21/08/2026
🇯🇵💻ဂျပန်နိုင်ငံမှာ IT လုပ်ငန်းနဲ့ဝင်ရောက်လုပ်ကိုင်ဖို့ပြင်ဆင်နေသူများအတွက် မဖြစ်မနေလေ့လာသင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်..📗
💁♂️ဂျပန်စာလည်းရတယ်၊ IT ကျွမ်းကျင်မှုလည်းရှိတယ်၊ ဒါပေမယ့် ဂျပန် IT လုပ်ငန်းခွင်ထဲရောက်သွားတဲ့အခါ သုံးရမယ့်ဝေါဟာရတွေအပြင် လုပ်ငန်းခွင်ယဉ်ကျေးမှုတွေနဲ့ လက်တွေ့ကျကျဆက်သွယ်ပြောဆိုပုံတွေကို နားမလည်မှာစိုးလို့ ပူပန်နေရပြီလား?🤔
ဒါဆိုရင်တော့...
🇯🇵ဂျပန်နိုင်ငံရဲ့ နာမည်ကြီးစာအုပ်ထုတ်ဝေရေး Company တွေဖြစ်တဲ့ AOTS နှင့် 3A Corporation တို့မှ တရားဝင်မူပိုင်ခွင့်ရယူပြီး J-SAT Media မှ မြန်မာဘာသာပြန်ဆိုကာ အသစ်ထွက်ရှိထားတဲ့...
📗Genba No Nihongo (IT) လုပ်ငန်းခွင်သုံးဂျပန်စာ ဝေါဟာရမှတ်စု ✨
စာအုပ်အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ 🥰
💫ဒီစာအုပ်လေးရဲ့ အားသာချက်တွေကတော့...
⚡️ဘာသာပြန်ပါဝင်ခြင်း - မြန်မာ နဲ့ အင်္ဂလိပ် ၂ ဘာသာဖြင့် စနစ်တကျ ဘာသာပြန်ဆိုရှင်းလင်းပေးထားလို့ လေ့လာရတာ အလွန်လွယ်ကူစေပါတယ်
⚡️Website မှာ လေ့ကျင့်ခန်းများ ထပ်မံဖြေဆိုနိုင်ခြင်း - စာအုပ်ထဲက သင်ခန်းစာတွေအပြင် Website သို့ ဝင်ရောက်ပြီး အခမဲ့လေ့ကျင့်ခန်း (Practice Exercises) တွေကို ထပ်မံဖြေဆိုကာ ကိုယ့်ရဲ့အရည်အချင်းကို ဆန်းစစ်နိုင်ပါတယ်
⚡️Application ဖြင့် အသံထွက် နားထောင်နိုင်ခြင်း - အသံထွက်ပိုင်းအတွက် စိတ်ပူစရာမလိုဘဲ ဖုန်း App ကနေတစ်ဆင့် တကယ့်ဂျပန်လူမျိုးတွေရဲ့ အသံထွက်ဖတ်ပြချက် (Audio Pronunciation) တွေကို အလွယ်တကူ နားထောင်လေ့ကျင့်နိုင်ပါတယ်
⚡️အခြေခံ ဝေါဟာရနဲ့ ကဏ္ဍအလိုက် ဝေါဟာရအများအပြားပါဝင်ခြင်း - အခြေခံ ဝေါဟာရ ၁၃၆ လုံးစီနဲ့ IT လုပ်ငန်းအတွက် သီးသန့်ဝေါဟာရ ၁၄၅ လုံးပါဝင်ခြင်း
🎯ဘယ်လိုလူတွေ လေ့လာဖို့ မဖြစ်မနေ ဆောင်ထားသင့်လဲ?
🇯🇵ဂျပန်နိုင်ငံရှိ IT လုပ်ငန်းခွင်အသီးသီးတွင်သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသူများ
👨🏻💻ဂျပန်နိုင်ငံ အလုပ်ခွင်ထဲမှာ အမှားအယွင်းမရှိ၊ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်တက်ချင်သူများ
📈IT လုပ်ငန်းခွင်သုံး အခေါ်အဝေါ် ဝေါဟာရ၊ ညွှန်ကြားချက်တွေကို ကိုယ်တိုင် Self-study ဖြင့် စနစ်တကျနဲ့ လျင်လျင်မြန်မြန် လေ့လာချင်သူများ
အတွက် လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းလေးပဲဖြစ်ပါတယ်
မှာယူချင်တယ်ဆိုရင်တော့ J-SAT Media Page Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်လေးကို ဆက်သွယ်ပြီးဖြစ်စေ၊ Viber မှ ဖြစ်စေ စုံစမ်းမှာယူနိုင်ပါတယ်။
မူရင်းစာအုပ်နဲ့ အခမဲ့လေ့ကျင့်ခန်းများ ကို အသေးစိတ်ကြည့်ရှုရန် 👇
https://www.3anet.co.jp/np/books/4238/