The Reader

The Reader စာ‌ပေကို မြတ်နိုးသူ
စာဖတ်ဝါသနာရှင်တဦးရဲ့ စာအုပ်စင်လေးလို့ပဲ
သဘောထားပါဗျာ ...

မင်းလား ဥရောပချန်ပီယံမင်းလား သောက်ရမ်းကောင်းနေတာဆိုပြီးမေးမေးရိုက်တာ ...သောက်ရမ်းခမ်းနားလွန်းပါတယ်ကွာ ...ကမ္ညာ့ချန်ပီယံ ...
13/07/2025

မင်းလား ဥရောပချန်ပီယံ
မင်းလား သောက်ရမ်းကောင်းနေတာဆိုပြီး
မေးမေးရိုက်တာ ...
သောက်ရမ်းခမ်းနားလွန်းပါတယ်ကွာ ...
ကမ္ညာ့ချန်ပီယံ gadget ကို
၄ နှစ်ဆက် ရင်ဘတ်မှာတပ်မယ် ...
ခေါ်စမ်း ငါတို့က ကမ္ညာ့ချန်ပီယံတွေလို့ ... 🔥🔥🔥💙💙💙💙




 #ဒုတိယကမ္ဘာစစ် အပြီး နာဇီအကျဉ်းစခန်း တစ်ခုမှာ စာတစောင်ကို တွေ့ခဲ့တယ်။  #အသက်မသေဘဲကျန်ခဲ့သူ တယောက်က ကျောင်းစာသင်ဆရာ/ဆရာမ...
02/07/2025

#ဒုတိယကမ္ဘာစစ် အပြီး
နာဇီအကျဉ်းစခန်း တစ်ခုမှာ
စာတစောင်ကို တွေ့ခဲ့တယ်။

#အသက်မသေဘဲကျန်ခဲ့သူ တယောက်က
ကျောင်းစာသင်ဆရာ/ဆရာမ များကို
ရည်ရွယ်ပြီး ရေးခဲ့တာဖြစ်ပါတယ်။

ဆရာများခင်ဗျာ...

လူလူချင်းအသက်တွေကို အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်စတေးပစ်ဖို့ ပညာတတ်
အတော်အမော် ဥသျှောင်ဆိုသူတွေက
အမိန့်ပေးခဲ့ပါတယ်။

လူတွေကို အဆိပ်ငွေ့နဲ့ သတ်ဖို့
ဓာတ်ငွေ့ခန်းတွေကို ပညာတတ်
အင်ဂျင်နီယာတွေကပဲ တည်ဆောက်ခဲ့တယ်။

ကလေးတွေကို အဆိပ်ပေးသတ်တာ
ဆေးပညာရှင်သမားတော်တွေပါ။

နို့စို့အရွယ်တွေကို သေချာလေ့ကျင့်ထားတဲ့
သူနာပြုတွေက သတ်ခဲ့ပါတယ်။

အမျိုးသမီးများနဲ့ကလေးများကို ပစ်သတ်
မီးရှို့ခဲ့သူတွေဟာလည်း အထက်တန်းပညာ
သင်ခဲ့သူတွေ၊ ဘွဲ့ဒီဂရီတွေရခဲ့သူတွေပါ။

ဒါကြောင့် ပညာရေးဆိုတာကြီးကို
ကျွန်တော် သံသယရှိခဲ့တယ်။

ကျွန်တော် ဆရာများကို
မေတ္တာရပ်ခံချင်တာကတော့
ဆရာတို့ရဲ့တပည့်တွေကို လူစိတ်ရှိတဲ့
လူတွေဖြစ်အောင် သင်ကြားပေးကြပါ။

ဆရာတို့ရဲ့ ကြိုးစားအားထုတ်
သင်ကြားမှုတွေဟာ ပညာတတ်
လူ့တိရစ္ဆာန် ဘီလူးသဘက်တွေ၊
ကျွမ်းကျင်တဲ့ စိတ္တဇလူသတ်သမားတွေ၊
ဘွဲ့ရ ငတုံးငအတွေ မွေးထုတ်ဖို့ မဖြစ်ပါစေနဲ့။

အရေး အဖတ် အတွက်အချက်
ပညာတွေ သင်ကြားခြင်းထက်
အရင်ဦးဆုံးအနေနဲ့
ကလေးတွေကို လူသားဆန် လူစိတ်ရှိအောင်
စိတ်ကောင်းရှိအောင် ကိုယ်ချင်းစာတရားရှိအောင်
လူ့တန်ဖိုးရဲ့အဓိပ္ပါယ်ကိုသိအောင် သင်ကြားခြင်း
ပြုလုပ်နိုင်မှသာ တန်ဖိုးရှိမှာပါ။

လေးစားစွာဖြင့်.. 💟

Htike (Solo)

Let's go back to our childhood life ..
30/06/2025

Let's go back to our childhood life ..

"ဝေဒနာ ပြင်းထန်သောအခါ            တရား ရှုမှတ်နည်း""ကံ၊ စိတ်၊ ဥတု၊ အာဟာရ"- အကြောင်းများကြောင့် "မဟာဘုတ်များ"ဖောက်ပြန်ကာ "...
30/06/2025

"ဝေဒနာ ပြင်းထန်သောအခါ
တရား ရှုမှတ်နည်း"

"ကံ၊ စိတ်၊ ဥတု၊ အာဟာရ"- အကြောင်းများကြောင့် "မဟာဘုတ်များ"ဖောက်ပြန်ကာ "ပြင်းထန်သော ဝေဒနာ"များ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

"ဝေဒနာ"သည်-
-ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောကျာ်း၊ မိန်းမ၊ အသား၊ အရေ၊ အကြော၊ အရိုး၊ သွေးလေ၊ သလိပ်၊ သည်းခြေ"-
စသည် မဟုတ်။
"ဓာတ်လေးပါး တို့၏ အထူးဖောက်ပြန်မှုပင်တည်း"-ဟု ယုံယုံကြည်ကြည် သဘောထားပြီးလျှင်,

"စိတ်"ကို"တစ်နေရာရာ"၌ထား၍
(ရင်၀ မှာထားနိုင်လျှင်သာ၍ကောင်းသည်) ရှုရမည်။

တစ်ကိုယ်လုံး ၌ရှိသော "ဝေဒနာ"တွေကို
အလိုလိုသိလာလိမ့်မည်။

"ဝေဒနာ"တစ်ခုထဲကို ကြည့်လျှင်
"ပို၍မခံနိုင်အောင်"ဖြစ်လာတတ်သည်။

"ဝေဒနာ"သည်,
-"ခြေ"က နာသည်၊
-"ခေါင်း"က နာသည်-စသည်တို့ ဖြင့် -
"ပညတ်"တို့ဖြင့်တွဲ၍ ကြည့်နေလျှင်-သာ၍ဆိုးသည်။

"ပညတ်အာရုံ"ကို ဂရုမစိုက်နှင့်။

"တစ်ကိုယ်လုံး၌ရှိသော ဝေဒနာ"တို့ကိုသာ ခြုံ၍
"သိအောင်"ကြည့်ရမည်။

နာကျင်ခံခက်သော "ဒုက္ခဒဏ်ချက်"ကို ဂရုမစိုက်ပဲ-
"ဒုက္ခ"ထဲမှ "သေးငယ်မှုန်မွှားသော
ဝေဒနာသဘောလေး"တွေ,
-ဖြစ်ပေါ်လိုက်
-ပျောက်ပျက်လိုက်နှင့်နေသည့်
"ဝေဒနာ၏ အနိစ္စအချက်"တို့ကိုသာ ထင်ရှားအောင် ဂရုစိုက်၍ ရှုပါ။

ဤသို့ "ဝေဒနာဖြစ်/ပျက်"တွေကို
"အထပ်ထပ် အခါခါ ရှုမြင်ပွားများ"နေတာကို
"ဝေဒနာနုပဿနာ"ဟူ၍ခေါ်သည်။

"ရှုဖန်များ"လျှင်-
"ဝေဒနာ-တွေဖြစ်သင့်သလို ဖြစ်ပျက်နေတာ"-ကို
သေသေချာချာ သိလာလိမ့်မည်။

ကြာလျှင်"သမာဓိ"အား ကောင်းလာပြီး
"ကိုယ်ကာယကြီး"ကိုတောင်
-မသိတစ်ချက်
-သိတစ်ချက်နှင့်
"ဝေဒနာ"တို့ ကိုသာလျှင် သိလျှက်,
"စိတ်"သည်တည်၍နေလိမ့်မည်။

-"စိတ်"တည်၍ "သမာဓိ"ကောင်းလေ,
-"ဝေဒနာ"တွေကို သာပို၍ထင်ရှားစွာ သိမြင်ရလေ,
ဖြစ်လာလိမ့်မည်။

