Generation View Media

Generation View  Media Local and International up date Information.....

ငွေ‌ကြေးအခက်အခဲကြောင့် Generation View Media သတင်းတင်ဆက်မှုကဏ္ဍအား ယာယီ ရပ်နားလိုက်ပြီဖြစ်ပါကြောင်းအသိပေးတင်ပြအပ်ပါသည်ခင...
23/02/2021

ငွေ‌ကြေးအခက်အခဲကြောင့် Generation View Media သတင်းတင်ဆက်မှုကဏ္ဍအား ယာယီ ရပ်နားလိုက်ပြီဖြစ်ပါကြောင်းအသိပေးတင်ပြအပ်ပါသည်ခင်ဗျာ။

လေးစားစွာဖြင့်။ ။ Generation View Media Admin Group

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိဘုရား၊စေတီပုထိုးများ၊ဘာသာရေးကျောင်းများCOVID-19စည်းနှင့်အညီပြန်ဖွင့်ပြီ==============...
23/02/2021

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိဘုရား၊စေတီပုထိုးများ၊ဘာသာရေးကျောင်းများCOVID-19စည်းနှင့်အညီပြန်ဖွင့်ပြီ
=========================================================
ကိုဇော်
COVID-19ရောဂါဖြစ်ပေါ်မှုအခြေအနေကြောင့် ဗုဒ္ဓဘာသာဘုရားစေတီတွေ အပါအဝင်သက်ဆိုင်ရာဘာသာရေးကျောင်းတွေကိုဖူးမြော်ဝတ်ပြုခွင့်တွေယာယီရပ်ဆိုင်းထားရာက COVID-19 စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်မြို့အတွင်းမှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊နေပြည်တော်ကောင်စီနယ်မြေ၊ပုဗ္ဗသီရိမြို့နယ်အတွင်းကဥပ္ပါ
တသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးက ဘုရား၊ စေတီပုထိုးတွေမှာလည်း ဘုရားဖူးလာတဲ့သံဃာတော်တွေ သာသနာနွယ်ဝင်သီလရှင်တွေနဲ့ပြည်သူတွေက COVID-19စည်းမျဉ်း၊စည်းကမ်းတွေနဲ့ အညီ ဖူးမြော်ကြည်ညိုကုသိုလ်ယူနေပြီဖြစ်ပြီးရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မြတ်ကြီးကိုနေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ နံနက် ၈ နာရီမှ ၉ နာရီအထိနဲ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိနံနက်ပိုင်း ၃ ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိညနေ ၃ နာရီမှ ၄ နာရီအထိနဲ့ညနေ ၅ နာရီမှ ၆ နာရီအထိဖူးမြော်နိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင်နိုင်ငံတစ်ဝန်းက အစ္စလမ်ဘာသာရေးကျောင်းတွေ၊ ခရစ်ယာန်ဘာသာရေး ကျောင်းတွေနဲ့ ဟိန္ဒူဘာသာရေးကျောင်းတွေ ကိုလည်း သက်ဆိုင်ရာဘာသာများအလိုက်COVID-19 စည်းမျဉ်း၊စည်းကမ်းတွေနဲ့ အညီ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းလည်းသိရသည်။

၁၄၄ ထုတ်ပြန်ထားသည့်နယ်မြေများအတွင်း၌ ဥပဒေမဲ့ဆူပူဆန္ဒပြသူများအားဖမ်းဆီးသွားမည်ဟုဆို======================================...
15/02/2021

