Chindwin Magazine

Chindwin Magazine An official page of Chindwin Salayam an alternative Myanmar media Ask someone whose house this is where music
continues to flow out. Don’t tear it
down!

Chindwin, an alternative magazine

I S T H I S A P L A C E W H E R E S T O R I E S A R E A C T E D O U T ? Is this the kaaba or

a temple of light? Is something here that
the universe cannot hold? Or is this a place

where stories are acted out? And don’t try to talk to the owner. He’s asleep. Make perfume of the dust and
thrown-away matters here, where the framing

is poetry an

d the kitchen talk pure praise! Whoever enters this room becomes wise. In 2006 we see Chindwin, a monthly magazine, alternative sort which draws its name from one of three largest rivers of Burmese. Rivers should be venerated, declared the editor. The young and educated Burmese enjoy the editorials which are subversive literary pieces. In Chindwin, there is always a piece of writing on spirituality. In view of the editor socially engaged spirituality is greatly in need to create a peaceful world and to reduce loba, dosa and moha (greed, hatred and illusion). Other pieces are writings on sustainable development, biodiversity, ecology and culture. One or two good poems, as well as an article on poetics, and a short story are usually entertaining. Circulation of the magazine is a thousand. Editors are Ko Tar and Ko Lay Myat.

အထက်ဖော်ပြပါ ချင်းတွင်းမဂ္ဂဇင်းဟာ ၂၀၁၂ ဧပြီ ရောက်တော့ နားပါတယ်။ နောက်ဆုံးထွက်တဲ့ ချင်းတွင်းမဂ္ဂဇင်းမှာ၊

“ဒီမဂ္ဂဇင်းလေးထုတ်တာ ၄-၅ နှစ် ကြာခဲ့ပြီ။ သူက ပရုတ်လုံးလိုပဲ။ တဖြည်းဖြည်း သေးသွားတာကိုး။ … ဆက်မထုတ်ချင်တော့ဘူး။ လမ်းမှာ စိုက်တဲ့ သစ်ပင်တစ်ပင်။ ဒီသစ်ပင်ဟာ မဖွံ့ဖြိုး မစည်မပင်ဘဲကိုး။ … စိတ်လက်ကြည်သာ ပြန်လည်လာသော် ပြန်ထုတ်မယ် သို့မဟုတ် ထုတ်ချင်မှထုတ်မယ်။ ခုတော့ နားဦးမဗျာ။”

အဲသလို အယ်ဒီတာမင်းက ဆိုလေတော့၊ ချင်းတွင်းမှာ ဖတ်ခဲ့ရတဲ့ စာလိုမျိုး ဒီလို fan page မှာ တင်သော် အကျိုးမရှိပါလား။ အဲလိုစိတ်ကူးနဲ့ ချင်းတွင်းမဂ္ဂဇင်း fan page ကို တင်လိုက်တာပါပဲ။

မျှော်လင့်ခြင်းတည်းဟူသော ရသကို ငါတို့ မြည်းစမ်းပြီးသည့်နောက် လစ်ဗျားစာဆို ခါလက် မတ္တာဝါ (၁၉၆၄)မြန်မာပြန် - စိုင်းစမ်ခမ်း...
12/03/2021

မျှော်လင့်ခြင်းတည်းဟူသော ရသကို ငါတို့ မြည်းစမ်းပြီးသည့်နောက်

လစ်ဗျားစာဆို ခါလက် မတ္တာဝါ (၁၉၆၄)
မြန်မာပြန် - စိုင်းစမ်ခမ်း

ပုန်းကွယ်ရာနေရာမှ ငါတို့ထွက်လာပြီးသည့်နောက်၊
ငါတို့၏ဝိဉာဥ်ဖြင့် တည်အပ်သော ဂူသချိုင်းဝယ်၊
အဘယ်ကြောင့် တဖန် ငါတို့ နေကြပါအံ့နည်း။

အပိုင်းပိုင်းကျိုးကြေလျက်ရှိသော ငါတို့၏ခန္ဓာကိုယ်ကို
ဆုတောင်းပတ္ထနာပြုခြင်း ဖြေသိမ့်ခြင်းအားဖြင့်
ပြန်လည်ပြင်ဆင် ကုစားခဲ့ပြီ။
ငါတို့ခန္ဓာမှ ဆွဲငင်ဆုတ်ဖြဲခဲ့သော ထိုအပိုင်းအတစ်တို့သည်
အသားစိုင်များမှလွဲ၍ မည်သည့်အရာ ဖြစ်ပေအံ့နည်း။

မျှော်လင့်ခြင်းတည်းဟူသော ရသကို ငါတို့မြည်းစမ်းပြီးသည့်နောက်၊
အဖော်အပေါင်းတို့၏ ဒဏ်ရာများကို
ငါတို့၏ တစုတပေါင်းတည်း ညီညွတ်ခြင်း မော်ကွန်းတေးတို့ဖြင့်
တယောက်တလှည့် ဆေးကြော ကြပ်စည်းပြီးသည့်နောက်၊
အာခံတွင်းထဲ ငုံထားသည့် ဝိုင်တကျိုက်အားဖြင့်
နှုတ်ကို တင်းတင်းစေ့၍ ထာဝရပိတ်ထားရန်
ငါတို့ မလိုလားကြကုန်အံ့လော။

တခုတည်းသော အိပ်မက်ကို အတူမက်ခဲ့ကြပြီးနောက်၊
ထောင်ချီသော တံလျှပ်တို့၏ မာယာကြားမှ စစ်မှန်သောရေကို အတူရှာဖွေ တွေ့ရှိကြပြီးနောက်၊
သူရိယနေမင်း၏ မျက်မှောက်မှ ငါတို့ အဘယ်ကြောင့် ပြေးပုန်းရပါအံ့နည်း။
သို့တည်းမဟုတ် အမိုက်အမှောင်၏ လမ်းဆုံးကို ငါတို့အတူ လွန်မြောက်ကြပြီးနောက်၊
မဲမှောင်သည့် ညခင်းကောင်းကင်ကို ငါတို့ အဘယ်ကြောင့် ကြောက်ကြကုန်အံ့နည်း။
ငါတို့၏ သေခြင်းအားဖြင့် အဖန်ဖန် အသက်ပြန်ရှင်ကြပြီးနောက်
မရဏသေမင်း၏ အရိပ်အောက်ဝယ် ငါတို့ အဘယ်ကြောင့် ရှင်သန်နေထိုင်ကြကုန်အံ့နည်း။

သင်တို့ ကြားကြကုန်လော့ ဇိုဝိရာ၊ ဘေဒါ၊ အာ့ဂျ်ဒါဗျာ၊ တိုဘရုခ်၊ နာလွတ် မြို့အပေါင်းတို့၊
သင်တို့ ကြားကြကုန်လော့ ဒါနာ၊ မူစရတ္တာ၊ ဘင်္ဂါဇီ၊ ဇင်သန် မြို့အပေါင်းတို့၊
သင်တို့ ကြားကြကုန်လော့ ငါ၏ သွေးကြောချဉ်ဆီတို့၌ ဖွဲ့တည် ပြည့်လျှံနေသော
အိုးအိမ်၊ လမ်း​မြောင်၊ အိမ်တလင်းပြင်၊ မင်းလမ်းမ အပေါင်းတို့
တနေ့သောအခါ များမကြာမီကာလ၌
လွတ်လပ်သော သင့်နေ့ခင်း အလင်း​အောက်ဝယ်၊
မြင့်မားတင့်တယ်သော သင်၏သစ်ရိပ်ဝါးရိပ်အောက်ဝယ်၊
အာဇာနည်ရင်ပြင်၌ တည်ထားအပ်သော ပလ္လင်ထက်ဝယ်၊
ဖော်ယူလာသည့် သင့်သူရဲကောင်း ရုပ်ကြွင်းတို့ စံပယ်ကြကုန်အံ့။
ချစ်သူခင်သူအပေါင်းတို့သည်လည်း တယောက်လက်ကိုတယောက် ဆုပ်ကိုင်ထားကြကုန်အံ့။
စီးဆင်းအပ်သော သွေးတို့ကပေးသည့် အသက်ဓတ်ကို ငြင်းပယ်လျက်
သေဆုံးကြကုန်သည့် အာရုံကြောတို့၏ အကြောင်းကို ရှည်ဝေးစွာ ငါသည် စိတ်ကူးစူးစမ်းကြည့်ရန် မလိုပေ။
မျှော်လင့်ချက် စိုးစဉ်းမျှမရှိသည့် မြင်ကွင်းတို့ကို မြင်ယောင်ကြည့်ရန် ငါ၏အတိတ်ကို နက်ရှိုင်းစွာ တူးဆွကြည့်ရန် မလိုပေ။
သို့သော်ငြားလည်း ယခုအခါ ငါသည် မျှော်လင့်ခြင်းတည်းဟူသော ရသကို မြည်းစမ်းပြီးသည့်​နောက်၊
ငါ၏ ကြမ်းတမ်းသော အပြစ်ကင်းခြင်းတရားက ငါ့ကို ထွေးပွေ့ယုယခြင်းအား ငါသည် စုံမက်စွာ ခံယူခဲ့ပြီ။

မကုန်ဆုံးနိုင်အောင် ရှည်လျားသည်ဟု ထင်မှတ််ခဲ့သော ငါ့ရာစုနှစ်တို့သည် မည်မျှရှည်လျားခဲ့ပါသနည်း။
ငါသည် ရေတွက်ခြင်းအလို့ငှါ စိတ်မပါတော့။
ငါသည် တိုင်းတာရန်အလို့ငှါ စိတ်မပါတော့။
နိုင်လိုမင်းထက်တရား ခါးသက်သော ပေါင်မုန့်သည် မည်မျှတူးခါးခဲ့ပါသနည်း။
ငါသည် တဖန်ပြန် အမှတ်ရရန်အလို့ငှါ စိတ်မပါတော့။

သွေးတို့သွန်းလောင်း၍ ပင်ပန်းကြီးစွာ ရုန်းကန်ကြိုးစားခဲ့ကြပြီးနောက် လက်ဝယ်ပိုင်ပိုင်ရောက်သည့်
မျှော်လင့်ခြင်းတည်းဟူသော ရသကို ငါတို့မြည်းစမ်းပြီးသည့်နောက်၊
အခြားသော ဘဝတဏှာတို့ကို ခင်တွယ်စရာဟူ၍ ရှာဖွေကြရမည် ဆိုပါက၊
အခြားတပါးသော လူဖြစ်ခြင်းတရားတို့ကို ရှာဖွေကြရမည် ဆိုပါက၊
ငါတို့သည် အမြန်ဆုံး သေရန်ကိုသာ တောင့်တကြကုန်၏။

