Chelsea TV x Nanda Myo Nyunt

Chelsea TV x Nanda Myo Nyunt Together “Impossible is Nothing"

အန်ဇိုမာရက်စ်ကာ ပွဲပြီးအင်တာဗျူး အပြည့်အစုံ…Q. ပထမပိုင်းနဲ့ ဒုတိယပိုင်း အသင်းလိုက်စွမ်းဆောင်ရည်က သိသိသာသာ ကွာခဲ့တာ တွေ့ရ...
24/09/2025

အန်ဇိုမာရက်စ်ကာ ပွဲပြီးအင်တာဗျူး အပြည့်အစုံ…

Q. ပထမပိုင်းနဲ့ ဒုတိယပိုင်း အသင်းလိုက်စွမ်းဆောင်ရည်က သိသိသာသာ ကွာခဲ့တာ တွေ့ရတယ်။ အဲ့ဒါလေး အရင်ဆုံး သုံးသပ်ပေးပါဦး။

မာရက်စ်ကာ- ဒီလိုပွဲစဉ်မျိုးမှာ အသင်းငယ်တစ်သင်းအနေနဲ့ ပုံမှန်ထက်အနည်းဆုံး နှစ်ဆလောက်ပိုပြီး အားထည့်ကစားလာမယ်။ set-pieceတွေကို အဓိကအားထားပြီး ဂိုးရဖို့ ကြိုးစားလာမယ်။ ဒါကို ကျနော်တို့ ကြိုတင်မျှော်လင့်ထားပြီးသား၊ တတ်နိုင်သလောက်လည်း ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းပွဲကစားချိန်မှာတော့ အဲ့ဒီလိုမလုပ်နိုင်ခဲ့ဘူး။ လိုအပ်ချက်တွေများခဲ့တယ်။ ဒုတိယပိုင်းမှာတော့ သိသိသာသာ ပိုကောင်းလာပါတယ်…

Q. ယော်ဂင်ဆန်ရဲ့ စွမ်းဆောင်ရည်ကိုရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။

မာရက်စ်ကာ- သူ့အတွက်လည်း ခက်ခဲပါတယ်။ ပြိုင်ဖက်က ဂိုးဧရိယာထဲကို တစ်ချိန်လုံးလိုလို အမြင့်ဘောပေးပို့မှုတွေ ရှိခဲ့တယ်။ အထူးသဖြင့် set-pieceတွေမှာဆိုရင် ဂိုးရှေ့မှာ နှစ်ဖက်ကစားသမားတွေ ရှုပ်ထွေးနေပြီး ပြိုင်ဖက်တွေက ဂိုးသမားကို အဓိကပစ်မှတ်ထားပြီး တွန်းတွန်းတိုက်တိုက် ကစားတာမျိုးတွေရှိတယ်။ ဒီလိုအခြေအနေမျိုးတွေဟာ ဘယ်ဂိုးသမားအတွက်မဆို ခက်ခဲပါတယ်…

ယော်ဂင်ဆန်အတွက် ဒီရာသီ ပထမဆုံးပွဲစဉ်လည်း ဖြစ်နေတာဆိုတော့ ပိုပြီးတော့ ခက်ခဲပါတယ်။ ယော်ဂင်ဆန်တစ်ဦးထဲအတွက်တင် မဟုတ်ပါဘူး။ ဒီပွဲမှာ တစ်သင်းလုံးအတွက် ကျနော်အများကြီး စိတ်ပူခဲ့ရတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ကျနော်တို့ နိုင်ပွဲရခဲ့ကြပါတယ်…

Q. ဘူနာနော့တီရဲ့ ခြေစွမ်းကတော့ ကျေနပ်စရာ ဖြစ်လိမ့်မယ်ထင်တယ်…

မာရက်စ်ကာ- အမှန်ပါပဲ။ ပထမပိုင်းမှာတော့ သူအပါအဝင် ကျနော်တို့ တစ်သင်းလုံးနီးပါး ရုန်းကန်ခဲ့ရတာပေါ့။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ သိသိသာသာ ပိုကောင်းလာပါတယ်…

Q. ဒုတိယပိုင်းမှာ ပိုကောင်းလာရတဲ့ အဓိကအကြောင်းရင်းကရော ဘာများဖြစ်မလဲ။

မာရက်စ်ကာ- ကျနော်တို့ အသင်းလိုက်ကစားကွက်ကို နည်းနည်းအပြောင်းအလဲလုပ်ခဲ့လို့ပါပဲ။ အထူးသဖြင့် ဟာတိုရဲ့ role & functionကို ကျနော်တို့ သိသိသာသာ အပြောင်းအလဲလုပ်ခဲ့တယ်။ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာ ချေပဂိုးရခဲ့တာကြောင့်လည်း ကျနော်တို့အတွက် နည်းနည်းကံကောင်းသွားပါတယ်…

Q. နည်းစနစ်ပိုင်း အပြောင်းအလဲတွေကြောင့်ပဲလား။ ခင်ဗျားအနေနဲ့ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ပေါက်ကွဲခဲ့တာမျိုးရော ရှိခဲ့ပါသလား။

မာရက်စ်ကာ- ရှိတာပေါ့။ ရှိတာပေါ့…

Q. ဘယ်လောက်ထိ ပေါက်ကွဲခဲ့သလဲ…

မာရက်စ်ကာ- ပြိုင်ဖက်က လိဂ်ဝမ်းက ကလပ်အသင်းဖြစ်နေတယ်။ ဒီလိုအသင်းတစ်သင်းအနေနဲ့ ချယ်လ်ဆီးနဲ့ ထိပ်တိုက်တွေ့တယ်ဆိုတာ ဒီရာသီသူတို့အတွက် အရေးအကြီးဆုံး ပွဲစဉ်တစ်ပွဲလိုသဘောမျိုးလည်းရှိတယ်။ အဲ့ဒီအတွက် သူတို့ကတော့ အကောင်းဆုံးအားထည့်ကစားလာမှာပဲ။ ဒါကြောင့် ကျနော်တို့အနေနဲ့လည်း သာမန်ပွဲတစ်ပွဲလိုမျိုး တုံ့ပြန်လို့မရဘူး။ ဒီလိုပွဲမျိုးကို အသင်းကြီးတစ်သင်းအနေနဲ့ ကစားရမယ့် ပုံစံက သက်သက်ရှိပါတယ်။ အဲ့ဒါကိုလည်း ကျနော်တို့ အများကြီးကြိုတင်ပြင်ဆင်ခဲ့ပြီးသားပါပဲ…

