Duwun Sports

Duwun Sports မျိုးဆက်သစ်တို့ရဲ့မီဒီယာ အားကစားစိတ်ဝင်စားတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် Duwun ရဲ့ Duwun Sports သတင်းမီဒီယာ
(1511)

29/08/2026

နာပိုလီအသင်းအခြေစိုက်တဲ့ နေပယ်လ်မြို့က စားသောက်ဆိုင်တခုထဲကို မီလန်ဂျာစီဝတ်ထားတဲ့ ကောင်လေးက ဝင်သွားပြီး Forza Milan လို့ အော်ပြီးထွက်ပြေးတာပါ။ နာပိုလီပရိသတ်တွေလို့ ယူဆရတဲ့ ဆိုင်ရှင်တွေ ဒီကောင်လေး လာနှောင့်လို့ ပြေးလိုက်ပေမယ့် မမီလိုက်ပါဘူး။ ငပြောင်တွေ။ 🤣😄😁😆

Video Credit : Vincenzodezio

စတုဂတ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ ဟယ်ရီကိန်းရဲ့ ဘောလုံးပေးပို့ခဲ့ပုံတခုပါ။ ကွင်းလယ်ထိ ဆင်းပြီး ဘောလုံးရယူဖို့ ကြိုးစား...
29/08/2026

စတုဂတ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ ဟယ်ရီကိန်းရဲ့ ဘောလုံးပေးပို့ခဲ့ပုံတခုပါ။ ကွင်းလယ်ထိ ဆင်းပြီး ဘောလုံးရယူဖို့ ကြိုးစားခဲ့သလို ဘောလုံးရချိန်မှာ မဆိုင်းမတွဘဲ တိုက်စစ်ပိုင်းက အသင်းဖော်ဆီ ချက်ချင်းကန်တင်ပေးခဲ့တာပါ။

အသင်းဖော်က ဂိုးသမားနဲ့ တဦးချင်းအတွေ့မှာ အဆုံးသတ်ပိုင်းအားနည်းခဲ့လို့သာ ကိန်း ဖန်တီးမှုမရလိုက်တာပါ။ ကိန်းရဲ့ ပွဲအပေါ် အာရုံဖြန့်ကျက်ထားမှုနဲ့ ပေးပို့ပုံ တိကျမှုက တကယ်ကို ကောင်းမွန်လွန်းခဲ့ပါတယ်။

ဒီပွဲမှာ ဘိုင်ယန်က ၅-၁ နဲ့ အပြတ်အသတ်နိုင်ခဲ့ပြီး ထူးထူးခြားခြားဆိုသလိုပဲ ၈၄ မိနစ်တောင် ကစားပေးခဲ့တဲ့ ကိန်း ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။ ရာသီသစ်စတာနဲ့ ဘိုင်ယန်က ကြမ်းတော့တာပါပဲ။ ဒီနှစ်လည်း သူတို့နှစ်ပဲ ဖြစ်လာဦးမှာ သေချာသလောက်ပါပဲ။

“အာတီတာရဲ့သား” ဆိုတဲ့ နာမည်နဲ့တင် စိတ်ဝင်စားစရာကောင်းနေပြီ… ဒါပေမယ့် ဂါဘရီယဲလ် အာတီတာမှာ နောက်ထပ်ထူးခြားချက်တစ်ခု ရှိနေပ...
29/08/2026

“အာတီတာရဲ့သား” ဆိုတဲ့ နာမည်နဲ့တင် စိတ်ဝင်စားစရာကောင်းနေပြီ… ဒါပေမယ့် ဂါဘရီယဲလ် အာတီတာမှာ နောက်ထပ်ထူးခြားချက်တစ်ခု ရှိနေပြန်ပါပြီ။ 👀

အာဆင်နယ်နည်းပြ မီကယ် အာတီတာရဲ့ အသက် ၁၇ နှစ်အရွယ်သား ဂါဘရီယဲလ် အာတီတာဟာ ၂၀၂၆/၂၇ ရာသီအတွက် အာဆင်နယ်ရဲ့ official photoshoot ကို ပြုလုပ်ထားပြီဖြစ်ပါတယ်။

