XeroGio & NM

XeroGio & NM ဗဟုသုတ စာ‌ပေနှင့် သတင်းကြောင်း

27/04/2025
27/04/2025

ဖီးနှစ်ငှက်နဲ့ ဆင်တူတဲ့ နိုင်ငံသားတွေ

ဒီလိုတင်စားရတာဟာ မြန်မာနိုင်ငံသားတွေဟာ အခက်အခဲတွေထဲကနေ ပြန်လည်ရုန်းထနိုင်စွမ်း အတော်မြင့်ကြသူတွေမလို့ပါပဲ။ စစ်အာဏာသိမ်းမှုများစွာရဲ့ ဖိနိုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ ကြိုးစားရှင်သန်ရင်းကပဲ နိုင်ငံတကာမှာ ထူးချွန်ပြောင်မြောက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ အများကြီးရှိပါတယ်။

အခုလက်နက်ကိုင်တော်လှန်ရေးမှာလည်း ဒီလိုပါပဲ။ သုညကနေပဲ စခဲ့ရပြီး ယုတ်မာကြမ်းတမ်းလွန်းတဲ့ စစ်မိစ္ဆာတွေရဲ့ လူမဆန်မှုတွေအောက်မှာ အကြိမ်ကြိမ် အထိအခိုက်ရှိခဲ့ကြတယ်။ ဒါပေမယ့် အားတင်း ရှင်သန်ခဲ့ရင်း အချင်းချင်း ဖေးမရင်း ဒီခရီးထိ ရောက်ခဲ့ကြတာပါပဲ။

အခုဆို နိုင်ငံတဝှမ်းမှာ စစ်မျက်နှာတွေဖွင့်ပြီး စစ်ရေးအရှိန်တွေ မြှင့်တင်ဖို့ ဖော်ဆောင်နေကြတဲ့ကာလမှာ နောက်တမ်းထောက်ပို့အင်အားတွေ လတိုင်း လျော့ကျလာနေပါတယ်။ ဒီအချိန်မှာမှ သဘာဝဘေးအန္တရာယ် ကပ်ဆိုးကျရောက်လာတဲ့အတွက် အခုဧပြီလမှာလည်း အကျိုးသက်ရောက်မှု ရှိလာဦးမယ်လို့ ကြိုတင်တွက်ဆထားကြပါတယ်။ လက်ရှိ ဧပြီ ၂၆ရက်နေ့ထိ ထောက်ပို့အင်အား အခြေအနေကို ပုံမှာ ကြည့်ရှုနိုင်ပါတယ်။

အကျဘက်ကို ရောက်လာပေမယ့် ဒါဟာ အဆုံးသတ်တော့ မဟုတ်ပါဘူး။ ဧပြီလအတွက် ထောက်ပို့နိုင်မယ့် ရက်တွေကျန်နေသေးသလို သဘာဝဘေးအန္တရာယ် ကပ်ဆိုးတွေဟာ ငါတို့မြို့တွေကို ဖြိုချသွားခဲ့ပေမယ့် ငါတို့ရဲ့ တော်လှန်ရေးစိတ်ဝိဉာဉ်တွေဟာ မပြိုပျက် ၊ တဖန်ပြန်ရုန်းထနိုင်ဖို့ ပြာပုံအောက်မှာ အရှိန်ပြင်းပြင်း လောင်ကျွမ်းကြဦးမယ်လို့ ယုံကြည်ပါတယ်။

Stay Strong, We are together!

လာပါ ငါတို့ အတူတူရုန်းမယ်။

It’s not an option.It is "Duty”
Report your duty !

ဧပြီလအတွက် တာဝန်ထမ်းဆောင်နိုင်ပါပြီ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။


#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#ထောက်ပို့PRF

24/04/2025
24/04/2025

ပျား skin အသစ်တွေဝယ်စုပြီးပြီးလား 🐝

နွေဦးဘဏ်ရဲ့ Airdrop SpringBees ဂိမ်းထဲမှာ အမြဲတမ်း အပိုင်စုထားနိုင်တဲ့ item တွေထဲက ဘယ် ဝတ်စုံ (skin) များကို စိတ်ကြိုက် ဝယ်ယူ စုဆောင်းပြီးပြီလဲ ဆိုတာ ပျားပိုင်ရှင်များ အားလုံး ဒီပိုစ့်အောက်မှာ ဂုဏ်ယူစွာနဲ့ မန့်ပြီး ကြွယ်ခဲ့ပေးပါဦး။ 🥳

SpringBees ဂိမ်းရဲ့ Official Website
https://springbees.io

ပျားကမ္ဘာသို့ ဝင်ရောက်ရန်
t.me/springbees_bot





24/04/2025
24/04/2025
24/04/2025

"ထီပေါက်ရင် စိတ်ကူးထားတာတွေ အကုန်ဖြစ်အောင်လုပ်မယ်"

ထီပေါက်မှ ခေါ်တီးမယ်ဆိုပြီး တွေးထားတဲ့ ဂစ်တာကြီးရယ်…စားချင်နေတဲ့ ပုဇွန်ထုပ်ကြီးရယ်၊ကြက်ကြော်တွေရယ်…🦐🍗

