16/08/2026
လစာပွင့်လင်းမြင်သာမှု
ဒီဘက်ခေတ်မှာ "လစာပွင့်လင်းမြင်သာမှု" (Salary Transparency) ဆိုတဲ့ စကားရပ်ဟာ ရိုးရိုးရှင်းရှင်း စကားလုံးတစ်လုံး မဟုတ်တော့ပါဘူး။ လုပ်ငန်းခွင် အသိုင်းအဝိုင်းထဲမှာ အရှိန်အဟုန်နဲ့ စိမ့်ဝင်ပျံ့နှံ့လာနေတဲ့ အယူအဆသစ်တစ်ခုဖြစ်ပြီး၊ ဝန်ထမ်းတစ်ယောက်အနေနဲ့ မိမိရဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်း၊ လုပ်ငန်းခွင် ခရီးစဉ်နဲ့ ပတ်သက်ပြီး စဉ်းစားတွေးခေါ်တဲ့ ပုံစံတစ်ခုလုံးကို အခြေခံကစလို့ အကြီးအကျယ် ပြောင်းလဲပစ်နေတာ ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ကုမ္ပဏီတစ်ခုမှာ ဘယ်သူက ဘယ်လောက်ရမှန်းမသိ၊ ကိုယ်ရနေတဲ့ လစာဟာ တကယ်ပဲ ထိုက်တန်ရဲ့လားဆိုတာကို အမှောင်ထဲမှာ စမ်းတဝါးဝါး ရှာဖွေခဲ့ကြရတာပါ။ ဒါပေမဲ့ အခုတော့ အဲဒီအမှောင်ထုကြားထဲကို အလင်းရောင် ရောက်ရှိလာခဲ့ပါပြီ။
♦️၁။ တန်းတူညီမျှမှုထက် ပိုမိုနက်နဲသော စျေးကွက်တန်ဖိုး
အများစုက လစာပွင့်လင်းမြင်သာမှုကို "မတရားမှုတွေကို လျှော့ချရေး" ဒါမှမဟုတ် "တန်းတူညီမျှမှုရှိရေး" ဆိုတဲ့ ရှုထောင့်တစ်ခုတည်းကပဲ ကြည့်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒီအချက်အလက်တွေဟာ မျှတမှုဆိုတဲ့ စကားလုံးထက် အများကြီး ပိုမိုနက်နဲတဲ့ အဓိပ္ပာယ်တွေကို ဆောင်နေပါတယ်။ ကိုယ့်ရဲ့ တကယ့်ဈေးကွက်တန်ဖိုးက ဘာလဲ၊ အနာဂတ် ရာထူးတိုးတက်မှု လမ်းကြောင်းက ဘယ်အတိုင်းအတာထိ ရှိနိုင်သလဲ၊ အဲဒီနေရာကို ရောက်ဖို့ ဘယ်လို ကျွမ်းကျင်မှုတွေကို ဖြည့်ဆည်းရမလဲဆိုတာတွေကို အတက်အကျမရှိ တိတိကျကျ လမ်းညွှန်ပြသပေးနေတဲ့ မြေပုံတစ်ခုလိုပါပဲ။
မိမိရဲ့ လုပ်ငန်းခွင် တန်ဖိုးကို မှန်ကန်စွာ သိရှိခြင်းက ရာထူးတိုးရေး သို့မဟုတ် အလုပ်ပြောင်းရွှေ့ရေးတွင်သာမက၊ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်အကိုင်အပေါ် ကျေနပ်နှစ်သိမ့်မှုနဲ့ စိတ်ဓာတ်ခွန်အား တတည်ဆောက်ရာမှာလည်း အလွန်အရေးပါပါတယ်။ လစာပွင့်လင်းမြင်သာမှု မရှိတဲ့ ပတ်ဝန်းကျင်မှာ ဝန်ထမ်းများက မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရရှိတဲ့ ရလဒ်အပေါ် သံသယဝင်လာတတ်ပြီး၊ ဒီအချက်အလက်ကပဲ အဖွဲ့အစည်းဆိုင်ရာ သစ္စာစောင့်သိမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။
