Mayday Burma

Mayday Burma အလုပ္သမား၊ လယ္သမား၊ လက္လုပ္လက္စား၊ ?

လက်နက် ဘယ်နှခါ ချချ မသတ်ဘူးဟေ့၂ ကြိမ် သုံ့ပန်းဖြစ်လဲ တော်လှန်ရေးဘက်က မသတ်ပါဘူး။ ပေါ်လစီ ရှိပါတယ်။ ရန်သူက စစ်သားရေသောက်မြ...
06/01/2024

လက်နက် ဘယ်နှခါ ချချ မသတ်ဘူးဟေ့

၂ ကြိမ် သုံ့ပန်းဖြစ်လဲ တော်လှန်ရေးဘက်က မသတ်ပါဘူး။ ပေါ်လစီ ရှိပါတယ်။
ရန်သူက စစ်သားရေသောက်မြစ် ခန်းခြောက်နေပါပြီ။ လက်နက်ချလို့ သုံ့ပန်းဖြစ်၊ သုံ့ပန်းဖြစ်လို့ တော်လှန်ရေးဘက်က ပြန်လွှတ်ပေးလိုက်။ ဒီလူတွေကိုပဲ စကစက လက်နက်ပြန်တပ်ပေး၊ ပြန်တိုက်ခိုင်းနေပြီ။

စိတ်မပါဘဲ မတိုက်ကြပါနဲ့။ မိသားစု လုံခြုံရေးအတွက် လက်နက်ချရတာပါလို့ ဇော်မဲလုံး ပြောပါတယ်။ ဇော်မဲလုံးတို့ မိသားစုလဲ မလုံခြုံတော့တဲ့ဘဝ မဝေးတော့ဘူး။ ဇော်မဲလုံးတို့လဲ အဆုံးမှာ လက်နက်ချကြမှာပါ။

ဒါကြောင့် အခု လက်နက်ပြန်တပ်ဆင်ပေးပြီး အတင်းအသေခံခိုင်း အတင်းအတိုက်ခိုင်းခံနေရတဲ့ စစ်သားတွေ အသေမခံကြပါနဲ့။ အမြန်သာ လက်နက်ချလိုက်ကြပါ။
သူတို့ ရှင်ဖို့ ခင်ဗျားတို့ အသေခံမနေကြပါနဲ့တော့။

ဝင်းဆောင်

တော်လှန်ရေးတပ်တွေရဲ့ တာဝန်တွေထဲမှာ ပြည်သူကို လက်နက်တပ်ပေးဆိုတာလဲ တာဝန်တခုပဲ။ ခုဆို ရန်သူ့လက်နက်တွေ ရာချီထောင်ချီ သိမ်းရတ...
06/01/2024

တော်လှန်ရေးတပ်တွေရဲ့ တာဝန်တွေထဲမှာ ပြည်သူကို လက်နက်တပ်ပေးဆိုတာလဲ တာဝန်တခုပဲ။
ခုဆို ရန်သူ့လက်နက်တွေ ရာချီထောင်ချီ သိမ်းရတယ်။ ရန်သူ့လက်နက်တွေနဲ့ ရန်သူကို ပြန်တိုက်နိုင်တဲ့ အခြေအနေပဲ၊
လူထုကို လက်နက်တပ်ဆင်ပေးရင် ပူးတွဲတိုက်နေတဲ့ မဟာမိတ်တပ်တွေကို လက်နက်တပ်ဆင်ပေးရင် ရတာပဲ။ အဲဒီအဖွဲ့တွေမှာ လူရှိပြီး လက်နက်မရှိလို့ တပ်အင်အား မတိုးချဲ့နိုင်တာတွေ ရှိတယ်။ လက်နက်သာပေးရင် အဲဒီတပ်တွေ ကြီးလာမှာပဲ။ ဒါတွေဟာ ရန်သူတိုက်မယ့်အားတွေပဲ။
ရန်သူကို တိုက်မယ့်တပ်တွေ ကြီးလာပါစေ။
တော်လှန်ရေးတပ်ဖွဲ့တွေ ကြီးလာပါစေ။
လက်နက်ရရင် အလုပ်သမား လယ်သမား အဖိနှိပ်ခံလူတန်းစားတွေ တော်လှန်တဲ့ လက်နက်ကိုင်စစ်သားဖြစ်လာကြလိမ့်မယ်။

တိုက်မောင်

တပါတီတော်လှန်ရေးဟာ တပါတီအာဏာရှင်စနစ်ရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်ဆန်းအောင်နိုင်ငံတော်အာဏာကို ရယူနည်း (၂) နည်းရှိတယ်၊ ရွေးကေ...
10/07/2023

တပါတီတော်လှန်ရေးဟာ တပါတီအာဏာရှင်စနစ်ရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်
ဆန်းအောင်

