11/06/2021
Online ပေါ်မှာရောင်အားကောင်းစေမယ့် အချက်များကို အခမဲ့ မျှဝေပေးချင်ပါတယ် 🚀
ကိုဗစ်ကြောင့် မနဲရပ်တည်နိုင်အောင်ကြိုးစားနေရတဲ့ လုပ်ငန်းတွေဟာ အခုအခါမှာ ပိုမိုဆိုးဝါးတဲ့ အနေအထားနဲ့ရင်ဆိုင်နေရပါတယ်။ ကိုဗစ်တုန်းက အပြင်မှာအရောင်းအဝယ်မဖြစ်ရင်တောင် Online ထွက်ပေါက်တစ်ခုရှိခဲ့ပေမယ့် အခုရင်ဆိုင်နေရတဲ့ အနေအထားက မတူပါဘူး။
VPN နဲ့ ကျော်သုံးနေကြတယ်ဆိုပေမယ့် လုပ်ငန်းအများစုရဲ့ page ရောင်းအားကတော့ ကျဆင်းလျက်ရှိတယ်လို့ စိတ်မကောင်းစွာ ကြားသိရပါတယ်။
ဒေါ်လာဈေးတက်လို့ Boosting လုပ်ရတဲ့ Marketing Budget တွေများလာပေမယ့် Result ကတော့ တော်တော်လေး အရင်ကထက်စာရင် နဲနေပါသေးတယ်။
ဒါ့အပြင် Facebook နဲ့ပတ်သက်ပြီး သို့လော သို့လော တွေကြားနေရတဲ့အတွက် လုပ်ငန်းရှင်တွေ အနေနဲ့ ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ လက်ရှိရောင်းအားလေးကို ထိန်းထားဖို့ Online နဲ့ပတ်သက်ပြီး Exit Plan တစ်ခုထားရှိဖို့ မရှိမဖြစ်လိုအပ်လာပါပြီ။
ဒီနေရာမှာ တစ်ခုရှင်းပြလိုတာက Facebook ဆိုတာ Online Shopping ရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါတယ်။ Online ပေါ်မှာရောင်းချလို့ရတဲ့ အခြားနည်းလမ်းတွေအများကြီး ရှိနေပါသေးတယ်။ မိတ်ဆွေတို့ အနေနဲ့ စိတ်ဓာတ်မကျပါနဲ့ဦး။ ခက်ခဲတဲ့ အခြေအနေတွေက ကြံ့ခိုင်တဲ့ လူသားတွေကို မွေးထုတ်ပေးလေ့ရှိပါတယ်။
ဥပမာအနေနဲ့ ပြောပြရမယ်ဆိုရင် တရုတ်နိုင်ငံမှာ Facebook ကို (လုံးဝ) ပိတ်ထားပါတယ်။ ဒါပေမေယ့် Taobao, 1688, Pinduoduo အစရှိတဲ့ Online Shopping Platform ကြီးတွေမှာ လက်မလည်အောင် ရောင်းနေရပါတယ်။ ဒီ Platform ကြီးတွေရဲ့အောင်မြင်မှုက အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနဲ့ အဝှမ်းဖြစ်ပါတယ်။
အလားတူပဲ အနောက်နိုင်ငံတွေမှာလည်း အလွန်အောင်မြင်နေတဲ့ eBay တို့၊ Amazon တို့လို Shopping Platform အကြီးကြီးတွေရှိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း သူ့နည်းသူ့ဟန်နဲ့ အောင်မြင်နေတဲ့ Shopping Platform ကြီးတွေရှိပါတယ်။
အဲ့ဒီလို Online Shopping Platform ကြီးတွေပေါ်တက်ရောက်ပြီး ရောင်းအားတိုးအောင် ဆောင်ရွက်ချင်တဲ့မိတ်ဆွေတွေအတွက် မြန်မာနိုင်ငံမှာရှိတဲ့ Online Shopping Platform တွေနဲ့ ပတ်သက်ပြီး ကျွန်တော်သိထားတဲ့ အကြောင်းအရာလေးတွေကို အခမဲ့ (အခမဲ့) ပညာဒါန အဖြစ်မျှဝေပေးချင်ပါတယ်။
စိတ်ပါဝင်စားတယ်ဆိုရင် အောက်ပါ Group Link လေးကိုနှိပ်ပြီး တိုက်ရိုက် Join နိုင်ပါတယ်ခင်ဗျာ
https://www.facebook.com/groups/661611604524529/?ref=share
See you soon!