ဒါပေမယ့် တကယ်တမ်းပွဲကစားချိန်မှာတော့ ပြင်ဆင်ထားတဲ့အတိုင်း ဖြစ်မလာဘူး။ ရုန်းကန်ခဲ့ရတယ်။ အဲ့ဒီအတွက် နည်းနည်းတော့ ပေါက်ကွဲခဲ့ရပါတယ်…

Q. ဒီပွဲက ချယ်လ်ဆီးကစားသမားတွေအတွက် သင်ခန်းစာတစ်ခုလို့ရော ပြောလို့ရမလား။

မာရက်စ်ကာ- အဲ့ဒါကတော့ ပြောရခက်တယ်။ ကျနော်တို့ ဘယ်အချိန်ကျမှ လိဂ်ဝမ်းလိဂ်တူးအသင်းတွေနဲ့ ထပ်တွေ့ရမလဲ ကျနော်လည်း မသိနိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ပွဲစဉ်တိုင်းကတော့ သင်ခန်းစာယူစရာ၊ ပြန်လည်သုံးသပ်စရာ၊ ပိုတိုးတက်အောင် ကြိုးစားစရာ တစ်ခုမဟုတ်တစ်ခုတော့ အမြဲရှိနေတာပါပဲ။ ဒီပွဲကနေလည်း ကျနော်တို့အတွက် သင်ခန်းစာယူစရာတွေ၊ အနာဂတ်အတွက် အကျိုးရှိသွားစေမယ့်အချက်တွေ ရှိနေမှာ သေချာပါတယ်…

ကျေးဇူးတင်ပါတယ်…

--- Football London ---

လင်ကွန်းနှင့်ပွဲမှ ချယ်လ်ဆီးကစားသမားများ၏ စွမ်းဆောင်ရည်သုံးသပ်ချက်…ယော်ဂင်ဆန်- ၃အတော်လေးကို မေးခွန်းထုတ်စရာကောင်းတဲ့ လက်...
24/09/2025

လင်ကွန်းနှင့်ပွဲမှ ချယ်လ်ဆီးကစားသမားများ၏ စွမ်းဆောင်ရည်သုံးသပ်ချက်…

ယော်ဂင်ဆန်- ၃
အတော်လေးကို မေးခွန်းထုတ်စရာကောင်းတဲ့ လက်စွမ်းမျိုးပါပဲ။ အထူးသဖြင့် ဖြတ်တင်ဘောတွေ ထွက်ဖမ်းဖို့ ကြိုးစားရာမှာ အတော်လေးကို အားနည်းခဲ့တာ၊ စိုးရိမ်စရာကောင်းခဲ့တာ တွေ့ရပါတယ်…

ဂတ်စ်တို- ၅
ဒီတစ်ပွဲစာအနေနဲ့ သူ့ရဲ့ ခံစစ်ကစားပုံက လိုအပ်ချက်တွေများခဲ့တယ်။ ပင်နယ်တီပေးရမလိုလည်း ရှိခဲ့တယ်။ တိုက်စစ်ကို လိုက်ပါပံ့ပိုးရာမှာတော့ သိပ်မဆိုးပေမယ့် အကောင်းဆုံးခြေစွမ်းမျိုး မရခဲ့ပါဘူး…

ဖိုဖာနာ- ၆
ပွဲချိန်အစောပိုင်းမှာ အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် တဖြည်းဖြည်းတည်ငြိမ်လာခဲ့တယ်။ တစ်ပွဲလုံးအတိုင်းအတာအနေနဲ့ အမှားအယွင်းနည်းပါးခဲ့ပါတယ်…

ချာလိုဘာ- ၄
ပေးလိုက်ရတဲ့ဂိုးက သူတစ်ယောက်ထဲကြောင့်မဟုတ်ပေမယ့် သူ့တာဝန်လည်း မကင်းခဲ့ပါဘူး။ တစ်ပွဲလုံးအတိုင်းအတာအနေနဲ့လည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်…

ဟာတို- ၆
ဒီပွဲမှာ ခြေစွမ်းပိုင်းတည်ငြိမ်ခဲ့တဲ့ ချယ်လ်ဆီးကစားသမား အနည်းစုထဲမှာ ဟာတိုလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်အကောင်းကြီးတော့ မဟုတ်ခဲ့ပါဘူး…

အန်ဒရေဆန်းတို့စ်- ၆
ကိုင်စီဒိုရဲ့ primary No.6 roleမှာ တာဝန်ယူကစားခဲ့ရတယ်။ သူကစားနေကျ role & functionမျိုးမဟုတ်တာကြောင့် အကောင်းဆုံးခြေစွမ်းမျိုးတော့ မရခဲ့ပါဘူး။ ဒါပေမယ့် ဘောလုံးကိုင်ကစားပုံလေးတွေ သပ်သပ်ရပ်ရပ်ရှိခဲ့တယ်။ တစ်ပွဲလုံးအတိုင်းအတာအရ အဆင်ပြေပြေ ကစားသွားနိုင်ခဲ့ပါတယ်…

အန်ဇိုဖာနန်ဒက်ဇ်- ၄
ပွဲချိန်အစောပိုင်းမှာ ဂျင်မီဂစ်တန်စ်ဆီကို ပေးပို့လိုက်တဲ့တစ်ကြိမ်ဆို အတော်ကောင်းခဲ့တယ်။ သေချာပေါက်ဂိုးဖန်တီးမှုတစ်ကြိမ်ရသင့်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အမှားကနေတဆင့် ဦးဆောင်ဂိုးပေးခဲ့ရတယ်။ သူနည်းနည်းပွဲပန်းနေသလို၊ တစ်ပွဲလောက် အနားယူဖို့ လိုအပ်နေသလို ပုံစံမျိုးလည်း တွေ့ရပါတယ်…

ဂျင်မီဂစ်တန်စ်- ၅
ပွဲချိန်အစောပိုင်းတွေမှာ ညာခြမ်းကနေ အတိုးအလှုပ်ကောင်းကောင်းနဲ့ တိုက်စစ်ဆင်ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သိသိသာသာ ပျောက်ဆုံးသွားခဲ့ပါတယ်…

ဘူနာနော့တီ- ၈
တိုင်ရစ်ဂျော့နဲ့ အချိတ်အဆက်မိမိ တွဲကစားသွားခဲ့တယ်။ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့တယ်။ အနည်းဆုံး နောက်တစ်ဂိုးလောက် ထပ်ရခဲ့သင့်တဲ့ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်…

