Yango News

Yango News ❤ Yango news channel မှကြိုဆိုပါတယ် နောက်ထပ်သတင်းများကြည့်ရှုရန် page ကို follow လုပ်ထားပေးပါ။ Thanks

အကြမ်းဖက်စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုခြင်း ခံခဲ့ရတဲ့ မိဘမဲ့ကလေးတွေကို စားနပ်ရိက္ခာအတွက် ကျပ် ၅ သိန်းထောက်ပံ့ဒီဇင်ဘာ...
13/12/2023

အကြမ်းဖက်စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုခြင်း ခံခဲ့ရတဲ့ မိဘမဲ့ကလေးတွေကို စားနပ်ရိက္ခာအတွက် ကျပ် ၅ သိန်းထောက်ပံ့
ဒီဇင်ဘာ ၁၂ ၊ ၂၀၂၃
စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်အတွင်းက ခမ်းပတ်မြို့မှာ အကြမ်းဖက်စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုခြင်း ခံခဲ့ရတဲ့ မိဘမဲ့ကလေးတွေကို တမူးမြို့ အမျိုးသမီး လူငယ် နဲ့ ကလေး တာဝန်ခံက စားနပ်ရိက္ခာအတွက် ကျပ် ၅ သိန်းထောက်ပံ့ခဲ့ပါတယ်။
"စကစ မှ လူသားဒိုင်းအဖြစ်ခေါ် သွားသော မိဘမဲ့ကလေးများကို လုံခြုံသော နေရာ ရောက်ရှိနေပြီး တမူးမြို့ အမျိုးသမီးလူငယ်ကလေး တာဝန်ခံမှ စားနပ်ရိက္ခာအတွက် ငွေ ၅ သိန်း ထောက်ပံ့ခဲ့ပါတယ်။" လို့ တမူးမြို့ အမျိုးသမီး လူငယ် နဲ့ ကလေး အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်ရဲ့ AG ဘုရားကျောင်းထဲမှာ မိဘမဲ့ ကလေး ၄၀ နဲ့ ဆရာတွေကို အကြမ်းဖက်စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ က လူသားဒိုင်းအဖြစ် အသုံးချခံနေရတဲ့ ကလေးငယ်တွေကို ကယ်တယ်နိုင်ခဲ့တာပါ။



Telegram Channel -https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

မြောင်မြို့နယ်မှာ မြို့နယ်အတွင်းအခွန်မူဝါဒများနဲ့အညီ အခွန်ကောက်ခံနိုင်ရေး အစည်းအဝေး ပြုလုပ်ဒီဇင်ဘာ ၁၃ ၊ ၂၀၂၃စစ်ကိုင်းတို...
13/12/2023

မြောင်မြို့နယ်မှာ မြို့နယ်အတွင်းအခွန်မူဝါဒများနဲ့အညီ အခွန်ကောက်ခံနိုင်ရေး အစည်းအဝေး ပြုလုပ်
ဒီဇင်ဘာ ၁၃ ၊ ၂၀၂၃
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မြို့နယ်အတွင်း အခွန်မူဝါဒများနဲ့အညီ အခွန်ကောက်ခံနိုင်ရေး အတွက် ဒီဇင်ဘာ ၁၁ ရက်မှာ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အစည်းအဝေးကို စစ်ကိုင်းတိုင်း တိုင်းဆက်သွယ်ရေးတာဝန်ခံ၊ စစ်ကိုင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့၊ မြို့နယ်အခွန်ကောက်ခံရေးအဖွဲ့များ‌က ပြုလုပ်ခဲ့ ကြတာပါ။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက အခွန်ကောက်ခံရာမှာ စည်းစနစ်တကျ‌ကောက်ခံရေးများ ကို ဆွေးနွေးခဲ့သလို စစ်ကိုင်းတိုင်းဆက်သွယ်ရေးတာဝန်ခံက အခွန်မူဝါဒနဲ့စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။



Telegram Channel -https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

The military has increased its presence in townships following attacks by resistance groups between Dec. 1-5, residents ...
13/12/2023

The military has increased its presence in townships following attacks by resistance groups between Dec. 1-5, residents have stated. The pro-military New National Democracy Party Chairperson Than Tun was assassinated on Dec. 1. Bombs have been detonated at military and police outposts over the past week.
Read more: https://english.dvb.no/vladimir-putin-awards-min-aung.../

