Perfect Care Advertising & Printing Service

Perfect Care Advertising & Printing Service • Wedding Planning
• Birthday Party
• Off ice Staf f Party
• Gathering Party
• Beach Party
• Product Show
• Stage Decoration
• Lighting, Stage, Truss, and

မနက်ဖြန်~~~~~~~~~~~~၂၀၂၄ နှစ်ဦးမှာ ထူးခြားသော ကြုံခဲရခဲသော နဝင်းဆင့်ထပ် သော  +၉ ဂဏန်း စိုးမိုးသောနေ့ ၉  ရက် ၁ လ ၂၀၂၄ အင...
08/01/2024

မနက်ဖြန်
~~~~~~~~~~~~
၂၀၂၄ နှစ်ဦးမှာ ထူးခြားသော ကြုံခဲရခဲသော
နဝင်းဆင့်ထပ် သော +၉ ဂဏန်း စိုးမိုးသောနေ့

၉ ရက် ၁ လ ၂၀၂၄ အင်္ဂါ နေ့ သည် ၉ ရက် ဖြစ်၍ ရုပ်ဂဏန်း ၉ စိုးမိုးပါသည်။

ရက် ၊ခုနှစ် အားလုံးပေါင်း ၉ ဖြစ်၍ နာမ် ဂဏန်း ၉ စိုးမိုးပါသည်။

အင်္ဂါနေ့ သည် ဂဏန်းဗေဒင်နည်းအရ ၉ ဖြစ်၍ ၉ စိုးမိုး ပြန်ပါသည် ။

🙏🏻မနက်၉နာရီ မှ ၉နာရီ ၉မိနစ်၉စက္ကန့်ထိ
ဂုဏ်တော် ၉ ပါး ရွတ်ဖတ် ပူဇော်ကြပါ။
🙏🏻ည ၉နာရီ မှ ၉နာရီ ၉မိနစ် ၉စက္ကန့် ထိ
ဂုဏ်တော် ၉ ပါး ရွတ်ဖတ်ကြပါ။

အလွန် မှရခဲသော နဝင်း အားကြီး သော ကာလ ဖြစ်ပါသည်။၂၀၂၄ ခုနှစ်၏ အစောဆုံးကျသော ရက်ကောင်းဖြစ်၍နှစ်သစ်သို့ကုသိုလ်ကံအရှိန်မြင့်ဝင်ရန်အကောင်းဆုံး ကာလဖြစ်ပါသည်။

နဝင်း ဆိုတာ ချက်ချင်း ထူးသလို စန်းလာဘ် ပွင့်စေပါတယ် ။နဝင်းဆောင်အောင်ပါတယ်။

အထက်ပါအချိန်များတွင်မအား၍မရွတ်နိုင်သူများတနေ့လုံးတွင်မိမိ အဆင်ပြေသည့်အချိန်တွင်ရွတ်ပါ။

မြန်မာနိုင်ငံသူ ၊နိုင်ငံသားများနှင့်ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓ ဘာသာ ဝင်များ ကံကောင်း စေရန် ရွတ်ဖတ် နိုင်ရန်
ဤpostအား ရှယ်ခြင်းဖြစ် ကုသိုလ်ပြုဖြန့်ဖြူးပေးနိုင်ပါတယ် ။

Crd :

Promotion အတွက်ပဲသုံးသုံးCorporate gift အတွက်ပဲဖြစ်ဖြစ်အသင်းအဖွဲ့များ၊ ကုမ္ပဏီ များအတွက်Tote Bag တွေကို Customized Desig...
25/11/2023

Promotion အတွက်ပဲသုံးသုံး

Corporate gift အတွက်ပဲဖြစ်ဖြစ်

အသင်းအဖွဲ့များ၊ ကုမ္ပဏီ များအတွက်

Tote Bag တွေကို Customized Design

များနှင့် မှာလို့ ရပါတယ်ရှင်။

📲09796819668

“ငယ်ဘဝက ဆင်းရဲခဲ့ရင်”🔳 ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတာချင်း တူပေမဲ့ ဘဝဆိုတဲ့ ခရီးကို စတင်ရတဲ့ တာထွက်မှတ်ချင်းကတော့ မတူက...
