Law Ka Thit Sarpay

Law Ka Thit Sarpay We publish Global English Magazine and other books. Ph : 09 788 9740 55, 09 9646 900 99

14/09/2026

Anecdote ( 66 )

အမေရိကန်သမ္မတ ရော်နယ်ရေဂင်ဟာ သူ့လက်ထက်မှာ လုပ်ကြံမှုနဲ့ တစ်ကြိမ်ကြံုခဲ့ရပေမဲ့ ‘ အသက်ဘေးက လွတ်ခဲ့ပါတယ်။

သူ့ကို ပစ်တဲ့ လူကလည်း နိုင်ငံရေးကြောင့် ဘာကြောင့် မဟုတ်ဘူး။ ရုပ်ရှင်မင်းသမီး ဂျိုဒီဖော်စတာကြောင့်တဲ့။

ဇာတ်လမ်းက ဒီလို။

ဂျွန်ဟင် ဂလေဆိုတဲ့ သူငယ်က Taxi driver ဇာတ်ကားထဲက မင်းသမီးဂျိုဒီဖော်စတာက်ု တော်တော်စွဲလမ်းသွားပါတယ်။

ဂျိုဒီဖော်စတာရဲ့ အချစ်ကို ရဖို့ ဘယ်လိုပင်ကြိုးပမ်းပေမဲ့ မအောင်မြင်ဘူးတဲ့။

အဲဒီမှာ က်ုယ့်ဆရာက ‘ ငါသာ အမေရိကမှာ နာမည်ကြီးတစ်ယောက်ဖြစ်ရင် ဂျိုဒီက ငါ့က်ုပြန်ကြ်ုက်မှာပဲ ဆိုပြီးရေဂင်က်ု သေနတ်နဲ့ ၆ချက်ပစ်ပြီးလုပ်ကြံပါတယ်။

ရေဂင် သေနတ်မှန်ပြီး ဆေးရုံရောက်သွားပေမဲ့ ဒဏ်ရာက သေကွင်းကို မထိဘူး။

နန်စီရေဂင်က ဆေးရုံက သူ့ယောကျ်ားက်ု လာကြည့်တော့ ရေဂင်က

‘Honey, I forgot to duck.
(အချစ်ရေ - ကိုယ်ငုံ့ရှောင်ဖို့ မေ့သွားတယ်) တဲ့ ။သူ့မိန်းမကို ပြန်နောက်လိုက်ပါတယ်။

ဒီကိစ္စမှာ ရော်နယ်ရေဂင်ရဲ့ တုံ့ပြန်မှုက ချီးကျူးဖို့ ကောင်းပါတယ်။

သူ့ကိုလုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဂျွန်ဟင်ဂလေအကြောင်းသိရတော့ အမိုက်အမဲ လေးကို ခွင့်လွှတ်ပါသတဲ့။

သူတို့ အမေရိကန်နိုင်ငံရေးလောကမှာ လူကြီးလူကောင်းပီသတာတို့ ၊ ခွင့်လွှတ်သည်းခံတာတို့က တယ်အမှတ်ရဆိုကိုး။

ဆရာဦးဉာဏ်၀င်းထက်၏ စာအုပ်များEnglish Sentence Patterns တန်ဖိုး - ၁၀၀၀၀ ကျပ်။How to Write Letter တန်ဖိုး - ၁၃၀၀၀ ကျပ်။A Va...
14/09/2026

ဆရာဦးဉာဏ်၀င်းထက်၏ စာအုပ်များ

English Sentence Patterns
တန်ဖိုး - ၁၀၀၀၀ ကျပ်။

How to Write Letter
တန်ဖိုး - ၁၃၀၀၀ ကျပ်။

A Variety of Essays အက်ဆေးပဒေသာ
တန်ဖိုး - ၁၃၀၀၀ ကျပ်။

Essay Activator
တန်ဖိုး - ၁၆၀၀၀ ကျပ်။

လောကသစ်စာပေ
အမှတ် ၂၄၄၊ ပထမထပ်၊ ၃၉ လမ်း (အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
၀၉ ၇၈၈ ၉၇ ၄၀၅၅၊ ၀၉ ၉၆၄၆ ၉၀၀ ၉၉။

