Buddha FM

Buddha FM The Official Page of Buddha FM
---------------------------www.buddhafm.net

ဗုဒၶ FM ။ ။
Buddha FM Online Radio သည် အင်တာနက်ရေဒီယို နှင့် ဂီတအဖွဲ့အစည်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည်။ ၂၀၀၉ နှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ပီအိပ်ခ်ျဒီကျောင်းသား အရှင် မေတ္တာစာရမှ တည်ထောင်သည်။ Buddha FM Online Radio သည် ပြည်ပရောက် မြန်မာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓတရားတော်များ၊ ဓမ္မတေးများကို အလွယ်တကူ နာယူ၊ နားဆင်နိုင်ကြစေရန် နှင့် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်များ အတွက် အင်္ဂလိပ်လိုဟောကြားထားသောတရားဓမ္မများနှင့်

အင်္ဂလိပ်လို သီဆိုထားသော ဓမ္မတေးများကို အလွယ်တကူ နာယူ၊ နားဆင်နိုင်ကြစေရန် အတွက်ဖြစ်သည်။ Buddha FM သည်ပထမဦးဆုံး Facebook မှာ နားဆင်နိုင်သော တစ်ခုတည်းသော အင်တာနက် ရေဒီယို ဖြစ်သည်။

ထုတ်လွှင့်သည့် ကဏ္ဍများ။ ။
ဗုဒ္ဓ FM ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့နှင့် ၂၄ နာရီပတ်လုံး ထုတ်လွှင့်သည်။ မလေးတရုတ်၊ အင်ဒိုနီးရှားတရုတ်များကလည်း တောင်းဆိုသောကြောင့် ထေရဝါဒ၊ မယာယန မခွဲခြားဘဲ ထုတ်လွှင့်ပေးသည်။

ရေဒီယိုဆိုဒ်တွင် ဓမ္မသီချင်း၊ ယဉ်ကျေးမှုသီချင်း၊ ခေတ်သစ်သီချင်းအပြင် မြန်မာဗီဒီယိုများလည်း ရယူ ကြည့်ရှုနိုင်သည်။

Buddha FM is an Internet Radio Station, broadcasting the Teachings of the Buddha (Dhamma) for 24 hours. This Online-based community founded by Ashin Mettacara, a 27-year-old Buddhist monk from Burma (Myanmar) on 19th December, 2009.

