Diary By Ah Hnin Sarpay

Diary By Ah Hnin Sarpay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Diary By Ah Hnin Sarpay, Book & Magazine Distributor, Yangon.

🍃Diary By Ah Hnin စာပေမှ စာအုပ်လေးများကို မြန်မာပြည်အနှံ့ အိမ်ရောက်ငွေချေစနစ်ဖြင့်ရောင်းချပေးပါတယ်နော်💛💛

🍃စာဖတ်ခြင်းမှသည် နူးညံ့သိမ်မွေ့သော နှလုံးသားများဆီသို့…💛💛

🌿စိတ်ညစ်နေတဲ့အချိန် ဖတ်သင့်တာက ဆရာမနုနုရည်အင်းဝရဲ့ ဘဝသရုပ်ဖော်ဝတ္ထုတွေပါ။ဪ ငါသူတို့လောက်မဆိုးသေးပါလားလို့ ကိုယ့်ကိုယ်ကို...
26/08/2024

🌿စိတ်ညစ်နေတဲ့အချိန် ဖတ်သင့်တာက ဆရာမနုနုရည်အင်းဝရဲ့ ဘဝသရုပ်ဖော်ဝတ္ထုတွေပါ။
ဪ ငါသူတို့လောက်မဆိုးသေးပါလားလို့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်လာမှာပါ။

🌿ဒါလေးက စာအုပ်နာမည်အတိုင်းပါပဲ...အိပ်နေရင် ညဖြစ်ပြီး နိုးလာရင် မနက်လို့ သိထားရတဲ့ အမှောင်ကမ္ဘာထဲက မျက်မမြင်တွေရဲ့ဘဝသရုပ်ကိုဖော်ညွှန်းထားတာပါ။

🌿ဂန္ဒီဆေးရုံကြီးမှာမွေးလို့ ဂန္ဒီလို့ ချစ်စနိုးနာမည်ပေးခံရတဲ့ ဂန္ဒီ၊ ကိုယ်တိုင်က မွေးရာပါ မျက်မမြင်ဖြစ်ပေမယ့် သားကလေးကိုတော့ မမြင်ဘူးပြောရင် စိတ်ဆိုးသူ။

🌿အင်္ကျီချုပ်ရိုးကို မှတ်ပြီး အထက်အောက်ဆင်တူမလွဲအောင် ဝတ်နိုင်တဲ့ အပျိုကြီးမမကြင်၊ အိမ်ထောင်စုနှစ်ဆယ်ထဲမှာ အချမ်းသာဆုံးအပျိုကြီး။

🌿ခရစ်ယာန်အိမ်တွေမှာ ဘုရားလိုက်ရှိခိုးပြီး ဓမ္မတေးဆို ဝမ်းစာရှာရတဲ့ ဖိုးကျော်နဲ့ အယ်နီ။

🌿ဓာတ်ပြားရ အဆိုတော် ချိုချိုအေးတဖြစ်လဲ ယောက်ျားကိုသိပ်ချစ်တဲ့ မချိုနဲ့ သမီးကလေးကို မွေးစားဖို့ပေးလိုက်ရလို့ ဝေဒနာတွေကိုကြိတ်ခံစားနေရရှာတဲ့ ကိုထွေး။

🌿ချစ်စရာကောင်းပြီး တက်ကြွတဲ့၊ တွေ့တဲ့လူတိုင်းက မွေးစားဖို့တောင်းခံရတဲ့ သားကလေးကို မမြင်နိုင်ရှာတဲ့ ကိုကံဦးနဲ့မညိုစိမ့်။

🌿အိမ်ထောင်စုနှစ်ဆယ်လုံးမှာ မရှိမဖြစ်အားကိုးရတဲ့ တစ်ဦးတည်းသောမြင်နိုင်တဲ့ ခေါင်းတွဲလေး။

