Veautiful Village

Veautiful Village ကျေးလက်အလှကျေးလက်သဘာဝ

03/04/2026

နဝမတန်း စနစ်ဟောင်း အောင်မြင်ထားတဲ့ CDM ကျောင်းသားတွေ BECA အစီအစဉ်မှာ စာရင်းသွင်းနိုင်ပြီ

မဲခေါင်၊ ဒီဇင်ဘာ ၁၅

နဝမတန်း စနစ်ဟောင်း အောင်မြင်ထားပြီး အသက် ၁၇ နှစ် မပြည့်သေးတဲ့ CDM ကျောင်းသား‌တွေအနေနဲ့ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း Basic Education Completion Assessment (BECA) အစီအစဉ်မှာ ဒီဇင်ဘာ ၅ ရက်က စတင်ပြီး တစ်လအတွင်း စာရင်းသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စာရင်းသွင်း‌မှုကို ဒီဇင်ဘာလ ၅ ရက်မှစပြီး တစ်လတိတိ ဖွင့်ထားပေးတာ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ Myanmar Basic Education Home ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာပါ။

နဝမတန်း စနစ်ဟောင်း အောင်မြင်ထားပြီးတဲ့ ကျောင်းသား‌တွေအတွက် အသက်အရွယ် ကန့်သတ်ချက်ကို (၂၀၀၅ ဒီဇင်ဘာ ၃၁ ရက်အထိ) နောက်ဆုတ်ကာ ဖြေလျှော့ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ် မပြည့်သေးတဲ့ ကျောင်းသား‌တွေ အနေနဲ့ နဝမတန်း စနစ်ဟောင်း အောင်မြင်ပြီးကြောင်း အထောက်အထားအဖြစ် ကျောင်းသားကဒ်၊ မြို့နယ်ဘုတ် ထောက်ခံချက်၊ ကြားကာလ ကျောင်းထောက်ခံချက် နဲ့ မိမိကိုယ်တိုင် ကတိခံဝန်ချက် စတဲ့ အချက်တွေထဲက သက်သေ အနေနဲ့ ၃ ခု အထိ တွဲပေးနိုင်တယ်လို့လည်း သိရပါတယ်။

သက်သေ အထောက်အထား ထောက်ခံပေးမယ့်သူ မရှိပါက ကတိခံဝန်ချက် ပုံစံနဲ့သာ စာသားနဲ့ (သို့) လက်ရေးနဲ့ ကူးရေးပြီး ခံဝန်ချက်ပုံကို ပူးတွဲ တင်ပြနိုင်တယ်လို့ သိရပါတယ်။

“တတ်မြောက်မူအပေါ် မူတည်ပြီး အကဲဖြတ်ရမှာ၊ အဆင်ပြေတယ်ဆိုရင် ဒသမတန်း စနစ်ဟောင်းကိုလည်း ကြိုတင် လေ့လာစေချင်တယ်။ နားလည်ပြီး ကျွမ်းကျင်အောင် ရေးတတ်ဖတ်တတ် လက်တွေ့မှာလည်း အသုံးပြုနိုင်တယ်လို့” Myanmar Basic Education Home တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်ခြင်း Basic Education Completion Assessment (BECA) ဖြေဆိုခွင့်ကို https://mes.moeedu.org မှာ လျှောက်ထားနိုင်ပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေသူ‌တွေ၊ မသန်စွမ်း‌တွေ၊ စစ်ဘေးသင့် ပြည်သူ‌တွေအတွက် သင့်လျော်မယ့် ကြားကာလ ဒါမှမဟုတ် တော်လှန်ရေးလွန်ကာလမှာ အထူးပညာသင်ကြားရေးနဲ့ စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုရေး အစီအစဉ်တွေကို သီးသန့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကျောင်းသား ကျောင်းသူတွေ အနေနဲ့ ဒသမတန်း စနစ်ဟောင်း သင်ခန်းစာ‌တွေကို ကြိုတင် လေ့လာထားကြဖို့လည်း ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

MK-010

03/04/2026
03/04/2026
23/10/2025

လောကမှာ ဗီဇကို မေတ္တာနဲ့ပြုပြင်လိုမရဘူး မိတ်ဆွေ။

23/10/2025

ဘာတွေလဲတော့မသိဘူး

ထရမ့် ဂျပန်ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုမည်ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၅အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏...
20/10/2025

ထရမ့် ဂျပန်ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုမည်

ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း ဂျပန်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတောင်းဆိုမှုကို ဂျပန်နိုင်ငံရှိ NUG Support Team - Japan က ဦးဆောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အရေး ပိုမိုအလေးထား ဆောင်ရွက်လာစေရန် တိုက်တွန်း၊ တောင်းဆို၊ မေတ္တာရပ်ခံ အကူအညီတောင်းခံသည့် ယင်းလှုပ်ရှားမှုကို အမေရိကန် သမ္မတ လာရောက်ချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများ ပြန်လည်လွတ်မြောက်ရေးတို့အတွက် တောင်းဆိုသွားမည် ဖြစ်သည်။

ထို့ပြင် စစ်တပ်၏ ပြည်သူအပေါ် ရက်စက်ယုတ်မာမှုများ၊ အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန် နှင့် အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာအရေး အလေးထားဆောင်ရွက်လာစေရန်လည်း တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်မည့် အဆိုပါလှုပ်ရှားမှုတွင် ဂျပန်ရောက် မြန်မာများအနေဖြင့် တက်ကြွစွာ ပါဝင်ကြရန်အတွက်လည်း NUG Support Team - Japan က ဖိတ်ခေါ်ထားသည်။

သမ္မတထရမ့်သည် တောင်ကိုရီးယား၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ထိပ်သီး အစည်းအဝေး မတက်ရောက်ခင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

ပုံစာ- ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးနှင့် အရေးပေါ် ဆေးကုသခွင့်ရရှိရေး စစ်ကော်မရှင်ကို တိုက်တွန်းရန် ဂျပန်အစိုးရထံ မြန်မာနိုင်ငံသားများ တောင်းဆိုသည့်စာ ပေးအပ်စဉ်/ NUG Support Team - Japan



စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Address

Yangon
11401

Telephone

09768199599

Website

Alerts

Be the first to know and let us send you an email when Veautiful Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Veautiful Village:

Share