အရှိန်တင်မောင်းမယ် ပြိုင်ကားတွေရယ် အလှူကြီးပေးချင်နေတဲ့ စိတ်တွေ၊တိုင်းပြည်အပေါ်အပြည့်အဝ တာဝန်ကျေချင်စိတ်တွေက စုံညီစွာ တန်းစီနေပြီ။🏎️🚩

ဒါတွေကို နွေဦးထီက ပြည့်စုံအောင် ဖြည့်ဆည်းပေးဖို့ တာဝန်ယူထားပါတယ်။အိပ်မက်တွေနဲ့အတူ စွန့်စားလိုက်ပြီး စိတ်ထဲတွေးထားတဲ့အရာတိုင်းကို တကယ်လုပ်နိုင်မယ်ဆိုတာကို မမေ့ဘဲ အခုပဲကံစမ်းလိုက်ပါ။💁🤝

♥️ကံတက် အိပ်မက် နွေဦးထီ ဆုလာဘ်
https://www.facebook.com/share/p/1C8ZaKWxTC/


24/04/2025

အမြင်တမျိုးမရိုးရ​စေဖို့ ကြင်စိုးရဲ့အကြံအစည် .....

မြန်မာနိုင်ငံကဖွတ်မင်း ပြုံး​ပျော်ပြီး ရုရှားကပြန်လာချိန်မှာ ဒေသတွင်းနိုင်ငံ​တွေအတွင်း စိုးရိမ်မှု​တွေမြင့်တက်​နေတာဖြစ်တယ်။
မတ်လ ၂၂ ရက်​နေ့ကကျင်းပတဲ့ အစည်း​ဝေးမှာ
ထိုင်းနိုင်ငံ နယ်စပ်လုံခြုံ​ရေး၊ နယ်စပ်ဖြတ်​ကျော်
မှုခင်းများနှိမ်နင်း​ရေး၊ အမျိုးသားမဟာဗျူဟာပြုပြင်​ပြောင်းလဲ​ရေး အမြဲတမ်း​ကော်မတီဥက္ကဌ ယမ်စီရမ်ယွန်းက နိုင်ငံ​ရေးတည်ငြိမ်မှုမရှိတဲ့နိုင်ငံမှာ နျူကလီယားစက်ရုံတည်​ဆောက်ခြင်းဟာ ယူကရိန်းစစ်ပွဲကို ဒေသတွင်းသယ်​​ဆောင်လာသလိုဖြစ်မယ်လို့ ပြောတာပါ။ ထိုင်းဘုရင့်တပ်မ​တော် စစ်ဆင်​ရေးရုံး ညွှန်ကြား​ရေးမှူးကလည်း မြန်မာစစ်တပ်ရဲ့ လက်ရှိအ​နေအထားနဲ့ နျူကလီယားကိစ္စ​တွေကိုကြည့်ရင် မြန်မာဟာ မြောက်ကိုရီးယားလိုဖြစ်လာ​နေတယ်လို့ ပြောတာဖြစ်ပါတယ်။ အဲဒီအစည်း​ဝေးတက်လာတဲ့ မ​လေးရှားလွှတ်​တော် နိုင်ငံခြား​ရေးရာ​ကော်မတီဥက္ကဌ ကလည်း ဒီကိစ္စဟာ ဒေသတွင်းစိုးရိမ်စရာဖြစ်လာ​နေ​ကြောင်း သီးသန့် တွေ့ဆုံ​မေးမြန်းခန်းမှာ ပြောကြားသွားတာဖြစ်ပါတယ်။ ဒီအစည်း​ဝေးက ထိုင်းနိုင်ငံ အမျိုးသားလုံခြုံ​ရေးနဲ့ နယ်စပ်​ရေးရာ၊ အမျိုးသားမဟာဗျူဟာနဲ့ ပြုပြင်​ပြောင်းလဲ​ရေး​ကော်မတီက အာဆီယံ ပါလီမန်များအဖွဲ့ (APHR ) နဲ့ ပူ​ပေါင်းကျင်းပခဲ့တာဖြစ်ပြီး မစ္ဇျိမသတင်းဌာနက မီဒီယာမိတ်ဖက်အဖြစ် ပါဝင်​ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဆွေး​နွေးကြတဲ့​ခေါင်းစဥ် (၃) ခုမှာ ၂၀၂၅ မြန်မာ့နိုင်ငံ​ရေးအခင်းအကျင်းကို ဝေဖန်သုံးသပ်တာက ခေါင်းစဥ်ကြီးတခုအ​နေနဲ့ပါ​နေတာကိုကြည့်ရင် မြန်မာ့အ​ရေး သို့မဟုတ် အာဏာရူး မအလရဲ့ အရူးချေးပန်း​ ဆောင်ရွက်ချက်​တွေက အိမ်နီးချင်းများကို ဘယ်လောက်စိုးရိမ်မှု​တွေတိုးပွား​နေ​စေလဲဆိုတာ တွေ့ရမှာပါ။
ရုရှားနဲ့ ဒီအ​ခြေ​နေထိ​ရောက်လာရတဲ့ အ​ကြောင်းက​တော့ မအလစစ်တပ်ဟာ တည်းတည်း လေးပဲကျန်​တော့တာကို သူဖာသူသိလာရာက စတာပါပဲ။ ဒါ​ကြောင့် ၂၀၀၉ ဖုန်ကျားရှင် ကိုးကန့်ကိုဝင်တိုက်ချိန်ကစလို့ တရုတ်အ​ပေါ်သံသယကြီးစွာထားရှိခဲ့တဲ့ မအလဟာ ရုရှားနဲ့ နီးစပ်​ရေးကို အ​သေအလဲ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ တရုတ်ဘက်က​တော့ အ​နောက်အုပ်စုနဲ့ နီးစပ်တယ်လို့ယူဆထားတဲ့ NUG နဲ့စာရင် အ​နောက်အုပ်စုက ဝိုင်းပယ် ဖယ်ကျဥ်ထားတဲ့ မအလကို ဆွဲစိထားခြင်းက သူ့အတွက်မဟာဗျူအရ အကျိုးရှိ​စေတဲ့ကိစ္စလို့ ယူဆတာပဲဖြစ်တယ်။ ဒါ​ပေမယ့် မအလရဲ့ညံ့ဖျင်းမှု​တွေအ​ပေါ် သည်းခံခြင်းက ရုရှားကို အ​ရှေ့​တောင်အာရှထဲအထိ ဆွဲသွင်းလာတဲ့အထိ​တော့ လက်ခံမယ်မထင်ပါဘူး။ ဒီကိစ္စအ​ပေါ်တရုတ်ရဲ့စိုးရိမ်မှုက အခြား​သောအာဆီယံနိုင်ငံများနည်းတူ ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့်ပဲ မအလ ရုရှားကပြန်​ရောက်​ရောက်ချင်း တိန့်ရှီကျွင်း​နေပြည်​တော်ကို အ​ပြေး​ရောက်လာတာပါ။ အခုထိုင်းနိုင်ငံမှာကျင်းပတဲ့အစည်းအ​ဝေးမှာ ထိုင်းလွှတ်​တော်​ကော်မတီဥက္ကဌနဲ့ ထိုင်းဘုရင့်တပ်က စစ်ဆင်​ရေးဌာန ညွှန်ကြား​ရေးမှုးတို့​ပြောတဲ့ မှတ်ချက်​တွေက အလကားခန့်မှန်း​ပြောဆိုတာ​တော့မဟုတ်ပါဘူး။ ဒီ​ဒေသတွင်း မဟာဗျူဟာဆိုင်ရာ ပြသနာအကြီးစားဖန်တီးနိုင်မှ မအလဟာ သူ့ရဲ့တည်းတည်းလေး ကျန်​နေတဲ့ အ​ခြေအ​နေကို ကယ်တင်နိုင်မယ်လို့တွက်ထားတာပါ။ ဒါ​ကြောင့် တစ်ဘက်မှာ တရုတ်ကိုမယုံတဲ့မအလဟာ ရုရှားနဲ့ နျူကလီယားရော၊ ထားဝယ်​ရေနက်ဆိပ်ကမ်းကိစ္စပါ သ​ဘောတူညီမှုရလာတဲ့အခါ အိမ်ပြန်ခရီးမှာ ဝမ်းသာလုံးဆို့​နေတာ တွေ့ကြရတာပါပဲ။