နိုင်ငံတော်အာဏာကို ရယူနည်း (၂) နည်းရှိတယ်၊ ရွေးကောက်ပွဲနည်းနဲ့ လက်နက်ကိုင်တိုက်ခိုက်ပြီး အာဏာရယူတဲ့နည်းပဲ။ ရွေးကောက်ပွဲနည်းမှာ အနိုင်ရပါတီက အာဏာတန်းပြီး မရသေးဘူး။ လူထုက အာဏာရလက်မှတ် ထုတ်ပေးလိုက်တာပဲ ရှိတယ်၊ အာဏာကျင့်သုံးခွင့် ပေးလိုက်တာပဲ ရှိတယ်။ လက်မှတ်ကိုင်ထားရုံ၊ ကျင့်သုံးခွင့် ရထားရုံနဲ့ နိုင်ငံတော်အာဏာကို လက်တွေ့ မကျင့်သုံးနိုင်ဘူး။ နိုင်ငံတော်ယန္တရားက ကိုယ့်လက်ထဲ မရှိဘဲ၊ ဒီယန္တရား လည်ပတ်ဖို့ နယ်မြေ မရှိဘဲ ဘယ်လိုလုပ်ပြီး နိုင်ငံတော်အာဏာကို ကျင့်သုံးမလဲ။
နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့ (နိုင်ငံတော်ယန္တရားနဲ့ နယ်မြေကို လက်တွေ့ ချုပ်ကိုင်လိုက်တဲ့) စစ်တပ်ဟာ လက်နက်နဲ့ အာဏာယူသွားတာ ဖြစ်တယ်။ ဒါပေမဲ့ လူထုတော်လှန်ရေး မဟုတ်ဘဲ လူတစုရဲ့ ကိုယ်ကျိုးစီးပွားအတွက်လုပ်တဲ့ လက်နက်ကိုင်အာဏာသိမ်းပွဲဖြစ်လို့ ဖောက်ပြန်တဲ့ တန်ပြန် တော်လှန်ရေးဖြစ်တယ်။ အဖိနှိပ်ခံ လူထုလူတန်းစားရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ ဓနရှင်လူတန်းစားနဲ့ လက်တဆုပ်စာ လူတစုအတွက် အာဏာရယူဖို့ ကြိုးပမ်းရင်လည်း ဖောက်ပြန်တဲ့ တန်ပြန်တော်လှန်ရေးပဲ ဖြစ်တယ်။
စစ်တပ်က ဖောက်ပြန်တဲ့ လက်နက်အားကိုး လက်နက်ကိုင်တပ်အင်အားနဲ့ အာဏာကို သိမ်းယူလိုက်တဲ့အခါ ရွေးကောက်ပွဲနည်းနဲ့ ရထားတဲ့ အနိုင်ရပါတီရဲ့ အာဏာရလက်မှတ်က စက္ကူစုတ် ဖြစ်သွားပြီ။ အဲဒီလက်မှတ်နဲ့ အာဏာမရတော့ဘူး။ အာဏာကို လက်တွေ့ မကျင့်သုံးနိုင်တော့ဘူး။ ဒါကြောင့် တော်လှန်ရေးနည်းကို ပြောင်းသုံးပြီး အာဏာရယူ၊ ထူထောင်ဖို့ ကြိုးပမ်းရင် တခြား တော်လှန်ရေး အင်အားစုတွေနဲ့ တန်းတူ ကြိုးပမ်းရလိမ့်မယ်။
တော်လှန်ရေးနည်းနဲ့ အာဏာရယူဖို့ ကြိုးပမ်းတဲ့အခါ ရွေးကောက်ပွဲနည်းနဲ့ ရထားတဲ့ အာဏာရလက်မှတ်ကို ဆုပ်ကိုင်ထားပြီး အာဏာရလာရင် ငါပဲယူမယ်၊ မရခင်မှာလည်း ငါပဲပိုင်တယ်လို့ မောင်ပိုင်စီးလို့ မရဘူး။ အာဏာရယူဖို့ တော်လှန်ရေး အင်အားစုတိုင်းက ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုက်ပွဲဝင်နေတာပါ။ ရွေးကောက်ပွဲမှာ ပါတီအသီးသီးရဲ့ တည်ရှိမှုကို အသိအမှတ်ပြုရသလိုပဲ တော်လှန်ရေးမှာလည်း တော်လှန်ရေးအဖွဲ့ အသီးသီးရဲ့ တည်ရှိမှုကို အသိအမှတ်ပြုရပါတယ်။
အာဏာဆုပ်ကိုင်ထားတဲ့ စစ်တပ်အစိုးရကို ဖြုတ်ချပြီး အာဏာရယူရေး ကြိုးပမ်းတဲ့ တော်လှန်ရေး အင်အားစုတိုင်းမှာ တည်ရှိဆဲ ဖောက်ပြန်တဲ့နိုင်ငံတော်အာဏာကို တိုက်ခိုက်တော်လှန်ပိုင်ခွင့် တန်းတူရှိတယ်။ စစ်အစိုးရကို အနိုင်တိုက်နိုင်တဲ့သူ အာဏာရမှာပဲ။ တဖွဲ့တည်းက အနိုင်တိုက်နိုင်ရင် အဲဒီအဖွဲ့ အာဏာရမယ်။ နှစ်ဖွဲ့ပေါင်းပြီး အနိုင်တိုက်နိုင်ရင် နှစ်ဖွဲ့အာဏာရမယ်၊ သုံးဖွဲ့ပေါင်းပြီး အနိုင်တိုက်နိုင်ရင် သုံးဖွဲ့အာဏာရမယ်။ ရွေးကောက်ပွဲမှာ ညွန့်ပေါင်းပါတီဖွဲ့ပြီး ဝင်ပြိုင်သူတွေ ရှိသလိုပဲ တော်လှန်ရေးမှာလည်း ညွန့်ပေါင်း (တပ်ပေါင်းစု) ဖွဲ့ပြီး တိုက်သူတွေ ရှိလိမ့်မယ်။
ရွေးကောက်ပွဲမှာ တပါတီတည်း ပြိုင်မယ်လို့ လုပ်လို့ မရသလိုပဲ တော်လှန်ရေးမှာလည်း တဖွဲ့တည်းတိုက်မယ်၊ မဟာမိတ် တပ်ပေါင်းစု မဖွဲ့ဘဲ အားလုံး ငါ့လက်အောက်ခံအဖြစ် တိုက်ရမယ်လို့ လုပ်လို့ မရပါဘူး။ အဲသလိုလုပ်ရင် ဒီမိုကရေစီနည်းကျ မဟုတ်တဲ့ တပါတီစနစ်ပဲ ဖြစ်ပါလိမ့်မယ်။ တော်လှန်ရေး ကာလမှာကတည်းက တပါတီစနစ် လုပ်နေရင် တော်လှန်ရေး အောင်ပွဲရပြီးတဲ့ အခါမှာလည်း တပါတီအာဏာရှင်စနစ်ပဲ ပေါ်လာမှာပါ။ လိုချင်တာ မရခင် တွင်တွင်ပြောနေတဲ့ ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့တွေဟာ ဗလာချည် စကားတွေပဲ ဖြစ်နေမှာပါ။
တော်လှန်ရေးနည်းနဲ့ အာဏာရယူဖို့ ကြိုးပမ်းတဲ့အခါ ထိုက်တန်တဲ့၊ ဖြောင့်မတ်တဲ့ အားထုတ်မှု ပြုရမယ်။ ရွေးကောက်ပွဲ အနိုင်ရဖို့ ကြိုးပမ်းသလိုပဲ တော်လှန်ရေး အနိုင်ရဖို့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လုံးပန်းတိုက်ခိုက်ရမယ်။ (စစ်အုပ်စုလို) ကိုယ်တဖွဲ့တည်း အာဏာယူချင်ရင် တဖွဲ့တည်း အနိုင်ရအောင်တိုက်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရင်၊ အာဏာ လောဘကြီးရင် ကိုယ့်ဘာသာကိုယ် တိုက်ကြည့်ပါ။ အဖိနှိပ်ခံ ပြည်သူ့ အကျိုးစီးပွားအတွက် တိုက်ပွဲဝင်နေတဲ့ တခြား တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ တည်ရှိမှုနဲ့ တော်လှန်ပုန်ကန်ခွင့်ကို ပိတ်ပင်တားဆီးတာ၊ ဖိနှိပ်ချုပ်ချယ်တာတွေ လုပ်လာရင်တော့ နိုင်ငံတော်အာဏာကို ရယူနိုင်ဖို့ နေနေသာသာ နိဂုံးကောင်းမှာ မဟုတ်ပါဘူး။
တပါတီတော်လှန်ရေးကို ဆန့်ကျင်ကြ။
အဖိနှိပ်ခံ ပြည်သူ့ တော်လှန်ရေးအတွက် ပြည်သူ့တပ်ပေါင်းစုကို ထူထောင်ကြ။