ချင်းတွင်းတွင် နှစ်ရှည်လများ စာများ ရေးသားပေးခဲ့သော စာရေးဆရာ မြဝင်း (ဒဿန) ကွယ်လွန်ကြောင်း ကြားရသဖြင့် ချင်းတွင်းမဂ္ဂဇင်း...
08/03/2021

ချင်းတွင်းတွင် နှစ်ရှည်လများ စာများ ရေးသားပေးခဲ့သော စာရေးဆရာ မြဝင်း (ဒဿန) ကွယ်လွန်ကြောင်း ကြားရသဖြင့် ချင်းတွင်းမဂ္ဂဇင်း မိသားစုလည်း အထူးဝမ်းနည်းပူဆွေးရပါသည်။

- ချင်းတွင်းမဂ္ဂဇင်း

***

ဆိုင်းတီးအတူ နားမထောင်ရတော့ဘူးပေါ့။ ဦးဟံပတို့ ဦးဘခိုင်တို့ အကြောင်းတွေ မပြောရတော့ဘူးပေါ့။

အထူးဝမ်းနည်းသော
ဘိုကေတာ

***

Photo Credit to နှစ်ကာလများစာပေ

01/03/2021

https://www.salayam-media.org/igor-blazevic/

အစိုးရ အကြမ်းဖက်မှုနောက်မှာ ပြည်သူ့ဗျူဟာ ဘယ်လိုရှိမလဲ

အီဂေါ

မြန်မာနိုင်ငံမြို့အသီးသီးမှ သွေးထွက်သံယိုများ၊ သေဆုံးပြည်သူများ၊ ဒဏ်ရာရသူများ၏ ဗွီဒီယိုနှင့်ဓာတ်ပုံများကို မနေ့က တွေ့ခဲ့ကြရသည်။ အဖမ်းခံရသူများကိုလည်း တွေ့မြင်ရသည်။ ထိုဓာတ်ပုံ ဗွီဒီယိုများနှင့် အတူပါလာသော နာကျင်မှုနှင့် ဒေါသကိုလည်း မြင်ရပါသည်။ ဓာတ်ပုံများနှင့် သတင်းစကားများက နာကျင်စွာ အော်ဟစ် အကူအညီတောင်းခံနေပါသည်။ ထို့အပြင် အကြမ်းမဖက်နည်းဖြင့် အလုပ်ဖြစ်ပါ့မလား ဟူသော မေခွန်းကလည်း မကြာခဏပေါ်လာပါသည်။

အကြမ်းမဖက် ဆန့်ကျင်ရေးကအလုပ်မဖြစ်လျှင်၊ ကျည်ဆံအစစ်များဖြင့် ပစ်ခတ်ခံနေရလျှင် အခြားနည်းလမ်းမပြောင်းသင့်ဘူးလား၊ အကြမ်းဖက်၍ မိမိကိုယ်ကိုယ် မကာကွယ်သင့်ဘူးလားဟု မေးကြသည်။ "အကြမ်းမဖက်ပါနဲ့ စည်းကမ်းကြီးကြီးနဲ့ကို အကြမ်းမဖက်ပါနဲ့။ အကြမ်းဖက် တုံ့ပြန်ရမည်ဟူသော သတင်းစကားကို နားမ​ထောင်ပါနဲ့" ဟု ထပ်မံ၍ သတင်းစကားပါးလိုပါသည်။

ဒေါသနှင့် ထိတ်လန့်စိတ်ကြောင့် အကြမ်းဖက်ရန် ဆော်ဩကြသည်ကို နားလည်ပါသည်။ ထိုသို့ဆိုလျှင် သွေးဆူလွယ်သော တိုက်ခိုက်ရေးသမား၊ အရှည်မမြင်သော ဗျူဟာသမားဖြစ်နေမည်ကို သတိပြုရပါမည်။ စစ်တပ်ဘက်မှ လူငယ်များ အကြမ်းဖက်လာအောင် လှုံ့ဆော်သော ဒလန်များလည်း ရှိပါသည်။ အကြမ်းမဖက်ကြပါနှင့် အခြားသူများကိုလည်း အကြမ်းမဖက်အောင် ဖျောင်းဖျပေးပါ။

စစ်တပ်နှင့်ရဲ၏ အကြမ်းဖက်မှုသည် မည်သည့်အခါကမှ မတော်တဆ မဟုတ်ပါ။ ရည်ရွယ်ချက်ရှိရှိနှင့် လာသော အမိန့်များဖြစ်ပါသည်။ သူတို့၏ ယခုရက်များအတွင်း အကြမ်းဖက်မှုသည် တိကျသော ရည်ရွယ်ချက်များရှိသည်။

၁။ ပထမ ရည်ရွယ်ချက်မှာ အကြမ်းဖက်မှုအားဖြင့် ကုလသမဂ္ဂတွင် စစ်ကောင်စီ၏ အရေးနိမ့်မှုကို အလျင်အမြန် ဖုံးသွားမည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာ အခြေအနေကို ဖန်တီးရန်ဖြစ်သည်။

၂။ ဒုတိယရည်မှန်းချက်မှာ လူထုတွင်း ကြောက်စိတ်ဖန်တီးရန် ဖြစ်သည်။ ဆန္ဒပြပွဲတွင်ဆက်ပါနေလျှင် ကြုံရမည့် အန္တရာယ်နှင့် ပေးဆပ်ရမည့် တန်ဖိုးမှာ ကြီးသည်ဟု ပြရန်ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် လာမည့်ရက်များတွင် ပြည်သူများလမ်းပေါ်ထွက်ရန် အနည်းငယ် တုံ့ဆိုင်းသွားမည်။

၃။ တတိယနှင့် အဓိက ရည်မှန်းချက်မှာ ဒေါသထွက်နေသော လူငယ်များဆီမှ တန်ပြန်အကြမ်းဖက်မှု ပေါ်လာစေရန်ဖြစ်ပါသည်။ တန်ပြန်အကြမ်းဖက်လာရန်မှာ အာဏာသိမ်းစစ်ကောင်စီမှ အဓိက လိုအပ် နေသော အရာဖြစ်ပါသည်။ နိုင်ငံတဝှမ်းမှ ဆရာဝန်များ၊ ဆရာများ၊ ဝန်ထမ်းများ၊ အလွှာအသီးမှ လူကြီး လူငယ် ဆယ်ကျော်သက် ယောကျာ်း မိန်းမ အစုံစုံအလင်လင် ပြည်သူများ ပါကြသည့် လှပသော၊ အေးချမ်းသော၊ စည်းကမ်းရှိသော ဆန့်ကျင် ဆန္ဒပြမှုနေရာတွင် လမ်းပေါ်တိုက်ပွဲများဖြင့် အစားထိုးရန် တပ်က လိုလားပါသည်။ ထိုသို့သော ကျယ်ပြန့်ကြီးမားသည့် ပြည်သူများနေရာတွင် ကျောက်တုံးများ၊ ရေနံဆီဗုံးများဖြင့် ပစ်နေသော လူငယ် ၁၀၀၊ ၂၀၀ ခန့်နှင့် အစားထိုးသွားသည့် အခြေအနေကို တပ်က လိုချင်ပါသည်။ သူတို့နောက်တွင် ထောင်ချီသော ပြည်သူများ ရှိမနေသည့် ထိုအခင်းအကျင်းကို လိုချင်ပါသည်။ တပ်သည် ထိုလူ ၁၀၀/ ၂၀၀ အား မည်သို့ကိုင်တွယ်ရမညိကို သိပါသည်။ သူတို့သည် အကြမ်းဖက်ဆန့်ကျင်မှုကို အကြမ်းဖက် နှိပ်ကွပ်ရန် လေ့ကျင့်ထားသူများ ဖြစ်ပါသည်။

အမြဲတမ်း အသွင်ပြောင်းနေ၍ ဥာဏ်ပညာပါသော မထင်မှတ်သည့် အကြမ်းမဖက်နည်းလမ်းများကို တပ်သည် မကိုင်တွယ်တတ်ပါ။

ထိုအချက်ကြောင့်ပင် ယနေ့အတွက် အရေးကြီးဆုံး အကြံပြုချက်မှာ မကြမ်းမဖက်ရန် ဖြစ်ပါသည်။

- အကြမ်းမဖက်ပါနှင့် အကြမ်းမဖက်ဆန့်ကျင်ရေးကို ကြပ်ကြပ်စောင့်ထိန်းပါ။

- အင်တာနက်တွင် ဓာတ်ပုံ၊ ဗွီဒီယို ဖြန့်ဝေမှုများကို သတိပြုပါ။ လူအဖွဲ့အစည်းအတွင်း ကြောက်စိတ်ဖန်တီးရေး လုပ်နေသော တပ်၏ ယန္တရားတွင် သတိမထားမိဘဲ ဝင်ကူညီနေသူ မဖြစ်ပါစေနှင့်။ ထိတ်လန့်စရာပုံရိပ်များ ပျံ့နှံ့လျှင် လူထုတွင်း ကြောက်စိတ်ကြီးလာမည်။ တဖက်တွင်လည်း စစ်တပ်နှင့်ရဲ၏ ရာဇဝတ်မှုများကို မှတ်တမ်းမှတ်ရာ သေသေချာချာ ရှိထားရပါမည်။ အခြေအ​နေမှန် ရုပ်သံမှန်များတွင် လူထုလှုပ်ရှားမှုဘက်မှ အားဖြစ်စေမည့် ဇာတ်ကြောင်းနှင့် သတင်းစကားပါရပါမည်။ ဓာတ်ပုံနှင့်ဗွီဒီယိုများသည် သူ့ချည်းသာ မဟုတ်ပါ။ သူက သယ်ဆောင်ပေးသော သတင်းစကား ရှိပါသည်။ ကြောက်လန့်သွားမည့် ရှုံးပြီဟူသော စိတ်မျိုးဖြစ်စေမည့် ဇာတ်ကြောင်းများ မပြန့်ပါစေနှင့်။ အားပေး အားရှိစေသော သတင်းစကားသာဖြစ်ပါစေ။