သူ့ရဲ့ အထူးခြားဆုံးအရာကတော့ မျက်လုံးနှစ်ဖက် အရောင်မတူတဲ့ “Heterochromia” ရှိနေတာပါ။ ကမ္ဘာ့လူဦးရေရဲ့ ၀.၁% ကနေ ၀.၂% လောက်မှာပဲ တွေ့ရတတ်တဲ့ ထူးခြားတဲ့မျက်လုံးအခြေအနေတစ်ခုဖြစ်ပြီး ဘောလုံးသမားတစ်ယောက်အနေနဲ့ပါ တွဲကြည့်မယ်ဆိုရင် ပိုပြီးရှားပါးသွားပါတယ်။

ဒါပေမယ့် ဂါဘရီယဲလ်က အာတီတာရဲ့သားဆိုတဲ့ နာမည်နဲ့ပဲ ရပ်နေတဲ့သူမဟုတ်ပါဘူး။
သူဟာ အာဆင်နယ်အကယ်ဒမီမှာ တကယ်တမ်း ဘောလုံးလမ်းကြောင်းကို စတင်လျှောက်လှမ်းနေပြီး U18 မှာ ကစားခွင့်ရခဲ့သလို၊ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာတော့ U21 အသင်းနဲ့ပါ လေ့ကျင့်ခဲ့ပါတယ်။ အာဆင်နယ်ကလည်း သူ့ကို scholarship deal နဲ့ ဆက်လက်ထိန်းသိမ်းထားပါတယ်။

အခုတော့ ၁၇ နှစ်သားလေးတစ်ယောက်က “နည်းပြကြီးရဲ့သား” ဘဝကနေ “အာဆင်နယ်ကစားသမား” ဖြစ်လာဖို့ တစ်ဆင့်ချင်း တက်လာနေပြီဆိုတဲ့သဘောပါ။

တစ်နေ့နေ့မှာ အာဆင်နယ်ရဲ့ ပထမအသင်းဂျာစီနဲ့ မီကယ် အာတီတာရဲ့သားကို Emirates မှာ မြင်ရမယ်ဆိုရင်တော့… ဖခင်အတွက်ရော သားအတွက်ပါ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခန်းလို ဖြစ်နေမှာသေချာပါတယ်။ 🔴

🎯 Pass ၉၈ ကြိမ်မှာ ၈၉ ကြိမ်အောင်မြင်💪 Duels ၈ ကြိမ်အနိုင်ရ — အများဆုံး🛡 Tackles ၅ ကြိမ် — အများဆုံး🚫 Interceptions ၃ ကြိ...
29/08/2026

🎯 Pass ၉၈ ကြိမ်မှာ ၈၉ ကြိမ်အောင်မြင်
💪 Duels ၈ ကြိမ်အနိုင်ရ — အများဆုံး
🛡 Tackles ၅ ကြိမ် — အများဆုံး
🚫 Interceptions ၃ ကြိမ် — ပူးတွဲအများဆုံး
⚡️ Final-third entries ၁၄ ကြိမ်

ပဲလေ့စ်နဲ့ပွဲမှာ တိုက်စစ်သမားတွေ ခြေစွမ်းပြခဲ့သလို ကွင်းလယ်မှာလည်း ပေါင်သန်း ၁၀၀ တန် အန်ဒါဆန်က ခြေစွမ်းပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲတွေမှာ ဝေဖန်ခံခဲ့ရမှုတွေကို သူ ချေဖျက်ပြနိုင်ခဲ့ပြီး မန်စီးတီးကစားသမားဘ၀ အကောင်းဆုံးပွဲတပွဲကို ကစားပြသွားခဲ့ပါပြီ။

မိုက်ကယ် ကာရစ်ခ် —“ကားလို့စ် ဘာလေဘာက ခြေကျင်းဝတ်မှာ အနည်းငယ်ပြဿနာရှိနေပါတယ်။ ဒါကြောင့် ၂ ပတ်ကနေ ၃ ပတ်လောက် အနားယူရနိုင်ပ...
29/08/2026

မိုက်ကယ် ကာရစ်ခ် —

“ကားလို့စ် ဘာလေဘာက ခြေကျင်းဝတ်မှာ အနည်းငယ်ပြဿနာရှိနေပါတယ်။ ဒါကြောင့် ၂ ပတ်ကနေ ၃ ပတ်လောက် အနားယူရနိုင်ပါတယ်။

ဒါက ကြီးကြီးမားမား ဒဏ်ရာတော့ မဟုတ်ပါဘူး။ သူ့ကို ပြန်လည်ရရှိလာတဲ့အခါ အရမ်းကောင်းမှာပါ။ သူ့ကို အသင်းမှာ ရှိလာတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်။