🌿အကြောင်းအမျိုးမျိုးကြောင့် မျက်စိမမြင်နိုင်တော့တဲ့သူတွေ စုနေတဲ့ အလုပ်ရုံကြီးထဲက ဘဝပေးအခြေအနေတွေ၊ စားဝတ်နေရေးအခက်အခဲတွေ၊ လူသားဆန်တဲ့ ကူညီရိုင်းပင်းမှုတွေကို ဖတ်ရင်း မျက်ရည်ဝဲရမှာပါ။

🌿ဒီစာအုပ်ဖတ်ပြီးတော့မှ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသေးတဲ့ မျက်လုံးကို ပိုင်ဆိုင်ထားရတာ ကံကောင်းလိုက်ရတာလို့ တွေးမိတယ်။ မကောင်းတဲ့ကိစ္စတစ်ခုခုကြုံလာရတိုင်း ဘာလို့ငါ့မှာမှ ဖြစ်ရတာလဲဆိုတာထက် ငါ့ထက်အခြေအနေဆိုးတဲ့သူတွေ ရှိသေးပါလားလို့ တွေးမိစေမယ့်စာအုပ်ပါပဲ။

🌿ခုထိ စိတ်ထဲစွဲနေတာကတော့ တပေါက်ပေါက်ကျနေတဲ့မိုးရယ်၊ ဆောက်လက်စ အိမ်တွေရယ်၊ အလုပ်ရုံအိုကြီးရဲ့အထဲက ဝမ်းနည်းပူဆွေးနေတဲ့ မမြင်ရတဲ့မျက်ဝန်းတွေရဲ့အလယ်က အိမ်ထောင်စုနှစ်ဆယ်ရဲ့ အားကိုးရာမျှော်လင့်ချက်ကလေးရယ်ပါပဲ။
Review By Choi Vera

🌿တန်ဖိုး - ၆၅၀၀ ကျပ်

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵


#နုနုရည်အင်းဝ
#အိပ်နေရင်ညနိုးနေရင်နေ့

🔹ဘဝတိုက်ပွဲ၊တက်လမ်းနှင့်ကမ္ဘာ့အလင်း🔹ပီ-မိုးနင်း🔹တန်ဖိုး -၇၀၀၀ ကျပ်🔹စာမျက်နှာ -၃၅၇မျက်နှာ🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လို...
26/08/2024

🔹ဘဝတိုက်ပွဲ၊တက်လမ်းနှင့်ကမ္ဘာ့အလင်း
🔹ပီ-မိုးနင်း
🔹တန်ဖိုး -၇၀၀၀ ကျပ်
🔹စာမျက်နှာ -၃၅၇မျက်နှာ

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵

ယနေ့ လူငယ်များအတွက် ဖတ်စေချင်---------------------------အသုံးမကျတဲ့လူ မဖြစ်စေနဲ့။---------------------အသက် ၃၅ နှစ် ပြည့်...
26/08/2024

ယနေ့ လူငယ်များအတွက် ဖတ်စေချင်
---------------------------

အသုံးမကျတဲ့လူ မဖြစ်စေနဲ့။
---------------------

အသက် ၃၅ နှစ် ပြည့်တဲ့အချိန်ထိ ခင်ဗျားဟာ တီဗီလေး ကက်ဆက်လေး တစ်လုံးတောင် မပိုင်သေး တဲ့အခါ ဘယ်သူမှ ခင်ဗျားကို သနားနေလိမ့်မယ် မထင်နဲ့။

စျေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် ခင်ဗျား ကျရှုံးခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။ ကလေးကွက်နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။

ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့အခါရော။ ဘယ်သူကမှ ခင်ဗျားကို စာနာလို့့ ဆိုပြီးတော့ ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။ ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ ဆိုပြီးတော့ ခင်ဗျားမိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့။

မိသားစု ဆင်းရဲလို့ မချမ်းသာလာတာပေါ့။ ဟုတ်သလား။ အသိပညာ မဆင်းရဲ စမ်းပါနဲ့။ ဆင်ခြေတွေ အလီလီပေးနိုင်တဲ့ အတွက် ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့ ပိုက်ဆံလာပေးတုန်း။ မပေးဘူးနော်။

ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။

ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိ မရှိတဲ့လူ ဆင်းရဲမှာပဲ။

စွန့်စားရမှာကို ကြောက်နေတဲ့ လူဟာ ဆင်းရဲမှာပဲ။

ချမ်းသာချင်စိတ် မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပဲ။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင် တော့ ဘူး။ ပျောက်သွားတယ်။ ချမ်းသာဖို့ ဆိုရင် ၁၀၀% အပြည့် ကိုယ့် ခွန်အားကို ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့ လူတွေ ဖြစ်တယ်။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ဘာကြီးပဲ ဖြစ်နေနေ အသစ်တွေ သင်ယူဖို့ကို ဆာလောင်မွတ်သိပ်လာတယ်။ အမြဲတစေ ကိုယ့်အနေနဲ့ အဘက်ဘက်က ပြီးပြည့်စုံဖို့အတွက် တိုက်ချွတ် လေ့လာ နေလေ့ ရှိတယ်။
အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ကျရှုံးခဲ့ရင်တောင် အဲဒီကျရှုံးမှုကို ဘေးဖယ် ထုတ်ပြီး ဘယ်သူမှ စိတ်မကူးရဲတဲ့ အားထုတ်ခြင်း အသစ်တစ်ခုနဲ့ ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။

ဒါပဲ။ ဒီတော့ ခင်ဗျား စဉ်းစားတော့။ ဆင်ခြေတွေ ဘေးဖယ် ထားလိုက်စမ်းပါဗျာ။ ခင်ဗျား ရှေ့ဆက် ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။ ငွေပုံရှိရာ လမ်းရယ် အိမ် အပြန် လမ်းရယ်။ နှစ်ခု ထဲက တစ်ခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့နော်။ ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။


💛I miss you💛Sai Wathan Oo💛တန်ဖိုး-၃၀၀၀ကျပ်🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ...
24/08/2024

💛I miss you
💛Sai Wathan Oo
💛တန်ဖိုး-၃၀၀၀ကျပ်

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵

(နှစ်၁၀၀ အတွင်း ၊အကောင်းဆုံး မြန်မာဝတ္ထု၁၀၀ စာရင်းဝင်)စိတ်ဒဏ်ရာခံစားနေရသော ကောင်မလေးနှင့် သူမ၏ ဒဏ်ရာကို ကုစားပေးနေရသော ဆ...
24/08/2024

(နှစ်၁၀၀ အတွင်း ၊အကောင်းဆုံး မြန်မာဝတ္ထု၁၀၀ စာရင်းဝင်)

စိတ်ဒဏ်ရာခံစားနေရသော ကောင်မလေးနှင့် သူမ၏ ဒဏ်ရာကို ကုစားပေးနေရသော ဆရာ၀န်လေးတို့ အချစ်ဇာတ်လမ်း ..

အဖြူဆိုတဲ့ ကောင်မလေးဟာ မကြာခဏ အိမ်မက်ဆိုးတွေမက်ပြီး စိတ်တွေ ကယောင်ချောက်ချား ဖြစ်နေရသူလေးပါ .. ဒီလိုဖြစ်ရတာ သူမရဲ့ ဖခင် အပြစ်လို့တောင် ပြောလို့ရမယ်နဲ့တူတယ် ..

ဒေါသကြီးတဲ့ ဖခင်ဟာ သူ့စိတ်နဲ့ မတွေ့တဲ့အခါတိုင်း အလွန်အမင်း ရိုက်နှက်ဆုံးမတတ်တာကြောင့် သူမအတွက် သူမဖခင်ဟာ အရမ်းကို ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တယ် ..

ဒီလိုအခြေအနေကနေ သူမရဲ့ စိတ်ဒဏ်ရာကို ကုစားပေးသူကတော့ ဆရာ၀န်လေး ကိုဦးဖြစ်တယ် .. ကိုဦးက သူမကို သနားချစ်နဲ့ ချစ်သွားမိတယ်ထင် ..

