25/03/2022
vivo ရဲ့ နောက်ဆုံးထွက် V23 စီးရီးများ
*********************
vivo ကနေ နာမည်ကြီး V စီးရီး နောက်ဆုံးအသစ်ေတွထွက်ရှိလာပါတယ်။
V23 5G မှာselfie အတွက် 50MP AF Portrait Selfie နဲ့ 8MP Super Wide-Angle Camera တို့ပါရှိပြီး အရှေ့ကင်မရာနှစ်လုံး တပ်ဆင်ပေးထားပါတယ်။ အခြားတစ်ဖက် V23e မှာလည်း50MP AF Portrait Selfie ရှေ့ကင်မရာသည် Potrait Mode အမျိူးမျိူးဖြစ်ရိုက်ကူးနိုင်သာမက AI Extreme Night Portrait နှင့် Multi-Style များ ပါဝင်ပါတယ်။
Resolution မြင့်မားသော 50MP AF Portrait Selfie ရှေ့ကင်မရာကအလင်းရောင်အားနည်းသောအခြေအနေမှာပင်ပုံရိပ်ေကာင်းေတွရရှိစေဖို့ အလင်းအာရုံခံနိုင်စွမ်းကို တိုးမြင့်ပေးတဲ့ နောက်ဆုံးပေါ် ISOCELL 3.0 နည်းပညာပါရှိပါတယ်။ V23e ရဲ့ အရှေ့ဘက်ကင်မရာကEye Auto Focus ပါဝင်တာကြောင့် selfie ရိုက်ကူးသည့်အခါ ဝေဝါးခြင်းမရှိပဲ ရုပ်ပုံအတိကျ ဖမ်းယူနိုင်ပါတယ်။ ဒါ့အပြင် အရှေ့ဘက်ရှိ 8MP Super Wide-Angle Camera ဟာ 105° wide-angle မြင်ကွင်းကျယ် ထည့်သွင်းထားလို့ ပြီးပြည့်စုံသော (group portrait) အုပ်စုပုံ ရိုက်ကူးနိုင်ပါတယ်။
အရှေ့ကင်မရာကဆူညံသံများကို လျော့ချပြီး Machine learning မှ တစ်ဆင့် ရုပ်ပုံအရည်အသွေးကို မြှင့်တင်ပေးခြင်းဖြင့် ညဘက်ဓာတ်ပုံရိုက်ခြင်းကို ပံ့ပိုးပေးတဲ့AI Extreme Night Portrait mode ကို ထင်ရှားစေပါတယ်။
64MP GW1 Super-Sensing Camera၊ 8MP wide-angle မှန်ဘီလူးနဲ့2MP macro ကင်မရာဆိုပြီးကင်မရာသုံးလုံး တပ်ဆင်ထားပါတယ်။
Metal Flat Frame နှင့် ခေတ်မီသော Color Changing Fluorite AG ဒီဇိုင်းဟာ vivo ရဲ့ ၂ နှစ်ကြာ သုတေသနပြုမှုရလဒ်အပြီးမှာ တည်ဆောက်ထားတာလို့ဆိုတယ်။ V23e အနာဂတ်ဒီဇိုင်းဟာ4GB Extended RAM 2.0 နဲ့256GB ROM တို့အပြင် 12GB RAM ၏ မြင့်မားသော စံသတ်မှတ်ချက်များ ပါရှိပါတယ်။ 44W Flash Charge ပါရှိတဲ့ 4200mAh ဘက်ထရီဟာ စမတ်ဖုန်းကို ပိုမိုမြန်ဆန်စေပါတယ်။
ဒါ့အပြင် vivo သီးသန့် Funtouch OS 12 ဟာ အကောင်းဆုံးအတွေ့အကြုံအတွက် သတ်မှတ်ချက်များစွာ ထည့်သွင်းထားပါဝင်သည်။ အသစ်စက်စက် V23e သည် အချိန်တိုင်းတွင် ကြည်လင်ပြတ်သားသော ဆယ်လ်ဖီဓာတ်ပုံများကို ပေးစွမ်းရန် AI Extreme Night Portrait နှင့် Multi-Style Portrait အပါအဝင် 50MP AF Portrait Selfie ရှေ့ကင်မရာပါရှိသော Selfie ဝါသနာအိုးများအားလုံးအတွက် အဆင်ပြေစေမှာပါ။
ညဘက်နှစ်သက်သူများအတွက် ကျောဘက်ကင်မရာတွင် 64MP Night Camera တပ်ဆင်ထားပါတယ်။ V23e မှာ Extended RAM 2.0 - 8 GB + 4 GB Extended RAM အတွေ့အကြုံ ပါရှိပြီး လိုအပ်တဲ့်အခါတိုင်း 4GB memory ကို RAM ဖြစ်ပါတယ်။
အထူ 7.36mm* သာရှိလို့ V23e အသစ်ဟာ အလွန်ပါးလွှာပေါ့ပါးပြီး AG glass က ချောမွေ့စေပါတယ်။
V23 series ဖုန်းတွေမှာအရောင်အားဖြင့် ၂ ရောင်စီရှိပါတယ်။ V23 5G တွင် Stardust Black နှင့်Sunshine Gold ၊ V23e တွင် Moonlight Shadow နှင့် Sunshine Coast Editions ဆိုပြီး ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပါတယ်။ V23 series ကို V23 5G - ၁,၀၉၉,၈၀၀ ကျပ်၊ V23e - ၆၂၉,၈၀၀ ကျပ် ဖြင့်ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။