- နောက်ဆုံးအနေနှင့်အကြံပြုလိုသည်မှာ ခန့်မှန်း၍ ရသောပုံစံမှ နေ၍ အခြားနည်းပရိယာယ်များသို့ ပြောင်းပါ၊ ယခုလုပ်နေသော နည်းတွင် ဘယ်နေရာလူစုမည်ဟု ကြိုသိနေသည်။ လုံခြုံရေး ယူထားသော နေရာများကို ရှောင်၍ မထင်မှတ်သော နေရာများမှ ထွက်ပါ။ တိုက်ရိုက် ရင်ဆိုင်မှု မဟုတ်ဘဲ ဘာလုပ်ရမှန်းမသိဖြစ်မည့် တင့်ကားများ လွှတ်ရန် မလွယ်သည့် နည်းလမ်းများ ရှာပါ။ ဆန္ဒပြနေတာလား ကစားနေတာလား မရှင်းမလင်းဖြစ်မည့် နည်လမ်းများ အရွှင်ရပ်ဝန်းများ လုပ်၍ရပါသည်။ နှိမ်နင်းရန် မလွယ်သော အလုပ်များဖြစ်ရမည့် တပြိုင်တည်းတွင် လူအများပါဝင်ဆင်နွှဲနိုင်သော လှုပ်ရှားမှုများကို ဦးတည်ရမည် ထင်ပါသည်။

Igor Blazevic အီဂေါ ဘလာဇီဗစ်

—————————————————

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း Igor Blazevic ဟာ Educational Initiatives ရဲ့ ဦးဆောင်ဆရာ တဦး ဖြစ်ခဲ့ပြီး Comparative experiences of successful and failed transitions to Democracy “ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများ အောင်မြင်ခဲ့ခြင်းနှင့် ကျဆုံးခဲ့ခြင်း အတွေ့အကြုံများ“ သင်တန်းတွေကို သင်ကြားပို့ချခဲ့ပါတယ်။

လက်ရှိမှာ ချက်နိုင်ငံ Prague Civil Society Centre နဲ့ အရှေ့ဥရောပ၊ ကော့ကေးဆပ်ဒေသနဲ့ အာရှအလယ်ပိုင်း နိုင်ငံတွေက အရပ်ဘက်လူထုကို ပံ့ပိုးအားပေးတဲ့ စီမံချက်တွေကို လုပ်ဆောင်နေပါတယ်။ Igor Blazevic ဟာ မြန်မာနိုင်ငံမှာ “လူ့အခွင့်အရေးနဲ့လူ့သိက္ခာ ရုပ်ရှင်ပွဲတော်” လုပ်ရာမှာ အဓိကပူးပေါင်းပံ့ပိုးတဲ့ “One World Human Rights Film Festival” ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။

အွယ်ပီး

 #မြန်မာပြည် လူ့အသိုက်အဝန်းကြားက ပဋိပက္ခများ #မောင်မြတ်ထင်  riot systemစာရှုသူများ ခင်ဗျား  …ကျွန်တော်တို့ မြန်မာပြည်ကြီ...
22/02/2021

#မြန်မာပြည် လူ့အသိုက်အဝန်းကြားက ပဋိပက္ခများ
#မောင်မြတ်ထင်
riot system

စာရှုသူများ ခင်ဗျား …
ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ လူ့အသိုက်အဝန်းတွေကြားက ပဋိပက္ခတွေ ဖြစ်နေပါတယ်။ အင်္ဂလိပ်လို communal conflict လို့ ခေါ်တာပ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲနောက်ပိုင်းမှာ ဖြစ်လာတာပါ။ အရင်က မဖြစ်ဘဲ အခုမှ ဘာကြောင့်ဖြစ်ရသလဲ။ စေ့ငုတဲ့အခါ၊ လား ... လား ... ကျွန်တော်တို့ပြည်မှာ ‘‘စနစ်တကျ အဓိကရုဏ်းဖန်တီးရေး အဖွဲ့ကြီး’’ တည်ရှိနေပြီတဲ့ဗျ။ အဓိကရုဏ်းဖြစ်အောင် ဖန်တီးတဲ့ အင်စတီကျူးရှင်းတဲ့။ အဲသည် ကြောက်စရာကြီး ရှိကိုရှိတယ်လို့ ဆိုတဲ့သူက ဆိုနေကြပါပြီ။

လူတော်တော်များများက ရိပ်မိပါတယ်။ သမ္မတကြီးကတောင် နောက်ကွယ်ကလူတစု ဆိုတာမျိုး ပြောတာပါ။ ပေါလ်ဘရတ်ဆိုတဲ့ နိုင်ငံရေးသိပ္ပံပညာရှင်ကတော့ ဒါမျိုးတွေ အထူးသဖြင့် ဟိန္ဒူ - မွတ်စလင် အဓိကရုဏ်းတွေကို နှစ်ဆယ်ချီကြာအောင် လေ့လာသတဲ့။ သူ့အဆိုအရ၊ ကျွန်တော်တို့ပြည်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို ‘‘ဗုဒ္ဓဘာသာ - မွတ်စလင် တွေကြား လူ့အသိုက်အဝန်းနှစ်ခုကြားက ပဋိပက္ခများလို့’’ ပြောရင်ကို အဲသလို နာမည်တပ်တာမျိုးက မှားတယ်။ စနစ်တကျ အဓိကရုဏ်း ဖန်တီးရေး စနစ်/အဖွဲ့က အဲသလို ခေါင်းစဉ်တပ်တာမျိုးကို ကြိုက်တယ်။ ဒါမှ သူတို့ ‘‘ဖန်တီးထုတ်လုပ်’’ တာ မပေါ်မှာမို့ပဲတဲ့။ ဆက်လက်ဖတ်ရှုတော်မူကြပါ ခင်ဗျား။

* * *
စနစ်တကျ အဓိကရုဏ်းဖန်တီးတဲ့ စနစ်/အဖွဲ့ (institutionalized riot system) ကို အောက်ပါအတိုင်း တည်ဆောက်ထားတာပါ။

(၁) မီးမွေးသူတွေ
မီးမွေးသူဆိုတဲ့အတိုင်း အသေးအဖွဲလေးတွေ၊ ရန်ဖြစ်တာတွေကို သတင်းပြန့်အောင်လုပ်တယ်။ တင်းမာမှုတွေ ပေါ်အောင် ကြီးထွားအောင် ပုံကြီးချဲ့မယ်။ အပေါ်ယံမှာတော့ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ထိန်းထားလိုတဲ့ဆန္ဒ သူ့မှာ ရှိသလိုလိုနေမယ်။ သူဟာ စကော်လာတယောက် ပညာရှင်တယောက် ဖြစ်ချင်ဖြစ်နေနိုင်တယ်။ မြန်မာကောင်မလေးတယောက်ကို မွတ်စလင်ကောင်လေးတယောက်က ခိုးပြေးတာမျိုးကို သူက စိတ်ဝင်စားတယ်။ ဘာသာခြားနှစ်ခုကြား စျေးရောင်းရင်း စကားများတာမျိုးကိုလည်း သူက ဖော်ထုတ်နေတတ်တယ်။ အမုန်းစကားတွေ လွင့်တယ်။ ရပ်ကွက်ထဲမှာဖြစ်ဖြစ် ဖေ့စ်ဘုတ်ပေါ်ကဖြစ်ဖြစ် ရန်လိုတဲ့စကားတွေ မတူတာတွေ ကွဲပြားတာတွေ ဟောချင် ဟောတယ်။

လူမျိုး ဘာသာ မတူတဲ့ အုပ်စုတွေကြား ရင်လိုမုန်းတီးမှုကို တောက်နေအောင် လောင်နေအောင် အဆက်မပြတ် မီးမွေးထားဖို့ ဆိုတဲ့ ကဏ္ဍကို ယူတဲ့သူတွေပါပဲ။

(၂) အချက်ပြသမား
ဒီလူတွေကတော့ လုပ်ကြတော့ဟေ့လို့ အချက်ပြပေးတဲ့သူတွေပေါ့။ ဒေသခံ နိုင်ငံရေးသမားတယောက် ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးဘေးမှာ ရှိနေတာများတယ်။ ပဋိပက္ခဖြစ်အောင် ခု လုပ်မလား၊ မလုပ်သေးဘူးလား။ လူအုပ်ကြီးကို ဘယ်လိုစုစည်းမယ်၊ ဘယ်လမ်းကြောင်း ခေါ်သွားမယ်ဆိုတဲ့ နည်းနာတွေ တတ်တယ်။ တကယ်တော့ အချက်ပြသမားဟာ ကျွမ်းကျင်တဲ့သူတဲ့။ စပါယ်ရှယ်လစ်ဆိုပဲ။ သူက အချိန်ရောက်ပြီဆိုရင် အချက်ပြတယ်။ ပြောတဲ့ဆိုတဲ့စကားတွေမှာ အလွန်အမင်း ရန်လိုမုန်းတီးမှုတွေ ပါလာပြီ။ ခဲနဲ့စတင်ပေါက်တဲ့သူပေါ့။ ဒီနောက်တော့ အဲဒီနေရာကနေ ရှောင်သွားတော့မယ်။ ဒါပေတဲ့ ချကုန်ပြီဟေ့ဆိုတဲ့ စကားက နှစ်ဘက်စလုံးကို ရောက်သွားပြီ။

(၃) လူဆိုး လူမိုက်တွေ
ငွေပေးမယ်၊ မြှောက်စားမယ်ဆိုပြီး စည်းရုံးထားတဲ့ လူဆိုးလူမိုက်တွေ၊ မွဲတေနေသူတွေ။

(၄) မီဒီယာတွေ
သူတို့ကတော့ တကယ်လုပ်သူတွေအကြောင်းကို ရေးသားပြောဆိုတာထက် ဒေါသထွက်နေတဲ့ လူအုပ်ကြီးဆိုပြီး အကြမ်းဖက်မှု ဖြစ်နေတုန်းရော ဖြစ်ပြီးနောက်ရော ပြောဆိုရှင်းပြတဲ့သူတွေ။ ကောလာဟလတွေကို ပုံနှိပ် ထုတ်ဝေပေးတဲ့သူတွေ။ ဆွပေးတဲ့သူ၊ သားကောင်ဖြစ်ရရှာသူတွေကိုပဲ အပြစ်တင်ခံရအောင် ရေးသူတွေပါပဲ။