12/09/2026

Franz Liszt (ဖရန့် ဇ် လဇ်) က ဟန်ဂေရီ စန္ဒရားပညာရှင်နဲ့ တေးရေးဆရာပါ။

တစ်ခါက ဖျော်ဖြေပွဲ တစ်ခုမှာ ဖရန့်လဇ် တင်ဆက်အပြီးမှာ ပရိသတ်ထဲက အမျိုးသမီး တစ်ဦးက

‘ ဒီလိုသာ တီးနိုင်မယ်ဆ်ုရင် ကျမရဲ့တစ်ဘဝလုံးကိုတောင် ပေးနိုင်ပါရဲ့’ လို့ ပြောလိုက်ပါတယ်။

ဒီအခါမှာ ဖရန့် လဇ်က

‘ ကျွန်တော်တို့လဲ ဒီလိုတီးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ တစ်ဘဝလုံးကို ပေးခဲ့ရပါတယ်ခင်ဗျာ’ လို့ ပြောလိုက်ပါသတဲ့။

11/09/2026

Anecdote (6 4 )

၁၉၄၀ ပြည့်နှစ် ဒုတိယကမ္ဘာစစ် အတွင်းက အဖြစ်အပျက်လေးတစ်ခုပါ။

ဟစ်တလာက လန်ဒန်က်ု ဗုံးတွေပတ်ကြဲနေတော့ လူထုက အတော် ဒုက္ခရောက်ပါတယ်။

လန်ဒန်အရှေ့ပိုင်းက ဆင်းရဲသားရပ်ကွက်တွေဆိုရင် အိမ်တွေပြိုပျက်၊ ပိုင်ဆ်ုင်မှုတွေ ပျက်စီးကြတယ် ဆ်ုပါတယ်။

တစ်နေ့တော့ ဘက်ကင်ဟမ်နန်းတော်အပေါ်တည့်တည့်ကို နာဇီတွေရဲ့ ဗုံးက ထိမှန်ပါတယ်။

အခြေအနေတွေငြိမ်သက်သွားတော့ အဲလိဇဘက် ဘုရင်မကြီးက နန်းတော်ရဲ့အပျက်အစီးတွေ ကို လိုက်ကြည့်ပါတယ်။

ပြီးတော့ ဒီလ်ုမှတ်ချက်ပေးပါသတဲ့။

‘ ခုမှပဲ ငါလည်း လန်ဒန်အရှေ့ပိုင်းက လူတွေရဲ့ မျက်နှာကို ရဲရဲ ကြည့်ရဲတော့တယ်’ တဲ့။

(ဒုက္ခရောက်တာချင်း အတူတူပဲလို့ ပြောချင်တာ။)

အမှာစာ                                (  ၁ )ဤစာအုပ် (အမေရယ်၊ ကျမရယ်၊ တရုတ်ပြည်ရယ်) သည် ငန်းရိုင်းများ၏ နောက်ဆက်တွဲစာအုပ်...
10/09/2026

အမှာစာ

( ၁ )

ဤစာအုပ် (အမေရယ်၊ ကျမရယ်၊ တရုတ်ပြည်ရယ်) သည် ငန်းရိုင်းများ၏ နောက်ဆက်တွဲစာအုပ် Fly, Wild Swans: My Mother, Myself and China ကို မြန်မာပြန်ထားသောစာအုပ် ဖြစ်ပါသည်။

