Yoyarlay

Yoyarlay သတင်းများစုစည်းရာ ရိုးရာလေးအွန်လိုင်းစာမျက်နှာ
(1153)

ရိုးရာလေး သတင်းစာမျက်နှာမှ စာပေ အနုပညာ မြတ်နိုးသူများ၊ မြန်မာ့အရေးနှင့် နိုင်ငံတကာအရေး စိတ်ဝင်စားသူများ၊ ကျန်းမာရေး လိုက်စားသူများ၊ ဖက်ရှင်နှင့် အလှဒီဇိုင်း ဖန်တီးသူများ၊ အိုင်တီ ပညာရှင်များ အားလုံးအတွက် အသုံးဝင်ပြီး အကျိုးရှိစေမည့် လတ်တလော သတင်းများကို သုတ ရသ ကဏ္ဍ စုံလင်စွာဖြင့် ထည့်သွင်းပေးထားပါသည်။

စီးပွားရေး လုပ်ငန်းရှင်များ အတွက် မိမိတို့ ပစ္စည်းများကို ဈေးကွက်၌ ရောင်းလိုအား ပိုမို ကောင်းမွန်စေရန် အတွက် ကြော်ငြာ ထည့်သွင်းခြင်းများနှင့် မိမိတို့ လုပ်ငန်း အတွက် အလုပ်ကြော်ငြာ ထည့်သွင်းခြင်းများကိုလည်း ရိုးရာလေး သတင်းစာမျက်နှာရှိ ကြော်ငြာ ထည့်သွင်းမည့် နေရာများတွင် ကြော်ငြာ ထည့်သွင်းနိုင်ရန် ဖန်တီးပေးထားပါသည်။

အသုံးပြုသူများ အားလုံး တနေ့တာ စိတ်အပန်းဖြေ အမောပြေစေရန် အတွက် ရိုးရာလေး သတင်းစာမျက်နှာကို ဝင်ရောက် ကြည့်ရှုခြင်းဖြင့် သင့်ဘဝအတွက် အတွေးအမြင်သစ်များ တိုးတက်မှု ရရှိစေမှာဖြစ်ပါသည်။ ရိုးရာလေး သတင်းစာမျက်နှာမှ အားလုံးအတွက် အကျိုးရှိစေမည့် အစီအစဉ်များကို တင်ဆက်ပေးအုံးမှာဖြစ်လို့ အားပေးကြပါအုံးနော်။

Team (ရိုးရာလေး)
www.yoyarlay.com

အော်တစ်ဇင် သားဖြစ်သူနေထိုင်ဖို့ ဂေဟာရှာပေးရင်း ဘဝရဲ့နောက်ဆုံးအချိန် ၆လကို ကုန်ဆုံးသွားခဲ့တဲ့ဖခင်အသက်ရှင်ဖို့အချိန် ၆ လပဲ...
10/09/2026

အော်တစ်ဇင် သားဖြစ်သူနေထိုင်ဖို့ ဂေဟာရှာပေးရင်း ဘဝရဲ့နောက်ဆုံးအချိန် ၆လကို ကုန်ဆုံးသွားခဲ့တဲ့ဖခင်

အသက်ရှင်ဖို့အချိန် ၆ လပဲ ကျန်တော့တဲ့ ဖခင်တစ်ယောက်ဟာ အော်တစ်ဇင် (Autistic) သားဖြစ်သူအတွက် အမြဲတမ်း နေထိုင်ခွင့်ရမယ့် ဂေဟာတစ်ခု ရရှိဖို့ ကြိုးစားရင်း တောင်ကိုရီးယားနိုင်ငံရဲ့ ပျက်စီးယိုယွင်းနေတဲ့ စောင့်ရှောက်မှုစနစ်ကိုပဲ တွန်းလှန်သွားခဲ့ပါတယ်။

သူကတော့ '' ပီတာပန်ရဲ့ဖေဖေ '' (Peter Pan's Dad) လို့ လူသိများတဲ့ တောင်ကိုရီးယား စာရေးဆရာ ဂျွန်ဂယောင်းချော (Jeon Gyeong-cheol) ပါပဲ။ အသည်းကင်ဆာ နောက်ဆုံးအဆင့် ခံစားခဲ့ရတဲ့ ဂျွန်ဂယောင်းချောဟာ အသက် ၂၇ နှစ်အရွယ် သားဖြစ်သူ ဂျေဝန် (Je-won)ကို တစ်ဦးတည်း ပြုစု စောင့်ရှောက်နေရသူပါ။

သူ ကွယ်လွန်သွားရင် ကလေးတစ်ယောက်ရဲ့ သိမှုမျိုးသာရှိတဲ့ သားဖြစ်သူ ဒုက္ခရောက်မယ့်အရေးကြောင့် ဂျွန်ဂယောင်းချောဟာ သူ့ဘဝရဲ့ လက်ကျန်အချိန် ၆ လလုံးလုံး ဂေဟာတွေကို လိုက်လံစုံစမ်းရင်း အချိန်ကုန်ခဲ့ရပါတယ်။

ဂျွန်ဂယောင်းချော တောင်ကိုရီးယားနိုင်ငံတစ်ဝန်းရှိ စောင့်ရှောက်ရေးဂေဟာပေါင်း ၁,၀၀၀ နီးပါးကို လိုက်လံစုံစမ်း မေးမြန်းခဲ့ပေမဲ့ ဝန်ထမ်းအင်အား မလုံလောက်မှု၊ ကျန်းမာရေးချို့တဲ့တဲ့ အရွယ်ရောက်ပြီးသူတွေကို ပြုစုစောင့်ရှောက်ဖို့ အလွန်ခက်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ထပ်ဖန်တလဲလဲ ငြင်းဆန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

ဂျွန်ဟာ သူတို့သားအဖရဲ့ ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကို အွန်လိုင်းပလက်ဖောင်းပေါ်မှာ ရေးခဲ့သလို "Goodbye, Peter Pan" (နှုတ်ဆက်ပါတယ် ပီတာပန်) ဆိုတဲ့ အက်ဆေးစာအုပ်မှာလည်း ထည့်သွင်းရေးသားခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ ဒီဖြစ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံတဝန်းမှ ပြည်သူတွေကြား ပျံ့နှံ့သွားခဲ့ပြီး ရုပ်သံကဏ္ဍတွေမှာလည်း ဖော်ပြခံခဲ့ရပါတယ်။

