MMC Public Access Media Centre

MMC Public Access Media Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MMC Public Access Media Centre, Media/News Company, No. 15, Moe Kaung Road, Yankin Township, Yangon.

"စိန်ကျော်ကို စိန်မခေါ်နဲ့ " ရုပ်ရှင်ဇာတ်ကားကြီး 🍿သိန်း (၂၀၀) ရရင် သရဲအိမ်ထဲအထိ ဆေးသွားကုမယ့် ဆေးဆရာ နဲ့ ငွေကြိုက်တဲ့ မင...
06/08/2026

"စိန်ကျော်ကို စိန်မခေါ်နဲ့ " ရုပ်ရှင်ဇာတ်ကားကြီး 🍿

သိန်း (၂၀၀) ရရင် သရဲအိမ်ထဲအထိ ဆေးသွားကုမယ့် ဆေးဆရာ နဲ့ ငွေကြိုက်တဲ့ မငွေခင်တို့ရဲ့ အလွဲအလွဲအချော်ချော်လေးတွေ

မယူချင်လို့ မရတာလား ၊ မရလို့မယူတာလားဆိုတာ မသိတဲ့ အပျိုကြီးတွေရဲ့ တလွဲပေါင်းများစွာကို တဟားဟား ရယ်မောရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ။

“ငွေမက်လို့ လိုက်သွားမိကာမှ ကြောက်စရာ သရဲအိမ်ကြီးထဲ ဘယ်လို အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ကြမလဲ” 👻❓
ဒီဇာတ်ကားဟာ သာမန် ရိုးရိုးဟာသမျိုး မဟုတ်ဘဲ အချစ်၊ အလွဲနဲ့ သရဲအိမ်ထဲက ခြောက်ခြားစရာတွေကို အကွက်ကျကျ ပေါင်းစပ်ထားတဲ့ 𝐇𝐨𝐫𝐫𝐨𝐫 & 𝐂𝐨𝐦𝐞𝐝𝐲 ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်တာကြောင့် အလွဲတွေကြား တဝါးဝါး ရယ်မောရင်း စိတ်အပန်းပြေစေမယ့်အပြင်

ရင်ခုန်စရာ အချစ်ဇာတ်လမ်းဆန်းဆန်းလေးတွေကိုပါ ခံစားရမှာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေ လက်မလွှတ်ဘဲ သွားရောက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ❤️‍🔥

“စိန်ကျော်ကိုစိန်မခေါ်နဲ့” အဓိက သရုပ်ဆောင်များ
အကယ်ဒမီ နေဝင်း ၊ ရှင်မွေလ ၊ ခင်လှိုင် ၊ ရွှေသမီး ၊ အကယ်ဒမီ ခြူးလေး ၊ ချိုမဒီသွင် ၊ ဘေဘေး ၊ ဖူးဖူးနန်းတော် နှင့် အခြားအနုပညာရှင်ပေါင်းများစွာ …………

—------------------------

"လမ်းသရဲ" ရုပ်ရှင်ဇာတ်ကားကြီး👻
မော်တော်ဆိုင်ကယ်တစ်စီးနဲ့ လမ်းမပေါ်မှာ လိုက်လံခြောက်လှန့်နေမယ့် သရဲမကြီးနဲ့ ကြုံတွေ့လိုက်ရတဲ့ လူငယ်တစ်စုရဲ့ အလွဲလွဲအချော်ချော် အကြောက်လွန်စရာတွေကို တဝါးဝါး ရယ်မောကြည့်ရှုရတော့မယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် 🏍️

“မထင်မှတ်ထားတဲ့ ညတစ်ညမှာ လမ်းမထက်က ကြောက်စရာ သရဲမနဲ့ တည့်တည့်တိုးမိတဲ့အခါ ဘယ်လို အလွဲတွေနဲ့ ထောက်လျှောက် အော်ဟစ်ကြရမလဲ” ❓

ဒီဇာတ်ကားဟာ သာမန်ရိုးရိုး ကြောက်စရာ သရဲကားမျိုးမဟုတ်ဘဲ ပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့ သရုပ်ဆောင်တွေရဲ့ အပေးအယူတည့်တည့် ကြောက်လန့်စရာ ဇာတ်အိမ်ကြားက အချိတ်အဆက်မိမိ ပေါင်းစပ်ရိုက်ကူးထားတဲ့ 𝐇𝐨𝐫𝐫𝐨𝐫 & 𝐂𝐨𝐦𝐞𝐝𝐲 အမျိုးအစားပဲ ဖြစ်ပါတယ်။်

ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ရုံတင်ချိန်မှာ လက်မလွှတ်ဘဲ သွားရောက်ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ❤️‍🔥

“လမ်းသရဲ” အဓိကသရုပ်ဆောင်များ
ကျော်ထက်ဇော် ၊ သျှင်မြတ် ၊ အကယ်ဒမီ ခြူးလေး ၊သွန်းသစ္စာဇော် ၊ သီဟအောင် ၊ နေဝန်း ၊ ထူးနိုင်လင်း ၊ ဆက်ယွန်းတွယ်တာ ၊ အောင်ခိုင် ၊ ဇော်ဝင်းအောင် ၊ အကယ်ဒမီ ဝါဝါအောင် ၊ စိုးမိုးကြည် နှင့် ….အခြားသော အနုပညာရှင်များစွာ …..

—------------------------
ရုပ်ရှင်ချစ်ပရိတ်သတ်များ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားကြီး (၂) ကားလုံးကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုခံစားနိင်ဖို့

✅ 𝐒𝐜𝐫𝐞𝐞𝐧 ၂၀ ပေ 𝐱 ၄၀ ပေ 𝟒𝐊 အရည်အသွေးဖြင့် 𝟑𝐃 ပြသနိုင်ပြီး
✅ အသံပိုင်းစနစ်အား 𝟏𝟏.𝟏 တပ်ဆင်ထားသော 🎥 မြဝတီမီဒီယာစင်တာရှိ 𝐒𝐓𝐀𝐑 𝐂𝐢𝐧𝐞𝐦𝐚 မှာ
📌 (𝟕.𝟖.𝟐𝟎𝟐𝟔 ) ရက်နေ့ မှ (𝟏𝟑.𝟖. 𝟐𝟎𝟐𝟔) ရက်နေ့အထိ📌 ပြသပေးမှာပဲဖြစ်လို့ ရုပ်ရှင်ချစ် ပရိတ်သတ်များအားလုံးလာရောက် အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🙇🏻‍♀‍

