Fashion Tale

Fashion Tale သတင်းစုံဖတ်လို့ရပြီနော်...

Unicodeကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် ယူရို ၁ သန်း ဂွါဒီယိုလာ လှူဒါန်းမန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာဟာ စပိန်နိုင်ငံမ...
29/04/2020

Unicode
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် ယူရို ၁ သန်း ဂွါဒီယိုလာ လှူဒါန်း

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာဟာ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတိုက်ဖျက်ဖို့ ယူရို ၁ သန်းလှူဒါန်းခဲ့ပါတယ်...

ဂွါဒီယိုလာဟာ လက်ရှိအချိန်မှာ ဘာစီလိုနာမြို့ရှိ နေအိမ်မှာ နေပြီး သူ့ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို အကျိုးရှိတဲ့ နေရာကို လှူဒါန်းဖို့ ရှေ့နေနဲ့ တိုင်ပင်ခဲ့ပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်...

ဂွါဒီယိုလာဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာမှာရှိတဲ့ ဆေးကောလိပ်တစ်ခုကို လှူဒါန်းခဲ့တာဖြစ်ပါတယ်...

စပိန်နိုင်ငံဟာ အီတလီနိုင်ငံပြီးရင် ဥရောပမှာ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်နေသလို လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှုအများဆုံးနိုင်ငံစာရင်းမှာ တတိယနေရာကို ရောက်နေပါတယ်...

အင်္ဂါနေ့က ထုတ်ပြန်တဲ့ အသင်းအရ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၆၉၆ ဦးရှိပြီး လူပေါင်း ၄၀၀၀၀ ကျော် ကူးစက်ခံထားရပါတယ်...

ဂွါဒီယိုလာက ဆေးရုံတဲ့လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးအသုံးအဆောင်တွေ ဝယ်ယူနိုင်ဖို့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်...

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီတို့ကလည်း ဒီတစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ယူရို ၁ သန်းစီ လှူဒါန်းခဲ့ကြတာ တွေ့ရပါတယ်...

မက်ဆီဟာ ဘာစီလိုနာမှာရှိတဲ့ ဆေးရုံနဲ့ အာဂျင်တီးနားမှာ ရှိတဲ့ ဆေးရုံတို့အတွက် ငွေကြေးလှူဒါန်းခဲ့တာ ဖြစ်ပါတယ်...

ရော်နယ်ဒိုနဲ့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်တို့ဟာ လစ္စဘွန်းနဲ့ ပေါ်တိုမြို့မှာရှိတဲ့ ဆေးရုံတွေကို လှူဒါန်းမှု ပြလုပ်ခဲ့ပါတယ်...

ပြီးခဲ့တဲ့ အပတ်ကတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ဂျာမနီနိုင်ငံကို ယူရို ၁ သန်းလှူဒါန်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နှိမ်နှင်းရေးမှာ ပါဝင်ခဲ့ပါတယ်...

Zawgyi
ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ရန္ ယူ႐ို ၁ သန္း ဂြါဒီယိုလာ လႉဒါန္း

မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာဟာ စပိန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးတိုက္ဖ်က္ဖို႔ ယူ႐ို ၁ သန္းလႉဒါန္းခဲ့ပါတယ္...

ဂြါဒီယိုလာဟာ လက္ရွိအခ်ိန္မွာ ဘာစီလိုနာၿမိဳ႕ရွိ ေနအိမ္မွာ ေနၿပီး သူ႔ပိုင္ဆိုင္တဲ့ ေငြေၾကးေတြကို အက်ိဳးရွိတဲ့ ေနရာကို လႉဒါန္းဖို႔ ေရွ႕ေနနဲ႔ တိုင္ပင္ခဲ့ၿပီး ဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ လႉဒါန္းခဲ့တာ ျဖစ္ပါတယ္...

ဂြါဒီယိုလာဟာ ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ဖို႔ ႀကိဳးစားေနတဲ့ ဘာစီလိုနာမွာရွိတဲ့ ေဆးေကာလိပ္တစ္ခုကို လႉဒါန္းခဲ့တာျဖစ္ပါတယ္...

စပိန္ႏိုင္ငံဟာ အီတလီႏိုင္ငံၿပီးရင္ ဥေရာပမွာ ကူးစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္ေနသလို လက္ရွိအခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိမႈအမ်ားဆုံးႏိုင္ငံစာရင္းမွာ တတိယေနရာကို ေရာက္ေနပါတယ္...

အဂၤါေန႔က ထုတ္ျပန္တဲ့ အသင္းအရ စပိန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂၆၉၆ ဦးရွိၿပီး လူေပါင္း ၄၀၀၀၀ ေက်ာ္ ကူးစက္ခံထားရပါတယ္...

ဂြါဒီယိုလာက ေဆး႐ုံတဲ့လိုအပ္တဲ့ ပစၥည္းေတြ၊ ေဆးအသုံးအေဆာင္ေတြ ဝယ္ယူႏိုင္ဖို႔ လႉဒါန္းခဲ့တာ ျဖစ္ပါတယ္...

ဂ်ဴဗင္တပ္တိုက္စစ္မႉး ေရာ္နယ္ဒိုနဲ႔ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီတို႔ကလည္း ဒီတစ္ပတ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ ယူ႐ို ၁ သန္းစီ လႉဒါန္းခဲ့ၾကတာ ေတြ႕ရပါတယ္...

မက္ဆီဟာ ဘာစီလိုနာမွာရွိတဲ့ ေဆး႐ုံနဲ႔ အာဂ်င္တီးနားမွာ ရွိတဲ့ ေဆး႐ုံတို႔အတြက္ ေငြေၾကးလႉဒါန္းခဲ့တာ ျဖစ္ပါတယ္...

ေရာ္နယ္ဒိုနဲ႔ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ မန္ဒက္စ္တို႔ဟာ လစၥဘြန္းနဲ႔ ေပၚတိုၿမိဳ႕မွာရွိတဲ့ ေဆး႐ုံေတြကို လႉဒါန္းမႈ ျပလုပ္ခဲ့ပါတယ္...

ၿပီးခဲ့တဲ့ အပတ္ကေတာ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါ့စကီးဟာ ဂ်ာမနီႏိုင္ငံကို ယူ႐ို ၁ သန္းလႉဒါန္းခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ႏွိမ္ႏွင္းေရးမွာ ပါဝင္ခဲ့ပါတယ္...

Unicodeဒိုင်ဘာလာနှင့် မာဒီနီတို့တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ဂျူဗင်တပ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှုး ဒိုင်ဘာလာနဲ့ အီတလ...
29/04/2020

Unicode
ဒိုင်ဘာလာနှင့် မာဒီနီတို့တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့

ဂျူဗင်တပ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှုး ဒိုင်ဘာလာနဲ့ အီတလီအသင်းခေါင်းဆောင်ဟောင်း မာဒီနီတို့တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်...

ဒိုင်ဘာလာနဲ့ သူ့ရဲ့ချစ်သူတို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိထားပေမယ့် လက်ရှိအချိန်မှာ ကျန်းမာရေး ကောင်းမွန်ကောင်း အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်...

ဂျူဗင်တပ်အသင်းမှာ ရူဂါဒီကူးစက်ခံရပြီးနောက် မာတူဒီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးထပ်မံတွေ့ရှိခဲ့ကာ ဒိုင်ဘာလာက အသင်းရဲ့ တတိယမြောက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ဖြစ်လာပါတယ်....

အေစီမီလန်နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ မာဒီနီနဲ့ သားဖြစ်သူတို့လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပေမဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း အသင်းက ပြောကြားခဲ့ပါတယ်...