သူတို့သားအဖအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၅၉,၀၀၀ ကျော် ရရှိခဲ့သလို ဂျီဝန်ဟာလည်း ချောင်ချွန်းပြည်နယ်မှာရှိတဲ့ ကိုယ့်အားကိုယ်ကိုး အထူးစောင့်ရှောက်ရေးဂေဟာတစ်ခုမှာ အမြဲတမ်း နေထိုင်ခွင့် ရရှိသွားခဲ့ပါတယ်။

ဂျွန်ဟာ သူ့စာအုပ်ကနေ ရရှိလာတဲ့ စာမူခကို သူ့လို အခက်အခဲ ကြုံနေရတဲ့ မိသားစုတွေအတွက် ကူညီပေးဖို့ ရည်ရွယ်ပြီး ဖောင်ဒေးရှင်းတစ်ခု ထူထောင်ဖို့ ရည်ရွယ်လှူဒါန်းသွားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာတော့ ဂျွန် ကွယ်လွန်သွားခဲ့ပြီး မကွယ်လွန်ခင်မှာ သားဖြစ်သူ လုံခြုံစိတ်ချရပြီဆိုတဲ့ အသိကြောင့် စိတ်အေးချမ်းမှုလည်း ရရှိသွားခဲ့ပါတယ်။

Ref: 'Peter Pan's dad,' who raised son with severe autism alone, dies 24 days after 'You Quiz' appearance

Team (ရိုးရာလေး)

တစ်ချိန်တစ်ခါ မိုက်ကယ်ဂျက်ဆင်ရဲ့ ကိုယ်ပိုင်တိရစ္ဆာန်ရုံ၊ ရုပ်ရှင်ရုံ၊ အပန်းဖြေကစားကွင်းတွေပါဝင်တဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်က...
10/09/2026

တစ်ချိန်တစ်ခါ မိုက်ကယ်ဂျက်ဆင်ရဲ့ ကိုယ်ပိုင်တိရစ္ဆာန်ရုံ၊ ရုပ်ရှင်ရုံ၊ အပန်းဖြေကစားကွင်းတွေပါဝင်တဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာ

လူအများစုက ကမ္ဘာကျော်ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ကို သူ့ရဲ့သီချင်းတွေနဲ့ ထူးခြားကောင်းမွန်တဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ သိကြပါတယ်။ မိုက်ကယ်ဂျက်ဆင်က ဧက ၂၇၀၀ ကျယ်ဝန်းတဲ့ မွေးမြူရေးခြံကြီးတစ်ခြံကို ပိုင်ဆိုင်ပြီး ကိုယ်ပိုင်တိရစ္ဆာန်ရုံ၊ ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ အပန်းဖြေကစားကွင်းတွေပါဝင်တဲ့ နေရာအဖြစ် ပြောင်းလဲခဲ့တာဆိုတာကိုတော့ လူတွေသိပ်မသိကြလောက်ဘူးထင်ပါတယ်။

မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်တဲ့ ဧက ၂၇၀၀ မွေးမြူရေးခြံကြီးက Neverland ပါ။ Santa Barbara ကောင်တီမှာ ဒီမြေနေရာကို မူလက Zaca Laderas ခြံလို့ သိကြပါတယ်။ ၁၉၈၁ ခုနှစ်မှာ အိမ်ခြံမြေလုပ်ငန်းရှင် William Bone က ဝယ်ယူခဲ့ပြီး Sycamore Valley ခြံလို့ပြောင်းကာ ကိုယ်ပိုင်အိမ်ခြံမြေအဖြစ် ဖန်တီးတည်ဆောက်ခဲ့ပါတယ်။ ဒီမြေနေရာမှာ ကြီးမားတဲ့အိမ်ကြီးတစ်လုံး၊ စနစ်တကျဖန်တီးထားတဲ့ ဉယျာဉ်တွေ၊ ကျောက်တံတားတစ်စင်းနဲ့ ရေတံခွန်ပါဝင်တဲ့ ၄ ဧကရေကန်တို့ရှိပါတယ်။

မိုက်ကယ်ဂျက်ဆင်က ၁၉၈၃ ခုနှစ်မှာ Say Say Say သီချင်းရိုက်ကူးစဉ်အတွင်း အဲ့ဒီမှာ နေထိုင်တဲ့ Paul McCartney ဆီ အလည်လာရင်း ဒီခြံကြီးကို စတင်တွေ့ရှိခဲ့တာပါ။ ၅ နှစ်အကြာမှာ ဒီခြံကြီးကို ဝယ်ယူခဲ့ပါတယ်။ သူက Peter Pan ထဲက စိတ်ကူးယဉ်ကျွန်းနာမည်ကို အစွဲပြုပြီး Neverland ခြံလို့ အမည်ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီနောက် သာမန်ခြံအဖြစ်ကနေ သီးသန့်အပန်းဖြေဉယျာဉ်အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။

အဲ့ဒီခြံကြီးထဲမှာ ပြင်သစ်စတိုင်အိမ်တစ်လုံး၊ ရုပ်ရှင်ရုံ၊ ရေကန်၊ ရထားဘူတာ၊ အပန်းဖြေကစားကွင်းတစ်ခုရှိပါတယ်။ အခြားအပန်းဖြေကစားကွင်းတွေမှာရှိသလိုမျိုး ချားရဟတ်ကြီး၊ မြင်းရုပ်ချားရဟတ်နဲ့ အခြားစီးစရာတွေရှိပါတယ်။ တိရစ္ဆာန်တွေကို ထိတွေ့ကြည့်ရှုလို့ရတဲ့ တိရစ္ဆာန်ငယ်ရုံတစ်ခုအပြင် ကျယ်ပြန့်တဲ့မြေနေရာတစ်လျှောက်ဖြတ်သန်းသွားလာလို့ရတဲ့ ရထားလမ်းစနစ်လည်းပါဝင်ပါတယ်။