ငန်းရိုင်းများ(Wild Swans)၌ စာရေးသူ
ယုံချန်း၏ အဖွားနှင့် ယုံချန်း၏မိဖနှစ်ပါးအကြောင်းကို နောက်ခံထားကာ တရုတ်
ပြည်၏ မြေရှင်ပဒေသရာဇ်ခေတ်နှင့် ကွန်မျူနစ်ခေတ်အကြောင်းကို ရေးဖွဲ့သည်။ မော်စီတုန်းလက်ထက်ဖြစ်ပွါးသော ယဉ်ကျေးမှုတော်လှန်ရေးနှင့် ယင်း၏သက်ရောက်မှုများကို ဖော်ပြသည်။ ကျွန်တော်တို့ငယ်ငယ်က ဖတ်ခဲ့ စွဲခဲ့ရသည့် အဂ္ဂါစနိုး၏ ‘ ဘဝချင်းမတူသည့် တရုတ်ပြည် ( Red China Today: The Other Side of the River) ကို ချေဖျက်ခဲ့လေရာ ငန်းရိုင်းများသည် ကမ္ဘာမှာ အုတ်အော်သောင်းသဲဖြစ်ခဲ့သော စာအုပ်ဖြစ်သည်။

(ငန်းရိုင်းများကို လောကသစ်စာပေမှ ၂၀၁၂ ခုနှစ်က ဆရာကျော်အောင် မြန်မာပြန်ဆို ထုတ်ဝေခဲ့ပါသည်။ )

(၂ )

ယခုစာအုပ်၌ စာရေးသူယုံချန်းနှင့် သူ့မိခင် အကြောင်းကို အဓိကထား ရေးဖွဲ့ပါသည်။

ယုံချန်းသည် မော်ခေတ်အလွန် တိန့်ရှောင်ဖိန် လက်ထက်၌ စကောလားရှစ် ပညာသင်ဆုရကာ လန်ဒန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သည်။ ပီအိတ်ချ်ဒီဘွဲ့ရပြီး လန်ဒန်တက္ကသိုလ်မှာ စာပေပို့ချရင်း Wild Swans ကို ရေးခဲ့သည်။ (ယခုတော့ စာရေးဆရာဘဝကို လုံးလုံးလျားလျား ခံယူလိုက်ပြီဖြစ်သည်)

တရုတ်ပြည်တွင်လည်း ရှီကျင်းပင်က တရုတ်ကွန်မျူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးဖြစ်လာသည်။

ယုံချန်းသည် တရုတ်ပြည်မှ မိခင်ဖြစ်သူထံ အခါအားလျော်စွာ သွားရောက်လည်ပတ်ရင်း မော်အတ္ထုပ္ပတ္တိကို ရေးသည်။ မော်အတ္ထုပ္ပတ္တိအတွကိ သုတေသနလုပ်ရင်း အထင်နှင့် လက်တွေ့ တခြားစီဖြစ်နေတာ တွေ့ရသည်။အထူးသဖြင့် အဂ္ဂါစနိုး၏ တရုတ်ပြည်ပေါ်မှ ကြယ်နီ( Red Star over China )သည် ဂျင်းတွေဖြစ်နေတာ တွေ့ရသည်။

မော်အတ္ထုပ္ပတ္တိ ထွက်လာသောခါ တရုတ်အစိုးရနှင့် ယုံချန်းမပြေမလည် ဖြစ်ရပုံ၊ ယင်း၏သက်ရောက်မှုများကို ယခုစာအုပ်၌ ဖော်ပြထားသည်။

( ၃ )