# မြန်မာရုပ်ရှင် #ဇာတ်ကားကောင်းများ #မြဝတီမီဒီယာစင်တာ #စိန်ကျော်ကိုစိန်မခေါ်နဲ့ရုပ်ရှင်ဇာတ်ကားကြီး #လမ်းသရဲရုပ်ရှင်ဇာတ်ကားကြီး #နေဝင်း #ဟာသသရုပ်ဆောင်ခင်လှိုင် #ရွှေသမီး #ခြူးလေး #ကျော်ထက်ဇော် #သရဲဇာတ်ကားကောင်းများ

စိတ်ကူးထဲက 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐈𝐝𝐞𝐚 တိုင်းကို နိုင်ငံတကာအဆင့်မီ ဖန်တီးဖို့ဆိုရင် နေရာအစုံ လိုက်ရှာနေစရာ မလိုပါဘူး ❓မြန်မာနိုင်ငံရဲ့...
05/08/2026

စိတ်ကူးထဲက 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐈𝐝𝐞𝐚 တိုင်းကို နိုင်ငံတကာအဆင့်မီ ဖန်တီးဖို့ဆိုရင် နေရာအစုံ လိုက်ရှာနေစရာ မလိုပါဘူး ❓

မြန်မာနိုင်ငံရဲ့ အကြီးဆုံး 𝐌𝐌𝐂 𝐏𝐮𝐛𝐥𝐢𝐜 𝐀𝐜𝐜𝐞𝐬𝐬 𝐌𝐞𝐝𝐢𝐚 𝐂𝐞𝐧𝐭𝐫𝐞 မှာ-

ဇာတ်လမ်း၊ 𝐓𝐕 𝐏𝐫𝐨𝐠𝐫𝐚𝐦၊ 𝐌𝐮𝐬𝐢𝐜 𝐕𝐢𝐝𝐞𝐨၊ 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 ကနေ 𝐆𝐚𝐦𝐞 𝐒𝐡𝐨𝐰 အထိ 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 အတိုင်းအတာမရွေး အချိန်တိုအတွင်း အလွယ်တကူ ရိုက်ကူးနိုင်မယ့် 𝐈𝐧𝐝𝐨𝐨𝐫 & 𝐓𝐕 𝐒𝐭𝐮𝐝𝐢𝐨𝐬 တွေကို အကောင်းဆုံးပြင်ဆင်ပေးထားပါတယ် ။

𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 ဆန်တဲ့ ရလဒ်ကောင်းတွေ ထွက်ရှိလာဖို့အတွက် စိတ်ကြိုက်ရွေးချယ်နိုင်မယ့် 𝐒𝐭𝐮𝐝𝐢𝐨 𝐒𝐩𝐚𝐜𝐞𝐬 တွေကတော့-

🎬 𝐌𝐢𝐧𝐢 𝐒𝐭𝐮𝐝𝐢𝐨 & 𝐍𝐞𝐰𝐬 𝐒𝐭𝐮𝐝𝐢𝐨
( သတင်းနဲ့ 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ပိုင်းဆိုင်ရာတွေအတွက် သီးသန့် အချိုးကျပြင်ဆင်ထားမှု)

🎬 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 𝐒𝐭𝐮𝐝𝐢𝐨
(ဆွေးနွေးပွဲများနှင့် 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 များအတွက် စမတ်ကျပြီး သပ်ရပ်သော 𝐒𝐞𝐭𝐭𝐢𝐧𝐠)

🎬 𝐈𝐧𝐝𝐨𝐨𝐫 𝐒𝐞𝐭𝐭𝐢𝐧𝐠 𝐒𝐭𝐮𝐝𝐢𝐨
( ဇာတ်လမ်းနှင့် ရုပ်ရှင်ကားကြီးများအတွက် လိုအပ်သလို ဖန်တီးနိုင်မယ့် 𝐒𝐩𝐚𝐜𝐞)

🎬 𝐒𝐨𝐮𝐧𝐝 & 𝐌𝐮𝐬𝐢𝐜𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐨
(အသံပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားမှု နဲ့သီချင်းဗီဒီယိုများအတွက် စနစ်ကျသော 𝐀𝐜𝐨𝐮𝐬𝐭𝐢𝐜 𝐒𝐩𝐚𝐜𝐞)

ဒါ့ကြောင့် - 𝐌𝐌𝐂 𝐏𝐮𝐛𝐥𝐢𝐜 𝐀𝐜𝐜𝐞𝐬𝐬 𝐌𝐞𝐝𝐢𝐚 𝐂𝐞𝐧𝐭𝐫𝐞 ကြီးမှာ သင့် 𝐏𝐫𝐨𝐣𝐞𝐜𝐭 နဲ့ အကိုက်ညီဆုံးဖြစ်မယ့် 𝐒𝐭𝐮𝐝𝐢𝐨 အစုံအလင်ကို တစ်စုတစ်စည်းတည်း ငှားရမ်းနိုင်ပါပြီ ။📢

ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ မိုးကောင်းလမ်းမကြီးပေါ်မှာ တည်ရှိတာကြောင့် သွားလာရလွယ်ကူပြီး ကားပါကင် အခက်အခဲလည်း မရှိလို့ သင့်ရဲ့ 𝐍𝐞𝐱𝐭 𝐁𝐢𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 အတွက် အခုပဲ 𝐁𝐨𝐨𝐤𝐢𝐧𝐠 လုပ်လိုက်တော့နော် 🙇🏻‍♀️

#ရိုက်ကူးရေးသမားများ #အစီအစဉ်ကောင်းများ #တင်ဆက်မှုများ

စကားပြောတဲ့သူ ဘယ်လောက်ပဲ ကောင်းကောင်း... ဗီဒီယိုရဲ့ ရုပ်ထွက်နဲ့ အသံ 𝐐𝐮𝐚𝐥𝐢𝐭𝐲 က ညံ့နေပြီဆိုရင် ကြည့်ရှုသူတွေက  ဆက်မကြည့်တေ...
01/08/2026

စကားပြောတဲ့သူ ဘယ်လောက်ပဲ ကောင်းကောင်း... ဗီဒီယိုရဲ့ ရုပ်ထွက်နဲ့ အသံ 𝐐𝐮𝐚𝐥𝐢𝐭𝐲 က ညံ့နေပြီဆိုရင် ကြည့်ရှုသူတွေက ဆက်မကြည့်တော့ဘဲ ကျော်သွားကြပါလိမ့်မယ် 💁🏻‍♀️