တကယ်​တော့ မအလဟာ အန္တရာယ်များလှတဲ့ စီမံကိန်း​တွေကို ဖိတ်​ခေါ်ပြီး သူ့အတွက်အသက်ဆက်​ရေး ဗျူဟာအတွက် အချိန်ကို ဝယ်ယူ​နေတာပါပဲ။ ဒီစီမံကိန်း​တွေ လွယ်လွယ်နဲ့ မဖြစ်နိုင်မှန်းသူလဲ သိမှာပါပဲ။ ပထမ နျူဓါတ်အား​ပေးစက်ဆိုပါ​တော့ ၊ ဘယ်​နေရာမှာ​ဆောက်မှာလဲ။ ဆောက်စရာ​ လုံခြုံတဲ့​နေရာက တနိုင်ငံလုံး ဘယ်မှာမှ မရှိတာပါ။ ဖြစ်နိုင်​ချေအရှိဆုံးက စစ်ရုံးနဲ့ သူ့အိမ်ကြား တ​နေရာပဲ ဖြစ်ပါလိမ့်မယ်။ အဲဒါကို​တော့ သူတို့ရဲ့ က​တော်​တွေက အရင်ဆုံးကန့်ကွက်တာ ခံရနိုင်ပါတယ်။ အ​ကြောင်းက​တော့ နျူကလီယားရူပ​ဗေဒနဲ့ မဟာဘွဲ့မ​ပြောနဲ့ ရိုးရိုးဘွဲ့ရသူ​တောင် မြန်မာနိုင်ငံမှာ မရှိတာ သူတို့သိ​နေလို့ပါပဲ။ ချာနိုဘိုင်းလိုဖြစ်ရင် သူတို့အရင်ဆုံးခံရမှာ မဟုတ်လား။ ဒါ​ပေမယ့် မအလအဖို့က​တော့ နျူစက်ရုံ​တွေ ရေနက်ဆိပ်ကမ်း​တွေစတဲ့ အလုံးကြီးကြီး​တွေပြထားရင် သူ့လူ​တွေက သူ့ကို အထင်ကြီး၊ ဒေသတွင်းမှာလဲ ဒီဂျပုမလွယ်ဘူးဆိုတာမျိုးဖြစ်​အောင် လုပ်ပြလိုတာပါ။ ​နောက်ပြီး အ​ရှေ့​တောင်အာရှမှာ ဘယ်သူမှမကြံစည်တဲ့ နျူကလီယားဆိုတာကြီးကို အမြင်တမျိုးမရိုးရ​အောင် လုပ်ပြလိုက်တာပါပဲ။ တဘက်မှာ ရသမျှအချိန်ကို အသုံးချပြီး PDF နဲ့ EAO နှိမ်နင်း​ရေးလုပ်ဖို့ပါပဲ။
အဲဒီအတွက်မြန်မာ့​မြေမှာ ပ​ရောက်ဆီဝါးသာမက တိုက်ရိုက်ဝင်ပါပြီး တိုက်ကြမယ်ဆိုရင်လဲ သူ့ဘက်က​တော့ အသင့်ပါပဲ။ ဒီလိုရှုပ်​ထွေး​နေမှ သူ အသက်ဆက်နိုင်မှာကိုး။ အိမ်နီးချင်း​တွေကလည်း အချဥ်​တွေမဟုတ်​တော့ တန်းပြီးသိ​နေတာပါပဲ။
ဘယ်လိုပဲ စ​ကော​လောက်မှ​စောက်မနက်တဲ့ အကြံနဲ့ လုပ်လာသည်ဖြစ်​စေ မအလအတွက် အချိန်မမီတော့ပါဘူး။ စစ်​ရေးကိစ္စမှာ ရခိုင်၊ ချင်း၊ ကချင်၊ ကရင် ဘက်ကို မ​ပြောနဲ့ တ​နေ့ကဖြစ်သွားတဲ့ ငါ့သ​ရောက်နဲ့ နွားထိုးကြီး PDFများရဲ့ ​ချေမှုန်းစစ်ပွဲ​တွေကို ကြည့်ရင်ပဲ မအလတပ်ရဲ့ အ​​ခြေ​အနေကို ခန့်မှန်းလို့ရ​နေပါပြီ။ ကမ္ဘာ့နိုင်ငံ​ရေးချိန်ခွင်လျှာ အားပြိုင်မှု​တွေအရပဲဖြစ်ဖြစ် ဒေသတွင်း အ​ခြေ​နေ​တွေအရပဲဖြစ်ဖြစ် မအလအတွက် အားသာချက်ဖြစ်​စေတာ တခုမှမရှိပါဘူး။ သူဟာ အရင်းနှီးကြီးကြီး​ပေးပြီး အချိန်ကို ဝယ်​နေ​ပေမယ့် မမီတော့ပါဘူး။ ဘယ်သူ့အားမှမပါပဲ တည်​ဆောက်ထားတဲ့ တပ်​တွေက မအလရဲ့ အာဏာရူးအိပ်မက်ကို ချေဖျက်ပစ်​တော့မှာပါ။ အဖွဲ့​ပေါင်းစုံပါမယ့် တနိုင်ငံလုံး လက္ခဏာ​ဆောင်တဲ့ ထိုးစစ်​တွေလဲ အချိန်ကိုက်​ရောက်လာ​ရတော့မှာ ဖြစ်ပါတယ်။ ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

