XeroGio & NM

XeroGio & NM ဗဟုသုတ စာ‌ပေနှင့် သတင်းကြောင်း

28/08/2025
28/08/2025

နွေဦးထီရဲ့ ဆုကြီးတွေအပြင် ဩဂုတ်လရဲ့ အထူးကတိဆုကြီးများကိုပါ ရယူပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးများကို စိတ်ချလုံခြုံရတဲ့ Spring Development Bankဖြင့် ငွေဖြည့်သွင်းကာ အချိန်မီ ကံစမ်းရင်း အိမ်မက်များကို အကောင်အထည် ဖော်ဆောင်ကြရအောင်။ 💝

နွေဦးဘဏ် နဲ့ ငွေဖြည့်ရန်
📲 bit.ly/m/SDB4all

ငွေ ၂၀၀၀ ကျပ်ဖြင့် နွေဦးထီ ဝယ်ယူပါ
🌟app.nwayoohti.com

🤝ပေါင်းစည်း ညီညာ အိပ်မက် ပဒေသာ
https://www.facebook.com/share/p/1CRZs3MyCL/

28/08/2025

မင်းကွန်းမှသည်... မန္တလေးဆီ

မင်းကွန်းဆိုတာ "မင်းဖြူမှန်မှန်ပြော" ဆိုတဲ့ မင်းကွန်းခေါင်းလောင်းကြီးရှိတဲ့နေရာပေါ့။ တောင်ဘက် ၇ မိုင်ခန့်လောက် စုန်ဆင်းလိုက်ရင်ကို တဖက်ကမ်းမှာရှိတဲ့ မန္တလေးကိုရောက်နိုင်တာဆိုတော့ မင်းကွန်းဒေသကိုသာ စိုးမိုးမှုယူနိုင်ရင် ဘယ်လောက်အရှိန်မြှင့်နိုင်မလဲဆိုတာ သိသာခန့်မှန်းနိုင်မှာပါ။ ဒါကြောင့် စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသမှာ အခြေပြုဖွဲ့စည်းထားတဲ့ ယူနီကွန်းပျောက်ကျားတပ်ဖွဲ့ဟာ ဒေသတစ်ဝိုက် ကာကွယ်ရေး အတွက်သာမက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်စောင့်ရှောက်ပေးထားကြပါတယ်။

ဒါပေမဲ့လဲ ယခုအချိန်မှာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ယဉ်ကျေးမှုနယ်မြေ မင်းကွန်းမှာ တပ်စခန်းချပြီး ပြည်သူတို့ရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးဒုက္ခပေးမှုတွေ ပိုမိုဆိုးရွားစွာလုပ်လာတာကြောင့် ယူနီကွန်းရဲဘော်တွေဟာ တားဆီးချေမှုန်းပြီး ပြည်သူတွေကို ကာကွယ်ပေးနေရပါတယ်။

ရေရှည်အတွက်ဆိုရင်တော့ အမြဲခုခံနေတာထက် စိုးမိုးထားနိုင်ဖို့က ပိုအရေးကြီးတဲ့အပြင် မင်းကွန်းကိုသာစိုးမိုးနိုင်သွားရင် မန္တလေးမြို့ကြီး ပြည်သူ့အပိုင်ဖြစ်ရဖို့ အခွင့်အလမ်းပိုကောင်းသွားစေမှာပါ။ ဒါကြောင့် မင်းကွန်း အခြေစိုက် စကစ စခန်းကို ရယူဖို့ ရှေ့တန်းရဲဘော်တွေအရှိန်မြှင့်ကြိုးစားနေကြပါပြီ။

ပြည်သူတွေကိုကာကွယ်ပေးချင်တဲ့ ပြည်သူတွေချစ်တဲ့ ရဲဘော်လေးတွေကို ရှေ့တန်းမှာ လုံခြုံမှုရှိဖို့အတွက် ကျည်ကာဝိုင်းကူပေးကြပါ။ ဒဏ်ရာရဲဘော်တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ဆေးဝါးရိက္ခာ လိုအပ်လျက်ရှိတာကြောင့် ဝိုင်းကူပေးကြပါ။ ကူရကျိုးနပ်အောင်လည်း ရဲဘော်တွေကပိုကြိုးစားမှာမို့ အတူတူချီတက်ချင်ပါတယ်။

လုံခြုံစိတ်ချစွာ အားဖြည့်ရန်
🌿 springcrowdfund.org/campaign/0d50c5d2-3ca6-4751-8013-09dfb53c8cd9

SCF Account လွယ်ကူစွာဖွင့်ရန်
🌿 springcrowdfund.org/signin
(ပြည်တွင်းဆို VPN လေးခံပေးနော်)

#တို့အတူချီတက်SCF

27/08/2025

ကာကွယ်ရေးဝန်ကြီးဌာနက အထူးတိုင်းစစ်ဌာနဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်မြှင့် ဖော်ဆောင်မယ်
သြဂုတ် ၂၇၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတွေ၊ ဗျူဟာတွေကို စနစ်တကျစုဖွဲ့မှု ပြုလုပ်ပြီး အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ကာ စစ်ဆင်ရေးအရှိန်အဟုန်မြှင့်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

အထူးတိုင်းစစ်ဌာနကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက် မှာထားရှိပြီး အမှတ် (၁) စစ်ဆင်ရေးနယ်မြေရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာရှိတဲ့ တိုင်းစစ်ဌာ နတစ်ခုဖြစ်ပါတယ်။

အထူးတိုင်းစစ်ဌာနက တိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ နည်းဗျူဟာတွေ၊ တပ်ရင်းတွေနဲ့ တိုင်း စစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ၊ ဒရုန်းလက်ရုံး တပ်ဖွဲ့တွေကို ဦးစီးကွပ်ကဲလျက် မဟာမိတ် EROs တပ်ဖွဲ့တွေ၊ LPDF တွေနဲ့အတူ စစ်ဆင်ရေး တွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် အထူးတိုင်းစစ်ဌာန page စတင်ဖွင့်လှစ်တဲ့အချိန်ကစလို့ တိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ စစ်ဆင်ရေးဆောင်ရွက်ချက်တွေနဲ့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ပြည်သူလူထုသို့ အချိန်နဲ့တပြေးညီတရားဝင်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။





Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

27/08/2025

လ_က်နက်မကိုင်ထားရင်ပဲ တော်လှန်ရေး လုပ်တာမဟုတ်သလိုလို အဓိပ္ပါယ်သက်ရောက်တဲ့ အရေးအသားတွေနဲ့ လာလာမန့်နေတာ ငါတော့ မြင်တာနဲ့ တန်းဘလော့တာပဲ

အဲလိုစော_က်ရူး_တွေကို နားလည်အောင် နည်းနည်းပြောပြအုံးမယ် ဒါမယ့် တချို့တွေက လ_က်နက်ကိုင်တော်လှန်သူနဲ့ တခြားတော်လှန်သူကြား သွေး_ခွဲ_တဲ့_အရေးအသားတွေ တမင် လိုက်မန့်နေကြတာလားလို့ တွေးမိလာတယ်

