04/03/2026
အီရန်ကို စစ်ဆင်နေတယ့်CENTCOMကို ဦးဆောင်ပြီး စစ်ဆင်ရေးဖော်ဆောင်နေတယ် Admiral Cooper အစီရင်ခံတင်ပြချက်များ
သူပြောထားတယ့်အထဲမှဒီစစ်ဆင်ရေးဟာ ၂၀၀၃ ခုနှစ်က အီရတ်ကိုစစ်ဆင်ခဲ့တယ့်"Shock and Awe" စစ်ဆင်ရေးထက် နှစ်ဆနီးပါး ပိုမိုပြင်းထန်ကြောင်းနဲ့ ပထမ ၂၄ နာရီအတွင်းမှာတင်
ပစ်မှတ်ပေါင်း ၂,၀၀၀ နီးပါး ရှိတယ့် အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ် ၂,၀၀၀ ခန့်ကို တိုက်ခိုက်ခဲ့ပါတယ်။
အာ့အပြင်အီရန် ရေတပ်သင်္ဘော ၁၇ စင်း (ရေငုပ်သင်္ဘော ၁ စင်း အပါအဝင်) ကို ဖျက်ဆီးနိုင်တယ်။
ခေါင်းဆောင်ပိုင်း ပစ်မှတ်ထားတိုက်ခိုက်မှုမှာ အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်း ၄၉ ဦးခန့် သေဆုံးခဲ့တယ်လို့ အစီရင်ခံထားပါတယ်။ အီရန်ရဲ့ အဓိက ခေါင်းဆောင် Ali Khamenei လည်း လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီလို့ အစ္စရေးနဲ့ အမေရိကန်ဘက်က အတည်ပြုထားပါတယ်။လက်ရှိမှာ အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း Admiral Cooper က တင်ပြထားပါတယ်။