ငွေတိုက်စိုး

ငွေတိုက်စိုး Government Securities & Other News

25/10/2025

FATF မှ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွက် အကြံပြုချက် တစ်ချက် လျော့သွားပြီဖြစ်

FATF မှ ထုတ်ပြန်သည့် ဆုံးရှုံးနိုင်ခြေမြင့်မားခြင်း နှင့် အခြား စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများအနက် မြန်မာနိုင်ငံသည် အကြံပြချက် (၄) ချက်အနက် တစ်ချက်လျော့သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

FATF ၏ အကြံပြုချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်ခြင်း၊ ယုံမှတ်အပ်နှံမှုဥပဒေအား ပြင်ဆင်ခြင်း၊ သက်သေခံ ပစ္စည်းများ စီမံရေးထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေအား အသစ်ပြင်ဆင်ပြဋ္ဌာန်းခြင်းတို့အပါအဝင် သိသာ ထင်ရှားသော တိုးတက်ဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးကို FATF ဥက္ကဋ္ဌ မက္ကဆီကို နိုင်ငံသူ Ms. Elisa de Anda Madrazo ဦးဆောင်မှုအောက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မျက်နှာစုံညီအစည်းအဝေးမတိုင်ခင် အောက်တိုဘာလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် လုပ်ငန်းအဖွဲ့အစည်းအဝေးများ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးများသို့ နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေး (Anti Money Laundering-AML)၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေး( Countering the Financing of Terrorism-CFT) လူအများအပြားသေကျေစေသည့်လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တို-က်ဖျ-က်ရေး (Countering the Proliferation of Financing of Weapon of Mass Destruction-CPF ) ဆိုင်ရာ အဓိကကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးများအပြီးတွင် ဆုံးရှုံးနိုင်ခြေမြင့်မားခြင်းနှင့် အခြား စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများ (High-risk and other monitored jurisdictions) စာရင်းအား ထုတ်ပြန်မည်ဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံအနေဖြင့်၂၀၂၅ ခုနှစ်၊ ဇွန်လတွင် FATF မှ ထုတ်ပြန်သည့် High-risk and other monitored jurisdictions စာရင်း (High-Risk Jurisdictions subject to a Call for Action - 13 June 2025) တွင် ပါရှိပြီး (၅) ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖော်ပြထားသည်။

သို့သော် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင် FATF မှ ထုတ်ပြန်သည့် ဆုံးရှုံးနိုင်ခြေမြင့်မားခြင်း နှင့် အခြား စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများတွင် မြန်မာနိုင်ငံအနေဖြင့် အကြံပြုချက်တစ်ချက် လျော့သွားခြင်းဖြစ်သည်။

25/10/2025

ချေးယူထားသော (Credit Guarantee Insurance CGI အာမခံချေးငွေ) ချေးငွေအရင်းနှင့်အတိုးနှင့် ပျက်ကွက်ကြေးငွေ ရလိုမှု

24/10/2025

အရင်းအနီးဈေးကွက် (Capital Markets)

အရင်းအနှီးဈေးကွက်သည် ကာလလတ်နှင့် ကာလရှည်ငွေထုတ်ချေးခြင်း၊ ငွေးချေးယူခြင်းများနှင့် သက်ဆိုင်သည်။

ကာလလတ်နှင့် ကာလရှည် စုဆောင်းငွေများနှင့် ငွေပိုငွေလျှံများကို ချေးယူလိုသူများ၊ စက်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်လိုသူများထံသို့ ချေးငှားခြင်းများကို ဆောင်ရွက်ပေးသည်။

ကာလလတ်ချေးငွေများ ယေဘုယျအားဖြင့် တစ်နှစ်ထက်ကျော်လွန်ပြီး ငါးနှစ်အောက် ချေးငွေများ ဖြစ်သည်။

ကာလရှည် ချေးငွေများမှာ ငါးနှစ်ထက် ကျော်လွန်သော ချေးငွေများဖြစ်သည်။

အရင်းအနှီးဈေးကွက်တွင် ငွေစုဘဏ်များ၊ ရင်းနှီးမြှုပ်နှံမှုဘဏ်များ၊ အာမခံကုမ္ပဏီများ ပါဝင်သည်။

24/10/2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ မြန်မာနိုင်ငံ ဘဏ်များအသင်းဥက္ကဋ္ဌနှင့် ပုဂ္ဂလိကဘဏ် CEO အဖွဲ့များအား တွေ့ဆုံ၊ အင်အားပြင်း မန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၃/၂၀၂၅)သို့ တက်ရောက်

24/10/2025
24/10/2025

အဖိုးတန်သတ္တုရောင်းဝယ်သူများ၏ သတင်းပို့အဖွဲ့အစည်းများအနေဖြင့် သတင်းပို့ချက်များ၏ အရေအတွက်နှင့် အရည်အသွေးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး

24/10/2025
24/10/2025

ငွေကြေးဈေးကွက် (Money Markets)