🎉🎉ဤနှစ်တွင် စောင့်မျှော်နေကြသော HUGE လျှော့စျေး✨ကြိုဆိုပါတယ် ခရစ္စမတ် CHANEL, DIOR ရေမွှေး 80% အထိ အရောင်းအ၀ယ်🤩 ရောင်းချ...
02/12/2023

🎉🎉ဤနှစ်တွင် စောင့်မျှော်နေကြသော HUGE လျှော့စျေး
✨ကြိုဆိုပါတယ် ခရစ္စမတ် CHANEL, DIOR ရေမွှေး 80% အထိ အရောင်းအ၀ယ်
🤩 ရောင်းချနေသော ရနံ့အားလုံးကို ဤနေရာတွင် ကြည့်ပါ။ https://www.ltmyperfume.click/allperfume
📌Acqua Di Gio Pour Homme EDT : https://www.ltmyperfume.click/acquadigio
📌Bleu De Cha.nel EDP: https://www.ltmyperfume.click/blue
📌Di.or Sauvage EDT : https://www.ltmyperfume.click/diorsauvage
📌Allure Homme Sport : https://www.ltmyperfume.click/allurehome
📌Coco Mademoiselle : https://www.ltmyperfume.click/cocochanel
📌Ch.anel Chance Eau Tendre EDP: https://www.ltmyperfume.click/chancechanel

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းစက်ရုံတပ်က NLD ထောက်ခံသော ကွမ်းမြောင်ကျေးရွာမှ ရွာသားမျာ...
27/11/2023

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းစက်ရုံတပ်က NLD ထောက်ခံသော ကွမ်းမြောင်ကျေးရွာမှ ရွာသားများကို ဖမ်းဆီးခေါ်ဆောင်နှိပ်စက်၊ ဖမ်းဆီးခံရသူများ သတင်းအစအနပျောက်နေ
ရန်ကုန်၊ နိုဝင်ဘာ ၂၇
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းစက်ရုံတပ်က NLD ပါတီထောက်ခံသော ကွမ်းမြောင်ကျေးရွာမှ ရွာသားများကို ဖမ်းဆီးခေါ်ဆောင်ညှဉ်းပန်းနှိပ်စက်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ အမှတ် ၁၈ အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းစက်ရုံတပ်၏ တောင်ဘက် မျက်ပြာတောထဲတွင် ဗုံးတွေ့ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် ကွမ်းမြောင်ကျေးရွာသားများကို စစ်တပ်က ဝင်ရောက် ရိုက်နှက် ဖမ်း ဆီးသွားကြောင်း၊ ကွမ်းမြောင်ကျေးရွာသည် NLD ပါတီထောက်ခံသော ရဲရဲတောက်ကျေးရွာဖြစ်ပြီး စစ်တပ်က PDF များ ခိုအောင်းနေမည်ကို စိုးရိမ်၍ အကြောင်းရှာ ဖမ်းဆီး နှိပ်စက်နေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများ၏ သတင်းအစအန မကြားရတော့ကြောင်း သိရှိရသည်။
" ဗုံးတွေ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီ ဗုံးကလည်း ဘယ်pdfကမှ မလာပါဘူး။ ရွာသားတွေကို တမင်ဖမ်းချင်လို့ သူတို့ဖာသာလုပ်ဇာတ်လုပ်ထားတာ။ ကွမ်းမြောင်ရွာ တောင်သူတွေ စပါးခင်းထဲရေတင်နေတာကို စစ်တပ်က ဝင်လာပြီး ရိုက်နှက်ဖမ်းဆီးခေါ်သွားတာ။ ဖမ်းခံရသူတွေက ကိုဌေးလင်း၊ ကိုဌေးဝင်း ၊ကိုအောင်မြင့်ဇော်၊ အခြားရွာသားတွေပါခေါ်သွားတာ။ ကိုဌေးလင်းက NLD အစိုးရလက်ထက်တုန်းက ကျေးရွာဥက္ကဋ္ဌ လုပ်ခဲ့တဲ့သူ။ တစ်ရွာလုံးက NLD ပါတီထောက်ခံသူတွေပါ။ အခုထက်ထိ ဖမ်းဆီးခံထားရသူတွေ သေလား၊ ရှင်သလားမသိရဘူး" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်
ထို့ပြင် အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်က ကွမ်းမြောင်ကျေးရွာမှ လူငယ်များကို နေ့ရော ညပါ ကင်းစောင့်ခိုင်းကြောင်း ၊ ရွာ သုဿာန်ထဲမှာ ညဘက်ပိုင်း ကျေးရွာသားများကို ကင်းများစောင့်ခိုင်းကြောင်း ၊ ရွာပြင်သို့ အဝင်အထွက်များကိုလည်း စစ်တပ်က ပိတ်ပင်ထားကြောင်း သိရှိရသည်။
ထို့အတူ အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်၏ မြောက်ဘက်ရှိ ညောင်မော်ရွာမှ ကျေးရွာသားများကို ရွာအနောက်ဖက် အင်တောထဲတွင် ကတုတ်ကျင်းများ တူးခိုင်းကြောင်း၊ ကျေးရွာသားများမှာ ရွာပြင်ပသို့ မထွက်ရဲ သည်အထိ ကြောက်လန့်နေကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- မကွေးတိုင်းအတွင်းရှိ စစ်တပ်တပ်ရင်းတစ်ခု၏ ဂိတ်အဝင်အ၀။