ကရင်နီပြည်နယ်က အောင်ပွဲလမ်းအတိုင်း တပြည်လုံး လက်နက်ကိုင်အင်အားစုများ ချီတက်ကြ။နီဝန်းကရင်ပြည်နယ်ဘက်မှ တော်လှန်ရေးအဖွဲ့အစည...
25/06/2023

ကရင်နီပြည်နယ်က အောင်ပွဲလမ်းအတိုင်း တပြည်လုံး လက်နက်ကိုင်အင်အားစုများ ချီတက်ကြ။
နီဝန်း

ကရင်ပြည်နယ်ဘက်မှ တော်လှန်ရေးအဖွဲ့အစည်းတွေ အောင်ပွဲကြီးတွေ ရနေတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ အများအပြား သိမ်းပိုက်ရရှိနေတယ်။ နယ်မြေသိမ်းပိုက်ရရှိမှုလဲ ဖွံ့ဖြိုးလာနေတယ်။
၁။ တော်လှန်ရေးတပ်တွေ တကယ်တိုက်ကြလို့
၂။ မတူတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ဖို့ တစိတ်တဝမ်းတည်း ညီကြလို့၊ ပေါင်းစည်းလက်တွဲမိကြလို့
၃။ နယ်ခြားစောင့်တပ်တွေ ဟာ စကစရဲ့ ခြံစောင့်ဖက်ဆစ်အဖြစ်မှ ပြတ်ပြတ်သားသား ရုန်းထွက်ရုံမက အချိန်တိုအတွင်း ဖက်ဆစ်တပ်တွေကို တဟုန်ထိုး ပြန်တော်လှန် ပြန်တိုက်ပွဲဝင်ကြလို့။
၄။ စကစကို ရင်ဆိုင်တိုက်ခိုက်ရေး သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ် ချမှတ်ပြီးသား ဖြစ်သလို မှန်လဲ မှန်ကန်လို့။
၅။ စကစဟာ အဆန်မရှိ ဟန်လောက်သာ ကျန်တဲ့ဘဝရောက်နေလို့။
၆။ ခမရ ၄၃၀ တပ်ရင်းတရင်းလုံး လက်နက်ချပြီး တော်လှန်ရေးသို့ ကူးပြောင်းရောက်ရှိလာလို့
၇။ ကရင်နီပြည်နယ်က မတူတဲ့တပ်ဖွဲ့များဟာ စစ်အာဏာရှင်စနစ် ကို တော်လှန်တဲ့ ရေရှည်တိုက်ပွဲတွေအတွင်းမှာ ထုသားတေသားရပြီး တိုက်ရည်ကောင်းတဲ့ တပ်ဖွဲ့တွေ ဖြစ်ကြလို့
ဒါကြောင့် စစ်ရေးအရ အောင်ပွဲတွေ ဆက်တိုက် ရရှိနေတာဖြစ်တယ်။
ရန်သူက အခဲကျေမှာ မဟုတ်။ တန်ပြန်ထိုးစစ်တွေနဲ့ ဖြိုခွဲရေးတွေ ချော့မြူရေးတွေ လုပ်လာမှာကို သတိရှိကြရမယ်။
နယ်မြေသိမ်းပိုက်ရေးထက် ရန်သူ့အင်အား ချေမှုန်းရေးကို ပိုအလေးထား လုပ်သင့်။
ရန်သူ့တပ်ရင်းတွေ တော်လှန်ရေးဘက် ကူးပြောင်းလာတဲ့ စံနမူနာကို အကျယ်အပြန့်လှုံ့ဆော်ကြ။
စကစတပ်တွေ စကစရဲ့ လက်ကိုင်တုတ် အသေခံစစ်ကျွန်ဘဝမှ ရုန်းထွက်ပြီး တော်လှန်ရေးဘက် ကူးပြောင်းကြ။ ပြည်သူ့ဘက် ရပ်ကြ။ ပြည်သူ့တော်လှန်ရေးအတွင်း အလျင်အမြန် လာရောက်ပူးပေါင်းကြ။
ဒီအခြေအနေကို အခွင့်ကောင်းတခုအဖြစ် ရယူပြီး ဗမာပြည် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဒေသအသီးသီးမှ တပ်ဖွဲ့များ ကိုယ့်စစ်နယ်မြေမှ စစ်ရေးအရှိန်အဟုန်ကို မြှင့်တင်ကြ။
ပြိုစပြုနေတဲ့ ရန်သူ့အင်အားတွေကို ပိုမို ပြိုလဲအောင် ဖြိုလှဲတိုက်ဖျက်ကြ။
(၂၅-၆-၂၀၂၃)