ဂါနာချို- ၆
ဘယ်ခြမ်းက သူ့ရဲ့ဘောလုံးဆွဲပြေးပုံ၊ foulယူပုံလေးတွေ ကောင်းပါတယ်။ အကောင်းဆုံးခြေစွမ်းမျိုး မဟုတ်သေးပေမယ့် တိုက်စစ်ကို အကျိုးပြုနိုင်ခဲ့တယ်။ ပိုပြီးအထိုင်ကျလာတာနဲ့အမျှ သူ့ဆီက ဒီထက်အများကြီးပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို တွေ့မြင်ရဖို့လည်း ရှိပါတယ်…

တိုင်ရစ်ဂျော့- ၈
ပထမပိုင်း ပွဲချိန်အများစုမှာ သူနည်းနည်းပျောက်ဆုံးနေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့တယ်။ ချေပဂိုးကို ကိုယ်တိုင်သွင်းပေးခဲ့သလို ဘူနာနော့တီရဲ့ အနိုင်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တယ်။ squad playerအနေနဲ့ အားကိုးရလောက်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်…

လူစားဝင်ကစားသမားများ…

အက်စ်တီဗာအို- ၆
ပွဲချိန်မိနစ်၆၀လောက်မှာ လူစားဝင်ကစားခဲ့တယ်။ ခြေစွမ်းမညံ့ပေမယ့် အကောင်းဆုံးပုံစံတော့ မဟုတ်ခဲ့ပါဘူး…

ရှင်းမူခါ- ၇
အသက်၁၇နှစ်အရွယ် ချာတိတ်လေးတစ်ယောက်အနေနဲ့ သူလူစားဝင်ကစားခွင့်ရခဲ့တာကိုက အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စပါပဲ။ သူ့အသက်အရွယ်နဲ့ နှိုင်းစာရင် ကြံ့ခိုင်မှုအတော်ကောင်းတယ်ပြောရမှာဖြစ်ပြီး အမြင့်ဘောတွေမှာလည်း အားကိုးရလောက်တဲ့ စွမ်းဆောင်ရည်မျိုး ရှိခဲ့ပါတယ်…

ပတ်ဒရိုနီတို- ၇
လူစားဝင်လာပြီးနောက် တောင်ပံမှာ အကောင်းဆုံးခြေစွမ်းပြကစားခဲ့တယ်။ လင်ကွန်းခံစစ်ကြောင်းကို အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့တယ်။ ဘူနာနော့တီအတွက် အပိုင်အခွင့်အရေးတစ်ကြိမ် ဖန်တီးပေးသွားခဲ့ပါတယ်…

ကူကူရယ်လာ- ၇
ကွင်းလယ်ကစားသမားအဖြစ် လူစားဝင်ကစားခဲ့ရတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ခြေစွမ်းပြကစားသွားပါတယ်…

ရက်ဂျီဝဲလ်ရှ်- N/A
ပွဲပြီးခါနီးမှ လူစားဝင်လာခဲ့တယ်။ ratingတစ်ခုခုပေးရလောက်အောင် ကစားခွင့်ရချိန်က မများခဲ့ပါဘူး…

--- Football London ---

လင်ကွန်း 1-2 ချယ်လ်ဆီး…အမှားအယွင်းမရှိ နိုင်ပွဲရယူနိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ သိပ်အားကောင်းမောင်းသန် မဖြစ်ခဲ့ပါဘူ...
24/09/2025

လင်ကွန်း 1-2 ချယ်လ်ဆီး…

အမှားအယွင်းမရှိ နိုင်ပွဲရယူနိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ သိပ်အားကောင်းမောင်းသန် မဖြစ်ခဲ့ပါဘူး။ ပွဲစစချင်းမှာပဲ လင်ကွန်းဖက်က ခြိမ်းခြောက်မှုတွေရှိခဲ့တယ်။ ပထမပိုင်းမှာ ဦးဆောင်ဂိုးလည်း အရင်သွင်းခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်းပြန်စပြီး ၅မိနစ်အတွင်းမှာ ချယ်လ်ဆီးတို့ နှစ်ဂိုးဆက်တိုက် သွင်းနိုင်ခဲ့ပြီး အဲ့ဒီဂိုးတွေကြောင့်ပဲ နိုင်ပွဲရခဲ့ပါတယ်…

တိုင်ရစ်ဂျော့ဟာ အထောင်တိုက်စစ်ကစားသမားတော့ မဟုတ်သလို ချယ်လ်ဆီးမှာ ပထမဦးစားပေးအနေနဲ့ ဒေါင်ဒေါင်မြည်ပွဲထွက်ခွင့်ရဖို့ သူ့ရဲ့လက်ရှိခြေစွမ်းက သိပ်မလုံလောက်သေးပါဘူး။ ဒါပေမယ့် squad playerအနေနဲ့၊ super-subအနေနဲ့ဆိုရင်တော့ အထိုက်အလျောက် အားကိုးလို့ရတဲ့ ကစားသမားမျိုးဖြစ်တယ်။ သွင်းဂိုးတွေနဲ့ နည်းနည်းနီးစပ်မှုရှိပါတယ်။ ဒီပွဲမှာဆိုရင်လည်း အရေးပါတဲ့ ချေပဂိုးကို ကိုယ်တိုင်သွင်းပေးခဲ့တယ်။ ဘူနာနော့တီရဲ့ အနိုင်ဂိုးကိုလည်း သူပဲဖန်တီးပေးခဲ့တာဖြစ်ပါတယ်…

ဒီပွဲမှာ ချယ်လ်ဆီးအတွက် အဓိကအပေါင်းလက္ခဏာဆောင်တဲ့အချက်ကတော့ အဓိက,ကစားသမားတွေ အတော်များများကို အနားပေးနိုင်ခဲ့ခြင်းပါပဲ။ ချာလိုဘာနဲ့ အန်ဇိုကတော့ မဖြစ်မနေ ဝင်ကစားခဲ့ရသလို ကူကူရယ်လာလည်း ကွင်းလယ်ကစားသမားအဖြစ် လူစားဝင်ခဲ့ရတယ်။ တိုင်ရစ်ဂျော့နဲ့ ဘူနာနော့တီ ခြေစွမ်းပြကစားသွားနိုင်ခဲ့ပြီး ဂါနာချိုလည်း အကောင်းဆုံးမဖြစ်သေးပေမယ့် သိပ်မဆိုးဘူး ပြောရပါမယ်။ ယော်ဂင်ဆန်ကတော့ အတော်လေးကို မေးခွန်းထုတ်ချင်စရာ လက်စွမ်းမျိုးဖြစ်ခဲ့တယ်။ ဒီအတိုင်းသာဆိုရင် ဂိုးသမားနေရာအတွက် တတိယဦးစားပေးဆလိုနီနာကို စမ်းသုံးရတော့မလိုပါပဲ…

ဘာနေနေ နောက်တစ်ဆင့်ကိုတော့ အမှားအယွင်းမရှိ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဝေးကွင်း၄ပွဲဆက်တိုက် ကစားခဲ့ရပြီးနောက် အိမ်ကွင်း၃ပွဲဆက်ပြန်ကစားရဖို့လည်း ဖြစ်လာတယ်။ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်စနေမှာ ဘရိုက်တန်နဲ့ ရင်ဆိုင်ရပါမယ်…

KTBFFH!

လင်ကွန်းစီးတီးနဲ့ပွဲမှာ ဘယ်သူတွေ ပွဲထွက်လာမလဲ…ဒီလိုပွဲမျိုးက line-upခန့်မှန်းရတာ နည်းနည်းခက်ပါတယ်။ မထင်မှတ်တဲ့ လူငယ်လူသစ...
23/09/2025

လင်ကွန်းစီးတီးနဲ့ပွဲမှာ ဘယ်သူတွေ ပွဲထွက်လာမလဲ…

ဒီလိုပွဲမျိုးက line-upခန့်မှန်းရတာ နည်းနည်းခက်ပါတယ်။ မထင်မှတ်တဲ့ လူငယ်လူသစ်လေးတွေ ပါဝင်ပွဲထွက်ကောင်း ပွဲထွက်လာနိုင်လို့ပါပဲ…

ဒါကြောင့် line-upခန့်မှန်းချက်ဆိုတာထက် ကျနော်ဖြစ်စေချင်တဲ့ လူစာရင်းကိုပဲ ပေါ့ပေါ့ပါးပါး ဆွေးနွေးသွားချင်ပါတယ်…

ဒီလိုပွဲမျိုးမှာတော့ ယော်ဂင်ဆန်ပဲ ပွဲထွက်လာဖို့ ရာခိုင်နှုန်းများတဲ့ အနေအထားပါပဲ။ ဆန်းချက်ဇ်ပွဲပယ်ပြစ်ဒဏ်ထိထားတာကြောင့်လည်း ပိုပြီးတော့ သေချာသွားပါတယ်…

ခံစစ်မှာတော့ တိုဆင်ပွဲထိန်းဖို့ ပါဝင်ကောင်းပါဝင်လာနိုင်တယ်။ ဂတ်စ်တို၊ အက်ချင်ပေါင်၊ တိုဆင်၊ ဟာတိုဆိုတဲ့ အတွဲအဖက်မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…

ကွင်းလယ်မှာတော့ ကိုင်စီဒို အနားရဖို့ရှိနေပြီး အန်ဒရေဆန်းတို့စ်နဲ့ အန်ဇို ပွဲထွက်လာမလား စောင့်ကြည့်ရပါမယ်။ တောင်ပံနှစ်ဖက်မှာ အက်စ်တီဗာအိုနဲ့ ဂါနာချို အခွင့်အရေးရနိုင်သလို No.10 roleမှာတော့ ဘူနာနော့တီ ပွဲထွက်ခွင့်ရဖို့ သေချာသလောက်ပါပဲ။ အထောင်တိုက်စစ်မှာတော့ မာ့ခ်ဂရု Cup-tiedမိနေတာကြောင့် တိုင်ရစ်ဂျော့False9ကစားရဖို့ ရှိနိုင်ပါတယ်…

ယော်ဂင်ဆန်
ဂတ်စ်တို၊ အက်ချင်ပေါင်၊ တိုဆင်၊ ဟာတို
အန်ဒရေဆန်းတို့စ်၊ အန်ဇို
အက်စ်တီဗာအို၊ ဘူနာနော့တီ၊ ဂါနာချို
တိုင်ရစ်ဂျော့။

အန်ဇိုမာရက်စ်ကာ ပွဲကြိုအင်တာဗျူး အပြည့်အစုံ…Q. ကိုးလ်ပါးမားရဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်လေး အရင်ဆုံးသိချင်ပါတယ်…မာရက်စ်ကာ- မ...
23/09/2025

အန်ဇိုမာရက်စ်ကာ ပွဲကြိုအင်တာဗျူး အပြည့်အစုံ…

Q. ကိုးလ်ပါးမားရဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်လေး အရင်ဆုံးသိချင်ပါတယ်…

မာရက်စ်ကာ- မှန်ပါတယ်။ လတ်တလော ဒဏ်ရာကိစ္စတွေနဲ့ ပတ်သက်လို့ ထူးခြားဖြစ်စဉ်က ကိုးလ်ပါးမားတစ်ယောက်ပဲရှိပါတယ်။ ကျန်တဲ့ကစားသမားတွေကတော့ အဆင်ပြေပါတယ်။ မူလဒဏ်ရာပြဿနာ ရှိနှင့်ထားတဲ့ ကစားသမားတွေက ဆက်လက်အနားယူရဦးမယ်။ ထူးခြားဖြစ်စဉ်မရှိပါဘူး…

ကိုးလ်ပါးမားကတော့ လောလောဆယ် အနားယူရမယ်။ ဘယ်လောက်ထိ နားရမလဲဆိုတာကို ကျနော်တို့ ထပ်မံစစ်ဆေးအတည်ပြုရပါဦးမယ်…

Q. ကာလကြာရှည် အနားယူရဖို့ရော စိုးရိမ်စရာများ ရှိပါသလား။

မာရက်စ်ကာ- ကျနော်သိရသလောက် အဲ့ဒီလိုတော့ မရှိပါဘူး။ ဒါပေမယ့် စစ်ဆေးချက်တွေ အစုံအလင် အဖြေထွက်လာတဲ့အထိ စောင့်ကြည့်ရဦးမယ်။ အဖြေထွက်လာမှပဲ ဘာဆက်လုပ်သင့်တယ်၊ ဘာဆက်လုပ်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတာ ကျနော်တို့ တိုင်ပင်ပြီး ဆုံးဖြတ်ချက်ချရပါမယ်…

Q. စနေနေ့ကလို အဖြစ်အပျက်မျိုးဟာ ပွဲပန်းမှုကြောင့် ဖြစ်ရတယ်လို့ ယူဆပါသလား…

မာရက်စ်ကာ- ဒီမေးခွန်းရဲ့အဖြေက စနေနေ့ကလိုဆိုတာ ခင်ဗျားဘာကိုဆိုလိုတာလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ပွဲအစ၃မိနစ်မှာတင် တစ်ယောက်လျော့သွားတဲ့ အနေအထားကတော့ ပွဲပန်းတာမပန်းတာနဲ့ သက်ဆိုင်မှုရှိတယ်လို့ ကျနော်မထင်ပါဘူး…