Neverland က မိုက်ကယ်ဂျက်ဆင်အတွက် အိမ်ဖြစ်ရုံသာမက ကိုယ်ပိုင်အပန်းဖြေဉယျာဉ်လည်းဖြဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ မိုက်ကယ်ဂျက်ဆင် အမှုအခင်းဖြစ်တော့ စုံစမ်းစစ်ဆေးမှုအတွင်း အာဏာပိုင်တွေက ဒီမြေနေရာကို ရှာဖွေတဲ့အချိန် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အမှုရင်ဆိုင်ရပြီးနောက် သူက Neverland ကို ဘယ်တော့မှ မပြန်ရတော့ပါဘူး။ ၂၀၀၉ ခုနှစ်မှာ မိုက်ကယ်ဂျက်ဆင်က သေဆုံးသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ Neverland က ငွေကြေးဆိုင်ရာအခက်အခဲတွေနဲ့ ပိုင်ဆိုင်ခွင့်ဆုံးရှုံးရမယ့်အခြေအနေတို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီခြံကြီးကို စိတ်ကူးယဉ်ကမ္ဘာတစ်ခုအဖြစ် ပုံဖော်ထားခဲ့တဲ့အစိတ်အပိုင်းတွေက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။ အပန်းဖြေကစားကွင်းက စီးစရာတွေကို ဖယ်ရှားပြီး ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာ တချို့ကို အမေရိကန်နိုင်ငံက အပန်းဖြေဉယျာဉ်တွေမှာ တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒီခြံကြီးကို မူလနာမည် Sycamore Valley ခြံအဖြစ် ပြန်ပြောင်းခဲ့ပါတယ်။

ဒီခြံကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဈေးကွက်တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဈေးနှုန်းကို သန်း၆၀ အထိလျှော့ချခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၃၁ သန်းအထိ ထပ်လျှော့ချခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာမှာ ဘီလျံနာစီးပွားရေးလုပ်ငန်းရှင်း Ronald Burkle က ဒေါ်လာ ၂၂ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ အခုထိ ခြံကြီးက ရှိနေတုန်းပါပဲ။ ဒါပေမဲ့ Neverland က အရင်လိုတော့မဟုတ်တော့ပါဘူး။

Ref: Michael Jackson Created A 2,700-Acre Private Fantasy World With Its Own Zoo, Theatre And Theme Park

Team ( ရိုးရာလေး)

ဆေးဘက်ဆိုင်ရာသုတေသနအတွက် ကွယ်လွန်သူမင်းသမီးကြီး ချန်ဖိန်ဖိန် ရဲ့ဦးနှောက်ကို လှူဒါန်းပြီးတော့ သူ့ရဲ့နောက်ဆုံးဆန္ဒကို မိသာ...
10/09/2026

ဆေးဘက်ဆိုင်ရာသုတေသနအတွက် ကွယ်လွန်သူမင်းသမီးကြီး ချန်ဖိန်ဖိန် ရဲ့ဦးနှောက်ကို လှူဒါန်းပြီးတော့ သူ့ရဲ့နောက်ဆုံးဆန္ဒကို မိသားစုဝင်က ဖြည့်ဆည်းပေးခဲ့

နာမည်ကြီးဟောင်ကောင်ကိုယ်ခံပညာမင်းသမီးကြီး ချန်ဖိန်ဖိန် ရဲ့မိသားစုက သူ့ရဲ့နောက်ဆုံးဆန္ဒတွေထဲကတစ်ခုကို ဖြည့်ဆည်းပေးလိုက်ပါပြီ။ ဆေးဘက်ဆိုင်ရာသုတေသနအတွက် သူ့ရဲ့ဦးနှောက်ကို လှူဒါန်းပြီးတော့ ဆန္ဒတစ်ခုဖြည့်ဆည်းပေးခဲ့တာပါ။ Crouching Tiger၊ Hidden Dragon ဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသမီးကြီးချန်ဖိန်ဖိန်ဟာ ၂၀၂၄ ခုနှစ်က အသက် ၇၈ အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။

နောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ မင်းသမီးကြီးရဲ့မိသားစုက သူ့ရဲ့ဦးနှောက်ကို Atypical Parkinsonism လို အာရုံကြောဆိုင်ရာယိုယွင်းပျက်စီးစေတဲ့ ရောဂါတွေအတွက် သုတေသနပြုလုပ်တာကို ပံ့ပိုးကူညီပေးတဲ့ အမေရိကန်အဖွဲ့အစည်း Brain Support Network ကို လှူဒါန်းခဲ့တယ်လို့ အတည်ပြုပေးထားပါတယ်။

မင်းသမီးကြီး ဖိန်ဖိန်က ၂၀၁၉ ခုနှစ်မှာ ပါကင်ဆန်ရောဂါနဲ့ဆင်တူတဲ့ လှုပ်ရှားမှု၊ မှတ်ဉာဏ်နဲ့ စကားပြောဆိုမှုဆိုင်ရာပြဿနာတွေဖြစ်စေနိုင်တဲ့ ရှားပါးရောဂါတစ်မျိုး Corticobasal Degeneration (C*D) ရောဂါကို ရှာဖွေတွေ့ရှိခဲ့ရတာပါ။ သူ့ရဲ့ရောဂါကို လျှို့ဝှက်ထားခဲ့ပြီး နောက်ဆုံးအချိန်အထိ မိသားစုနဲ့ အချိန်အများဆုံးကုန်ဆုံးဖို့ ရွေးချယ်ကာ ရောဂါကို တိတ်တဆိတ်ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါတယ်။

သူသေဆုံးသွားပြီးတဲ့နောက် သူ့ရဲ့အေဂျင်စီ Supreme Art Entertainment က မင်းသမီးကြီး ဖိန်ဖိန်က ဒီရောဂါနဲ့ပတ်သက်ပြီး သုတေသနလုပ်ရာမှာ ကူညီပေးဖို့ သူ့ဦးနှောက်ကို လှူဒါန်းဖို့ ဆုံးဖြတ်ထားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်ကို သုတေသနအတွက် လှူဒါန်းတာက သူ နေမကောင်းမဖြစ်ခင်ကတည်းက အချိန်အကြာကြီးစဉ်းစားနေခဲ့တဲ့အရာဖြစ်တယ်လို့လည်း သိရပါတယ်။ သူ ရောဂါမဖြစ်ခင် နှစ်တော်တော်ကြာကတည်းက သူ့ဆေးဘက်ဆိုင်ရာသုတေသနအတွက် သူ့ရဲ့ခန္ဓာကိုယ်ကို ဟောင်ကောင်တက္ကသိုလ်ဆီလှူဒါန်းဖို့ သဘောတူညီချက်လက်မှတ်ထိုးထားခဲ့တာပါ။ သူက သုတေသနပြုလုပ်ပြီးသွားတဲ့နောက်လည်း သူ့ရဲ့အရိုးပြာကို ဟောင်ကောင်တက္ကသိုလ်နယ်မြေအတွင်း ကြဲချပေးစေလိုခဲ့တာပါ။