၁၄၄ ထုတ်ပြန်ထားသည့်နယ်မြေများအတွင်း၌ ဥပဒေမဲ့ဆူပူဆန္ဒပြသူများအားဖမ်းဆီးသွားမည်ဟုဆို
=========================================================
ပြေငြိမ်း
မြန်မာနိုင်ငံအတွင်းရှိအချို့မြို့ကြီးများ၌ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးကိုထိခိုက်ပျက်ပြားစေတဲ့အပြင်ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားစေနိုင်တယ်လို့ယူဆရတာကြောင့်ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထ
က်ပို၍ လူစုဝေးခြင်းမပြုရန်တားမြစ်ချက်များထုတ်ပြန်ထားသော်လည်း ဆူပူဆန္ဒပြသူများအနေဖြင့်ရုန်းရင်းဆန်ခတ်ပြုမူ ခြင်း၊ကြွေးကြော်သံများဖြင့်ကြွေးကြော်ခြင်း၊လှုံ့ဆော်ဆန္ဒပြချီတက်ခြင်းများစသည့် ဆူပူမှုများဖြစ်ပေါ်အောင် ဥပဒေမဲ့လုပ်ရပ်များအားလုပ် ဆောင်နေတဲ့အတွက် ၁၄၄ ထုတ်ပြန်ထားသည့်နယ်မြေများအတွင်း၌ ဥပဒေမဲ့ဆူပူဆန္ဒပြသူများအားဖမ်းဆီး၍လိုအပ်သလိုဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့တပ်ကသတင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ဒါ့အပြင်သက်ဆိုင်ရာမြို့နယ်များအလိုက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေကရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကြေညာထားပြီးလူစုခွဲရန် လက်ကိုင်အသံချဲ့စက်တွေနဲ့သတိပေးပြောကြားတာတွေလုပ် ဆောင်နေသော်လည်းယနေ့နံနက်ပိုင်းတွင်နေပြည် တော်ကောင်စီနယ်မြေ၊ဇဗ္ဗူသီရိမြို့နယ်၊မြို့မဈေးမီးပွိုင့်အနီး၌ မဝင်းသိင်္ဂီဌေး(ဘ)ဦးအေးငွေ ဦးစီးမှူး၊လယ်ဝေးမြို့န
ယ်၊သမဝါယမဦးစီးဌာန ဦးဆောင်၍ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၈ ဦးသည်လည်းကောင်း၊ ဇဗ္ဗူသီရိမြို့နယ်၊ အဆင့်မြင့်ဈေးမီးပွိုင့်အနီး၌ သက်ပိုင်စိုး(ဘ)ဦးဝင်းလှိုင်စိုး၊ရွှေကြာပင်ရပ်ကွက်နေသူဦးဆောင်၍ အမျိုးသား ၃၆ ဦးသည်လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရုံးရှေ့၌ဦးခင်မောင်ဝင်း(ဘ)ဦးသိန်းဟန်ကျည်တောင်ကန်ကျေးရွာနေသူဦးဆောင်၍အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၀ ဦးသည်လည်းကောင်း ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နေပြည်တော်အချုပ်ထောင်နှင့်ပုဗ္ဗသီရိမြို့နယ်ရှိ နယ်မြေခံရဲတပ်ရင်းသို့ ပို့ဆောင် ခဲ့ကာ လိုအပ်သလိုစစ်ဆေးမှုများဆောင်ရွက်ပြီး ၂၇ ဦးကို ပြန်လည်စေလွှတ်ခဲ့ကြောင်းနဲ့ဖမ်းဆီးထိန်းသိမ်းထားသည့်နေ့လယ်ပိုင်းတွင်နေပြည်တော်အချုပ်ထောင်ရှေ့၌ အင်အား ၁၀၀၀ ဦးခန့်သည် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန်လာရောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းနှင့်အဆိုပါဆူပူဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့သည်ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် မြို့နယ်များဖြစ်ပြီး အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူများနှင့် ဆူပူလှုံ့ဆော်သူများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်နေသလိုမန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၈၂x၂၆ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘ
ဏ်၊ ဘဏ်ခွဲ(၁)ရှေ့တွင် ဆူပူဆန္ဒပြသူ ၂၀၀ ဦးခန့်က နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသည့် ဘဏ်ဝန်ထမ်းများ ရုံးဆင်းချိန်တွင် တာဝန်ထမ်းဆောင်နေမှုနှင့်တည်
ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ဆူပူနှောင့်ယှက်မှုများလုပ်ဆောင်တာကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်တားမြစ်ခဲ့ရာဆူပူဆန္ဒပြသူများက ကျောက်ခဲ များဖြင့် ပြန်လည်ပစ်ပေါက်ခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ရာ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၀ ဦးအားဖမ်းဆီးထိန်းသိမ်းခဲ့သလိုမန္တလေးတိုင်းဒေသကြီးအတွင်းတည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊တံခွန်တိုင်အဝိုင်း အနီး၌ဆူပူဆန္ဒပြလျက်ရှိသော အမျိုးသား ၉ ဦးကို ထပ်မံဖမ်းဆီးရမိထားကြောင်း ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်းတပ်မတော်ရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ဖြစ်သလိုလုပ်ထားတဲ့မဲစာရင်းတွေအတွက်ရွေးကော်ကပြုမူဆောင်ရွက်ချက်တွေကိုတာဝန်ယူရမည်ဟုတပ်ချုပ်တရားဝင်ကြေငြာ===================...
11/02/2021