♦️၂။ Pay Ranges မှ ဖော်ပြနေသော သတင်းအချက်အလက်များ
အလုပ်ခေါ်စာတွေမှာ ဖော်ပြထားတဲ့ လစာနှုန်းထား ဘောင်တွေကို ကြည့်ရှုရုံနဲ့တင် အရာအတော်များများကို ရိပ်မိနိုင်ပါတယ်။ လစာဘောင်တစ်ခုဟာ သာမန် ကိန်းဂဏန်းအချို့ မဟုတ်ပါဘူး။ အဲဒီ ရာထူးတစ်ခုရဲ့ ရှုပ်ထွေးနက်နဲမှု၊ တာဝန်ယူရမှု အတိုင်းအတာနဲ့ လုပ်ငန်းခွင်အတွင်း ပြသရမယ့် လုပ်ဆောင်ရည် အဆင့်အတန်းကို တိုက်ရိုက် ရောင်ပြန်ဟပ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ ရာထူးမှာ လစာ အမြင့်ဆုံး ဘယ်လောက်အထိပဲ ရရှိနိုင်တယ်ဆိုတဲ့ Compensation Ceiling ကိုပါ ကြိုတင်သတိပေးနေတာကြောင့် မိမိရဲ့ ရည်မှန်းချက်နဲ့ ဒီရာထူးဟာ ကိုက်ညီရဲ့လားဆိုတာကို စောစောစီးစီး ဆုံးဖြတ်နိုင်စေပါတယ်။
လစာဘောင် ကျယ်ပြန့်လေ သက်ဆိုင်ရာ ရာထူးမှာ စွမ်းဆောင်ရည်နဲ့ အတွေ့အကြုံအပေါ် မူတည်ပြီး ကွဲပြားနိုင်ချေ များလေ ဖြစ်ပါတယ်။
ရာထူးတစ်ခုရဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး လစာကွာဟချက်က ဝန်ထမ်းရဲ့ စွမ်းရည်မြင့်မားလာပါက ရရှိနိုင်မယ့် အကျိုးခံစားခွင့် တိုးတက်မှုကို ပြသပါတယ်။
အဆိုပါ ရာထူးမှာ ဘယ်လိုပဲတော်စေကာမူ ရရှိနိုင်တဲ့ အမြင့်ဆုံး လစာပမာဏကို သိရှိနိုင်တာက အသက်မွေး ဝမ်းကျောင်း တိုးတက်မှုအတွက် နောက်ထပ် လှေကားထစ်များကို ကြိုတင်ပြင်ဆင်နိုင်တယ်။
♦️၃။ အကျိုးရှိသော လစာညှိနှိုင်းမှုနှင့် သက်သေပြနိုင်စွမ်း
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကတော့ မိမိဘက်က လစာ တိုးမြှင့်တောင်းဆိုတဲ့အခါ ဒါမှမဟုတ် ဝင်ခွင့်လစာ ညှိနှိုင်းတဲ့အခါမှာ ခိုင်မာတဲ့ ရပ်တည်ချက်ကို ပေးစွမ်းနိုင်ခြင်းပါပဲ။ အရင်ကလို ရမ်းသန်းပြီး တောင်းဆိုတာမျိုး မဟုတ်တော့ဘဲ ခိုင်မာတဲ့ ဈေးကွက်သက်သေ အချက်အလက်တွေနဲ့ မိမိရဲ့ စွမ်းဆောင်ရည်၊ လုပ်ငန်းအပေါ် သက်ရောက်နိုင်မှုကို အခြေခံပြီး စနစ်တကျ ညှိနှိုင်းဆွေးနွေးနိုင်စွမ်း ရှိလာပါလိမ့်မယ်။ မိမိရသင့်တဲ့ ထိုက်တန်တဲ့ ပမာဏကို ရဲရဲဝံ့ဝံ့၊ ယုံကြည်ချက်ရှိရှိ တောင်းဆိုနိုင်ခွင့် ရရှိလာတာဟာ လစာပွင့်လင်းမြင်သာမှုရဲ့ ပေးဆပ်လိုက်တဲ့ တကယ့် အကျိုးကျေးဇူးတစ်ခုပါ။