နွေဦးတော်လှန်ရေးနဲ့ပတ်သက် အဲလိုလိုက်မန့်နေတဲ့ စော_က်ရူး_တွေကို နားလည်အောင် နည်းနည်း ပြောပြအုံးမယ်

တော်လှန်ရေးဆိုတာ မင်းဘဝကို ဘယ်လောက် ရင်းထားလဲ ငါ့ဘဝကို ဘယ်လောက် ရင်းထားလဲ တော်လှန်ရေးထဲ မင်းက ဘယ်လိုပုံစံနဲ့ပါဝင်နေလဲ ငါက ဘယ်လိုပုံစံနဲ့ပါဝင်နေလဲဆိုပြီး နှိုင်းယှဥ်လို့ရတဲ့အရာမဟုတ်ဘူး

တော်လှန်ရေးဆိုတာ ရွေးချယ်မှုတခုသာဖြစ်တယ် ဒီလိုပဲ မင်း ဘယ်လိုပုံစံနဲ့ ပါဝင်မလဲဆိုတာ မင်းရဲ့ ရွေးချယ်မှုသာဖြစ်တယ်

လူတယောက်နဲ့တယောက်ဟာ ဖြတ်သန်းမှုပုံစံ အတွေ့အကြုံ မတူတဲ့အတွက် တော်လှန်ရေးထဲ ဘယ်လိုပုံစံနဲ့ ရွေးချယ်ပြီး ပါဝင်မလဲဆိုတာ မတူနိုင်ဘူး

ဒီလိုပဲ တော်လှန်ရေးဆိုတာ တော်လှန်ဖို့ ရွေးချယ်ယုံနဲ့မပြီးဘူး တာဝန်ယူမှုဆိုတာ ရှိရတယ် မင်း ဘယ်လိုပုံစံနဲ့ ပါဝင်နေသည်ဖြစ်စေ တော်လှန်ရေးအတွက် အကျိုးသက်ရောက်မယ့်အရာတွေကို တော်လှန်ရေးပြီးဆုံးတဲ့အထိ လုပ်ပေးနိုင်တာလုပ်ပေးနေခြင်းဟာ တာဝန်ယူမှုဖြစ်တယ်

တချို့စော_က်ရူး_တွေ နားလည်အောင် ထပ်ပြောပြအုံးမယ် နွေဦးတော်လှန်ရေးဟာ နည်းလမ်း ၄ ခု အခင်းအကျင်း ၄ ဆင့် ဖြတ်သန်းလာခဲ့တယ် တို_က်ပွဲဝင်နေဆဲဖြစ်တယ်

ပထမဆုံးအခင်းအကျင်းက အာဏာသိမ်းစစ်တပ် ဖြုတ်ချဖို့ အကြ_မ်းမဖက်နည်းလမ်းဖြင့် လမ်းပေါ်တက် ဆန္ဒပြထုတ်ဖော်တာဖြစ်တယ် ဒုတိယအခင်းအကျင်းက CDM နည်းလမ်းဖြင့် စစ်အုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်အောင် ဖိအားပေးခြင်းဖြစ်တယ်

တတိယအခင်းအကျင်းက စင်ပြိုင်အစိုးရဖွဲ့စည်း နိုင်ငံအသိုင်းအဝိုင်းက အသိအမှတ်ထောက်ခံမှုရယူပြီး နိုင်ငံရေးနည်းလမ်းဖြင့် စစ်ကောင်စီပြုတ်ကျဖို့ ကြိုးစားခြင်းဖြစ်တယ်

နောက်ဆုံး စတုထ္ထအခင်းအကျင်းက စစ်ရေးအဆုံးအဖြတ်ဖြင့် စစ်တပ်ပြိုလဲအောင် တို_က်ခိုက်ခြင်းဖြစ်တယ်

စစ်ကောင်စီပြုတ်ကျဖို့အတွက် နွေဦးတော်လှန်ရေးဟာ ဒီအခင်းအကျင်း ၄ ခုကို ဖြတ်သန်းရင်း တော်လှန်နေရတာဖြစ်လို့ ဘယ်အခင်းအကျင်းမှာ ဘယ်လိုပုံစံနဲ့ပါဝင်သည်ဖြစ်စေ လက်ရှိအချိန်ထိ တော်လှန်ရေးအတွက် အကျိုးရှိအောင် နည်းလမ်းတခုခု ပုံစံတခုခုဖြင့် ပါဝင်နေသူအားလုံးဟာ တော်လှန်ရေးရဲ့အစိတ်အပိုင်းတွေဖြစ်တယ်

အဲဒီအခင်းအကျင်း ၄ ခုလုံး ဖြတ်သန်းပြီး လက်ရှိအချိန်ထိ တော်လှန်ရေးထဲ ရှိနေသူအားလုံး စစ်တပ်ရဲ့ ဒုက္ခပေးမှုကို တနည်းနည်းနဲ့ ခံစားခဲ့ရပြီးသူ ဖြတ်သန်းနေရသူတွေချည်းဖြစ်တယ်

နွေဦးတော်လှန်ရေးထဲမှာ စစ်တပ်ပေးတဲ့ ဒု_က္ခ_တွေကြောင့် အ_သက်_စွန့်_ရသူ ကိုယ်_လက်_စွန့်_ရသူ အိုးအိမ် အလုပ်အကိုင် အနာဂတ် ချစ်ခြင်းတရားတွေ ထားခဲ့ရသူတွေရှိတယ်

တော်လှန်ရေးထဲ စစ်တပ်ပေးတဲ့ဒု_က္ခ_ကို ဘာမှမခံစားခဲ့ရရင်တောင် ဘယ်ချိန်ကျ ဘာဖြစ်သွားမလဲဆိုပြီး အကြောက်တရားအောက် နေနေရသူတွေ ပုန်းရှောင်နေရသူတွေ ရှိတယ်

စော_က်ရူး_တချို့ကို သိစေချင်တာ အခင်းအကျင်း ၄ ခု ဖြတ်သန်းရင်း လက်ရှိချိန်ထိ တော်လှန်နေသူအားလုံးဟာ ဘာမဖြစ်ခဲ့လို့သာ ဘာမဖြစ်ခဲ့တာ ဘယ်ချိန်မှာ ဘာမဆို ဖြစ်သွားနိုင်တဲ့အန္တရာယ်တွေကို ကျော်ဖြတ်ခဲ့ရသူချည်းဖြစ်တယ်

တော်လှန်ရေးထဲပြန်ကြည့်ရင် စစ်တပ်ကို နိုင်ငံရေးနည်းလမ်းဖြင့် တော်လှန်နေသူရှိတယ် CDM တွေရှိတယ် ငွေကြေးထောက်ပံ့ပေးနေသူတွေရှိတယ် အခွန်ဆောင်နေသူတွေရှိတယ် ဒီဂျင်တဲကလစ်ကာတွေရှိတယ် လ_က်နက်ကိုင်တော်လှန်နေသူရှိတယ် ဆိုရှယ်မှာ စိတ်ဓါတ်ခွန်အားနဲ့ တော်လှန်နေသူရှိတယ် ရှင်သန်မှု တောင့်ခံရင်း အရှုံးမပေး တော်လှန်နေသူရှိတယ်