ဖြစ်သလိုလုပ်ထားတဲ့မဲစာရင်းတွေအတွက်ရွေးကော်ကပြုမူဆောင်ရွက်ချက်တွေကိုတာဝန်ယူရမည်ဟုတပ်ချုပ်တရားဝင်ကြေငြာ
=========================================================
ပြေငြိမ်း
ပြီးခဲ့တဲ့ရွေးကောက်ပွဲကမဲစာရင်းတွေကိုစစ်ဆေးကြည့်တဲ့အခါမှာ မဲစာရင်းတွေဖြစ်သလိုပြုလုပ်ထားတာတွေ့ရပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ပြုမူ ဆောင်ရွက်ချက်တာဝန်ထမ်းဆောင်မှုတွေကိုတာဝန်ယူရမှာဖြစ်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဒီနေ့ညပိုင်းမှာတ
ရားဝင်ပြောဆိုလိုက်ပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ သူတို့ရဲ့ပြုမူ ဆောင်ရွက်ချက်တာဝန်ထမ်းဆောင်မှုများကို တာဝန်ယူရမှာဖြစ်ပါတယ်။ဒါ့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(က)အရ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတကခန့်အပ်ရခြင်း၊ ပုဒ်မ ၄၀၀ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ(သို့မဟုတ်)အဖွဲ့ဝင်များကိုနိုင်ငံတော်သမ္မတကစွပ်စွဲပြစ်တင်နိုင်ခြင်းစတဲ့ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သမ္မတကြားမှာအပြန်အလှန်ဆက်သွယ်မှု၊ အပြန်အလှန်ထိန်းကျောင်း မှုပြုနေတဲ့ သဘောသက်ရောက်ပါတယ်။ အနည်းဆုံး တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပင်လိုက်နာပါမည်လို့ ကျမ်းသစ္စာဆိုချက်ပုံစံပါ “ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီးနိုင်ငံတော်ရဲ့ဥပဒေများ ကို လည်း လိုက်နာပါမည် ”ဆိုတဲ့ကျမ်းသစ္စာပြုချက်ကိုအလေးထားလိုက်နာရမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်တိုင်းဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ကို အဓိက ဦးတည်ဆောင်ရွက်ရတာ ဖြစ်ပါ တယ်။သူတို့ဒီလိုဆောင်ရွက်ပေးမှ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ သန့်ရှင်း သောအစိုးရဆိုတာ ဖြစ်လာမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ကဒီတာဝန်ဝတ္တရားတွေကို ချို့ယွင်းခဲ့ရင်ကျွန်တော်တို့ရည်မှန်းခဲ့တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ထွန်းဖို့အလှမ်းဝေးစေမှာဖြစ်ပါတယ်"ဟုဆိုသည်။
မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးပြီးနောက်အထွေထွေရွေးကောက်ပွဲ (၃)ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ(၂)ကြိမ် ကျင်းပခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဦးသိန်းစိုး ဦးဆောင်တဲ့ UEC အဖွဲ့၊ ဦးတင်အေး ဦးဆောင်တဲ့ UEC အဖွဲ့နဲ့ ဦးလှသိန်း ဦးဆောင်တဲ့ UEC အဖွဲ့ဆိုပြီး အဖွဲ့ ၃ ဖွဲ့ရှိခဲ့ပါတယ်။

နေပြည်တော်ဆူပူဆန္ဒပြမှုထိန်းသိမ်းရာမှာရဲ‌(၆)ယောက်နဲ့ဆန္ဒပြသူ(၆)ယောက်ဒဏ်ရာရခဲ့ဟုဆို======================================...
10/02/2021