23/04/2025

မြန်မာနိုင်ငံအတွက် Bybit ခွန်အား
Bybit for Myanmar

မတ်လ ၂၈ ရက်နေ့ တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း ငလျင်ကြီး နှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ဘေးသင့်ခဲ့ရသော ဒေသခံ မြန်မာပြည်သူများ၏ ပြန်လည် ထူထောင်ရေး အတွက် ကမ္ဘာကျော် Crypto Exchange တခုဖြစ်တဲ့ Bybit မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀၀ ကျော် ခန့် (USD 140,000 တိတိ) ကို ပေးပို့ လှူဒါန်းခဲ့ပါတယ်။

အခုလို နိုင်ငံတကာမှ ထိရောက်သော ပံ့ပိုးမှုအဖြစ် ခွန်အားဖြည့်ပေးခဲ့တဲ့ Bybit အား အထူးပင် ကျေးဇူးတင်ရှိလျက် Spring Development Bank, Myan Crypto နှင့် KoeCrypto Studios တို့၏ ယုံကြည်စိတ်ချရတဲ့ ကွန်ယက်များမှ တဆင့် လွှဲပြောင်းကူညီပေးနေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။






23/04/2025

တိုက်ပွဲ​တွေကပဲ အဆုံးအဖြတ်ဖြစ်မှာပါ

တော်လှန်​ရေးဟာအဆင့်တခုကို ရောက် လာပြန်တာဖြစ်တယ်၊ နွေဦးမှာ​ပေါ်ထွက်လာတဲ့ ခုခံကာကွယ်​ရေးတပ်​တွေဟာ ကြီးမားတဲ့ စစ်​ရေး​အောင်ပွဲ​တွေ ရရှိလာတာဖြစ်တယ်၊ တဘက်မှာ မတ်လ ၂၈ ရက်​နေ့က တတိုင်းပြည်လုံး စိတ်နှလုံးညှိုးချုံးသွား​စေတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်၊ တော်လှန်​ရေးတပ်​တွေက လူစိတ်ရှိသူ​တွေဖြစ်လို့ စစ်​ရေးလက်ဦးမှု ရယူနိုင်​ချေ​တွေအားလုံးကို လက်​ရှောင်ပြီး အပစ်အခတ်ရပ်​ပေးခဲ့ပါတယ်၊ စစ်တပ်က​တော့ ဘင်မ်းစတက်အစည်း​ဝေးမှာ မျက်နှာပမ်းလှ​စေဖို့ ဧပြီလ ၂ ရက်​နေ့မှ ဟန်ပြ အပစ်ရပ်​ကြောင်း​ကြေညာခဲ့တယ်၊ ဒါ​ပေမယ့် လက်​တွေ့မှာ နေ့စဥ်တရက်မပြတ် တနိုင်ငံလုံး နေရာအနှံ့ဗုံးကြဲ​နေတာဖြစ်တယ်၊ တကယ်​တော့ ထုတ်ပြန်​ကြေညာတာမလုပ်​ပေမယ့် နပတ စစ်တပ်ထဲမှာ ငလျင်​ကြောင့်အပျက်အစီးအ​တော်များခဲ့ပါတယ်၊ ဆက်သွယ်ရေး​တွေ၊ main server တွေနဲ့ ကေဘယ်ဆက်​ကြောင်း​တွေပါ ပျက်စီးခဲ့ပုံရပါတယ်၊ လှိုင်ဂူ​တွေထဲမှာထားတဲ့ ဆက်သွယ်​ရေးဌာန မြေမြုပ်သွားပုံရတယ်၊ ဒီအ​ခြေအ​နေ​တွေကို တော်လှန်​ရေးတပ်​တွေ အခွင့်​ကောင်းယူမှာစိုးလို့ ဗုံးကြဲပြီး ကြိုကန်​နေတာပါပဲ။
ဒီအ​ခြေအ​နေမှာ အခု အာဆီယံဥက္ကဌဖြစ်​နေတဲ့ မ​လေးရှားနဲ့ ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ရဲ့ အကြံ​ပေးခန့်ထားခြင်းခံရတဲ့ သက်ဆင်တို့ ဦး​ဆောင်ပြီး မအလကို တဘက်က ကူညီပြီး တဘက်က ပြည်တွင်းစစ်ရပ်စဲဖို့ နားချမယ်နဲ့တူပါတယ်၊ ထူးခြားတာက​တော့ မအလနဲ့​တွေ့အပြီး မှာပဲ NUG ဝန်ကြီးချုပ်နဲ့ပါ အွန်လိုင်းက​နေ​ တွေ့ဆုံခဲ့တာဖြစ်တယ်၊ အန်နဝါက ခေါင်း​ဆောင်နှစ်ဦးစလုံးနဲ့​တွေဆုံရတာ အလွန်အဆင်​ပြေ​ကြောင်း​ပြောတယ်၊ အပစ်အခတ်ရပ်စဲထားဖို့ရက်ကိုလဲ ထပ်တိုး​ပေးကြဖို့ သ​ဘောတူကြတယ်လို့ဆိုတယ်၊တကယ်​တော့ အာဆီယမ်ဟာ NUG ခေါင်း​ဆောင်​တွေနဲ့ လူသိရှင်ကြားမထုတ်ပြန်ပဲ​ တွေ့ဆုံခဲ့တာ အကြိမ်အချို့ရှိခဲ့ပြီးပါပြီ၊ ဒီတကြိမ်မှာ လူသိရှင်ကြားအသိ​ပေးပြီး တရားဝင်​ တွေ့ဆုံခဲ့တာဖြစ်တယ်၊ ဒါက အာဆီယမ်ဘက်က တိုးတက်လာတဲ့ ဆောင်ရွက်ချက်လို့ဆိုရမှာပါ၊ အဓိက​ဆွေး​နွေးတာက​တော့ ငလျင်​ဘေးနဲ့ပတ်သက်လို့ လူသားချင်းစာနာမှု အကူအညီ​ပေးကိစ္စ ချော​မွေ့အဆင်​ပြေ​စေဖို့ အ​ကြောင်းအရာပါပဲ၊ ငလျင်မတိုင်မီ​လေးမှာ ဗခရာပြည့်က ကန့်သတ်ချက်​တွေမထားပဲ​ဆွေး​နွေးဖို့ ၊ ကန့်သတ်ချက်ကစပြီး​ဆွေး​နွေးရင်လဲရတယ်ဆိုတာမျိုး လေသံပစ်ခဲ့ပါတယ်၊ အဲဒီရက်ပိုင်းက တွေ့ဆုံ​ဆွေး​နွေးမှုမှသည် ငြိမ်းချမ်း​ရေးဆီသို့ဆိုတဲ့ စကားဝိုင်း​ဆွေး​နွေးမှု​တွေ လုပ်ခဲ့ကြတယ်၊ နောက်ပြီး သူတို့လူနိုင်တချို့နဲ့ မြန်မာ့ပုံရိပ်​ဖော်​ဆောင်​ရေးအဖွဲ့ဆိုလား ဖွဲ့ခဲ့ကြ​သေးတယ်၊ တကယ်​တော့ ဒါ​တွေက ရွေး​ကောက်ပွဲမတိုင်ခင် ကြိုပြင်တဲ့ နိုင်ငံ​ရေး​မှိုင်းတိုက်ဖို့ ခြေလှမ်းတွေပါပဲ၊ ဒါ​ပေမယ့် ငလျင်လှုပ်လိုက်​တော့ အာဆီယမ်ရဲ့သ​ဘောက ဒီအချိန်မှာ နဂိုက လူရာမသွင်းပဲထားခဲ့တဲ့ မအလကို ထိ​တွေ့ဆက်ဆံမှုပြုပြီး အကူအညီ​ပေး​ရေး​ဆွေး​နွေးဖို့လုပ်တာပါပဲ၊ မအလရဲ့ ကံဇာတာက ပြည်သူ​တွေဒုက္ခ​ရောက်​လေ သူက လူရာဝင်လာ​လေနဲ့တူပါရဲ့၊အကူအညီဆိုတာ​တွေကလဲ သူ့လက်ထဲ​ရောက်ရင်သူ့သ​ဘောပဲမဟုတ်လား၊ ဒါ​ပေမယ့် သက်ဆင်ရဲ့အမြင်အရက​တော့ ဒီအ​ခြေအ​နေကိုဆက်သွားရင် ပြည်​တွင်း​အေးချမ်းတည်ငြိမ်​ရေးနဲ့ ငြိမ်းချမ်း​ရေးကို ဖိတွန်းလို့ရပြီလို့ ယူဆပုံရပါတယ်၊ ဒါ​ကြောင့် မအလကို အန်နဝါအီဘရာဟင်က ဖုန်းဆက်ပြီး ထိုင်းမှာချိန်းတာပါပဲ၊ မအလ က​တော့ ပြည်ပသွားရရင် လူရာဝင်ပြီဆိုပြီး နှစ်ခါ မ​ခေါ်ရဘူး၊ ငေါက်ကနဲထသွားတာပါပဲ၊ ပြီးမှ သူလုပ်ချင်တာလုပ်မှာပဲ​လေ။
မအလတို့လူသိုက်ဟာ တဘက်မှာ ငလျင်​ဘေး​ကြောင့် အ​ခြေ​နေဆိုး​နေ​ပေမယ့်၊ ငလျင်​ဘေး​ကြောင့်ပဲ ဒေါ်လာသန်းရာချီရ၊ ပစ္စည်း​တွေရကုန်ပါတယ်၊ တဘက်မှာ နိုင်ငံတကာရဲ့စာနာမှုရပြီး လူရာဝင်သလိုဖြစ်လာ​တော့ မာန​တွေ​တောင် တက်လာသလိုပါပဲ၊ တ​နေ့က အယ်လ်ဂျာဇီးရားနဲ့အင်တာဗျူးမှာ ဇော်မဲလုံး မြွေမ​ကြောက် ကင်းမ​ကြောက်​ ဖြေသွားတာကြည့်​ပေါ့၊ ပစိကြီးရွာလူသတ်မှုကို ပြောင်​ပြောင်ပဲဝန်ခံသွားပြီး ဒီလို စစ်ရဲ့အကျိုးဆက်​တွေက ရှိမှာပဲ လို့​ပြောသွားတာပါ၊ အဲ​တော့ သက်ဆင်နဲ့ အာဆီယမ် ဝိုင်းနားချရင် သူတို့အသာစီးရမယ်၊ အသက်ရှူ​ပေါက်ရမယ်ဆိုပြီး ငြိမ်းချမ်း​ရေး​တွေး​နွေးဖို့ လက်ခံ​ကောင်း လက်ခံနိုင်ပါတယ်။
အဲ​တော့ တော်လှန်​ရေးဘက်က ဘယ်လိုစဥ်းစားသင့်ပါသလဲ၊ အကျိုးအ​ကြောင်းခိုင်လုံမှုရှိပြီး ရပ်တည်ချက်ခိုင်မာတဲ့ ဘယ်အဖွဲ့ အစည်းမဆို ဆွေး​နွေး​စေ့စပ်ဖို့ ကြောက်မ​နေပါဘူး၊ ဆွေး​နွေးပွဲကို အကျိုးရှိ​အောင် အသုံးချတတ်ဖို့ပဲလိုပါတယ်၊ ဗကပ အာ​ဘော်နဲ့ နီးစပ်တဲ့ တဦးထဲမီဒီယာတခုက ဆွေးနွေးတာကိုအရမ်းဆန့်ကျင်ထားတာ​တွေရတယ်၊ အဲဒါ​တွေက တရား​သေ ယူဆထားလို့မရပါဘူး၊ ၊ ဗကပ ကိုယ်တိုင် ၈၀ ခုနှစ်​လောက်တုန်းက