Pae Tin Tharn News

Pae Tin Tharn News နိုင်ငံသားတို့၏ အသံဟူသမျှအား လွတ်လ?

ပဲ့တင်သံဂျာနယ်ကို ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် စတင်၍ ပုံနှိပ်ထုတ်ဝေခဲ့ပြီး အွန်လိုင်းတွင်လည်း ဖတ်နိုင်ရန် စီစဉ်ခဲ့သည်။ နိုင်ငံရေးရာ အကြောင်းအရာများ၊ တိုင်းရင်းသားရေးရာအကြောင်းအရာများအပါအ၀င် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ တရားရေး၊ ပညာရေးနှင့် အနုပညာရေးရာကိစ္စများကို အပတ်စဉ်ဖော်ပြ၍ ထုတ်ဝေသောဂျာနယ်ဖြစ်ပါသည်။ ယခုစာမျက်နှာသည် ပဲ့တင်သံဂျာနယ်၏ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာဖြစ်သည်။ www.echoingvoicenews.com သည် တရားဝင်အင်တာနက်စာမျက်နှာဖြစ်သည်။

Info Digest Journal_No_10
29/09/2016

Info Digest Journal_No_10



Info Digest Journal အမှတ် ၁၀ ထွက်ပါပြီ။ အမှတ် ၁၀ တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံကန်းများအပေါ် ပတ်ဝန်းကျင်နှင့်လူမှုဘဝထိခိုက်မှု ဆန်းစစ်ခြင်း(EIA)အကြောင်းကို ပြည့်စုံစွာဖော်ပြထားပါသည်။ Info Digest Journal ကို Database Journalism အရ သတင်းအချက်အလက်များကို အခြေခံပြုစုထားပါသည်။ ဂျာနယ်ကို နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ၁ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ထုတ်ဝေပါသည်။ Info Digest Journal ကို ဂျာနယ်ဈေးကွက် အတွင်းသို့ ဖြန့်ချိရောင်းချခြင်းမပြုဘဲ စာဖတ်သူထံ တိုက်ရိုက်ဖြန့်ချိသည်စနစ်ဖြင့် ရောင်းချပေးပါသည်။ ဂျာနယ်မှာယူလိုသူများအနေ ဖြင့် Info Digest Media House ၊ တော်ဝင်စင်တာ၊ တတိယလွှာ၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ဝ၉ ၉၇၅၅၅၆၀၄၈၊ အီးမေးလ် - [email protected], [email protected] သို့ ဆက်သွယ်မှာကြားနိုင်ပါသည်။ ထို့အပြင် Info Digest Journal ၏ တရားဝင်စာမျက်နှာဖြစ်သည့် https://www.facebook.com/myanmarinfodigest/ မှလည်း မက်ဆေ့ပို့၍ မှာကြားနိုင်ပါသည်။ Info Digest Journal ကို မျိုးမြင့်ညိမ်း၊ မသီတာ(စမ်းချောင်း)နှင့်ဟန်ဇော်တို့က စီစဉ်တည်းဖြတ်ပါသည်။ Info Digest Journal ၏ အင်တာနက်စာမျက်နှာမှာ www.myanmarinfodigest.com ဖြစ်ပါသည်။