သားဖြစ်သူ ဒါနီရယ်ဟာ အေစီမီလန်အသင်းနဲ့အတူ လေ့ကျင့်နေသူဖြစ်ပြီး သူတို့ သားအဖ နှစ်ဦးစလုံးအား သီးသန့်စောင့်ကြည့်ကုသမှုများပြုလုပ်ရမှာဖြစ်ပါတယ်...

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားပေမဲ့ အီတလီနိုင်ငံမှာ သေဆုံးသူ အရေအတွက် ၅၀၀၀ ကျော်အထိ ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်...

Zawgyi
ဒိုင္ဘာလာႏွင့္ မာဒီနီတို႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕

ဂ်ဴဗင္တပ္အသင္းရဲ႕ အာဂ်င္တီးနားတိုက္စစ္မႈး ဒိုင္ဘာလာနဲ႔ အီတလီအသင္းေခါင္းေဆာင္ေဟာင္း မာဒီနီတို႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိေၾကာင္း ဘီဘီစီသတင္းဌာနက ေဖာ္ျပပါတယ္...

ဒိုင္ဘာလာနဲ႔ သူ႔ရဲ႕ခ်စ္သူတို႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိထားေပမယ့္ လက္ရွိအခ်ိန္မွာ က်န္းမာေရး ေကာင္းမြန္ေကာင္း အင္စတာဂရမ္မွာ ေဖာ္ျပထားပါတယ္...

ဂ်ဴဗင္တပ္အသင္းမွာ ႐ူဂါဒီကူးစက္ခံရၿပီးေနာက္ မာတူဒီမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးထပ္မံေတြ႕ရွိခဲ့ကာ ဒိုင္ဘာလာက အသင္းရဲ႕ တတိယေျမာက္ ဗိုင္းရပ္စ္ကူးစက္ခံရသူ ျဖစ္လာပါတယ္....

ေအစီမီလန္နည္းစနစ္ဒါ႐ိုက္တာအျဖစ္ ေဆာင္႐ြက္ေနတဲ့ မာဒီနီနဲ႔ သားျဖစ္သူတို႔လည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေပမဲ့ က်န္းမာေရးေကာင္းမြန္ေၾကာင္း အသင္းက ေျပာၾကားခဲ့ပါတယ္...

သားျဖစ္သူ ဒါနီရယ္ဟာ ေအစီမီလန္အသင္းနဲ႔အတူ ေလ့က်င့္ေနသူျဖစ္ၿပီး သူတို႔ သားအဖ ႏွစ္ဦးစလုံးအား သီးသန္႔ေစာင့္ၾကည့္ကုသမႈမ်ားျပဳလုပ္ရမွာျဖစ္ပါတယ္...

ကို႐ိုနာဗိုင္းရပ္စ္ဟာ တ႐ုတ္ႏိုင္ငံမွာ စတင္ျဖစ္ပြားေပမဲ့ အီတလီႏိုင္ငံမွာ ေသဆုံးသူ အေရအတြက္ ၅၀၀၀ ေက်ာ္အထိ ရွိၿပီး ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ အမ်ားဆုံးႏိုင္ငံ ျဖစ္ေနပါတယ္...

Unicodeဥရောပရှိပြိုင်ပွဲများအား မေလလယ်အထိ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း လာလီဂါဥက္ကဌ ပြောကြားကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရော...
29/04/2020

Unicode

ဥရောပရှိပြိုင်ပွဲများအား မေလလယ်အထိ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း လာလီဂါဥက္ကဌ ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပရှိပြိုင်ပွဲများအား မေလအလယ်အထိ ရွှေ့ရန် ရည်ရွယ်ထားကြောင်း လာလီဂါအသင်းဥက္ကဌပြောကြားခဲ့ပါတယ်။
ဥရောပတိုက်မှာ အီတလီနိုင်ငံက ဗိုင်းရပ်စ်စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံထက် ကူးစက်ခံရမှုနှုန်းပိုများနေပြီး ဗြိတိန်၊ စပိန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် နိုင်ငံတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေရှိနေလို့ ဥရောပရှိပြိုင်ပွဲအားလုံး ဧပြီလ ၃ ရက်နေ့အထိ ရပ်နားဖို့ ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ယူရို ၂၀၂၀ ပြိုင်ပွဲကို တစ်နှစ်နောက်ဆုတ်ကျင်းပမှာဖြစ်လို့ ပြည်တွင်း လိဂ်ပြိုင်ပွဲတွေကို နောက်ဆုတ်ကျင်းပဖို့ အဆင်ပြေစေမှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှုန်းများပြားလာလို့ ဥရောပမှာရှိတဲ့ ဘောလုံးပြိုင်ပွဲတွေအားလုံးရပ်နားထားရပြီး ဥရောပပြိုင်ပွဲတွေကို မေလအထိ တိုးမြှင့်သတ်မှတ်ဖွယ်ရှိပါတယ်၊
"ဗိုင်းရပ်စ်ကြောင့် လိဂ်ဖလား ၃၀ နဲ့ ဖလား ၃၀ စလုံးက ရပ်ဆိုင်းထားရကြောင်း၊ ကျွန်တော်တို့က ပြည်တွင်းပွဲတွေနဲ့ နိုင်ငံတကာပွဲတွေအားလုံးကို ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း၊ ဥရောပပြိုင်ပွဲတွေအားလုံး မေလလယ်မှာ ပြန်စတင်ဖွယ်ရှိပြီး ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း လာလီဂါဥက္ကဌတီဘက်စ်က ပြောဆိုခဲ့ပါတယ်။
အင်္ဂလန်နဲ့ စကော့တလန်ကတော့ ဘောလုံးပြိုင်ပွဲတွေကို ဧပြီလကုန်အထိ ရပ်ဆိုင်းဖို့ တိုးမြှင့်ထားပြီး အက်ဖ်အေက ဒီရာသီပြိုင်ပွဲတွေကို ဆက်ကစားဖို့ မရေရာတဲ့အခြေအနေကို ရောက်နေကြောင်း ပြောဆိုထားပါတယ်...

Zawgyi
ဥေရာပရွိၿပိဳင္ပြဲမ်ားအား ေမလလယ္အထိ ေ႐ႊ႕ဆိုင္းရဖြယ္ရွိေၾကာင္း လာလီဂါဥကၠဌ ေျပာၾကား

