
29/05/2025
"၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံးများ"
ကြည့်ချင်ရင်ကြည့်ဖို့ YouTube လင့်ခ်လေးတွေ ထည့်ပေးထားတယ် ဘော်ဒါတို့။
အကောင်းဆုံးကစားသမား - မိုဆာလာ
နံပါတ်တွေက လိမ်လို့မရဘူး။ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၄၇ ခုဆိုတာနဲ့တင် ဒီအီဂျစ်သား လန်ထွက်နေအောင်ကောင်းတာ အသိသာကြီးပါ။ အသက်ကြီးလို့ ပျက်စီးမသွားဘူးဆိုတဲ့စာရင်းထဲ အနည်းဆုံး ဒီနှစ်တော့ သူ့ကို ထည့်ကိုထည့်ရတော့မယ်။
အက်ဒမင်ရဲ့အကောင်းဆုံးကစားသမား ၃ ယောက်စာရင်းကတော့ အောက်ပါအတိုင်းပါ -
၁ မိုဆာလာ (ပူးကြီး) https://youtu.be/OafcIPFrjfU?si=dm5xAKwzw7o12i7Q
၂ ဒက္ကလန်ရိုက်စ် (အာဖျင်ကျယ်) https://youtu.be/74b13Gzkgig?si=9LNEpOyDkzzt0y9I
၃ အီဆက်ခ် (ငှက်ကျား) https://youtu.be/82aUYRlIKUg?si=PX1dCSLUba2RjXiZ
အကောင်းဆုံးမန်နေဂျာ - အနဲဆလော့
ကလော့ပ်ဆီကရတဲ့လူစာရင်းအတိုင်းကိုမှ သိပ်အပြောင်းအလဲမလုပ်ဘဲ အမှတ်ပေးဖလားရအောင် ကိုင်တွယ်နိုင်တဲ့ ဆလော့က ဆရာကျလွန်းပါတယ်။ ကလော့ပ်လိုနာမည်ကြီးပြီး လူချစ်လူခင်များတဲ့သူရဲ့အရိုက်အရာကိုဆက်ခံရတာ တော်တော်မလွယ်တာပါ။ မန်ကျီးသီးရဲ့ကျရှုံးမှုနဲ့ အာဖျင်ကျယ်တို့ရဲ့ မီးမကူးတဲ့အမြှောက်ကြောင့်လို့ အကြောင်းပြလို့ရပေမယ့် ဒီလောက်လွယ်နေရင် ဂျာကြီးတိုင်းလုပ်နိုင်ရမှာပါ။ အချို့ဆို ၅/၆ တန်းတောင် မဝင်တော့ဘဲ ၁၅/၁၆ တန်းရောက်ကုန်ကြပါပြီ။ ဒါကြောင့် စာရင်းကတော့ အောက်ပါအတိုင်းပါပဲ -
၁ အနဲဆလော့ (ပူးကြီး)
၂ နူနိုဆန်တို (သစ်တော)
၃ ဒေးဗစ်မိုရက်စ် (အဲဗာတန်)
အမိုက်ဆုံးဂိုး - မိတိုးလေး (ဘရိုက်တန်)
ချက်ကြီးတို့ကို ဖေဖော်ဝါရီမှာ လှလှလေးသွင်းသွားတဲ့ ဂျပန်ကတုံးနဲ့တစ်နိုင်ငံတည်းသား မိတိုးလေးရဲ့ဂိုးကတော့ အက်ဒမင်ရဲ့ အမိုက်ဆုံးဂိုးပါပဲ။ ကျက်သရေမင်္ဂလာနဲ့ပြည့်စုံပြီး ဒင်းနစ်ဘားကမ့်အလား ပထမဆုံးဘောလုံးထိချက်ကစလို့ ဂိုးထဲရောက်သွားတဲ့အထိ ပါးစပ်ထဲယင်ကောင်ဝင်ရလောက်အောင် မိုက်တဲ့ဂိုးမို့လို့အပြင် တို့အာရှသားဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဟီးဟီး..