ကလေးမြို့နယ်မှာ တိုက်ပွဲအရှိန်မြှင့်တင်တော့မယ်လို့ ကလေး ပ.က.ဖ သတိပေးရန်ကုန်၊ နိုဝင်ဘာ ၂၇စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ...
27/11/2023

ကလေးမြို့နယ်မှာ တိုက်ပွဲအရှိန်မြှင့်တင်တော့မယ်လို့ ကလေး ပ.က.ဖ သတိပေး
ရန်ကုန်၊ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ တိုက်ပွဲအရှိန်မြင့်တင်တော့မှာ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ဂိတ်စခန်းနှင့်ပျူစောထီးကျေးရွာအနီးက ပြည်သူတွေအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ရှောင်ကြဖို့ ကလေးခရိုင်၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးပါတယ်။
" ကလေးမြို့အနောက်ပိုင်းက ဟာတွေလည်း ရှောင်နေကြသူတွေရှိသလို၊ နေတဲ့သူတွေလည်းရှိတယ်။ သာစည်ရွာမှာလည်း စစ်ကောင်စီတပ်စွဲထားပေမယ့် ပြန်နေတဲ့သူ တွေရှိတယ်" လို့ ကလေးမြို့ စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။
ကလေးမြို့အနောက်ပိုင်းဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ မကြာမကြာ တိုက်ပွဲဖြစ်ရာနေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကလေးမြို့ အနောက်ပိုင်း ဒိိုးဝိုင်းချောင်းရွာ နှစ်ဖက်တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦးထိသေဆုံးခဲ့ရပါတယ်။
" ခုတော့မနေရဲကြဘူး။ ရှောင်နေကြတယ်" လို့ ဒိုးဝိုင်းချောင်းအနီးက ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ကလေးမြို့တောင်ဘက် သာစည်ကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး ရွာထဲမှာ တပ်စွဲထားပါတယ်။ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုကြောင့် ရွာသူရွာသားတချို့ ရွာမှာပြန်နေတာမျိုးရှိတယ်လို့ သိရပါတယ်။
" မြို့ပေါ်မှာ အိမ်ငှားမရလို့၊ အိမ်လခပေးစရာမရှိလို့ပြန်နေတာရှိတယ်။ နည်းတော့နည်းတယ်။ ပြန်နေပြီ စစ်သားတွေက ကင်းစောင့်ခိုင်းလို့ ပြန်ပြေးလာတာတွေလည်းရှိတယ်" လို့ သာစည်ရွာဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ကလေးမြို့ပေါ်မှာလည်း စစ်တပ်လေးခုလောက်တပ်စွဲထားပြီး အဆိုပါတပ်တွေဟာ လူမေအိမ်တွေနဲ့ဆက်စပ်နေတာဖြစ်ပါတယ်။
" ပစ်တာခတ်တာတွေကတော့ နေ့တိုင်းကြားနေရတာပဲ။ ဘယ်လိုလုပ်ရမယ်ဆိုတာကြိုပြောဖို့ခက်တယ်။ လာမှပဲလာသလို ကြည့်စီမံရမှာပေါ့။ ရွေ့ပြောင်းဖို့တော့ခက်သေးတယ်" လို့ ကလေးမြို့ခံတစ်ဦးကဆိုပါတယ်။
ကလေးမြို့ဟာ စစ်ကောင်စီကိုတော်လှန်အားကောင်းတဲ့မြို့ဖြစ်ပြီး မြို့ပေါ်ကလွဲရင် မြို့နယ်ဒေသတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အဓိကနယ်မြေစိုးမိုးထားတာဖြစ်ပါတယ်။
" တော်လှန်ရေးကတကယ်အရှိန်ကောင်းနေပြီဆိုတော့ ပေါ့လို့မရဘူး။ မြို့ထဲကနီးတဲ့သူတွေ တတ်နိုင်သလောက်အစီအစဥ်လေးတွေစဥ်းစားထားသင့်တယ်။ အသက်ဉာဏ်စောင့်ဆိုသလိုပေါ့" လို့ ကလေးမြို့ခံတစ်ဦးကပြောပါတယ်။