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဥေရာပရွိၿပိဳင္ပြဲမ်ားအား ေမလအလယ္အထိ ေ႐ႊ႕ရန္ ရည္႐ြယ္ထားေၾကာင္း လာလီဂါအသင္းဥကၠဌေျပာၾကားခဲ့ပါတယ္။
ဥေရာပတိုက္မွာ အီတလီႏိုင္ငံက ဗိုင္းရပ္စ္စတင္ေတြ႕ရွိတဲ့ တ႐ုတ္ႏိုင္ငံထက္ ကူးစက္ခံရမႈႏႈန္းပိုမ်ားေနၿပီး ၿဗိတိန္၊ စပိန္၊ ဂ်ာမနီ၊ နယ္သာလန္၊ ျပင္သစ္ ႏိုင္ငံတို႔မွာလည္း ဗိုင္းရပ္စ္ကူးစက္ခံရမႈေတြရွိေနလို႔ ဥေရာပရွိၿပိဳင္ပြဲအားလုံး ဧၿပီလ ၃ ရက္ေန႔အထိ ရပ္နားဖို႔ ဆုံးျဖစ္ခဲ့တာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို တစ္ႏွစ္ေနာက္ဆုတ္က်င္းပမွာျဖစ္လို႔ ျပည္တြင္း လိဂ္ၿပိဳင္ပြဲေတြကို ေနာက္ဆုတ္က်င္းပဖို႔ အဆင္ေျပေစမွာျဖစ္ပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈႏႈန္းမ်ားျပားလာလို႔ ဥေရာပမွာရွိတဲ့ ေဘာလုံးၿပိဳင္ပြဲေတြအားလုံးရပ္နားထားရၿပီး ဥေရာပၿပိဳင္ပြဲေတြကို ေမလအထိ တိုးျမႇင့္သတ္မွတ္ဖြယ္ရွိပါတယ္၊
"ဗိုင္းရပ္စ္ေၾကာင့္ လိဂ္ဖလား ၃၀ နဲ႔ ဖလား ၃၀ စလုံးက ရပ္ဆိုင္းထားရေၾကာင္း၊ ကြၽန္ေတာ္တို႔က ျပည္တြင္းပြဲေတြနဲ႔ ႏိုင္ငံတကာပြဲေတြအားလုံးကို ပူးေပါင္းေဆာင္႐ြက္မွာျဖစ္ေၾကာင္း၊ ဥေရာပၿပိဳင္ပြဲေတြအားလုံး ေမလလယ္မွာ ျပန္စတင္ဖြယ္ရွိၿပီး ကြၽန္ေတာ္တို႔အားလုံး ပူးေပါင္းေဆာင္႐ြက္မွာျဖစ္ေၾကာင္း လာလီဂါဥကၠဌတီဘက္စ္က ေျပာဆိုခဲ့ပါတယ္။
အဂၤလန္နဲ႔ စေကာ့တလန္ကေတာ့ ေဘာလုံးၿပိဳင္ပြဲေတြကို ဧၿပီလကုန္အထိ ရပ္ဆိုင္းဖို႔ တိုးျမႇင့္ထားၿပီး အက္ဖ္ေအက ဒီရာသီၿပိဳင္ပြဲေတြကို ဆက္ကစားဖို႔ မေရရာတဲ့အေျခအေနကို ေရာက္ေနေၾကာင္း ေျပာဆိုထားပါတယ္...

Unicodeပရီးမီးယားလိဂ်မှာ ပထမဆုံးအာဖရိကနည်းပြ ဖြစ်လာရန် ကိုလိုတိုရေး ဆန္ဒရှိအာဆင်နယ်နောက်ခံလူဟောင်း ကိုလိုတိုရေးဟာ ပရီးမာ...
29/04/2020

Unicode
ပရီးမီးယားလိဂ်မှာ ပထမဆုံးအာဖရိကနည်းပြ ဖြစ်လာရန် ကိုလိုတိုရေး ဆန္ဒရှိ
အာဆင်နယ်နောက်ခံလူဟောင်း ကိုလိုတိုရေးဟာ ပရီးမားလိဂ်မှာ ပထမဆုံးအာဖရိကလူမျိုး နည်းပြဖြစ်လာဖို့ ဆန္ဒရှိနေပါတယ်...
ကိုလိုတိုရေးဟာ ၂၀၀၂ ခုနှစ်က အသက် ၂၀ အရွယ်မှာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး အိုင်ဗရီကို့စ်အသင်းနဲ့လည်း ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်...
"ထိပ်တန်းလိဂ်တွေမှာ အာဖရိက က နည်းပြမရှိသေးတာကြောင့် ပထမဆုံးအာဖရိက နည်းပြအဖြစ်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ အာဖရိကအတွက် ကိုယ်စားပြုပြီးနည်းပြအဖြစ် ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ တစ်နေ့မှာ အာဖရိက က အသင်းတစ်သင်း ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ပါလိမ့်မယ်။ အဲ့ဒီအတွက် ကျွန်တော် အလုပ်တွေ ကြိုးစားနေပါတယ်"လို့ ကိုလိုတိုရေးက ပြောခဲ့ပါတယ်...
ကိုလိုတိုရေးဟာ အိုင်ဗရီကို့စ်အသင်းအတွက် ပွဲပေါင်း ၁၂၀ ကစားခဲ့ပြီး အာဖရိကနိုင်ငံများဖလားရရှိခဲ့တဲ့အသင်းမှာ ပါဝင်ခဲ့သလို ၂၀၀၄ ခုနှစ်က ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်...
လက်ရှိအချိန်မှာ ကိုလိုတိုရေးဟာ လက်စတာအသင်းမှာ နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်နေပါတယ်...
ကိုလိုတိုရေးဟာ အာဆင်နယ်၊ မန်စီးတီးအသင်းတို့နဲ့ ပရီးမီးယားလိဂ်ဖလားရရှိခဲ့တာကြောင့် အသင်း ၂ သင်းနဲ့ ပရီးမီးယာလိဂ်ဖလား ၂ ကြိမ်ရရှိခဲ့တဲ့ ၉ ဦးမြောက်ကစားသမားဖြစ်ပါတယ်....
အာဖရိကအခြေစိုက် ကစားသမားအများစုဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ပေမဲ့ ကစားသမားဘ၀ကနေ အနားယူပြီးနောက်ပိုင်း နည်းပြအဖြစ် ထွက်ပေါ်လာခြင်းမရှိဘဲ ကိုလိုတိုရေးကတော့ နည်းပြအဖြစ် ရပ်တည်နိုင်ဖို့ ရည်ရွယ်ထားပါတယ်...

Zawgyi
ပရီးမီးယားလိဂ္မွာ ပထမဆုံးအာဖရိကနည္းျပ ျဖစ္လာရန္ ကိုလိုတိုေရး ဆႏၵရွိ
အာဆင္နယ္ေနာက္ခံလူေဟာင္း ကိုလိုတိုေရးဟာ ပရီးမားလိဂ္မွာ ပထမဆုံးအာဖရိကလူမ်ိဳး နည္းျပျဖစ္လာဖို႔ ဆႏၵရွိေနပါတယ္...
ကိုလိုတိုေရးဟာ ၂၀၀၂ ခုႏွစ္က အသက္ ၂၀ အ႐ြယ္မွာ အာဆင္နယ္အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး အိုင္ဗရီကို႔စ္အသင္းနဲ႔လည္း ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္...
"ထိပ္တန္းလိဂ္ေတြမွာ အာဖရိက က နည္းျပမရွိေသးတာေၾကာင့္ ပထမဆုံးအာဖရိက နည္းျပအျဖစ္ေဆာင္႐ြက္ဖို႔ ရည္႐ြယ္ထားပါတယ္။ အာဖရိကအတြက္ ကိုယ္စားျပဳၿပီးနည္းျပအျဖစ္ ေဆာင္႐ြက္ဖို႔ ရည္႐ြယ္ထားပါတယ္။ တစ္ေန႔မွာ အာဖရိက က အသင္းတစ္သင္း ကမာၻ႔ဖလားမွာ ဗိုလ္စြဲႏိုင္ပါလိမ့္မယ္။ အဲ့ဒီအတြက္ ကြၽန္ေတာ္ အလုပ္ေတြ ႀကိဳးစားေနပါတယ္"လို႔ ကိုလိုတိုေရးက ေျပာခဲ့ပါတယ္...
ကိုလိုတိုေရးဟာ အိုင္ဗရီကို႔စ္အသင္းအတြက္ ပြဲေပါင္း ၁၂၀ ကစားခဲ့ၿပီး အာဖရိကႏိုင္ငံမ်ားဖလားရရွိခဲ့တဲ့အသင္းမွာ ပါဝင္ခဲ့သလို ၂၀၀၄ ခုႏွစ္က ရႈံးပြဲမရွိကစားႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္...
လက္ရွိအခ်ိန္မွာ ကိုလိုတိုေရးဟာ လက္စတာအသင္းမွာ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ လက္ေထာက္အျဖစ္ ေဆာင္႐ြက္ေနပါတယ္...
ကိုလိုတိုေရးဟာ အာဆင္နယ္၊ မန္စီးတီးအသင္းတို႔နဲ႔ ပရီးမီးယားလိဂ္ဖလားရရွိခဲ့တာေၾကာင့္ အသင္း ၂ သင္းနဲ႔ ပရီးမီးယာလိဂ္ဖလား ၂ ႀကိမ္ရရွိခဲ့တဲ့ ၉ ဦးေျမာက္ကစားသမားျဖစ္ပါတယ္....
အာဖရိကအေျခစိုက္ ကစားသမားအမ်ားစုဟာ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပႏိုင္ေပမဲ့ ကစားသမားဘ၀ကေန အနားယူၿပီးေနာက္ပိုင္း နည္းျပအျဖစ္ ထြက္ေပၚလာျခင္းမရွိဘဲ ကိုလိုတိုေရးကေတာ့ နည္းျပအျဖစ္ ရပ္တည္ႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္...