တစ်ဖက်ဆယ်ယောက်စီပြန်ဖြစ်သွားတော့ ကျနော်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ရာခိုင်နှုန်းနီးပါးလောက်နဲ့ အသာစီးကစားနိုင်ခဲ့တယ်။ ဆယ်ယောက်ဆယ့်တစ်ယောက်အနေအထားမှာတော့ ၂၀ရာခိုင်နှုန်းလောက်ပဲ ရှိရင်ရှိခဲ့မှာပေါ့။ ဘာပဲဖြစ်ဖြစ် ပွဲအစ၃မိနစ်မှာတင် တစ်ယောက်လျော့သွားရတာမျိုးတော့ ဖြစ်နိုင်ရင် ကျနော်ထပ်မကြုံချင်ပါဘူး…

Q. ဂျေမီကာရေဂါကတော့ ဒီလိုနောက်တန်းမျိုး၊ ဒီလိုဂိုးသမားမျိုးနဲ့ ချယ်လ်ဆီးဟာ ချန်ပီယံဆုကို မှန်းလို့မရဘူးလို့ သုံးသပ်သွားခဲ့တာတွေ့ရတယ်။ အဲ့ဒီအတွက်ကိုရော ဘာများပြောချင်တာရှိပါသလဲ။

မာရက်စ်ကာ- ကျနော်ဘာမှမပြောချင်ပါဘူး။ ကျနော်ခဏခဏ ပြောဖူးသလိုပဲ လူတိုင်းလူတိုင်းဟာ ကိုယ့်အမြင်ကိုယ် လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်ရှိပါတယ်။ ဒါက ပြဿနာလည်း မဟုတ်ပါဘူး။ ကျနော့်အမြင်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ကျနော်တို့အများကြီးတိုးတက်လာခဲ့တယ်။ ဥပမာ- နောက်ဆုံးသုံးလေးနှစ်စာ အမှတ်ပေးဇယားကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ဟာ ထိပ်ဆုံးအသင်းတွေနဲ့ ကွာဟချက်ကို သိသိသာသာ လျှော့ချနိုင်ခဲ့တာ အားလုံးပဲ တွေ့ရမှာပါ။ ကျနော့်အတွက်တော့ ဒီရာသီ အဓိကရည်မှန်းချက်က ပုံမှန်အတိုင်း ဆက်လက်တိုးတက်လာဖို့၊ ထိပ်ဆုံးအသင်းတွေနဲ့ ကျနော်တို့ကြားက ကွာဟချက်ကို ထပ်ပြီးတော့ လျှော့ချနိုင်ဖို့ပါပဲ…

Q. ကိုးလ်ပါးမားရဲ့ ဒဏ်ရာက ခွဲစိတ်ဖို့ လိုအပ်လာတာမျိုးရော ရှိနိုင်မလား။

မာရက်စ်ကာ- ဒီနေ့မနက်ထိတော့ ဆေးအဖွဲ့တာဝန်ရှိသူတွေက ခွဲစိတ်ဖို့ လိုအပ်ကောင်းလိုအပ်နိုင်တယ်လို့ ကျနော့်ကို အကြောင်းမကြားသေးပါဘူး။ လာမယ့်ရက်ပိုင်းအတွင်းမှာ အဲ့ဒါက အပြောင်းအလဲဖြစ်လာမလားတော့ ကျနော်မသိဘူး။ ဒါပေမယ့် ကျနော့်အမြင်တော့ ခွဲစိတ်ဖို့ လိုအပ်မယ် မထင်ပါဘူး…

Q. လာဗီယာနဲ့ ဘတ်ဒီယာရှီးလ်ရော ပြန်ကစားနိုင်ဖို့ ရှိမလား။

မာရက်စ်ကာ- ဒီပွဲမှာတော့ သူတို့ ပြန်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ မနေ့ကတော့ နှစ်ဦးစလုံးပဲ ထရိန်နင်ပြန်ဆင်းခဲ့တယ်။ ဒါပေမယ့် ပွဲကစားနိုင်ဖို့တော့ နည်းနည်းစောင့်ရပါဦးမယ်…

ကိုးလ်ပါးမားကတော့ မပါနိုင်တာသေချာပါတယ်။ ပါးမားလိုပဲ ဒဏ်ရာပြဿနာအသေးစားလေးတွေ ကိုယ်စီရှိနေတဲ့ ကစားသမားတချို့လည်း ကျနော်တို့မှာ ရှိပါသေးတယ်။ ကိုင်စီဒိုနဲ့ ယာအိုပတ်ဒရိုဖြစ်ပါတယ်။ စိုးရိမ်ရလောက်တဲ့ ဒဏ်ရာမျိုးတွေ မဟုတ်ပေမယ့်လည်း သူတို့ဟာ ဒဏ်ရာရှိလျက်နဲ့ ကစားနေရပါတယ်…

Q. ဒဏ်ရာပြဿနာတွေ သိပ်များလွန်းနေတော့ အခက်အခဲများ ရှိနိုင်မလား။

မာရက်စ်ကာ- ကစားပုံတူတဲ့ ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေတာက အဓိကအခက်အခဲပါပဲ။ ဥပမာ- အခုအချိန် လာဗီယာကြံ့ခိုင်မှုပြည့်ဝနေရင်၊ အက်ဆူဂို ကြံ့ခိုင်မှုပြည့်ဝနေရင် ကျနော်တို့ ကိုင်စီဒိုကို အနားပေးလို့ရတာပေါ့။ ဒါပေမယ့် လာဗီယာရော၊ အက်ဆူဂိုရော ဒဏ်ရာရနေတယ်။ ကိုင်စီဒိုကို အနားပေးဖို့ ခက်ခဲသွားပါတယ်…

ဒဏ်ရာပြဿနာတွေကို လျှော့ချနိုင်ဖို့လည်း ကျနော်တို့ ကြိုးစားရပါဦးမယ်…

Q. ဒီပွဲမှာ လူငယ်လေးတွေ၊ အကယ်ဒမီထွက်ကစားသမားလေးတွေကို အခွင့်အရေးပေးသွားဖို့ရော ရှိနိုင်မလား…

မာရက်စ်ကာ- ဒီလိုပွဲမျိုးဟာ အမှတ်မထင် ပေါ့ဆသွားဖို့၊ အာရုံစူးစိုက်မှု လျော့နည်းသွားဖို့ အရမ်းလွယ်ကူပါတယ်။ ဒါကြောင့် ကျနော်တို့ နည်းနည်းမှ ပေါ့ဆလို့မဖြစ်ပါဘူး…