09/08/2023

“ငယ်ဘဝက ဆင်းရဲခဲ့ရင်”

🔳 ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတာချင်း တူပေမဲ့ ဘဝဆိုတဲ့ ခရီးကို စတင်ရတဲ့ တာထွက်မှတ်ချင်းကတော့ မတူကြပါဘူး။ တချို့က ဆင်းဆင်းရဲရဲ၊ တချို့က ချမ်းချမ်းသာသာ၊ တချို့က ချို့ချို့တဲ့တဲ့၊ တချို့က ပြည့်ပြည့်စုံစုံ။ ရွေးချယ်လို့လည်း ရတဲ့ကိစ္စ မဟုတ်ဘူး။

အဲဒီလို ငယ်ဘဝက ဆင်းရဲခဲ့တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ တွေ့ရတတ်တာလေးတွေ ရှိတယ်။

📌 ၁။ သိမ်ငယ်စိတ်

အတွေ့ရအများဆုံးပဲလို့တောင် ပြောလို့ရတယ်။ ငယ်ငယ်ကတည်းက သူများသုံးသလို မသုံးရဘူး။ အတန်းတစ်တန်းတက်ရင် သူများတွေက ကျောပိုးအိတ်အသစ်ကလေးတွေ ကိုင်တယ်။ ကိုယ်ကတော့ မနှစ်ကဟာပဲ။ ကျောင်းကနေ ဘာဖိုးညာဖိုး တောင်းပြီဆိုလည်း အမြဲမျက်နှာငယ်ရတယ်။ ဆရာ၊ ဆရာမတွေကလည်း အပစားမပေးဘူး။ အဲဒီအရွယ်ကတည်းကနေ သိမ်ငယ်စိတ်က စတာပဲ။

အသက်ကြီးလာတော့ ပိုဆိုးတယ်။ သူများတွေက အိမ်က ကားနဲ့၊ ကိုယ်ပိုင်ကားနဲ့ တက္ကသိုလ် လာကြတယ်။ ကိုယ်ကတော့ ဘတ်စ်ကားစီးလို့။ မီးပွိုင့်မှာများ ကားချင်းယှဉ်ရပ်နေရင် မမြင်ချင်ယောင် ဆောင်နေရတယ်။ နှုတ်ဆက်နေရမှာစိုးလို့။

ကျောင်းပိတ်ရက်ဆို ဘယ်မှ မသွားနိုင်ဘူး။ အမေ့ဆိုင်မှာ ဝင်လုပ်။ အဖေ့အလုပ်မှာ ဝင်ကူ။ အဲဒီဆိုင်ကိုများ သူငယ်ချင်းတွေ လာကြရင် မျက်နှာပူရသေးတယ်။ ကိုယ့်မိဘကများ သူငယ်ချင်းမိဘဆီမှာ အလုပ်လုပ်နေတယ်ဆို ပိုတောင်ဆိုးဦးမယ်။

ဒီအခါ မိဘကိုလည်း မကျေနပ်ဘူး။ ဘဝကိုလည်း မကျေနပ်ဘူး။ လောကကြီးကိုလည်း မကျေနပ်တော့ဘူး။

အိမ်ကိုလည်း အလည်မခေါ်ရဲဘူး။ ရပ်ကွက်ကလည်း ညစ်ပတ်။ အိမ်ကလေးက ကျဉ်းကျဉ်း။ ကိုယ်ပိုင်အခန်းရယ်လို့လည်း မရှိ။ ရောက်လာပြီဆိုရင် ပြာပြာသလဲ ဧည့်ခံ။ မရှိရှိတာလေးတွေ ချကျွေး။

အပြင်သွားလည်ပြီဆိုလည်း ငွေမထုတ်နိုင်။ သူငယ်ချင်းတွေကပဲ အမြဲစိုက်ပေးနေရတော့ အားနာလာတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် သည်းခံတော့တယ်။ ငါ့လိုလူကိုတောင် အပေါင်းအသင်း လုပ်ပေးကြတယ်ပေါ့။ ဘယ်လိုစစလည်း ပြုံးပြုံးပဲ။ အနိုင်ကျင့်လည်း ငြိမ်ခံနေတယ်။ ရည်းစားများ ရလာခဲ့ရင်လည်း သိပ်အနွံတာခံတယ်။

လောကမှာ Unconditional love ဆိုတာ မရှိဘူး။ အချစ်ခံရဖို့ ကိုယ့်မှာ အကြောင်းရင်းတစ်ခုခုတော့ ရှိရတာပဲ။ ငွေကြေးမတတ်နိုင်တဲ့အခါ သည်းခံခြင်းကသာ သူအချစ်ခံရဖို့အတွက် Condition ဖြစ်လာတော့တယ်။ ကြာတော့ သူ့ကိုယ်သူ ပျောက်ဆုံးလာတယ်။ ပိုပိုပြီး သိမ်ငယ်လာတယ်။