သူမရဲ့ ဖခင်နဲ့ ကိုဦးတွေ့ဆုံပီး သူမရဲ့ အကြောင်းတွေ ဆွေးနွေးတိုင်ပင်ပေမယ့် သူမရဲ့ ဖခင်ဟာ သူ့ရဲ့ဗီဇကို ပြင်နိုင်ခဲ့ခြင်း မရှိပါဘူး ..

စိတ်ဒဏ်ရာရသွားတဲ့ စိတ်ဝေဒနာသည်လေး အဖြူ့ရဲ့ ဘ၀ကတော့ တကယ့်ကို သနားစရာ ကောင်းလွန်းလို့ တကယ့်အပြင်က စိတ်ဝေဒနာသည်တွေ အကြောင်းကိုလည်း ဆက်လက်သိချင်သွားမိတယ် ..

ဒီထဲက အဖြူ့ရဲ့ အခန်းလေးကိုတော့ အရမ်းသဘောကျမိတယ် .. သူမရဲ့ အခန်းလေးဟာ ပြတင်းပေါက်ဖွင့်လိုက်ရင် လေ့သင့်တိုင်း ရတတ်တဲ့ ၁၂ ရာသီပွင့်သော စံကားဖြူပန်းပင်ကြီးရှိတယ် .. တစ်ခါတစ်ခါ ပြတင်းတံခါးကို အခက်အလက်တွေ လာလာခေါက်တာက တံခါးဖွင့်၍ ငါ၏ ရနံ့အား အသင်ရဲ့ နှလုံးအိမ်အတွင်းသို့ ဆောင်ကြဉ်းယူဆောင်ပါဟု ပြောနေသယောင်ယောင် .....
#စာညွှန်း_PyaeArKar

📖 မေတ္တာမီးအိမ်- ကြည်အေး

▪️▪️တန်ဖိုး - ၆၅၀၀ ကျပ်

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵


#မတ်ေတာမီးအိမျ
#ကြည်အေး

မပြုံးဘဲ ဝါးလုံးကွဲရယ်မောရပြီး မိတ်ဆွေတို့ရဲ့ တနေ့တာ စိတ်ပင်ပန်းညစ်ညူးနွမ်းနယ်မှုတွေကို ပြေလျော့သွားစေမဲ့ ၊ မြာပွေသလောက်...
24/08/2024

မပြုံးဘဲ ဝါးလုံးကွဲရယ်မောရပြီး
မိတ်ဆွေတို့ရဲ့ တနေ့တာ စိတ်ပင်ပန်း
ညစ်ညူးနွမ်းနယ်မှုတွေကို ပြေလျော့သွားစေမဲ့ ၊
မြာပွေသလောက် ဟာသဉာဏ်ရွှင်လှတဲ့
ဆရာသော်တာဆွေရဲ့ " ဂေါ်ဋီကာ " ။ ။

🔸🔸တန်ဖိုး - ၄၀၀၀ ကျပ်

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵


#သော်တာဆွေ
#ဂေါ်ဋီကာ

ဆရာဝန် ညွှန်ကြားချက်မှာ လက်ဖက်ရည်တစ်ခွက်ပေးပါဒူးယားတစ်လိပ်ပေးပါမမ ကျွန်တော့်ကို ချစ်ပါဒီကောင် လက်နက်ချရမယ်တဲ့။ဂတ္ထဝင်မမ ...
24/08/2024

ဆရာဝန် ညွှန်ကြားချက်မှာ
လက်ဖက်ရည်တစ်ခွက်ပေးပါ
ဒူးယားတစ်လိပ်ပေးပါ
မမ ကျွန်တော့်ကို ချစ်ပါ
ဒီကောင် လက်နက်ချရမယ်တဲ့။