Unicodeမန်ယူကစားသမားဟောင်း ဖယ်လိုင်နီတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ဖယ်လိုင်နီမှာ ...
29/04/2020

Unicode
မန်ယူကစားသမားဟောင်း ဖယ်လိုင်နီတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ဖယ်လိုင်နီမှာ ကိုရိုနာဗိုင်းရပ်််စ်တွေ့ရှိကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြပါတယ်....

လက်ရှိ တရုတ်ကလပ်မှာ ကစားနေတဲ့ အသက် ၃၂ နှစ်အရွယ်ရှိ ဖယ်လိုင်နီက ဘောလုံးအမြန်ဆုံးပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း တွစ်တာမှာရေးသားထားပါတယ်...

လက်ရှိအချိန်မှာ ဖယ်လိုင်နီဟာ ကိုရိုနားဗိုင်းရပ်စ်ကူးစက်ခံထားရလို့ တရုတ်နိုင်ငံမှာရှိတဲ့ ဂျီနန်ဆေးရုံမှာ ဆေးကုသမှုခံနေရပါတယ်....

ဖယ်လိုင်နီဟာ မန်ချက်စတာယူနိုက်တက်နဲ့အဲဗာတန်အသင်းတို့မှာ ၁၁ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၁၉ မှာ တရုတ်ကလပ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်...

"ဖယ်လိုင်နီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်၊ လက်ရှိအချိန်မှာ သူ့ကိုသီးသန့်ထားရှိပြီး ကုသမှုတွေ ပြုလုပ်နေပါတယ်၊ လက်ရှိအချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်က ပုံမှန်ပါပဲ၊ အခြား ရောဂါခံစားရမှုတွေတော့ မရှိပါဘူး၊ သူ့ကို စောင့်ကြည့် ကုသမှုတွေတော့ ပြုလုပ်ရဦးမှာပါ"လို့ တရုတ်ကလပ်က ကြေညာချက်မှာ ဖော်ပြထားပါတယ်...

Zawgyi
မန္ယူကစားသမားေဟာင္း ဖယ္လိုင္နီတြင္ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိ

မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူေဟာင္း ဖယ္လိုင္နီမွာ ကို႐ိုနာဗိုင္းရပ္္္စ္ေတြ႕ရွိေၾကာင္း ဘီဘီစီ သတင္းဌာနက ေဖာ္ျပပါတယ္....

လက္ရွိ တ႐ုတ္ကလပ္မွာ ကစားေနတဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ရွိ ဖယ္လိုင္နီက ေဘာလုံးအျမန္ဆုံးျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း တြစ္တာမွာေရးသားထားပါတယ္...

လက္ရွိအခ်ိန္မွာ ဖယ္လိုင္နီဟာ ကို႐ိုနားဗိုင္းရပ္စ္ကူးစက္ခံထားရလို႔ တ႐ုတ္ႏိုင္ငံမွာရွိတဲ့ ဂ်ီနန္ေဆး႐ုံမွာ ေဆးကုသမႈခံေနရပါတယ္....

ဖယ္လိုင္နီဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔အဲဗာတန္အသင္းတို႔မွာ ၁၁ ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ ၂၀၁၉ မွာ တ႐ုတ္ကလပ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္...

"ဖယ္လိုင္နီဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရပါတယ္၊ လက္ရွိအခ်ိန္မွာ သူ႔ကိုသီးသန္႔ထားရွိၿပီး ကုသမႈေတြ ျပဳလုပ္ေနပါတယ္၊ လက္ရွိအခ်ိန္မွာ သူ႔ရဲ႕ ခႏၶာကိုယ္အပူခ်ိန္က ပုံမွန္ပါပဲ၊ အျခား ေရာဂါခံစားရမႈေတြေတာ့ မရွိပါဘူး၊ သူ႔ကို ေစာင့္ၾကည့္ ကုသမႈေတြေတာ့ ျပဳလုပ္ရဦးမွာပါ"လို႔ တ႐ုတ္ကလပ္က ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္...

Unicodeအိုင်ဟာလိုကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူရန် မန်ချက်စတာယူနိုက်တက် ဆန္ဒရှိမန်ချက်စတာယူနိုက်တက်အသင်းဟာ မတ်လ ၃၁ ရက်နေ့...
29/04/2020

Unicode
အိုင်ဟာလိုကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူရန် မန်ချက်စတာယူနိုက်တက် ဆန္ဒရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ မတ်လ ၃၁ ရက်နေ့တွင် အငှားစာချုပ်သက်တမ်းကုန်ဆုံးမယ့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဒီယန်အိုင်ဟာလိုကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ် ခေါ်ယူဖွယ်ရှိပါတယ်....

မန်ချက်စတာယူနိုက်တက်ဟာ ဧပြီလ အကုန်လောက်မှာ အိုင်ဟာလိုကို အပြီးသတ်ခေါ်ယူဖို့ ကိစ္စနဲ့ပတ်သက်ပြီး တရုတ်ကလပ်ရှန်ဟိုင်းရှင်ဟွာအသင်းနဲ့ ဆွေးနွေးဖွယ်ရှိပါတယ်...

အိုင်ဟာလိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားခဲ့တဲ့ ၈ ပွဲမှာ ၄ ဂိုးသွင်းနိုင်ခဲ့တာကြောင့် သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်...

ရှန်ဟိုင်းရှင်ဟွာအသင်းကလည်း ဇွန်လမှာ အသက် ၃၁ နှစ်အရွယ်ရှိ အိုင်ဟာလိုကို ပေါင် ၁၅ သန်းနဲ့ ရောင်းချဖို့ ပြင်ဆင်နေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ခေါ်ယူဖို့ အခွင့်အရေးရှိနေပါတယ်...

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘုန်းမောက်တိုက်စစ်မှူး ဂျို့စ်ကင်းကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ပြီးနောက် တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပြင်ဆင်နေပြီး အိုင်ဟာလိုကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်...

LASK အသင်းကို အနိုင်ရပြီးနောက် အိုင်ဟာလိုရဲ့ ခြေစွမ်းကို နည်းပြ ဆိုးလ်ရှားက သဘောကျခဲ့ပြီး တရားဝင်စာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်...

အိုင်ဟာလိုဟာ ၂၀၁၄ကနေ ၂၀၁၇ ခုနှစ်အထိ ဝက်ဖို့ဒ်အသင်းမှာ ကစားခဲ့သူဖြစ်ပြီး ၈၂ ပွဲမှာ ၃၃ ဂိုးသွင်းယူခဲ့တဲ့သူ ဖြစ်ပါတယ်....