ယောက်ျားလေးတွေဆို ဖိုဝါဒရဲ့ ဖိစီးမှုကိုပါ ခံရတယ်။ ချစ်သူကောင်မလေး၊ သို့မဟုတ် သူကြိုက်တဲ့ မိန်းကလေးက ပိုက်ဆံရှိတဲ့လူ၊ ကားစီးနိုင်တဲ့လူနဲ့ ကြိုက်သွားပြီဆို ပိုခံပြင်းရတယ်။

သိမ်ငယ်စိတ်ရဲ့ နောက်ပုံစံတစ်မျိုးကတော့ ဆတ်ဆတ်ထိမခံ ဖြစ်လာတာပဲ။ ဘာမဟုတ်တာလေးကအစ သူ့အတွက် ပြဿနာဖြစ်နေတယ်။ မာနကို လာထိပါးသလို ခံစားရတယ်။ ဒီတော့ ဆက်ဆံရေးတွေ အဆင်မပြေတော့ဘူး။ အရက်၊ မူးယစ်ဆေးဝါး စတာတွေနဲ့ပါ ထွက်ပေါက်ပေးလာနိုင်တယ်။

📌 ၂။ ကြွားဝါလိုစိတ်

သူများသုံးသလို မသုံးခဲ့ရတဲ့အတွက် ကိုယ့်မှာ သုံးခွင့်ရှိလာပြီ ဆိုတဲ့အခါ ကြွားဝါချင်တယ်။ ဒါလည်း အဆန်းမဟုတ်ဘူး။ ကျွန်တော်တို့တွေ ပထမဆုံး နိုင်ငံခြား ရောက်တဲ့အချိန်တို့၊ လေယာဉ်စီးတဲ့အချိန်တို့ဆို ပျော်ပြီး တွေ့တဲ့နေရာ ဓါတ်ပုံတွေ လျှောက်ရိုက်တတ်ကြတာမို့လား။ သွားပါများလာတော့လည်း ရိုးသွားတာပဲပေါ့။

ငယ်ငယ်ကတည်းက ငွေကြေးပြည့်စုံလို့ ဒါတွေ သွားဖူး၊ လာဖူးပါတယ် ဆိုတဲ့သူတွေလည်း သူတို့ မတွေ့ဖူး၊ မစားဖူး၊ မရောက်ဖူးတာတွေနဲ့ ကြုံရင် ဒီလိုပဲ ဖြစ်တတ်တာပဲ။ (ရည်းစားမရဖူးတဲ့သူတွေ ရည်းစားရသွားရင် Unfollow လုပ်ချင်လောက်အောင်ကို ပုံတွေ တင်တော့သလိုပေါ့။)

ဆင်းရဲတဲ့သူတွေမှာတော့ အဲ့ဒီလို မလုပ်ဖူးတာတွေ တအားများတဲ့အခါ လုပ်ခွင့်ကြုံပြီလည်း ဆိုရော၊ လိုတာထက်ပိုပြီး ကြွားဝါကြတယ်။ ပပလွှားလွှား နေချင်တယ်။

တချို့ကျ အလွယ်လမ်းလိုက်တယ်။ ဒီနေရာမှာ ဖိုဝါဒက ပြဿနာပေးလာပြန်တယ်။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေလောက် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရကြဘူး။ ဒီတော့ အသုံးပြုစရာ တစ်ခုပဲကျန်တယ်။ ခန္ဓာကိုယ်ပဲ။ ဒီလိုနဲ့ စင်တင်တေးဂီတတွေမှာ ဖျော်ဖြေကုန်ကြတယ်။

အဲဒီမိန်းကလေးတွေကို သွားမေးကြည့်ရင် ဒီအလုပ်လုပ်နေရတာ နောက်မှာ မှီခိုနေရတဲ့ မိသားစုကြောင့် ပါသလို၊ သူတို့ကိုယ်တိုင်ရဲ့ သုံးချင်စွဲချင်စိတ်ကြောင့်လည်း ပါတယ်။ တချို့မှာဆို အဲဒီအကြောင်းရင်းကတောင် ပိုချင်ပိုနေဦးမယ်။ ဖုန်းအကောင်းစား ကိုင်ချင်တယ်။ အဝတ်လှလှလေးတွေ ဝတ်ချင်တယ်။ ကောင်လေးက ကားနဲ့လာကြိုတာကို သဘောကျတယ်။

တချို့ကျတော့ ငွေမစုမိတော့ဘူး။ ပိုက်ဆံနည်းနည်း ရလာပြီဆို စုထားပြီး အိမ်ဝယ်ဖို့ အရင်ကြိုးစားမယ် မရှိဘူး။ ကြွားချင်တာနဲ့ iPhone ကောက်ဝယ်လိုက်တာတို့၊ ကားကို အရစ်ကျနဲ့ ဝယ်လိုက်တာတို့တွေ လုပ်မိတတ်တယ်။ အလုပ်အတွက် လိုအပ်လို့လည်း မဟုတ်ဘူး။ လူအထင်ကြီးခံလိုစိတ်ကြောင့်ပဲ။

ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်တာ ဘာမှမဖြစ်ပေမဲ့ ကိုယ့်ရဲ့ Personal Finance အတွက်တော့ အဲဒီစိတ်က ပြဿနာ အတော်ပေးတယ်။

ဂျက်ကီချန်းမှာတောင် အဲဒီလိုစိတ်မျိုး ရှိခဲ့တယ်လို့ ဖတ်ဖူးတယ်။ ပိုက်ဆံချမ်းသာလာတဲ့အခါ လိုလို မလိုလို တွေ့သမျှ အကုန်လျှောက်ဝယ်ပစ်တာမျိုးပေါ့။ သူကတော့ ကမ္ဘာကျော်မင်းသားမို့ ပြဿနာမရှိပေမဲ့ ကိုယ်ကတော့ ဝင်ငွေထက် ထွက်ငွေပိုများအောင် သုံးမိရင် အကြွေးနွံနစ်သွားတာ၊ လောင်းကစား လုပ်မိတာတွေ ဖြစ်တတ်ပါတယ်။

📌 ၃။ အကောင်းနဲ့ ထိုက်တန်တယ် မထင်တော့တာ

ချမ်းသာလာတဲ့အထိတောင် အဝတ်အစားဆိုလည်း ခပ်နွမ်းနွမ်းပဲ ဝတ်တာ၊ မုန့်ဟင်းခါးကို ထမင်းနဲ့ပဲ စားတတ်တော့တာ၊ ဖုန်းကောင်းကောင်း ဝယ်ဖို့ကို တွန့်ဆုတ်နေမိတာ၊ ကိုယ့်သားသမီး၊ ကိုယ့်အိမ်ထောင်ဖက်၊ သူတို့ကိုပဲ အကောင်းစားတွေ ပေးသုံးနေမိတော့တာမျိုးပေါ့။

သားသားနားနား ဝတ်ရင်ကိုပဲ နေလို့မကျတော့တာ၊ ပိုက်ဆံသုံးမိရင်ပဲ အပြစ်ရှိသလို ခံစားနေရတော့တာပါ။ ရှေ့နှစ်ခုလောက်တော့ ပြဿနာမပေးပေမဲ့ ကိုယ်ရှာဖွေထားသမျှက သူများအတွက်ချည်း ဖြစ်နေပြန်ရင်လည်း မကောင်းပါဘူး။ ထိုက်သင့်သလောက်တော့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ လိုပါတယ်။

🔳 ခုခေတ်ကျ ပိုဆိုးပါတယ်။ ကျွန်တော်တို့ငယ်ငယ်ကမှ သုံးစရာ၊ စွဲစရာ သိပ်မရှိတော့ သူသူကိုယ်ကိုယ် ဒီလိုပဲ ထင်ရတယ်။ ခုကျ ငွေသုံးနိုင်တဲ့သူနဲ့ မသုံးနိုင်တဲ့သူက တအားကို ကွာခြားသွားပြီ။ ဆိုရှယ်မီဒီယာလည်း ပေါ်လာတော့ ဘယ်သူက ဘယ်လိုသုံးနိုင်တယ်၊ ဘာတွေ စားနိုင်တယ်၊ ဘယ်တွေ သွားနိုင်တယ် အကုန်မြင်နေ၊ တွေ့နေရပြီကိုး။ အတော်လေးကို Handle လုပ်နိုင်မှ တန်ကာကျလိမ့်မယ်။ လူတိုင်းကို သိမ်ငယ်စိတ် ဖြစ်စေနိုင်တဲ့ခေတ်ကြီး ဖြစ်လာနေပြီလေ။

🔳 ငယ်ဘ၀ ဆင်းရဲခဲ့သူတွေမှာ ကောင်းတဲ့အချက်ကတော့ ငွေတန်ဖိုးကို သိတယ်။ အောက်သက်ကြေတယ်။ လက်ကြောတင်းတယ်။ ရင့်ကျက်တာ မြန်တယ်။ ကြိုးစားတယ်။ ကိုယ်ချင်းလည်း စာတတ်တယ်။

ချမ်းသာတိုင်းလည်း ကောင်းတာတော့ မဟုတ်ပါဘူး။ သူတို့က သိမ်ငယ်စိတ်တော့ နည်းမယ်။ ငယ်ငယ်ကတည်းက သူများနဲ့ နှိုင်းယှဉ်ခံခဲ့ရတာမှ သိပ်မရှိတာ။ အကုန်သုံးဖူး စွဲဖူးနေတော့လည်း လိုတာထက် ပိုပြီး ထုတ်ပြမနေတော့ဘူး။ မိဘ ထောင်ထားပေးတဲ့ လှေကားပေါ် တက်ရတဲ့အခါကျ ပိုပြီးလည်း လွယ်ကူတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်သွားအောင်လည်း လုပ်နိုင်တယ်။