အမုန်းများရင် အမှန်မြင်ဖို့ ခဲ
09/07/2024

အမုန်းများရင် အမှန်မြင်ဖို့ ခဲ

02/06/2023

ဗုဒ္ဓဘုရားရှင်သည် နယုန်လပြည့်နေ့၌ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား မဟာသမယ သုတ်တော်ကို ဟောတော်မူခဲ့သည်။ ထိုသို့ ဟောတော်မူသည်ကို အစွဲပြု၍ နယုန်လပြည့်နေ့တွင် မဟာသမယ အခါတော်နေ့ပွဲကို ဆင်ယင်ကျင်းပကြသည်။ မဟာသမယ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသည်။
မဟာသမယသုတ်တော်ကို ဘုရားရှင်သည် ကပ္ပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးတွင် သီတင်းသုံး နေထိုင်လျက် ဟောတော်မူသည်။ ထိုအချိန်တွင် သာသနာ့ဘောင်သို့ ဝင်လာကြသော သာကီဝင်မင်းသား ရဟန္တာ ၅၀ဝ-တို့သည်လည်း အတူရှိနေသည်။ ဘုရားရှင်နှင့် ထိုရဟန္တာများကို ဖူးမြော်လိုကြသဖြင့် နတ်၊ ဗြဟ္မာ၊ အသုရာ၊ နဂါး၊ ဂဠုန် တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် အုပ်စုလိုက် စုရုံးရောက်ရှိ လာကြသည်။ ထိုကဲ့သို့ လူနတ်ဗြဟ္မာ စသည်တို့ စုရုံးရောက်လာကြသော အခါကာလကို မဟာသမယ-ဟု ခေါ်သည်။
ထိုသို့ နတ်ဗြဟ္မာစုံညီ ရောက်ရှိလာကြသည်ကို ဘုရားရှင်က နှစ်လိုစွာဖြင့် နတ်ဗြဟ္မာတို့၏ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်၍ ဟောကြားတော်မူသော စကားတော်များကို မဟာသမယသုတ်-ဟုခေါ်သည်။
ဤမဟာသမယသုတ်တွင် နတ်ဗြဟ္မာအသီးသီးတို့သည် မိမိတို့၏ အမည်နာမများ ပါရှိသဖြင့် အလွန်ကျေနပ်ကြသည်။ ထိုသုတ်တော်ကို အကြိမ်ကြိမ် နာကြားလိုကြသည်။ မဟာသမယသုတ်သည် နတ်ဗြဟ္မာများ အလွန်ချစ်မြတ်နိုးသော သုတ်တော်ဖြစ်သည်။
ထို့ကြောင့် ဤမဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက နတ်များ၏ ချစ်ခင်မှုကို ရရှိနိုင်ကြသည်။ အိမ်သစ်၊ တိုက်သစ်၊ နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင်း အဋ္ဌကထာဆရာက ပြဆိုထားပေသည်။
ဤကား နယုန်လ၏ လေးစားမြတ်နိုးဖွယ် ထူးခြားသော အကြောင်းအချက်များပင် ဖြစ်ပေသည်။

23/12/2020

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်း ကားလမ်းမကြီးဘေး ညောင်ပင်သာကျေး...

26/07/2020

"ငွေဆိုတာ နတ်ပြည်နဲ့ ငရဲပြည် သွားဖို့အတွက် လက်မှတ်တစ်စောင်ပဲ"
"Money is a ticket to Heaven and Hell."
--
© Mettā Inspirational Quotes

30/07/2019

Lead Story လူမှုရေး သတင်း ဆွီဒင်နိုင်ငံတွင် ဗုဒ္ဓဘာသာစေတီတော် ထီးတော်တင်လှူပွဲ ကျင်းပ By DVB 28 July 2019 Print Email Tweet Email This Story : Your Name Your Email Recieve...

30/07/2019
ဝန်းသိုမြို့၏ ကျက်သရေဆောင် နိုင်ငံတကာ သာသနာပြု ဆွီဒင်ဆရာတော် အရှင်သောဘန၏ လုပ်ဆောင်ချက်များ
30/07/2019

ဝန်းသိုမြို့၏ ကျက်သရေဆောင် နိုင်ငံတကာ သာသနာပြု ဆွီဒင်ဆရာတော် အရှင်သောဘန၏ လုပ်ဆောင်ချက်များ

10/02/2017

Life is like a mirror. It will smile at you if you smile at it.
---
ဘဝဆိုတာ မှန်တစ်ချပ်နဲ့တူတယ်။ သင်က ပြုံးပြလျှင် ပြုံးပြမှာပဲ။
-English Proverb-

10/02/2017

The Buddha opens the door, but you must enter by yourself.
---
ဘုရားရှင်က တံခါးပဲ ဖွင့်ပေးပါတယ်။ ဒါပေမဲ့ အထဲကိုတော့ ကိုယ့်ဘာသာ ဝင်ကြရမယ်။

10/02/2017

My teaching is for the wise, not for the fool.
---
'ငါဘုရား ဟောကြားထားတဲ့တရားတော်တွေက ပညာရှိ၊ သူတော်ကောင်းတွေအတွက်၊ သူယုတ်မာတွေအတွက် မဟုတ်ဘူး။'
-Buddha-

Address

Yangon

Telephone

+959764921587

Website

https://www.facebook.com/buddhafm.radio

Alerts

Be the first to know and let us send you an email when Buddha FM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share