Zawgyi
အိုင္ဟာလိုကို ေပါင္ ၁၅ သန္းျဖင့္ ေခၚယူရန္ မန္ခ်က္စတာယူႏိုက္တက္ ဆႏၵရွိ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မတ္လ ၃၁ ရက္ေန႔တြင္ အငွားစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉး အိုဒီယန္အိုင္ဟာလိုကို ေပါင္ ၁၅ သန္းနဲ႔ အၿပီးသတ္ ေခၚယူဖြယ္ရွိပါတယ္....

မန္ခ်က္စတာယူႏိုက္တက္ဟာ ဧၿပီလ အကုန္ေလာက္မွာ အိုင္ဟာလိုကို အၿပီးသတ္ေခၚယူဖို႔ ကိစၥနဲ႔ပတ္သက္ၿပီး တ႐ုတ္ကလပ္ရွန္ဟိုင္းရွင္ဟြာအသင္းနဲ႔ ေဆြးေႏြးဖြယ္ရွိပါတယ္...

အိုင္ဟာလိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ကစားခဲ့တဲ့ ၈ ပြဲမွာ ၄ ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္...

ရွန္ဟိုင္းရွင္ဟြာအသင္းကလည္း ဇြန္လမွာ အသက္ ၃၁ ႏွစ္အ႐ြယ္ရွိ အိုင္ဟာလိုကို ေပါင္ ၁၅ သန္းနဲ႔ ေရာင္းခ်ဖို႔ ျပင္ဆင္ေနတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေခၚယူဖို႔ အခြင့္အေရးရွိေနပါတယ္...

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘုန္းေမာက္တိုက္စစ္မႉး ဂ်ိဳ႕စ္ကင္းကို ေခၚယူဖို႔ ႀကိဳးစားမႈ မေအာင္ျမင္ခဲ့ၿပီးေနာက္ တိုက္စစ္မႉးသစ္ေခၚယူဖို႔ ျပင္ဆင္ေနၿပီး အိုင္ဟာလိုကို အၿပီးသတ္ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားလာတာ ျဖစ္ပါတယ္...

LASK အသင္းကို အႏိုင္ရၿပီးေနာက္ အိုင္ဟာလိုရဲ႕ ေျခစြမ္းကို နည္းျပ ဆိုးလ္ရွားက သေဘာက်ခဲ့ၿပီး တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္...

အိုင္ဟာလိုဟာ ၂၀၁၄ကေန ၂၀၁၇ ခုႏွစ္အထိ ဝက္ဖို႔ဒ္အသင္းမွာ ကစားခဲ့သူျဖစ္ၿပီး ၈၂ ပြဲမွာ ၃၃ ဂိုးသြင္းယူခဲ့တဲ့သူ ျဖစ္ပါတယ္....

Unicodeချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ကို ၁ ကျော့သာ ယှဥ်ပြိုင်စေမည့် ပုံစံဖြင့် ကျင်းပရဖွယ်ရှိကမ္ဘာအဝှမ်းကိုရိုနာ ဗိုင်းရပ်...
29/04/2020

Unicode
ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ကို ၁ ကျော့သာ ယှဥ်ပြိုင်စေမည့် ပုံစံဖြင့် ကျင်းပရဖွယ်ရှိ

ကမ္ဘာအဝှမ်းကိုရိုနာ ဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ပြိုင်ပွဲအားလုံး ခေတ္တရပ်နားလိုက်ပြီးနောက် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂိပြိုင်ပွဲကို ၁ ကျော့တည်းသာ ယှဥ်ပြိုင်စေမယ့်ပုံစံ ဖြင့် ကျင်းပဖွယ်ရှိပါတယ်....

ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြိုင်ပွဲများကို သတ်မှတ်ထားတဲ့ မေလကုန်မှာ အပြီးကျင်းပဖို့ မလွယ်တာကြောင့် ချန်ပီယံလိဂိနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတွေကို ဇွန်လ ၂၄ ရက်နဲ့ ၂၇ ရက်တို့မှာ ပြိုင်ပွဲငယ်အဖြစ် ကျင်းပပြုလုပ်ရဖွယ်ရှိပါတယ်...

ချန်ပီယံလိဂိပြိုင်ပွဲဟာ လက်ရှိအချိန်မှာ အသင်း ၈ သင်းရဲ့ ၁၆ သင်းအဆင့် ၂ ကျော့ယှဥ်ပြိုင်မှု ပြီးစီးထားပြီး ဒုတိယအကျော့ ပြန်ကန်မယ့် ၄ ပွဲကျန်ရှိနေပါတယ်...

ယူရိုပါလိဂ်မှာ ၁၆ သင်း ပထမအကျော့ ကစားထားပြီး ၄ သင်း ပထမအကျော့ ကစားဖို့ရှိနေချိန်မှာ ပြိုင်ပွဲတွေကို ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်....

ပြိုင်ပွဲတွေကို အဆုံးသတ်နိုင်ဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်အနေနဲ့ လက်ကျန်ပွဲစဥ်တွေကို ကစားရမယ့်ကွင်းကို မဲနှိုက်ပြီး ၁ ပွဲသာ ကစားဖို့ ဆုံးဖြတ်ရမယ့် အခြေအနေကို ရောက်နေပါတယ်...

ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပွဲစဥ်တွေ ရပ်ဆိုင်းထားရချိန်မှာ မူလ သတ်မှတ်အချိန်အမီ ပွဲစဥ်တွေ အားလုံးအဆုံးသတ်ဖို့ မသေချာတာကြောင့် သတ်မှတ်ထားတဲ့ ပုံစံမဟုတ်ဘဲ ဥရောပဘောလုံးအဖွဲ့ချုပ်က ၂ ကျော့ကစားရမယ့်ပွဲတွေကို ၁ ပွဲသာ ပြောင်းလဲ သတ်မှတ်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်....

Zawgyi
ခ်န္ပီယံလိဂ္ႏွင့္ယူ႐ိုပါလိဂ္ကို ၁ ေက်ာ့သာ ယွဥ္ၿပိဳင္ေစမည့္ ပုံစံျဖင့္ က်င္းပရဖြယ္ရွိ

ကမာၻအဝွမ္းကို႐ိုနာ ဗိုင္းရပ္စ္ ျပန္႔ႏွံ႔မႈေၾကာင့္ ၿပိဳင္ပြဲအားလုံး ေခတၱရပ္နားလိုက္ၿပီးေနာက္ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂိၿပိဳင္ပြဲကို ၁ ေက်ာ့တည္းသာ ယွဥ္ၿပိဳင္ေစမယ့္ပုံစံ ျဖင့္ က်င္းပဖြယ္ရွိပါတယ္....

ဗိုင္းရပ္စ္အႏၲရာယ္ေၾကာင့္ ၿပိဳင္ပြဲမ်ားကို သတ္မွတ္ထားတဲ့ ေမလကုန္မွာ အၿပီးက်င္းပဖို႔ မလြယ္တာေၾကာင့္ ခ်န္ပီယံလိဂိနဲ႔ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲေတြကို ဇြန္လ ၂၄ ရက္နဲ႔ ၂၇ ရက္တို႔မွာ ၿပိဳင္ပြဲငယ္အျဖစ္ က်င္းပျပဳလုပ္ရဖြယ္ရွိပါတယ္...