ဂတ္ထဝင်မမ - အောင်ချိမ့်
တန်ဖိုး - ၅၀၀၀ကျပ်

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵


#ဂန္ထဝင်မမ
#အောင်ချိမ့်

ကျွန်တော်တို့ ဘဝ၊ ကျွန်တော်တို့ အလုပ်ဟာကျွန်တော်တို့ ခွင့်ပြုထားတဲ့ အတိုင်းအတာတစ်ခုအထိပဲ စိတ်လှုပ်ရှားဖို့ ကောင်းမယ်။ ကိ...
23/08/2024

ကျွန်တော်တို့ ဘဝ၊ ကျွန်တော်တို့ အလုပ်ဟာ
ကျွန်တော်တို့ ခွင့်ပြုထားတဲ့ အတိုင်းအတာ
တစ်ခုအထိပဲ စိတ်လှုပ်ရှားဖို့ ကောင်းမယ်။

ကိုယ်တိုင် ပိတ်လှောင် ဘောင်ခတ်ထားရင်တော့
ပျင်းရိနှေးကွေးစွာ ငြိမ်သက်နေမှာပဲ။

#သားရဲစိတ်ဓာတ်

လုပ်ငန်းခွင်နဲ့ ဘဝနေထိုင်မှုတွေမှာ
သားကောင်အဖြစ် ငြိမ်ပြီးတွေဝေနေမယ့်အစား
သားရဲစိတ်ဓာတ်အပြည့်နဲ့
ဖောက်ထွက်တွေးခေါ်စေဖို့...

• သားရဲစိတ်ဓာတ် စာအုပ်ထဲမှာ စိတ်ဝင်စားစရာ၊အတုယူစရာ ဇာတ်လမ်းတို ၆၀ ကျော် ပါပါတယ်။ နယ်ပယ်အစုံက လူပေါင်းစုံရဲ့ အောင်မြင်မှုတွေ၊ကျရှုံးမှုတွေ၊ ဖြတ်ထိုးဉာဏ်နဲ့ ဖန်တီးနိုင်စွမ်းရည်တွေကိုဇာတ်လမ်းသဖွယ် ပြောပြထားတာပါ။

• ရွက်လှေတစ်စီးနဲ့ တစ်ယောက်တည်း ကမ္ဘာပတ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဇွဲ၊ လုံ့လနဲ့ ခံယူချက်အကြောင်း။

• နော်မန်ဒီကမ်းခြေတိုက်ပွဲမှာ အသက်ကိုရင်းပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်အကြောင်း။

• သာမန်စံနှုန်းတွေကို လက်မခံ၊ ကိုယ့်ခံယူချက်နဲ့ကိုယ်အောင်မြင်လာကြတဲ့ ပီကာဆို၊ အန်ဒီဝါဟော စတဲ့ အနုပညာရှင်တွေရဲ့အကြောင်း.. စသဖြင့် ဇာတ်လမ်းပေါင်းစုံ ဖတ်ရပါမယ်

• လုပ်ငန်းခွင်နဲ့ ဘ၀နေထိုင်မှုတွေမှာ သားကောင်အဖြစ် ငြိမ်ပြီးတွေဝေနေမယ့်အစား သားရဲစိတ်ဓာတ်ကို မွေး၊ သူများထက်လက်ဦးမှု ရယူ၊ အောင်မြင်ဖို့ ဖြတ်ထိုးဉာဏ်ကို ဘယ်လိုသုံးရမလဲ..ဆိုတာကိုဒီဇာတ်လမ်းတွေထဲကနေ အတုယူနိုင်မှာပါ။ တစ်+တစ်=သုံး စာအုပ်ရဲ့ တွဲဘက်စာအုပ်လို့ ပြောလို့ရပါတယ်။ မူရင်းစာရေးသူ ဒေ့ဗ်ထရော့ရဲ့ ရေးဟန်က သွက်တယ်၊ ပြတ်သားတယ်၊ ရှင်းလင်းတယ်။ တစ်+တစ်=သုံး စာအုပ်ကိုသဘောကျခဲ့တဲ့ စာဖတ်သူတွေ “သားရဲစိတ်ဓာတ်” ကိုလည်း နှစ်သက်ကြမှာပါ။