မကောင်းတာကျတော့ မိဘရဲ့ လောင်းရိပ်မိပြီး ကိုယ်ရည်ကိုယ်သွေး ညံ့ကုန်တာ၊ ကိုယ်ချင်းမစာတတ်တာ၊ ရေပေါ်ဆီဆန်တာတွေ ဖြစ်တတ်တယ်။

အကောင်းအဆိုးကတော့ ဒွန်တွဲနေတာချည်းပဲမို့ အခြေအနေထက် ဒီအခြေအနေကို ကိုယ်ဘယ်လိုတုံ့ပြန်သလဲ ဆိုတဲ့အပေါ် အဓိက မူတည်သွားမှာ ဖြစ်ပါတယ်။

🔳 မိဘရဲ့ ပြုစုပျိုးထောင်မှုကလည်း အရေးပါပေမဲ့ ဆင်းရဲတဲ့မိဘဆို ကောင်းကောင်းမွန်မွန် ထိန်းကျောင်းပေးနိုင်ဖို့ မလွယ်ဘူး။ သူတို့ကိုယ်တိုင်တောင် ခုပြောခဲ့တဲ့ အချက်တွေ ရှိနေနိုင်တာကိုး။ သိမ်ငယ်စိတ်ဝင်နေတော့ သားသမီးက တစ်ခုခုပြန်ပြောရင်တောင် မင်းတို့က ငွေမရှာပေးနိုင်တဲ့ အဖေမို့၊ အမေမို့ မလေးစားတာလား ဆိုပြီး မဆိုင်တာတွေ ဆွဲချိတ်ပြောတတ်ကြသေးတယ်လေ။

အဓိကအားကိုးရာကတော့ “စာပေ” ပါပဲ။ စာပေက ပေးတဲ့အသိ၊ စာပေက ပေးတဲ့စိတ်ခွန်အား၊ စာပေက ပေးတဲ့ဉာဏ်ပညာတွေကပဲ ဆင်းရဲခြင်းကို လွန်မြောက်ဖို့၊ ဆင်းရဲတဲ့ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။

🔳 နောက်ဆုံးတစ်ချက်ကတော့ ဆင်းရဲခြင်းကို လက်ဆင့်မကမ်းကြဖို့ပါ။

မိဘက ဆင်းရဲတော့ ကိုယ်လည်း အငုံ့စိတ်တွေ၊ မကျေနပ်စိတ်တွေ တလှေကြီးနဲ့ ဘဝကို ရှင်သန်။ ပညာရေးအားနည်း။ ဝင်ငွေမကောင်း။ ဒီအခါ ကိုယ်ကနေ မွေးလာတဲ့ ကလေးကလည်း ကိုယ့်လိုပဲ တစ်ခါပြန်ဖြစ်။ ဆင်းရဲခြင်းတွေ သံသရာလည်နေရလိမ့်မယ်။ အဲဒါကို Intergenerational Poverty လို့ ခေါ်တယ်။

ဒီတော့ ကိုယ့်အလှည့်မှာ တတ်နိုင်သမျှ ကြိုးစားပြီး ဒီသံသရာကို ဖြတ်တောက်။ ဘဝကို မြင့်မားအောင် ကြိုးစား။ လူတန်းစေ့နေနိုင်အောင် လုပ်။

ငယ်တုန်းရွယ်တုန်းမှာ ပိုက်ဆံစု။ မျိုးစုံ ဆွဲဆောင်နေတဲ့ တပ်မက်စရာတွေနောက်ကို လိုက်မသွားနဲ့။ ကိုယ့်ဘဝနဲ့ကိုယ်ပဲမို့ သူသုံးသလို ကိုယ်လိုက်သုံးစရာ မလိုဘူး။ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်း လျှောက်။ ဒါမှသာ ဒီသံသရာကနေ ရုန်းထွက်နိုင်ပါလိမ့်မယ်။

တစ်ဖက်မှာလည်း ကိုယ့်တစ်ကိုယ်စာ မိသားစု မဆင်းရဲတော့အောင်ပဲ မကြိုးစားနဲ့။ တစ်တိုင်းပြည်လုံးက မိသားစုတွေ ဆင်းရဲတွင်းထဲကနေ တက်လာနိုင်အောင်ပါ ကြိုးစား။

ဒါဟာ ဘာကြောင့်မှန်းမသိဘဲ ကိုယ့်ဆီရောက်လာတဲ့ ဆင်းရဲခြင်း၊ မပြည့်စုံခြင်း၊ ချို့တဲ့ခြင်းတွေကို အကောင်းဆုံး တုံ့ပြန်တဲ့ နည်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၈.၈.၂၀၂၃

Photo credit - Pixabay

 #တွေးမယ်🤔 #ရေးမယ်✍  လှလှလေးတွေကို ဖန်တီး ပုံဖော်ကြမယ်လေ😘😘😘ကိုယ့် idea လေးတွေကနေ ပုံဖော်လို့ ထွက်လာတဲ့ Product လေးတွေမှာ...