မင်းသမီးကြီး ချန်ဖိန်ဖိန် ကိုမြင်လိုက်တာနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေက မှတ်မိကြမှာပါ။ သူက နာမည်ကြီးဟောင်ကောင်ဇာတ်ကားတော်တော်များများမှာ ပါဝင်ခဲ့တာပါ။ သူ နောက်ဆုံးပါဝင်ခဲ့တဲ့ ဇာတ်ကားကတော့ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Disney ရဲ့ Live Action " Mulan "ပါပဲ။

Ref: Late Cheng Pei Pei’s Family Fulfils Her Final Wish By Donating Her Brain For Medical Research

Team (ရိုးရာလေး)

အတင်းအဖျင်းတွေအတွက် ဆိုခရေးတီးစ်ရဲ့ ဆန်းစစ်မှု ၃ ခုတစ်နေ့မှာ ဂရိအတွေးအခေါ်ပညာရှင် ဆိုခရေးတီးစ်ဆီကို လူတစ်ယောက် ရောက်လာပြ...
10/09/2026

အတင်းအဖျင်းတွေအတွက် ဆိုခရေးတီးစ်ရဲ့ ဆန်းစစ်မှု ၃ ခု

တစ်နေ့မှာ ဂရိအတွေးအခေါ်ပညာရှင် ဆိုခရေးတီးစ်ဆီကို လူတစ်ယောက် ရောက်လာပြီး '' ခင်ဗျားမိတ်ဆွေသတင်း ကြားပြီးပြီလား''လို့ မေးတယ်။

'' တစ်ဆိတ်လောက်ဗျ။ အဲဒီသတင်းကို မပြောသေးခင် ခင်ဗျားကို ကျွန်တော် ဆန်းစစ်မှု ၃ ခု လုပ်ပါရစေ'' လို့ ဆိုခရေးတီးစ်က ပြန်ပြောလိုက်တယ်။

'' ဘယ်လို ဆန်းစစ်မှု ၃ ခုလဲဗျ''

'' တခြားသူတွေအကြောင်း မပြောခင် ဘာလို့ ပြောချင်ရတာလဲဆိုတဲ့အကြောင်း အချိန်ယူ စဉ်းစားတာ ကောင်းတယ်ဗျ။ အဲဒီလို စဉ်းစားတာကို ဆန်းစစ်မှု ၃ ခုလို့ ခေါ်တယ်။ ပထမဆုံး ဆန်းစစ်ချက်က ဒီသတင်း မှန်၊ မမှန် ဆိုတာပဲ။ ခင်ဗျား ကျွန်တော့်ကို ပြောမယ့်ကိစ္စက တကယ်မှန်ရဲ့လားဆိုတာ စစ်ဆေးပြီးပြီလား '' လို့ ဆိုခရေးတီးစ်က ပြောလိုက်တော့

'' မစစ်ဆေးရသေးဘူးဗျ။ သူများပြောတာ ကြားတာပဲ'' လို့ အဲဒီသူက ဆိုတယ်။

'' ကောင်းပြီ။ ဒါဆိုရင် ဒီသတင်း မှန်၊ မမှန်ဆိုတာ ခင်ဗျား မသိဘူးပေါ့။ ကဲ . . . ဒုတိယမြောက် ဆန်းစစ်မှု လုပ်ရအောင်။ ခင်ဗျား ပြောချင်နေတဲ့ ကျွန်တော့်မိတ်ဆွေသတင်းက ကောင်းတဲ့ကိစ္စလားဗျ''

'' အို ဘယ်နှယ့် တခြားစီပါပဲဗျာ''

'' ဒါဆိုရင် ခင်ဗျားက ကျွန်တော့်ကို သူ့မကောင်းကြောင်း ပြောချင်တာပေါ့။ အဲဒီအကြောင်းက မှန်၏၊ မမှန်၏ဆိုတာလည်း ခင်ဗျား မသိဘူးနော်။ ကဲ . . . ဟုတ်ပါပြီဗျာ။ တတိယမြောက် ဆန်းစစ်မှု လုပ်ရအောင်။ ခင်ဗျားပြောမယ့် ကျွန်တော့်မိတ်ဆွေသတင်းက ကျွန်တော့်အတွက် သိသင့်၊ သိထိုက်တဲ့ကိစ္စ၊ အသုံးဝင်တဲ့ ကိစ္စမျိုးလားဗျ''

'' အဲဒီလိုလည်း မဟုတ်ဘူးဗျ''

'' ကဲ ဒါဆိုရင် ကျွန်တော်တို့ အနှစ်ချုပ်ကြည့်ရအောင်ဗျာ။ ခင်ဗျား ပြောမယ့်ကိစ္စက မှန်လည်း မမှန်ဘူး၊ ကောင်းသတင်းလည်း မဟုတ်ဘူး၊ အသုံးဝင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒါနဲ့များ ကျွန်တော့်ကို ဒီအကြောင်း ဘာကြောင့် ပြောချင်ရသလဲ။ ဒီလို အကြောင်းအရာမျိုးကို ကျွန်တော် မသိချင်ဘူး '' လို့ ဆိုခရေးတီးစ်က ပြောခဲ့ပါတယ်။

အတင်းအဖျင်းပြောတာ မကောင်းတဲ့ကိစ္စပါပဲ။ အစပိုင်းတော့ သူများအကြောင်း မကောင်းပြောရတာဟာ ပျော်စရာကောင်းသလိုလို၊ အရသာရှိသလိုလိုနဲ့ အဆုံးသတ်ကျတော့ ဒါက ကျွန်တော်တို့ နှလုံးသားထဲကို ခါးသီးမုန်းတီးမှုတွေ ထည့်ပြီး ကျွန်တော်တို့ကိုပါ အဆိပ်သင့်စေပါတယ်။