အမှတ်(၃) ထွက်ပါပြီ။
15/06/2016

အမှတ်(၃) ထွက်ပါပြီ။

------------------------------------------------

----------------------------------------

-------------------------------------------
-----------------------------------------------------------------------------------
Info Digest Journal အမှတ် (၃) ထွက်ပါပြီ။
------------------------------------------------
Info Digest Journal အမှတ် (၃)တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်သက်ဆိုင်သည့် အခြေခံရပိုင်ခွင့်များ၊ အရေးပါမှုများ၊ အင်္ဂါရပ်များ၊ နိုင်ငံတကာစံနှုန်းများ၊ နိုင်ငံတကာစာချုပ်များနှင့်သဘောတူညီထားမှုများ၊ သတင်းအချက်အလက်သိပိုင်ခွင့်၊ မီဒီယာ၏ အခန်းကဏ္ဍ၊ မီဒီယာဆိုင်ရာဥပဒေများအကြောင်း၊ မြန်မာနိုင်ငံနှင့်ဆက်စပ်နေသည့် အခြေအနေများ စသည့်အကြောင်းအရာများကို အထူးပြုဖော်ပြထားပါသည်။Info Digest Journal ဖြန့်ချိသည့်ပုံစံ
----------------------------------------
Info Digest Journal ကို နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့်ထုတ်ဝေနေပါသည်။ ထိုဂျာနယ်ကို စာအုပ်အရောင်းဆိုင်များတွင် တင်သွင်းရောင်းချမည် မဟုတ်ပဲ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အဖွဲ့အစည်းအသီးသီးတို့မှ မှာကြားသည့်အရေအတွက်အတိုင်း တိုက်ရိုက်ဖြန့်ချိရောင်းချမည်ဖြစ်ပါသည်။ ငွေပေးချေခြင်းကို ဘဏ် စနစ်ဖြင့်ဖြစ်စေ၊ တိုက်ရိုက်ငွေပေးချေခြင်းဖြင့်ဖြစ်စေ ပေးချေနိုင်ပါသည်။Info Digest Journal သို့ဆက်သွယ်ရန်
-------------------------------------------
တတိယထပ်၊ တော်ဝင်စင်တာ၊ ပြည်လမ်း၊ ရန်ကုန်မြို့။ ရုံးဖုန်း – ဝ၉ ၉၇၅၅၅၆၀၄၈ ၊ အီးမေးလ်လိပ်စာ – [email protected]

19/12/2015
25/03/2015
22/03/2015

ဂုဏ်သိက္ခာဟု အမည်ပေးထားသည့် မကဒတ(မြောက်ပိုင်း)
အစီရင်ခံစာ မပြည့်စုံသေး
=====================
၁၉၉၁-၉၂ ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦးမြောက်ပိုင်း (မကဒတ-မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မကဒတ ဗဟိုက ဂုဏ်သိက္ခာဟု အမည်ပေးထားသည့် အစီရင်ခံစာတစ်စောင်ကို မတ်လ ၁၅ ရက်က House of Memories စားသောက်ဆိုင်တွင် နံနက် ၁၀ နာရီခန့်က သတင်းစာရှင်းလင်းပွဲလုပ်ကာ ထုတ်ပြန်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ခရစ်စတိုဖ်ဘာဂျီနာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ခရစ်စတိုဖ်ဘာဂျီနာက “စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေဟာ အတိတ်က ခါးသီးတဲ့ အတွေ့အကြုံတွေကို http://www.echoingvoicenews.com/?p=21153 တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

22/03/2015

ခေတ်သစ်သင်ပုန်းကြီး (၈၈)
=====================
အပစ်ရပ်စာချုပ် ချုပ်ဆိုမည့် ရက်ဟူသည်မှာ

နီးမယောင်နှင့် ဝေးဝေးနေရကား

အကြောင်းမှန်ကို အနံ့ခံကြည့်လျှင်

တပ်မတော်ကြီးလည်း သူ၏ရင်သွေးများကို

စိတ်ခွန်အား တက်ကြွစေရန် ထိန်းမထားနိုင်တော့ပြီထင့်

စစ်သွေး စစ်မာန်များ မလျော့ပါးရေးအတွက်

ပေါက်ဖော်များနှင့် မျက်နှာအပျက်ခံကာ

ဘာတိုက်ပွဲ ညာတိုက်ပွဲများ ဖန်တီးနေရလေသလား

တွေးစရာများလည်း ဖြစ်ရပါလေသည်

မအံ့သြကြပါနှင့်
http://www.echoingvoicenews.com/?p=21156 တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

