09/10/2025
"မိမဆုံးမ ဖမဆုံးမ"ဆိုတဲ့စကား
သားသမီးမကောင်း မိဘခေါင်း
ဆိုတဲ့စကားလို သားသမီးတွေရဲ့ ဆိုးခြင်းကောင်းခြင်းအားလုံးကို မိဘတွေကခေါင်းခံဖြေရှင်းကြရတာကတော့ မိဘတိုင်းကြုံတွေ့နေကြရတဲ့ခောတ်အဆက်ဆက်ပြဿနာတစ်ခုပါဘဲ။မိဘရယ်လို့ဖြစ်လာကြတဲ့အခါ ဘယ်မိဘမှကိုယ့်သားသမီးကို ဆိုးသွမ်းတဲ့သူမဖြစ်စေချင်ကြပါဘူးမိဘတိုင်းက လိမ္မာထူးချွန်တဲ့သားကောင်းရတနာဖြစ်စေချင်ကြတာပါ။
မိဘတိုင်းကလည်း ငယ်ရွယ်စဥ်ကတည်းက ဆုံးမသွန်သင်ကြတတ်ကြပါတယ်။ဆုံးမသွန်သင်တိုင်း နာခံတတ်တဲ့သားသမီး ရှိသလိုမနာခံတတ်တဲ့သားသမီးတွေလည်းရှိကြပါတယ်။
ဒဿနပညာရှင်တစ်ယောက်ပြောသလိုပါဘဲ "မြင်းတစ်ကောင်ကို သင်ရေကန်နားအထိ ဆွဲခေါ်သွားနိုင်ပေမဲ့
ရေသောက်ခြင်းမသောက်ခြင်းကမြင်းရဲ့ဆန္ဒပေါ်မှာပဲမူတည်ပါတယ်"ဆိုတဲ့စကားလို ကလေးတစ်ယောက်ကို မိဘကဘယ်လောက်ပဲ ကောင်းမွန်အောင်သွန်သင်ဆုံးမနေပါစေ နာယူနိုင်ဖို့ကလည်းသူ့ရဲ့ဆန္ဒပေါ်မူတည်နေတာပါ။
အများအားဖြင့် ငယ်ရွယ်သူ တွေဟာ နားဖြင့် သင်ယူခြင်းထက် မျက်စိဖြင့်သင်ယူတတ်ကြပါတယ်။ဖတ်ရကြားရခြင်းထက်
ကိုယ်တိုင်မြင်တွ့ရခြင်း ကိုစွဲလမ်းတတ်ကြပါတယ် ဘာကြောင့်လဲဆိုတော့ မျက်စိဟာ
အသိဉာဏ် စတင်ဝင်ရောက်ရာတံခါးဝဖြစ်နေလို့ပါ။က လေးသူငယ် တွေဟာ သူတို့မြင်တွေ့တာတွေကို မသိမသာအတုယူတတ်ကြပါတယ်။ခု ခောတ်အ နေနဲ့ဆိုရင်
Social Mediaတွက နေတဆင့် အတုယူ နေကြတာအားလုံးအသိပါဥပမာ အနေနဲ့ပြောရရင် "အင်းဆက်ပိုးကောင် တွေကသူတို့စားသုံးတဲ့ သစ်ရွက် တွေလိုဘဲအရောင်
လိုက် ပြောင်းသွားတတ်ကြသလိုပေါ့။
မိဘနှစ်ပါးကသားသမီးလိမ္မာ အောင်
အနုနည်း၊အကြမ်းနည်း တွေနဲ့နည်းပေါင်းစုံအောင်ဆုံးမနေ ပေမဲ့လည်း "နေ့စဉ် ဟင်းမျိုးပေါင်းစုံနဲ့ထိတွ့ နေရတဲ့ ဟင်းမွှေဇွန်း(ယောက်မ)"လို ဟင်းရဲ့အရသာကိုမသိနိုင်တဲ့ သားသမီးလိုလူငယ်ရှိ နေတတ်ကြပါတယ်။
ကျနော်ပြောချင်တာ တောထဲမှာ သစ်ပင်ဆိုတာပေါများလှပါတယ် သစ်ပင် တွေပေါများသလောက် "စန္ဒကူး"ဆိုတဲ့အဖိုးတန်သစ်မျိုးကရှားပါးလှပါတယ်
ဒီလိုပါပဲ လောကမှာ သားသမီး တွေပေါများသလောက် လိမ္မာ ရေးခြားရှိပြီး
အကျင့် စရိုက်ကောင်းမွန်တဲ့ သားသမီးလည်းရှားပါးပါတယ်။ဒါ ကြောင့် ၉လလွယ်၁၀လဖွားပြီး အရွယ်ရာက်တဲ့ထိပြုစု
ပျိုးထောင်လာကြရတဲ့ မိဘတွကို သားသမီးမ ကောင်းတိုင်း မိဘခါင်း ပေါ်ပုံမချ စေချင်ဘူးဗျာ။က လေးတစ် ယောက်ကိုမွေးဖွားရခြင်းထက်ပြုစုပျိုးထောင်ရတာပိုခက်ခဲတယ်ဆိုတာမိဘတိုင်းသိကြပါတယ်။ကံကောင်းစွာဖြင့် စန္ဒကူးလို လိမ္မာရေးခြားရှိသော သားသမီးကို ပိုင်ဆိုင်ထားကြသောမိဘများလည်း ဆိုးသွမ်းသောသားသမီးကို ရင်ဝယ်ပိုက်မိနေသော
မိဘများအပေါ် စာနာနားလည်နိုင်ကြပါစေ။
Crd;