📢 2023 ခုနှစ် ခရစ်စမတ် ကြိုဆိုမှု အစီအစဉ် CH.ANNEL ရေမွှေး သည် 80% အထိ လျှော့စျေး ပေးဆောင်နေပါသည်.... ပရိုမိုးရှင်း ရယူပ...
27/11/2023

📢 2023 ခုနှစ် ခရစ်စမတ် ကြိုဆိုမှု အစီအစဉ် CH.ANNEL ရေမွှေး သည် 80% အထိ လျှော့စျေး ပေးဆောင်နေပါသည်.... ပရိုမိုးရှင်း ရယူပါ https://www.ltmyperfume.click/allperfume
လူတိုင်းအတွက် အထူးသက်သာသောစျေးနှုန်းဖြင့် ရေမွှေးအစစ်အမှန်ကို ပိုင်ဆိုင်ခွင့်ရရှိမည့် အရေအတွက် ကန့်သတ်ထားပါသဖြင့် ယခုပဲ အမြန်မှာယူလိုက်ပါ
👉 Sauvage_Di.or -> ဝဘ်ဆိုဒ် https://www.ltmyperfume.click/diorsauvage
👉 Coco_Chanel -> ဝဘ်ဆိုဒ် https://www.ltmyperfume.click/cocochanel
👉 Bleu_Chanel -> ဝဘ်ဆိုဒ်
https://www.ltmyperfume.click/blue
👉 Allure_Chanel -> ဝဘ်ဆိုဒhttps://www.ltmyperfume.click/allurehome
👉 Chance_Chanel -> ဝဘ်ဆိုဒ် https://www.ltmyperfume.click/chancechanel
👉 Acquadi_Giò -> ဝဘ်ဆိုဒ် https://www.ltmyperfume.click/acquadigio

လောက်ကိုင်မှ  တရုတ်နိုင်ငံသားအားလုံး  အမြန်ဆုံး ထွက်ခွာကြရန် ရန်ကုန်တရုတ်သံရုံးက သတိပေးချက် ထုတ်ပြန်ရန်ကုန်၊ နိုဝင်ဘာ ၂၅...
25/11/2023