ခ်န္ပီယံလိဂိၿပိဳင္ပြဲဟာ လက္ရွိအခ်ိန္မွာ အသင္း ၈ သင္းရဲ႕ ၁၆ သင္းအဆင့္ ၂ ေက်ာ့ယွဥ္ၿပိဳင္မႈ ၿပီးစီးထားၿပီး ဒုတိယအေက်ာ့ ျပန္ကန္မယ့္ ၄ ပြဲက်န္ရွိေနပါတယ္...

ယူ႐ိုပါလိဂ္မွာ ၁၆ သင္း ပထမအေက်ာ့ ကစားထားၿပီး ၄ သင္း ပထမအေက်ာ့ ကစားဖို႔ရွိေနခ်ိန္မွာ ၿပိဳင္ပြဲေတြကို ရပ္ဆိုင္းထားရတာ ျဖစ္ပါတယ္....

ၿပိဳင္ပြဲေတြကို အဆုံးသတ္ႏိုင္ဖို႔ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ လက္က်န္ပြဲစဥ္ေတြကို ကစားရမယ့္ကြင္းကို မဲႏႈိက္ၿပီး ၁ ပြဲသာ ကစားဖို႔ ဆုံးျဖတ္ရမယ့္ အေျခအေနကို ေရာက္ေနပါတယ္...

ဗိုင္းရပ္စ္အႏၲရာယ္ေၾကာင့္ ပြဲစဥ္ေတြ ရပ္ဆိုင္းထားရခ်ိန္မွာ မူလ သတ္မွတ္အခ်ိန္အမီ ပြဲစဥ္ေတြ အားလုံးအဆုံးသတ္ဖို႔ မေသခ်ာတာေၾကာင့္ သတ္မွတ္ထားတဲ့ ပုံစံမဟုတ္ဘဲ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္က ၂ ေက်ာ့ကစားရမယ့္ပြဲေတြကို ၁ ပြဲသာ ေျပာင္းလဲ သတ္မွတ္ဖို႔ ရည္႐ြယ္ေနတာ ျဖစ္ပါတယ္....

Unicodeကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများရပ်ဆိုင်းထားသော်လည်း ရော်နယ်ဒိုအတွက် နားရက်မရှိဂျူဗင်တပ်တိုက်စစ်မှူး ရော်...
29/04/2020

Unicode
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများရပ်ဆိုင်းထားသော်လည်း ရော်နယ်ဒိုအတွက် နားရက်မရှိ

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲများရပ်နားထားပေမဲ့ ပေါ်တူဂီရှိ နေအိမ်မှာ လေ့ကျင့်ခန်းတွေပြုလုပ်ပြီး ဖြတ်သန်းနေပါတယ်...

ရော်နယ်ဒိုရဲ့ မိခင် လေဖြတ်ထားချိန် ကမ္ဘာအနှံ့ကို ရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် မွေးရပ်မြေဖြစ်တဲ့ ပေါ်တူဂီနိုင်ငံ မာဒီရာ ကျွန်းရှိနေအိမ်မှာ မိသားစုတွေ ပြန်လည်ပြောင်းရွှေ့ခဲ့ပေမဲ့ သူကတော့ လုံးဝအနားယူခြင်းမရှိဘဲ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်...

အတ္တလန်တစ်သမုဒ္ဒရာကို မြင်နေရတဲ့ ဇိမ်ခံအိမ်ကြီးထဲမှာ ဗိုင်းရပ်စ်ရောဂါကို ကာကွယ်ရဖို့ နေနေရချိန် အပန်းဖြေအနားယူဖို့ စိတ်မကူးဘဲ လေ့ကျင့်ခန်းတွေနဲ့သာ ပျော်မွေ့နေတဲ့ ရော်နယ်ဒိုကို သူအတွက် ဘယ်တော့မှ ပိတ်ရက်မရှိဘူးလို့ SportsMail သတင်းစာက ဖော်ပြခဲ့ပါတယ်...

အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေလုပ်ဆောင်နေပုံကို ညီမဖြစ်သူက Instagram မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်....

ရော်နယ်ဒိုဟာ သက်ကြီးကစားသမားစာရင်း ဝင်နေပေမဲ့ လက်ရှိအချိန်အထိ ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ရပ်တည်နေလို ဒီရာသီမှာ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီး ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်...

ရော်နယ်ဒိုက လက်ရှိအချိန်မှာ သူ့ရဲ့ပရိသတ်တွေကို အစိုးရက ညွှန်ကြားထားတဲ့အတိုင်း ကိုယ့်အိမ်မှာပဲ နေထိုင်ကြဖို့ တိုက်တွန်းထားပြီး ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့ ယူရို ၁ သန်းလှူဒါန်းခဲ့ပါတယ်...

Zawgyi
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ၿပိဳင္ပြဲမ်ားရပ္ဆိုင္းထားေသာ္လည္း ေရာ္နယ္ဒိုအတြက္ နားရက္မရွိ

ဂ်ဴဗင္တပ္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ဥေရာပမွာ ကို႐ိုနာဗိုင္းရပ္ျဖစ္ပြားမႈေၾကာင့္ ၿပိဳင္ပြဲမ်ားရပ္နားထားေပမဲ့ ေပၚတူဂီရွိ ေနအိမ္မွာ ေလ့က်င့္ခန္းေတြျပဳလုပ္ၿပီး ျဖတ္သန္းေနပါတယ္...

ေရာ္နယ္ဒိုရဲ႕ မိခင္ ေလျဖတ္ထားခ်ိန္ ကမာၻအႏွံ႔ကို ႐ိုနာဗိုင္းရပ္စ္ျပန္႔ႏွံ႔မႈေၾကာင့္ ေမြးရပ္ေျမျဖစ္တဲ့ ေပၚတူဂီႏိုင္ငံ မာဒီရာ ကြၽန္းရွိေနအိမ္မွာ မိသားစုေတြ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ေပမဲ့ သူကေတာ့ လုံးဝအနားယူျခင္းမရွိဘဲ ေလ့က်င့္ခန္းေတြ ပုံမွန္ျပဳလုပ္ေနတာျဖစ္ပါတယ္...

အတၱလန္တစ္သမုဒၵရာကို ျမင္ေနရတဲ့ ဇိမ္ခံအိမ္ႀကီးထဲမွာ ဗိုင္းရပ္စ္ေရာဂါကို ကာကြယ္ရဖို႔ ေနေနရခ်ိန္ အပန္းေျဖအနားယူဖို႔ စိတ္မကူးဘဲ ေလ့က်င့္ခန္းေတြနဲ႔သာ ေပ်ာ္ေမြ႕ေနတဲ့ ေရာ္နယ္ဒိုကို သူအတြက္ ဘယ္ေတာ့မွ ပိတ္ရက္မရွိဘူးလို႔ SportsMail သတင္းစာက ေဖာ္ျပခဲ့ပါတယ္...

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိတဲ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ခက္ခဲတဲ့ ေလ့က်င့္ခန္းေတြလုပ္ေဆာင္ေနပုံကို ညီမျဖစ္သူက Instagram မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္....

ေရာ္နယ္ဒိုဟာ သက္ႀကီးကစားသမားစာရင္း ဝင္ေနေပမဲ့ လက္ရွိအခ်ိန္အထိ ထိပ္တန္းကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနလို ဒီရာသီမွာ ဂ်ဴဗင္တပ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၁ ပြဲကစားၿပီး ၁၃ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္...

ေရာ္နယ္ဒိုက လက္ရွိအခ်ိန္မွာ သူ႔ရဲ႕ပရိသတ္ေတြကို အစိုးရက ၫႊန္ၾကားထားတဲ့အတိုင္း ကိုယ့္အိမ္မွာပဲ ေနထိုင္ၾကဖို႔ တိုက္တြန္းထားၿပီး ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ဖို႔ ယူ႐ို ၁ သန္းလႉဒါန္းခဲ့ပါတယ္...