ဒါကြောင့် သင့်ရဲ့ 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰, 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 နဲ့ 𝐏𝐨𝐝𝐜𝐚𝐬𝐭 တွေကို 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐓𝐕 𝐂𝐡𝐚𝐧𝐧𝐞𝐥 ကြီးတစ်ခုက ထုတ်လွှင့်သလိုမျိုး 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐋𝐨𝐨𝐤 ဖြစ်သွားစေဖို့ 𝐌𝐌𝐂 ရဲ့ 𝐌𝐢𝐧𝐢 𝐓𝐕 & 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 𝐒𝐭𝐮𝐝𝐢𝐨 ကိုရွေးချယ်သင့်ပါတယ် 💯
𝐌𝐌𝐂 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 𝐒𝐭𝐮𝐝𝐢𝐨 ရဲ့အားသာချက်တွေကတော့ -

💬 𝐓𝐡𝐞 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐋𝐨𝐨𝐤 - ခေတ်မီပြီး သန့်ရှင်းသပ်ရပ်တဲ့ 𝐌𝐨𝐝𝐞𝐫𝐧 𝐒𝐞𝐭 𝐃𝐞𝐬𝐢𝐠𝐧 ကြောင့် ကြည့်လိုက်တာနဲ့ 𝐓𝐕 𝐂𝐡𝐚𝐧𝐧𝐞𝐥 ကြီးတစ်ခုက ထုတ်လွှင့်နေသလိုမျိုး သင့် 𝐁𝐫𝐚𝐧𝐝 ကို 𝐕𝐚𝐥𝐮𝐞 ပိုတက်စေပါတယ် ။
💬 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐞𝐭𝐮𝐩 - စကားပြောပွဲတွေမှာ အသက်ဖြစ်တဲ့ မျက်နှာပေါ်က 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 နဲ့ ပတ်ဝန်းကျင်ဆူညံသံကင်းစင်တဲ့ အဆင့်မြင့် အသံစနစ် 𝐒𝐨𝐮𝐧𝐝 𝐒𝐲𝐬𝐭𝐞𝐦 ကို အကောင်းဆုံး 𝐒𝐞𝐭𝐮𝐩 လုပ်ပေးထားပါတယ်။
💬 𝐑𝐞𝐚𝐝𝐲-𝐭𝐨-𝐒𝐡𝐨𝐨𝐭 - ကင်မရာ၊ မီး၊ မိုက်ကရိုဖုန်း အစုံအလင်အပြင် နည်းပညာပိုင်း ကူညီပေးမယ့်သူပါ ရှိနေလို့... 𝐒𝐜𝐫𝐢𝐩𝐭 လေးကိုင်ပြီး လူကိုယ်တိုင် လှပခန့်ညားစွာ လှမ်းလာခဲ့ရုံပါပဲ ။
🎯 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞, 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 𝐁𝐫𝐚𝐧𝐝 တွေရဲ့ တန်ဖိုးကြီး 𝐑𝐞𝐯𝐢𝐞𝐰 တွေပဲဖြစ်ဖြစ်... 𝐅𝐫𝐚𝐦𝐞 တိုင်းမှာ အဆင့်အတန်းရှိတဲ့ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐐𝐮𝐚𝐥𝐢𝐭𝐲 ကိုရဖို့ဆို 𝐌𝐌𝐂 ပဲပေါ့

ရိုက်ကူးရေးအတွက် အသေးစိတ်ကို အခုပဲ မေးမြန်းစုံစမ်းလိုက်ပါ📞

#ရိုက်ကူးရေးသမားများ #အစီအစဉ်ကောင်းများ #တင်ဆက်မှုများ

ပွဲတစ်ခုကို စီစဉ်တဲ့အခါ ဧည့်သည်တွေရဲ့ မျက်နှာမှာ "𝐖𝐨𝐰"  "𝐖𝐨𝐰"  "𝐖𝐨𝐰" ဖြစ်သွားစေမယ့် ခံစားချက်မျိုး လိုချင်ပါသလား ❓ပွဲတစ်...
30/07/2026

ပွဲတစ်ခုကို စီစဉ်တဲ့အခါ ဧည့်သည်တွေရဲ့ မျက်နှာမှာ "𝐖𝐨𝐰" "𝐖𝐨𝐰" "𝐖𝐨𝐰" ဖြစ်သွားစေမယ့် ခံစားချက်မျိုး လိုချင်ပါသလား ❓
ပွဲတစ်ခုရဲ့ အောင်မြင်မှုဟာ ရွေးချယ်လိုက်တဲ့ "နေရာ" ပေါ်မှာ မူတည်ပါတယ် 📍
တံခါးဖွင့်ဝင်လိုက်တာနဲ့ မြင်တွေ့ရမယ့် ခမ်းနားမှု၊ ပွဲအပြီး 𝐓𝐞𝐫𝐫𝐚𝐜𝐞 ပေါ်မှာ ကော့တေးတစ်ခွက်နဲ့ မြို့ပြညအလှကို ခံစားရမယ့် 𝐌𝐨𝐦𝐞𝐧𝐭 မျိုးက သင့်ပွဲကို တစ်သက်တာ အမှတ်တရ ဖြစ်သွားစေမှာအမှန်ပါပဲ 📢
𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐄𝐯𝐞𝐧𝐭𝐬, 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐆𝐚𝐥𝐚 𝐃𝐢𝐧𝐧𝐞𝐫 တွေကနေ ဘဝတစ်သက်တာ မင်္ဂလာပွဲတွေအထိ စိတ်ကူးထားတဲ့အတိုင်း အကောင်အထည်ဖော်ဖို့ 𝐌𝐌𝐂 𝐏𝐮𝐛𝐥𝐢𝐜 𝐀𝐜𝐜𝐞𝐬𝐬 𝐌𝐞𝐝𝐢𝐚 𝐂𝐞𝐧𝐭𝐫𝐞 ရဲ့ 𝐒𝐭𝐚𝐫 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 ကအမှန်ကန်ဆုံး ရွေးချယ်မှုတစ်ခုပါ
𝐒𝐓𝐀𝐑 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 ရဲ့အားသာချက်တွေကတော့ -
🔷 𝐆𝐫𝐚𝐧𝐝 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞
(𝐂𝐞𝐢𝐥𝐢𝐧𝐠 အမြင့်၊ တိုင်မပါတဲ့ ခန်းမကျယ်ကြီးက ဧည့်သည် (၂၀၀) မှ (၄၅၀) ဦးအထိ စိတ်ကြိုက် လွတ်လပ်မှုကို ပေးစွမ်းနိုင်ခြင်း)
🔷 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐂𝐨𝐧𝐯𝐞𝐧𝐢𝐞𝐧𝐜𝐞
(ရန်ကင်း၊ မိုးကောင်းလမ်းမပေါ်မှာ ရှိတာကြောင့် သွားလာရ လွယ်ကူပြီး လူကြီးမိဘတွေအတွက်ပါ အဆင်ပြေစေမယ့် စက်လှေကား၊ ဓာတ်လှေကား စနစ် အပြည့်အစုံ ပါဝင်ခြင်း)
🔷 𝐅𝐥𝐚𝐰𝐥𝐞𝐬𝐬 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐨𝐧
(ခေတ်မီဆန်းသစ်တဲ့ အသံစနစ်နဲ့ 𝐋𝐄𝐃 𝐃𝐢𝐬𝐩𝐥𝐚𝐲 တွေက သင့်ပွဲရဲ့ စံနှုန်းကို ပိုမိုမြင့်မားစေခြင်း)
ဘယ်လိုပွဲမျိုးပဲဖြစ်ဖြစ် အမြဲအမှတ်ကောင်းတွေကို ကျန်ရှိနေစေဖို့ နေရာကောင်း ရှာဖွေနေရင်တော့ 𝐒𝐓𝐀𝐑 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 မှာသာလာရောက် ဆင်နွှဲလိုက်ပါ ။ 🙇🏻‍♀️