တော်လှန်ရေးထဲ ဘယ်လိုပုံစံနဲ့ တော်လှန်နေသူဖြစ်ပါစေ လက်ရှိချိန်ထိ တော်လှန်ရေးထဲ ရှိနေသူ ပါဝင်နေသူအားလုံးဟာ တော်လှန်ရေးရဲ့အစိတ်အပိုင်းတွေဖြစ်တယ်

လ_က်နက်ကိုင်တော်လှန်ရေးဆိုတာ လ_က်နက်ကိုင်တော်လှန်သူ ရှိယုံနဲ့ မပြီးဘူး လ_က်နက်ကိုင်တော်လှန်နိုင်ဖို့ နိုင်ငံရေးအရ ဦးဆောင်ပေးနိုင်တဲ့အဖွဲ့အစည်းလိုတယ် စစ်ရေးကုန်ကျမှုကနေ တော်လှန်ရေးတပ်သား တယောက်ခြင်းစီရဲ့ နေထိုင်စားသောက်ဖို့ကနေ လေ့ကျင့်ဖို့ အသက်ရှင်ရပ်တည်နိုင်ဖို့ စစ်ဝတ်တန်ဆာပြည့်စုံဖို့ ကျန်းမာဖို့ ဆေးကုသဖို့ထိကို တော်လှန်ရေးထဲပါဝင်နေတဲ့ တော်လှန်ရေးအစိတ်အပိုင်းအားလုံးကနေ ထောက်ပံ့ပေးနေလို့ လ_က်နက်ကိုင်တော်လှန်နိုင်တယ်ဆိုတာ မမေ့နဲ့လေ

စော_က်ရူး_တွေရေ အဆုံးသ_တ်ပြောလိုတာက တော်လှန်ရေးလုပ်တယ်ဆိုတာ ဘယ်လောက်အမြင့် တက်နိုင်တယ် အမြင့်ဆုံးကို အရင်ဆုံးရောက်သူအနိုင်ဆိုပြီး ထန်းပင်တက်ပြိုင်နေတာမဟုတ်ဘူး

တော်လှန်ရေးလုပ်တယ်ဆိုတာ မတရားမှုကို တော်လှန်ဖို့အတွက် မင်းကိုယ်တိုင် ဘယ်နေရာကနေ ဘယ်လိုပုံစံနဲ့ ပါဝင်မလဲ ရွေးချယ်ရတာဖြစ်ပြီး တော်လှန်ရေးခရီးအဆုံးထိ မင်းတတ်နိုင်တာကို တာဝန်ယူပေးရတာဖြစ်တယ်

တော်လှန်ရေးထဲ ဟိုအစိတ်အပိုင်းက ဟိုအစိတ်အပိုင်းထက် သာတယ် ဟိုအစိတ်အပိုင်းကတော့ ဘယ်လောက်ပေးဆပ်ထားရတယ် ဘယ်လောက်ရင်းနေရတဲ့ဆိုတဲ့ ကျပ်မပြည့်တဲ့ အတွေးအခေါ်နဲ့ သွေး_ခွဲ_တာက တော်လှန်ရေးလုပ်တာမဟုတ်ဘူးလေ

လူထုက တော်လှန်ရေးထဲ ဘယ်အစိတ်အပိုင်းကို ပိုပြီး အားပေးမလဲ လေးစားမလဲဆိုတာ သူတို့ရွေးချယ်မှုဖြစ်ပြီး တော်လှန်ရေးထဲ ဘယ်အစိတ်အပိုင်းကတော့ ငါတို့ကတော့ ဘယ်လောက်ပေးဆပ်ထားရလို့ အသက်ရင်းထားရလို့ ငါတို့က မင်းတို့ထက် ပိုမြတ်တယ် ငါတို့ကို ပိုအားပေးပါလို့ တောင်းဆိုလို့မရဘူး

အဲလိုတောင်းဆိုချင်စိတ် ဖြစ်လာရင်လည်း အဲဒါဟာ လ_က်နက်ကိုင်ပြီး အသက်ကိုရင်း တိုင်းပြည်ကာကွယ်နေရလို့ ငါတို့စစ်တပ်က သာမန်ပြည်သူထက် ပိုမြတ်တယ်တဲ့ စော_က်ရူး_စစ်တပ်ရဲ့ အာဏာရှင်အတွေးအခေါ် ဖြစ်နေပြီဆိုတာ သိကြပါလေ

27/08/2025

နာဇီကို မဟာမိတ်တွေပေါင်းတိုက်သလို ဗျူဟာခင်းတိုက်ရမယ့် အချိန်ရောက်ပြီ

ဦးမင်းကိုနိုင် နဲ့ ဆက်သွယ်မေးမြန်းခန်း (စာမူအပြည့်အစုံ)
ဦးခင်မောင်စိုး မေးသည်။

မေး။ ကိုမင်းကိုနိုင်ရေ မမေးရတာကြာပြီဗျ ကျန်းမာလုံခြုံရဲ့လား။

ဖြေ။ အခုချိန်ထိပေါ့အကိုရာ ရှင်သန်အောင် နေထိုင်ရင်းနဲ့ အလုပ်ရအောင်လုပ်နေရတာဘဲ။ အခုလိုအချင်းချင်း ဂရုစိုက်တယ်ဆိုတာ ကျေးဇူးပါအကို။

မေး။ ကိုမင်းကိုနိုင်ရေ၊ KIA ဗိုလ်ချုပ်ကြီးဂွန်မော် ကအခုဩဂုတ်လ ၂၁ ရက်နေမှာ The Lion King ရုပ်ရှင်က ခြသေ့်ဘုရင် မူဖာဆာ ပြောတဲ့ဇာတ်ဝင်ခန်းတခုကို သူ့ Facebook မှာဖော်ပြပြီးတော့ စစ်အာဏရှင်တွေကို ဒီမိုကရေစီလိုလားသူအားလုံး၊ စုစည်းရင်ဆိုင်အနိုင်ယူကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျနော်တို့ပြည်နယ် ပြည်မနေ ပြည်သူလူထုတရပ်လုံး စုစည်းညီညွတ်မူ မရှိရင် နွေဦးတော်လှန်ရေး ပျက်သုန်း ကျဆုံးနိုင်တယ်လို့ တွေးခေါ် ပြောဆိုမူတွေလည်း ကြားနေရပါတယ်။ ကိုမင်းကိုနိုင်ရဲ့အမြင်ကိုကြားပါရစေခင်ဗျာ။

ဖြေ။ ဒါဟာ ခေါင်းဆောင်ကောင်းတယောက်ရဲ့ အမြော်အမြင်ပါတဲ့ချိန်သားကိုက် နှိုးဆော်ချက်ပဲ။ဒါကို NUG အပါအဝင် အားလုံးလည်းသဘောပေါက်ကြပါတယ်။ သာမန်ပြည်သူတွေကအစ သဘောပေါက်တဲ့အပြင် ဒီလိုစိတ်ဓါတ်မျိုး ရှိကြပါလားဆိုပြီးတော့ နှစ်ထောင်းအားရရှိတယ်ဗျ။ သဘောပေါက်ရုံ
တင်မကဘူး သဘောလည်းတူကြတယ်။ ဒါရှင်းတယ်၊ ကျနော်လည်း သဘောတူတယ်။ ဒုတိယကမ္ဘာစစ်တုန်းကဗျာ၊ ဖက်ဆစ်နဲ့နာဇီ ဝင်ရိုးတန်းသုံးနိုင်ငံကို ဝိုင်းတိုက်သလိုဗျာ၊ ဒီအချိန်မှာ အပြီးတိုက်ကြရမှာဗျ။