Ref: Socrates: On Dealing With Gossip

Team ( ရိုးရာလေး)

ငှက်အမျိုးပေါင်း ၁၀၀ ကျော်ရဲ့အသံကို တုပနိုင်တဲ့ အသက် ၁၂ နှစ်ကောင်လေးဆမြူရယ် ဟန်ဒါဆန်ဆိုတဲ့ အသက် ၁၂ နှစ်အရွယ်ကောင်လေးက ငှ...
09/09/2026

ငှက်အမျိုးပေါင်း ၁၀၀ ကျော်ရဲ့အသံကို တုပနိုင်တဲ့ အသက် ၁၂ နှစ်ကောင်လေး

ဆမြူရယ် ဟန်ဒါဆန်ဆိုတဲ့ အသက် ၁၂ နှစ်အရွယ်ကောင်လေးက ငှက်သံမျိုးစုံကို အလွန်တူအောင် တုပနိုင်တာကြောင့် လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားလို့နေပါတယ်။ သူဟာ ဘဲ၊ လင်းယုန်၊ ငှက်ခါး စတဲ့ငှက်အမျိုးပေါင်း ၁၀၀ ကျော်ရဲ့အသံကို တုပနိုင်တာဖြစ်ပါတယ်။

သူ့အသက် ၄ နှစ်အရွယ်မှာ Oklahoma City Zoo ကို သွားရောက်လည်ပတ်စဉ် အမှိုက်ပုံးပေါ်နားနေတဲ့ Great-tailed Grackle ငှက်တစ်ကောင်ရဲ့အသံကို စပြီးတုပခဲ့ရာ သူ့ရဲ့အသံကြောင့် ငှက်က ပြန်လည်အော်ခဲ့တာကြောင့် ငှက်သံတုပတာကို စပြီး စိတ်ဝင်စားလာခဲ့တာပါ။

ကျောင်းရဲ့ Talent Show မှာ သူ ငှက်သံတုပနေတဲ့ ဗီဒီယိုကို သူ့မိခင်ဖြစ်သူက လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ရာ လူသိများလာခဲ့တာပါ။ သူ့ရဲ့ငှက်သံတုပမှုက အလွန်တိကျတာကြောင့် ငှက်အမျိုးအစားခွဲခြားပေးတဲ့ ငှက်ဗေဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သုတေသနအဖွဲ့အစည်း the Cornell Lab of Ornithology ရဲ့ Merlin Bird ID ‌app ကိုတောင် ငှက်အစစ်အသံလို့ ထင်မှတ်စေခဲ့ပါတယ်။

အော်တစ်ဇင် (Autism) နှင့် တူးရက် ရောဂါလက္ခဏာ (Tourette syndrome) ရှိတဲ့ ဆမြူရယ်က တခြားပစ္စည်းကိရိယာအကူအညီမပါဘဲ အသက်ရှုနည်းလမ်းနဲ့ လည်ချောင်းအသံပြောင်းလဲမှုတွေကိုသာ အသုံးပြုပြီး ငှက်သံတုပတာပါ။ သူက ငှက်သံတွေအပြင် ငှက်တွေရဲ့အလေ့အထနဲ့ လှုပ်ရှားတွေကိုလည်း လေ့လာခဲ့ပါတယ်။ သူက အနာဂတ်မှာ ငှက်ဗေဒပညာရှင်တစ်ဦးဖြစ်လာဖို့နဲ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းတွေမှာ ပါဝင်ဖို့ မျှော်လင့်ထားပါတယ်။

ဆမြူရယ်က လူမှုကွန်ယက်မှာ လူသိများသွားခဲ့ပြီးနောက် the Cornell Lab of Ornithology ကိုသွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။

Ref: 12-year-old bird caller goes viral, can mimic over 100 bird calls

Team (ရိုးရာလေး)

မင်းသမီး လျိုယိဖေး နဲ့ Huawei အမှုဆောင်အရာရှိ ယွီချန်ဒုံ တို့ရဲ့ Dating ကောလဟာလတွေ ပြန်ပေါ်ပေါက်လာမြန်မာပရိသတ်တွေ ဂူဂူး ...
09/09/2026

မင်းသမီး လျိုယိဖေး နဲ့ Huawei အမှုဆောင်အရာရှိ ယွီချန်ဒုံ တို့ရဲ့ Dating ကောလဟာလတွေ ပြန်ပေါ်ပေါက်လာ

မြန်မာပရိသတ်တွေ ဂူဂူး လို့သိကြတဲ့ နာမည်ကြီးတရုတ်မင်းသမီးချော လျိုယိဖေး နဲ့ Hawei အကြီးတန်းအမှုဆောင်အရာရှိတို့အကြား အချစ်ရေးကောလဟာလတွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ Like ပေးတာ၊ အပြန်လှန် followလုပ်တာတွေနဲ့ ဒီကောလဟာလစတင်ပေါ်ပေါက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ် မတ်လတုန်းကလည်း လူမှုကွန်ယက် Weibo မှာ အချင်းချင်း follow လုပ်ထားတဲ့အတွက် သူတို့နှစ်ဦးတွဲနေကြတယ်ဆိုတဲ့ ကောလဟာလထွက်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကတော့ ယွီချန်ဒုံက သူနဲ့ တစ်ခါမှမတွေ့ဖူးပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Huawei က လျိုယိဖေးကို Luxeed ရဲ့ brand ambassador အဖြစ် ကြေညာခဲ့ပါတယ်။ Promotion ပွဲတွေမှာ သူတို့နှစ်ယောက်ကို အတူတွေ့ရပါတယ်။

၁ နှစ်ကျော်အကြာမှာတော့ ယွီချန်တုံရဲ့နာမည်က လူတွေ ပြန်ပြီးအာရုံစိုက်လာစေခဲ့ပါတယ်။ သူက Huawei နဲ့ Luxeed ပွဲတွေမှာ မကြာခဏပါဝင်နေတာတွေ့ရတဲ့အတွက်ကြောင့်ပါ။ ၂၀၂၆ ခုနှစ်ဧပြီလမှာ Luxeed က လျိုယိဖေးကို brand ‌ambassador အဖြစ်ကနေ brand spokesperson အဖြစ် တိုးပေးခဲ့ပါတယ်။ သူတို့နှစ်ဦး လုပ်ငန်းသဘောအရ ဆက်ဆံလုပ်ကိုင်ရတာဖြစ်ပေမဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက ခန့်မှန်းပြောဆိုနေကြတာဖြစ်ပါတယ်။ သူတို့ရဲ့ဆက်ဆံရေးက ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ အထောက်အထားအခိုင်အမာကို ပြသလို့မရပါဘူး။ သူတို့နှစ်ဦးကိုတော့ Luxeed နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာတော့ အတူမြင်တွေ့နေရဦးမှာဖြစ်ပါတယ်။