#ပွဲအခမ်းအနားများ ါတီပွဲများ

🎭 "မောင်နာလီဇာ"ရုပ်ရှင်ဇာတ်ကားကြီး🎭 "မောင်နာလီဇာ"ရုပ်ရှင်ဇာတ်ကားကြီး"ကမ္ဘာမှာ 'မိုနာလီဇာ' ရဲ့ အပြုံးက ခန့်မှန်းရခက်တဲ့ ပ...
30/07/2026

🎭 "မောင်နာလီဇာ"ရုပ်ရှင်ဇာတ်ကားကြီး

🎭 "မောင်နာလီဇာ"ရုပ်ရှင်ဇာတ်ကားကြီး
"ကမ္ဘာမှာ 'မိုနာလီဇာ' ရဲ့ အပြုံးက ခန့်မှန်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ဆိုရင်…
မြန်မာ့ရွှေဇာတ်ခုံပေါ်က 'မောင်နာလီဇာ' ရဲ့ အပြုံးနောက်မှာရော ဘာစိန်ခေါ်မှုတွေ ဝှက်ထားသလဲ ❓"
"မောင်နာလီဇာ" ရဲ့ တကယ့်အနှစ်သာရကတော့ ဟာသယှက်ထားတဲ့ "လူ့သဘော၊ အနုပညာရှင်တို့ရဲ့ သဘောနဲ့ မာယာတိုက်ပွဲ" ဘဲ ဖြစ်ပါတယ်။
👉 ဇာတ်ခုံပေါ်မှာတော့ - ပရိသတ်ကို ပျော်စေဖို့ မင်းသား၊ မင်းသမီးတွေဟာ မိုနာလီဇာလိုပဲ အမြဲပြုံးပြနေရတယ်။
👉 ဇာတ်ခုံနောက်မှာတော့ - ဂုဏ်ပြိုင်မှု၊ အချစ်၊ မနာလိုမှုနဲ့ ဘဝရပ်တည်ရေးအတွက် မာယာမျိုးစုံသုံးပြီး ကြိုးဆွဲနေရတဲ့ "မောင်နာလီဇာ" တို့ရဲ့ ရုန်းကန်မှုတွေ ရှိနေတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ - ဟာသဇာတ်ကားကြီးပဲ မဟုတ်ဘဲ ဟာသနဲ့ အလိုက်သင့် ရောနှောပြသထားပြီး မြန်မာ့ဇာတ်သဘင် အငြိမ့်လောကရဲ့ မသိသေးတဲ့ အနုပညာ အတက်အကျတွေကို ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ အနုပညာရသစစ်စစ်ကို ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါရစေ 🙇‍♀️
“မောင်နာလီဇာ” အဓိကသရုပ်ဆောင်များ
အကယ်ဒမီ မြင့်မြတ် ၊ အကယ်ဒမီ ခိုင်သင်းကြည် ၊ အေးဝတ်ရည်သောင်း ၊စမိုင်းလ် နှင့် အခြားသောအနုပညာရှင်များစွာ …
—-----------------------
"မီချယ်" ရုပ်ရှင်ဇာတ်ကားကြီး
ချစ်ခြင်း၊ နာကျင်ခြင်းတွေနဲ့အတူ 'နားလည်လက်ခံခြင်း' ရဲ့ အစစ်အမှန်တန်ဖိုးကို ရင်ဘတ်ချင်းထပ်တူ ခံစားရမယ့် မိသားစု 𝐅𝐚𝐦𝐢𝐥𝐲 𝐃𝐫𝐚𝐦𝐚 ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး
𝐀𝐮𝐭𝐢𝐬𝐦 ရှိတဲ့ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက် ပျိုးထောင်ရတာ အလွယ်ကူဆုံး ခရီးလမ်းတော့ မဟုတ်ပါဘူး…
ပင်ပန်းရတဲ့ နေ့ရက်တွေမှာ မျက်ရည်တွေကြားက အားတင်းပြီး ရှေ့ဆက်လျှောက်လှမ်းနေတဲ့ မိဘတွေဟာလည်း 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐞𝐨𝐩𝐥𝐞 တွေပါပဲ 🤍
မိခင်တစ်ဦးရဲ့ မပြောဖူးတဲ့ အမှန်တရား…
သမီးလေး…မေမေ ငိုနေတာ သမီးကို ရှက်လို့ မဟုတ်ဘူး .. သမီးကို နားမလည်တဲ့ လူတွေရဲ့ အကြည့်တွေကိုပဲ ကြောက်လို့ပါ ..
ဒါပေမယ့်…ဘယ်လိုအကြည့်တွေ ရှိရှိ သမီးကို ပွေ့ထားတဲ့ ဒီလက်နှစ်ဖက်ကိုတော့ ဘယ်တော့မှ မလွှတ်ဘူး… 𝐀𝐮𝐭𝐢𝐬𝐦 ရှိတဲ့ ကလေးတို့ရဲ့ မိခင်တိုင်းအတွက် 💙 “မီချယ်” 💙ရုပ်ရှင်ဇာတ်ကားကြီးကိုလာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်
“မီချယ်” အဓိက သရုပ်ဆောင်များ
အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ ချောရတနာ ၊ အကယ်ဒမီ ရတနာဗိုလ် ၊ ဆုအိမ့်စံ ၊ စံထိပ်ထားဦး နှင့် အကယ်ဒမီချိုပြုံး နှင့် အခြားအနုပညာရှင်များစွာ .........
—------------------------
ရုပ်ရှင်ချစ်ပရိတ်သတ်များ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားကြီး (၂) ကားလုံးကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုခံစားနိင်ဖို့
✅ 𝐒𝐜𝐫𝐞𝐞𝐧 ၂၀ ပေ 𝐱 ၄၀ ပေ 𝟒𝐊 အရည်အသွေးဖြင့် 𝟑𝐃 ပြသနိုင်ပြီး
✅ အသံပိုင်းစနစ်အား 𝟏𝟏.𝟏 တပ်ဆင်ထားသော 🎥 မြဝတီမီဒီယာစင်တာရှိ 𝐒𝐓𝐀𝐑 𝐂𝐢𝐧𝐞𝐦𝐚 မှာ
📌 (𝟑𝟏.𝟕.𝟐𝟎𝟐𝟔)ရက်နေ့ မှ (𝟔.𝟖.𝟐𝟎𝟐𝟔) ရက်နေ့အထိ📌 ပြသပေးမှာပဲဖြစ်လို့ ရုပ်ရှင်ချစ် ပရိတ်သတ်များအားလုံးလာရောက် အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🙇🏻‍♀‍
# မြန်မာရုပ်ရှင် #ဇာတ်ကားကောင်းများ #မြဝတီမီဒီယာစင်တာ #မီချယ်ရုပ်ရှင်ဇာတ်ကားကြီး #မီချယ် #ချောရတနာ #စံထိပ်ထားဦး #မောင်နာလီဇာရုပ်ရှင်ဇာတ်ကားကြီး #စမိုင်းလ် #ခိုင်သင်းကြည် #အေးဝတ်ရည်သောင်း #ရုံတင်ကားကြီးများ