10/05/2023

မင်းအောင်လှိုင်အာဏာသိမ်း စစ်အုပ်စုကို ထွက်ပေါက်လမ်းစပေးတာတွေ မလုပ်ကြနဲ့။

အိမ်နီချင်းနိုင်ငံတွေအပါအဝင် ပြည်ပနိင်ငံတွေရဲ့ အဖွဲ့အစည်းအမျိုးမျိုးက သံတမန်ခရီးစဉ်တွေဟာ စကစနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဘက်ကို တွန်းတာချည်းပဲ။ ပြည်တွင်း တော်လှန်ရေး ရည်မှန်းချက်က စစ်အာဏာရှင်အမြစ်ဖြတ်ရေးပဲ။ ဒါကြောင့် ရည်မှန်းချက် ၂ ခု ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တယ်။ ဒါကြောင့် ပြည်ပသံတမန်ခရီးစဉ်တွေရဲ့ တိုက်တွန်းချက် သဘောထားဟာ ပြည်တွင်းပြည်သူတွေရဲ့ ဆန္ဒနဲ့ မျက်မှောက် လက်နက်ကိုင်တော်လှန်စစ် ဖြစ်ပွားနေတဲ့ ဗမာပြည်ရဲ့ အခြေအနေနဲ့ မကိုက်ညီဘူးဆိုတာ ပုံစံမျိုးစုံနဲ့ ထုတ်ဖော်ပြောရမှာပဲ။ ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ တရုတ်ဆန့်ကျင်ရေးသဘောထားလောင်းရိပ်အောက်ကနေ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်လာနေကြတာကတော့ တော်လှန်ရေးအတွက် အကျိုးရှိမှာ မဟုတ်ဘူး။ ဒါ့အပြင် အာဏာသိမ်း ဖက်ဆစ် စစ်ကောင်စီက ဒါကို အမြတ်ထုတ်ပြီး လူမျိုးရေးမုန်းတီးမှု ပဋိပက္ခတွေ ဆူပူမှုတွေ ဖန်တီးလာနိုင်တယ်။ ဒါကို သူက ထွက်ပေါက်တခုအနေနဲ့ လုပ်လာနိုင်တယ်။ အဲလိုဆိုရင်တော့ တော်လှန်ရေးကိုပါ ထိခိုက်စေလိမ့်မယ်။ ဒီနေ့ဟာ ရန်သူအကျပ်အတည်း ကြီးနေတဲ့အချိန်ပဲ။ သူ့အကျပ်အတည်းအတွက် ထွက်ပေါက်အနေနဲ့လုပ်ရာမှာ ပြည်ပ သံတမန်ရေးရာ အကြံပေးချက်တွေ တိုက်တွန်းချက်တွေကို ကိုင်ပြီး သူက သူ့အကျပ်အတည်းက ရုန်းထွက်နိုင်ဖို့ နိုင်ငံရေးကစားတာတွေ လုပ်မှာပဲ။ တော်လှန်ရေးဘက်က သူ့အကျပ်အတည်းကြီးချိန်မှာ စစ်ရေးအရ ပိုပြီး ထိထိရောက်ရောက် တိုက်ကာ သူ့ရဲ့ တိုင်းပြည်ထိန်းချုပ်နိုင်စွမ်းကို အကြီးအကျယ်ဆုံးရှုံးထိခိုက်မှုတွေ ဖြစ်အောင် လုပ်ကြရမယ့်အချိန်ပဲ။ တရုတ်ဆန့်ကျင်ရေးတွေ အလွန်အကျွံလုပ်နေတာတွေဟာ အာဏာသိမ်းစစ်ကောင်စီကို အကြိုက်တွေ့စေပြီး သူ့ထွက်ပေါက်အတွက် အသုံးချသွားမှာကို သတိပြုကြဖို့ လိုတယ်။ ချုပ်လိုက်ရင် အာဏာသိမ်း စစ်ကောင်စီဘက်က ရပ်ခံတာမျိုး ရှိရင် တရုတ်ဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် အဲဒီသဘောထားကို ဆန့်ကျင်ရမယ်။ တချိန်တည်းမှာ တရုတ်ဆန့်ကျင်ရေး မုန်းတီးရေး အစွန်းရောက် လှုပ်ရှားမှုတွေ တိုးချဲ့လုပ်နေရင်တော့ ဒါဟာ မင်းအောင်လှိုင် စစ်ကောင်စီကို ထွက်ပေါက်လမ်းစ ပေးလိုက်တာ ဖြစ်လိမ့်မယ်။
သံဒိုင်