အလုပ်ရှင်နဲ့ ဝန်ထမ်းအကြား လစာညှိနှိုင်းမှုက အနိုင်အ၊ ရှုံး ပြိုင်ပွဲတစ်ခု မဟုတ်တော့ဘဲ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရှိသော ပူးပေါင်းဆောင်ရွက်မှု တစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ အချက်အလက်အခြေပြု ညှိနှိုင်းမှုများကတော့ ခင်းကျင်းပြသနိုင်တဲ့ ရလဒ်များအပေါ် အခြေခံတာကြောင့် ပရော်ဖက်ရှင်နယ် ဆန်တဲ့ ဆွေးနွေးပွဲများကို ဖြစ်ပေါ်စေပါတယ်။
♦️၄။ လိုအပ်တဲ့ကျွ မ်းကျင်မှုများကို ခွဲခြားသိမြင်ခြင်းနဲ့ တိုးတက်ရေးလမ်းကြောင်း
ဒါ့အပြင် ကုမ္ပဏီအတွင်း ဒါမှမဟုတ် စက်မှုဇုန်တစ်ခုလုံးအတွင်းရှိ လစာကွာဟချက်တွေကို လေ့လာကြည့်ရှုခြင်းအားဖြင့် ဘယ်လို ကျွမ်းကျင်မှု (Skillsets) တွေဟာ ဈေးကွက်မှာ တကယ်တန်ဖိုးရှိနေသလဲဆိုတာကို ခွဲခြားသိမြင်နိုင်ပါတယ်။ ကိုယ့်ထက် လစာပိုမိုရရှိနေတဲ့ ရာထူးတွေရဲ့ လိုအပ်ချက်ကို ကြည့်ပြီး မိမိကိုယ်ကို ဘယ်အတိုင်းအတာအထိ မြှင့်တင်ရမလဲ၊ ဘယ်လို ပညာရပ်တွေကို ထပ်မံဆည်းပူးရမလဲဆိုတာကို တိကျတဲ့ တိုးတက်ရေးလမ်းကြောင်း အဖြစ် ပုံဖော်ယူနိုင်ပါတယ်။
♦️၅။ အခြေအနေအရပ်ရပ်ကို ဘက်စုံ ထည့်သွင်းတွက်ချက်ခြင်း
ဒီအချက်အလက်တွေကို ကြည့်ရှုတဲ့အခါမှာ သတိထားရမယ့် အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ လစာ ပမာဏတစ်ခုတည်းကိုပဲ ကွက်ပြီး မကြည့်ဘဲ အခြေအနေအရပ်ရပ် (Context) ကို ထည့်သွင်းစဉ်းစားဖို့ပါပဲ။ အဓိက လစာအပြင် ပါဝင်တဲ့ အခြားသော အကျိုးခံစားခွင့်များ (Full Compensation Packages) ဖြစ်တဲ့ ကျန်းမာရေးအာမခံ၊ ဘောနပ်စ်များ၊ အစုရှယ်ယာ သက်ဆိုင်ခွင့်များနှင့် အခြား ခံစားခွင့်များ၊ လုပ်ကိုင်ရသည့် ဒေသရဲ့ ကုန်ကျစရိတ်နှင့် စက်မှုဇုန် ကွဲပြားမှုတွေကိုပါ ဘက်စုံ ထည့်သွင်း တွက်ချက်ရပါမယ်။
နိဂုံးချုပ်ဆိုရရင်တော့ လစာပွင့်လင်းမြင်သာမှုဆိုတာ သာမန် စိစစ်စရာ ကိန်းဂဏန်းအချို့ မဟုတ်ပါဘူး။ မိမိရဲ့ အသက်မွေးဝမ်းကျောင်းတန်ဖိုးကို ခိုင်မာအောင် တည်ဆောက်ဖို့၊ နက်နဲတဲ့ အသိပညာတွေကို ဆည်းပူးဖို့နဲ့ အနာဂတ် အခွင့်အလမ်းကောင်းတွေဆီ သွားရောက်နိုင်ဖို့အတွက် လမ်းပြပေးနေတဲ့ အားကောင်းလှတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို စနစ်တကျ အသုံးချနိုင်သူတွေအတွက်တော့ အနာဂတ် အသက်မွေးဝမ်းကျောင်း ခရီးစဉ်ဟာ ပိုမို ရှင်းလင်းပြီး အောင်မြင်မှုနဲ့ ပိုမို နီးစပ်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။
Ref: Forbes