❤️❤️❤️ သားရဲ စိတ်ဓာတ် ❤️❤️❤️

✍️ ချမ်းမြေ့ဝင်း

◾ တန်ဖိုး - ၆၀၀၀ ကျပ်
▫️ စာမျက်နှာ - ၂၄၆ မျက်နှာ

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵


#သားရဲစိတ်ဓာတ်
#ချမ်းမြေ့ဝင်း

▪️▫️ရိုဘော့(ROBOT)▪️▫️မင်းတခေတ်▪️▫️တန်ဖိုး -၆၀၀၀ကျပ်▪️▫️စာမျက်နှာ -၁၅၅မျက်နှာ🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary B...
23/08/2024

▪️▫️ရိုဘော့(ROBOT)
▪️▫️မင်းတခေတ်
▪️▫️တန်ဖိုး -၆၀၀၀ကျပ်
▪️▫️စာမျက်နှာ -၁၅၅မျက်နှာ

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵


#မင်းတခေတ်

'' ခက်တော့လည်း ခက်သားလား.....   အချစ်ဆိုတာမျိုးက    ခန္ဓာကို ပူလောင်စေတဲ့ ရာဂမီးတွေနဲ့   လုံးလုံးမပတ်သက်ကြောင်း   အချစ်က...
23/08/2024

'' ခက်တော့လည်း ခက်သားလား.....
အချစ်ဆိုတာမျိုးက
ခန္ဓာကို ပူလောင်စေတဲ့ ရာဂမီးတွေနဲ့
လုံးလုံးမပတ်သက်ကြောင်း
အချစ်ကို
တလေးတစား တန်ဖိုးထားသူ
တချို့တလေကပဲ
သိနိုင်ကြတာလေ ''

သိုးဆောင်း - အကြင်သူသည်
တန်ဖိုး - ၈၅၀၀ကျပ်

စာအုပ်အညွှန်း🤍

အရေးအသားက story telling ပုံစံလေးနဲ့ရေးထားပြီးHotel Project တခုကြောင့် ဝေဠုဝတီ စံနန်းဆောင်ကိုလာရောက် လေ့လာတဲ့ လူငယ်တစုရဲ့ သိလိုစိတ်ပြင်းပြမှုကြောင့် ဇာတ်လမ်းလေးကပြန်ပြီးအသက်ဝင်လာခဲ့တယ် ။

ဇာတ်လမ်းထဲမှာအဓိကဇာတ်ဆောင် သုံးဦးပါဝင်တယ်...
သူဌေးလေးနန်းနွယ် ၊ အငြိမ့်သမလေး ယမင်းသူဇာ နဲ့ သူမရဲ့ အချစ်ကိုရရှိထားတဲ့ သံပျဉ်မင်းသား စသဖြင့်ပေါ့။

လွန်ခဲ့တဲ့နှစ်ပေါင်း ( 300 ) အထက် သုဇလ္လဒီပတိုင်း နန်းတွင်းရေးရှုပ်ထွေးပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန် အဆောလတ်မြို့လေးမှာ အသပြာတစ်သိန်းချမ်းသာတဲ့ သူဌေးလေးနန်းနွယ်ဆိုတဲ့ အမျိုးသားတစ်ဦးရှိတယ်။

သူဟာ ထင်ရှားတယ် ကျော်ကြားတယ်။ ရှေးဘဝ က အထုံပါရမီတွေကြောင့် ယခုဘဝမှာလည်း ပညာရပ်အမျိုးမျိုးကို မြင်ရုံ ကြည့်ရုံနှင့်တင် သိလွယ်တတ်လွယ်တယ်။သူဟာ ဇာတ်ပွဲ‌တွေကိုလည်း ခုံမင်နှစ်သက်တယ် ။