09/05/2023

မုန်တိုင်းကို အကြောင်းပြုပြီး
အမြတ်ထုတ် သွေးစုပ်တာ မခံကြနဲ့။

မင်းဝံ

နာဂစ်လို မုန်တိုင်းတွေဟာ ပြည်သူ သောင်းနဲ့ချီ သိန်းနဲ့ချီ သေစေနိုင်တဲ့ မုန်တိုင်းတွေပါ။ နာဂစ်တုန်းက အတွေ့အကြုံ ရခဲ့ပါပြီ။ စစ်အစိုးရနဲ့ စစ်အာဏာပိုင်တွေဟာ မုန်တိုင်းနဲ့ပတ်သက်လို့ ပြည်သူတွေကို သတိပေးဖို့ အန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးပါ။ ဒါပေမဲ့ ပြည်သူ့အတွက် အန္တရာယ်ရှိနေတာကို တော်ရိလျော်ရိ နဲ့ မထေမဲ့မြင်ပြုမှုကြောင့် ပြည်သူ့အသက်တွေ သိန်းကျော် သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေနဲ့ပတ်သက်လို့ ဘာတာဝန်မှ မယူတဲ့အပြင် တာဝန်သိ အလောင်းလာမြှုပ်တဲ့ ပြည်သူတွေကိုတောင် ဖမ်းဆီးထောင်ချတာ လုပ်ပါတယ်။ ပြည်သူတွေ သေကြတော့လဲ နိုင်ငံတကာက အကူအညီပေးမှာတောင် ပိတ်ပင်ဟန့်တားသေးတယ်။ နောက်ပိုင်းကျ အဲဒီအကူအညီတွေ ပြည်သူ့လက်ထဲ မရောက်အောင် ဖြတ်ခုတ်ပြီး သွေးစုပ်ပါတယ်။ နောက်ပြီး နာဂစ်ကို အကြောင်းပြုပြီး ၂၀၀၈ အခြေခံဥပဒေကို ပြည်သူကထောက်ခံတယ်ဆိုပြီး တွန်းတွန်းထိုးထိုးလုပ်ကာ ဇွတ်အတင်း အတည်ပြုလိုက်တယ်။ ဒါကြောင့် နာဂစ် ဖွဲ့စည်းပုံဥပဒေလို့ နာမည်တွင်သွားတာပါ။ နာဂစ်မှာ ပြည်သူတွေ သိန်းနဲ့ချီသေရတာကို ပုရွက်ဆိတ်တွင်း ရေမြုပ်တာကို ထိုင်ကြည့်နေရတာလောက်ပဲ သဘောထားတဲ့ စစ်အုပ်စုလက်အောက် နေရတဲ့ ပြည်သူ့ဘဝဟာ ရင်နာစရာပါ။ ဆန်းတော့ မဆန်းပါဘူး။ ဗိုလ်သန်းရွှေစကားအတိုင်းဆို ဓာတ်တိုင်ပဲ ကျန်ချင်ကျန်ပစေ၊ သူတို့အုပ်ချုပ်ရေးအာဏာ တည်တံ့နိုင်ဖို့ အဓိကပဲ-တဲ့။ အဓိပ္ပာယ်က သူတို့အာဏာတည်မြဲဖို့ လူဘယ်လောက်သတ်ရသတ်ရ တယောက်မှ မကျန်တဲ့အထိ သတ်ရရင်လဲ ဝန်မလေးဘူးဆိုတဲ့ သဘောပါပဲ။ ဗိုက်ထဲက အစိတ်သားတောင်မချန်နဲ့၊ သတ်ပစ်လိုက်လို့ အမိန့်ပေးခဲ့တာလဲ ဗိုလ်သန်းရွှေပဲဆိုတာ မေ့ပစ်လို့ မဖြစ်ပါဘူး။ ဗိုလ်သန်းရွှေဖြစ်ဖြစ် ဗိုလ်မင်းအောင်လှိုင် ဖြစ်ဖြစ် သူတို့အာဏာတည်မြဲရေးဆိုရင် တပြည်လုံးသတ်ဖို့တောင် ဝန်မလေးတဲ့ စစ်အုပ်စု အယုတ်တမာတွေပါ။ ဒါကြောင့် မိုချာမုန်တိုင်းကို အကြောင်းပြုပြီး သူတို့ အမြတ်ထုတ်တာတွေနဲ့ သွေးစုပ်တာတွေလုပ်လာမှာ သံသယ မရှိပါနဲ့။ ဒါပေမဲ့ ခုအချိန်က ဗမာပြည်ဟာ စစ်နဲ့ တော်လှန်ရေးကို ဖြတ်သန်းနေချိန် ဖြစ်ပါတယ်။ မိုချာမုန်တိုင်းအန္တရာယ်နဲ့ နောက်ဆုံးပိတ်ထွက်ပေါက်အဖြစ် အာဏာသိမ်းစစ်အုပ်စုက အစွမ်းကုန်သတ်ဖြတ်ပွဲလုပ်လာမယ့်အန္တရာယ်ကို တော်လှန်ရေးသမားတွေက သည်းခံခွင့်လွှတ်မှာမဟုတ်ပါဘူး။ ဒါနဲ့အတူ တော်လှန်ရေးသမားတွေ ပြည်သူဘက်တော်သားတွေနဲ့ ပြည်သူအချင်းချင်း အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားကြရမှာ ဖြစ်ပါတယ်။

06/05/2023

မုန်တိုင်းထဲမှာ ကျောက်စိုင်ကျောက်သားပမာ
ချိုဝင်း

ပြည်ပသံတမန်ခရီးသည်တွေ နေပြည်တော်ဆိုတဲ့ စစ်ဖက်ဆစ်နန်းတော် ဆိုက်ရောက်လာတာနဲ့ နိုင်ငံရေးသမားတချို့ ပြန်လွှတ်ပေးတာ တိုက်ဆိုင်မှု သက်သက်လား။ ပြည်ပရဲ့ တွန်းအားမှာ ဒေါ်စုနဲ့ (လွှတ်တာ မလွှတ်တာ အပထား) စကားပြောရေး မပါနိုင်ဘူးလား။ အာဏာသိမ်း စစ်အုပ်စုက ထွက်ပေါက်အနေနဲ့ ဒီချုပ်ခေါင်းဆောင်တချို့ ကိုင်ပြီး လှုပ်လာတာ တချို့ တွေ့ရပြီးပြီ။ ဒါ့ထက် ပိုမလှုပ်ဘူးလို့ ပြောနိုင်ပါ့မလား။ ဒီတခါ ပြည်ပ သံတမန်ခရီးတွေဟာ တစုံတရာ အရှိန်အဟုန် ရှိတယ်။ ရေစီးပြင်းပြီး တော်လှန်ရေးလုပ်နေသူ တချို့ တိုက်စားမျောပါ စေနိုင်တယ်။သူတို့ ပထမ ပြောမှာက တိုင်းသူပြည်သားတွေ သေဆုံးနေရတဲ့ ပြည်တွင်းစစ်ရပ်စဲဖို့ အဖြေရှာရေး။ နောက်ပြီး ဒီလိုအါဖြေရှာဖို့ သက်ဆိုင်သူအားလုံး တွေ့ဆုံရေး။ အဲလို တွေ့ဆုံပြီး တိုင်းပြည်တည်ငြိမ်ရေးအတွက် စေ့စပ်ကြရေး။ အဲလို စေ့စပ်ပြီး ရွေးကောက်ပွဲ ပြန်ကျင်းပရေး။ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာကို ခွဲဝေရယူပြီး တိုင်းပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်သွားရေးပဲ။ ဒါဟာ စစ်အာဏာရှင်စနစ် အမြစ်လှန်ရေးဆိုတဲ့ တော်လှန်ရေးရည်မှန်းချက်နဲ့ ဖိလာဆန့်ကျင် တက်တက်စင် ခြားနားတဲ့ ရည်မှန်းချက်တွေပဲ။ တော်လှန်ရေးအတွင်းက မကြံ့ခိုင်သူအချို့ ပဲ့ကြွေလွင့်စင်သွားနိုင်တယ်။ တော်လှန်ရေးမိုးသက်မုန်တိုင်း ထဲ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်မယ့်အင်အားစုတွေက တော်လှန်ရေးကို ကြံံ ကြံ့ခိုင်ခိုုင် ရပ်တည်ဆင်နွှဲဖို့ ပြင်ဆင်မှုနဲ့ နည်းလမ်းကြံဆမှုတွေ လုပ်ရမယ့်အချိန်ပဲ။ တိုင်းပြည်အတွက် တော်လှန်ရေးအတွက် အရေးကြီးတဲ့ အချိန်ကာလတခု ရောက်လာနိုင်တယ်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ရည်မှန်းချက်အပေါ် ကျောက်စိုင်ကျောက်သားလို ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်ကြ။

