဲ့လို့ ဆဲလ်တစ်
အသင်းကို ယာယီတာဝန်ယူခဲ့ပြီး သူ့လက်ထက် ရှစ်ပွဲမှာ ခုနစ်ပွဲအထိ အနိုင်ရခဲ့ပါတယ်။

၎င်းဟာ ဆဲလ်တစ်အသင်းကို ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ငါးနှစ်ကြာ ကိုင်တွယ်ခဲ့ဖူးပါတယ်။

အိုနေးလ်ဟာ ဆဲလ်တစ်အသင်းကို ယခင်ကိုင်တွယ်ခဲ့တဲ့ ငါးနှစ်တာအတွင်း ဆုဖလား ခုနစ်လုံး ရယူပေးခဲ့
ပါတယ်။

အိုနေးလ်ရဲ့လက်ထောက်တွေအဖြစ် ရှောင်မာလိုနေ၊ မာ့ခ်ဖော်သာရင်ဂမ်၊ စတီဖင်မက်မာနပ်စ်တို့က ဆောင်
ရွက်မှာဖြစ်ပါတယ်။

Photos: Celtic

■ မန်စီးတီးနောက်ခံလူ ဂယ်ဗာဒီယောလ်ရဲ့ ညို့သကျည်းရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမယ်မန်စီးတီးနောက်ခံလူ ဂယ်ဗာဒီယောလ်ဟာ ချ...
06/01/2026

■ မန်စီးတီးနောက်ခံလူ ဂယ်ဗာဒီယောလ်ရဲ့ ညို့သကျည်းရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှု
ခံယူရမယ်

မန်စီးတီးနောက်ခံလူ ဂယ်ဗာဒီယောလ်ဟာ ချယ်လ်ဆီးနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ညို့သကျည်းရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ သိရပါတယ်။

၎င်းအနေနဲ့ ဒီဒဏ်ရာကို အခုရက်သတ္တပတ်နှောင်းပိုင်းမှာ ခွဲစိတ်ကုသမှု ခံယူမှာဖြစ်ပါတယ်။

ခရိုအေးရှားလက်ရွေးစင်(၂၃ နှစ်)ဟာ ဒီဒဏ်ရာကြောင့် ချယ်လ်ဆီးနဲ့ပွဲ ပွဲချိန် ၅၁ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။

ဂယ်ဗာဒီယောလ်က Instagram ကနေ ထောက်ခံအားပေးမှုတွေအတွက် ကျေးဇူးတင်စကား ဆိုခဲ့
ပါတယ်။

ချယ်လ်ဆီးနဲ့ပွဲမှာ အသင်းဖော်နောက်ခံလူဖြစ်တဲ့
ရူဘင်ဒီယက်စ်လည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းထံ အငှားချထားတဲ့ အကယ်ဒမီက မက်အယ်လင်းကို ပြန်လည်ခေါ်ယူခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာကစားမယ့် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ အသင်းလူစာရင်းကို ပါဝင်လာဖို့များပါတယ်။

■ လာဇီယိုတိုက်စစ်မှူး ကက်စတယ်လာနို့စ်ကို ဝက်စ်ဟမ်းအသင်း ခေါ်ယူပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ အ...
06/01/2026

■ လာဇီယိုတိုက်စစ်မှူး ကက်စတယ်လာနို့စ်ကို ဝက်စ်ဟမ်းအသင်း ခေါ်ယူ

ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ကက်စတယ်
လာနို့စ်ကို ခေါ်ယူခဲ့ပါတယ်။

ကက်စတယ်လာနို့စ်(၂၇ နှစ်)ဟာ ဝက်စ်ဟမ်းအသင်းနဲ့ လေးနှစ်ခွဲသက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်
တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။

ကက်စတယ်လာနို့စ်ရဲ့ပြောင်းရွှေ့ကြေးကတော့ ပေါင် ၂၅ သန်းဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

၎င်းဟာ ၂၀၂၃ ခုနှစ်မှာ လာဇီယိုအသင်းထံ ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၉၈ ပွဲကစားကာ ၂၂ ဂိုးသွင်း၊ ၁၆ ဂိုး ဖန်တီးခဲ့ပါတယ်။

ကက်စတယ်လာနို့စ်အနေနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် နှစ်ပွဲ ကစားခဲ့ပြီး နယူးယောက်စီးတီး၊
ဂျီရိုနာစတဲ့ ကလပ်တွေမှာလည်း ကစားခဲ့ဖူးပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ မကြာသေးခင်က ပေါ်တူဂီကလပ် ဗီဆင်တေးအသင်းက ဘရာဇီးလ်တိုက်စစ်မှူး ပါဘ
လိုဖိလစ်ပီကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူထားပါတယ်။