ဤစာအုပ်နိဂုံး၌ ယုံချန်းက ဤသို့ရေးခဲ့သည်။

၂၀၁၈ခုနှစ်မှာ ဥက္ကဌ ရှီကျင်းပင်သည် မော် လက်သစ် နိုင်ငံတစ်ခုတည်ထောင်ပြီး ကမ္ဘာ
ကို လွှမ်းမိုးရန် ရည်မှန်းချက်ရှိကြောင်း သိရသဖြင့် ကြောက်ရွံ့မှုက ကျမကို ပြန်လည် ခြောက်လှန့်လာခဲ့သော်လည်း နောက်ပိုင်းမှာ ပြေလျော့သွားခဲ့ပါသည်။ ဤရည်မှန်းချက် များမှာ နောက်ဆုံးတွင် ပျက်စီးရလိမ့်မည် ဟူသော ယုံကြည်ချက်က တိုး၍တိုး၍ သေချာလာခဲ့သည်။ တရုတ်ပြည်တွင် မော်စတိုင် လူ့အဖွဲ့အစည်းတစ်ရပ် ပြန်လည် တည်ဆောက်ဖို့ အထပ်ထပ်ကြိုးပမ်းမှုများက ကန့်သတ်ထားသော ရလဒ်သာ ထွက်ပေါ်ခဲ့ သည်။ ပြီးတော့ ပိုမို ကျယ်ပြန့်လာသော ကမ္ဘာမှာ လူများက ဤရည်မှန်းချက်များ တည်ရှိခြင်းနှင့် ယင်းတို့၏အာဏာရှင် ဆန်သော သဘာဝကို သတိပြုမိလာကြသည်။ လူအများအပြားက ယင်းကို ဖယ်ရှားရန် ကြိုးစားလာကြသည်။ မော်ဝါဒသည် ဘယ်လို ပုံသဏ္ဍာန်နှင့်လာစေကာမူ ဒီမိုကရေစီကို အနိုင်ရမည် မဟုတ်။ ဤအချက်ကို ကျမ နှစ်နှစ်ကာကာ ယုံကြည်ပါသည်။’

ဆိုလိုတာက ရှီကျင်းပင်သည် မော်လက်သစ်ဝါဒ ကို တရုတ်ပြည်၌ တည်ဆောက်နေသည်။ ဒါပေမဲ့ အောင်မြင်မှာ မဟုတ်ဘူးဟု ယုံချန်းက ပြောခြင်းဖြစ်သည်။

(၄)

အမေရယ်၊ ကျမရယ်၊ တရုတ်ပြည်ရယ်ကို မြန်မာပြန်ပြီးသောခါ ‘ ငန်းရိုင်းများ၏ ပျံသန်းမှု ခရီးစဉ် ဤတွင်ပြီးဆုံးပါပြီ’ ဟု ကျွန်တော်မှတ်ချက်ရေးခဲ့သည်။

သို့ရာတွင် ငန်းရိုင်းများ၏ ပျံသန်းမှု တကယ်ပဲ ပြီးဆုံးသွားပြီလား။ တစ်ဘက်တွင် အာဏာနီ တည်ဆောက်လိုသော အုပ်စု၊ အခြားတဘက်တွင် ယုံချန်းတို့လို လစ်ဘရယ် ဒီမိုကရေစီသမားများ။ ပြီးတော့ ကမ္ဘာ့ အနေအထား အခင်းအကျင်းများက ရှေ့မှာ ဘယ်လို ဖြစ်လာမလဲ။

ယင်းအခြေအနေများက ငန်းရိုင်းများ ဆက်လက် ပျံသန်းနေ ရဦးမလား ဆိုတာကို ပြဌာန်းပေးလိမ့်မည်ဟု ယူဆမိပါကြောင်း။

မင်းကျော်စွာ

07/09/2026

Anecdote(6 3)

Rebecca Tilly ( ရဘက်ကာ တီလီ) တဲ့။ စာရေရးဆရာမ တစ်ယောက်ပဲ။သူ့ရဲ့ အိမ်ထောင်ရေး ဒဿနလေးသဘောကျလို့ လက်ဆင့်ကမ်းလိုက်တယ်။

တစ်ခါတလေကျတော့ ဒဿနဆိုတာ ကိုယ်ပိုင် အတွေ့အကြုံက လာတာပါ။ ကိုယ့်အတွေ့အကြုံဟာ တခြားလူတွေမှာလည်း ထင်ဟပ်နိုင်တယ်ဆိုရင် ခိုင်မာတယ် ဆိုရမှာပေါ့။

သူက ဒီလိုဆိုတယ်။
The middle years of marriage are the most crucial. In the early years spouses want each other and in late years they need each other. တဲ့။

အိမ်ထောင်ရေးရဲ့ အလယ်နှစ်များဟာ အရေးအပါဆုံးပဲ။ အစောပိုင်းနှစ်တွေမှာ လင်မယားနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် လိုချင်ကြတယ်။ နောက်ပိုင်းနှစ်တွေကျတော့ တစ်ယောက်ကို တစ်ယောက် လိုအပ်ကြတယ်။