သူက မတူညီတဲ့ အားသာချက်တွေကို ယူဆောင်လာနိုင်သလို မတူညီတဲ့ ကစားပုံပေါင်းစပ်မှုတွေလည်း ဖန်တီးပေးနိုင်ပါတယ်။ သူ့ဆီကနေ ထပ်ပြီး အများကြီးမြင်တွေ့ရဦးမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ထားပါတယ်။”

ယူနိုက်တက်ပရိသတ်တွေအတွက်လည်း သူတို့ ကွင်းလယ်လူသစ်ရဲ့‌ ခြေစွမ်းကို မြင်ရဖို့ စောင့်ဆိုင်းရဦးမှာပါ။ 🥴🥹😫

မိနစ် ၉၀ /  လိုင်လီ ၂-၀ ပီအက်စ်ဂျီ၉၀+၁ မိနစ် /  လိုင်လီ ၂-၁ ပီအက်စ်ဂျီ၉၀+၅ မိနစ် / လိုင်လီ ၂-၂ ပီအက်စ်ဂျီပီအက်စ်ဂျီတို့ ...
29/08/2026

မိနစ် ၉၀ / လိုင်လီ ၂-၀ ပီအက်စ်ဂျီ
၉၀+၁ မိနစ် / လိုင်လီ ၂-၁ ပီအက်စ်ဂျီ
၉၀+၅ မိနစ် / လိုင်လီ ၂-၂ ပီအက်စ်ဂျီ

ပီအက်စ်ဂျီတို့ ၂ ပွဲဆက်တိုက် ၂-၂ သရေကျခဲ့ပြီး ၂ပွဲစလုံးမှာ ၂-၀ အရှုံးကနေ ဂိုးတွေပြန်လိုက်သွင်းပြီး သရေရအောင် ယူနိုင်ခဲ့တာပါ။ နိုင်ပွဲမရလို့ အပြည့်အ၀ကျေနပ်စရာ မဖြစ်ခဲ့ပေမယ့် မရှုံးအောင် သူတို့ လိုက်ကစားသွားခဲ့တာကတော့ တကယ်ကို အံ့အားသင့်စရာပါပဲ။

ဆံပင်အရှည်ကြီးကို ညှပ်ပစ်လိုက်လို့ Viking Power တွေ ပျောက်သွားပြီဆိုပြီး ပရိသတ်တွေက စနောက်တာကို ခံခဲ့ရတဲ့ ဟာလန်းဟာ ပဲလေ့...
29/08/2026

ဆံပင်အရှည်ကြီးကို ညှပ်ပစ်လိုက်လို့ Viking Power တွေ ပျောက်သွားပြီဆိုပြီး ပရိသတ်တွေက စနောက်တာကို ခံခဲ့ရတဲ့ ဟာလန်းဟာ ပဲလေ့စ်နဲ့ပွဲမှာ ၂ဂိုးသွင်းပြီး သူ့ရဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းစာရင်းကို စဖွင့်လိုက်ပါပြီ။ ခေါင်းတိုက်သွင်းဂိုးတောင်မှ ပါဝင်ခဲ့သေးတာပါ။ ပွဲသိမ်းဂိုးကိုလည်း ဖိုဒန်ရဲ့ ပေးပို့မှုကနေပဲ ဂိုးသမားရဲ့ ထောင့်ကျဉ်းထဲ အပြင်းကန်သွင်းပြီး ရယူခဲ့တာပါ။

မန်စီးတီးတို့ ၁-၄ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ကိုပါ ယာယီဦးဆောင်ခဲ့ပါတယ်။ ဟာလန်းက ၂ ဂိုး၊ ချာကီက ၂ဂိုးသွင်းခဲ့ပြီး ဝေဖန်ခံနေရတဲ့ နည်းပြမာရက်စ်ကာလည်း ဖိအားတွေ လျော့သွားခဲ့ပါပြီ။ ခြေပြတ်၊ ဂိုးပြတ်နိုင်ပွဲရခဲ့ပြီး တိုက်စစ်သမားတွေ ဂိုးသွင်းခဲ့တာမို့ ပိုကျေနပ်စရာပါ။