Ref: Liu Yifei and Huawei Executive Yu Chengdong’s Dating Rumors Resurface

Team (ရိုးရာလေး)

ကလေးတွေ ကျောင်းကို အလွယ်တကူရောက်စေမယ့် လေဟာပြင်ဓာတ်လှေကား၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ အာဏာပိုင်တွေဟာ နီကျူးမ...
09/09/2026

ကလေးတွေ ကျောင်းကို အလွယ်တကူရောက်စေမယ့် လေဟာပြင်ဓာတ်လှေကား

၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ အာဏာပိုင်တွေဟာ နီကျူးမြစ် ချောက်နက်ပိုင်းမှာတည်ရှိတဲ့ နီကျူးဟဲရွာမှ ကလေးတွေ ကျောင်းတက်ဖို့အတွက် စွန့်စွန့်စားစား တောင်တက် သွားလာစရာ မလိုအောင် ၂၆၈ မီတာမြင့်တဲ့ ဓာတ်လှေကားတစ်စင်း တည်ဆောက်ပေးခဲ့ပါတယ်။

နီကျူးဟဲရွာမှ ကလေးတွေဟာ ကွမ်ကျဲရွာမူလတန်းကျောင်းကို ကျောင်းအိပ်ကျောင်းစား သွားတတ်ရပြီး ၃ ပတ်ကို တစ်ခေါက်လောက် ၃ နာရီကြာ တောင်တက်ခရီးစဉ်ကို ဖြတ်သန်းရလေ့ရှိပါတယ်။ ချင်းယွန်းလို့ အမည်ပေးထားတဲ့ (Qingyun Ladder) ဓာတ်လှေကားကို ဆောက်လုပ်ပေးခဲ့ပြီးနောက်ပိုင်း ကလေးတွေ ကျောင်းတက်ဖို့ ပိုမိုလွယ်ကူသွားခဲ့ပါတယ်။

စတင်ဖွင့်လှစ်ချိန်မှာ နိုင်ငံတကာသတင်းတွေအထိ ဖော်ပြခံခဲ့ရတဲ့ ချင်းယွန်းဓာတ်လှေကားဟာ လူကြိုက်များလွန်းခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်တွေတောင် ရှုခင်းကြည့်ရင်း ဓာတ်လှေကား လာစီးလေ့ရှိပါတယ်။ ဓာတ်လှေကားစီးဖို့ တန်းစီစောင့်ဆိုင်းနေရတာကြောင့် ယူနန်ပြည်နယ် အာဏာပိုင်တွေက ချင်းယွန်းဓာတ်လှေကားနဲ့အပြိုင် နောက်ထပ်လေဟာပြင် ဓာတ်လှေကားတစ်စီးကို ထပ်မံတည်ဆောက်ခဲ့ကြပါတယ်။

ဖူယောင်ဓာတ်လှေကား (Fuyao Ladder) ဟာ ချောက်နက်အောက်ခြေကနေ တောင်ထိပ်အထိ ၉၄၅ ပေ မြင့်မားပြီး ကမ္ဘာ့အံ့အားသင့်ဖွယ် အကောင်းဆုံးလေဟာပြင် ဓာတ်လှေကားတစ်စီး ဖြစ်လာခဲ့ပါတယ်။ ဖူယောင်ဓာတ်လှေကားဟာ ချင်းယွန်းဓာတ်လှေကားထက် လမ်းကြောင်းအရှည် မီတာ ၂၀ ပိုများပေမဲ့ ပိုမြန်သလို ပိုလည်း ကျယ်ဝန်းပါတယ်။

ကျောင်းသား/သူလေးတွေဟာ လေဟာပြင်ဓာတ်လှေကားဆီကို ရောက်ဖို့ ကြိုပို့ယာဉ်နဲ့ ကေဘယ်ကားစီးရပါတယ်။ ဒါပေမဲ့ အရင်တုန်းက ကျောင်းကို ရောက်ဖို့ ၃ နာရီကြာ တောင်တက်ခဲ့ရတာနဲ့ယှဉ်ရင်တော့ အချိန်ကုန်၊ လူပန်းဖြစ်မှု သက်သာသွားခဲ့ပြီး နာရီဝက်နဲ့ကျောင်းကို အရောက်သွားနိုင်နေပါပြီ။

Ref: China Builds 288-Meter Outdoor Elevator to Help Children Reach School Easier

Team (ရိုးရာလေး)

ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေပိုးသတ်ဆေးကို ခန္ဓာကိုယ်တွင်းမှာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ...
09/09/2026

ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေ

ပိုးသတ်ဆေးကို ခန္ဓာကိုယ်တွင်းမှာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသပေးတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါပေမယ့်လည်း ပိုးသတ်ဆေးတွေဟာ ဆေးပြင်းဖြစ်တာကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာလည်း အနည်းနဲ့ အများရှိနိုင်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို ကြာရှည်စွာ စွဲသောက်စရာမလိုဘဲ ကိုယ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို မြန်မြန်သေစေတဲ့ နတ်ဆေးအစားအစာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျားရည်