Unicodeကမ္ဘာ့အကောင်းဆုံး လက်ဝှေ့နည်းပြဖြစ်လာရန် မေဝဲလ်သာ ဆန္ဒရှိဂန္ထဝင်လက်ဝှေ့သမား မေဝဲလ်သာက သူဟာ ကမ္ဘာ့အကောင်းဆုံး လက်ဝ...
29/04/2020

Unicode
ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့နည်းပြဖြစ်လာရန် မေဝဲလ်သာ ဆန္ဒရှိ

ဂန္ထဝင်လက်ဝှေ့သမား မေဝဲလ်သာက သူဟာ ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့လေ့ကျင့်သူဖြစ်လာဖို့ ဆန္ဒရှိကြောင်း အသက် ၁၄ နှစ်အရွယ် တူဖြစ်သူကို လက်ဝှေ့သင်ခန်းစာများ သင်ကြားပေးပြီးနောက် ပြောဆိုခဲ့ပါတယ်...

မေဝဲလ်သာဟာ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ၁၅ ခုမှာ ရှုံးနိမ့်ခဲ့ခြင်း မရှိသလို သူ့ရဲ့ လက်ဝှေ့သမားသက်တမ်းတစ်လျှောက် ပွဲ ၅၀ ရှုံးပွဲမရှိ ထိုးသတ်နိုင်ခဲ့တဲ့ လက်ဝှေ့ကျော်အဖြစ် စံချိန်တင်နိုင်ခဲ့ပြီးနောက် ဦးလေးလိုမျိုး လက်ဝှေ့လေ့ကျင့်ပေးသူ ဖြစ်လာဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်...

အသက် ၄၃ နှစ်အရွယ်ရှိ မေဝဲလ်သာဟာ ၂၀၁၇ ခုနှစ်ကတည်းက လက်ဝှေ့ထိုးသတ်ခြင်းကနေ အနားယူထားသူဖြစ်ပြီး လေ့ကျင့်သူအဖြစ် ကြိုးဝိုင်းအတွင်း ပြန်လာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်...

မေဝဲလ်သာရဲ့ ဦးလေးဖြစ်သူ ရော်ဂျာဟာ ပြီးခဲ့တဲ့လက ကွယ်လွန်ခဲ့ပြီး သူ့ရဲ့ အဓိက လေ့ကျင့်ရေးမှူးတစ်ဦးဖြစ်ခဲ့ပါတယ်...

"ကျွန်တော့်မှာ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ မယုံကြည်နိုင်စရာကောင်းတဲ့ လေ့ကျင့်ပေးတဲ့သူတွေ ပိုင်ဆိုင်ခဲ့ပါတယ်...သူတို့ကတော့ ကျွန်တော့်အဖေနဲ့ ဦးလေးတို့ပဲဖြစ်ပါတယ်...မကြာမီက ဦးလေး ကွယ်လွန်ပြီးတဲ့နောက်ပိုင်း လက်ဝှေ့ထိုးတဲ့သူတွေကို ကူညီပေးဖို့ ဆန္ဒဖြစ်လာတာကြောင့် လက်ဝှေ့လေ့ကျင်သူအဖြစ် ဆောင်ရွက်သွားမှာပါ"လို့ အင်စတာဂရမ်မှာ မေဝဲလ်သာက ဖော်ပြခဲ့ပါတယ်...

လက်ရှိအချိန်မှာ မေဝဲလ်သာဟာ ကမ္ဘာတစ်ဝန်းက လူတွေလိုပဲ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်ဖို့ အိမ်ထဲမှာပဲ နေပြီး တူဖြစ်သူကို လက်ဝှေ့ထိုးနည်းတွေ သင်ကြားပေးနေတာဖြစ်ပါတယ်...

မေဝဲလ်သာဟာ ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက်ကွီအိုကို အနိုင်ထိုးသတ်ခဲ့ပြီးနောက် MMAဖိုက်တာ မက်ဂရီဂေါကိုလည်း ၂၀၁၇ ခုနှစ်က အနိုင်ထိုးသတ်ခဲ့ပြီး လက်ဝှေ့ထိုးသတ်ခြင်းက နားထားတာ တွေ့ရပါတယ်...

ပြီးခဲ့တဲ့ ဇန်နဝါရီလကတော့ မက်ဂရီဂေါနဲ့ ဒုတိယအကြိမ်ထိုးသတ်ဖို့ လေ့ကျင့်ခန်းတွေ ပြန်ပြုလုပ်ခဲ့ကာ လက်ရှိအချိန်မှာတော့ လက်ဝှေ့နည်းပြအဖြစ်သာ ဆောင်ရွက်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်...

Zawgyi
ကမာၻ႔အေကာင္းဆုံး လက္ေဝွ႔နည္းျပျဖစ္လာရန္ ေမဝဲလ္သာ ဆႏၵရွိ

ဂႏၴဝင္လက္ေဝွ႔သမား ေမဝဲလ္သာက သူဟာ ကမာၻ႔အေကာင္းဆုံး လက္ေဝွ႔ေလ့က်င့္သူျဖစ္လာဖို႔ ဆႏၵရွိေၾကာင္း အသက္ ၁၄ ႏွစ္အ႐ြယ္ တူျဖစ္သူကို လက္ေဝွ႔သင္ခန္းစာမ်ား သင္ၾကားေပးၿပီးေနာက္ ေျပာဆိုခဲ့ပါတယ္...

ေမဝဲလ္သာဟာ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲ ၁၅ ခုမွာ ရႈံးနိမ့္ခဲ့ျခင္း မရွိသလို သူ႔ရဲ႕ လက္ေဝွ႔သမားသက္တမ္းတစ္ေလွ်ာက္ ပြဲ ၅၀ ရႈံးပြဲမရွိ ထိုးသတ္ႏိုင္ခဲ့တဲ့ လက္ေဝွ႔ေက်ာ္အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီးေနာက္ ဦးေလးလိုမ်ိဳး လက္ေဝွ႔ေလ့က်င့္ေပးသူ ျဖစ္လာဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္...

အသက္ ၄၃ ႏွစ္အ႐ြယ္ရွိ ေမဝဲလ္သာဟာ ၂၀၁၇ ခုႏွစ္ကတည္းက လက္ေဝွ႔ထိုးသတ္ျခင္းကေန အနားယူထားသူျဖစ္ၿပီး ေလ့က်င့္သူအျဖစ္ ႀကိဳးဝိုင္းအတြင္း ျပန္လာဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္...

ေမဝဲလ္သာရဲ႕ ဦးေလးျဖစ္သူ ေရာ္ဂ်ာဟာ ၿပီးခဲ့တဲ့လက ကြယ္လြန္ခဲ့ၿပီး သူ႔ရဲ႕ အဓိက ေလ့က်င့္ေရးမႉးတစ္ဦးျဖစ္ခဲ့ပါတယ္...

"ကြၽန္ေတာ့္မွာ ခင္ဗ်ားတို႔ သိတဲ့အတိုင္းပဲ၊ မယုံၾကည္ႏိုင္စရာေကာင္းတဲ့ ေလ့က်င့္ေပးတဲ့သူေတြ ပိုင္ဆိုင္ခဲ့ပါတယ္...သူတို႔ကေတာ့ ကြၽန္ေတာ့္အေဖနဲ႔ ဦးေလးတို႔ပဲျဖစ္ပါတယ္...မၾကာမီက ဦးေလး ကြယ္လြန္ၿပီးတဲ့ေနာက္ပိုင္း လက္ေဝွ႔ထိုးတဲ့သူေတြကို ကူညီေပးဖို႔ ဆႏၵျဖစ္လာတာေၾကာင့္ လက္ေဝွ႔ေလ့က်င္သူအျဖစ္ ေဆာင္႐ြက္သြားမွာပါ"လို႔ အင္စတာဂရမ္မွာ ေမဝဲလ္သာက ေဖာ္ျပခဲ့ပါတယ္...

