02/01/2024
What is Branding?
ဒီနေ့မှာတော့ အခုမှ လုပ်ငန်း စ လုပ်မယ့်သူတွေအတွက် Branding ဆိုတာဘာလဲ ဆိုတဲ့ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
Let's start it!
"Branding" ဆိုတာ လွယ်လွယ်ပြောရရင်တော့ အမှတ်တံဆိပ်တည်ဆောက်ခြင်းပဲဖြစ်ပါတယ် ။
ကိုယ့်လုပ်ငန်းရဲ့ product နဲ့ service တွေကို Customer တွေ ၊ Consumer တွေရဲ့ သိစိတ်ထဲကရော မသိစိတ်ထဲကပါ လိုချင်လာအောင် ၊ ဝယ်ချင်လာအောင် ဖန်တီးလုပ်ဆောင်တာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ လုပ်ငန်းဟာ လူတွေအနေနဲ့ ကုန်ပစ္စည်းတစ်ခုခု ၊ ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခု ဝယ်တော့မယ်ဆိုရင် သူတို့ရဲ့စိတ်ထဲမှာစွဲနေပြီး အရင်ဆုံးပြေးမြင်မိတဲ့လုပ်ငန်းဖြစ်ဖို့လည်း
အရေးကြီးပါတယ် ။
ဒီအတွက် "Brand" ဖော်ဆောင်ဖို့ က အလွန်အရေးကြီးပါတယ်။
ဥပမာ-ဒီလုပ်ငန်းကတော့ ဘာ product ကိုအဓိကရောင်းတာ ၊ ဒီလုပ်ငန်းက ဈေးအရမ်းသက်သာတယ် ၊ Quality လည်းကောင်းတယ် ၊ Service လည်း စိတ်ချရတယ် စသဖြင့် လူတွေရဲ့ ဦးနှောက်ထဲမှာ စွဲမြဲမှတ်မိနေအောင် လုပ်ငန်းအနေနဲ့ Brand ဖော်ဆောင်ထားရတာဖြစ်ပါတယ်။
ဒီလိုမျိုးမှတ်မိနေမှလည်း ကိုယ့်လုပ်ငန်းအနေနဲ့ ဈေးကွက်ထဲမှာ နေရာရလာပြီး ရေရှည်တည်တံ့ ၊ တိုးတက်လာမှာဖြစ်ပါတယ် ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Brand ဖော်ဆောင်ခြင်းရဲ့ ရလာဒ်များ
-----------------------------------
Branding ဖော်ဆောင်ထားတဲ့ လုပ်ငန်းတွေရဲ့ အားသာချက်တွေကတော့
- Customer တွေရဲ့ ယုံကြည်မှု
- Customer တွေရဲ့ အသိအမှတ်ပြုမှု
- loyal customer များရရှိခြင်း
- Customer တွေအတွက် စိတ်ကျေနပ်မှူ
- စံချိန်စံညွှန်း ညီညွတ်မှု
အစရှိတဲ့ အကျိုးရလဒ်များစွာကို ရရှိမှာပဲဖြစ်ပါတယ် ။
Branding အားကောင်းတဲ့ လုပ်ငန်းတွေဟာဆိုရင် စားသုံးသူတွေ အော်တိုလိုက်လာတာဖြစ်တဲ့အတွက် Marketing budget တွေ အများကြီးသုံးစရာမလိုပဲ ရောင်းရမှာဖြစ်ပါတယ် ။
Brand ဖော်ဆောင်တဲ့အခါမှာ တစ်ချို့လုပ်ငန်းတွေက လအနည်းငယ်သာကြာပေမယ့် ၊ တစ်ချို့လုပ်ငန်းတွေအတွက် (၁) နှစ်ကနေ (၃) နှစ်လောက်ထိ အချိန်ယူရတတ်ပါတယ် ။
Brand ဆိုတာကလည်း တစ်ခါဖော်ဆောင်ပြီးရင် ပြီးသွားတာမျိုးမဟုတ်ပဲ အမြဲတမ်း Develop ဖြစ်အောင် လုပ်ဆောင်နေရမှာ ဖြစ်ပါတယ် ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ကောင်းမွန်ခိုင်မာတဲ့ Brand တစ်ခုဖော်ဆောင်တော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းရဲ့ Vision , Mission , Core Value များ ချမှတ်ပြီး ဖော်ဆောင်ရမှာဖြစ်ပါတယ် ။
မဟာဗျူဟာမြောက် Brand Positioning ဖော်ဆောင်တဲ့နေရာမှာလည်း
-Customer Service Positioning Strategy (စားသုံးသူတွေ အတွက် စိတ်ကျေနပ်မှုရရှိစေခြင်းဗျူဟာ)
- Convenience Based Positioning Strategy (ကိုယ့် ကုန်ပစ္စည်းပေါ်အခြေခံပြီး စားသုံးသူတွေအတွက် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်သော ဗျူဟာ)
- Priced Based Positioning Strategy (စားသုံးသူတွေ စိတ်ကျေနပ်စေမယ့် ဈေးနှုန်းသတ်မှတ်ဖော်ဆောင်ရတဲ့ ဗျူဟာ)
- Quality Based Positioning Strategy ( ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်း အရည်အသွေးကို ကောင်းမွန်အောင်ပြင်ပြီး စားသုံးသူတွေကို စိတ်ကျေနပ်မှု ပေးစွမ်းသော ဗျူဟာ)
- Differentiation Strategy (အများနဲ့မတူ တမူထူးခြားကွဲထွက်အောင် လုပ်ဆောင်ပြီး စားသုံးသူတွေအတွက် စိတ်ကျေနပ်မှုဖြစ်စေသော ဗျူဟာ)
- Social media Positioning Strategy ( ကိုယ့် Target Audience တွေ အများဆုံးရရှိနိုင်မယ့် Social Media Platform တွေကတဆင့် စားသုံးသူတွေကို စိတ်ကျေနပ်မှုပေးစွမ်းသော ဗျူဟာ)
စတဲ့ ဗျူဟာတွေကို အသုံးပြုပြီး ကောင်းမွန်ခိုင်မာအားကောင်းတဲ့ Brand Positioning စနစ်တစ်ခုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ် ။
ကိုးကား
Sayar Pyae Sone Win
(Marketing Master Mindset)
ကဲ ဒီလောက်ဆိုရင် ကျွန်တော်တို့ရဲ့ ချစ်ရတဲ့မိတ်ဆွေတွေအနေနဲ့ Brand ဆိုတာဘာလဲ ။ ကောင်းမွန်ခိုင်မာအားကောင်းတဲ့ Brand တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို နားလည်သွားပြီလို့ ယူဆပါတယ် ။
ဒီဆွေးနွေးချက်နဲ့ပတ်သက်ပြီး တစ်ခုခုအကြံပြုဆွေးနွေးထောက်ပြချင်တာများရှိခဲ့ရင်လည်း Comment မှာ လွတ်လပ်စွာ ဆွေးနွေးခဲ့လို့ရပါတယ်ခင်ဗျ ။
Digital Marketing Service အတွက် စုံစမ်းချင်တယ်ဆိုရင်တော့ Page Messenger မှာ လာရောက်ဆက်သွယ်စုံစမ်းလို့ရနိုင်သလို
ဖုန်း 09 78 58 744 39
ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းလို့ရပါတယ်ခင်ဗျ ။
"Let us help for your profit".