ထိုအခါ-
"ပညတ်အာရုံ"တည်းဟူသော-
"ကိုယ် လက် အင်္ဂါကြီးငယ်"တို့ကို
ရှိမှန်းတောင် မသိတော့ပဲ-
-"အနိမိတ္တ"၊
-"အပ္ပဏိဟိတ"၊
-"သုညတ သမာဓိ"နှင့်"ဝိဟာရ"မျိုးဖြစ်လျှက်-
"ပရမတ်အာရုံ"ဖြစ်သော "ဝေဒနာ"တို့ ကိုသာလျှင်
သိလျက် နေတော့သည်။

"ဝေဒနာနုပဿနာ,ဘာ၀နာမယဥာဏ် "- ဟုခေါ်သည်။

( "အနိမိတ္တ"= ပုံသဏ္ဍာန်နိမိတ်၊ နိစ္စနိမိတ် ကင်းစင်၊

"အပ္ပဏိဟိတ"=သာယာတောင့်တသော
တဏှာပဏီဓိ ကင်းစင်၊

"သုညတ"=ဘာမှမရှိ သုညချည်းသာ ဟု "အတ္တဒိဋ္ဌိ"
ကင်းစင်)

ဤကဲ့သို့"ဘာ၀နာမယဥာဏ်"ဖြင့် ရှုမြင်နေရင်း "သမာဓိ"အရှိန်ပြေလာလျှင် "ကိုယ်အင်္ဂါ"-စသည်တို့ကို တွေ့မြင်သိရှိ၍ လာပြန်၏။

သို့ပေမယ့်-
"ဝေဒနာ"ကိုမူ နှလုံးသွင်းမပျက်စေနှင့်။

"ဆေးဝါးဓာတ်စာ"တို့ကိုလည်း
စားသင့်သမျှစားပြီးလျှင် "ဝေဒနာ"ကိုသာ ဆက်၍ရှု ။

မကြာမီ-
-"ဘာ၀နာမယဥာဏ်",
-"အပ္ပဏိဟိတ သမာဓိ"-တို့သို့
ရောက်သွားပြန်သည်။

အကြောင်းပြည့်စုံလျှင်,
"မဂ်,ဖိုလ်"ကိုတောင် ရသွားတတ်သည်။

"မဂ်,ဖိုလ်"တစ်ကြိမ်ရပြီးသူ ဖြစ်လျှင်မူကား အချိန် ကို
ကြာချင်သလောက် အဓိဋ္ဌာန် ၍ "ဝေဒနာ"ကိုရှု။

ရှုရင်း, ရှုရင်း "ဖိုလ်စိတ်,ဖိုလ်ဇော"တွေကျလျှက်
"နိဗ္ဗာန်"ကို မျက်မှောက်ပြုမိလျက်သား
ဖြစ်သွားတတ်သည်။

၎င်းနောက်
ထိုက်သည့်အားလျော်စွာ ကြာပြန်သောအခါ
"သတိ"ပြန်၍ရလာတတ်သည်။

"သတိ"ရလျှင် "အဓိဋ္ဌာန်"ပြီး "ဝေဒနာ"ကို ထပ်၍ရှု ။

မကြာမီ"ဒုက္ခ"ငြိမ်းသွားတတ်သည်။

"ဝေဒနာ"ကိုရှုတတ်သော "လူမမာ"သည်
"ပြင်းထန်စွာခံစား"နေရသော်လည်း
"သာမည-လောက်သာ"ဟုထင်တတ်သည်။

"လူနာစောင့်များ"ကသာ
"ဝေဒနာပြင်း"မှန်းသိကြသည်။

"ဘူတရုပ်-ကိုအားထုတ်သော"လူနာ"-
ငြိမ်ငြိမ်ဆိမ်ဆိမ် နေလျှင်-
"တစ်စုံတစ်ရာ မေးမြန်းပြောဆိုခြင်းမပြုအပ်"ကြပေ။

"သေမည်"ဆိုလျှင်လည်း-
-လားရာ "သုဂတိ"(နတ်ပြည်၊ဘုံဗိမာန် )စသည် ကို
မြင်ရ၍
မျက်နှာ၌ ကြည်လင်ရွှင်ပြလျှက်ဖြစ်နေတတ်သည်။

အချို့မှာ-
သူမြင်သလို အချိန်ရက-
ပြောပြပြီးမှ သေတတ်သည်။

ကျေးဇူးတော်ရှင်
"လယ်တီ ဆရာတော်ဘုရားကြီး"

Crd ပေး၍ပူဇော်ပါသည် 🙏🙏🙏

Quote Of The Day (2)
28/06/2025

Quote Of The Day (2)

Quote Of The Day (1) ....
26/06/2025

Quote Of The Day (1) ....

24/06/2025

Address

Yangon

Telephone

09777077805

Website

Alerts

Be the first to know and let us send you an email when The Reader posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Reader:

Share