ဘာပဲဖြစ်ဖြစ် လူငယ်လေးတွေ၊ အကယ်ဒမီထွက်ကစားသမားတွေကို အတတ်နိုင်ဆုံး နေရာပေးလေ့ရှိတာ ကျနော်တို့ချယ်လ်ဆီးရဲ့ အစဉ်အလာပါပဲ။ ဒီပွဲမှာလည်း ကျနော်တို့ အဲ့ဒီအစဉ်အလာကို ဆက်ထိန်းသွားမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်…

Ballon d’Orနှင့် ချယ်လ်ဆီး…2024-25ဘောလုံးရာသီ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု(အမျိုးသား) အယောက်၃၀စာရင်းမှာတော့ ချယ်လ်ဆီးက ကိ...
23/09/2025

Ballon d’Orနှင့် ချယ်လ်ဆီး…

2024-25ဘောလုံးရာသီ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု(အမျိုးသား) အယောက်၃၀စာရင်းမှာတော့ ချယ်လ်ဆီးက ကိုးလ်ပါးမားတစ်ဦးသာ ပါဝင်ခဲ့ပြီး အဆင့်၈ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာတော့ ပါးမားထက် rankingပိုမြင့်တာ မိုဆာလာတစ်ဦးပဲ ရှိနေပြီး အဆင့်၄ဖြစ်ပါတယ်…

ကမ္ဘာ့အကောင်းဆုံးကစားသမားဆု(အမျိုးသမီး) အယောက်၃၀စာရင်းမှာတော့ ချယ်လ်ဆီးကစားသမား၄ဦးထိ ပါဝင်လာခဲ့ပါတယ်…

လူစီဘရွန်းဇ်က အဆင့်၉၊ ဟာနာဟမ်ပ်တန်က အဆင့်၁၀၊ ဆန်ဒီဘယ်လ်တီမိုးက အဆင့်၁၅နဲ့ ယိုဟန်နာကနာရက်ဒ်က အဆင့်၂၃ အသီးသီးရရှိခဲ့တာဖြစ်ပါတယ်…

တစ်နှစ်တာအကောင်းဆုံး(အမျိုးသမီး)ဂိုးသမားဆုကိုလည်း ဟာနာဟမ်ပ်တန်ကပဲ ရရှိခဲ့တာဖြစ်ပါတယ်…

ဆိုနီယာဘွန်ပတ်စ်တာရဲ့ အမျိုးသမီးအသင်းကတော့ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ အမှားအယွင်းမရှိ ရှေ့ဆက်နေဆဲပါပဲ…ဒီတစ်ပတ်မှာလည်း လ...
22/09/2025

ဆိုနီယာဘွန်ပတ်စ်တာရဲ့ အမျိုးသမီးအသင်းကတော့ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ အမှားအယွင်းမရှိ ရှေ့ဆက်နေဆဲပါပဲ…

ဒီတစ်ပတ်မှာလည်း လက်စတာကို 1-0နဲ့ အနိုင်ကစားခဲ့တယ်။ WSLပွဲစဉ်၃အပြီးမှာ အမှတ်ပေးဇယားကို စတင်ဦးဆောင်လာခဲ့ပြီဖြစ်ပါတယ်…

ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာ ဗီလာနဲ့ မန်စီးတီးကို အနိုင်ကစားနိုင်ခဲ့ပေမယ့် တစ်ဂိုးစီပြန်ပေးခဲ့ရတဲ့ ချယ်လ်ဆီးအတွက် ဒီရာသီ ပထမဆုံး clean-sheetနိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်…

ချယ်လ်ဆီးအမျိုးသမီးအသင်းဟာ ပွဲစဉ်၃အပြီးမှာပဲ မန်ယူနဲ့အာဆင်နယ်ကို ၂မှတ်၊ မန်စီးတီးကို ၃မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားလိုက်ပါပြီ…

သတင်းထောက်- ကာရေဂါကတော့ ချယ်လ်ဆီးခံစစ်နဲ့ ဂိုးသမားကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ထားတာ တွေ့ရတယ်နော်။ အဲ့ဒီအတွက်ရော ဘာမ...
22/09/2025

သတင်းထောက်- ကာရေဂါကတော့ ချယ်လ်ဆီးခံစစ်နဲ့ ဂိုးသမားကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ထားတာ တွေ့ရတယ်နော်။ အဲ့ဒီအတွက်ရော ဘာများပြောချင်ပါသလဲ။

မာရက်စ်ကာ- ကျနော်ဘာမှမပြောချင်ပါဘူး။ လူတိုင်းလူတိုင်းမှာ ကိုယ့်အမြင်ကိုယ် လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်ရှိပါတယ်။ ဒါက ပြဿနာတစ်ခုလို့လည်း ကျနော်မမြင်ပါဘူး။ ကျနော်မြင်တာကတော့ ပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်းမှာ ကျနော်တု့ိအသင်းဟာ သိသာထင်ရှားစွာပဲ တိုးတက်လာခဲ့တယ်။ လီဗာပူးလို၊ အာဆင်နယ်လို၊ မန်စီးတီးလိုအသင်းတွေနဲ့ ကျနော်တို့ကြားက ကွာဟမှုတွေကို သိသိသာသာ လျှော့ချနိုင်ခဲ့တယ်ဆိုတာပါပဲ…

ကျနော်တို့တွေ ပိုပြီးတိုးတက်လာအောင်လည်း ထပ်ကြိုးစားသွားပါဦးမယ်။ အဲ့ဒါကပဲ ဒီရာသီအတွက် ကျနော်တို့ရဲ့ အဓိကမျှော်လင့်ချက်ဖြစ်ပါတယ်…

2020 နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးကို သူရောက်လာတော့မယ်ဆိုတော့ ကျနော်တို့လည်း နည်းနည်းအံ့အားသင့်ခဲ့ရတယ်။ ဖြစ်ပါ့မလား...
22/09/2025

2020 နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးကို သူရောက်လာတော့မယ်ဆိုတော့ ကျနော်တို့လည်း နည်းနည်းအံ့အားသင့်ခဲ့ရတယ်။ ဖြစ်ပါ့မလားလို့လည်း စိုးရိမ်ချင်စရာဖြစ်ခဲ့တယ်…

သီယာဂိုဆေးလ်ဗားဟာ တကယ့် world-classနောက်ခံလူတစ်ယောက်ဆိုတာတော့ ကျနော်တို့လည်း ကောင်းကောင်းသိတာပေါ့။ မီလန်မှာ၊ PSGမှာ၊ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ သူအများကြီးလုပ်ပြခဲ့ပြီးသားပဲကိုး...

