
24/03/2025
နွေရာသီကာလ အပူချိန်ကြွ မှာ
အသေအချာပါ။
---
အင်ဂျင်အပူလွန်ကဲမှုဖြစ်ပါက
ဟိ ဒိုင်ခွက်လက်တံ က အနီရောင်ပြမည်။
အတွေ့အကြုံရှိ ယာဥ်မောင်းဆိုပါက
ဟိတက်သည့် အနံ့ ကို ခံစားမိမည်။
အင်ဂျင်က ဂလတ် ဂလတ် ဆိုပြီး
ထိုးရပ်သွားတတ်သည်။
စက်ခန်းမှ အငွေ့ထွက်မည်။
အများအားဖြင့် ရေတိုင်ကီပေါက်လို့၊
ပန်ကာတွေ ကောင်းမွန်စွာ မလည်လို့
ဖြစ်ကြသည်က များသည်။
ထိုသို့ ဖြစ်တိုင်း စက်ခန်းက မီးမလောင်တတ်ပါ။
---
****
" အင်ဂျင်ခန်း ပူခြင်း "
အင်ဂျင်၏ အပူချိန် က ပုံမှန်ပါပဲ။
လက်တံပြ ဒိုင်ခွက်ဆိုပါက
လက်တံ အနေအထားက
တစ်ဝက် မရောက်တရောက် အနေအထား။
ဒါက NOT ။
--
လက်တံမပါတဲ့ ကားဒိုင်ခွက်မှာ
သာမိုမီတာ အရုပ်လေး အနီ ရောင်ပြောင်း ပြီး မပြမချင်း NOT။
(ဘာအရုပ်မှမပေါ်လာ )
---
ဒါပေမယ့်
အင်ဂျင်ရဲ့ Heat Transfer ကို
တာဝန်ကျေစွာ ဖလှယ်ပေးနေတော့
အင်ဂျင်ခန်း ပူလာရတာပေါ့။
ရေမဆူ / ဟိမတက် ပြသော်လည်း
ဒီအင်ဂျင်ခန်းက အပူချိန် အခြားကားတွေထက် ထူခြားစွာပူလာမည်။
Auto Fan Blade အနေအထား
Fan Motor အပတ်ရည်မမီ။
ရေတိုင်ကီ လိုင်းများ အကုန်မပွင့်၊
စသည်ဖြင့် သူ့စနစ်ကို စွမ်းအားရှိသလောက် တော့ ထမ်းဆောင်ပေးနေပေးသော်လည်း
ဟိမတက်ရုံလေး အမြဲ ရုန်းပေးရတယ်ဆိုပါတော့။
နမူနာ အနေဖြင့်
ဟိမတက်အောင် Auto Fan က လည်ပေးရသော်လည်း အပူချိန်ကျသွားပါက ခဏ ပြန်ရပ်သွားရသည်။
အအေးခံ စနစ် ကျလာသည့် ကားအတွက်ကတော့ ခဏ ခဏ ထ လည်ပေးရသည်ပေါ့။
ဒီတော့ တိုက်ဆိုင်စွာနဲ့ ရော်ဘာပိုက် - ပလပ်စတစ်ပိုက် တွေ ကို အပူဟပ်တာ များများခံရပြီး ပေါက်ပြဲ မီးလောင် / ဆီနဲ့ တိုက်ရိုက်တွေ့။
--
ထို့နည်းတူ ဝါယာထုပ်ထဲက ဝါယာပင်များစွာ လည်း ထိုနည်း ၄င်းပဲ။
ပျော့ အိ ပေါက်ပြဲ မီးလောင် ရှော့ဖြစ်
စသည်ဖြင့်ပေါ့။
---
အအေးခံ စနစ်ကောင်းသော်လည်း
သုံးစွဲရသည့် လောင်စာဆီ အရည်အသွေး နိမ့်ကျ ညံ့ဖျင်းပါကလည်း မီးသံမခေါက်သော်လည်း
အင်ဂျင်က မသိမသာ စွတ်ရုန်းပေးနေရတော့ ဟောဟဲ - ဟောဟဲ ပေါ့။
အိပ်ဇောက ကျောက်ဇကာအိုး မှာ
ပိုအပူချိန်များလာတတ်ပါတယ်။
--
ဒါလောက်ဆို ရင်
အင်ဂျင်အပူချိန်တက်ခြင်းနဲ့
အင်ဂျင်ခန်း အပူချိန်တက်ခြင်း မတူတာကို သဘောပေါက်ကြပြီလို့
ထင်ပါသည် ခင်ဗျာ။
---
*** လမ်းမှာ မီးလောင်သွားကြတဲ့ကားအများစုဟာ အင်ဂျင် အမူအယာ ဘာမှ မထူးခြားပဲ
အင်ဂျင်ခန်းက မီးလောင်သွားကြတာပါ။
Engine Over Heat လွန်ကဲလာရင်
တတောက်တောက် တဂေါက်ဂေါက်နဲ့ အသံအရင်ပေးပြီး မောင်းလို့လည်းမရတော့ပဲ
စက်ထိုးရပ်သွားတတ်ပါတယ်။
အကောင်းဆုံးကတော့ မီးသတ်ဆေးဗူး ကြီးကြီး ကောင်းကောင်း ဆောင်သွားကြပါ ခင်ဗျာ -