02/08/2023

#တွေးမယ်🤔
#ရေးမယ်✍
လှလှလေးတွေကို ဖန်တီး
ပုံဖော်ကြမယ်လေ😘😘😘

ကိုယ့် idea လေးတွေကနေ ပုံဖော်လို့

ထွက်လာတဲ့ Product လေးတွေမှာ

ကိုယ့်စိတ်ကြိုက်နာမည်လှလှလေး

တံဆိပ်နှိပ်လိုက်ပြီး စျေးကွက်ထဲမှာ

ပြန်မြင်ရတဲ့အချိန်က တကယ့်ကို

ကြည်နူးစရာအကောင်းဆုံးအချိန်ပါ💜💜💜

ဒီလိုအချိန်မျိုးအတူဖန်တီးဖို့အတွက်

ကျွန်မတို့ Team ကနေပါဝင်ဆောင်ရွက်ပေးပါ

ရစေ💜💜💜

လူကြီးမင်းတို့ Brand အတွက်လိုအပ်သော

🌹 ဂုတ်တံဆိပ် Label များ
🌹 Zip Bag
🌹 Label Tag
🌹 Paper Bags များကို

အရေအတွက် 200 မှစပြီး မှာယူနိုင်ပါတယ်။

ဂုတ်တံဆိပ်အတွက်တိုင်ပင်ချင်တာ
မေးမြန်းချင်တာမျိုးတွေအတွက်ဆိုရင်တော့

Office No 📲 09796819668 ကိုဆက်သွယ်
မေးမြန်းလို့ရပါတယ်ရှင်

အနီပြီးတော့ အနက်လာဂုတ်တံဆိပ် အမျိုးမျိုးရမယ်နော်😍😍😍😍ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဗူးအမျိုးမျိုးပေါ်အလှဆင်ဖို့ဘဲ​ဖြစ်ဖြစ်ကိုယ...
28/07/2023

အနီပြီးတော့ အနက်လာ
ဂုတ်တံဆိပ် အမျိုးမျိုးရမယ်နော်😍😍😍😍

ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဗူးအမျိုးမျိုးပေါ်
အလှဆင်ဖို့ဘဲ​ဖြစ်ဖြစ်

ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့👕 အင်္ကျီ ၊ ဦးထုပ်နဲ့👒
Tote Bag အမျိုးမျိုး အတွက်ပဲသုံးသုံး
သုံးချင်တဲ့နေရာမှာသုံး ဖို့အတွက် 😁😁
ဖဲခွေ အရောင်စုံမှာလို့ရပါတယ်ရှင်😘😘😘

ကျွန်မတို့ဆီမှာ ကိုယ်ပိုင် Printing ရှိတာမို့ လူကြီးမင်းတို့ လုပ်ငန်းအတွက် လိုအပ်သော Promotion item အမျိုးမျိုးအတွက် One Stop Services ဝန်ဆောင်မှုပေးနေပါတယ်ရှင်။

👕 T-Shirt & Polo Shirt အမျိုးမျိုး၊
☂ Promotion ထီးအမျိုးမျိုး၊
💼 Tote Bag & Recycle Bag အမျိုးမျိုး
☕ Mug ခွက်အမျိုးမျိုး ၊ အားကစားရေဗူးအမျိုးမျိုး၊
🎩 ဦးထုပ်များ ၊ Logo Printing အမျိုးမျိုး၊ Logo ပန်းထိုး ၊ ( စက်ရိုက်၊ လက်ရိုက် )တံဆိပ်ရိုက်အမျိုးမျိုး နှင့် ဝန်ဆောင် မှု့များရရှိနိုင်ပါတယ်ရှင်😘😘😘

POSM များအတွက် မေးမြန်းစုံစမ်းချင်တာ ၊ တိုင်ပင်ချင်တာများရှိခဲ့ရင် ဒီဖုန်း ကိုဆက်ပါ
👇👇
📲09 440391900
ခပ်ချောချောစုံတွဲက သေချာဖြေပေးပါ့မယ်နော်😁😁

ရုံးကိုလာမယ်ဆိုရင် ဖုန်းလေးကြိုဆက်
ဒေါ်ဆုရှိတဲ့အချိန်နဲ့ကြုံရင် Coffee ပါတိုက်ဦးမှာ☕လိပ်စာက👇
🏠သာကေတမြို့နယ်၊ရန်ကုန်မြို့။

ဆုတောင်း မပြည့်ခဲ့ပါဘူး ...😭🙏အင်အား အဆမတန် ပြင်းထန်ပြီး  #စစ်တွေ ကို ဝင်ပါမယ် {လေတိုက် နှုန်း 210 kmh} ============= Bay...