ဒါပေမယ့် ပြဿနာက ချယ်လ်ဆီးကို သူရောက်လာချိန်ဟာ အသက်၃၆နှစ်ပြည့်လုပြည့်ခင် အနေအထားဖြစ်နေတယ်။ ဒီအရွယ်ကြီးကျမှ ပရီးမီးယားလိဂ်ကို ရောက်လာတော့ အဆင်မှပြေပါ့မလား စိတ်ပူစရာရှိခဲ့တယ်…

ဒါပေမယ့် ချယ်လ်ဆီးမှာ အသက်၄၀အရွယ်ထိ သူဖြတ်သန်းသွားခဲ့တယ်။ အသက်အရွယ်အရ အရင်လိုမမြန်နိုင်တော့ပေမယ့်၊ အဲ့ဒီအတွက်လည်း ခံစစ်ကြောင်းမှာ လိုအပ်ချက်လေးတချို့ ရှိလာခဲ့ပေမယ့် သီယာဂိုဆေးလ်ဗားဟာ ချယ်လ်ဆီးခံစစ်ရဲ့ အဓိကထောက်တိုင်တစ်ခုဖြစ်လာတယ်။ ၄နှစ်အတွင်း ပရီးမီးယားလိဂ်၁၁၃ပွဲအပါအဝင် ပြိုင်ပွဲစုံ၁၅၅ပွဲထိ ကစားပေးသွားပါတယ်…

ဒီနေ့ကတော့ သီယာဂိုဆေးလ်ဗားရဲ့ ၄၁နှစ်ပြည့်မွေးနေ့ပါပဲ…
Happy Birthday Thiago Silva!

အန်ဇိုမာရက်စ်ကာ ပွဲပြီးအင်တာဗျူး အပြည့်အစုံ…Q. ဆန်းချက်ဇ်ရဲ့ အနီကတ်နောက်ပိုင်း လူစားလဲမှုတွေအတွက် ဘာများ ပြောစရာရှိပါသလဲ...
21/09/2025

အန်ဇိုမာရက်စ်ကာ ပွဲပြီးအင်တာဗျူး အပြည့်အစုံ…

Q. ဆန်းချက်ဇ်ရဲ့ အနီကတ်နောက်ပိုင်း လူစားလဲမှုတွေအတွက် ဘာများ ပြောစရာရှိပါသလဲ။ အလုပ်ဖြစ်ခဲ့တယ်လို့ရော ထင်ပါသလား။

မာရက်စ်ကာ- ပွဲစပြီး ၅မိနစ်အတွင်းမှာ တစ်ယောက်လျော့သွားတဲ့ အနေအထားကတော့ ကျနော့်အတွက်၊ ချယ်လ်ဆီးအတွက်မှ မဟုတ်ပါဘူး။ ဘယ်အသင်း၊ ဘယ်နည်းပြအတွက်မဆို ခက်ခဲပါတယ်။ ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးတုံ့ပြန်နိုင်ဖို့တော့ ကျနော်တို့ ကြိုးစားခဲ့ကြတာပါပဲ။ ဒါပေမယ့် ဒီလိုအခြေအနေမှာ အတိမ်းအစောင်းမရှိ ရှေ့ဆက်နိုင်ဖို့ကတော့ သိပ်ခက်ပါတယ်…

Q. ကိုးလ်ပါးမားက ဒဏ်ရာပြဿနာ ရှိနေတာလား။ အခြေအနေအရ လိုအပ်လို့ လူစားလဲခဲ့တာမျိုးလား။

မာရက်စ်ကာ- တကယ်တော့ ကိုးလ်ပါးမားဟာ ဒီပွဲကို ဝင်ကစားဖို့အတွက် ရာနှုန်းပြည့်ကြံ့ခိုင်မှုမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် သူအကောင်းဆုံးကြိုးစားခဲ့တယ်။ ဝင်ကစားခဲ့တယ်။ ဒါပေမယ့် ကစားနေရင်းနဲ့ ပြဿနာပေါ်လာပါတယ်။ အဖြစ်အပျက်ကတော့ အဲ့ဒါပါပဲ…

Q. ဆန်းချက်ဇ်အနီကတ်ထိသွားပြီးနောက် ဘာဖြစ်လို့ ကစားသမားနှစ်ယောက် တစ်ပြိုင်နက် လူစားလဲခဲ့တာလဲ။ ပြီးတော့ ဂါနာချိုကိုရော ဘာဖြစ်လို့ မသုံးတာပါလဲ။

မာရက်စ်ကာ- အက်စ်တီဗာအိုနဲ့ ပတ်ဒရိုနီတို နှစ်ယောက်စလုံးကို ဘာဖြစ်လို့ တစ်ပြိုင်နက်ထုတ်လိုက်ရလဲဆိုတော့ ယူနိုက်တက်က Front Fiveနဲ့ တိုက်စစ်ဆင်ကစားတဲ့ အသင်းမျိုးဖြစ်နေလို့ပါပဲ။ ၁၁ယောက်ချင်းဆိုရင်တော့ သူတို့ရဲ့ Front Fiveကို ကျနော်တို့ Back Fourနဲ့ အကောင်းဆုံးတုံ့ပြန်နိုင်တယ်။ ကွင်းလယ်ကတစ်ယောက်ယောက်က back-lineကို အလိုက်သင့်ဆင်းကူနိုင်တယ်။ ဒါပေမယ့် တစ်ယောက်လျော့အနေအထားမှာ အဲ့ဒီလို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့က ခက်ခဲပါတယ်။ ဒါကြောင့် ကျနော်တို့ ၅ယောက်တန်းခံစစ်ကို ပြောင်းကစားဖို့ ဆုံးဖြတ်ခဲ့တာပါ…

ဂါနာချိုကို ကျနော်တို့ လူစားဝင်ကစားစေဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအတွက် ပြင်ဆင်နေတုန်းမှာပဲ ဖိုဖာနာက ကြံ့ခိုင်မှုအပြည့်နဲ့ ဆက်ကစားဖို့ အခက်အခဲရှိလာတယ်။ သူ့ကိုလူစားလဲပေးဖို့ တောင်းဆိုလာခဲ့တယ်။ ဒါကြောင့် ဂါနာချိုကို ကျနော်တို့ ထပ်မထည့်နိုင်တော့ဘူး ဖြစ်သွားပါတယ်…