(၅) နိုင်ငံရေးသမားတွေ၊ အာဏာပိုင်တွေ
သူတို့ကတော့ အဓိကရုဏ်းမှာ ပါသူတွေကို အကာအကွယ် ပေးတယ်။ ထောင်ကျသွားရင် ထောင်ထဲက ထုတ်ပေးတယ်။

နိုင်ငံရေးမှာ ထုတ်ရလေ့ရှိတဲ့ မေးခွန်းတခုက ‘‘ဘယ်သူဟာ ဘယ်အချိန်မှာ ဘယ်ဟာကို ဘယ်လိုရမှာတုန်း’’ ဆိုပဲ။ တချို့ နိုင်ငံရေးသမားတွေ အာဏာလက်ရှိတွေဟာ အဓိကရုဏ်းတွေကြောင့် အကျိုးကျေးဇူးတွေ ရတယ်။ ဒါကြောင့် သူတို့ရဲ့လက်ဝေခံ စီးပွားရေးသမားတွေကလည်း အဓိကရုဏ်းဖန်တီးတဲ့စနစ်/အဖွဲ့ကို လျှို့ဝှက်ထောက်ပံ့ကြတယ်။

စာရှုသူများ ခင်ဗျား …
အဲသလို အဓိကရုဏ်းဖန်တီးရေးစနစ်ကို လျှို့ဝှက်တည်ဆောက်ပြီး တာဝန်တွေခွဲဝေပြီးရင် အဓိကရုဏ်းတွေကို သူတို့လိုတဲ့အချိန် လိုတဲ့နေရာမှာ ဖြစ်အောင် ထုတ်လုပ်တော့တာပါပဲတဲ့။

အဓိကရုဏ်းထုတ်လုပ်မှုမှာ အဆင့်သုံးဆင့်ပါသတဲ့။
(၁) ပြင်ဆင်ပေးတယ်။ (ဇာတ်တိုက်တယ် ဆိုကြပါစို့။)
အုပ်စုဝင်တယောက်က တခြားမတူတဲ့ အုပ်ဝင်တယောက်အပေါ် ကျူးလွန်တဲ့ စော်ကားမှုတွေ၊ ခြိမ်းခြောက်မှုတွေလိုမျိုး နေ့စဉ်နဲ့အမျှ သာမန်ဖြစ်တတ်တဲ့ အဖြစ်အပျက်လေးတွေကို ခုတုံးလုပ် ပုံကြီးချဲ့ပြီး တင်းမာမှုတွေကို ဆက်လက်ကြီးထွားနေအောင် မွေးပါတယ်။ အဓိကရုဏ်းတွေ ထူးထူးခြားခြား ဖြစ်ပွားတဲ့ ဒေသတွေမှာ ‘‘ပြင်ဆင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်ပေးခြင်း’’ ကို အမြဲမပြတ် လုပ်ဆောင်နေကြတာကို တွေ့ရတာပါပဲ။

(၂) အကောင်အထည်ဖော်တယ်။
အကောင်အထည်ဖော်ခြင်းဆိုတဲ့ ဒုတိယအဆင့်ကိုတော့ ချက်ချင်းမလုပ်ဆောင်ဘူး။ အကောင်အထည်ဖော်နိုင်ဖို့က အချိန်ကာလအားဖြင့်လည်း သင့်တော်နေရမှာဖြစ်ပြီး အချိန်ကာလ ဆိုတာကလည်း နိုင်ငံရေးအခြေအနေပေါ်မှာ မူတည်နေတာပါ။ အတိုင်းအတာကြီးမားတဲ့ အဓိကရုဏ်းတွေကို နိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ အခြေအနေတွေမှာ လုပ်ဆောင်ကြလေရဲ့။

(၃) ရှင်းပြတယ် (ဝါ) အဓိပ္ပာယ်ဖွင့်ပြတယ်။
အကြမ်းဖက်မှုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေကို ရှင်းပြဖို့ ကြိုးစားတာက အဓိပ္ပာယ်ဖွင့်ဆိုပြခြင်းဆိုတဲ့ တတိယအဆင့်ပါပဲ။ ဒီအဆင့်ကို ရောက်လာပြီဆိုရင် ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမားတွေ၊ လူမှုသိပ္ပံပညာရှင်တွေနဲ့ လူထုသဘောထားအမြင်ကို ပုံဖော်ဖို့ ကြိုးစားနေသူတွေ ပါဝင်လာကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူတိုင်း မဟုတ်ရင်တောင် သာမာန်လူတွေရဲ့ ယေဘုယျအမြင်မှာ အကြမ်းဖက်မှုတွေဆိုတာ ရုတ်တရက် ကောက်ကာငင်ကာ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဘာသာရေး လူမျိုးရေးတွေမှာ မြစ်ဖျားခံပြီး ပါဝင်လာကြတာ။ ကြိုတင်ခန့်မှန်းရခက်ခဲပြီး ကာကွယ်တားဆီးဖို့ ထိန်းသိမ်းကိုင်တွယ်ဖို့ ခက်ခဲတယ် ဆိုတာ လူတွေလက်ခံလာအောင် လုပ်ကြဖို့ပါပဲ။

တကယ်တမ်းမှာတော့ အဓိကရုဏ်းတွေ သတ်ဖြတ်မှုတွေ ဆိုတာ ကြိုတင်အကွက်ချ စီစဉ်ထားတာဖြစ်ပြီး ရုတ်တရက် ဖြစ်ပေါ်လာတာတွေ မဟုတ်ကြပါဘူး။ ဒေါသတွေ အကြောက်တရားတွေကြောင့် ပူထူနေတဲ့ လူအုပ်ကြီးက လုပ်ဆောင်တာလည်း မဟုတ်ပါဘူး။ အဓိကရုဏ်းထဲမှာ ပါနေတဲ့ လူအုပ်ကြီးက တမင်တကာ သွေးကြွလာအောင် ဆွပေးခံထားရတာဖြစ်ပြီး ဘယ်သူ ဘယ်ဝါမှန်းမသိရတဲ့ အဖွဲ့တွေ အုပ်စုတွေက စီစဉ် ဆောင်ရွက်ပေးတာသာ ဖြစ်ပါတယ်။ ပြီးတော့ ကြိုတင်ခန့်မှန်းလို့လည်း ရနိုင်ပါတယ်။ အဓိကရုဏ်းတွေ ဖြစ်လာတော့မယ် ဆိုတာကို ကြိုတင်ညွန်ပြနေတဲ့ သတိပေး အချက်ပြသင်္ကေတတွေလည်း ရှိတာများပါတယ်။

ရှင်းပြခြင်းအဆင့်မှာ တကယ်ကျူးလွန်သူတွေ တကယ် တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ကလည်း ဖြစ်နိုင်ပါတယ်။ ဒါပေတဲ့ မဆိုင်တဲ့သူတွေအပေါ် အပြစ်တွေ ပုံချကြပါတယ်။ အဲဒီလို ပုံချနိုင်မှပဲ တကယ် တာဝန်ရှိသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်တော့ဘဲ အခြေအနေတွေက ရှုပ်ထွေးဝေဝါးသွားပါတယ်။ အဲဒီလိုမျိုး လွဲချအပြစ်တင်ခြင်းနဲ့ တာဝန်ရှိသူတွေ ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်တာကြောင့် နောက်နောင် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေအောင် လုပ်ဆောင်ဖို့ လွယ်ကူသွားရောတဲ့။

* * *
အဓိကရုဏ်းတွေအဆင့်ထိကို ရောက်သွားဖို့ဆိုရင် အောက်ပါ အချက်အလက်တွေ အတော်များများ တပြိုင်နက်တည်း ရှိနေဖို့ လိုပါတယ်။

ပထမဆုံး အယူဝါဒသွတ်သွင်းရေး၊ ဝါဒဖြန့်ချိရေးယန္တရားကြီးကြောင့် စိတ်လှုပ်ရှား၊ သွေးဆူနေပြီး စိတ်ဝမ်းကွဲပြားနေတဲ့ လူမှုအသိုက်အဝန်းတွေ ရှိနေရမယ်။ လူမှုအသိုက်အဝန်းကို အခြေခံ ပြောဆိုစည်းရုံးနေမှုတွေလည်း ထင်ရှားရှိနေရမယ်။ လူအတော်များများ စိတ်ထဲမှာ ဒီကောင်တွေကတော့ကွာ၊ ငါတို့ ချပစ်မှ ဖြစ်မယ်၊ ဒါမှမဟုတ် ငါတို့တော့ ဒီကောင်တွေရန်က ကာကွယ်မှ ဖြစ်တော့မယ် ... စတဲ့ စိတ်အခြေအနေလည်း ရှိနေရမယ်။ ဒါ့အပြင် တနေရာတည်းမှာ အတူသိပ်သိပ်သည်းသည်း စုဝေးနေထိုင်တဲ့ အုပ်စုနှစ်ခု (လူနည်းစုနဲ့ လူများစု) လည်း ရှိရမယ်။

ဒုတိယ၊ ‘‘စနစ်တကျ အဓိကရုဏ်းဖန်တီးဖို့ လေ့ကျင့်ထားတဲ့၊ အရက်တွေ ကြွဆေးတွေ စသည်ဖြင့် နည်းပေါင်းစုံနဲ့ တက်ကြွအောင် ဖန်တီးထားတဲ့လူစု၊’’ လူစုလူဝေးလိုက် လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ကိုင်ဖို့ အသင့်ဖြစ်နေအောင် ဖန်တီးတဲ့ အုပ်စုတွေလည်း ရှိထားရမယ်။

တတိယ၊ အဓိကရုဏ်းတွေ တကယ်ဖြစ်လာရင် အကျိုးအမြတ်ရှိမယ်လို့ ယုံကြည်ယူဆထားတဲ့ စီးပွားရေးသမားလူတန်းစား (business class) လည်း ရှိနေဖို့ လိုအပ်တယ်။ ဒါမှပဲ အဓိကရုဏ်းတွေ ဖြစ်ပေါ်အောင် ဆွပေးတဲ့ လှုပ်ရှားမှုတွေကို အဲဒီလုပ်ငန်းရှင်တွေက ထိထိရောက်ရောက် ဆန့်ကျင်မနေတော့မှာ ဖြစ်တယ်။