13/05/2023

ဆုတောင်း မပြည့်ခဲ့ပါဘူး ...😭🙏

အင်အား အဆမတန် ပြင်းထန်ပြီး
#စစ်တွေ ကို ဝင်ပါမယ်
{လေတိုက် နှုန်း 210 kmh}

=============

Bay of Bengal Probability Cyclone
Forecast (14)

EXTREMELY SEVERE CYCLONIC STORM
MOCHA {မိုခါ}

IMD ရဲ့ ထုတ်ပြန်ချက် +
reliable Models များပေါ်မူတည် ပြီး
ခန့်မှန်းချက်

၁၃- ၅-၂၀၂၃ ၁၅:၀၀ z ( မြန်မာအချိန် ၁၃/၂၁:၃၀ )

၁။ လွန်ခဲ့သော (၆)နာရီအတွင်း ESCS မိုခါ {ယီမင် နိုင်ငံ အလှည့်ကျ နာမည်} အဆမတန် အားအလွန် ကောင်းလာသော ဆိုင်ကလုံး #မုန်တိုင်း ဟာ ဘင်္ဂလား ပင်လယ်အော် အရှေ့ ပိုင်း မှာ 22 kmh နှုန်း {လျှင်မြန်စွာ} နဲ့ NNE (မြောက်-အရှေ့မြောက်) အတိုင်း စစ်တွေမြို့အနီး ကိုဆက်လက် ဦးတည်နေပြီ။

ဗဟို (16.9 N; 90.8 E၊) #စစ်တွေ မြို့ ရဲ့ SW (အနောက်တောင်ဖက်) 420 km မှာ၊ ရှိနေပါတယ်။ SST ပင်လယ်ရေမျက်နှာပြင် လက်ရှိ အပူချိန် များအရ၊ မုန်တိုင်းလမ်းကြောင်း ပြောင်းရန် မဖြစ်နိုင် သလောက် ရှိနေပါတယ်။

{ #စစ်တွေ} ကို ရောက်လာ တော့ မယ်။ {လက်ရှိ လေတိုက်နှုန်း 200 kmh}

၂။ရွေ့ရှားမှု => အဆမတန် အားအလွန် ကောင်းလာသော ဆိုင်ကလုံး #မုန်တိုင်း အဖြစ် ဖြင့် NNE {မြောက်- အရှေ့မြောက်} သို့ ဆက်လက်် ရွေ့ရင်း ဘင်္ဂါးဒေ့ရှ် {coxs bazar}နှင့်

မြန်မာ { #ကျောက်ဖြူ မြို့} အကြား ၊ #စစ်တွေ မြို့ အနီး အဆမတန် အားအလွန် ကောင်းသော ဆိုင်ကလုံး #မုန်တိုင်း အဖြစ်မှ ၁၄-၅-၂၀၂၃ (၀၇၀၀ z) {မြန်မာ အချိန် ၁၄ ရက် ၁၂:၃၀ } မှာ ကုန်တွင်းဝင် ရောက် ဖြတ် သန်း ပါမယ်။

ဖြတ်သန်းစဉ် လေတိုက်နှုန်း 180-190 kmh {Gust 210 kmh} တိုက်ပါမည်။

{ကမ်းပေါ်တက်ချိန် ESCS အနေဖြင့် အင်အား အလွန်ပြင်းထန်သော ကြောင့် အလွန် ကြီးမား သော သေကြေ ၊ပျက်စီးမှုများ ရှိလာနိုင် ပါတယ်။}

မုန်တိုင်း လမ်းကြောင်း ပေါ် ရှိနေ လျှင် အသက် အန္တရာယ် စိုးရိမ် ရပါတယ်။

ရှောင်ရှားရန် ခက်ခဲမှု များရှိ နေတာကို လဲ ဒေသခံများ ပြောဆိုနေကြတာ ကြားရပါတယ်။

ထိရောက်သော Evacuation အချိန်မီ မလုပ်ခဲ့ဘဲ သတိပေး ထုတ်ပြန်ယုံဖြင့် မကာကွယ် နိုင်တော့ပါ။