တရက် သူနေထိုင်တဲ့ တိုင်းပြည်မှာ ဘုရားပွဲကျင်းပရာမှ ယမင်းသူဇာ ဆိုတဲ့ အငြိမ့်သမလေးနဲ့ ပတ်သက်ဖို့အကြောင်းဖန်လာတယ်။

ပုရိသအမျိုးသားတွေကြားမှာ ထင်ရှားလွန်းတဲ့ သဘင်သည် မလေး ယမင်းသူဇာကိုမှ ရူးရူးမိုက်မိုက် ချစ်မိသွားတဲ့ နန်းနွယ်ဟာ သူမနဲ့နီးစပ်ဖို့ နေပြည်တော် သဘင်သည်တန်း အထိပါ လိုက်သွားခဲ့တယ်..

နေပြည်တော် ရောက်တဲ့အချိန် ယမင်းသူဇာဆိုတာ သာမန် သဘင်သည်မဟုတ်ပဲ ခန္ဓာသည်တစ်ဦးအဖြစ်လုပ်ကိုင်ရင်း သူမရဲ့ဇာတ်ဆရာ ကို ကြွေးမှီးဆပ်နေရသူဆိုတာ သိလိုက်ရတယ်။

အဲ့ဒီလို သိလိုက်ရတဲ့အချိန်မှာလည်း
စက်ဆုပ်ရွံရှာခြင်းမရှိပဲ သူမရဲ့ ညတွေ အေးအေးချမ်းချမ်း နဲ့အိပ်စက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားရှာတယ်
တညကို အသပြာသုံးရာပေးပြီး ယမင်းသူဇာကို သူ့ဘေးမှာခေါ်ထားပြီးအိပ်စက်စေတယ် တခြားသောယောက်ျားတွေလို တဏှာရာဂ၌ ပ်ျောမွေ့လိုသောစိတ် မရှိပဲ မနက်မိုးလင်းရင် နဖူးလေး သာနမ်း၍ ပြန်လွှတ်လိုက်တယ်

ဒီဘဝထဲက လွတ်မြောက်စေဖို့အတွက်လည်း လက်ထပ်ခွင့်တောင်းခဲ့တယ်
ဒါပေမယ့် ယမင်းသူဇာက နန်းနွယ်ရဲ့တောင်းဆိုမှုကို လက်မခံခဲ့ဘူး တဂယ်တော့ ယမင်းသူဇာချစ်တာ သံပျဉ်မင်းသားပါ။

ဒီလိုနဲ့ပဲ ယမင်းသူဇာရဲ့ ညတွေအေးချမ်းစေဖို့ အသပြာတွေ သုံးခဲ့ရာမှ နောက်ဆုံး ပိုင်ဆိုင်မှုတွေ ကုန်ဆုံးလုနီးပါးဖြစ်ခဲ့ရတယ် ။

ယမင်းသူဇာရဲ့ ဂုဏ်သတင်းဟာလည်း ပိုပို၍သာကျော်ကြားလာခဲ့တယ်၊ အဆိုးဆုံး ကတော့ တိုင်းတပါးတွေရဲ့ ယမင်းသူဇာကို ပေးမလား စစ်ချီမလားဆိုတဲ့ အ‌ခြေအနေရောက်တဲ့အထိပဲ။

ပိုင်ဆိုင်မှုတွေကုန်ဆုံးနေတဲ့ နန်းနွယ်ဟာ ဗိသုကာဆရာကြီး တစ်ဦးရဲ့ အကူအညီကြောင့် ယမင်းသူဇာရဲ့ညတွေကို အဆုံးထိ ကာကွယ်ပေးဖို့ကြိုးစားခဲ့တယ်။

အဲဒီအချိန် နန်းတွင်းရေးကလည်းပိုပိုပြီးရှုပ်ထွေးခဲ့ပြီး
ယမင်းသူဇာချစ်ရတဲ့ သံပျဉ်မင်းသား ဟာ လျို့ဝှက်ကြံစည်မှုတွေ လုပ်ကိုင်‌တဲ့‌တဲ့တွက် ပုန်ကန်သူအဖြစ်သတ်မှတ်ခံရခဲ့တယ် ။

သံပျဉ်မင်းသားရဲ့ ချစ်သူ ယမင်းသူဇာကရော ဘယ်လိုဖြစ်သွားမလဲ ?
နန်းနွယ်နဲ့ပြန်ဆုံတွေ့ပါ့မလား...?