စတုတ္ထ၊ အဓိကရုဏ်းတွေ ဖြစ်လာရင် စဉ်းစားတွက်ချက်ထားတဲ့ နိုင်ငံရေးခွင် (political context) နဲ့ နိုင်ငံရေးအကျိုးစီးပွား (political interest) တွေ ပေါ်ပေါက်လာမယ်လို့လည်း ယူဆထားတဲ့ ပုဂ္ဂိုလ်တွေ ရှိရပါတယ်။ (အဓိကရုဏ်းတွေ ဖြစ်လာရင် အကျိုးအမြတ်တွေ ပေါ်လာမယ်လို့ နိုင်ငံရေးအာဏာ ရထားသူတွေက ယူဆမထားရင် ဒါမှမဟုတ် အဓိကရုဏ်းတွေ ဖြစ်လာရင် နိုင်ငံရေးအာဏာ ရနိုင်မယ်လို့ မရသေးသူတွေကလည်း ယူဆမထားဘူးဆိုရင် အကြီးစား အဓိကရုဏ်းတွေ ဖြစ်လာစရာ အကြောင်းမရှိပါ။ ဒါမှမဟုတ် သေးငယ်တဲ့ အဖြစ်အပျက်လေးတွေကနေတဆင့် ကြီးမားတဲ့ အဖြစ်တွေဆီကို ကူးပြောင်းမသွားနိုင်။)

ရဲတပ်ဖွဲ့နဲ့ ဒေသခံ အာဏာပိုင်တွေ ဘာမှမလှုပ်ရှားဘဲ ထိုင်နေဖို့ လိုပါတယ်။ အနည်းဆုံးတော့ အဓိကရုဏ်းတွေ ဖြစ်ဖို့ စတင်တာစူနေတဲ့ အစပိုင်းမှာ ထိုင်နေဖို့လိုပါတယ်။ နိုင်ငံရေးစိတ်ဆန္ဒသာ အမှန်တကယ်ရှိရင် အဓိကရုဏ်းတွေ ပြင်းထန်လွန်ကဲမသွားခင်မှာ ထိထိရောက်ရောက် လျင်လျင်မြန်မြန် အရေးယူလုပ်ဆောင်ပြီး ထိန်းလိုက်နိုင်မှာပါ။ အာဏာပိုင်တွေရဲ့ အရေးယူဆောင်ရွက်မှုတွေသာ မြန်ဆန်မယ်ဆိုရင် အသေးအဖွဲကိစ္စလေးတွေကို ဒါမှမဟုတ် ဖြစ်ကာစ အဓိကရုဏ်းတွေတောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လျင်မြန်တဲ့ လုပ်ဆောင်မှုတွေလည်း ရှိမနေတဲ့အပြင် အဓိကရုဏ်းတွေ ဖြစ်စေချင်တဲ့ နိုင်ငံရေးအကျိုးစီးပွားတွေပါ (စီးပွားရေး အကျိုးစီးပွားတွေလည်း တစိတ်တပိုင်းပါဝင်) ရှိနေပြီဆိုရင် အဓိကရုဏ်းတွေ ဖြစ်လာတော့မှာ မြေကြီးလက်ခတ် မလွဲပါပဲ။ ဒေသခံအာဏာပိုင်တွေ အရေးယူဆောင်ရွက်မှု မရှိတာ၊ အရည်အချင်း မပြည့်ဝတာ၊ တက်တက်ကြွကြွ မရှိတာ၊ ပေါ့လျော့တာတို့ကြောင့် များသောအားဖြင့် ဖြစ်ရတာပဲလို့ ပြောနိုင်ပါတယ်။

* * *
စာရှုသူများ ခင်ဗျား ...
အဖျက်စနစ်ကြီးဟာ သူတို့ကို လူမသိရလေအောင် တံဆိပ်အမှားများလည်း ကပ်ပါတယ်။

တံဆိပ်မှားကပ်ခြင်း
ယခုလက်တွေ့ ဖြစ်ရှိခဲ့တာတွေကို ‘‘လူမှုအသိုက်အဝန်း အကြမ်းဖက်မှု’’ ‘‘လူမှုအသိုက်အဝန်း ပဋိပက္ခ’’ (communal conflict) လို့ ခေါင်းစဉ်တပ်ကြပါတယ်။ အဓိကရုဏ်းတွေ (riots)၊ တောခြောက် သတ်ဖြတ်မှုတွေ (programs) လို့ပြောရင် ပိုပြီး ပြည့်စုံပါတယ်။

တံဆိပ်မှားကပ်တာကြောင့် အဓိကရုဏ်းတွေ သတ်ဖြတ်မှုတွေကို တကယ်လှုံ့ဆော် သွေးထိုးသူတွေ၊ ပြင်ဆင်ပေးသူတွေ၊ အကောင်အထည်ဖော်သူတွေ ဖြစ်တဲ့ လူပုဂ္ဂိုလ်တွေ၊ အုပ်စုတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ တာဝန်ရှိမှုတွေကို ဖုံးကွယ်ထားဖို့ လွယ်ကူသွားပါတယ်။

အဓိကရုဏ်းတွေ၊ သတ်ဖြတ်မှုတွေဖြစ်ပေတဲ့ ‘‘လူမှုအသိုက်အဝန်း ပဋိပက္ခ’’ လို့ ခေါင်းစဉ်မှားတပ်ထားတာကြောင့် ဖြစ်ပွားထားတဲ့ အဖြစ်အပျက်တွေမှာ အုပ်စု ၂ ခု ပါဝင်နေပြီး သူတို့နှစ်ဘက်စလုံးက တာဝန်ရှိတယ် ဒုက္ခသုက္ခတွေ ထိခိုက်သေဆုံးမှုတွေကို ညီတူမျှတူ ခံစားကြရတယ်ဆိုတဲ့ သဘောမျိုး မှားယွင်းပေါ်လွင်သွားပါတယ်။ တကယ်တော့ တဘက်ဘက်ပဲ အများကြီးထိခိုက် ပျက်စီး သေကျေ ပျက်သုဉ်းကြရတာ ဖြစ်ပါတယ်။ တဘက်ဘက်ကပဲ အဓိကရုဏ်းတွေ၊ သတ်ဖြတ်မှုတွေရဲ့ဒဏ်ကို ကျောကော့နေအောင် ခံကြရတာ ဖြစ်ပါတယ်။

ရုတ်တရက် တုံ့ပြန်မှု (spontaneous mass response) ကြောင့် ဖြစ်ပေါ်လာတာလို့ အာဏာပိုင်တွေ၊ မီဒီယာတွေ၊ သဘောထားအမြင် ထုတ်ဖော်ရေးသားသူတွေ၊ ပညာရှင်တချို့က ပြောပေးကြပါတယ်။ အဲဒီလို လွဲမှားအပြစ်ပုံချမှု (blame-displacing claim) က ‘‘အင်စတီကျူးရှင်းဆန်ဆန် စနစ်တကျ အဓိကရုဏ်း ဖန်တီးခြင်း’’ မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ အိန္ဒိယနိုင်ငံအတွက် လုပ်ဆောင်ထားတဲ့ ဘရတ်ရဲ့ သုတေသနတွေက ပြနေပါတယ်။

* * *

အဖျက်စနစ်ကြီးကို နားလည်ချင်ရင် မေးခွန်းတွေ ထုတ်သင့်ပါတယ်။
၂ဝ၁၃ ခုနှစ် မတ်လက မိတ္ထီလာမှာ၊ မေလက လားရှိုးနဲ့ ၂ဝ၁၄ ဇူလိုင်က မန္တလေးမှာ ဖြစ်ခဲ့တာတွေကို ဘယ်လိုဖြစ်ခဲ့တာလဲ မေးခွန်းထုတ်ချင် ထုတ်လို့ရတယ်။

မေးသင့်တဲ့ မေးခွန်းများ
(၁) အဆက်အစပ်မရှိတဲ့ သီးခြားဖြစ်ရပ်တွေဆိုတာ မရှိဘူး မဟုတ်လား။ အောက်ပါမေးခွန်းတွေကို ထုတ်ပါ။
စိတ်ဝမ်းကွဲမှုတွေနဲ့ တင်းမာမှုတွေဖြစ်အောင် ဘယ်သူတွေက ဘယ်လိုနည်းလမ်းတွေနဲ့ မွေးတာလဲ။
ဘယ်လို တိုက်တိုက်ဆိုင်ဆိုင် ဘယ်သူတွေက ထုတ်လုပ်တာလဲ။
နားလည်မှုတွေ လွဲအောင် ဘယ်သူတွေက အနက်ပြန်နေတာလဲ။
လုပ်ပိုင်ခွင့် အာဏာတွေရှိပေတဲ့ ဘယ်သူတွေက ဘာကြောင့် မတားဆီးတာလဲ။
လူ့အဖွဲ့အစည်းမှာ စိတ်ဝမ်းကွဲပြားမှုတွေဖြစ်ရင် ဘယ်သူတွေက အကျိုးအမြတ်ထွက်မှာလဲ။

(၂) နိုင်ငံရေးအခြေအနေတွေ (ဥပမာ - ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရွေးကောက်ပွဲ) ပါလာပြီဆိုရင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး လူတွေကို စည်းရုံးကြတော့မှာကြောင့် နိုင်ငံရေးအရ အရှုံးအနိုင်တွေ ကြီးမားလာတော့မှာပါ။

အစ ပထမမှာ အဓိကရုဏ်းစနစ်က သာမန် အသေးစားတွေ ဖြစ်ချင်ဖြစ်ပေတဲ့ ဆိုးဆိုးဝါးဝါးတွေနဲ့ အကြိမ်အရေအတွက် များများ ဖြစ်လာနိုင်ပါသလား။

(၃) တိုက်ရိုက်ကျူးလွန်သူကို ဖော်ထုတ်ခြင်းအဆင့်မှာတင် မရပ်ဘဲ စနစ်ကြီးရဲ့ တာဝန်ခွဲယူပုံ (ဝါ) တခြားကျူးလွန်သူတွေကို ဖော်ထုတ်သင့်ပါတယ်။