06/05/2023

ဓနရှင်လူတန်းစားခေါင်းဆောင်ရင် ဒီတော်လှန်ရေး မနိုင်ဘူး။

နန်းအောင်

ဒီတော်လှန်ရေးမှာ ဓနရှင်လူတန်းစားက တော်လှန်ရေးကို ခေါင်းဆောင်ရင် တော်လှန်ရေး မနိုင်ဘူး။ တော်လှန်ရေး ရောက်ရှိအဆင့်က တိုက်ပွဲထဲမှာ အမြင့်ဆုံး ပုံသဏ္ဌာန်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး ဖြစ်တယ်။ တိုက်ပွဲတကာမှာ အပြတ်သားဆုံးပဲ။ လက်ရှိ ဗမာပြည် တော်လှန်ရေးရဲ့ ရည်မှန်းချက်ကလဲ အပြတ်သားဆုံး ရည်မှန်းချက် ဖြစ်နေတယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးပဲ။ အဆုံးစွန် ရည်မှန်းချက်ပဲ။ ပြည်သူလူထုရည်မှန်းချက်ကလဲ စစ်အာဏာရှင်စနစ်အောက်မှာ စစ်ကျွန်ဘဝနဲ့ မနေလိုတော့ဘူး။ ဒီတော့ စစ်အာဏာရှင်စနစ်နဲ့ အတူ
ယှဉ်တွဲပြီး လုံးဝမနေချင်တော့တာပဲ။ တော်လှန်ရေးမာ(ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးမှာ) ပါဝင်တဲ့ လူတန်းစားတွေကလဲ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ တော်လှန်တဲ့ ဓနရှင်ပေါက်စ ပညာတတ်တွေနဲ့ လက်လုပ်လက်စား မြို့နေဆင်းရဲသား အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတွေ ဖြစ်တယ်။ ဒီတော်လှန်ရေးရဲ့ ခေါင်းဆောင်မှုလူတန်းစားနေရာကို ဓနရှင်လူတန်းစားက လုယူတာ ရှိနိုင်တယ်။ ဓနရှင်လူတန်းစားမှာ ဗျူရိုကရက် ဓနရှင်၊ လစ်ဘရယ်ဓနရှင်၊ စတဲ့ အသွင်အမျိုးမျိုးသော ဓနရှင်လူတန်းစားက ဝင်နေရာယူတာမျိုး သမိုင်းမှာ ရှိခဲ့တယ်။ သူတို့က ဓနရှင်လူတန်းစားအကျိုးစီးပွားအတွက် တော်လှန်ရေးကို ထိန်းကျောင်းဆွဲခေါ်သွားတတ်တယ်။ အဲဒါ ဓနရှင်တော်လှန်ရေးပဲ။ အဲဒီဓနရှင်တော်လှန်ရေးမှာ အလုပ်သမား လယ်သမားနဲ့ ကျောင်းသား အဖိနှိပ်ခံပြည်သူတွေ အသက်သွေးချွေး ပေးဆပ်ရပေမယ့် တော်လှန်ရေးရလဒ်ဟာ ဓနရှင်လူတန်းစားအကျိုးစီးပွားသာ အောင်ပွဲရပြီး အဖိနှိပ်ခံ ပြည်သူတွေရဲ့ အကျိုးစီးပွား ဘာမှ မရဘဲ ဒုံရင်း ဒုံရင်းသား ဖြစ်တတ်တယ်။ ဒါဟာ ဒီနေ့ ဗမာပြည် အဖိနှိပ် ပြည်သူလူထုမျှော်မှန်းထားတဲ့ တော်လှန်ရေးအကျိုးစီးပွားနဲ့ မကိုက်ညီဘူး။ နောက်ပြီး တော်လှန်ရေးကို ခေါင်းဆောင်တဲ့ ဒီဓနရှင်အတွေးအခေါ်ဟာ အကုန်အစင်ပြောင်းလဲရေးမဟုတ်ဘူး။ စနစ်တခုလုံး ဖြိုချရေးမဟုတ်ဘူး။ မပြတ်သားဘူး။ တွေဝေတယ်။ ယိမ်းယိုင်တယ်။နောက်ကြောင်း ပြန်လှည့်တတ်တယ်။ သူတို့အကျိုးစီးပွားအတွက်ဆိုရင် ရန်သူလူတန်းစားနဲ့ စေ့စပ်ဖို့၊ အာဏာခွဲဝေယူဖို့ ဝန်မလေးဘူး။ ဒါဟာ အဖိနှိပ်ခံ ပြည်သူလူထု ဆင်နွှဲတဲ့ တော်လှန်ရေးရည်မှန်းချက်နဲ့ မကိုက်ညီဘူး။ ဒီတော့ မျက်မှောက်တော်လှန်ရေးကို ဓနရှင်အတွေးအခေါ်နဲ့ခေင်းဆောင်ရင် တော်လှန်ရေးအဆုံးစွန် ရည်မှန်းချက်ကို မရောက်နိုင်ဘူး။ လက်နက်ကိုင်တော်လှန်ရေးကို ခေါင်းဆေဆာင်းချင်ရင် ဓနရှင်အတွေးအခေါ်ကို ဖယ်ရှားပြီး ပြတ်သားတဲ့တော်လှန်ရေးအတွေးအခေါ်ကို စိုက်ထူမှ ရမယ်။ တော်လှန်တဲ့အတွေးအခေါ်ဟာ အလုပ်သမားလူတန်းစားခေါင်းဆောင်တဲ့ လယ်သမား၊ အလုပ်သမား ကျောင်းသား မြို့နေဆင်းရဲသားတို့့ရဲ့ တော်လှန်တဲ့ ပြည်သူ့ဒီမိုကရေစီ အတွေးအခေါ် ဖြစ်တယ်။