လက္ရွိအခ်ိန္မွာ ေမဝဲလ္သာဟာ ကမာၻတစ္ဝန္းက လူေတြလိုပဲ ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ကို ကာကြယ္ဖို႔ အိမ္ထဲမွာပဲ ေနၿပီး တူျဖစ္သူကို လက္ေဝွ႔ထိုးနည္းေတြ သင္ၾကားေပးေနတာျဖစ္ပါတယ္...

ေမဝဲလ္သာဟာ ဖိလစ္ပိုင္လက္ေဝွ႔ေက်ာ္ပက္ကြီအိုကို အႏိုင္ထိုးသတ္ခဲ့ၿပီးေနာက္ MMAဖိုက္တာ မက္ဂရီေဂါကိုလည္း ၂၀၁၇ ခုႏွစ္က အႏိုင္ထိုးသတ္ခဲ့ၿပီး လက္ေဝွ႔ထိုးသတ္ျခင္းက နားထားတာ ေတြ႕ရပါတယ္...

ၿပီးခဲ့တဲ့ ဇန္နဝါရီလကေတာ့ မက္ဂရီေဂါနဲ႔ ဒုတိယအႀကိမ္ထိုးသတ္ဖို႔ ေလ့က်င့္ခန္းေတြ ျပန္ျပဳလုပ္ခဲ့ကာ လက္ရွိအခ်ိန္မွာေတာ့ လက္ေဝွ႔နည္းျပအျဖစ္သာ ေဆာင္႐ြက္ဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္...

Unicodeဝီလျံကို ရာသီအကုန်မှာ ခေါ်ယူရန် အဆင်နယ်အခွင့်အရေးရှိအာဆင်နယ်အသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား ဝီလျံကို ရာသီအကုန်မှာ...
29/04/2020

Unicode
ဝီလျံကို ရာသီအကုန်မှာ ခေါ်ယူရန် အဆင်နယ်အခွင့်အရေးရှိ

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား ဝီလျံကို ရာသီအကုန်မှာ ခေါ်ယူဖို့အခွင့်အရေးရှိနေတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင်အူဘာမီယန်းရဲ့နေရာမှာ အစားထိုးဖို့ ဝီလျံကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဝီလျံဟာ ချဲလ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ရရှိနေသူဖြစ်ပြီး ၃ နှစ်စာချုပ်ချုပ်ဆိုဖို့ ဆန္ဒှရှိနေပေမဲ့ အာဆင်နယ်အသင်းက သူ့ကို ကာလရှည်စာချုပ်နဲ့ ကမ်းလှမ်းသွားမယ့်ပုံ မရှိပါဘူး။

ဒါပေမဲ့ ဝီလျံရဲ့ အေးဂျင့်ဖြစ်သူက အာဆင်နယ်အသင်းရဲ့ ကစားသမား အပြောင်းအရွှေ့တွေမှာ ကူညီခဲ့ဖူးသူဖြစ်လို့ သူ့ရဲ့ အပြောင်းအရွှေ့က တကယ်ဖြစ်လာနိုင်ပါတယ်။

ဝီလျံဟာ ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားတဲ့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုထားပြီး သူ့ကို လီဗာပူးနဲ့ အေစီမီလန်အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူထားတာ မရှိသေးလို့ နောက်တစ်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်အသင်းက လက်လွှတ်ခံမှာ မဟုတ်ပါဘူး။

အဲ့တာကြောင့် အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို ပေါင်သန်း ၃၀ နဲ့ ရောင်းချဖွယ်ရှိပါတယ်။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန် ကစားသမားတွေရဲ့လစာ ၁၂.၅ ရာခိုင််နှုန်းလျှော့ပေးဖို့သဘောတူညီချက်ရရှိထားပါတယ်။

၄ နှစ််ဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ အာဆင်နယ်အသင်းရဲ့ အဓိက စိန်ခေါ်မှုက အပြောင်းအရွှေ့စျေးကွက်မှာ အသင်းရဲဲ့ငွေကြေးသုံးစွဲမှုကို ကန့်သတ်မှုပဲဖြစ်ပါတယ်။

Zawgyi
ဝီလ်ံကို ရာသီအကုန္မွာ ေခၚယူရန္ အဆင္နယ္အခြင့္အေရးရွိ

အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီးေတာင္ပံကစားသမား ဝီလ်ံကို ရာသီအကုန္မွာ ေခၚယူဖို႔အခြင့္အေရးရွိေနတယ္လို႔ ေဒးလီးေမးလ္သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အသင္းေခါင္းေဆာင္အူဘာမီယန္းရဲ႕ေနရာမွာ အစားထိုးဖို႔ ဝီလ်ံကို ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ရွိ ဝီလ်ံဟာ ခ်ဲလ္ဆီးအသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၁၂၀၀၀၀ရရွိေနသူျဖစ္ၿပီး ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ဆႏၵွရွိေနေပမဲ့ အာဆင္နယ္အသင္းက သူ႔ကို ကာလရွည္စာခ်ဳပ္နဲ႔ ကမ္းလွမ္းသြားမယ့္ပုံ မရွိပါဘူး။

ဒါေပမဲ့ ဝီလ်ံရဲ႕ ေအးဂ်င့္ျဖစ္သူက အာဆင္နယ္အသင္းရဲ႕ ကစားသမား အေျပာင္းအေ႐ႊ႕ေတြမွာ ကူညီခဲ့ဖူးသူျဖစ္လို႔ သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕က တကယ္ျဖစ္လာႏိုင္ပါတယ္။

ဝီလ်ံဟာ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းထားတဲ့ ခ်ဲလ္ဆီးရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆိုထားၿပီး သူ႔ကို လီဗာပူးနဲ႔ ေအစီမီလန္အသင္းတို႔ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္းဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္က်န္ရွိေနၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူထားတာ မရွိေသးလို႔ ေနာက္တစ္ရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အာဆင္နယ္အသင္းက လက္လႊတ္ခံမွာ မဟုတ္ပါဘူး။

အဲ့တာေၾကာင့္ အာဆင္နယ္အသင္းဟာ အူဘာမီယန္းကို ေပါင္သန္း ၃၀ နဲ႔ ေရာင္းခ်ဖြယ္ရွိပါတယ္။

လက္ရွိအခ်ိန္မွာ အာဆင္နယ္အသင္းဟာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားေနခ်ိန္ ကစားသမားေတြရဲ႕လစာ ၁၂.၅ ရာခိုင္္ႏႈန္းေလွ်ာ့ေပးဖို႔သေဘာတူညီခ်က္ရရွိထားပါတယ္။

၄ ႏွစ္္ဆက္တိုက္ ခ်န္ပီယံလိဂ္ဝင္ခြင့္မရတဲ့ အာဆင္နယ္အသင္းရဲ႕ အဓိက စိန္ေခၚမႈက အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ အသင္းရဲဲ့ေငြေၾကးသုံးစြဲမႈကို ကန္႔သတ္မႈပဲျဖစ္ပါတယ္။

Address

ေက်ာက္ေျမာင္း
Yangon

Alerts

Be the first to know and let us send you an email when Fashion Tale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fashion Tale:

Share