ပျားရည်ဟာ အရေပြားအလှအပအတွက်သာမက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို နှိမ်နင်းတဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ ဆေးကောင်းတစ်လက်ပါ။ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင်ပါဝင်တဲ့အပြင် ဘက်တီးရီးယားတွေကို သေစေတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ကြောင့် ဘက်တီးရီးယားပိုးတွေရဲက ကြီးထွားနှုန်းကို ရပ်တန့်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ပျားရည်ကို ရေနွေး၊ သံပရာရည်နဲ့ ရောပြီးသောက်လို့ ရသလို အနာပေါ် တိုက်ရိုက်လိမ်းပေးခြင်းဖြင့်လည်း ပိုးသေစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာလည်း ဘက်တီးရီးယားပိုးကို ရှင်းထုတ်ပေးနိုင်တဲ့ သဘာဝအစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအတိုင်း အစိမ်းစားလို့လည်း ရသလို ဟင်းတွေမှာ ရောချက်လို့လည်း အဆင်ပြေတယ်။ အအေးမိဖျားနာတာ၊ သွားကိုက်သွားနာ၊ ရာသီတုပ်ကွေးတွေမှာ ဖြစ်တဲ့ ရောဂါလက္ခဏာတွေကိုလည်း သက်သာစေပြီး အဖျားပျောက်မြန်စေပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ ၂စိတ်လောက် ပုံမှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

၃။ ချဉ်သော အရသာရှိတဲ့ အသီးအနှံများ

ဗီတာမင် စီ ဟာ အသားအရေအတွက် ကျန်းမာရေးအတွက်ပါ အကျိုးအများကြီး ရှိတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးလို့ ရောဂါတွေကို အမြဲတိုက်ထုတ်ပေးနေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဗီတာမင် စီကို သဘာဝအသီးအနှံတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဘယ်ရီသီး စတဲ့ အသီးအနှံတွေကို ရရှိနိုင်ပါတယ်။ အသီးကို ဒီအတိုင်း စားလို့လည်း အဆင်ပြေသလို သကြားမထည့်ဘဲ ကြိတ်ပြီး ဖျောက်သောက်လို့လည်း ရပါတယ်။

၄။ သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်ကို ဟင်းချက်တဲ့နေရာမှာ အသုံးပြုကြပေမယ့် သူ့ရဲ့ ဆေးဘက်ဝင်တဲ့ အာနိသင်ကိုတော့ လူတော်တော်များများ သတိမထားမိတတ်ကြပါဘူး။ သစ်ကြံပိုးခေါက်ဟာ ဘက်တီးရီးယားပိုးအတွက်သာမက မှိုရောဂါပိုးတွေကိုပါ သေစေနိုင်လို့ မိန်းမကိုယ်မှိုစွဲတာ၊ ပွေး၊ ဝဲ၊ ညှင်းစတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို ကုသတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ သစ်ကြံပိုးခေါက်ကို အမှုန့်ဖြစ်အောင် သေချာကြိတ်ပြီး ရေနွေးနဲ့ ရောသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ အပြင်ဘက် ဒဏ်ရာနဲ့ အရေပြားပြဿနာတွေအတွက် ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကို သမအောင် မွှေပြီးလိမ်းပေးလို့ ရပါတယ်။

၅။ ချင်း

ချင်းကိုတော့ အအေးမိတုပ်ကွေး၊ ဖျားနာကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ကုသတဲ့နေရာမှာ အသုံးများပါတယ်။ ချင်းပြုတ်ရည် ပူပူလေး သောက်ပေးခြင်းဖြင့် လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ပိတ်နေတဲ့ ဘက်တီးရီးယားပိုးတွေကို ရှင်းထုတ်ပေးသလို အပူငွေ့ကလည်း ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာတွေကို ကျစေပြီး အပူအပုပ် ရှင်းစေပါတယ်။

၆။ ပန်းသီးရှာလကာရည်

အနံ့ပြင်းတဲ့ ပန်းသီးရှာလကာရည်ကို အသား၊ ငါးတွေ ပိုးသန့်စင်တဲ့ နေရာမှာ အသုံးပြုလို့ ရသလို လူတွေရဲ့ ကိုယ်ထဲမှာရှိနေတဲ့ ရောဂါပိုးတွေကို နှိမ်နင်းတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ လည်ချောင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ပိုးတွေကို သေစေပြီး အကျိုးပြု ဘက်တီးရီးယားတွေကို ပိုမိုပွားများစေအောင် ကူညီပေးနိုင်ပါတယ်။

ခုပြောပြပေးခဲ့တဲ့ အစားအစာတွေဟာ ရောဂါပိုးသေစေတယ်ဆိုတာ မှန်ပေမယ့် ဆေးဝါးအစားထိုး အသုံးပြုလို့တော့ မရပါဘူး။ အကောင်းဆုံးက ဘက်တီးရီးယားပိုးကြောင့် ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ အရင်ပြသပြီး ဆေးဝါးအကူအညီကို ယူပါ။ ဆေးသောက်နေစဉ်ကာလမှာလည်း ဒီအိမ်တွင်းဆေးဝါး အစားအစာတွေနဲ့ ရောဂါလက္ခဏာကို မြန်မြန်ပျောက်ကင်းအောင် ကုသပေးလို့ ရပါတယ်။

Card : HelloSayarwon

Team ( ရိုးရာလေး )

သမုဒ္ဒရာထဲမှ ပလတ်စတစ်နဲ့ နေလောင်ခံခရင်မ်တွေကို သန့်စင်ပေးနိုင်တဲ့ အုန်းခွံထဲမှ မှိုတမျိုးကို အထက်တန်းကျောင်းသူ ရှာဖွေတွေ...
08/09/2026

သမုဒ္ဒရာထဲမှ ပလတ်စတစ်နဲ့ နေလောင်ခံခရင်မ်တွေကို သန့်စင်ပေးနိုင်တဲ့ အုန်းခွံထဲမှ မှိုတမျိုးကို အထက်တန်းကျောင်းသူ ရှာဖွေတွေ့ရှိ

ဟိုနိုလူလူကျွန်း အရှေ့ပိုင်းမှ အထက်တန်းကျောင်းသူတစ်ဦးဟာ သမုဒ္ဒရာထဲမှာရှိတဲ့ ပလတ်စတစ်တွေနဲ့ နေလောင်ခံခရင်မ်တွေကို သန့်စင်ပေးနိုင်တဲ့ မှိုတစ်မျိုးကို အုန်းခွံတွေထဲကနေ ရှာဖွေတွေ့ရှိခဲ့ပြီး ဟာဝိုင်အီပြည်နယ် သိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲမှာ ဆုအများအပြား ဆွတ်ခူးရရှိခဲ့ပါတယ်။