"ဝါဆိုလပြည့်( ဓမ္မစကြာနေ့) အခါတော်သမယ"ဇွန်လ (၂၉) ရက်နေ့တွင် ကျရောက်သော "ပထမဝါဆိုလပြည့်နေ့" သည် - ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူ...
29/07/2026

"ဝါဆိုလပြည့်( ဓမ္မစကြာနေ့) အခါတော်သမယ"
ဇွန်လ (၂၉) ရက်နေ့တွင် ကျရောက်သော "ပထမဝါဆိုလပြည့်နေ့" သည် - ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် အခါသမယ ဖြစ်ရုံသာမကဘဲ... မြတ်စွာဘုရားရှင်က မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားဖြစ်တော်မူပြီးနောက် ပထမဆုံးသော "ဓမ္မစကြာတရားဦး" ကို စတင်ဟောကြားတော်မူခဲ့သည့် (ဓမ္မစကြာအခါတော်နေ့) လည်း ဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထူးခြားသော အမှတ်အသား (၄) ချက်နှင့် ပြည့်စုံသော နေ့တစ်နေ့လည်း ဖြစ်ပါတယ်။
✨ ဂေါတမအလောင်းတော် နတ်ပြည်မှ လူ့ပြည်သို့ ပဋိသန္ဓေ တည်သောနေ့၊
✨ အလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောနေ့၊
✨ မြတ်စွာဘုရားရှင် တရားဦးဟောကြားတော်မူသောနေ့၊
✨ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာ ပြသတော်မူသောနေ့ ဟူ၍ သန့်ရှင်းမွန်မြတ်လှသော နေ့ထူးနေ့မြတ်ဖြစ်ပါတယ် ။
ယနေ့ကဲ့သို့ တရားဦးအလင်းရောင် စတင်ရာ မွန်မြတ်လှသည့် “ဝါဆိုလပြည့် ဓမ္မစကြာနေ့” အချိန်အခါသမယမှစ၍...
🙏🏻 မိဘပြည်သူ ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ အေးချမ်းကြပါစေ။
🙏🏻 စိုးရိမ်ပူပန်ခြင်းကင်းဝေးပြီး စိတ်နှလုံးကြည်လင်ကာ ကောင်းမှုကုသိုလ်အဖြာဖြာကို တိုးပွားအောင် ဆောင်ရွက်နိုင်ကြပါစေ။
🙏🏻 တရားဓမ္မအရိပ်အောက်တွင် ငြိမ်းချမ်းသော နေ့ရက်များကို အစဉ်ထာဝရ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း
“𝐌𝐌𝐂 𝐏𝐮𝐛𝐥𝐢𝐜 𝐀𝐜𝐜𝐞𝐬𝐬 𝐌𝐞𝐝𝐢𝐚 𝐂𝐞𝐧𝐭𝐫𝐞” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ် 🙇🏻‍♀️

#ပထမဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့ #နေ့ထူးနေ့မြတ် #ဝါဆိုလပြည့်အကြောင်း #ဉာဏ်အလင်းပွင့်လန်းပါစေ #ပထမဝါဆိုလပြည့်နေ့

𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 သမားတွေအတွက် အချိန်က ငွေပဲမလား...⏳နေရာတစ်ခုကနေ တစ်ခုကို ပစ္စည်းတွေရွှေ့၊ လူတွေရွှေ့ရင်းနဲ့တင် အချိန်ကုန်၊ လူပ...
27/07/2026

𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 သမားတွေအတွက် အချိန်က ငွေပဲမလား...⏳

နေရာတစ်ခုကနေ တစ်ခုကို ပစ္စည်းတွေရွှေ့၊ လူတွေရွှေ့ရင်းနဲ့တင် အချိန်ကုန်၊ လူပင်ပန်းပြီး စရိတ်တွေ ပိုထောင်းလို့ ငွေပိုတွေ ပိုထွက်တတ်ပါတယ်
𝐌𝐌𝐂 𝐏𝐮𝐛𝐥𝐢𝐜 𝐀𝐜𝐜𝐞𝐬𝐬 𝐌𝐞𝐝𝐢𝐚 𝐂𝐞𝐧𝐭𝐫𝐞 မှာဆိုရင် မြို့ပြင်ထွက်စရာမလိုဘဲ အဆင့်မြင့် 𝐈𝐧𝐝𝐨𝐨𝐫 𝐒𝐭𝐮𝐝𝐢𝐨 နဲ့ သဘာဝဆန်တဲ့ 𝐎𝐮𝐭𝐝𝐨𝐨𝐫 𝐒𝐞𝐭𝐭𝐢𝐧𝐠𝐬 တွေကို တစ်ပြိုင်နက်တည်း တစ်နေရာတည်းမှာ ရိုက်ကူးနိုင်ပါပြီ‌ 📢

𝐈𝐧𝐝𝐨𝐨𝐫 𝐒𝐭𝐮𝐝𝐢𝐨
💥 𝐇𝐨𝐦𝐞 & 𝐎𝐟𝐟𝐢𝐜𝐞- ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုချောင်၊ ရုံးခန်း၊ စာသင်ခန်း။
💥 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐒𝐜𝐞𝐧𝐞𝐬- ရဲစခန်း၊ တရားရုံး၊ ဆေးရုံ/ဆေးခန်း နှင့် စိတ်ကြိုက်ပြင်ဆင်နိုင်မယ့် 𝐒𝐭𝐮𝐝𝐢𝐨 များ။

