DVB TV News

DVB TV News The DVB (Democratic Voice of Burma) is a non-profit Burmese media organization committed to independent and responsible journalism.
(12380)

DVB Multimedia Group - TV and News Media Network
ဒီဗွီဘီ ရုပ်မြင်သံကြား သတင်းဌာန

https://www.dvb.no
https://english.dvb.no
https://t.me/dvbtvnews
https://youtube.com/dvbtvnews
https://www.tiktok.com/.burmese
https://x.com/dvbburmese DVB Digital:
YouTube: https://youtube.com/dvbtvnews
Telegram: https://t.me/dvbtvnews
TikTok: https://www.tiktok.com/.burmese
X/Twitter: https://x.com/dvbburmese
WWW: https://www.dvb.no

Our mission is –
– to provide accurate and unbiased news to the people of Burma,
– to promote understanding and cooperation amongst the various ethnic and religious groups of Burma,
– to encourage and sustain independent public opinion and enable social and political debate
– to impart the ideals of democracy and human rights to the people of Burma. The DVB Foundation is registered in Oslo, Norway.

10/09/2026

ရီပတ်ဘလစ်ကန်များ ထပ်နိုင်လျှင် ဒေါ်လာ ၅၀၀၀ စီပေးမည်ဟု ထရမ့်မဲဆွယ်

နိုဝင်ဘာ ၃ ရက် သက်တမ်းလယ်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ဆက်ထိန်းနိုင်ရင် အရွယ်ရောက် အမေရိကန်နိုင်ငံသားတိုင်းကို အမေရိကန်ဒေါ်လာ ၅,၀၀၀ စီ ပေးမယ်လို့ သမ္မတ ဒေါ်နယ် ထရမ့် က မဲဆွယ်လိုက်ပါတယ်။ မဲစာရွက်ပေါ် သူ့နာမည်ပါသလို သဘောထားပြီး ရီပတ်ဘလီကန်ပါတီကို မဲပေးကြဖို့လည်း၏ထရမ့် က တိုက်တွန်းလိုက်ပါတယ်။



📣 Support DVB - https://burmese.dvb.no/membership
📣 Subscribe - https://youtube.com/dvbtvnews
📣 Follow - https://t.me/dvbtvnews

10/09/2026

နိုဝင်ဘာရွေးကောက်ပွဲအပြီး အီရန်စစ်ပွဲအဆုံးသတ်မည်ဟု ထရမ့်ပ် ပြောကြား

အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ "ပြီးတာနဲ့ ချက်ချင်း" အဆုံးသတ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် က စက်တင်ဘာ ၉ ရက် ဗုဒ္ဓဟူးနေ့မှာ ခန့်မှန်းပြောကြားလိုက်ပါတယ်။



📣 Support DVB - https://burmese.dvb.no/membership
📣 Subscribe - https://youtube.com/dvbtvnews
📣 Follow - https://t.me/dvbtvnews

10/09/2026

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ကို စတင်နေပေမယ့် အာရက္ခတပ်တော် (AA) ရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် ရှေ့ဆက်မတက်နိုင်ဘဲ အထိနာနေပါတယ်။ စစ်တွေကနေ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူကနေ ရခိုင်တောင်ပိုင်းထိသာမက ရခိုင်နဲ့ထိစပ်နေတဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီဘက်တွေကနေ စစ်မျက်နှာဖွင့်ထားတယ်လို့ သတင်းရင်းမြစ်နဲ့ လေ့လာသူတွေကပြောပါတယ်။
#စစ်တပ် #ရခိုင် #ထိုးစစ်ဆင် #တန်ပြန်စစ်ကြောင့် #အထိနာ

"အဓိက ဒီစာအုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရလက်ထက်မှာပေါ့နော်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဒီ အာဏာရှင်အမွေဆိုးအ...
10/09/2026