22/03/2015

ဖေ့စ်ဘွတ်ခ်ဂယက်
--------------------
နေဘုန်းလတ်
==========
ပြီးခဲ့တဲ့အပတ်တုန်းက ထခဲ့တဲ့ဂယက်တွေရဲ့ အကျိုးဆက်တွေက ဒီတစ်ပတ်မှာ ဂယက်ဆက်ထတယ်လို့ ဆိုရမလိုပါပဲ။ ကျောင်းသားတွေကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတာကို မကျေနပ်ကြတဲ့ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေက သူတို့တတ်နိုင်တဲ့ ဘက်ကနေ အကြမ်းဖက်မှုကို ရှုတ်ချကြတဲ့ ပရိုဖိုင်းပုံတွေ၊ လှုပ်ရှားမှုတွေပဲ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ အများအပြားပေါ်လာခဲ့ပါတယ်။ အဲဒီအထဲမှာမှ “ကျောင်းသား တွေနိုင်တယ်”ဆိုတဲ့ စာသားကို စတေးတပ် တင်ကြ၊ ကာတွန်းဆရာတွေကလည်း ကာတွန်းဆွဲကြ၊ လုပ်ကြတဲ့ လှုပ်ရှားမှုတစ်ခုကတော့ တော်တော်လေးကို… http://www.echoingvoicenews.com/?p=21162 တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

22/03/2015

ပဲ့တင်သံဂျာနယ် အမှတ်(၈၈)၏ သတင်းလူသား
---------------------------------------
ကြောင်သူတော်ဆို ယိုတော့ကြွက်မွေး
========================
ကမ္ဘာမှာ မြန်မာဟေ့ဟု ကြွေးကြော်နိုင်ခဲ့သည့် ဇာတိမာန်များထဲတွင် အစိုးရ၏ အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိသော ဆောင်ပုဒ်များလည်း အပါအဝင်ဖြစ်သည်။ ပေါ်လစီအရ ထွက်ပေါ်ခဲ့သော မင်းကြီးကြိုက်ဆောင်ပုဒ်များ၏ အံ့ဖွယ် ကိုယ်ရည် ကိုယ်သွေးတစ်ရပ်မှာ အစဉ်အမြဲ ဖီလာ အချိုးကျနေခြင်းပင်ဖြစ်သည်။ ဥပမာ – “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်” ဟူသော ဆောင်ပုဒ်ထွက်ပေါ်လာသည်နှင့် အားကစားဗေဒသည်လည်း အဝီစိသို့ ဆိုက်ရောက်ခဲ့ပါ၏။ ထို့ကြောင့်လည်း မြန်မာ့ဆောင်ပုဒ်တိုင်း၏ ဆန့်ကျင်ဘက်လားရာအရပ်၌ မြန်မာနိုင်ငံ၏ ပကတိအမှန်တရားကို တွေ့မြင်နိုသည်။ “ကူညီပါရစေ” (May I help you) ဆောင်ပုဒ်ဖြင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးကို ကာကွယ်စောင့်ရှောက်ရန် ရည်သန်ဖွဲ့စည်းထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးသည်…. http://www.echoingvoicenews.com/?p=21165 တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

22/03/2015

တောင်သမန်အင်းအတွင်း အဆောက်အအုံ
ဆောက်လုပ်ခြင်းကို လက်ခံမည်မဟုတ်
====================
မန္တလေး၊ မတ် ၁၄

မန္တလေးမြို့၏ အထင်ကရ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သော နာမည်ကျော် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းအတွင်း မည်သည့်အဆောက်အအုံ ဆောက်လုပ်ခြင်းကိုမျှ လက်သင့်ခံမည်မဟုတ်သဖြင့် တစ်ဖက်သတ် အကောင်အထည် ဖော်လာပါက မြို့လူထုအားဖြင့် ဝိုင်းဝန်းဆန့်ကျင်ကြရန်လိုအပ်ကြောင်း သမိုင်းအမွေအနှစ် ထိန်းသိမ်းလိုသူ ဒေသခံတချို့က တိုက်တွန်းပြောဆိုလျက်ရှိကြသည်။ “သဘာဝပတ်ဝန်းကျင်အဖွဲ့တွေရော၊ အရပ်ဘက်အဖွဲ့တွေပါ ဝိုင်းဝန်းပူးပေါင်းပြီး ဆန့်ကျင်ရမှာပဲ။ ဒီဟာကြီးက ကောသွားတဲ့ အင်းကြီးလည်းမဟုတ်ဘူး။ နောက်တစ်ခုက မန္တလးရဲ့အထင်ကရဖြစ်သလို http://www.echoingvoicenews.com/?p=21175 တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when Pae Tin Tharn News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pae Tin Tharn News:

Share