ငွေကြေးဈေးကွက်သည် ကာလတို ငွေထုတ်ချေးခြင်း၊ ငွေချေးယူခြင်းများနှင့် သက်ဆိုင်သည်။ ကာလတိုချေးငွေ ဆိုသည်မှာ တစ်နေ့တာအတွက် ချေးငွေများမှ သုံးလ သို့မဟုတ် တစ်ရာသီအတွက် ချေးငွေများအထိ ပါဝင်သည်။ ယေဘုယျအားဖြင့် တစ်နှစ်ထက် မကျော်လွန်သော ချေးငွေများ ဖြစ်သည်။ ငွေကြေးဈေးကွက်တွင် ကာလတို ချေးငွေလုပ်ငန်းနှင့် သက်ဆိုင်သော အဖွဲ့အစည်း အားလုံး ပါဝင်သည်။

ဖွဲ့ဖြိုးဆဲနိုင်ငံများတွင် စနစ်တကျ ဖွဲ့စည်းထားသော ငွေကြေးဈေးကွက်နှင့် စနစ်တကျ ဖွဲ့စည်းထားခြင်း မရှိသော ငွေကြေးဈေးကွက် ဟူ၍တွေ့ရသည်။ စနစ်တကျဖွဲ့စည်းထားသော ငွေကြေးဈေးကွက်တွင် ဗဟိုဘဏ်၊ ကူးသန်းရောင်းဝယ်ရေးဘဏ်များ၊ လျှော့လဲကုမ္ပဏီများ၊ လက်ခံကုမ္ပဏီများ၊ ဘီလ်ပွဲစားများ ပါဝင်သည်။ ထိုအဖွဲ့အစည်းများသည် သမားရိုးကျ ငွေချေးခြင်းများအပြင် ကာလတိုစာချုပ်များ၊ ငွေတိုက်စာချုပ်များ၊ ကုန်သွယ်မှုဘီလ်များ ရောင်းဝယ်မှုကိုပါ ဆောင်ရွက်ကြသည်။ စနစ်တကျဖွဲ့စည်ထားခြင်း မရှိသောငွေကြေးဈေးကွက်တွင် အပေါင်ပစ္စည်းတစ်စုံတစ်ရာဖြင့် ပစ္စည်းအမျိုးအစားပေါ် မူတည်၍ အတိုးနှုန်း အမျိုးမျိုးဖြင့် ငွေချေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘယ်လာရုစ်နိုင်ငံဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ စတင်အကောင်အထည...
23/10/2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘယ်လာရုစ်နိုင်ငံဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား Video Conferencing ဖြင့် ကျင်းပခြင်း

Post Date : 23-10-2025

နေပြည်တော်၊ အောက်တိုဘာလ ၂၂ ရက်

၂၀၂၅ ခုနှစ်၊ မတ်လအတွင်း နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဘယ်လာရုစ်သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ် အတွင်း မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာရည်ရွယ်သည့်စာလွှာ (Memorandum of Intent for Joint Action on the Development of Myanmar-Belarusian Cooperation - MOI) အား လက်မှတ်ရေးထိုး ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းကဏ္ဍဆိုင်ရာ လိုအပ်သည့် ပူးပေါင်းမှုများအား စတင်နိုင်ရန် ယနေ့ညနေ (၁၆:၀၀) နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘယ်လာရုစ် နိုင်ငံဗဟိုဘဏ်တို့အကြား ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စီစဉ်ပေး နိုင်ရေးအတွက် နှစ်နိုင်ငံဗဟိုဘဏ်တို့မှ ဆောင်ရွက်ပေးရမည့်အခြေအနေများနှင့် ပူးပေါင်း ဆောင်ရွက်မှုအား အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ ဘယ်လာရုစ် နိုင်ငံမှ ထုတ်ကုန်များတင်ပို့ရာတွင် ဘယ်လာရုစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ Export Loan ပံ့ပိုး ပေးမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ဦးစားပေးဆောင်ရွက်မည့်နယ်ပယ်များ သတ်မှတ် နိုင်ရေးကိစ္စရပ်များအပေါ် နှစ်ဖက်အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဘယ်လာရုစ်နိုင်ငံဗဟိုဘဏ်မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၂၂-၁၀-၂၀၂၅)

23/10/2025

အစုရှယ်ယာရှင်များသို့အသိပေးအကြောင်းကြားခြင်း

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်

အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် ဝင်ငွေခွန်ထမ်းဆောင်ရာတွင် သိရှိဆောင်ရွက်ကြရမည့်အချက်များ
22/10/2025

အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် ဝင်ငွေခွန်ထမ်းဆောင်ရာတွင် သိရှိဆောင်ရွက်ကြရမည့်အချက်များ

အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ယူခြင်းအကြောင်း သိကောင်းစရာများ
22/10/2025

အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ယူခြင်းအကြောင်း သိကောင်းစရာများ

Address

Yangon

Alerts

Be the first to know and let us send you an email when ေငြတိုက္စိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share