"အဓိက ဒီစာအုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရလက်ထက်မှာပေါ့နော်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဒီ အာဏာရှင်အမွေဆိုးအောက်က စနစ်တခုအောက်မှာ သူ့မှာရှိတဲ့ အကန့်အသတ်၊ ရရှိထားတဲ့ အာဏာအကန့်အသတ်လေးနဲ့ ဘယ်လိုခက်ခက်ခဲခဲ လှုပ်ရှားရုန်းကန်ခဲ့သလဲဆိုတာကို ရှာဖွေထားတာပေါ့နော် ဒီထဲမှာ။ အထူးသဖြင့် သူစပြီးတော့ နိုင်ငံရေးသမားတဦးအနေနဲ့ မြန်မာနိုင်ငံရေးလောကထဲ ဝင်လာခဲ့ကတည်းကနေ အခုအချိန်ထိ သူလျှောက်လှမ်းခဲ့ရတဲ့ နိုင်ငံရေးခရီးလမ်းကို ခြုံငုံသုံးသပ်ထားတဲ့ စာအုပ်ပါပဲ အဓိက။"
Photo: DVB
အပြည့်အစုံ Comment မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

10/09/2026

၉/၁၁ ၂၅ နှစ်အလွန်

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အယ်လ်ကိုင်ဒါအဖွဲ့ဝင် ၁၉ ယောက်က ခရီးသည်တင်လေယာဉ် လေးစင်းကို ပြန်ပေးဆွဲခဲ့ပါတယ်။

အဲဒီထဲက နှစ်စင်းဟာ နယူးယောက်မြို့က ကWorld Trade Center တာဝါညီနောင်ကို ဝင်တိုက်ခဲ့ပါတယ်။

တတိယလေယာဉ်က ပင်တဂွန် စစ်ဌာနချုပ်ကို ဝင်တိုက်ခဲ့ပါတယ်။

စတုတ္ထလေယာဉ်ကတော့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ပြန်လည်ခုခံ ခဲ့တာကြောင့် ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပျက်ကျခဲ့ပါတယ်။

အမေရိကန်အပေါ် တိုက်ခိုက်မှုတစ်ခုဟာ တစ်ကမ္ဘာလုံးကို သက်ရောက်တဲ့ လုံခြုံရေးဦးစားပေးကိစ္စ ဖြစ်လာခဲ့ပါတယ်။

"မနေညက ဦးသန်းရွှေ နေအိမ်မှာ လုံခြုံရေးယူနေတဲ့ စစ်သား ၄ ယောက် ထွက်ပြေးသွားတယ်။ ကင်းချိန်းတဲ့ အချိန်ပြေးတာလို့ သိရတယ်။ လက...
10/09/2026

"မနေညက ဦးသန်းရွှေ နေအိမ်မှာ လုံခြုံရေးယူနေတဲ့ စစ်သား ၄ ယောက် ထွက်ပြေးသွားတယ်။ ကင်းချိန်းတဲ့ အချိန်ပြေးတာလို့ သိရတယ်။ လက်နက်တွေ ပါသွားလား မပါလားတော့ မသိဘူး။ တပ်က ပိုက်စိပ်တိုက်ရှာနေတယ်။”
Photo: DVB
အပြည့်အစုံ Comment မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

10/09/2026

ထိုင်းနိုင်ငံအရှေ့ပိုင်းက မြန်မာလုပ်သားအချို့ဟာ လူမှုဖူလုံရေး အာမခံစနစ်ဖြစ်တဲ့ ပကန်စံခွန်း မရှိတာ၊ ဒါမှမဟုတ် အလုပ်ရှင်က တာဝန်ယူ မလုပ်ပေးတာကြောင့် ကျန်းမာရေးနဲ့ လုပ်ငန်းခွင် မတော်တဆမှု ဖြစ်တဲ့အခါ ထိုက်သင့်တဲ့ နစ်နာကြေး ရဖို့ အခက်အခဲတွေ ရှိနေပါတယ်။
#မြန်မာလုပ်သားအချို့ #လူမှုဖူလုံရေးမရှိ #နစ်နာကြေး #ရဖို့ခက်ခဲ