အဲဒီထက်ပိုပြီးတော့ အားရစရာကတော့ ကွင်းလယ်လူသစ် အန်ဒါဆန်ကပါ ခြေစွမ်းပြသွားခဲ့တာပါပဲ။ မန်စီးတီးကွင်းလယ်မှာ အန်ဒါဆန်က ပေးပို့မှုအားလုံးနီးပါး တိကျခဲ့ပြီး တဦးချင်းအသာရမှု၊ ကြားဖြတ်လုယူမှုနဲ့ ဖျက်ထုတ်မှုတွေကို အများဆုံးလုပ်နိုင်သူ ဖြစ်ခဲ့တာမို့လို့ပါပဲ။

အယ်လ်တာဝမ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ပွဲမှာ အယ်လ်နာဆာအတွက် ရော်နယ်ဒိုက အနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။ ပြီးခဲ့တဲ့ပွဲ...
29/08/2026

အယ်လ်တာဝမ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ပွဲမှာ အယ်လ်နာဆာအတွက် ရော်နယ်ဒိုက အနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။ ပြီးခဲ့တဲ့ပွဲတုန်းက လူစားလဲခံခဲ့ရတဲ့ ရော်နယ်ဒိုဟာ အိမ်ကွင်းမှာ အဖိုးတန် ၃ မှတ်ပိုင်ဆိုင်နိုင်စေဖို့ သူ့ရဲ့ သွင်းဂိုးနဲ့ ကူညီပေးနိုင်ခဲ့ပါတယ်။

ဆီမာကန်ရဲ့ ကန်ချက်ကို ရော်နယ်ဒိုက အလိုက်သင့်ပိတ်သွင်းယူပေးခဲ့တာပါ။ ဒီဂိုးက သူ့အတွက် ၉၇၈ ဂိုးမြောက်ဖြစ်လာပြီး ဂိုး ၁၀၀၀ ပြည့်ဖို့ ၂၂ ဂိုးသာ လိုပါတော့တယ်။ အယ်လ်နာဆာသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားလည်း ရော်နယ်ဒိုက ဖြစ်လာခဲ့ပါပြီ။

ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုတယောက် တော်တော်လေးပျော်ရွှင်နေခဲ့ပြီး ပွဲအပြီး အောင်ပွဲခံချိန်မှာလည်း သူက အကဲဆုံးလို့တောင် ပြောရပါလိမ့်မယ်။ ၂-၁ နဲ့ အယ်လ်နာဆာတို့ အနိုင်ရခဲ့ကာ လိဂ် ၄ ပွဲကစား ၄ ပွဲစလုံး အနိုင်ရပြီး အမှတ်ပေးဇယားထိပ်မှာ ရပ်တည်ထားနိုင်ဆဲဖြစ်ပါတယ်။

🚨😂 ချန်ပီယံလိဂ်မဲခွဲနေတာကို အားလုံးအတူတူကြည့်နေရင်း မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ်ဆိုတာကို တွေ့လိုက်ချိန် လိုက်ပ်ဇ...
28/08/2026

🚨😂 ချန်ပီယံလိဂ်မဲခွဲနေတာကို အားလုံးအတူတူကြည့်နေရင်း မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ်ဆိုတာကို တွေ့လိုက်ချိန် လိုက်ပ်ဇစ်ကစားသမားတွေရဲ့ Reaction ဖြစ်ပါတယ်။ 😭😂😭

🔴 လိုက်ပ်ဇစ်အသင်းရဲ့ တရားဝင်စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ ပါဝင်တာဖြစ်ပါတယ်။

🔴🗓၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့က ဒီလိုနေ့မျိုးမှာ မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ၈-၂ နဲ့ အပြတ်အသတ်...
28/08/2026

🔴🗓၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့က ဒီလိုနေ့မျိုးမှာ မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ၈-၂ နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး သမိုင်းဝင်နိုင်ပွဲတပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီပွဲက အခုဆို ၁၅ နှစ်တိတိ ပြည့်သွားခဲ့ပါပြီ။ ဒီပွဲကို ကြည့်ခဲ့မီခဲ့သူတွေအတွက်တော့ အချိန်တွေက ကုန်ဆုံးတာ မြန်လွန်းတယ်လို့ ပြန်တွေးမိမှာ အသေအချာပါပဲ။ 🗓

Address

First Floor, Diamond Center Building E, Pyay Road, Kamaryut
Yangon

Alerts

Be the first to know and let us send you an email when Duwun Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Duwun Sports:

Shortcuts

Share