(အိမ်ထောင်ရဲ့ အစောပိုင်းနှစ်တွေဟာ အချစ်သည်းတဲ့ နှစ်တွေတဲ့။ တစ်ယောက်နဲ့တစ်ယောက် သူကလည်း ကိုယ့်ကို၊ ကိုယ်ကလည်း သူ့ကို အလိုရှိနေတဲ့ အချိန်ပေါ့။ အသက်ကြီးလာတဲ့ အိမ်ထောင်ရဲ့ နောက်ပိုင်းနှစ်တွေကျတော့ တစ်ယောက်ကို တစ်
ယောက် အဖော်အဖက်အဖြစ် လိုအပ်နေတဲ့ အချိန်ပေါ့။

အိမ်ထောင်ရဲ့ အလယ်နှစ်တွေကျတော့ အရူးအမူးဖြစ်နေတဲ့ စိတ်တွေက အနယ်ထိုင်သွားပြီ။ အသက် က လူလတ်ပိုင်းအရွယ်ဆိုတော့ တစ်ယောက်မရှိရင် တစ်ယောက်က မဖြစ်ဘူးဆိုတဲ့ အနေလည်း မဟုတ်သေးဘူး။ အဲဒီနှစ်တွေဟာ တစ်ယောက်ရဲ့ အချစကို စစ်မစစ် တကယ်စမ်းသပ်တဲ့ အချိန်ပဲ။
ဖောက်ပြန်မှုတွေဟာ ဒီအချိန်မှာ အဖြစ်တတ်ဆုံးပဲ။ စာရေးဆရာမက ဒါကိုပြောတာပါ။)

အိမ်ထောင်ရဲ့ အလယ်နှစ်တွေရောက်ရင် ဆီ၊ ရေ၊ လေ၊ ဝိုင်တွေကို သတိပြုကြပေါ့ဗျာ။

နစ်ယောက်ရဲ့

မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့နှင့် မြန်မာ့ရှုခင်း (၁) တန်ဖိုး - ၉၀၀၀ ကျပ်။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့နှင့် မြန်မာ့ရ...
07/09/2026

မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့နှင့် မြန်မာ့ရှုခင်း (၁)
တန်ဖိုး - ၉၀၀၀ ကျပ်။

မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့နှင့် မြန်မာ့ရှုခင်း (၂)
တန်ဖိုး - ၇၀၀၀ ကျပ်။

အင်္ဂလိပ်စာ ဆရာလွတ်လေ့လာခြင်း
တန်ဖိုး - ၈၀၀၀ ကျပ်။

အင်္ဂလိပ်ဘာသာ သိစရာ မှတ်စရာ (၂)
တန်ဖိုး - ၉၀၀၀ ကျပ်။

06/09/2026

Anecdote
War and Peace (စစ်နဲ့ ငြိမ်းချမ်းရေး) ဝတ္ထုကို ဘယ်သူရေးသလဲ။

တော်လ်စတွိုင်း ပေါ့။

ဟုတ်ပါပြီ။

အဲဒီလောက်ထူတဲ့စာအုပ်ကြီးက်ု ခုနစ်ခါလောက် ကူးရေးပေးခဲ့ တဲ့ တော်လ်စတွိုင်းရဲ့ ဇနီးနာမည်က ဘယ်သူများပါလိမ့်။

ဟုတ်ကဲ့- ဆိုဖီယာပါတဲ့။

ဆိုဖီယာဟာ သူ့ဘဝတစ်ခုလုံးမှာ သူ့ယောက်ကျားတော်လ်စတွိုင်း ရဲ့နောက်က ပံ့ပိုးရင်း၊ တော်လ်စတွိုင်းနဲ့ သူနဲ့ မွေးထားတဲ့ ကလေး၁၃ ယောက်ကို ထိန်းကျောင်းပြုစုခဲ့သူပါ။

