31/07/2026
ကိုကိုးကျွန်း သူရဲကောင်းများအပါအဝင် ခေတ်အဆက်ဆက် တော်လှန်ရေး သူရဲကောင်းအာဇာနည်များသို့ လွမ်းချင်းတပုဒ်
၇၅ နှစ်တာ ကာလအတွင်း ပါတီ လျှောက်လှမ်းခဲ့ရသော ခရီးလမ်းသည် ကြမ်းတမ်းကွေ့ကောက်ပြီး တိုက်ပွဲများနှင့်ပြွမ်းတီးသော ခရီးရှည်ကြီး ဖြစ်ပါသည်။ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ ပဒေ သရာဇ်စနစ်၊ အသွင်အမျိုးမျိုးသော စစ် အာဏာရှင်စနစ်စသော ရန်သူအမျိုးမျိုးကို ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရပါသည်။ ဤခရီးရှည် ကြီးအတွင်း ပါတီသည် အောင်ပွဲများ၊ ရှုံးနိမ့် မှုများ၊ သေလောက်သောဒဏ်ရာ အပါ အဝင် ဒဏ်ရာအနာတရ အမျိုးမျိုးကိုလည်း ရင်ဆိုင် ကြုံတွေ့ခဲ့ရပါသည်။ သို့ရာတွင် ပစ္စည်းမဲ့လူတန်းစား၏ အရိုးမာမှု ဂုဏ်ဒြပ် ရှိသော ပါတီသည် လဲရာမှ ပြန်ထကာ ပြည်သူလူထုနှင့်တိုင်းပြည်၏အကျိုးကို ဆက်လက်သယ်ပိုးထမ်းရွက် မြဲသာ ဖြစ်ခဲ့ပါသည်။ ၈၅နှစ် ကျော် သက်တမ်းရှိလာပြီ ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ ယနေ့ အချိန်အထိ ရှင်သန်ရပ်တည်နေနိုင်ခြင်းမှာ ဖော်ပြခဲ့သလို တော်လှန်သော သူရဲကောင်း ဝါဒကို မြင့်မားစွာစိုက်ထူကာ ပါတီအတွက် အသက်ပေးလှူသွားခဲ့ကြသော အာဇာ နည်ရဲဘော်များ၏ ဂုဏ်ကျေးဇူးသည် ကြီး မားသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ပါတီ၏ အမျိုးသားသူရဲကောင်းများသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန် ရေး တိုက်ပွဲများတွင် ကျဆုံးခဲ့ရသလို ပါတီ၏ လူတန်းစား သူရဲကောင်းများသည်လည်း စစ်မြေပြင်မှာ၊ ကြိုးစင်မှာ၊ အကျဉ်းခန်းများ ထဲမှာ၊ ကိုကိုးကျွန်းမှာ၊ လူထုတိုက်ပွဲနှင့် အရေးတော်ပုံများ အတွင်းမှာ စသဖြင့် တိုက်ပွဲခွင်အမျိုးမျိုးတွင် တိုင်းပြည်နှင့် ပြည် သူလူထုကြီး၏ အကျိုးစီးပွားအတွက် ၎င်း တို့၏ မွန်မြတ်သော အသက်ကိုပေးလှူရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့ကြပါ သည်။ ပါတီနှင့် ပြည်သူလူထုအကျိုးစီးပွား အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော အာဇာနည်ရဲဘော်များ၏ အရေအတွက်မှာ သူတို့အရိုးများကို စုပုံလိုက်လျှင် တောင်မြင့်တခုကဲ့သို့ ပုံနေ လိမ့်မည်ဟု ပါတီက တင်စားပြောဆိုခဲ့သကဲ့ သို့ မြောက်မြားစွာ ရှိခဲ့ပါသည်။ သူတို့၏ အသက်သွေးနှင့် ပါတီ၏အလံတော်မှာ ပိုမို နီမြန်းတောက်ပြောင်လာခဲ့ရသည်ဟုလည်း ဆိုနိုင်ပါသည်။ ပါတီ၏ ပါတီဝင်များနှင့် တန်းတူ ကျွန် တော်တို့ မမေ့မလျော့ ဦးညွတ်ဂုဏ်ပြုအပ် သူများမှာ တိုင်းပြည်နှင့် ပြည်သူလူထုကြီး၏ အကျိုးအတွက် ပါတီနှင့်ထမ်းပိုးတခုတည်း အတူထမ်းကာ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ဆောင် ရွက်ရင်း ကျဆုံးသွားခဲ့ရသော အာဇာနည် ပြည်သူများပင် ဖြစ်ပါသည်။ ဤပြည်သူ များအတွင်းတွင် ရှမ်း၊ ကချင်၊ ကရင် စသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ ပါဝင်ကြပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက် ဆစ်တော်လှန်ရေးမှသည် ယနေ့ အသွင် အမျိုးမျိုးသော စစ်အာဏာရှင် အစိုးရများ အား တော်လှန်သော တိုက်ပွဲများအထိ ပါတီ နှင့်ပြည်သူအပေါ် သစ္စာရှ dစွာဖြင့် အသက် ပေးသွားသော ပြည်သူအရေအတွက်မှာ ဗမာပြည်တဝန်း မြောက်မြားလှပါသည်။ ပါတီနှင့် တော်လှန်ရေးကို ချေမှုန်းရေးအတွက် ဖောက်ပြန်ရေးတပ်များကြောင့် ကျေးရွာမီးရှို့ခံရ၊ အစုလိုက်အပြုံလိုက် အသတ်ခံရသော ပြည်သူများ၏ ဆင်းရဲဒုက္ခမှာလည်း လွန်စွာ ကြီးမားခဲ့ပါသည်။ ပါတီ၏ ၇၅ နှစ် သက်တမ်းပြည့် မြောက်သော ယနေ့အခါတွင် ဤပြည်သူ များနှင့် ဤသူရဲကောင်းများကို မမေ့မလျော့ လွမ်းဆွတ်မိသကဲ့သို့ တော်လှန်ရေး သက် တမ်းတလျှောက် ပါတီက မှ မှီခိုအားကိုးခဲ့ရ သော အခြေခံလူထုကို လည်း တမ်းတမိပါ သည်။ တော်လှန်သော ပြည်သူသို့ တမ်းချင်း ဟုလည်း ဆိုနိုင်ပါလိမ့်မည်။
(ပြည်သူ့အာဏာ ဂျာနယ် အမှတ် ၃၈ ဆောင်းပါးကောက်နုတ်ချက်)