06/05/2023

မှီခိုသူ့ဒုက္ခထဲ ခြေမန်းကွင်း အစွပ်မခံနဲ့

နီဝန်း

PLA အပါအဝင် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသို့ ရည်ညွှန်းပါတယ်။
နိုင်ငံတကာ အဖိနှိပ်ခံပြည်သူများက ဗမာပြည် အဖိနှိပ်ခံပြည်သူများအတွက် စာနာထောက်ခံမှုအကူအညီကို နူးနူးညွတ်ညွတ် ကျေးဇူးတင်လက်ခံရယူသွားရမှာပါ။ ဒါပေမဲ့ ပြည်ပနိုင်ငံကြီးတွေရဲ့ အားအပေါ်မှီခိုပြီး ကိုယ့်တော်လှန်ရေးကို မောင်းနှင်သွားမယ်ဆိုရင် ကိုယ့်တော်လှန်ရေးရည်မှန်းချက် အရောက်လှမ်းနိုင်ဖို့ အဝေးကြီး ဝေးပါလိမ့်မယ်။ သူတပါး နိုင်ငံခြားရေးပေါ်လစီအောက်၊ သူတပါး အကျိုးစီးပွား အခင်းအကျင်းတွေအောက်၊ သူတပါး စစ်ရေးစီမံကိန်း အစီအစဉ်တွေအောက် ၊ သူတပါး နိုင်ငံရေးကစားကွက်တွေအောက် ကျရောက်သွားပြီး ကိုယ့်တော်လှန်ရေးရည်မှန်းချက်တွေကနေ သွေဖီသွားရပါလိမ့်မယ်။ စစ်အာဏာရှင်စနစ်(စစ်သုံးစစ်) အမြစ်လှန်ရေးကနေ လမ်းလွဲသွားပါလိမ့်မယ်။ အနောက်အင်အားကြီးနိုင်ငံတွေကို ဖြစ်ဖြစ်၊ အိမ်နီးချင်း တိုင်းပြည်တွေကို ဖြစ်ဖြစ် တော်လှန်ရေးနဲ့ ပြည်သူလူထုအပေါ် စာနာထောက်ခံတဲ့ နိုင်ငံတကာအကူအညီမျိုးကို လက်ခံတာထက် ကျော်လွန်ပြီး သူတပါးအားကို ကိုယ့်အားအဖြစ် ယူသုံးပြီး တော်လှန်ရေးဆင်နွှဲရင် အမှားကြီး မှားမှာပါ။ မှီခိုသူ့ဒုက္ခ ကို တော်လှန်ရဲ့ဘဝနဲ့ရင်းပြီး နာနာကျင်ကျင် ခံစားကြရမှာပါ။ အဆင်းရဲ အပင်ပန်းခံ တော်လှန်ရေးကို လုံးပန်းတိုက်ခိုက်ကြ- ဆိုတာမှာ ဆင်းရဲဆိုတာ လက်နက်ဆင်းရဲ၊ ငွေကြေးဆင်းရဲ၊ စားနပ်ရိက္ခာ ဆင်းရဲ၊ စတာတွေ အကုန်ပါပါတယ်။ အပင်ပန်းခံဆိုတဲ့အထဲမှာ ပြည်သူ့ထောက်ခံမှုကို ရသထက်ရအောင် စည်းရုံးတာက အစ၊ တပ်ကို သေးငယ်ရာက ကြီးထွားအောင် လုပ်တာအလယ်၊ အသက်သွေးကို တော်လှန်ရေးကို ပေးလှူတာအဆုံး အားလုံ့းပါတယ်။ ကိုယ့်ထူးကိုယ်ချွန် ကိုယ်အားကိုယ်ကိုးဆိုတာကတော့ ပြည်ပအင်အား မှီခိုမှုကို အားမကိုးဘဲ ကိုယ့်ပြည်သူ ကိုယ့်အင်အားကို အဓိက မှီခိုအားကိုးတာပါ။ ဒါတွေအားလုံး ခက်ခံပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ လမ်းစဉ်မှန်ရင်၊ ခင်ဗျားတို့ရန်သူကို တိုက်ပြနိုင်ရင်၊ ခင်ဗျားတို့ ပြည်သူ့အကျိုး အဓိကထားပြီး တိုက်ပွဲဝင် ပြည်သူနဲ့ တသားတည်း ရပ်တည်ရင် အခက်အခဲအားလုံး တစတစ ကျော်နင်းနိုင်မှာပါ။ ဟုန်းခနဲ ထတောက်၊ ဟုန်းခနဲ ပွဲပြီးမီးသေ တော်လှန်ရေးမျိုး မစဉ်းစားပါနဲ့။ တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန် ပြည်သူနဲ့ တသားတည်း ရပ်တည်ပြီး တော်လှန်ရေးကို ခြေလှမ်းမှန်မှန် တဆင့်ချင်း အောင်ပွဲဆီ တက်သွားကြရအောင်ပါ။

