Sone Shal

Sone Shal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sone Shal, Media/News Company, Yangon.

လေးအသင်္ချေနှင့် ကမ္ဘ္ဘာတစ်သိန်း ရေတွက်ပုံ==============================လေးအသင်္ချေဆိုသည်မှာ ---၁။ ​သေလ အ​သ​င်္ချေ၂။ ဘာသ အသ​င်္ချေ...
22/09/2018

လေးအသင်္ချေနှင့် ကမ္ဘ္ဘာတစ်သိန်း ရေတွက်ပုံ
==============================

လေးအသင်္ချေဆိုသည်မှာ ---

၁။ ​သေလ အ​သ​င်္ချေ
၂။ ဘာသ အသ​င်္ချေ
၃။ ဇယ အ​သ​င်္ချေ
၎။ ရုစိရ အသ​င်္ချေ တို့ဖြစ်​သည်​။

၁။ သု​မေဓာရှင်​ရ​သေ့ ဗျာဒိတ်​ခံယူသည့်​ ကမ္ဘာ၏
နောက်​ဆုံးပွင့်​​တော်​မူသောဘုရားဖြစ်​သည့်
ဒီပင်္ကရာဘုရားနှင့်​​ ကောဏ္ဍညဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မ​ရေတွက်​နိုင်​သည့်​ ကမ္ဘာများကို
"သေလအသ​င်္ချေ" ဟူ၍ တစ်​သ​င်္ချေ​ ရေတွက်​ရသည်​။

၂။ ​ကောဏ္ဍညဘုရားနှင့်​ မင်္ဂလဘုရားတို့အကြား
ဘုရားလုံးဝမပွင့်​​သော မ​ရေတွက်​နိုင်​သည့်​ ကမ္ဘ္ဘာများကို
"ဘာသအသ​င်္ချေ"ဟူ၍ တစ်​သ​င်္ချေ​ ရေတွက်​ရသည်​။

၃။ ​သောဘိတဘုရားနှင့်​ အ​နောမဒဿီ ဘုရားတို့အကြား ဘုရားလုံးဝမပွင့်​​သော မ​ရေတွက်​နိုင်​သည့်​ ကမ္ဘ္ဘာများကို "ဇယအသ​င်္ချေ"ဟူ၍ တစ်​သ​င်္ချေ​ ရေတွက်​ရသည်​ ။

၎။ နာရဒဘုရားရှင်​နှင့်​ မဒုမုတ္တရဘုရားတို့အကြား
ဘုရားလုံးဝမပွင့်​​သော မ​ရေတွက်​နိုင်​သည့်​ ကမ္ဘာများကို "ရုစိရ အသ​င်္ချေ "ဟူ၍​ တစ်သ​င်္ချေ​ ရေတွက်​ရသည်​။

ကမ္ဘာ တစ်​သိန်းဆိုသည်​မှာ
------------------------------------

ပဒုမုတ္တရဘုရားပွင့်​ပြီး​နောက်​ ဘုရားများ
ဆိတ်သုဉ်းခဲ့သော ကမ္ဘာပေါင်း " ၇၀၀၀၀ "

သုဇာတဘုရားနှင့်​ ပိယဒဿီ ဘုရားအကြား
ကမ္ဘ္ဘာပေါင်း " ၂၈၁၉၉ "

ဓမ္မဒဿီဘုရားနှင့်​ သိဒ္ဓတ္ထဘုရားအကြား
ကမ္ဘာပေါင်း " ၁၇၀၅ "

သိဒ္ဓတ္ထဘုရားနှင့်​ တိဿဘုရားအကြား " ၁ "ကမ္ဘာ

ဝိပဿီဘုရားနှင့်​ သိခီဘုရားအကြား
ကမ္ဘာ​ပေါင်း "၅၉ "

ဝေဿဘူဘုရား နှင့်​ ကကုသန်​ဘုရားအကြား
ကမ္ဘာ​ ပေါင်း " ၂၉ "

ပဒုမုတ္တရဘုရား​နောက်​ဘုရားပွင့်​​သော
ကမ္ဘာ ​ပေါင်း " ၇ "
စုစု​ပေါင်း ကမ္ဘာ တစ်​သိန်းဖြစ်​ပါသည်

လူမင်းအိမ်

Credit = အရှင်​နာယက
¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥

ကောင်းကျိုးလိုရာပြည့်ကြပါစေ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sone Shal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share