မဆိုင်သလိုတော့ နေလို့မရဘူး၊ ဘာလို့ဆိုတော့ မတရားမှုကလာပြီးတော့ တံခါးခေါက်မှာပဲ။ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်ကလည်း နေသာသပ လေညှာကဆိုပြီး သူထင်ခဲ့တာပဲ။ ပုလဲဆိပ်ကမ်းကို တိုက်လေယာဉ် အုပ်ကြီးတဝုန်းဝုန်းကျဲချလိုက်တော့မှ လန့်နိုးတော့ သူတော်တော် အနာကြီးနာသွားတာနော။ ဒီလိုပဲ ဆိုဗီယက်လည်းငါဆီတော့မလာလောက်ပါဘူးလို့ ထင်နေတာပဲလေ။ ဟစ်တလာတပ်တွေဝင်လာမှ စတာလင် ကြက်သေ သေပြီးတော့ အံအားသင့်တာ။ ကျနော်တို့ ဒီလိုဖြစ်နေလို့မရဘူး၊ ဒါက ကိုယ်နဲ့မဆိုင်သလိုနေလို့မရဘူးဆိုတာ အချိန်တန်ရင် မတရားမှုက လာပြီးတံခါးခေါက်လိုက်မယ်။ အခုဗျာ ပြည်တွင်းကနေ အန္တရယ်ရှိတယ်ဆိုပြီးတော့ လူငယ်တွေ ပြည်ပကိုထွက်ပြီးတော့ အလုပ်လုပ်မယ်၊ သွားကြပြီထား။ ဟိုရောက်တာနဲ့ သံရုံးတွေက လာပြီးတရစ်ချင်းကိုခေါ်ကြပ်နေတာ။ အခုဆိုရင်ပဲ ကိုယ်ရေးအချက်အလက်တွေကို ခြိမ်းခြောက်တာခံနေရပြီ၊ ကိုယ်ပိုက်ဆံအိမ်ကိုပြန်ပို့တဲ့ကိစ္စတွေကိုကြပ်ပြီ။ စသဖြင့်ပေါ့အများကြီးရှိတယ်။ ဒီလိုမှ မဟုတ်လို့ စစ်ကောင်စီ ကြီးစိုးထားတဲ့နေရာမှာ ကိုယ့်အိမ်မှာပဲကိုယ်နေမယ်ဆိုရင်တောင် အိမ်ပေါ်ထိတက်ပြီးတော့ ပေါ်တာဆွဲတာဗျာ။ ဘယ်မှာ ဘယ်သူကလုံခြုံကြလဲ။ နောက်ဆုံးတော့အသက်ပါပေးလိုက်ရတယ် မဟုတ်လား။ ကျနော်တို့မှာ လည်စင်းခံမလား ခုခံပြီးတော့ အောင်ပွဲယူမလား၊ ဒါပဲရှိတယ်ဗျာ။ ဒါတော့ ဒီအချိန်မှာကျောခြင်းကပ်ဖို့ ဉဩဆွဲလိုက်တာပဲလို့ မြင်တယ်ဗျာ။

မေး။ ဟုတ်ကဲ့၊ အခုတရုတ်အစိုးရက သူများပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်ခြင်းမပြုပါဘူးလို့ ဂါထာရွတ်နေတာေပါ့ေနာ်အမြဲတမ်း။ အခုကျတော့ မြန်မာ့ပြည်တွင်းရေးမှာ အာဏသိမ်းစစ်တပ်ဖက်ကနေ မားမားမတ်မတ်ကြီးဝင်ရပ်နေတာ တကမ္ဘာလုံးမြင်နေရတယ်၊ ကိုမင်းကိုနိုင် ရယ်။ သူနဲ့မလွဲသာလို့ဆက်ဆံနေရတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲတွေကိုလည်း တပြိုင်ထဲ ဆက်တိုက်ဖိအားပေးနေတယ်။ ဒီတရုတ်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ကိုမင်းကိုနိုင် ဘယ်လိုမြင်သလဲခင်ဗျ။

ဖြေ။ သူ့ရဲ့ ကိုယ်ကျင့်တရားဆိုတဲ့စကားလုံးကို သတိရတယ်ဗျ သိလား။ ကိုယ်ကျင့်တရားဆိုတာ ဘာလဲပေါ့ဗျာ။ ကိုယ်ကျင့်တဲ့တရားကိုသာ ကိုယ်ဟောပါလို့ ပြောခြင်တာဗျာ။ ဂါတာကိုရွတ်နေတာ ကိုယ်ကျင့်တရားမဟုတ်ဘူးဗျ။ ဒါ သူကဆိုင်းဘုတ်တင်နေတာပဲ။ ဥပမာဗျာ၊ တချို့မြို့တွေမှာရှိတယ်ဗျာ။ တွေ့လိုက်မယ်။ ဆိုင်းဘုတ်ကြီးတွေ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့ ပိုစတာကြီးတွေ။ အဲ့ဒီ ဆိုင်းဘုတ်အောက်မှာတင် မူးယစ်ဆေးဝါးရတယ်၊ ဒါမျိုး။ သူတို့ကိုယ်၌ကစွက်ဖက်နေသလား၊ ခြေရှုပ်နေသလား၊ ဗိုလ်ကျအနိုင်ကျင့်နေသလားဆိုတာ အားလုံးလူတိုင်းသိတယ်ဗျ။ ကျနော်တို့ ဖက်ကစဉ်းစားရမှာကလေ ငုံ့ခံမလား၊ တုန့်ပြန်မလားဆိုတာပဲ။ ဘာမဆို အတိုင်းအတာရှိတယ်လေဗျာ။ အဲ့ဒါကို ကျော်လာပြီဆိုရင်တော့ ရဲရဲကြည့်လိုက်ပါ။ ကမ္ဘာအနှံအပြားမှာ၊ အာဖရိကတိုက်မှာ၊ အကျိုးစီးပွားတွေ ဘယ်လိုတုန့်ပြန်ခံရလဲ။ အဲ့တော့ ဒီလို စွက်ဖက်အနိုင်ကျင့်မူကို အခုမှမဟုတ်ဘူးနော်၊ တစုတဖွဲ့ မကဘူးနော်၊ ဒါကိုပုံသဏ္ဌန်မျိုးစုံနဲ့ အသိပေးနေတာ သတိပေးနေတာကြာပြီ။ ပြန်စဉ်းစားကြည့်ပါ၊ ကျနော်တို့ မြောက်ပိုင်းမှာလည်း၊ ဒီဟာတွေက ပြည်သူလူထု တရပ်လုံးသိအောင်လို့ နည်းပေါင်းစုံနဲ့အသိပေးခဲ့ပါတယ်။ အခု ကျနော်တို့ အခြင်းခြင်းဘာ ကူကြမလဲ၊ ဘယ်လိုကာကြမလဲ။ ရိက္ခာတို့၊ ဆေးဝါးတို့၊ လောင်စာတို့၊ စားသောက်ကုန်ဗျာ၊ ရတဲ့နည်းနဲ့ သူတို့ပိတ်ထားတယ်ဆိုတဲ့နေရာ၊ သူတို့အကျပ်ကိုင်တဲ့အရာတွေကို ကျနော်တို့ဘယ်လိုကူနိုင်ကြမလဲ။ ဒါတော့ တော်တော်ကိုလက်တွေ့ ကျကျ စဉ်းစားရမယ်ဗျ။ ဘယ်ကရမလဲ၊ ဒါလည်းစဉ်းစားရမယ်။ နောက်ပြီးတော့ ကျနော်တို့ ကြိုပြီးတော့ ပြင်ဆင်ထားတဲ့အရာတွေရှိတယ်ဗျာ။ ဒါက ကိုယ်ရဲ့ တဦးခြင်းစီရဲ့ တဖွဲ့ခြင်းစီရဲ့ အမြော်အမြင် အစွမ်းအစတွေပေါ်တော့မူတည်တာပေါ့။ များစွာသောတော်လှန်ရေးအဖွဲတွေက ဆေးဝါးကအစ လိုသမျှ အားလုံးဗျာ အရင်းအမြစ်ပေါင်းစုံကနေ ချိတ်ပြီးတော့ ယူကြရမှာပဲ။ ဒီတော်လှန်ရေးဟာ တစုံတယောက်ပေါ်မှာ၊ ဒါမှမဟုတ် နိုင်ငံတခုပေါ်မှာ လုံးလုံးလျှားလျှားမှီခိုနေလို့တော့မရဘူး၊ ဘယ်တော်လှန်ရေးဖြစ်ဖြစ်ပါ။ ကျနော်တို့မှာ ငကန်းသေရင်ငစွေပေါ်မယ်လို့ကြုံးဝါးနိုင်လောက်အောင် အရံအသင့်တွေရှိဖို့လိုတယ်ဗျ။ ကျနော်တို့ရှာထားရမယ်။ ရှာလဲရှာကြတယ်၊ ကျနော်တို့ဒီလိုလဲပြင်ဆင်ထားကြတာပဲ။