မုန်တိုင်းဒီရေ ပုံမှန်ထက် (၂.၅-၃.၀ မီတာ) ပို ပါမယ်။ #မုန်တိုင်း ဖြတ်စဉ် ကုန်းပေါ် ဘက် ကို လေ တိုက် မှာဖြစ် လို့ နေရာ တော် တော် များများ ရေမြုပ်ပါမယ်။

Reliable Models တော်တော် များများ က ရွေ့လျားနိုင်သော လမ်းကြောင်းများ
အများအားဖြင့် တူညီစွာ ခန့်မှန်း လျှက်ရှိနေကြပြီ။

* #မုန်တိုင်း သည် ကုန်းတွင်း NNE (မြောက်-အရှေ့မြောက် )အတိုင်း ၂၄-၃၅ kmh ဖြင့် TD (မုန်တိုင်းငယ် အဖြစ် ဆက်လက် ရွေ့ရှား ပြီး ၁၅-၅-၂၀၂၃ ၀၆၀၀z {မြန်မာ အချိန် ၁၅/၁၂:၃၀ } မှာ စစ်ကိုင်းတိုင်း ခမ်းမတီး မြိုအနီး က ဖြတ်သွား ပြီး လျင်မြန်စွာ အားလျော့ ပျက်ပြယ် ပါမယ်။

*လက်ရှိ ရေပြင် လေတိုက်နှုန်း က ရေမိုင် ၁၁၀-၁၂၀ ခန့်တိုက်နေပါတယ်။ ဗဟို လေဖိအား က 944 HPA ရှိနေတယ်။

၆။ မိုးရွာသွန်းမှု =>
မြန်မာပြည် အောက်ပိုင်း၊ ယခု + (၂၄) နာရီ => မိုးရွာပါမယ်။

{ #ရန်ကုန် ယခု + (၂၄) နာရီ မိုး ရွာပါမယ်။}
မြန်မာပြည် အနောက်၊ အလယ်၊ မြောက် ပိုင်း ၊ အရှေ့ပိုင်း အချို့နေရာများ ၁၄/၁၅-၅-၂၀၂၃ => မိုးသည်းထန်စွာ ရွာနိုင်။

၇။ လေပြင်း ၊ မိုးကြီး အန္တရာယ်
#ရခိုင်၊ #စစ်တွေ၊ #ကျောက်ဖြူ ၁၄ + (၁၂) နာရီ( မုန်တိုင်း ဒဏ် အများဆုံး ခံရဖို့ များပါတယ်။) မုန်တိုင်း surge (3) မီတာခန့် ရှိလာနိုင်ပါတယ်။

မုန်တိုင်း ရွေ့ရှားစဉ် =>
#ချင်း၊ #စစ်ကိုင်း၊ #မကွေး၊ #မန္တလေး၊ #ကချင် => ၁၄-၁၅/ ၅-၂၀၂၃{50~100 kmh }

#ရန်ကုန်၊ #ဧရာဝတီ၊ #ပဲခူး၊ နေပြည်တော်၊ => ၁၄-၁၅/ ၅-၂၀၂၃ {50~85 kmh}

NNNN

Credit

မှတ်ချက် - တစ်ဆင့်ပြန်လည်မျှဝေပါသည် 🙏

#ထိခိုက်မှုနည်းနိုင်သမျှနည်းပါစေ။
အန္တရာယ်များ မှ လွတ်ကင်းနိုင်ကြပါစေ🙏🙏🙏🙏🙏

https://m.facebook.com/story.php?story_fbid=6447790011948480&id=100001526359751&mibextid=Nif5oz

Address

No. 327/329, 6A, Banyardala Road, Tarmwe Tsp
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09796819668

Alerts

Be the first to know and let us send you an email when Perfect Care Advertising & Printing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Perfect Care Advertising & Printing Service:

Share