𝐎𝐮𝐭𝐝𝐨𝐨𝐫 𝐒𝐭𝐮𝐝𝐢𝐨
💥 𝐍𝐚𝐭𝐮𝐫𝐞 & 𝐕𝐢𝐥𝐥𝐚𝐠𝐞- မြက်ခင်းပြင်၊ ပန်းခြံ၊ တောအုပ်ငယ်၊ ရွာလမ်းကလေး။

💥 𝐔𝐧𝐢𝐪𝐮𝐞 𝐒𝐩𝐨𝐭𝐬- လူသွားလမ်း၊ အဆောက်အဦးပျက် နှင့် ကားပါကင်အကျယ်ကြီး။
တစ်နေရာတည်းမှာ အကုန်ရှိလို့ ကားစရိတ် သက်သာမယ်၊ အချိန်ကုန် သက်သာမယ်၊ 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 တစ်ခုလုံး အလုပ်လုပ်တဲ့အခါ အချိန်တွေအများကြီး ပိုထွက်လာနိုင်ပါတယ် 💁🏻‍♀️

ရိုက်ကူးရေးစရိတ်ကို ထိထိရောက်ရောက် လျှော့ချဖို့ 𝐌𝐌𝐂 ကိုသာ အခုပဲ ဖုန်းဆက်လိုက်ပါ 📞

#ရိုက်ကွင်းနေရာ #ရိုက်ကူးရေးသမားများ

"မီချယ်" ရုပ်ရှင်ဇာတ်ကားကြီး ချစ်ခြင်း၊ နာကျင်ခြင်းတွေနဲ့အတူ 'နားလည်လက်ခံခြင်း' ရဲ့ အစစ်အမှန်တန်ဖိုးကို ရင်ဘတ်ချင်းထပ်တူ...
23/07/2026

"မီချယ်" ရုပ်ရှင်ဇာတ်ကားကြီး

ချစ်ခြင်း၊ နာကျင်ခြင်းတွေနဲ့အတူ 'နားလည်လက်ခံခြင်း' ရဲ့ အစစ်အမှန်တန်ဖိုးကို ရင်ဘတ်ချင်းထပ်တူ ခံစားရမယ့် မိသားစု 𝐅𝐚𝐦𝐢𝐥𝐲 𝐃𝐫𝐚𝐦𝐚 ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး

𝐀𝐮𝐭𝐢𝐬𝐦 ရှိတဲ့ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက် ပျိုးထောင်ရတာ အလွယ်ကူဆုံး ခရီးလမ်းတော့ မဟုတ်ပါဘူး…
ပင်ပန်းရတဲ့ နေ့ရက်တွေမှာ မျက်ရည်တွေကြားက အားတင်းပြီး ရှေ့ဆက်လျှောက်လှမ်းနေတဲ့ မိဘတွေဟာလည်း 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐞𝐨𝐩𝐥𝐞 တွေပါပဲ 🤍

မိခင်တစ်ဦးရဲ့ မပြောဖူးတဲ့ အမှန်တရား…
သမီးလေး…မေမေ ငိုနေတာ သမီးကို ရှက်လို့ မဟုတ်ဘူး .. သမီးကို နားမလည်တဲ့ လူတွေရဲ့ အကြည့်တွေကိုပဲ ကြောက်လို့ပါ ..

ဒါပေမယ့်…ဘယ်လိုအကြည့်တွေ ရှိရှိ သမီးကို ပွေ့ထားတဲ့ ဒီလက်နှစ်ဖက်ကိုတော့ ဘယ်တော့မှ မလွှတ်ဘူး… 𝐀𝐮𝐭𝐢𝐬𝐦 ရှိတဲ့ ကလေးတို့ရဲ့ မိခင်တိုင်းအတွက် 💙 “မီချယ်” 💙ရုပ်ရှင်ဇာတ်ကားကြီးကိုလာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်

“မီချယ်” အဓိက သရုပ်ဆောင်များ
အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ ချောရတနာ ၊ အကယ်ဒမီ ရတနာဗိုလ် ၊ ဆုအိမ့်စံ ၊ စံထိပ်ထားဦး နှင့် အကယ်ဒမီချိုပြုံး နှင့် အခြားအနုပညာရှင်များစွာ .........

—------------------------

🌳"ရွှေပင်အို" ရုပ်ရှင်ဇာတ်ကားကြီး

"လောကကြီးမှာ ရယူခြင်းနဲ့ ပေးဆပ်ခြင်းရှိရင် ပေးဆပ်ခြင်းကိုပဲ ရွေးရမယ်" ဆိုတဲ့သားသမီးအတွက် ဘာမဆိုပေးဆပ်ဖို့အသင့်ရှိနေတဲ့ မိခင်တစ်ယောက်ရဲ့ အချစ်နဲ့ မေတ္တာ❤️...

အတ္တနဲ့ မာနတွေ ရှေ့တန်းတင်နေတဲ့တစ်ဦးတည်းသောသားနဲ့အနက်ရှိုင်းဆုံး မိခင်မေတ္တာတို့ရဲ့ အားပြိုင်မှုတွေ ဘဝရဲ့လှည့်ကွက်တွေ ၊ ဖြာယောင်းမှုတွေကြားမှာ

မိခင်တစ်ယောက်ရဲ့ ရင်ကွဲမတတ်ကြေကွဲရမှုတွေနဲ့အတူ ရင်ဆိုင်လာရမယ့် နောင်တတရားက ဘယ်လောက်အထိ နက်ရှိုင်း ခါးသီးသွားမလဲ...❓

"ရွှေပင်အို" အဓိကသရုပ်ဆောင်များ

အလင်းရောင် ၊ညီထွဋ်ခေါင် ၊ ထွန်းကိုကို ၊ အကယ်ဒမီ ထက်ထက်မိုးဦး ၊ မိုးဟေကို ၊ နော်ဖောအယ်ထား ၊ မြယွန်း ၊ အကယ်ဒမီ ဝါဝါအောင်နှင့် အခြားအနုပညာရှင်များစွာ....

