11/10/2026
🌾 လူကတစ်နေ့တစ်နေ့ အလုပ်ထဲမှာပဲအချိန်ကုန်နေရတော့ နဲနဲငြီးငွေ့လာတာနဲ့ Day Trip လေးသွားမယ်ဆိုပြီး တနင်္လာနေ့ကပေါ့ ကျိုက်လတ်ကကိုယ့်အမကြီး မမညိုရဲ့ စံတော်ဝင်ဧရာဝတီသဇင်ခြံ ကျိုက်လတ်မြို့ သဇင်ခြံကိုအလည်သွားရင်း နေ့လည်စာထမင်းစားလာခဲ့တယ်။
🌾 ကိုယ့်အမကြီးကဘယ်လောက်တော်လဲဆို ဟင်းချက်လက်ရာလည်းအလွန်ကောင်းသလို သူခြံထဲကသူစိုက်ထားတဲ့အပင်တွေလည်း ဖြစ်ထွန်းလိုက်တာဆိုတာ အထူးသဖြင့် သဇင်ပန်းတွေပေါ့။ ကိုယ်တို့မြန်မာတွေက သဇင်ပန်းဆို မင်္ဂလာဆောင်နဲ့တွဲမြင်သလို အလှူမင်္ဂလာပွဲတက်ဖို့ပဲဖြစ်ဖြစ်၊ ဘုရားလှူဖို့ပဲဖြစ်ဖြစ် ဒီတော်ဝင်သဇင်ကသိပ်ကိုတင့်တယ်တာမို့ ပွင့်လင်းရာသီမှာသဇင်ပန်းလိုအပ်ခဲ့ရင် ကျွန်တော်အမကြီး မမညိုရဲ့ #စံတော်ဝင်_သဇင်ခြံ လေးကိုသတိရပေးပါနော်။
#စံတော်ဝင်သဇင်ခြံ
#ကျိုက်လတ်_ဧရာဝတီ