၁ မိတိုးလေး (ဘရိုက်တန် - ချက်ကြီး) https://youtu.be/zJFVTvSK_XU?si=nd4Xa6xrgsaWz96Z
၂ တာကောစကီး (အဲဗာတန် - ပူးကြီး) https://youtu.be/rWZuLNB4W68?si=DkIBNX5bAixQghLe
၃ မာမွတ်ရှ် (မန်ကျီးသီး - ဘုန်းမောက်) https://youtu.be/8MzYKynDstk?si=EnDCotzLBgkRML6x
အကောင်းဆုံးပွဲ - မန်ကျီးသီး ၂ - ၂ အာဖျင်ကျယ်
ပွဲဆူတယ်၊ နောက်ကျဂိုးသွင်းတယ်၊ အနီကတ်လည်း ပါတယ်၊ ပွဲကလည်း ဆရာဟောင်းနဲ့ တပည့်ပွဲ။ အများကြီးမပြောတော့ဘူး။ ဟိုက်လိုက်သာ ပြန်ကြည့်လိုက်တော့။
၁ မန်ကျီးသီး ၂ - ၂ အာဖျင်ကျယ် https://youtu.be/fX1-oKm1qXw?si=sfxNmbmqY87lGA_g
၂ အဲဗာတန် ၂ -၂ ပူးကြီး https://youtu.be/hrj2rAhVVX0?si=TAeDJ13StSp9qnHF
၃ ပူးကြီး ၂ - ၂ မန်ယူ https://youtu.be/o7IHGU4Gdxk?si=uoYEHyJbGcA64iNn
အကောင်းဆုံးခေါ်ယူမှု - ဟွိုက်ဆန် (ပေါင် ၁၂.၆ သန်း)
ဘုန်းမောက်ကတော့ ဂျူဗီကနေ မလိုက်တဲ့ လူငယ်နောက်တန်းလေးကို တစ်ရာသီအတွင်း မက်ဒွစ်ကို ပေါင်သန်း ၅၀ နဲ့ ပြန်ကင်လိုက်နိုင်ပါတယ်။ ဒီကောင်လေးက ခြေစွမ်းလည်း ရှယ်ပြတာ အရွယ်နဲ့မလိုက်ပါဘူး။ ဒါကြောင့်လည်း တိုင်ပတ်သွားတဲ့ မက်ဒွစ်က ချက်ချင်းလက်မနှေးဘဲ စာချုပ်လျော်ကြေးပေးပြီး မသွားတာပါ။ ဒီကောင်လေး ဘယ်လောက်တန်လာမလဲ စောင့်ကြည့်ရပါမယ်။ သေချာတာတော့ ဒီခြေစွမ်းသာ ဆက်တက်လာရင် မက်ဒွစ်တို့ ဟာကိမိကို ရောင်းစားခဲ့မိတာ ဖြေသိမ့်လို့ရပါပြီ။
၁ ဟွိုက်ဆန် (ဂျူဗီမှ ဘုန်းမောက်) https://youtu.be/uNCvKUc4_bc?si=BqTspwJjGDB0HYXK
၂ မီလင်ကိုဗစ် (ဖီအိုရင်တီးနားမှ သစ်တော) https://youtu.be/rGLN_jbqD2A?si=fknnNkTFZW94SuH3
၃ အီးလီးယော့အန်ဒါဆန် (ငှက်ကျားမှ သစ်တော) https://youtu.be/vTZZt5sesjk?si=Adf_4dwg_r_ubTXi
အညံ့ဆုံးကစားသမားများ
၁ ဟွိုက်လန်း
၂ စတာလင်
၃ ကယ်လ်ဗင်ဖိလစ်
အညံ့ဆုံးအသင်းများ (အရှိန်အဝါနှင့်ထိုက်တန်သောခြေစွမ်း ပြမပြအပေါ် တိုင်းတာသည်)
၁ မန်ယူ
၂ စပါး
၃ လက်စတာ
အညံ့ဆုံးဂျာကြီးများ (နာမည်ကြီးသလောက် အလုပ်ဖြစ်မဖြစ်အပေါ် တိုင်းတာသည်)
၁ အမော်ရင် (မန်ယူ)
၂ ဂယ်ရီအိုနီးလ် (ဝံပုလွေ)
၃ စတိဗ်ကူးပါး (လက်စတာ)
Page ကို Like ပြီး Follow ထားဖို့လည်း မမေ့ကြနဲ့ဦး ဘော်ဒါတို့။