နေပြည်တော်ဆူပူဆန္ဒပြမှုထိန်းသိမ်းရာမှာရဲ‌(၆)ယောက်နဲ့ဆန္ဒပြသူ(၆)ယောက်ဒဏ်ရာရခဲ့ဟုဆို
=====================================================
ကျော်ကျော်ဝဏ္ဏ
နေပြည်တော်ကောင်စီနယ်မြေတွင် တာဝန်ထမ်းဆောင်နေတဲ့ဝန်ကြီးဌာနအသီးသီးရဲ့ရုံးတက်/ရုံးဆင်းကားတွေ ပုံမှန်သွားလာနေမှုကို ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ ၈ ရက်နေ့၊နံနက်ပိုင်းမှာ ဆူပူဆန္ဒပြသူအုပ်စုတွေကသပြေကုန်း(အဝိုင်း)မှာ ယာဉ်/ လူ တွေနဲ့ ပိတ်ဆို့ဟန့်တားပြီး ရုံးဝန်ထမ်းတွေ ရုံးမတက်ရောက်နိုင်ရေးလုပ် ဆောင်မှုဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက်သပြေကုန်း(ဝိုင်း)တစ်ဝိုက်လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနေရာချပြီးလုံခြုံရေးလုပ်ဆောင်နေချိန်မှာဖေဖော်ဝါရီလ ၉ ရက်နေ့နံနက်ပိုင်းက ဆူပူဆန္ဒပြသူအင်အား (၁၅၀)ဦးလောက် စတင်ရောက်ရှိလာပြီး ဆူပူအော်ဟစ်ဆန္ဒပြခဲ့ကြောင်းနဲ့ဆန္ဒပြသူ အင်အားစုများပြားလာချိန်မှာတော့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတာဝန်ရှိသူတွေက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကိုအကြိမ်ကြိမ်ဖတ်ပြသော်လည်းဆန္ဒပြသူများအနေနဲ့လူစုခွဲမှုမရှိဘဲရဲတွေကိုကျောက်ခဲ၊သံဘောစေ့နဲ့မူလီခေါင်းတွေကိုလေးဂွမှာ အသုံးပြုပစ်ခတ်ခြင်း၊ ရေအမြှောက်ကား(Water Cannon)နဲ့လုံခြုံရေးယာဉ်တွေ တာယာဘီးတွေကို(StabGun)နဲ့ပစ်ခတ်တာကြောင့် အဓိကရုန်းဖြစ်ပွားမှု မြင့်မားလာပြီးရေအမြှောက်ကား(Water Cannon)ကရေလုံးနဲ့ လူစုခွဲအောင်လုပ်ခဲ့တယ်လို့သိရပါတယ်။
ဒီဖြစ်စဉ်မှာဆန္ဒပြသူတွေအနေနဲ့ အကြမ်းဖက်လိုသူတွေကို ရှေ့တန်းတင်ပြီးအတားအဆီးဘယ်ရီဂိတ်တွေကိုတွန်းဖယ်သတ်မှတ်(စည်း) ကျော်ဖြတ်ဖို့ကြိုးစားလာတာကြောင့်(၁၂ ဗို့) ရာဘာကျည်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ရာမှာတော့လုံခြုံရေးရဲတပ်ဖွဲ့ဘက်ကကျည်စစ်/မှန် အသုံးပြုခဲ့တာမျိုးမဟုတ်ပဲကောလာဟလသတင်းတွေသာဖြစ်ပြီး အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေကိုသာ အသုံးပြုခဲ့တာဖြစ်လို့ရဲတပ်ဖွဲ့ပြာရေးဆိုခွင့်ရှိသူကလည်းပြောပါတယ်။
အဲ့ဒီ့ဖြစ်စဉ်မှာ လုံခြုံရေးရဲတပ်ဖွဲ့က (၆) ဦးထိခိုက်ဒဏ်ရာရရှိမှုကြောင့် အမှတ်(၂) တပ်မတော်ဆေးရုံမှာကုသနေပြီး ဆန္ဒပြသူအုပ်စုက (၆)ဦးလည်း ဒဏ်ရာကြောင့် နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှာအတွင်းလူနာ (၂)ဦး နဲ့ ပြင်ပလူနာ (၄)ဦး အဖြစ် ကုသနေတယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမြို့နယ် ၄၄ မြို့နယ်အတွင်းစုဝေးခြင်း၊ဟောပြောခြင်း၊စီတန်းလှည့်လည်ခြင်း၊လှုံ့ဆော်ဆန္ဒပြခြင်း၊ဖျက်ဆီးခြင...
09/02/2021