Photos: West Ham

■ ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်နည်းပြများထဲ အာမိုရင်မ် မှတ်တမ်းအဆိုးဆုံးဖြစ်ခဲ့ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်အသင်းကို ကို...
06/01/2026

■ ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်နည်းပြများထဲ အာမိုရင်မ် မှတ်တမ်းအဆိုးဆုံးဖြစ်ခဲ့

ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အခုရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ရူဘင်အာမိုရင်မ်က မှတ်တမ်းအဆိုးဆုံး ဖြစ်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်ခြောက်နေရာ ရပ်တည်နေပြီး နောက်ဆုံးခြောက်ပွဲမှာ နှစ်ပွဲသာ အနိုင်ရသလို၊ ကစားပြီးခဲ့တဲ့ လိဂ်ပွဲ ၂၀ ပွဲမှာလည်း ရှစ်ပွဲသာ နိုင်ခဲ့လို့ နိုင်ပွဲရာခိုင်နှုန်းကလည်း ၄၀ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

အာမိုရင်မ်(၄၀ နှစ်)လက်ထက် ပြိုင်ပွဲစုံ ၆၃ ပွဲမှာ
မန်ယူနိုက်တက်အသင်းက ၂၄ ပွဲနိုင်၊ ၁၈ ပွဲသရေ၊ ၂၁ ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပြီး အနိုင်ရာခိုင်နှုန်းကလည်း ၃၁.၉ ရာခိုင်နှုန်းသာရှိလို့ အသင်းအမြဲတမ်းနည်းပြတွေထဲ အနည်းဆုံးဖြစ်ခဲ့တယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ပွဲတွေမှာ သူ့ရဲ့ပျမ်းမျှရမှတ်က ၁.၂၃ မှတ်သာ ရှိခဲ့လို့ ၂၀၁၃ ခုနှစ်မှာ ဂန္ထဝင်နည်းပြ ဖာဂူဆန် အသင်းကနေထွက်ခွာပြီးကတည်းက အသင်းနည်းပြဖြစ်လာသူတွေထဲ အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

ကိုင်တွယ်ရတဲ့ လိဂ်ပွဲနဲ့ အချိုးချကြည့်မှုမှာ တစ်ပွဲပျမ်းမျှပေးဂိုး ၁.၅၃ ဂိုး၊ clean sheet ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့တာကလည်း မန်ယူနိုက်တက်နည်းပြတွေထဲ အနည်းဆုံးပါပဲ။

မန်ယူနိုက်တက်အသင်းကို အာမိုရင်မ် စတင်ကိုင်တွယ်ကတည်းက ပရီးမီးယားလိဂ်မှာ အသင်းထက် ရမှတ်နည်းတာဆိုလို့ သုံးသင်းသာရှိပြီး
မန်ယူနိုက်တက်(၅၈ မှတ်)ထက် စပါး(၄၆ မှတ်)၊
ဝက်စ်ဟမ်း(၄၅ မှတ်)၊ ဝုလ်ဗ်(၃၉ မှတ်)အသင်းတွေသာ ရမှတ်လျော့နည်းခဲ့တာ ဖြစ်ပါတယ်။

Photos: MEN, Premier League

■ အာဖရိကနိုင်ငံများဖလား ၁၆ သင်းအဆင့် ရလဒ်အီဂျစ် ၃-၁ ဘီနင်(မိနစ် ၉၀ ၁-၁၊ အချိန်ပိုတွင် အီဂျစ် နိုင်)နိုင်ဂျီးရီးယား ၄-၀ မ...
06/01/2026

■ အာဖရိကနိုင်ငံများဖလား ၁၆ သင်းအဆင့် ရလဒ်

အီဂျစ် ၃-၁ ဘီနင်
(မိနစ် ၉၀ ၁-၁၊ အချိန်ပိုတွင် အီဂျစ် နိုင်)

နိုင်ဂျီးရီးယား ၄-၀ မိုဇမ်ဘစ်

■ လိဂ်ချန်ပီယံရှစ် ရလဒ်

လက်စတာ ၂-၁ ဝက်စ်ဘရွန်း

Photos: Africa Cup of Nations

Address

No. (65)/Corner Of Myamarlar Street And Myanma Gon Yi Street, Thaketa Industrial Zone, Thaketa Township
Yangon
11231

Alerts

Be the first to know and let us send you an email when Eleven Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eleven Sports:

Share