မေး။ ဟုတ်ပြီ၊ လက်ရှိနွေဦးတော်လှန်ရေးမှာ NUG, ERO တိုင်းရင်းသားတော်လှန်ရေးအဖွဲအစည်းတွေ၊ ABSDF, BPLA, PLA စတဲ့တော်လှန်ရေးအဖွဲတွေ အများအပြား တညီတညွတ်ရှိနေကြပြီလားဆိုတာ လူတွေအတော်များများသိချင်ကြတယ်။ အမှန်အတိုင်းပြောရင်ကိုယ်လဲသိချင်တယ်။ ကိုယ်ညီတို့ကမြေပြင်မှာရှိတာလေ၊ ကိုယ်တို့ကနိုင်ငံခြားမှာရောက်နေတာလေ။ အဲ့တော့ ပြည်တွင်းမှာရှိတဲ့ ညီတို့အနေနဲ့ အဲ့ဒီကိစ္စဘယ်လိုမြင်လဲ။ အဲ့ဒီတော်လှန်ရေးအင်အားစုတွေကကော တခုထည်းသော COC ကွပ်ကဲဦးဆောင်မူအောက်မှာ တော်လှန်ရေးကို အကောင်အထည် ဖော်နိုင်မဲ့ အခြေအနေ ဘယ်လိုရှိလဲခင်ဗျာ။ ဒီရက်ပိုင်းမှာ NRA ဆိုတဲ့အဖွဲတခုဖွဲ့ဖို့ကြိုးစားလာတာကိုလည်း မြင်ရတယ်လေ။ အခုချိန်မှာ နောက်ထပ် တပ်ပေါင်းစုတခု ဖွဲဖို့လိုနေပြီလား။ ကိုမင်းကိုနိုင်ရေ။

ဖြေ။ ရာနှုန်းပြည့် အကြွင်းမဲ့ညီညွတ်ရေးဆိုတာတော့ ဘယ်မှာမှမရှိဘူးပေါ့ဗျာ။ တခုက COC တခုတည်းအောက်မှာဖြစ်တယ်ဆိုရင်တော့ ဒါအကောင်းဆုံးပေါ့။ ဘယ်သူ့မှငြင်းမှာ မဟုတ်ပါဘူး။ ကျနော်တို့ဗျာ ခုနက ဥပမာပဲ ပြန်ပေးခြင်တယ်။ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် Field Marshal တွေက ကမ္ဘာ့မြေပုံကြီးကို တုတ်ထောက်ပြီးတော့ အတူတစားပွဲထည်းထိုင်ပြီးတော့ ဗျူဟာကျကျ ပေါ့နော်တိုက်နိုင်ခဲ့ကြတယ်။ ကျနော်တို့အဲ့လောက်မရဘူးဆိုရင်တောင် ဗျူဟာကျကျတိုက်နိုင်ဖို့ဘဲ လိုတယ်ဗျ။ ဗျူဟာကျကျ လို့ပြောတော့ မေးစရာရှိတယ်။ D day လား zero hourလား။ ခုနက ဗျူဟာကျကျ ဆိုတာ တပြိုင်တည်းမဟုတ်ရင်တောင်မှ တကယ့်ဗျူဟာကျကျတိုက်နိုင်ဖို့က၊ ကျွန်တော်တို့ တင်စားပြခဲ့ဖူးပါတယ်။ နွေဦး Orchestra ကြီးဗျာ။ တီးလိုက်တိုင်းမှာ ဘယ်လောက်အောင်မြင်မူ ရခဲ့လဲဆိုတာ မှတ်မိကြလိမ့်မယ်နော်။ ပြန်ကြည့်ရင်တွေ့မှာပါ။ ပထမလှိုင်းအပြီး ဒုတိယလှိုင်းအပြီး တလှိုင်းပြီးတလှိုင်း လာနိုင်ဖို့ပဲ အရေးကြီးတယ်ဗျာ။ အောင်မြင်မူေတွဆိုတာအဲ့လိုရတယ်။ အဓိကေတာ့ ဗျူဟာကျကျ တိုက်နိုင်ဖို့ဖြစ်တယ်။ အဲ့တော့ဗျာ အဖွဲအစည်းတွေ ဆိုတာကတော့ဗျာ၊ ကိုယ့်ဟာကိုသာစိစစ်ကြတော့ဗျာ။ အင်အားအစစ်အမှန်ဘယ်လောက်ရှိလဲ။ ပြည်သူလူထုရဲ့ယုံကြည်ထောက်ခံမူကအစ ကြည့်ကြပေါ့ဗျာ။ ကိုယ့်ဉာဏ်နဲ့ကိုယ်သာ ချင့်ချိန်ပါ။ ဒီခေတ်က လက်ထဲမှာ မီဒီယာတွေကိုယ်စီရှိနေတဲ့ခေတ်ပဲဗျာ။ ပွဲခင်းတခုလုံး မှာစပီကာတွေ ကိုယ်စီကိုယ်စီနဲ့ ဖြစ်နေတော့ ဘယ်လော်ကိုယုံရမှာတုန်းလို့ ပြည်သူကသိပါလိမ့်မယ်။