ရန်ကုန်တိုင်းအတွင်းမြို့နယ် ၄၄ မြို့နယ်အတွင်းစုဝေးခြင်း၊ဟောပြောခြင်း၊စီတန်းလှည့်လည်ခြင်း၊လှုံ့ဆော်ဆန္ဒပြခြင်း၊ဖျက်ဆီးခြင်း၊ရုန်းရင်းဆန်ခတ်ပြုမှုခြင်းများမပြုလုပ်ဖို့တားမြစ်လိုက်ပြီ
=========================================================
ပြေငြိမ်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များ၌ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် နဲ့ဒီနေ့မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုထုတ်ပြန်ရာမှာတော့ ရန်ကုန်တိုင်းမြို့နယ် ၄၄ မြို့နယ်အတွင်း(ကိုကိုးကျွန်းမြို့နယ်မပါ) စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်း လှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ဖို့တားမြစ်လိုက်ပြီး လူ ၅ ဦးသို့မဟုတ် ၅ ဦးထက်ပိုသောသူတွေဟာ ယင်းမြို့နယ်များအတွင်း အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ စုဝေးခြင်းမပြုဖို့နဲ့ ည ၈ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ‌ကြောင့်ဖြစ်လာတဲ့ပြသနာတွေထဲမှာပုဒ်မ ၄၀(ဂ)နဲ့ ပုဒ်မ ၄၁၇ အရနိုင်ငံတော်အာဏာကိုအဓ္ဓမရယူလိုခြင်းနဲ့အကျူံးဝင်နေတာက...
08/02/2021