(၄) အပြစ်ပေးမခံရဘဲ လွတ်မြောက်နေတာက အရေးကြီးတယ်။
အဓိကရုဏ်းကို တကယ်ထုတ်လုပ်သူတွေက တံဆိပ်မှားကပ်ခြင်းနဲ့ အဓိပ္ပာယ်မှားယွင်းဖွင့်ဆိုခြင်း မြူမှုန်တွေရဲ့နောက်မှာ ပျောက်ကွယ်နေတတ်လို့ပါ။

(၅) အရေးယူတာတင် မကဘဲ အရေးမယူ မလုပ်ဆောင်တာတွေကိုလည်း မေးခွန်းထုတ်ရမယ်။
ဘာကြောင့်လဲ။ ကြိုလည်း တားနိုင်လျက်နဲ့။ ဘာကြောင့် စိတ်ဆန္ဒ မရှိတာလဲ။ ကိုယ်တိုင်ကိုယ်ကျများ ပါဝင်နေလို့လား။

မမေးသင့်တဲ့ မေးခွန်းတွေလည်း ရှိတယ်။
(၁) ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကို မေးလိုက်ရင် ဆင်းရဲမွဲတေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း၊ လူမှုရေးအရ စိတ်ပျက်ဒေါသထွက်နေခြင်း၊ မြေယာနဲ့ စီးပွားရေးအကျိုးအမြတ်တွေအတွက် အပြိုင်အဆိုင် လုယူကြခြင်းဆိုတဲ့ အဖြေတွေပဲ အများဆုံး ပေါ်ထွက်လာပါလိမ့်မယ်။ ဖြစ်ပွားရတဲ့ ‘‘အကြောင်းရင်းတွေ’’ ကို အာရုံစိုက်နေခြင်းအားဖြင့် ရဲတပ်ဖွဲ့ဝင်တွေ ‘‘အရည်အချင်းနည်းပါးမှု’’၊ အာဏာပိုင်တွေအပိုင်းမှာ ‘‘အားနည်းမှု’’ ဆိုတဲ့ အဖြေတွေဆီကိုပဲ ရောက်သွားနိုင်ပါတယ်။ တရားဥပဒေစိုးမိုးမှု အကောင်အထည်ဖော်ရေး၊ လက်နက်ကိုင်အဖွဲ့တွေကို လေ့ကျင့်ပေး လက်နက် တပ်ဆင်ပေးရေးကို အကြံပြုကြပါလိမ့်မယ်။ အဲဒီလိုစနစ်မျိုးအတွင်း အောက်ခြေမှာ လှိုက်စားနေတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ဆိုတာ အများကြီး ပိုခက်ခဲပါတယ်။ အချိန်နဲ့ အခြားအရင်းအမြစ်တွေ အများကြီးလိုအပ်ပါတယ်။ အဲဒီလို ပြသနာတွေကို မဖြေရှင်းနိုင်သရွေ့ အဓိကရုဏ်းတွေကလည်း ကုရာနတ္တိ ဆေးမရှိဖြစ်ပြီး မလွဲမသွေ ပေါ်ပေါက်လာတော့ မလိုပါပဲ။

‘‘စနစ်အတွင်းရှိ သိမ်မွေ့ နက်နဲတဲ့ အကြောင်းရင်းတွေ’’ ကို ပြောဆိုနေခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး လုံခြုံရေးအတွက် တာဝန်ရှိတဲ့ အာဏာပိုင်တွေရဲ့ တာဝန်ကင်းမဲ့မှုတွေ၊ အကြီးအကျယ် ပေါ့လျော့လုပ်ဆောင်တာတွေကို ဆင်ခြေပေး ဖုံးကွယ်လို့ ရသွားနိုင်ပါတယ်။ ‘‘အတွင်းပိုင်းအထိ ရောက်နေတဲ့ အကြောင်းရင်းတွေ’’ ကို ပြောနေခြင်းအားဖြင့် အာဏာပိုင်တွေသာ ထိထိရောက်ရောက် လျင်လျင်မြန်မြန် အရေးယူလုပ်ဆောင်ခဲ့ရင် အဓိကရုဏ်းတွေကို တားဆီးနိုင်ခဲ့မယ် ဒါမှမဟုတ် ချက်ချင်း ထိန်းသိမ်းခဲ့မယ်ဆိုတဲ့အချက်က ပျောက်ကွယ်သွားပါတယ်။ အိန္ဒိယမှာတော့ အာဏာပိုင်တွေက ပြတ်ပြတ်သားသား ထိထိရောက်ရောက် ကိုင်ကွယ်နိုင်တဲ့အတွက် ‘‘စနစ်အတွင်း သိမ်မွေ့နက်နဲတဲ့ အကြောင်းရင်းတွေ’’ ရှိနေပေတဲ့ ထူးထူးခြားခြား အဓိကရုဏ်းဖြစ်ပွားရာ နေရာတွေမှာတောင် အဓိကရုဏ်းတွေကို ကာကွယ်တားဆီးနိုင် ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ ဥပမာတွေ ရှိပါတယ်။

(၂) ပြီးတော့ ‘‘ဘယ်သူအရင်စလုပ်တာလဲ’’ ဆိုတဲ့ မေးခွန်းကို မေးနေခြင်းအားဖြင့် ‘‘ဘာတွေ တကယ်ဖြစ်ခဲ့တာလဲ’’ ဆိုတဲ့ မေးခွန်းကို မမေးမိတော့ဘဲ လမ်းကြောင်းလွဲသွားပါတယ်။ ‘‘ဘယ်သူ အရင်စ လုပ်တာလဲ’’ ဆိုတဲ့ မေးခွန်းကြောင့် အဓိကရုဏ်းအတွင်း နစ်နာခဲ့သူတွေကို အပြစ်တင်မိလျက်သား ဖြစ်သွားပြီး အပြန်အလှန် အပြစ်တင်ခြင်းဆိုတဲ့ ရှုပ်ထွေးပြီး ဖြေရှင်းမရတဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်ပါတယ်။ အဖြစ်အပျက်တစ်ခုအပေါ်မှာ အာရုံစိုက်လွန်းတာကြောင့် ဖြစ်စဉ်ကြီးတစ်ခုလုံးကို မမြင်နိုင်ဘဲ မျက်ခြေ ပြတ်သွားတာမျိုး မဖြစ်ဖို့က အရေးကြီးပါတယ်။

(၃) သာမန်ဖြစ်ရိုးဖြစ်စဉ် အသေးအဖွဲလေးတွေ ဒါမှမဟုတ် အလားတူ ကိစ္စလေးတွေတောင်မှပဲ ကြီးမားတဲ့ အဓိကရုဏ်းကြီးတွေကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ မှန်ပါတယ်။ ကမ္ဘာပေါ်က တိုင်းရင်းသားအချင်းချင်း ရောယှက်နေထိုင်တဲ့ ဘာသာမတူသူတွေအချင်းချင်း၊ ဘာသာစကားမတူသူတွေအချင်းချင်း ရောယှက် နေထိုင်တဲ့ အခြားနေရာတွေမှာလည်း နေ့စဉ်နဲ့အမျှ အသေးအဖွဲ မတော်တဆဖြစ်ရပ်လေးတွေ ဖြစ်ပွားနေကြတာပါပဲ။ ဒါပေမဲ့ အဲဒီအထဲက တချို့နေရာတွေမှာပဲ၊ တခါတလေကျမှပဲ၊ ထူးခြားတဲ့ နောက်ခံအခင်းအကျင်းတွေ ရှိနေမှပဲ၊ သေးငယ်တဲ့ကိစ္စလေးတွေကနေတဆင့် ကြီးမားတဲ့ အသေအပျောက်များတဲ့ အချိန်ကြာမြင့်အောင် ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေအဖြစ်ဆီကို ရောက်သွားတာပါ။ အဓိကရုဏ်းတွေ ဆိုတာက မကြာခဏ ဒါမှမဟုတ် ခဏခဏ ဖြစ်ပွားကြတာ မဟုတ်ပါ။ အချင်းချင်း စိတ်ဝမ်းကွဲပြားနေပြီး မယုံသင်္ကာဖြစ်မှုတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ ရှိရာ နိုင်ငံတွေတောင်မှပဲ အသေးအဖွဲဖြစ်ရပ်လေးတွေကတဆင့် အကြီးစား အဓိကရုဏ်းကြီးတွေအဖြစ်ကို တခါတရံမှပဲ ရောက်ရှိသွားကြပါတယ်။ ဒါကြောင့်ပဲ ဆက်ပြီး မေးခွန်းထုတ်ရမှာက ဘာကြောင့် အဲဒီအချိန်မှာပဲ အဓိကရုဏ်းကြီးတွေ ဖြစ်ပွားပြီး အဲဒီအချိန်မတိုင်မီ နဲ့ အဲဒီအချိန်ပြီးနောက်မှာ ဘာကြောင့် မဖြစ်ကြတာလဲ။

၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့နောက် ပထမ ရခိုင်ပြည်နယ်နဲ့ နောက်တော့ ကျန်တဲ့နေရာတွေမှာ ဖြစ်တာဟာ ဘယ်လိုလဲ။ အဓိကရုဏ်းတွေဟာ လူ့အဖွဲ့အစည်းအတွင်းက မတူညီတဲ့ လူ့အသိုက်အဝန်းတွေကြား ရှေးပဝေသဏီကတည်းက ရှိတဲ့ အမုန်းတရား (primordial hate လို့ ခေါ်ချင်ခေါ်ပါ) ကြောင့် ဖြစ်လာတာပါလို့ စဉ်းစားတတ်ကြပေတဲ့ အဓိကရုဏ်းတွေနဲ့ ရွေးကောက်ပွဲနိုင်ငံရေးကြားမှာ နီးကပ်တဲ့ ဆက်နွယ်မှုကတော့ အသေအချာကို ရှိတယ်လို့ ပေါလ် ဘရတ်ကတော့ အခိုင်အမာ ထောက်ပြတယ်။ သူ ထောက်ပြတာက မြန်မာနိုင်ငံအတွက် မှန်မယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲနှစ်မှာ အဓိကရုဏ်းဖန်တီးရေးစနစ်ကြီးက ထုတ်လုပ်တဲ့ အကြမ်းဖက်တွေ ဒီထက် ပိုတွေ့လာရနိုင်တယ်လို့ တွက်ရမှာပဲ။