လောက်ကိုင်မှ တရုတ်နိုင်ငံသားအားလုံး အမြန်ဆုံး ထွက်ခွာကြရန် ရန်ကုန်တရုတ်သံရုံးက သတိပေးချက် ထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် ရှိနေကြသော တရုတ်နိုင်ငံသားများအားလုံး အမြန်ဆုံး ထွက်ခွာကြရန် ရန်ကုန်တရုတ်သံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း တရုတ်အစိုးရပိုင် CGTN သတင်းဌာန က သတင်းဖော်ပြသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်မြို့ရှိ တရုတ်သံရုံးက လောက်ကိုင်မြို့နယ်ရှိ တရုတ်နိုင်ငံသားများအနေဖြင့် အမြန်ဆုံး ချက်ချင်း ထွက်ခွာကြရန်၊ လောက်ကိုင်နှင့် အဝေးဆုံးတွင် နေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထားကြောင်း ၊နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် MNDAA က ကိုးကန့် တုန်းရှမ်းဒေသ၊ ပါကျောက်ရွှေနှင့် လွမ်းလောက်လင် တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်း ၂ ခုကို ထိုးစစ်တိုက်ခိုက်ကာ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် အောင်မြင်စွာ သိမ်းယူ နိုင်ခဲ့ကြောင်း ၊ အဆိုပါ စစ်စခန်းသည် အကြမ်းဖက် စစ်တပ်၏ လောက်ကိုင်ဒေသတွင် အခြေချသော နောက်ဆုံးတောင်ကုန်း (High Point)တစ်ခု ဖြစ်ပြီး လက်ရှိတွင် MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်‌မြို့ဘက်ကို ဦးတည်လာနေပြီဖြစ်ကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် လောက်ကိုင်တွင် ပြည်တွင်းမှ မြန်မာနိုင်ငံသားများ အပါအဝင် စစ်ဘေးရှောင် ပြည်သူ သောင်းချီ ပိတ်မိနေပြီး နေရပ် ပြန်၍ မရသေးကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များမှာ လက်နက်ကြီးများ ထိမှန်၍ သေဆုံးခြင်း၊ ရိက္ခာပြတ်လပ်ခြင်း အပါအဝင် ပိတ်မိပြီး ဒုက္ခရောက်နေကြကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များက နေရပ် ပြန်လိုသဖြင့် နှစ်ဖက်စလုံးက တိုက်ပွဲများ မဖော်ဆောင်မီ လမ်းများ ယာယီပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း ပြောဆိုကြသည်။
"လောက်ကိုင်မှာ ပြည်သူတွေ အများကြီး ပိတ်မိနေပါတယ်။ ရေ မီး ဖြတ်ထားပြီး ဆန်တွေလည်း ဝယ်လို့မရပါဘူး။ အလုပ်တွေကလည်း အကုန်လုံးနားလိုက်ရပြီး အလုပ်သမားတွေအကုန်လုံးက နေစရာမရှိတော့ဘူး။ ၁၂၅ စစ်ဘေးရှောင်စခန်းမှာ သွားနေကြရပါတယ်။ စစ်ဘေးရှောင်စခန်းမှာ အမိုးအကာတစ်ခုပဲ ပေးထားတဲ့အတွက် နေထိုင်သူတွေက ဝမ်းရောဂါတွေလည်း ရနေကြတယ်။ စားစရာက ကိုယ့်ဘာသာကိုယ်ချက်စားရတယ်။ ဝယ်စားရတယ်။ မီးလည်းမရှိပါဘူး. ရေလည်းမရှိပါဘူး။ စစ်ဘေးရှောင်စခန်းမှာနေတဲ့သူတွေအတွက် အရမ်းဒုက္ခရောက်ရပါတယ်။ ဖုန်းလိုင်တွေလည်း ဖြတ်ထားလို့ တရုတ်လိုင်းပူးတဲ့အချိန်မှာပဲ သုံးလို့ရပါတယ်။ ဆန်ကဝယ်လို့မရ၊ မီးကမရှိ၊ ရေကမရှိ။ အိမ်တွေနဲ့အဆက်သွယ်ပြတ်ပြီး စိတ်ပူနေကြပါတယ်။ အလုပ်အကိုင်တွေလည်း မရှိကြတော့ဘူး။ ဘယ်လောက်ထိ ဒုက္ခခံရဦးမယ် မသိဘူး။ အကုန်လုံးက အိမ်ပြန်ချင်ကြပါတယ်။ ပြန်ဖို့ကြိုးစားကြတော့ ဂိတ်တွေကပိတ်ထားလို့ လမ်းမှာလက်နက်ကြီးမှန်ပြီး ဒဏ်ရာ ရသူ၊ သေသူတွေလည်း ရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို လမ်းတွေ ခဏလောက် ပြန်ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်" ဟု လောက်ကိုင်မြို့နယ်တွင် ပိတ်မိနေသည့် စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- MNDAA တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

သတင်းဌာန၏ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်By ရန်ကုန်ခေတ်သစ်ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတ...
25/11/2023

သတင်းဌာန၏ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-MNDAA ရဲ့ စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို ဦးတည်နေပြီး အကြမ်း ဖက်စစ်တပ်ရဲ့ စစ်စခန်းတွေကို ဆက်တိုက်သိမ်းပိုက်နေသလို စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထားတယ်လို့ MNDAA ပြန်ကြားရေး The kokang က ထုတ်ပြန်ထားပါတယ်။
- ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ လွိုင်ကော်တက္ကသိုလ်အတွင်းကနေကယ်ထုတ်ထားတဲ့ Non CDM ၇၀ ဦးနဲ့ မိသားစုဝင် ၃၇ ဦးကို နေရပ်ပြန်ပို့လိုက်ပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။
- အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး (ဂျပန်)တာဝန်ခံတွေနဲ့အတူ ဂျပန်နိုင်ငံက အင်အားကြီးအလုပ်သမားသမဂ္ဂ J.A.M ရဲ့ ဥက္ကဋ္ဌကို သွားရောက် တွေ့ဆုံခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

ယခုအပတ် ထွက်ရှိမည့် ပြည်မြန်မာသတင်း ဂျာနယ် (၁၃၉၃) အပြင်ဖုံး
24/11/2023

ယခုအပတ် ထွက်ရှိမည့် ပြည်မြန်မာသတင်း ဂျာနယ် (၁၃၉၃) အပြင်ဖုံး

24/11/2023
24/11/2023

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yango News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yango News:

Share

Category