ရွေးကောက်ပွဲ‌ကြောင့်ဖြစ်လာတဲ့ပြသနာတွေထဲမှာပုဒ်မ ၄၀(ဂ)နဲ့ ပုဒ်မ ၄၁၇ အရနိုင်ငံတော်အာဏာကိုအဓ္ဓမရယူလိုခြင်းနဲ့အကျူံးဝင်နေတာကိုတွေ့မြင်ရဟုဆို
==========================================================
ပြေငြိမ်း
လက်ရှိနိုင်ငံတော်ရဲ့အခြေအနေအရပ်ရပ်အပေါ်မှာရွေးကောက်ပွဲမတိုင်မီကာလ၊မဲပေးရွေးချယ်တဲ့ကာလနဲ့ရွေးကောက်ပွဲပြီးတဲ့ကာလတွေမှာဖြစ်ပေါ်လာတဲ့အခြေအ
နေအရပ်ရပ်ကိုမိမိတို့အနေနဲ့ဘယ်လိုမှဖြေရှင်းဆောင်ရွက်လို့မရနိုင်ဖြစ်ခဲ့တာကြောင့်အရေးပေါ်အခြေ‌နေကြေညာပြီးဆောင်ရွက်ခဲ့ရတဲ့အနေအထားဖြစ်တဲ့အတွက်အကယ်၍သာ ဆောင်ရွက်ဖွယ်ရာရှိတဲ့ကိစ္စရပ်တွေကိုစည်းကမ်းနဲ့အညီဆောင်ရွက်မယ်ဆိုရင်ယခုအခြေအနေမျိုးကိုရောက်ရှိမှာမဟုတ်ကြောင်းနဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲ‌ကြောင့်ဖြစ်လာတဲ့ပြသနာတွေထဲမှာ ပုဒ်မ ၄၀(ဂ)နဲ့ပုဒ်မ၄၁၇ အရဒါဟာ နိုင်ငံတော်ရဲ့အာဏာကိုအဓ္ဓမရယူလိုခြင်းနဲ့အကျူံးဝင်နေတာကိုတွေ့မြင်ရသလို ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင်နိုင်ငံရေးနဲ့လုံခြုံရေးတည်ငြိမ်မှုရှိဖို့လိုပြီးနိုင်ငံရေးရင့်ကျက်မှုရှိဖို့လည်းလိုတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဒီနေ့ညမှာတရားဝင်ပြောဆိုလိုက်ပါတယ်။
"ဒီမိုကရေစီစနစ်ကိုသွားမယါဆိုရင်နိုင်ငံရေးနဲ့လုံခြုံရေးကတည်ငြိမ်အေးချမ်းမှုရှိဖို့လိုပါတယ်။နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုလို့ပြောတဲ့အခါ နိုင်ငံရေးရင့်ကျက်မှုရှိဖို့လည်းလိုပါတယ်။ ရင့်ကျက်မှုရှိမှ တည်ငြိမ် အေးချမ်းမှာဖြစ်ပြီး ရင့်ကျက်မှုမရှိရင်ဘယ်လိုမှတည်ငြိမ်အေးချမ်းမှုမရှိနိုင်ပါဘူး။နိုင်ငံရေးဆိုရာမှာလူတိုင်းအမြင်ချင်းတစ်ထပ်တည်းဘယ်လိုမှမကျနိုင်ပဲကွဲလွဲမှုရှိကြမှာဖြစ်ပါတယ်။ဒီမိုကရေစီဆိုတာဟာအများရဲ့ဆန္ဒနဲ့ ဆောင်ရွက်တာဆိုပေမယ့် အများရဲ့ဆန္ဒက စစ်မှန်ပြီးရိုးသားတဲ့နိုင်ငံရေးဖြစ်ဖို့လိုပအတယ်။အများဆန္ဒဟာရိုးသားမှုမရှိရင်ဒီနိုင်ငံရေးကဒီမိုကရေစီလို့ပြောနိုင်ဖို့ခဲယဉ်းပါတယ်။အခုဖွဲ့စည်းလိုက်တဲ့ကောင်စီမှအတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေပါဝင်ပြီးတိုင်းပြည်ရဲ့ပကတိအခြေအနေနဲ့ကိုက်ညီတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမှန်မှန်ကန်ကန်သွားနိုင်မှသာနိုင်ငံရေးကတည်ငြိမ်မှုရမှာဖြစ်ပါတယ်။တပ်မတော်အနေနဲ့တစ်နိုင်ငံလုံးမှာရှိတဲ့မဲပေးတဲ့နေရာတွေဘယ်မြို့နယ်ဘယ်မဲရုံမှာဘယ်လိုမဲပေးတာစတဲ့လူဦးရေစာရင်းအကုန်ရှိပါတယ်။ဆက်သွယ်ရေးစနစ်အလွန်ကောင်းတဲ့ခေတ်ကာလမှာမသိစရာအကြောင်းမရှိပါဘူး။မဲစာရင်းထဲမှာမှတ်ပုံတင်မပါသူလူစာရင်းတွေတွေ့ရတယ်။ကိုယ်စားလှယ်လောင်းတွေကပြောလို့လည်းသိရပါတယ်။တိုင်ကြတယ်။တချို့ပါတီတွေကစာနဲ့ရေးပြီးပြောကြတယ်။ကျွန်တော်တို့အနေနဲ့ကျွမ်းကျင်သူတွေကို ခေါ်ပြီးဆွေးနွေးတယ်။နောက်ဆုံးကွန်ပျူတာနဲ့တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာရလဒ်တွေထွက်လာတယ်။စထွက်လာတဲ့အချိန်ကစပြီး UEC ကို ရှင်းပြဖို့တောင်းဆိုပေမယ့် UEC က ရေငုံနှုတ်ပိတ်နေပြီး