—------------------------
ရုပ်ရှင်ချစ်ပရိတ်သတ်များ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားကြီး (၂) ကားလုံးကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုခံစားနိင်ဖို့

✅ 𝐒𝐜𝐫𝐞𝐞𝐧 ၂၀ ပေ 𝐱 ၄၀ ပေ 𝟒𝐊 အရည်အသွေးဖြင့် 𝟑𝐃 ပြသနိုင်ပြီး
✅ အသံပိုင်းစနစ်အား 𝟏𝟏.𝟏 တပ်ဆင်ထားသော 🎥 မြဝတီမီဒီယာစင်တာရှိ 𝐒𝐓𝐀𝐑 𝐂𝐢𝐧𝐞𝐦𝐚 မှာ
📌 (𝟐𝟒.𝟕.𝟐𝟎𝟐𝟔)ရက်နေ့ မှ (𝟑𝟎.𝟕.𝟐𝟎𝟐𝟔) ရက်နေ့အထိ📌 ပြသပေးမှာပဲဖြစ်လို့ ရုပ်ရှင်ချစ် ပရိတ်သတ်များအားလုံးလာရောက် အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🙇🏻‍♀‍

# မြန်မာရုပ်ရှင် #ဇာတ်ကားကောင်းများ #မြဝတီမီဒီယာစင်တာ #ရွှေပင်အို
#ထက်ထက်မိုးဦး #အလင်းရောင် #ညီထွဋ်ခေါင် #ထွန်းကိုကို #မိုးဟေကို #နော်ဖောအယ်ထား #မေသန်းနု #ဝါဝါအောင် #စတီးလ်ဒွေးမေတ္တာ #ရုံတင်ဇာတ်ကား #မြန်မာရုပ်ရှင် #အမေ #မေတ္တာ
#မီချယ် #မီချယ်ရုပ်ရှင်ဇာတ်ကားကြီး

"မယားပြိုင်" ရုပ်ရှင်ဇာတ်ကားကြီး အိမ်ထောင်ရေးတစ်ခုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ မိန်းမသားတို့ရဲ့ မာနနဲ့ သိက္ခာတရားတွ...
16/07/2026

"မယားပြိုင်" ရုပ်ရှင်ဇာတ်ကားကြီး

အိမ်ထောင်ရေးတစ်ခုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ မိန်းမသားတို့ရဲ့ မာနနဲ့ သိက္ခာတရားတွေကို ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ပုံဖော်ထားမလဲ ❓
အချစ်ကြီးရင် အမျက်ကြီးတတ်တဲ့ သဘာဝတရားအတိုင်း သံယောဇဉ်နဲ့ အမုန်းတရားတွေကြားထဲက ပြင်းထန်တဲ့ စိတ်ခံစားမှုတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
"တစ်ယောက်ကိုတစ်ယောက် အနိုင်မခံ၊ အရှုံးမပေးဘဲ ဘယ်သူက နောက်ဆုံးပွဲသိမ်း အနိုင်ရရှိသွားမလဲ..."💁‍♀️
သရုပ်ဆောင်တွေရဲ့ ပြောင်မြောက်လှတဲ့ အနုပညာဖန်တီးမှုတွေ၊ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ပရိသတ်ကြီးကို ဇာတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားမယ့် "မယားပြိုင်" ရုပ်ရှင်ဇာတ်ကားကြီးကို 𝐌𝐌𝐂 မှာလာရောက်ကြည့်ရှုလို့ရနေပါပြီ 📢

“မယားပြိုင်” အဓိက သရုပ်ဆောင်များ
တိုင်ရွန် ၊ မိုးဟေကို ၊ မေမီကိုကို နှင့် အခြားသောအနုပညာရှင်များစွာ…..
—------------------------

"ပွေရှိတ် " ရုပ်ရှင်ဇာတ်ကားကြီး
ပရိသတ်တွေကို တဟားဟားနဲ့ ရယ်မောပျော်ရွှင်စေမယ့် "ပွေရှိတ်" မြန်မာရုပ်ရှင်ဇာတ်ကားကြီး
နာမည်နဲ့တင် အထာကျနေတဲ့ "ပွေရှိတ်" ဆိုတဲ့အတိုင်း ဘယ်လိုမျိုး ပွေရှုပ်ဆန်းပြားတဲ့ ပြဿနာတွေ၊ တွေးကြည့်ရုံနဲ့တင် ရယ်ချင်စရာကောင်းတဲ့ အလွဲအချော်တွေနဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်ကို ဘယ်လို ပုံဖော်ထားမလဲ ❓
"တစ်ခန်းချင်းစီတိုင်းမှာ မမျှော်လင့်ထားတဲ့ အလွဲတွေနဲ့ ဘယ်လောက်တောင် ပွေကြ၊ ရှုပ်ကြဦးမလဲ..."🤣
သရုပ်ဆောင်တွေရဲ့ အပေးအယူမျှမျှတတနဲ့ ပေါက်ကွဲထွက်လာမယ့် ဟာသဇာတ်ကွက်တွေကို ကြည့်ရှုဖို့ 𝐌𝐌𝐂 မှာလာရောက်ကြည့်ရှုနိုင်ပါပြီ
“ပွေရှိတ်” အဓိကသရုပ်ဆောင်များ
ကောင်းမြတ်စံ ၊ မင်းဘုန်းမြတ် ၊ ထက်ယံ ၊ ဒိန်းဒေါင် ၊ မျိုးကိုကိုကျော် ၊ အကယ်ဒမီ ခြူးလေး ၊ ထွန်းပုလဲရတနာ ၊ ပက်စီ နှင့် အခြားအနုပညာရှင်များစွာ

—------------------------
ရုပ်ရှင်ချစ်ပရိတ်သတ်များ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားကြီး (၂) ကားလုံးကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုခံစားနိင်ဖို့

✅ 𝐒𝐜𝐫𝐞𝐞𝐧 ၂၀ ပေ 𝐱 ၄၀ ပေ 𝟒𝐊 အရည်အသွေးဖြင့် 𝟑𝐃 ပြသနိုင်ပြီး
✅ အသံပိုင်းစနစ်အား 𝟏𝟏.𝟏 တပ်ဆင်ထားသော 🎥 မြဝတီမီဒီယာစင်တာရှိ 𝐒𝐓𝐀𝐑 𝐂𝐢𝐧𝐞𝐦𝐚 မှာ
📌 (𝟏𝟕.𝟕.𝟐𝟎𝟐𝟔 ) ရက်နေ့ မှ (𝟐𝟑.𝟕. 𝟐𝟎𝟐𝟔) ရက်နေ့အထိ📌 ပြသပေးမှာပဲဖြစ်လို့ ရုပ်ရှင်ချစ် ပရိတ်သတ်များအားလုံးလာရောက် အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🙇🏻‍♀‍

