04/12/2025
Taste Window ၂၀၂၅၊ စက်တင်ဘာလထုတ် မဂ္ဂဇင်း
စက်တင်ဘာလထုတ် Taste Window မဂ္ဂဇင်းမှာတော့ ချစ်စွာသောစာရှုသူ များနှစ်သက်စေမယ့် အကြောင်းအရာလေးများကို တင်ဆက်ပေးထားပါတယ်။ စက်တင်ဘာလထုတ်ရဲ့ Cover အနေနဲ့ မတင်တင်ဦးရဲ့ “ကျန်းမာအောင်စားကြမယ်” ထမင်း၊ဟင်းလျာ ၁၁ မျိုး အပြင်၊ ကော်ဖီတစ်ခွက်၊ နှေးကွေးမနက်ခင်းတစ်ခု၊ ကော်ဖီအရသာ၊ ကော်ဖီအေးနဲ့အအေးကော်ဖီဘာကွာသလဲ၊ ရွာထမင်းရွာဟင်း၊ အမှတ်ရစရာမိသားစုဟင်းလျာ၊ Master Chef Myanmar Season 1 Winner မတင်တင်ဦးနဲ့အင်တာဗျူး၊ စားသောက်ဆိုင်သုံးစဉ်တီတုံးများအရောင်ခွဲခြားပုံ၊ စမတ်ကျကျကာဗိုစားကြမယ် စတဲ့ အကြောင်းအရာများနဲ့အတူ ဟင်းချက်နည်း၊ မုန့်လုပ်နည်း များပါဝင်ပါတယ်။ မဂ္ဂဇင်းစာမျက်နှာတိုင်းကို ချစ်ခြင်းများစွာနဲ့ ကြိုးစားတင်ဆက်ထားပါတယ်။ ချစ်စွာသောစာရှုသူများရဲ့ အားပေးချစ်ခင်မှုက ဆက်လက်ထွက်ရှိမယ့် မဂ္ဂဇင်း တစ်အုပ်စီတိုင်းအတွက် အားဆေးတစ်ခုပါ။ မဂ္ဂဇင်းရဲ့ ဆိုရှယ်မီဒီယာ များမှာလည်း( Facebook, YouTube, Tiktok) နှစ်သက်ပါ၊ မျှဝေပေးပါ၊ မှတ်ချက်ပေး ကြပါအုံး။ ဒီလထုတ်မဂ္ဂဇင်းကလည်း အိမ်တိုင်းရဲ့မီးဖိုချောင်ထဲကို ပျော်ရွှင်မှုနဲ့ ကျန်းမာခြင်းတွေ ယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Taste Window Magazine ကိုတော့ သုံးလတစ်ကြိမ် ၂၇ ရက်တိုင်းအသစ်ထွက်ပါတယ်။ Taste Window Magazine များကိုတော့ အမြို့မြို့ အနယ်နယ်ရှိ စာအုပ်ဆိုင်များ နှင့် စီးတီးမတ်ဆိုင်ခွဲများ အားလုံးတွင် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူချင်သူများအနေနဲ့လည်း Taste Window page Messenger တွင် အမည်၊ လိပ်စာအပြည့်အစုံ၊ ဖုန်းနံပတ်တို့ပေးပို့ပြီး မှာယူနိုင်ပါတယ်။
အမြို့မြို့အနယ်နယ်ရှိ စာဖတ်သူ ပရိသတ်တွေအတွက် စာတိုက်ကြီးမှတစ်ဆင့် ပို့ဆောင်ပေးနေပါတယ်။
မဂ္ဂဇင်းစာအုပ်အဖုံးတွင် ပါဝင်သော QR code ကို Scan ဖတ်၍ ထွက်ရှိပြီးသား Taste Window Magazine များကိုလည်း Ebook အနေဖြင့် အခမဲ့ ဖတ်ရှုနိုင်ပါတယ်။