Cele City

Cele City အနုပညာရှင်တို့ရဲ့သတင်းများ

30/01/2024

ကျွန်တော့်အမျိုးသမီးက ခရိုနီသူဌေးကြီးလည်းမဟုတ်ပါဘူး။ ပုံမှန်ပရိုဂျူဆာလေးပါပဲ။ ကျွန်တော်တို့မှာ ချမ်းသာကြွယ်ဝမှုလည်း ဘာမှမရှိပါဘူး။

တွဲလာတဲ့ ၄ နှစ်တာအတွင်း အတူတူတွဲသရုပ်ဆောင်တာမျိုး မရှိခဲ့ပါဘူး။ မယူခင်တည်းက စီစဉ်ထားပေမယ့် ယူပြီးမှလုပ်ဖြစ်သွားတာပါ။ သူ့ရုပ်ရှင်ထုတ်လုပ်ရေးပြန်အစကို ကျွန်တော်နဲ့ဖွင့်တဲ့သဘော‌ပေါ့။ အနုပညာလုပ်ချင်လို့ ယူတာမျိုးမဟုတ်ပါဘူး။

တကယ်ချစ်လို့ပဲ ၄နှစ်ကြာတွဲခဲ့ပြီးမှ လက်ထပ်ကြတာပါ။ မိန်းမယူလို့ နာမည်ကျမယ်ဆိုလည်း ကံပေါ့။ ဘဝမှာကိုယ်ချစ်တဲ့သူကို ကိုယ်ပြန်ကြည့်ရမယ်‌လေ။ ဆက်အောင်မြင်နိုင်ဖို့ဆိုတာ ကျွန်တော့်ကြိုးစားမှုနဲ့ပဲ ဆိုင်ပါတယ် - အောင်ရေချမ်း

29/01/2024

"မြင်းစီးတာနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ချစ်တင်းနှီးနှောတာနဲ့ လုံးဝကိုမတူညီတာပါ... ပြောပြချင်တာ မြင်းစီးတာနဲ့ လူစီးတာနဲ့မတူဘူး။ လာစီးကြည့်ပါ။ "ဆိုပြီး မြင်းစီးတဲ့အကြောင်းပြောပြလာတဲ့ မယ်လိုဒီ

#မယ်လိုဒီ

24/01/2024

"ကျွေးတာမွေးတာကအစ နေတာထိုင်တာကအစ အဆင့်အတန်းတစ်ခု မြင့်မားအောင်ထားတယ်။ ကလေးတွေကို ပျော်ရွှင်ခွင့်ပေးတယ်၊ လွတ်လပ်ခွင့်ပေးတယ်

၃ နှစ်ကစပြီး International School ထားတယ်။ ကိုယ့်ရဲ့လက်ထွက်ကနေ ကြီးလာတာဖြစ်တဲ့အတွက် သူတို့ကို နူးညံ့သိမ်မွေ့အောင် ကိုယ့်စကား၊ ဆရာမတွေစကားတွေ နားထောင်နိုင်အောင် ငယ်ငယ်ထဲကပုံသွင်းလာတာ။ ကိုယ့်ကလေးတွေမို့လို့ ပြောတာမဟုတ်ဘူး။ အရွယ်နဲ့မလိုက်အောင် အရမ်းလိမ္မာတယ်" ဆိုတဲ့ ခိုင်နှင်းဝေ

24/01/2024

ရွှေတုံးပျောက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး မိတ်ကပ်ဆရာရဲ့ Live လွှင့်ဖြေရှင်းမှုအပေါ် ပြန်လည်တုန့်ပြန်လိုက်တဲ့ မေပန်းချီ

Address

Yangon

Alerts

Be the first to know and let us send you an email when Cele City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share