24/01/2024
အချစ်အကြောင်း စာတိုပေစလေးတွေ ရေးတင်လို့ အချစ်ကို ကိုးကွယ်နေတဲ့သူလို့ မမှတ်စေချင်ပါဘူး။ တကယ်တော့ ကျနော့်အတွက် အချစ်ဆိုတာ ကိုးကွယ်စရာမဟုတ်သလို ဘဝထဲမှာ လူသားဆန်စေတဲ့ အထောက်အပံ့၊ အစိတ်အပိုင်းလေး တစ်ခုပါပဲ။
အချစ်ထက်ပိုအရေးကြီးတဲ့ အကြောင်းအရာ ကိစ္စရပ်တွေ ဘဝမှာအများကြီးပါ။ အဲ့ဒီအတွက် ကြိုးစားနေရတုန်းပါပဲ။ ရုန်းကန်နေရဆဲပါပဲ။ ကျနော် ချစ်တတ်သလို ဥပေက္ခာပြုရမယ့်အချိန်ရောက်လာရင်လည်း အချစ်ဆိုတာကို ခေါင်းထဲက ထုတ်ထားတတ်ပါတယ်။
The Heart of Alinca - အလင်္ကာရဲ့ နှလုံးသားရပ်ဝန်း Alinca Thwin