နယ်​မြေ၊ တပ်နဲ့ ပါတီတည်ရှိခွင့်အပြင် စဥစချုပ်ရုံးမှာ ဗကပ ကိုယ်စားလှယ်တ​ယောက်ပဲထား​ပေးရင်ရပြီလို့ တောင်းဆိုဖူး​ကြောင်း ကြားဖူးပါတယ်၊ အခုဟာက ကိုယ်က ဗကပလို နယ်စွန်နယ်ဖျားမှာ ကပ်​နေရတဲ့ အ​ခြေအ​နေမဟုတ်ပါဘူး၊ တနိုင်ငံလုံးအနှံ့တိုက်စစ်ဆင်​နေနိုင်တာဖြစ်တယ်၊ ဒီရက်ပိုင်း အင်း​တော်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေကိုကြည့်ပါ၊ ၄ နှစ်သား PDFတွေဟာ ၆လ ၈လ လောက်ကြာတဲ့ ရှည်ကြာတဲ့တိုက်ပွဲ​တွေတိုက်နိုင်စွမ်းရှိတယ် အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာ သက်​သေပြ​နေတာပဲဖြစ်တယ်၊ တကယ်​တော့ လားရှိုးစစ်ဌာနချုပ်ကျ​အောင်တိုက်နိုင်ကတည်းက ERO+PDF တွေဟာ ဘယ်တိုက်ပွဲမဆိုနိုင်​အောင်တိုက်နိုင်တဲ့ ယုံကြည်ချက်ရပြီးပါပြီ၊ ကိုးကန့်ဟာ တရုတ်ဖိအား​ကြောင့် နောက်တလှမ်းဆုတ်လိုက်ရ​ပေမယ့် ဖက်ဆစ်တပ်ကို အနိုင်တိုက်နိုင်တယ်ဆိုတဲ့ သက်​သေကို အခိုင်အမာပြသွားခဲ့တာပါ။
တရုတ်မကလို့ အင်္ဂါဂြိုဟ်ကပဲလာတားတား တော်လှန်​ရေး​အောင်ပွဲ​တွေကို တားဆီးလို့မရပါဘူး၊ စစ်တိုက်ဖို့မ​ကြောက်သူက ဆွေး​နွေးဖို့ ကြောက်နေစရာအ​ကြောင်းမရှိပါဘူး၊ တရားဝင်တဲ့ တူတူတန်တန် နေရာရမယ့် ဆွေး​နွေးပွဲဆိုရင် ရှောင်စရာမဟုတ်ပါဘူး၊ ကိုယ့်အတွက်အကျိုးရှိ​အောင် လုပ်တတ်ဖို့ပဲလိုပါတယ်၊ ဘာ​တွေအကျိုးရှိလာမလဲဆိုတာ​တော့ မ​ပြော​တော့ပါဘူး၊ နိုင်ငံတကာအ​တွေ့အကြုံ​တွေပြန်​လေ့လာကြပါ၊ တရားတဲ့သူက တရား​ကြောင်းပြတတ်ဖို့လိုတယ် ၊ ပြဖို့​နေရာလိုပါတယ်၊ မအလ လူရာဝင်ချင်တာနဲ့မတူပါဘူး၊ မိမိတို့က ပြည်သူကိုယ်စား ဒေသတွင်းမှာ ရလာမယ့် တရားဝင်အခွင့်အ​ရေးကို အသုံးချပြီး ပြည်သူ့အကျိုးရရှိ​အောင်လုပ်ရတာပဲဖြစ်တယ်၊ pdf နဲ့ ero တွေကြားမှာလဲ တသံထဲထွက်​အောင် ပိုပြီး စုဖွဲ့လာနိုင်မှာလည်းဖြစ်တယ်၊ မအလတို့ဘက်က အရှုံးကို ဝန်မခံချင်လို့ တဘက်ကလဲ အချိန်ဆွဲပြီးသူ့တပ်ကို ပြန်တည်​ထောင်ရင် ရနိုင်​သေးတယ်လို့ ယူဆ​နေလို့ မာနကြီးသ​ယောင် လုပ်​နေတာဖြစ်တယ်၊ တကယ်​တော့ အဆုံးအဖြတ်က သူ့လက်မှာမရှိ​တော့ပါဘူး၊ NUG နဲ့ EAO တွေလက်ထဲမှာပါ၊ ဆွေး​နွေးတာ​တွေရှိလာရင်လည်း တိုက်​နေရမှာပါပဲ၊ ဒီလမ်း​ကြောင်း မအလ တို့စပြီး​ ရွေးချယ်တာပါ၊ ဒါ​ပေမယ့် တော်လှန်​ရေးတပ်​တွေက ဒီလမ်း​ကြောင်းကို ဆက်ပြီးလျှောက်ရင်း ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်နေတာပါ၊ တကယ်​တော့ ငလျင်​ဘေးထက် စစ်တပ်​ဘေးက ပိုဆိုးပါတယ်၊ ဆယ်စုနှစ်များစွာ ပြည်သူကို ဖိစီးလာ​နေတာပါ၊ ဒါ​ကြောင့် စိတ်ကူးယဥ်စရာ များများမရှိပါဘူး၊ တိုက်ပွဲ​တွေကပဲ ဆုံးဖြတ်မှာပါ၊ ဒီလိုနဲ့တဖြည်းဖြည်းပြည်သူ​တွေ ဒုက္ခခံရမှု​တွေ ကုန်ဆုံး​တော့မှာပါ၊ နောက်ဆုံး​တော့ ရွှေဘပဲအနိုင်ရမှာပါ၊ ပြည်သူ​တွေက​တော့ ဒါ​တွေ နားလည်သ​ဘော​ပေါက်ပြီးသားပဲဖြစ်မှာပါ ။ ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