မေး။ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်အဖွဲဝင်တွေ အများအပြားပေါ့နော် လက်ရှိ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပြည်တွင်းမှာ နေထိုင်ပြီး ပါဝင်လှုပ်ရှားနေကြတာ အထင်အရှားမြင်နေရတယ်။ ဒါထင်ရှားတဲ့ သမိုင်းမှတ်တိုင်ပဲ။ အဲ့ဒီတော့ NUG အစိုးရခေါင်းဆောင်တွေ ပြည်တွင်းပြန်ဝင်လာကြဖို့ သမ္မတကြီး ဒူးဝါလရှီးလကလဲ တိုက်တွန်းခဲ့တာရှိတာပေါ့နော်။ အဲ့တော့ တော်လှန်ရေး ခေါင်းဆောင်တွေ ပြည်တွင်းမှာ ပြည်သူတွေနဲ့အတူ နေထိုင်ပြီး ပါဝင်ကြိုးပမ်းဖို့ ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲခင်ဗျာ။

ဖြေ။ ဒါက သီအိုရီ အရပြောမယ် ဆိုရင်တော့ အားလုံးမြေပြင်မှာ အတူရှိနေတယ် ဆိုတာကတော့ ကြိုက်တာပေါ့။ တခုတော့ ရှိတယ်။ လိုအပ်ချက်အရ ခရီးသွားေနရတာတွေ ရှိလိမ့်မယ်ဗျ။ သူရဲ့အလုပ် ရဲ့သဘောတွေ ရှိလိမ့်မယ်။ ဘယ်အရပ်မှာဘဲ နေနေပါ။ အလုပ်ကို အကောင်းဆုံး လုပ်ပြနိုင်ဖို့တော့လိုမယ်။ ပြီးရင် ရလဒ်ကောင်းတွေ ယူပြနိုင်ဖို့လိုမယ်။ ဒါကို သက်သေပြနိုင်တယ်ဆိုရင် လုံလောက်ပါတယ်ဗျာ။

မေး။ ဟိုတချိန်က ကျနော်တို့ကျမတို့ ဒီမိုကရေစီကို အရမ်းလိုလားပါတယ်။ ပြည်သူလူထုနဲ့အတူရှိပါတယ်၊ ဆိုပြီးတော့ ရဲရဲတောက်ခဲ့သူ အချို့က အခုအာဏသိမ်းပြီး လူထုကို ပက်ပက်စက်စက်၊ ရက်ရက်စက်စက် ပစ်ခတ် သက်ဖြတ် ညှင်းပမ်းနေတဲ့ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်နေကြတယ်။ တချို့ကလည်း သူတို့ကိုယ်တိုင် မပါဝင်ပေမယ့်လည်း ထောက်ခံကြိုဆိုနေကြတာတွေရှိတာပေါ့နော်။ အဲဒီလူတွေကို ကိုမင်းကိုနိုင် ဘယ်လိုမြင်ပါသလဲခင်ဗျာ။

ဖြေ။ ကျနော်ကတော့ တတ်နိုင်ရင် ပုဂ္ဂိုလ်တွေ အမည်နာမတွေ အဖွဲအစည်းနာမည်တွေကို မကြည့်ချင်ဘူးဗျ။ ဘာကြည့်ချင်မလဲဆို သူတို့ဘာကျင့်နေလဲဆိုတာပဲကြည့်မယ်။ ဒီဟာက ပြောကြမယ်ဆိုရင်ဗျာ။ အစိမ်းတွေကော အကျက်တွေကောပါမယ်ဗျာ။ အရင်းတွေ အဖျားတွေ ပါမယ်ဗျာ။ ဒါတွေကို ခုနကပြောသလို နာမတွေ မရေတွက်ချင်ဘူး။ ကိုယ့်ဟာကိုယ် ပေတံနဲ့သာတိုင်းကြည့်ကြတော့။ ကိုယ့်အိမ်ကို ဓါးပြတိုက်ပြီးတော့ လုယူ လူသတ် မုဒိမ်းကျင့်နေတဲ့ အဖွဲ့ကို ပြန်ပြီးခုခံမလား၊ မခုခံဘူးလား။ ဒီကိစ္စပဲ အရေးကြီးတယ်။ အဲဒီတော့ လူတွေကပြောတယ်။ အစဉ်အလာတွေ သမိုင်းကြောင်းတွေ။ ဟုတ်ပါတယ် လိုပါတယ်။ ဒါပေမယ့် လူတယောက်အကြောင်း တစုတဖွဲ့အကြောင်း ပြောကြမယ်ဆိုရင် အဲ့ဒီလူ၊ အဲ့ဒီအဖွဲအစည်းကို ခေါင်းတလားထဲ ထည့်ပြီးတော့ နောက်ဆုံးသံချက် ရိုက်ပြီးမှသာလျှင် ဆုံးဖြတ်လို့ရလိမ့်မယ်။ ဒါတောင်မှနော်၊ အထဲကနေ သံချက်ရိုက်ပြီးတာတောင်၊ အထဲကနေထုပြီးတော့ ခဏလေးနေပါဦး၊ နောက်ထပ်ဖောက်ပြန်သွားပါရစေဦးဆိုတာမျိုး ပေါ်ချင်ပေါ်လာနိုင်တယ်။