Kaiser အထက်တန်းကျောင်းမှ စီနီယောကျောင်းသူ ဗီရာဝမ်ဟာ(Vera Wang)ရဲ့ တွေ့ရှိမှုဟာ ဟာဝိုင်အီတက္ကသိုလ် (University of Hawaiʻi) Anthony Amend ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုတွေ လုပ်ပြီးတဲ့နောက် ကဏ္ဍအများအပြားမှာ ဆုတွေ ဆွတ်ခူးခဲ့တာပါ။ ဒါ့အပြင် လာမယ့် မေလကျရင် အရီဇိုးနားပြည်နယ်မှာ ကျင်းပမယ့် နိုင်ငံတကာ သိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်လည်း ရရှိခဲ့ပါတယ်။

ဗီရာဝမ်ဟာ ရိုးရာပိုလီနီးရှန်း (Polynesian) ရက်ကန်းယက်လုပ်နည်းကို ခေတ်မီပတ်ဝန်းကျင်ထိန်းသိမ်းရေး သိပ္ပံပညာနဲ့ ပေါင်းစပ်ပြီး ရေမျက်နှာပြင်ပေါ်ရှိ နေလောင်ကာခရမ်နဲ့ မိုက်ခရိုပလတ်စတစ် (Microplastics) တွေကို ဖယ်ရှားပေးနိုင်မယ့် သမုဒ္ဒရာရေစစ်တစ်ခုကို ဒီဇိုင်းဆွဲ ဖန်တီးခဲ့တာပါ။

"အုန်းလျှော်ရဲ့ အပေါက်ငယ်လေးတွေ တည်ဆောက်ပုံဟာ လေနဲ့ရေ သွားလာမှုကို အထောက်အကူပြုပြီး အဏုဇီဝပိုးမွှားတွေအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ အုန်းခွံတွေထဲမှာ သဘာဝအတိုင်း တွေ့ရှိရတဲ့ မှိုတွေဟာ နေလောင်ခံခရင်မ်နဲ့ ပလတ်စတစ်တွေကို ဇီဝနည်းအရ ဆွေးမြည့်ပျက်စီးစေနိုင်ပါတယ်''လို့ ဗီရာဝမ်က ဆိုပါတယ်။

မျိုးဗီဇစမ်းသပ်မှုတွေအရ ဗီရာဝမ်ရဲ့ တွေ့ရှိမှုထဲမှ တချို့ မှိုမျိုးစိတ်တွေဟာ မျိုးဗီဇနဲ့ ဂျီနုမ်း (genomes) ဆိုင်ရာ ကမ္ဘာ့အကြီးဆုံး ဒေတာဘေ့စ်ထဲမှ အရာတွေနဲ့ မတူကွဲပြားမှုတွေ ရှိနေတာကြောင့် မခွဲခြားရသေးတဲ့ မျိုးစိတ်သစ်တွေ ဖြစ်နေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဗီရာဝမ်ရဲ့ ပရောဂျက်ဟာ အဏုဇီဝဗေဒကဏ္ဍမှာ ပထမဆု ရရှိခဲ့သလို McInerny ဖောင်ဒေးရှင်းမှ ပညာသင်ဆုလည်း ရရှိခဲ့ပါတယ်။

Ref: Teen Discovers Coconut Fungi Can Filter Plastic and Sunscreen From Sea—And Wins Science Fair

Team (ရိုးရာလေး)

အသိအမှတ်ပြု Fitness Instructor ဖြစ်လာဲ့ အသက် ၂၂ နှစ်အရွယ် Down Syndrome ခံစားနေရသူအသက် ၂၂ နှစ်အရွယ် Down Syndrome ခံစားန...
08/09/2026

အသိအမှတ်ပြု Fitness Instructor ဖြစ်လာဲ့ အသက် ၂၂ နှစ်အရွယ် Down Syndrome ခံစားနေရသူ

အသက် ၂၂ နှစ်အရွယ် Down Syndrome ခံစားနေရသူ အော်ဘရီ အောလ်ဘရစ်ချ်ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နာမည်ကြီး ကြံ့ခိုင်ရေးအစီအစဉ် UpBeat Barre အတွက် အသိအမှတ်ပြုကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို ဦးဆောင်လမ်းပြသင်ကြားပေးသူဖြစ်လာခဲ့ပါတယ်။

UpBeat Barre နည်းပြဆရာအပြင် VASA Fitness ရဲ့ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ ဂျိန်း ဂျွန်ဆန်က အော်ဘရီကို နှစ်တော်တော်ကြာ စောင့်ကြည့်လာခဲ့တာပါ။ Fitness အတန်းတွေရဲ့အမျိုးမျိုးသောလုပ်ရိုးလုပ်စဉ်၊ ကကွက်တွေကို မှတ်မိရာမှာ အော်ဘရီ အလွန်ထူးချွန်တာကို သတိပြုမိခဲ့တာပါ။ အော်ဘရီက ကကွက်တွေကို မြန်မြန်သင်ယူနိုင်ပြီး မှတ်မိတယ်။ သီချင်းစားသားအားလုံးကိုလည်း သိတယ်။

အော်ဘရီက UpBeat Pilates , Zumba , SilverSneakers , HIGH Fitness အပါအဝင် အတန်းများစွာကို တက်ရောက်နေခဲ့ပေမဲ့ သူ အကြိုက်ဆုံးက UpBeat Barre ကိုပါ။ မကြာသေးခင်ကမှ ကိုယ်လက်ကြံ့ခိုင်ရေးသင်တန်းပို့ချသူအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီးနောက် အတန်းက အော်ဘရီရဲ့အကြိုက်ဆုံးအရာတွေဖြစ်တဲ့ Friends နဲ့ Fitness ကို ပေါင်းစပ်ထားပါတယ်။ အခုဆိုဆို အော်ဘရီက လူ ၆၀ အတန်းကို ပို့ချပေးနေပါတယ်။

Ref: 22-yo with Down Syndrome Becomes Certified Fitness Instructor, Leads Class of 60 at Local Gym

Team (ရိုးရာလေး)

Address

No. 132, 7F, Anawrahta Road (Corner Of Bo Myat Tun St. ) Botahtaung Township
Yangon
11162

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Telephone

+959400000661

Alerts

Be the first to know and let us send you an email when Yoyarlay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoyarlay:

Shortcuts

Share