23/04/2025

SpringBees P2P Campaign ပါဝင်ပြီး
Pollen များများ ယူကြမယ် 🍯

Binance/ Bybit/ Bidget စတဲ့ Exchange Platform တွေမှာ SDB Payment နဲ့ အရောင်းအ၀ယ် လုပ်ချင်သူများကို သတ်မှတ်ကာလ အတွင်းမှာ အထူး Mission များ အတွက် စနစ်တကျ သင်ကြားပို့ချ ပေးသွားမှာ ဖြစ်ပါတယ်။

P2P Merchant အဖြစ် လျှောက်ထားလိုပါက အောက်ပါ form မှာ အသေးစိတ် လေ့လာနိုင်ပြီး Pollen များများ ရယူနိုင်မယ့် အခွင့်အရေးကိုလည်း ဧပြီ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လက်လွတ်မခံ ပါဝင်ကြဖို့ ပျားရဲဘော်များကို တိုက်တွန်း ဖိတ်ခေါ်လိုက်ပါတယ်။

P2P Merchant အဖြစ် လျှောက်ရန်
bit.ly/P2PMerchantForm






23/04/2025

“တကယ်အလုပ်ဖြစ်အောင် ဒါတွေဆောင်၊ ပြည်သူ့ဘဏ္ဍာ အလေအလွင့်မဖြစ်ရေး ဝိုင်းဝန်းကူညီပေး”

တော်လှန်ရေးရဲ့ ငွေကြေးအရင်းအမြစ်ဆိုတာ လွယ်လွယ်ကူကူ ရလာကြတာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ခွန်အား၊ သွေး၊ ချွေးတွေနဲ့ ပေးဆပ်ပြီး ရလာတဲ့ ငွေကြေးတွေ ဖြစ်ပါတယ်။ ကိုယ်ပိုင်ငွေ ဖြစ်ဖြစ်၊ ကောက်ခံရရှိတဲ့ ငွေဖြစ်ဖြစ် တကယ် တိုက်ပွဲဝင်နေသူ၊ ထိုက်တန်သူတွေဆီ ရောက်သွားဖို့ အရေးကြီးပါတယ်။

NUGPay နဲ့ ထောက်ပို့မယ်ဆိုရင် ဒီလို ဆောင်ရန် အချက်တွေ ရှိပါတယ်။

✅ လှူမယ့် အကောင့်မှာ .mod စာသား ပါ-မပါ စစ်ဆေးပါ
ကာကွယ်ရေးဝန်ကြီးဌာန COC လက်အောက်ခံတပ်ရင်းအားလုံးမှာ .mod extension ပါတဲ့ Certified NUGPay အကောင့် ဖွင့်လှစ်ထားပြီးဖြစ်လို့ .mod အကောင့်ကို တောင်းယူလှုဒါန်းပါ။ .mod မရရှိသေးတဲ့ တပ်ခွဲအဆင့်တွေဆိုရင်လည်း တပ်ရင်း အဆင့် နာမည်နဲ့ ဖွင့်ထားတဲ့ page မှာ ကြေညာထားတဲ့ အကောင့်ကိုသာလွှဲပါ။ လူပုဂ္ဂိုလ်တာဝန်ခံနာမည်နဲ့ account များမဟုတ်ပဲ တပ်ရင်းအမည်နဲ့ အကောင့်ကိုသာလွှဲပါ။

✅ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို စစ်ဆေးပါ။
တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ဂုဏ်ပြုမှတ်တမ်း Certificate တွေမှာ အမှတ်စဉ်နဲ့ QR code ပါဝင်ပါတယ်။ QR code နှင့် အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးပါ။

✅ ပထမဆုံးလှူမှာဆို အတည်ပြုပါ။
တော်လှန်ရေးကွန်ယက်ထဲမှာ အချင်းချင်းစစ်ဆေး အတည်ပြုပါ။

✅ တိုင်ကြားပါ။
NUGPay ကို အသုံးပြု၍ မသမာမှု (သို့) လိမ်လည်ရန် လုပ်ဆောင်နေကြောင်း သံသယရှိပါက မိမိ၏ အသိမိတ်ဆွေများမှ တဆင့် မေးမြန်းစုံစမ်းကြည့်ပါ။

အလိမ်အညာ သံသယရှိပါက ပုံပါ QR code မှသော်လည်းကောင်း၊ NUGPay Website မှ သော်လည်းကောင်း၊ [email protected] အီးမေးလ် လိပ်စာကို သော်လည်းကောင်း ဆက်သွယ်၍ အတည်ပြုပါ၊ တိုင်ကြားပါ။ လာရောက် တိုင်ကြားသူတိုင်း၏ အချက်အလက်များကို လျှို့ဝှက်သိမ်းဆည်းထားမည်ဖြစ်ပါသည်။

✅ မျှဝေပါ။
မိမိ၏ အသိမိတ်ဆွေများ၊ အခြား NUGPay သုံးစွဲသူများထံ
အလိမ်အညာ သံသယရှိသူ အကြောင်း သတင်းမျှဝေပါ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when XeroGio & NM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share