ကဲ ကျနော်တို့ ပြောကြမယ်ဆိုရင် တချို့က ပုံစံမျိုးစုံရှိတယ်ဗျ။ ရွေးကောက်ပွဲတွေ ဘယ်လောက်ပဲလုပ်လုပ်၊ ဘယ်လိုနည်းနဲ့မှမနိုင်ကြဘူး။ အဲ့ဒီ အခါကျတော့ သူတို့စိတ်ထဲမှာ ဒီပုဂ္ဂိုလ်နဲ့ ဒီအဖွဲ့အစည်းရှိနေလို့ ငါတို့မနိုင်တာ။ သူတို့သာမရှိရင်တော့ ကံကောင်းမှာပဲ။ သို့တည်းမဟုတ် ငါတို့ရမှာပဲလို့ အဲ့လိုလွယ်လွယ်ကူကူတွေးနေတဲ့လူတွေလည်းရှိတယ်။ အဲ့လိုဖြစ်သွားပါစေလို့ ဆုတောင်းခဲ့တဲ့ လူတွေလည်းရှိတယ်။ အဲ့တော့ အခုအခြေအနေမှာ ငါတို့ချည်းပဲ ကျန်တော့တယ်ဆိုပြီးတော့ ကြိတ်ပျော်နေကြတဲ့လူတွေကလည်း ပျော်ပျော်ကြီးဝင်ပြိုင်ချင်မှာပေါ့။ ဒါပေမယ့် ဖြစ်ထားတာကို ပြန်ကြည့်ဖို့တော့ လိုမယ်။ ဘာလဲဆိုတော့ ကိုယ့်မျက်စိရှေ့မှာတင် ရွေးကောက်ပွဲလုပ်ခဲ့တာ။ အဲ့ဒီမှာတင် ရလဒ်ထွက်ပြီသား။ ကိုယ့်မျက်စိရှေ့မှာတင် ဖျက်ဆီးပစ်တာ။ မျက်စိရှေ့မှာတင် အနိုင်ရတဲ့သူတွေကို မတရားဖမ်းဆီးပြီးတော့ အမှုဆင်ထောင်ချ ညဉ်းဆဲသက်ဖြတ်ခဲ့တာ။ ဒါကို ဘာလို့ ဘယ်လိုစိတ်တွေနဲ့ ကျော်လွှားလိုက်မှာလဲ။ ဒီရာဇဝတ်မူတွေကို ဘယ်လို မေ့လိုက်တာလဲ။ ကျနော်စဉ်းစားလို့ကိုမရဘူး။ ဒါရိုးရိုးလေးပါ။ နောက်တခုက ဒီဖက်ကနေ ဝင်ပြောကြတာပေါ့။ ဒီဖက်ကဆိုတာ ရွေးကောက်ပွဲ သာလျှင် တခုတည်းသောထွက်ပေါက်ဖြစ်တယ်လို့ အဓမ္မကိုဓမ္မ အနေနဲ့ ထူထောင်ကြတဲ့သူတွေ ဝင်ပြောကြတာ။ ဘာလဲ ဒီထက်ဆိုးသွားချင်လား၊ ဒီလိုကြီးပဲ စစ်တပ်ရဲ့အုပ်ချုပ်မူအောက်မှာနေမှာလား။ အရပ်သားအုပ်ချုပ်မူဖက်ကိုမပြောင်းချင်ဘူးလား။ ဒါက သက်သက်မဲ့ မေးခွန်းက ချည်ပြီးတုတ်ပြီးတော့ လူကြားကောင်းအောင်မေးတာပဲဗျ။ ဒီ ၂၀၀၈ ခြေဥအောက်မှာ စစ်တပ်ကအမြဲတမ်း ကြီးစိုးမှာပဲ။ ကျနော်ပြောချင်တာက ဘောင်းဘီ ဝတ်တာနဲ့ ပုဆိုးဝတ်တာပဲကွာတယ်ဗျာ။ အဲ့ဒါကို ကိုယ်ကနေပြီးတော့ ခေါင်းပေါင်းကြီး တပြင်ပြင်နဲ့ ပုဝါကြီးတလွှားလွှားနဲ့ စောင့်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ် ဘယ်လောက်ဖြောင့်မတ်သလဲဆိုတာအသိဆုံးနေလိမ့်မယ်။ ဘေးကလူကမသိဘူးမထင်နဲ့ အကုန်လုံးသိတယ်နော် ကျနော်ပြောခြင်တာက။ ဒါကြောင့် လူပုဂ္ဂိုလ်တွေ အကြောင်းမပြောခြင်ဘူး။ အဲ့ဒီအခါမှာ ချည်ပြီးတုပ်ပြီးတော့လိုက်မေးတယ်ဗျာ။ လွှတ်တော်ရှိသွားရင်ပိုကောင်းသွားတာပေါ့။ အသက်ဝင်သွားရင်ကောင်းသွားတာပေါ့။ ဆိုလိုတာက ဓါးပြကအိမ်ရဲ့ပိုင်ဆိုင်မူတွေ အကုန်လုံးကိုသိမ်းထားပြီ သတ်တာလည်း သတ်ပြီးပြီ၊ ကျင့်တာလည်း ကျင့်ပြီးပြီ။ အဲ့ဒီအချိန်မှာ ဓါးပြ စိတ်ကောင်းဝင်နေတုန်းမှာ နဲနဲပါးပါး ပြန်ခွဲပေးတာကိုယူလိုက်ပါလား၊ ဘာလို့ကလန်ကဆန် လုပ်နေတာလဲလို့ပြောနေတာနဲ့အတူတူပဲ။ တချို့က ဒီထက်စာရင်တော့ နည်းနည်းတော့ပြန်ရမှာပေါ့၊ နဲနဲပါးပါး ရမှာပေါ့၊ ရသလောက်လေးယူလိုက်ပေါ့ဗျာ။ အဲ့ဒီစိတ်ဓါတ်မျိုးဗျ။ ခုနလိုပဲ သူတို့ဘယ်တော့မှ မနိုင်နိုင်တဲ့ အဖွဲအစည်းတွေ ပုဂ္ဂိုလ်တွေ မပါတုန်းမှာ အပိုင်ပဲဆိုပြီးတော့ ဝင်ပြီးတော့ ချိုင်ချင်တာလည်းရှိတယ်။

ဒီမှာ ဒါတွေအားလုံးက တကယ်တော့လေ ဖက်ဆစ်တပ်ကပြောချင်နေတဲ့စကားတွေဗျ။ ဝင်မပြိုင်ရင် မှားသွားမယ်၊ နောင်တ ရသွားမယ်၊ ဆိုတာ အဲ့ဒါကို ဝင်ပြီးအိမ်ဖြည့်ပေးတာဗျ။ အမှန်တော့ မသိလို့မဟုတ်ဘူး။ ပြန်ချုပ်ပြောရရင်တော့ဗျာ ဓါးပြဆီကနေပြီးတော့ ဝေစုတောင်းတာပဲ။ မိသားစုရဲ့ နဂိုလ်မူလရပိုင်ခွင့်ကို ရအောင်မတိုက်ပဲနဲ့ အဲဒီ ဓါးပြနဲ့အမူတွဲတာပဲဗျာ။ ဒါပါပဲ။ဒီလို ကိုယ်မျက်စိရှေ့မှာတင် မတရားလုပ်ခဲ့တာကို ကြိမ်ဖန်များစွာလုပ်ခဲ့တာကို အရပ်ဖက်ပစ်မှတ်တွေကိုလည်း ဗုံးကျဲတာဗျာ အားလုံးအသိ။ သက်ဖြတ်ခဲ့တာ ညဉ်းဆဲခဲ့တာ ဒီ ပုံမှန် တရားစီရင်ရေးမဟုတ်ပဲနဲ့ သူတို့ထင်ရာစိုင်းပြီးတော့ နောက်ဆုံးဗျာ သက်ဖြတ်ခဲ့တာတွေရှိတယ်။ ဒီမှာ လွန်ခဲ့တဲ့ ရက်ပိုင်းကိုပဲကြည့်၊ ကိုယ်မျက်စိရှေမှာတင် မိုးကုတ်မြို့ကို ဗုံးကျဲခဲ့တာ အရပ်ဖက် ပစ်မှတ်သိသိကြီးနဲ့ ကျဲခဲ့တာနော်။ အဲ့ဒီမှာ ပါသွားတာကနော် တမိသားစုလုံးနော်။ မိခင်တွေကော ၊မောင်တွေကော၊ နှစ်မတွေကော၊ နောက်ပြီးတော့ မွေးခင်းစ ကလေး လေးတွေကော အကုန်ပါသွားတာနော်။ တယောက်တည်းသော အိမ်မှာမရှိခိုက်မှာ အသက်ရှင်တာဆိုလို့ တယောက်ပဲ ကျန်ရစ်ခဲ့တာ။ သူတို့ရေးတဲ့ ပို့စ်တွေ စာတွေကိုဖတ်မိကြမှာပါ။ ဘယ်လောက်နာကျဉ်ဖို့ကောင်းလဲဆိုတာ။ သူတို့ကတော့ ပြောမှာပေါ့ဗျာ။ သူ့မှာလေ ဒီထက်လည်းပိုပြီးတော့ရေးလို့မရရှာဘူး။ ကျနော်တော့ အင်မတန်စာနာမိပါတယ်။ ဘာလဲဆိုတော့လေ။ အခုက ရွေးကောက်ပွဲနဲ့ခြိမ်းခြောက်နေတာ။ ငါလုပ်တဲ့ပွဲကိုလက်ခံ။ လက်မခံရင်တော့ ငါ ဟော့ဒီလို ရက်စက်မယ်၊ ကြမ်းကြုပ်မယ်၊ မင်တို့ ဘာတတ်နိုင်သေးလဲဆိုတဲ့အဓိပ္ပယ်ပဲဗျ။ ကျနော်တို့ပြောရမှာက တတ်နိုင်တယ်။ ငါတို့တတ်နိုင်တယ်။ မင်းတို့ (ရန်သူ ဖက်ဆစ်တပ်)ကိုကော၊ မင်းတို့ကိုအားပေးနေတဲ့ ဘာအင်အားကြီး ဖြစ်ဖြစ်ဗျာ။ ငါတို့ရင်ဆိုင်မယ်။ ငါတို့တော်လှန်အင်အားစုတွေသာ ညီမယ်ဆိုရင် ခုနက ခေါင်းဆောင်ဗျာ သူနမူနာပြထားတဲ့ ဗီဒီယို ထဲကလိုပဲ ကျနော်တို့အတူ ပြန်ပြီးတော့ရင်
ပေါင်တန်း ရင်ဆိုင်မယ်ဆိုရင် ဓမ္မက အဓမ္မ ကိုသေချာပေါက်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သက်သေ ပြနိုင်လိမ့်မယ်။ ဒါ နွေဦးရဲ့ကြုံးဝါးသံပဲဗျ။