ထုတ်ပြန်ချက်တွေထုတ်တဲ့ပြဿနာကိုဘယ်လိုမှလက်ခံလို့မရပါဘူး။လွှတ်တော်ကိုစာရေးပြီးအသိပေးခဲ့ပါတယ်။လွှတ်တော်အထူးအစည်းဝေးခေါ်ဖို့အတွက်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတချို့ပေါင်းပြီးစာရေးတင်ပြခဲ့ကြပေမယ့်လွှတ်တော်ကငြင်းပယ်ခဲ့ပါတယ်။အမှန်ဆိုရင်လွှတ်တော်ကငြင်းပိုင်ခွင့်မရှိပါဘူး။အထူးအစည်းအဝေးကိုဥပဒေအရ ခေါ်ပေးပါလို့ပြောရင်ဥပဒေနဲ့ကိုက်ညီရင်ခေါ်ပေးရမယ့်တာဝန်ရှိပြီး ငြင်းပယ်ခွင့်မရှိပါဘူး။ နိုင်ငံတော်သမ္မတဆီကိုထပ်ပြီးတင်ပြတယ်။တရားဝင် ကာလုံခေါ်ပေးဖို့တင်ပြပေနယ့် အသိအမှတ် မပြုခဲ့ဘူး။ဒါကြောင့်အဆုံးအဖြတ်ပေးနိုင်တဲ့သူကိုစာရေးခဲ့ပါတယ်။ အစိုးရအဖွဲ့ကိုယ်စားလှယ်ကကျွန်တော့်ဆီလာတွေ့ပြီး ဆွေးနွေးခဲ့ရာမှာတော့အကျိုးအကြောင်းတွေနဲ့ရှင်းပြခဲ့ပေမယ့်ကိုယ်စားလှယ်တွေကလည်းလက်ခံပါတယ်။ဒါပေမယ့်အဖြေမရခဲ့ပါဘူး။ဒါ့ကြောင့်တရားဝင်ဖြစ်အောင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာအစည်းအဝေးခေါ်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတဆီကိုစာထပ်ရေးခဲ့ပေမယ့်အကြောင်းပြန်ချက်မှာတော့ သမ္မတနဲ့လွှတ်တော်မှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုပြီးUECနဲ့သာသက်ဆိုင်တဲ့အတွက် UEC နဲ့သာ ရှင်းဖို့လိုတယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒီမိုကရေစီနည်းလမ်းအရဆောင်ရွက်ထားတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်မပျက်ဆီးစေချင်လို့အကြိမ်ကြိမ်အခါခါသတင်းအချက်အလက်ပေးပါတယ်။သို့သော် ဘယ်လိုမှမရတဲ့အတွက်အခုလိုအနေအထားကိုရောက်ခဲ့တာဖြစ်ပါတယ်။ဒါကရွေးကောက်ပွဲကြောင့်ဖြစ်လာတဲ့ပြဿနာအခြေခံကိုရှင်းပြတာဖြစ်ပါတယ်။ပုဒ်မ ၄၀(ဂ)နဲ့ ပုဒ်မ ၄၁၇ အရဒါဟာ နိုင်ငံတော်ရဲ့အာဏာကိုအဓ္ဓမရယူလိုခြင်းနဲ့အကျူံးဝင်နေတာကိုတွေ့မြင်ရပါတယ်။ကျမ်းသ
စ္စာကျိမ်ဆိုပြီးလွှတ်တော် ဥက္ကဋ္ဌတွေ၊တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကိုဖွဲ့စည်းဖို့လုပ်ဆောင်တာဟာအာဏာကိုမတရားသဖြင့်ရယူဖို့ပြုလုပ်တာဖြစ်ပါတယ်။ဒါတွေကတော့ရွေးကောက်ပွဲမတိုင်မီကာလ၊ရွေးကောက်ပွဲကာလနဲ့ရွေးကောက်ပွဲအပြီးကာလတွေမှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေဖြစ်ပါတယ်"ဟုဆိုသည်။
အထူးသဖြင့်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုအရှိန်အဟုန်မပျက်အောင်ဆက်ပြီးလုပ်နိုင်စေဖို့အတွက်လုပ်ပေးမှာဖြစ်တဲ့အပြင်နေရပ်စွန့်ခွာသူတွေရဲ့ကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတော်အကျိုးစီးပွားကို မထိခိုက်ပါက သဘောတူညီချက်တွေကို ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်သလို၁၉၈၂ ခုနှစ် နိုင်ငံသားဉပဒေအရ ဆောင်ရွက်မှာဖြစ်ကြောင်း၊NCAနဲ့ပတ်သက်ပြီးရအောင် ဆွေးနွေးမှာဖြစ်ကြောင်း၊အရေးပေါ်ကာလတစ်နှစ်အတွင်းဖြစ်နိုင်သမျှခိုင်ခိုင်မာမာဖြစ်အောင်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့အရေးကြီးတာကပို့ဆောင်ဆက်သွယ်ရေးဖြစ်ပြီးရပ်ထားလို့မရပဲတပ်မတော်ကကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်းထည့်သွင်းပြောဆိုခဲ့ပါတယ်။