# မြန်မာရုပ်ရှင် #ဇာတ်ကားကောင်းများ #မြဝတီမီဒီယာစင်တာ #မယားပြိုင်ရုပ်ရှင်ဇာတ်ကားကြီး #မိုးဟေကို #တိုင်ရွန် #မေမီကိုကို #ပွေရှိတ်ရုပ်ရှင်ဇာတ်ကားကြီး #ကောင်းမြတ်စံ #ခြူးလေး #ပွေရှိတ် #ဟာသကား

🎭 “မိရိုးဖလာ” ရုပ်ရှင်ဇာတ်ကားကြီးအချစ်နဲ့ ယုံကြည်မှု ထိပ်တိုက်တွေ့တဲ့အခါ... ဘယ်အရာက နောက်ဆုံး အနိုင်ရမလဲ ❓တောင်ပြုံးဒေသရ...
09/07/2026

🎭 “မိရိုးဖလာ” ရုပ်ရှင်ဇာတ်ကားကြီး
အချစ်နဲ့ ယုံကြည်မှု ထိပ်တိုက်တွေ့တဲ့အခါ... ဘယ်အရာက နောက်ဆုံး အနိုင်ရမလဲ ❓
တောင်ပြုံးဒေသရဲ့ နက်ရှိုင်းလှတဲ့ ရိုးရာဓလေ့၊ ယုံကြည်မှုတွေနဲ့ လူ့ဘဝရဲ့ အချစ်၊ ကတိသစ္စာ၊ ပဋိပက္ခတွေကို ရုပ်ရှင်ပိတ်ကားထက်မှာ အနုပညာမြောက်စွာ ပုံဖော်ထားတဲ့ “မိရိုးဖလာ” ရုပ်ရှင်ဇာတ်ကားကြီး ပဲဖြစ်ပါတယ် ။📢
တောင်ပြုံးပွဲတော်ရဲ့ အသက်ဝင်လှတဲ့ အငွေ့အသက်တွေနဲ့ ရိုးရာယဉ်ကျေးမှုတို့ ပေါင်းစပ်ထားတဲ့ မြင်ကွင်းတွေ နှင့်အတူ မြန်မာ့ရုပ်ရှင်လောကရဲ့ ဝါရင့်အကယ်ဒမီ သရုပ်ဆောင်ကြီးများနဲ့ လူငယ်သရုပ်ဆောင်များရဲ့ အားကောင်းတဲ့ သရုပ်ဆောင်မှုတွေကိုလည်း ဒီဇာတ်ကားမှာ ခံစားရမှာဖြစ်ပါတယ်။
မရောက်ဖူးသေးတဲ့သူများ.....ရောက်ဖူးပြီးပျော်ရွှင်ခဲ့ကြသူများ....တောင်ပြုံးပွဲကြီးကိုရောက်သွားသလို နတ်ဒိုးသံမြိုင်မြိုင်နဲ့ ကြည့်ရူ့ခံစားရမှာဖြစ်လို့ ပိတ်ရက်လေးမှာ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။🎉
"မိရိုးဖလာ"အဓိကသရုပ်ဆောင်များ
နေထွဋ်၊ ဧငြိမ်းဖြူ၊ စောယုနန္ဒာ၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ထက်နေချမ်း၊ ဝေယံမင်း၊ မျိုးမျိုးခိုင်၊ ဝင်းမင်းသန်း

💞 “မယားပြိုင်” ရုပ်ရှင်ဇာတ်ကားကြီး
ပိုင်ဆိုင်ဖို့ ကြိုးစားခြင်းရဲ့ နောက်ကွယ်က အောက်လမ်းအစီအမံတွေ
"အချစ်တစ်ခုမှာ ဝေမျှခြင်းဆိုတာ တကယ်ပဲ ရှိနိုင်ပါ့မလား...?" 🤔
မိန်းမသားတစ်ယောက်ရဲ့ သိက္ခာ၊ အိမ်ထောင်တစ်ခုရဲ့ အက်ကြောင်းနဲ့ အတ္တတွေကြားထဲမှာ ဘယ်သူက အမှန်၊ ဘယ်သူက အမှားလဲ?
အေးစက်စက် အကြည့်တွေနဲ့ ရင်ဆိုင်မှုတွေကြားထဲမှာ ပေါက်ကွဲထွက်လာမယ့် သရုပ်ဆောင်တွေရဲ့ 𝐄𝐦𝐨𝐭𝐢𝐨𝐧 ကတော့ တကယ့်ကို အသက်ပါပဲ ။
အိမ်ထောင်ရေး 𝐑𝐞𝐚𝐥𝐢𝐭𝐲 ဇာတ်လမ်းကောင်းတွေကိုမှ ကြည့်ချင်တဲ့သူတွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်
“မယားပြိုင်”အဓိကသရုပ်ဆောင်များ
တိုင်ရွန် ၊ မိုးဟေကို ၊ မေမီကိုကို ၊ နှင့် အခြားသော အနုပညာရှင်များစွာ

ရုပ်ရှင်ချစ်ပရိတ်သတ်များ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားကြီး (၂) ကားလုံးကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုခံစားနိင်ဖို့
✅ 𝐒𝐜𝐫𝐞𝐞𝐧 ၂၀ ပေ 𝐱 ၄၀ ပေ 𝟒𝐊 အရည်အသွေးဖြင့် 𝟑𝐃 ပြသနိုင်ပြီး
✅ အသံပိုင်းစနစ်အား 𝟏𝟏.𝟏 တပ်ဆင်ထားသော 🎥 မြဝတီမီဒီယာစင်တာရှိ 𝐒𝐓𝐀𝐑 𝐂𝐢𝐧𝐞𝐦𝐚 မှာ
📌 (𝟏𝟎.𝟕.𝟐𝟎𝟐𝟔 ) ရက်နေ့ မှ (𝟏𝟔.𝟕. 𝟐𝟎𝟐𝟔) ရက်နေ့အထိ📌 ပြသပေးမှာပဲဖြစ်လို့ ရုပ်ရှင်ချစ် ပရိတ်သတ်များအားလုံးလာရောက် အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🙇🏻‍

# မြန်မာရုပ်ရှင် #ဇာတ်ကားကောင်းများ #မြဝတီမီဒီယာစင်တာ #မယားပြိုင်ရုပ်ရှင်ဇာတ်ကားကြီး #မိုးဟေကို #မေမီကိုကို #တိုင်ရွန် #မိရိုးဖလာရုပ်ရှင်ဇာတ်ကားကြီး #နေထွဋ် #ဧငြိမ်းဖြူ #စောယုနန္ဒာ #ရန်အောင် #ရဲအောင် #ကျော်ရဲအောင် #မေသန်းနု #စိုးမြတ်သူဇာ

Address

No. 15, Moe Kaung Road, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when MMC Public Access Media Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share