တဂယ်တော့ အချစ်ဆိုတာ တဏှာရာဂတွေနဲ့ လုံးဝ မအပ်စပ်ကြောင်း ဒီစာအုပ်လေးမှာ တွေ့ရမှာပါပဲဖြစ်ပါတယ်

အရမ်းကောင်းတဲ့စာအုပ်လေးမလို့မဖတ်ရသေးရင်ဖတ်ကြည့်‌ဖို့မင်မင်ကညွှန်းဆိုလိုက်ပါတယ်ရှင်
Review by Thidaraye

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵


#အကြင်သူသည်
#သိုးဆောင်း

▪️▫️ရွာ(The Village)▪️▫️မင်းတခေတ်▪️▫️တန်ဖိုး -၅၀၀၀ကျပ်▪️▫️စာမျက်နှာ -၁၆၀မျက်နှာ🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary...
23/08/2024

▪️▫️ရွာ(The Village)
▪️▫️မင်းတခေတ်
▪️▫️တန်ဖိုး -၅၀၀၀ကျပ်
▪️▫️စာမျက်နှာ -၁၆၀မျက်နှာ

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵


#မင်းတခေတ်

ဒီပန်းတစ်ပွင့်ဟာမဖြစ်မနေ ငါ့ရင်ခွင်မှာပဲ ပွင့်ရမယ်ဆိုတဲ့အတ္တရှိတဲ့ ဥယျာဉ်မှူးပါ...ဒါပေမဲ့....ဆုတောင်းချင်တယ်ဆိုလည်းကိုယ်...
19/08/2024

ဒီပန်းတစ်ပွင့်ဟာ
မဖြစ်မနေ ငါ့ရင်ခွင်မှာပဲ ပွင့်ရမယ်ဆိုတဲ့
အတ္တရှိတဲ့ ဥယျာဉ်မှူးပါ...

ဒါပေမဲ့....
ဆုတောင်းချင်တယ်ဆိုလည်း
ကိုယ့်ကိုယ်ကိုယ် ခြွေချရဲတဲ့သတ္တိနဲ့
အလင်းပေးနေမဲ့ ကြယ်ပါ...။

မင်းသာပျော်မယ်ဆို
ဘာပဲဖြစ်ဖြစ် ရပါတယ်....။

▪️သတိမရချင်တဲ့ချစ်သူ
▪️Tristan Pyne
▪️တန်ဖိုး - ၄၀၀၀ ကျပ်

🍂စာအုပ်လေးကို သဘောကျ၍ ဖတ်ရှူ့လိုပါက Diary By Ah Hnin Page Messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🩵

🕰️အချိန်နှင့်အမျှပြောင်းလဲနေတဲ့ Update Price List တွေအပြင် ရောင်းချလျက်ရှိတဲ့ 📚စာအုပ်လေးတွေနဲ့ပတ်သက်ပြီး Up to date သိရဖို့ Diary By Ah Hnin ရဲ့ Channel လေးတွေကို အခုထဲကမ Join ရသေးရင် Join ထားလိုက်ဦးနော်။

👉 Viber Link - https://bit.ly/3W09LAv
👉 Telegram Link - https://bit.ly/3RHSxGy

စာဖတ်ခြင်းဖြင့် ခဏတာ ဘဝအမောများ ပြေပျောက်ကြပါစေရှင်🩵🩵


#သတ်ိမရချင်တဲ့ချစ်သူ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Diary By Ah Hnin Sarpay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share