* * *
အလီဂါ မြို့က နမူနာ
အူတာပရာဒက်ရှ်စ် ပြည်နယ်ထဲက အလီဂါ ဆိုတဲ့မြို့မှာ သမိုင်းတလျှောက် ဖြစ်ပွားထားတဲ့ အဓိကရုဏ်းတွေကို ဘရတ်က The Production of Hindu–Muslim Violence in Contemporary India (၂ဝ၁၃) စာအုပ်ထဲမှာ လေ့လာ ဆန်းစစ်ကြည့်ထားပါတယ်။ အလီဂါ ဆိုတာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံရဲ့ အဓိကရုဏ်း အများဆုံး ဖြစ်ပွားရာ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။ အဲဒီမြို့မှာ မွတ်စလင်ဘာသာဝင်တွေ အများအပြားနေထိုင်ကြပြီး မြို့ရဲ့ အမြင့်ဆုံး အချက်အချာနေရာမှာ ဂျမားမာဆစ်ဂျ် ဗလီကြီး ရှိပါတယ်။ အလီဂါ မွတ်စလင် တက္ကသိုလ် Aligarh Muslim University (AMU) လည်း ရှိပါတယ်။ စစ်မာန်ဝင်နေတဲ့ ဟိန္ဒူတွေနဲ့ တခြားသူတွေ အမြင်မှာတော့ AMU က ပါကစ္စတန်လှုပ်ရှားမှုအတွက် အယူအဆတွေ ထုတ်လုပ်ပေးရာ နေရာ၊ ပါကစ္စတန်ကို သစ္စာခံသူတွေအတွက် အဓိက ခိုလှုံခွင့်ပေးရာ နေရာ၊ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေဆီကနေ ငွေကြေးထောက်ပံ့မှုတွေ ဝင်ရောက် (ချဲ့ကားပြောတာလည်း နည်းနည်းပါသလို၊ မှားတာလည်း နည်းနည်းပါတယ်) လာတဲ့ နေရာဆိုပြီး မြင်ကြပါတယ်။

၁၉၂၅ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်း အလီဂါမှာ အဓိကရုဏ်းတွေ ၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၃ ကြိမ်မှာ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ လူသေဆုံးမှုတွေ ရှိခဲ့တဲ့ အထဲမှာမှ အဓိကရုဏ်း ၃ ကြိမ်က လွတ်လပ်ရေးမရခင်မှာ ဖြစ်ပွားခဲ့ပြီး ၁ဝ ခုကတော့ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ အဆိုးဆုံးတွေက ၁၉၇၈ နဲ့ ၁၉၈ဝ အတွင်းမှာ ဖြစ်ခဲ့ပြီး အလီဂါ အဓိကရုဏ်းကြီးတွေကတော့ ၁၉၉ဝ နဲ့ ၁၉၉၁ အတွင်း ဖြစ်ခဲ့ပါတယ်။

အလီဂါမှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကို သမိုင်းနဲ့ချီ ကြည့်လိုက်ရင် အဓိကရုဏ်းတွေရဲ့ ပြင်းထန်တဲ့နှုန်း (လူသေဆုံးနှုန်းနဲ့ တိုင်းတာပါတယ်) က မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အဓိကရုဏ်းတွေ ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့တဲ့ အချိန်ကာလတွေလည်း ရှိခဲ့ပါတယ်။

တချို့ အချိန်ကာလတွေရောက်မှ အဓိကရုဏ်းတွေ ဘာကြောင့်ဖြစ်သလဲ၊ အဓိကရုဏ်းတွေ ဘာကြောင့် ပြင်းထန်လာကြသလဲ၊ တချို့ အချိန်ကာလတွေမှာတော့ ဘာကြောင့်မဖြစ်ကြသလဲ ဆိုတာကို နိုင်ငံရေးအခြေအနေ အပြောင်းအလဲက ရှင်းပြနေပါတယ်လို့ ဘရတ်က အခိုင်အမာ ပြောပါတယ်။

• ကွန်ဂရက် ပါတီ လွမ်းမိုးတဲ့ ပထမကာလအတွင်း ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေမှာ လူသေဆုံးမှု အနည်းဆုံးပါပဲ။ လွတ်လပ်ရေး ရပြီးချိန်မှာ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီက အချိန်ကြာမြင့်စွာ လွမ်းမိုးထားတာကြောင့် အခြားပါတီအုပ်စုတွေအနေနဲ့ အပြင်းအထန် ပြိုင်ဆိုင်ရယူစရာ နိုင်ငံရေးနေရာမရှိ နိုင်ငံရေး အခွင့်အလမ်းတွေ မရှိကြပါ။ လူထုကို သွေးထိုးလှုံ့ဆော်စရာလည်း အကြောင်းမရှိပါ။ ဒါကြောင့်မို့ နိုင်ငံရေးအကျိုးအမြတ်တွေသာ မရှိရင် ကြီးမားတဲ့ အဓိကရုဏ်းတွေလည်း ဖြစ်ပေါ်လာစရာ မရှိဘူးဆိုတာ အထောက်အထားတွေက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်လို့ ဘရတ်က ဆိုပါတယ်။
• ကွန်ဂရက် ပါတီ လွမ်းမိုးမှုကို တခြားပြိုင်ဘက်ပါတီနှစ်ခုက စိန်ခေါ်လာပြီဖြစ်တဲ့ ဒုတိယကာလအတွင်းမှာ လူသေဆုံးမှု ၃ ဆလောက် မြင့်တက်လာပါတော့တယ်။ ကွန်ဂရက်ပါတီ လွမ်းမိုးမှု ကျဆင်းလာပြီးနောက်မှာတော့ ပါတီတွေအသီးသီးက ဝင်ရောက် နေရာယူချင်စရာ နိုင်ငံရေးလစ်လပ်နေရာတခု ရှိလာလို့ဖြစ်ပါတယ်။
• ၁၉၉ဝ - ၁၉၉၁ ခုနှစ် ဒီဇင်ဘာ - ဇန်နဝါရီ အဓိကရုဏ်းကြီး အပါအဝင် နောက်ဆုံးကာလတွေ အတွင်းမှာတော့ အဓိကရုဏ်းကြောင့် ဖြစ်တဲ့ သေဆုံးသူအရေအတွက်က အများဆုံးဖြစ်ပါတယ်။ အဲဒီ တတိယကာလအတွင်းမှာ ပါတီတွေအချင်းချင်းကြား ပြိုင်ဆိုင်မှု ပြန်လည်ဖြစ်ပေါ်လာတဲ့ ကာလပါ။
• အဲဒီကာလတွေ ပြီးသွားပြန်တော့လည်း အဓိကရုဏ်းတွေက မရှိသလောက် နည်းသွား၊ ဒါမှမဟုတ် မရှိတော့သလောက် ဖြစ်သွားတာပါပဲ။

အဓိကရုဏ်းတွေ ဘယ်လိုဖြစ်ပွားကြသလဲ ဘယ်လိုလျှော့နည်း ကျဆင်းသွားသလဲဆိုတာကို လေ့လာပြီး ဘရတ် သုံးသပ်ထားတာက ‘‘အဓိကရုဏ်းတွေနဲ့ ရွေးကောက်ပွဲနိုင်ငံရေးက နီးနီးကပ်ကပ်ကို ဆက်နွယ်နေပါတယ်’’ ဆိုပဲ။

‘‘အဓိကရုဏ်းဖန်တီးခြင်းစနစ်’’ မရှိရင် အဓိကရုဏ်းတွေလည်း ချက်ချင်းလက်ငင်း ထဖြစ်လာစရာ အကြောင်းမရှိလှဘူးလို့ အခြေခံအားဖြင့် ပြောနိုင်ပါတယ်။ အဓိကရုဏ်းတွေကို ထုတ်လုပ်မှသာ ထွက်ပေါ်လာနိုင်ပါတယ်။ အစပိုင်းမှာတော့ ကြိုတင်ဇာတ်တိုက်၊ နောက်ပိုင်းကျတော့ စင်တင်ရပါတယ်။ အစပိုင်းမှာ သေးငယ်တဲ့ အဓိကရုဏ်းတွေလောက်ကိုပဲ လုပ်ဆောင်ပြီး နောက်ပိုင်း နိုင်ငံရေးအရ အကျိုးအမြတ်တွေ ရနိုင်စရာ ရှိတယ်ဆိုမှ ကြီးမားတဲ့ အဓိကရုဏ်းတွေကို ထုတ်လုပ်ကြပါတယ်။

ရွေးကောက်ပွဲတွေက အကြိတ်အနှယ် ယှဉ်ပြိုင်ကြပြီး အရှုံးအနိုင်ကို ပြတ်ပြတ်သားသား ကြိုတင်မပြောနိုင်တဲ့ အနေအထားတွေမှာ အဓိကရုဏ်းတွေကို မောင်းဖြုတ် အသက်သွင်းဖို့က ဖြစ်နိုင်ခြေ တော်တော်များလာပါတယ်။

ဒါပေမဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ‘‘စနစ်တကျ အဓိကရုဏ်း ဖန်တီးခြင်း’’ လည်းရှိနေ၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရွေးကောက်ပွဲ အနေအထားလည်း ရှိနေရင်တောင်မှပဲ အဓိကရုဏ်းတွေကို ကြိုတင် ကာကွယ်ဖို့ ခြေလွန်လက်လွန် မဖြစ်အောင် ထိန်းဖို့ နိုင်ငံရေးစိတ်ဆန္ဒသာ အာဏာပိုင်တွေမှာသာ ရှိရင် အဓိကရုဏ်းတွေကို တားဆီးထိန်းသိမ်းနိုင်ပါတယ်။

မြန်မာနိုင်ငံအတွက် မေးခွန်းများ
မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခု နောက်ပိုင်းမှာ အဓိကရုဏ်းတွေကို ထုတ်လုပ်ချင်စရာ နိုင်ငံရေးခွင်တွေ ထင်ထင်ရှားရှား ထွက်ပေါ်လာပါတယ်။ ဒီတော့ နောက်ဆက်တွဲအနေနဲ့ ဆက်ပြီးမေးစရာ အရေးကြီးတဲ့ မေးခွန်းတွေက လူမျိုးအရ၊ ဘာသာတရားအရခွဲခြားတဲ့ နိုင်ငံရေး ပြိုင်ဆိုင်မှုနဲ့၊ အဓိကရုဏ်းတွေကို လုပ်ဆောင်မှုတွေကြောင့် ရလာစရာ နိုင်ငံရေးအကျိုးအမြတ်တွေ ရှိနေ/မနေ ဆိုတာပါပဲ။ ရှိနေတယ်ဆိုရင် အဲဒီအကျိုးအမြတ်တွေကို ဘယ်သူတွေ ရသွားနိုင်သလဲဆိုတာ စဉ်းစား ကြည့်ကြရမှာပါ။