မေး။ ကိုမင်းကိုနိုင် ကိုယ့်ညီ ကျန်းမာရေး လုံခြုံရေးဂရုစိုက်ပါလို့ ထပ်ပြီးပြောချင်တယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ။ ဟုတ်ကဲ့ဗျာ။ ကျနော်လည်း အားလုံးကိုနှုတ်ဆက်ပါတယ်ဗျ။ ကိုယ်စီ ကိုယ်စီ မိမိကိုယ် ကောင်းစွာ စောင့်ရှောက်နိုင်ပြီးတော့ တော်လှန်ရေးအောင်တဲ့အထိ အတူတွဲနိုင် တိုက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ဗျ။ ကျေးဇူးပါ။ ။
(၂ဝ၂၅ ဩဂုတ် ၂၃)

24/08/2025

အစစ်အတု သတိပြုရန် ကြေညာချက် ‼️

SDB Counter page အတု ရှိနေပါသဖြင့် နွေဦးဘဏ် အသုံးပြုသူများ အနေဖြင့် page အတုကို မှားယွင်းငွေသွင်းခြင်း မပြုမိဖို့ အထူးသတိပြုပါ ⚠️

မိမိလုံခြုံရေးကို အမြဲသတိပြု၍ SDB အကောင့်ထဲသို့ ငွေသွင်းရန် ငွေမလွှဲမီ SDB Counter page ၏ Like and Follower အရေအတွက်များအား သတိထား စစ်ဆေး၍ page link အစစ် မှသာလျှင် ဆက်သွယ်ငွေသွင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ‼️

တရားဝင် SDB Counter page
https://www.facebook.com/SDBcounter

SDB ဖြင့် လုံခြုံစိတ်ချစွာ ငွေလွှဲပါ
☑️ https://www.facebook.com/SpringDevBank/posts/689395370806293


24/08/2025

✨နွေဦးထီ Survey ဖြည့်ပြီး ၁၀၀၀၀ တန် NOH Gift Card ၁၀၀ လက်ဆောင်ကို ရယူလိုက်ပါ! ✨

အနာဂတ်အိပ်မက်တွေကို ရဲရဲမက်ဖို့ ဆက်လက်တည်ဆောက်နေတဲ့ နွေဦးထီ၊ Weekly Super 4 ချစ်သူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ စနစ်နဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ တစ်ဦးချင်းစီ၏ အမြင်၊ ဆွေးနွေးအကြံပြုချက်များ လိုအပ်လျှက်ရှိနေပါတယ်။

ဒါကြောင့် 📌 (Aug 24 – Sep 21) အတွင်း Nway Oo Hti Survey Form ကို ဖြည့်စွက်ပြီး

🎁 ၁၀၀၀၀ တန် NOH Gift Cardကို အယောက် (၁၀၀) အား ကျပန်းရွေးချယ်ပြီး မေတ္တာလက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။

👉 မိမိအမြင်တိုင်း၊ အကြံဉာဏ်တိုင်းက နွေဦးထီရဲ့ အောင်မြင်တဲ့အနာဂတ် ကို အခြေခံတည်ဆောက်ပေးသလို

👉 သင့်အိပ်မက်တွေကို အမှန်တကယ် ကောင်းမွန်စွာနဲ့အနီးဆုံးရောက်ရှိမယ့် လမ်းကြောင်း ကို ဖန်တီးပေးနေတဲ့အတွက် ခုပဲဖောင်ဖြည့်ပြီး လက်ဆောင်ကဒ်တွေနဲ့ အတူဆုထူးတွေရယူလိုက်ပါ။

📝နွေဦးထီ Users Survey ဖောင်ဖြည့်ရန်
https://tinyurl.com/NOHUserSurvey


24/08/2025
24/08/2025

အရသာရှိတာစားရရင်
ရှုခင်းလှတာလေးတွေမြင်ရရင်
အရည်အသွေးကောင်းကောင်းသုံးရရင်
ချစ်ရဆုံးသူတွေကို သတိရတတ်ကြတယ်မဟုတ်လား။

ဒါဆို လူလဲလုံခြုံ လိပ်ပြာလဲလုံ စိတ်ချလက်ချထောက်ကူနိုင်တဲ့ SCF အကြောင်းကိုလဲ ချစ်ရဆုံးသူတွေကိုပြောပြမှ ချစ်ခြင်းမေတ္တာဟာ ပြည့်စုံပါလိမ့်မယ်။ ဘာလို့ဆို ချစ်ရသူတွေနဲ့ ဝေးကွာဖို့အန္တရာယ်များလှတဲ့ စစ်အာဏာရှင်စနစ်အောက်က မြန်မြန်လွတ်မြောက်ဖို့ဆိုရင် အမှန်တရားဘက်တော်သားတွေကို အတူတူဝိုင်းဝန်းထောက်ကူနိုင်ဖို့ အရေးကြီးပါတယ်။ ချစ်ရဆုံးသူတွေကို SCF အကြောင်းပြောပြပြီး ကိုယ်ပိုင်အကြည်ဓာတ်တပ်ဖွဲ့ ဖွဲ့လိုက်ကြစို့။

🌿 springcrowdfund.org/signin

#တို့အတူချီတက်SCF

16/08/2025

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when XeroGio & NM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share