06/05/2023

ခွေးကျဝက်ကျ ကျတော့မှာလား
မင်းဝံ

ဒီတခါ ပြည်ပကနေ အာဏာသိမ်းစစ်အုပ်စုကို လာရောက်တွေ့ဆုံရာမှာ ထူးခြားလာတာတခုက ဗိုလ်မင်းအောင်လှိုင်နဲ့သာ တွေ့ဆုံစကားပြောတာ မဟုတ်ဘဲ စစ်အုပ်စုနတ်နေကိုင်းအဖြစ်ထားတဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန် စသူများနဲ့ပါ တွေ့ဆုံစကားပြောလာကြတာပဲ။ ဒီမှာ စဉ်းစားစရာတချို့ ရှိလာတယ်။ ဗိုလ်မင်းအောင်လှိုင် ဖက်ဆစ်ကမ်းလွန် ထင်တိုင်းကြဲ တာကို ထိန်းချုပ်ပေးနိုင်စေဖို့လား၊ ဗိုုလ်မင်းအောင်လှိုင်ရဲ့ အစုလိုက်အပြုံလိုက်သတ် ၊ အစုလိုက် အပြုံလိုက် မီးရှို့ ဖက်ဆစ်မြင်းရိုင်း ဇက်ကုန်ဖွင့် ရမ်းကားချင်တိုင်း ရမ်းကားနေတာကို ထိန်းချုပ်စေချင်လို့လား။ ဗိုလ်မင်းအောင်လှိုင်ရဲ့ အဓမ္မ ရမ်းကားမှိတွေကို ပြည်ပ အင်အားစုတွေကတောင် မနှစ်မြို့ လက်မခံနိုင်တော့လို့လား။ ပြည်တွင်းမှာ ဗိုလ်မင်းအောင်လှိုင်ရဲ့ ထိန်းချုပ်နိုင်မှု စွမ်းအား ဒီဂရီ ဇောက်ထိုးမိုးမျှော်် ဖြစ်တာနဲ့ အတူ ဗိုလ်မင်းအောင်လှိုင်ရဲ့ ဩဇာအာဏာ ကျဆင်းလာတာရဲ့ ဖော်ပြချက်တခုလား။ ပြည်ပအင်အားစုတွေက ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်ဖက်ဆစ်ဆန်မှုကို လက်မခံနိုင်တာနဲ့အတူ ပြည်တွင်းက စစ်အုပ်စု ရဲ့ တပ်အတွင်းမှာလဲ ဗိုလ်မင်းအောင်လှိုင်ရဲ့ ဦးစီးမှုကို လက်မခံနိုင်တဲ့ အတွေးအခေါ် ပေါ်နေပြီလား။ ဒီအချက်မှန်ရင် ဒါကို ဗိုလ်မင်းအောင်လှိုင်ရိပ်စားမိနေပြီလား။ ဒီအပေါ် ဗိုလ်မင်းအောင်လှိုင် ဘယ်လို တုံ့ပြန်မလဲ။ အဲဒီတုံ့ပြန်မှုကနေ ဗိုလ်မင်းအောင်လှိုင်ရဲ့ အကောက်ကျစ်ဆုံး ဖက််ဆစ်အဆန်ဆုံး အယုတ်မာဆုံး လှုပ်ရှားမှုနဲ့ တုံ့ပြန်လှုပ်ရှားလာမှာလား။

မင်းဝံ

06/05/2023

ပြည်တွင်း တော်လှန်ရေးမုန်တိုင်း
ပြည်ပ ငလျင်လှုပ်ခတ်မှု လှိုင်းအားများ

သံဒိုင်

ဒီနေ့ အိမ်နီချင်းနိုင်ငံတချို့န့ အမေရိကန်၊ ဥရောပ နိုင်ငံတချို့၊ အေဆီယမ်၊ ကုလ အားလုံး တိုင်းပြည်တည်ငြိမ်ရေး တွန်းနေတာဟာ ပြည်ပ အကြောင်းအချက် ဖြစ်တယ်။ ပြည်ပအကြောင်းအချက်ပေမယ့် ပြည်တွင်း အခြေအနေတချို့ကို ပြောင်းလဲစေနိုင်တဲ့အထိ လှုတ်ခတ်မှု ငလျင်လှိုင်းအား ပြင်းတာမျိုး ဖြစ်လိမ့်မယ်။ ဒီလို ပြည်ပအကြောင်းအချက် ပြည်ပတွန်းအားတွေကို လေ့လာကြည့် ရင် သူတို့အားလုံး တူညီတဲ့ အချက်တခုကို တွေ့ရမယ်။ သူတို့က စစ်ကောင်စီကို အသိအမှတ်မပြုပါဘူးလို့ ပြောသည်ဖြစ်စေ၊ လူသားချင်း စာနာမှုနဲ့ အကြမ်းဖက်မှုကို လက်မခံပါဘူးလို့ ပြောသည်ဖြစ်စေ ပြောဆိုချက် အမျိုးမျိုး ကွဲချင်ကွဲမယ်။ ဒါပေမဲ့ တူတာကတော့ စစ်အစိုးရ ဆက်ဆိုးရှည်စေမယ့် အထိုင်ပေါ်က ပြောနေကြတာ ပဲ။ စကစ နဲ့ ဆွေးနွေးပါဆိုတာလဲ စစ်အုပ်စုကို သက်ဆိုးရှည်စေတဲ့ အထိုင်ပဲ။ ပါဝင်သင့်တဲ့ နိုင်ငံရေးအင်အားစုအားလုံးပါဝင်ပြီး စကစနဲ့ ဆွေးနွေးရေးဆိုတာလဲ စစ်အုပ်စု သက်ဆိုးရှည်မယ့်၊ ဆက်လက်ရှင်သန်စေမယ့် အထိုင်ပဲ။ တိုင်းပြည် တည်ငြိမ်အောင် တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာလဲ စစ်အုပ်စု အသက်ဆက်ရေး အထိုင်ပဲ။ ဒီလို ပြည်ပအကြောင်းအချက် တွန်းအား လှိုင်းအားတွေနဲ့ ပြည်တွင်းအကြောင်းအချက် ပြည်တွင်းမုန်တိုင်းတို့က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ ပြည်တွင်းမှာ ဆင်နေတာက တော်လှန်ရေးမုန်တိုင်းဖြုစ်တယ်။ ပြည်သူလူထုကြီးက စစ်အာဏာရှင်စနစ်နဲ့ အတူ မနေနိုင်တော့တာ ဖြစ်တယ်။ တော်လှန်ရေးမုန်တိုင်းရဲ့ ပန်းတိုင်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဖြစ်တယ်။ ကိုယ့်သန္နဋ္ဌာန်အပေါ်မှာ ပြည်တွင်း ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကြပါစို့။

Address

35th Street
Yangon

Website

Alerts

Be the first to know and let us send you an email when Mayday Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mayday Burma:

Share