10/09/2026

လေးမျက်နှာမြို့နယ်က ငဝန်တာ ထိန်းချုပ်နိုင်ပြီလို့ စစ်အာဏာရှင်အစိုးရက ကြေညာပြီး နောက်တစ်ရက်မှာပဲ ပြင်ဆင်တဲ့နေရာက နေပြန်ကျိုးသွားပါတယ်။ အဲဒီလိုတာထပ်ကျိုးတဲ့ အခြေအနေနဲ့ အနီးအနားက ဒေသခံပြည်သူတွေ ဘာတွေရင်ဆိုင်နေရလဲဆိုတာကို သီရိက တင်ဆက်ထားပါတယ်။
#ပြုပြင်နေတဲ့ #ငဝန်းတာ #ထပ်ကျိုး

DVB Digital ည ၇ နာရီ သတင်း (၁၀ ရက် စက်တင်ဘာလ ၂၀၂၆)🗞 စစ်တပ်နဲ့ AA အကြား တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နီပွန်ဖောင်ဒေ...
10/09/2026

DVB Digital ည ၇ နာရီ သတင်း (၁၀ ရက် စက်တင်ဘာလ ၂၀၂၆)
🗞 စစ်တပ်နဲ့ AA အကြား တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နီပွန်ဖောင်ဒေးရှင်း ပြော
🗞 လေးမျက်နှာက ငဝန်တာထပ်ကျိုး
🗞 မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ကမ္ဘောဒီးယားကို Fortify Rights တောင်းဆို

🗞 စစ်တပ်နဲ့ AA အကြား တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နီပွန်ဖောင...

10/09/2026

“နွေဦးတော်လှန်ရေးနဲ့ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်း (Diaspora) ရဲ့ အခန်းကဏ္ဍ”

မြန်မာ့နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု အားနည်းပေမယ့် တော်လှန်ရေးအင်အားစုတွေ ပြည်သူတွေရဲ့ ဇွဲသန်သန်နဲ့ ခုခံတွန်းလှန်မှုတွေကြောင့် ၅ နှစ်ခွဲကျော်ကြာတဲ့တိုင် အားကောင်းနေဆဲဖြစ်ပါတယ်။

ပြည်သူလို့ ဆိုရာမှာလည်း အထူးသဖြင့် နိုင်ငံတကာရောက်မြန်မာအသိုင်းအဝိုင်း ခေါ် Diaspora ရဲ့ အခန်းကဏ္ဍက နွေဦးတော်လှန်ရေးမှာ အထင်အရှားမြင်တွေ့ရပါတယ်။ ဒါကြောင့်လည်း စစ်တပ်က ပြည်ပရောက်မြန်မာတွေကို နွေဦးတော်လှန်ရေးကို မကူညီနိုင်အောင် နည်းမျိုးစုံနဲ့ ညစ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကို ဒူးမထောက်ဘဲ နိုင်ငံနဲ့ ပြည်သူတွေကို စစ်ကျွန်ဘဝက လွတ်မြောက်စေလိုတဲ့ ကမ္ဘာတဝန်းရောက်မြန်မာတွေရဲ့ကြိုးစားအားထုတ်မှုတွေကိုတော့ မတားဆီးနိုင်ပါဘူး။

ဒါကြောင့် နွေဦးတော်လှန်ရေးမှာ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်း (Diaspora) ရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးသလဲ ဆိုတဲ့ခေါင်းစဥ်နဲ့ ဒီစကားဝိုင်းမှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျိလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ (LA2M) တည်ထောင်သူလည်းဖြစ် ဆောင်းပါးရှင်လည်းဖြစ်တဲ့ ဦးဂျိမ်းစ်ရွှေ၊ စင်ကာပူနိုင်ငံ ရေချမ်းစင်ဈေးဆိုင်တည်ထောင်သူ ဒေါ်မေကျော်စိုးညွန့်၊ တောင်ကိုရီးယားရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဌ ဦးဝင်းပေါ်မောင်တို့က ပါဝင်ဆွေးနွေးထားပြီး မဂျာမုန်းက Moderator အဖြစ်တင်ဆက်ထားတာဖြစ်ပါတယ်။

အတွေးအခေါ်လမ်းအစီအစဥ်ကို People's Goal (ပြည်သူ့ပန်းတိုင်) နဲ့ People's Spring သတင်းဌာနတို့ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။

's Goal 's Spring #အတွေးအခေါ်လမ်း

Address

Yangon

Alerts

Be the first to know and let us send you an email when DVB TV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share