မန္တလေးနဲ့စစ်ကိုင်းမှာညမထွက်ရအမိန့်နဲ့ လူ (၅) ဦးနဲ့အထက်ပိုပြီးမစုဝေးရ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ========================...
08/02/2021

မန္တလေးနဲ့စစ်ကိုင်းမှာညမထွက်ရအမိန့်နဲ့ လူ (၅) ဦးနဲ့အထက်ပိုပြီးမစုဝေးရ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ
=========================================================
ပြေငြိမ်း
မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းမှာဒီနေ့ရက်စွဲနဲ့ လူ (၅) ဦးနဲ့အထက် မစုဝေးဖို့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ မထွက်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကနေအမိန့်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။
မန္တလေးမှာတော့ အများပြည်သူရဲ့ လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်တဲ့အပြုအမူတွေတွေ့ရှိရတဲ့အတွက်စုဝေးဟောပြောတာတွေစီတန်းလှည့်လည် တာတွေမလုပ်ဖို့ကိုလည်းတားမြစ်ထားသလိုစစ်ကိုင်းတိုင်းမုံရွာမြို့မှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပုဒ်မ ၁၄၄ ညမထွက်ရအမိန့်နှင့် လူ ၅ ဦးထက်ပိုမစုရအမိန့်ကိုဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်တွေအရ လူတစ်စုက အများပြည်သူလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်ပျက်ပြားစေနိုင်အောင်ဆောင်ရွက်နေတာကို စိုးရိမ်ဖွယ်တွေ့နေရတယ်လို့ဖေါ်ပြထားတဲ့အပြင်ရုန်းရင်းဆန်ခတ်ဖြစ်ပွားလာနိုင်တာတွေ ကြောင့်စုဝေးဟောပြောတာ၊စီတန်းလှည့်လည်တာ၊ ဆန္ဒပြတာတွေကို မလုပ်ကြဖို့ တားမြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီမိုကရေစီလူ့အခွင့်အရေးကို အကြောင်းပြပြီးအုပ်စုဖွဲ့အတင်းအကြပ်နှောင့်ယှက်၊ခြိမ်းခြောက်တာတွေလုပ်တာတွေ့ရတဲ့အတွက်ဥပဒေအရအရေးယ...
08/02/2021

ဒီမိုကရေစီလူ့အခွင့်အရေးကို အကြောင်းပြပြီးအုပ်စုဖွဲ့အတင်းအကြပ်နှောင့်ယှက်၊ခြိမ်းခြောက်တာတွေလုပ်တာတွေ့ရတဲ့အတွက်ဥပဒေအရအရေးယူရမည်ဟုဆို
==========================================================
ယမင်း
ဒီမိုကရေစီလူ့အခွင့်အရေးကို အကြောင်းပြပြီး အုပ်စုဖွဲ့အတင်းအကြပ်ပြုတာ၊ နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်တာ တွေ့ရပြီး စည်းကမ်းမရှိရင် ဒီမိုကရေစီပျက်စီးနိုင်ကြောင်းနဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်၊ တားဆီးတဲ့ကျူးလွန်မှုတွေကို ဟန့်တားနိုင်ဖို့ ဥပဒေနဲ့အညီအရေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတရားဝင် ကြေညာလိုက်ပါတယ်။
တရားမျှတပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ လုံခြုံမှုကို လိုလားတဲ့ ပြည်သူတွေအနေနဲ့ ဥပဒေမဲ့ ကျူးလွန်သူတွေကို လက်မခံဘဲ နိုင်ငံနဲ့လူမျိုးအတွက် ပူးပေါင်းပြီး တားဆီးဖယ်ရှာပေးဖို့ တပ်မတော်က ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားသလိုဒီမိုကရေစီစနစ်အရ လူတိုင်းလွတ်လပ်စွာပြောဆိုခွင့်၊ လုပ်ကိုင်ဆောင်ရွက်ခွင့်နဲ့ နေထိုင်ခွင့်ရှိပြီး သူတစ်ပါးကို မထိခိုက်စေဖို့နဲ့ မိမိနဲ့ သဘောထားအယူအဆ မတူသူတွေကိုလည်း ကွဲလွဲခွင့်ပေးရမယ်လို့လည်းဖေါ်ပြထားပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့မှာတော့ ရန်ကုန်၊ မန္တလေး၊မော်လမြိုင်၊နေပြည်တော် စတဲ့ မြို့ကြီးတွေမှာပါဆန္ဒပြနေကြပါတယ်။

Address

Yangon
Yangon

Telephone

+959444811655

Website

Alerts

Be the first to know and let us send you an email when Generation View Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Generation View Media:

Share

GENERATION VIEW MEDIA

NEWS MEDIA