ဒါပေမဲ့ အသက်ကြီးလာတော့ တော်လ်စတွိုင်းနဲ့ သူရဲ့ အိမ်ထောင်ရေးက အစေးမကပ်တော့ဘူးတဲ့။

တော်လ်စတွိုင်းက သူ့စာမူတွေ အားလုံးကို လူထုကို လှူချင်သတဲ့။ ထုတ်ချင်တဲ့လူ ထုတ်ပစေပေ့ါ။

ဆိုဖီယာက သဘောမတူဘူး။ ကလေးတွေ နောင်ရေးအတွက် စဉ်းစားရမယ်တဲ့။

တော်လ်စတွိုင်းနဲ့ သူ့ဇနီး တကျက်ကျက်
ရန်ဖြစ်ရာက တော်လ်စတွိုင်းက အိမ်ပေါ်က ဆင်းသွားတယ်။ ဘူတာရုံနှင်းတောထဲမှာ သွားထိုင်ရင်း အအေးပတ်ကာ သေတဲ့အဖြစ် ရောက်ခဲ့ ရသတဲ့။

သေခါနီးသူ့မိန်းမကို အခန်းထဲ တောင် အဝင်မခံဘူးတဲ့။

( အိမ်ထောင်ရေးဆိုတာ တစ်သက်တာ ညှိယူရတဲ့ အလုပ်ထင်ပါရဲ့)

05/09/2026

Anecdote(61 )

အမေရိကန်တော်လှန်ရေးသမိုင်းမှာ Nathan Hale ဆိုတဲ့ နာမည်ကလည်း
အထင်ကရတစ်ခုပါပဲ။

Nathan Hale က အစက ကျောင်းဆရာပါ။
ဗြိတိသျှတို့ ကို ဆန့်ကျင်တော်လှန်ကြတော့ Nathan Hale လည်း တော်လှန်ရေးသမားဖြစ်လာပါတယ်။အမေရိကန် တပ်မတော်မှာ ဗိုလ်ကြီးအဆင့်နဲ့ သူလျှို လုပ်ရပါတယ်။ ဗြိတိသျှစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို
ထောက်လှမ်းရတယ်။

နောက် သူ့ကို ဗြိတိသျှစစ်တပ်က ဖမ်းမိသွားတယ်။ဗြိတိသျှတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှု မြေပုံတွေနဲ့ မိတာဆ်ုတော့ ချကိချင်းပဲ သူ့ကို သေဒဏ်ပေးလ်ုက်တယ်။

၁၇၇၆၊ စက်တင်ဘာ၂၂။

ကြိုးမပေးခင် နောက်ဆုံးအနေနဲ့ ဘာပြောချင်သလဲလို့မေးတော့ သူက

( I only regret that I have but one life to lose for my country. )
ငါ့တိုင်းပြည်အတွက် ဆုံးရှုံးစရာ အသက်
တစ်ချောင်းပဲရှ်လို့ စိတ်မကောင်း ဖြစ်ရတာ တစ်ခုပါပဲ’ လို့ ပြောခဲ့ သတဲ့။
Nathan Hale ဆုံးတော့ အသက်၂၁နှစ်ပဲ ရှိပါသေးတယ်။

English Collocations in Use (Intermediate)Price - 7000 ksEnglish Idioms In Use (Advanced)Price - 8500 ks English Phrasal...
04/09/2026

English Collocations in Use (Intermediate)
Price - 7000 ks

English Idioms In Use (Advanced)
Price - 8500 ks

English Phrasal Verbs In Use (Intermediate)
Price - 8500 ks

English Vocabulary In Use (Elementary)
Price - 7000 ks

English Vocabulary In Use (Elementary)
Price - 8500 ks

English Vocabulary In Use (Pre-intermediate and Intermediate)
Price - 12000 ks

Address

No. 295, First Floor, 40th Street (Upper Block), Kyauktada Township
Yangon

Telephone

+9518398002

Website

Alerts

Be the first to know and let us send you an email when Law Ka Thit Sarpay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Law Ka Thit Sarpay:

Shortcuts

Share

Category