Q. ယူနိုက်တက်ပရိသတ်တွေရဲ့ ဖိအားကြောင့်တော့ မဟုတ်ဘူးပေါ့…

မာရက်စ်ကာ- လုံးဝမဟုတ်ပါဘူး။ ဂါနာချိုက ဝင်ကစားဖို့ အဆင်သင့်ရှိနေသလို ကျနော်တို့ကလည်း သူ့ကိုထည့်သုံးဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် ဖိုဖာနာရဲ့အခြေအနေအရ အခုလို ဖြစ်သွားရပါတယ်…

Q. ပါးမားရဲ့ ကြံ့ခိုင်မှုအနေအထားက ပြဿနာတစ်ခု ဖြစ်လာနိုင်မလား။

မာရက်စ်ကာ- အမှန်ပါပဲ။ ရိုးရိုးသားသားပြောရရင် သူ့ရဲ့ဒီဒဏ်ရာက နည်းနည်းတော့ ကြာနေပါပြီ။ စိုးရိမ်စရာမဟုတ်ပေမယ့် ကြံ့ခိုင်မှုမပြည့်ဘူး ဖြစ်ဖြစ်နေတယ်။ ဒါကို အမြန်ဖြေရှင်းနိုင်ဖို့ ကျနော်တို့ ကြိုးစားရပါဦးမယ်…

Q. ဒါနဲ့ ပဏာမလူစာရင်းမှာ အက်ချင်ပေါင်ကိုလည်း မတွေ့ရဘူးနော်။ အဆင်မပြေတာ တစ်ခုခုများ ရှိနေသလား။

မာရက်စ်ကာ- မရှိပါဘူး။ ဒီပွဲအတွက် ကျနော်တို့ရဲ့ ပဏာမလူစာရင်းမှာ တခြားနောက်ခံလူတွေလည်း အတော်များများပါဝင်နေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အက်ချင်ပေါင်ကို ချန်လှပ်ခဲ့တာပါ။ အကြောင်းထူးမရှိပါဘူး…

Q. ရောဘတ်ဆန်းချက်ဇ်အနေနဲ့ သိပ်စဉ်းစားချိန်မရတာ၊ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ ကြိုးစားရတာကိုလည်း ကျနော်စာနာပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ဆိုရင်တော့ ဒီလိုအနေအထားမျိုးမှာ မဖြစ်မနေရွေးချယ်ရမယ်ဆိုရင် အနီကတ်နဲ့ရင်းတာထက် ဂိုးတစ်ဂိုးပေးလိုက်တာက ပိုကောင်းမယ်ထင်ပါတယ်။ ခင်ဗျားအနေနဲ့ဆိုရင်ရော…

မာရက်စ်ကာ- အဲ့ဒါအကောင်းဆုံးအဖြေပါပဲ။ ကျနော်ဆိုရင်လည်း တစ်ပွဲလုံးနီးပါး တစ်ယောက်လျော့နဲ့ ကစားရမှာထက် တစ်ဂိုးအရှူံးနဲ့ ကစားရမယ့်လမ်းကို ရွေးချယ်မိပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားပြောသလို ချက်ချင်းလက်ငင်း တုံ့ပြန်ရတဲ့ အနေအထားမှာ ဆန်းချက်ဇ်အတွက် ခက်ခဲပါတယ်…

--- Football London ---

ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ရှူံးပွဲဖြစ်သလို အမြန်ဆုံး မေ့ပစ်ရမယ့် ပွဲစဉ်တစ်ပွဲပါပဲ…ပွဲအစ၅မိနစ်မှာတင် တစ်ယောက်လျော့သွား...
20/09/2025

ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ရှူံးပွဲဖြစ်သလို အမြန်ဆုံး မေ့ပစ်ရမယ့် ပွဲစဉ်တစ်ပွဲပါပဲ…

ပွဲအစ၅မိနစ်မှာတင် တစ်ယောက်လျော့သွားတဲ့ အနေအထားက ခက်ခဲပါတယ်။ မာရက်စ်ကာရဲ့ လူစားလဲမှုတချို့ကလည်း ပိုပြီးတော့ ခက်ခဲသွားစေခဲ့တယ်။ ပါးမားကို ဒဏ်ရာကြောင့် ဆုံးရှူံးလိုက်ရတာကတော့ အခက်ခဲဆုံးပါပဲ…

10v10ဖြစ်သွားပြီးနောက် ဒုတိယပိုင်းမှာ ကစားသမားတွေရဲ့ အားထုတ်မှုကိုတော့ အသိအမှတ်ပြုရပါမယ်။ ပွဲရလဒ်ထက် ပိုအရေးကြီးတာက ပါးမားရဲ့ဒဏ်ရာပါပဲ။ ကနဦးသတင်းတွေအရ ထပ်နားရဦးမလိုလို၊ နည်းနည်းစိုးရိမ်ရတာလိုလို ဖြစ်နေပါတယ်...

KTBFFH!

ခံစစ်မှာ တိုဆင်နေရာ ဖိုဖာနာဖြစ်လာတာကလွဲရင် ပရိသတ်အများစု မျှော်လင့်ထားတဲ့ လူစာရင်းမျိုးပါပဲ…ယူနိုက်တက်ရဲ့ ကွင်းလယ်အားနည်...
20/09/2025

ခံစစ်မှာ တိုဆင်နေရာ ဖိုဖာနာဖြစ်လာတာကလွဲရင် ပရိသတ်အများစု မျှော်လင့်ထားတဲ့ လူစာရင်းမျိုးပါပဲ…

ယူနိုက်တက်ရဲ့ ကွင်းလယ်အားနည်းချက်ကို ကိုင်စီဒို၊ အန်ဇို၊ ကူကူရယ်လာ၊ ပါးမားတို့ရဲ့အားနဲ့ ဖိတိုက်မယ့်သဘောဖြစ်ပါတယ်။ အက်စ်တီဗာအိုကလည်း ဒိုဂူနဲ့ လုခ်ရှော၊ လုခ်ရှောနဲ့ ဒီလစ်/မက်ဂွိုင်းယားကြားက spaceတွေကို ကောင်းကောင်းအသုံးချသွားနိုင်မလား စောင့်ကြည့်ရပါမယ်...

သိပ်မတည်ငြိမ်သေးတဲ့ ခံစစ်မှာလည်း ဖိုဖာနာတို့၊ ချာလိုဘာတို့ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ လိုပါလိမ့်မယ်...

ကျနော်တို့ စောင့်ကြည့်ကြတာပေါ့။ ပထမပိုင်းအပြီးမှာ တစ်ခါပြန်တွေ့ပါမယ်…

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Chelsea TV x Nanda Myo Nyunt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category