၂ဝ၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းကျမှ တကျော့ပြန် အကြိတ်အနယ်ဖြစ်လာတဲ့ နိုင်ငံရေးပြိုင်ဆိုင်မှုတွေအတွင်း လူမှုအသိုက်အဝန်း အကြမ်းဖက်မှုတွေ ပထမဆုံးအကြိမ် ဖြစ်တာရယ်၊ လက်ရှိ အာဏာရထားသူတွေကို တုန်လှုပ်သွားစေတဲ့ ဒီချုပ်ပါတီ ရွေးကောက်ပွဲ သိမ်းကျုံးအနိုင်ရမှုရယ်က တိုက်ဆိုင်မှုသက်သက်လား။ တိုက်ဆိုင်မှုထက်ပိုတဲ့ အကြောင်းအရာတွေ ရှိနေတာလား။ (တိုက်ဆိုင်မှုထက် ပိုတာတွေ ရှိနေတယ်ဆိုတာကို သက်သေအထောက်အထားတော့ ပြစရာမရှိဘူးပေါ့ဗျာ။)

* * *

(အီးမေးလ်က စာတစောင် ရောက်လာပါတယ်။ ပို့သူအမည်တော့ မပါ။ ၂ဝ၁၅ အတွက် စိုးရိမ်လို့ ပို့တဲ့စာပါပဲ။ ရွေးကောက်ပွဲကတော့ ဒီချုပ်က သမိုင်း၊ ကြံ့ဖွံ့က သွေးရွေးရမယ့်ပွဲတဲ့။ ပြောသူတွေကလည်း ပြောနေကြတော့၊ ဖြစ်နေတာတွေကလည်း ဖြစ်နေကြတော့ စဉ်းစားစရာ အတော်ကောင်းနေပါပြီ။ ဒါနဲ့ပဲ ပြန်လည်ဖောက်သည်ချလိုက်တာပါ ခင်ဗျာ ...။)

မောင်မြတ်ထင်

စာရှုသူများ ခင်ဗျား  … ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ လူ့အသိုက်အဝန်းတွေကြားက ပဋိပက္ခတွေ ဖြစ်နေပါတယ်။ အင်.....

MYANMAR / BURMA Opinion: ပြည်သူတွေကို အာဏာပြန်အပ်ဖို့ အတွေးအခေါ်အချို့?လွန်ခဲ့တဲ့ရက်အတွင်း အရပ်သားအစိုးရကို တစ်နှစ်အကြာမ...
07/02/2021

MYANMAR / BURMA Opinion: ပြည်သူတွေကို အာဏာပြန်အပ်ဖို့ အတွေးအခေါ်အချို့?
လွန်ခဲ့တဲ့ရက်အတွင်း အရပ်သားအစိုးရကို တစ်နှစ်အကြာမှာ စစ်တပ်က အာဏာသိမ်းမှာလားလို့ သတင်းသမားအချို့က မေးခဲ့တယ် ။ ငါးလအတွင်း အငြိမ်းစားယူရမယ့် စစ်ဦးစီးချုပ် မင်းအောင်လှိုင်က ကူပွန်အဖွဲ့နဲ့ အောင်မြင်သွားပြီဆိုတဲ့ မေးခွန်းမှားနေတယ် ။ အဲဒီမေးခွန်းအပေါ် ရှင်းလင်းစွာ တုံ့ပြန်တာက - နိုးပါ ။ ဗိုလ်ချုပ်မင်းအောင်လှိုင် ယခုမှစ၍ တစ်နှစ်အတွင်း ဘယ်အရပ်သားအစိုးရကိုမှ အာဏာလက်မအပ်တော့ဟုဆို ဒါက အခုဖြစ်ပျက်နေတာကို အာရုံစိုက်မယ့်အစား နိုင်ငံခြားသတင်းထောက်တွေ ၊ ပွန်ဒက်စ်တွေ ၊ မူဝါဒချမှတ်သူတွေကို ဝေးဝေးနဲ့ မှားယွင်းတဲ့ dilemma တွေ ဖြစ်အောင် လုပ်တာက စမတ်ကျတဲ့ ဆက်သွယ်ရေး လှည့်ကွက်တစ်ခုပဲ ။ တစ်နှစ်အကြာမှာ Putschist Ming Aung Hlaing နဲ့ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်သူတွေဟာ အရပ်သားအဝတ်အစားနဲ့ အာဏာသိမ်းမယ့်အချိန်အထိ အနည်းငယ် ရွှေ့ဆိုင်းဖို့ အကြောင်းပြချက်ရှာတွေ့လိမ့်မယ် ။ အများဆုံးဖြစ်နိုင်တာကတော့ ယူနီဖောင်းနဲ့ မင်းအောင်လှိုင်ကို အရပ်သားဝတ်စုံနဲ့ မင်းအောင်လှိုင်ကို အာဏာသိမ်းခြင်းပဲ။
သို့သော်လည်း မင်းအောင်လှိုင်ရဲ့ putsch က fait accompli မဟုတ်သေးဘူး ။ အဲ့လိုဖြစ်ချင်ပေမယ့် မစ်ရှင်အောင်မြင်သေးဘူး ။.. မစ်ရှင်အောင်မြင်ဖို့.. မစ်ရှင်အောင်မြင်ဖို့.. မင်းအောင်လှိုင်က.. မြန်မြန်ဆန်ဆန်....... သူ့ကို လက်ခံဖို့နဲ့ ဖြစ်ပျက်ပြီးတဲ့ အရာတစ်ခုကို အပြီးသတ်ပြီးတဲ့ အရာတစ်ခုကို လက်ခံဖို့ အိမ်တွင်း ကစားသမားတွေ လိုအပ်နေပါတယ် ။ ဒါကြောင့် သူနဲ့သူ့ရဲ့ပူးပေါင်းဆောင်ရွက်သူတွေဟာ ဘက်ပေါင်းစုံက ကတိတွေပေးနေကြပြီး တစ်ချိန်တည်းမှာပဲ စစ်ရေး ၊ ရဲ ၊ သွက်လက်လက်နဲ့ လူမျိုးရေးခွဲခြားသူတွေဟာ လူတိုင်းကို တည်ငြိမ်အေးချမ်းစွာ တိတ်ဆိတ်စွာနေထိုင်ဖို့ ကြောက်လန့်နေကြပါတယ် ။ သူတို့က လူတိုင်းကို ထုံးစံအတိုင်း စီးပွားရေးစစေချင်ကြတယ် ။ ပုံမှန်ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်စဖို့ နိုင်ငံတကာအသိုင်းအဝိုင်းလည်း လိုတယ် ။ လက်ရှိကူပွန်ပဲ အောင်မြင်မှာဖြစ်ပြီး မင်းအောင်လှိုင်က ဘယ်အချိန်မှာ အာဏာကို ဗိုလ်ချုပ်နဲ့ သမ္မတအဖြစ် သူ့ကိုယ်သူ ဗိုလ်ချုပ်နဲ့ ပြည်သူ့ဝတ်စုံနဲ့ သမ္မတအဖြစ် ဘယ်လိုကိုင်တွယ်ချင်လဲဆိုတာကို ဆုံးဖြတ်ဖို့ လက်လွတ်ခွင့် ရှိပါတယ် ။ ထိုင်းမှာရော အီဂျစ်မှာရော ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကိုသာ စိတ်ထဲထားပါ ။
အရပ်သားနားမလည်မှု ၊ ထက်မြက်မှု ၊ အကြီးအကျယ် သပိတ်မှောက်မှု ၊ နိုင်ငံတကာသံတမန်ဖိအားနှင့် စမတ်စီးပွားရေးစနစ်တို့ကို ပစ်မှတ်ထားမည်ဆိုပါက မြန်မာစစ်တပ်၏ ဂုဏ်ယူဝင့်ကြွားမှု (သူတို့အနည်းငယ်သာရှိပြီး မြန်မာ့စီးပွားရေး၏ လူတစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားသည်) နှင့် မင်းအောင်လှိဒင်မိသားစုစီးပွားရေးလုပ်ငန်းများ၏ မိသားစုစီးပွားရေးလုပ်ငန်းများ မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေ ပုံမှန်လုပ်လို့ မရတော့ဘူးဆိုတာထက်. ဤကူပွန်သည် မြန်မာနိုင်ငံ၏ ကြံ့ခိုင်သော ဒီမိုကရေစီနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲရလဒ်များကို ဆန့်ကျင်ခြင်းသာ မဟုတ်ပေ ။ (သိပ္ပံနည်းကျ လေ့လာသူများမှ အတည်ပြုသည်) တပ်မတော်ကိုယ်တိုင်က တိုင်းပြည်အပေါ် ဒီဇိုင်းဆွဲပြီး တင်သွင်းလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဖို့ ချမှတ် မြန်မာ့တပ်မတော်ကို အကောင်းတကာ့အကောင်းဆုံးဆန့်ကျင်ပြီး တိုင်းပြည်ကိုလုံးဝဆန့်ကျင်
အနည်းဆုံးတော့ မြန်မာနိုင်ငံက လူတွေ ယူနီဖောင်းဝတ်ပြီး ဘယ်လောက်ဆန့်ကျင်ပြီး ကန့်ကွက်တယ်ဆိုတာကို ပြည်ပက ဘယ်သူမှ လက်မခံသင့်ဘူး ။

MYANMAR / BURMA Opinion: ပြည်သူတွေကို အာဏာပြန်အပ်ဖို့ အတွေးအခေါ်အချို့? လွန်ခဲ့တဲ့ရက်အတွင်း အရပ်သားအစိုးရကို တစ်နှစ်အကြာ.....

Address

Yangon

Alerts

Be the first to know and let us send you an email when Chindwin Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chindwin Magazine:

Share