Art Media

Art Media သီချင်းသစ်များ နဲ့ အနုပညာရှင်များ ရဲ ့သတင်းထူးများကိုတင်ဆက်ပေးသွားမယ့် Art media

15/09/2026

"တခါတလေမှာ ပရိသတ်ရဲ့ ကောမန့်တွေကြည့်ရင်း Depression ဝင်မိတယ် ...ကာရိုက်တာကလည်း ပရိသတ်အမြင်ကတ်ရမယ့် ကာရိုက်တာဆိုတော့ လက်ခံပါတယ် .. ပရိသတ်တွေက ဒီလောက်အထိ အားပေးမယ်လို့ တကယ်မထင်ထားခဲ့ဘူး .. အနုပညာရှင်တွေဖြစ်တဲ့အတွက် ပရိသတ်ချစ်တာပဲ လက်ခံနေလို့မရဘူး ... ကာရိုက်တာအပေါ်မှာ ပရိသတ်တွေမုန်းတာကိုလည်း လက်ခံပါတယ် ..." နေထွဋ်၊ ယမင်းမေဦး၊ သဇင်ထူးမြင့်





11/09/2026

"ကျွန်တော့်ရဲ့အနုပညာသက်တမ်း ၁၄ နှစ်အတွင်းမှာ Leading Role အနေနဲ့ လုပ်ပိုင်ခွင့်အများကြီးရှိပြီးတော့ အများကြီးတင်ဆက်ထားတဲ့အတွက် အရမ်းရင်ခုန်ပါတယ် ... စီနီယာ ၊ ဂျူနီယာတွေနဲ့ ချီးကျူးစကားသံတွေကြောင့်လည်း အများကြီးပျော်ရပါတယ် .. ကျွန်တော်တည်ဆောက်ထားတဲ့အရာအတိုင်း တဖြေးဖြေးချင်ဖြစ်လာတယ်လို့လည်း ယုံကြည်ထားပါတယ် ..." အောင်ရဲထိုက်



#လူမော်
#မောရုပ်ရှင်ဇာတ်ကားကြီး

11/09/2026

"ကိုအောင်ရဲထိုက်ကို နိုးက မီ ရုပ်ရှင်ထဲမှာက ကြိုက်ခဲ့တာ ... အစ်ကိုက မျက်လုံးနဲ့သရုပ်ဆောင်တာကို မျောခဲ့တာ ... ဒီထဲက လူမော်ကတော့ အရမ်းကြိုက်တယ် ... အစ်ကို့ကို ဆု တစ်ဆုနဲ့ ဒီထပ်ပိုမြင့်တဲ့အောင်မြင်မှုနဲ့အတူ ထပ်မြင်ချင်ပါတယ် ..." စနိုးကြည်ဖြူ




#မောရုပ်ရှင်ဇာတ်ကားကြီး

11/09/2026

"ကိုအောင်ရဲထိုက်ရဲ့ Acting တွေကို အရင်ကတည်းက သဘောကျခဲ့တာပါ ... ကျွန်တော်အနေနဲ့ ရုပ်ရှင်တစ်ကားလုံးမှာ အစ်ကိုရဲ့ actiong တွေကိုပဲ ထိုင်ကြည့်ပြီးတော့ အားရနေရတာပေါ့နော် ... မော ဆိုတဲ့အတိုင်း တကယ့်ကို ရင်သပ်ရှုမော ဖြစ်ခဲ့ပါတယ် ..." အောင်ရဲထိုက်၊ အာဒံဦး




#မောရုပ်ရှင်ဇာတ်ကားကြီး

10/09/2026

"ကိုယ်သဘောကျနေတဲ့ သူတော့ ရှိပါတယ် ... ထုတ်ပြောရင် မညားမှာစိုးလို့ ထုတ်မပြောတော့ဘူး.. နှင်းက အလုပ်တွေအများကြီးလုပ်ချင်သေးတဲ့အတွက် အလုပ်မှာအာရုံသေချာစိုက်ချင်သေးတယ်... အသားဖြူဖြူ မျက်မှန်နဲ့ကောင်လေးတွေကို သဘောကျတယ်..." နှင်း



#နှင်း
#မောရုပ်ရှင်ဇာတ်ကားကြီး

10/09/2026

"သားက ညီလေးကိုအရမ်းချစ်တယ်... အဲ့ဒါကြောင့် ညီလေးရောင်းတဲ့ အာလူးကြော်လည်း ကူရောင်းပေးဖို့ စဉ်းစားထားတယ် ... သားလည်း ဝယ်စားမယ် ... သားတို့အတူတူရိုက်ထားတဲ့ ရုပ်ရှင်တော့ မရှိသေးပါဘူး ... ပရိသတ်တွေအတွက် သားတို့ညီအစ်ကိုနှစ်ယောက် ကြော်ငြာလေးအတူရိုက်ထားပါတယ် ..." ဇွဲပြည့် ၊ သားချော






10/09/2026

"ချစ်မဝလေး ကလေးလိုချင်စိတ်ပေါက်သွားအောင် ကလေးပစ္စည်းတွေကို အတူလိုက်ကြည့်ခိုင်းတာပါ ... ကိုယ်ကတော့ ကလေးလိုချင်တာပေါ့ ... သူက ငယ်သေးတော့ နောက် တစ်နှစ်၊ နှစ်နှစ်လောက်ကျမှ ကလေးယူဖို့ ဆုံးဖြတ်ထားတယ် ..." ဇေယျ





10/09/2026

"Aura လေးက အတတ်အရမ်းမြန်လို့ အိမ်ကရှိတဲ့လူတွေ အနေအထိုင်အရမ်းကျုံ့နေကြပြီ ... ဘာမှမလုပ်ရဲဘူး ကိုယ်လုပ်တာမှန်သမျှ အကုန်လိုက်လုပ်နေတာ ... အိမ်ကသူတွေကို ခြင်မရိုက်ဖို့ပါ ပြောထားရတယ် ... အမေ့အလှပြင်ပစ္စည်းတွေကိုလည်း ကိုင်တယ်... ကွဲတာတွေလည်း များနေပါပြီ ..." ဂရေ့စ်ထူး






09/09/2026

"သူက ဖအေကို အရမ်းစချင်တဲ့သမီးဆိုတော့ သူ့ကိုမေးလိုက်ရင် သူ့အဖေက ဘယ်တော့မှမချောဘူး အသားမဲတယ်ပဲ ဖြေတာ.. ​ကြီးလာရင် မင်းသမီးလုပ်မယ်ပြောတာ ... သူ တကယ်ဖြစ်ချင်တဲ့ သူ့ဆန္ဒကို လင်မယားနှစ်ယောက်စလုံးက ပံ့ပိုးပေးမှာပါ ..." စည်ဖြိုး၊ ခင်လွှမ်း






09/09/2026

"ခေးက ကိုယ့်ထက် အသက်ငယ်ပေမယ့် အမေတစ်ယောက်အနေနဲ့ စီနီယာမေမေဖြစ်တယ်... ရင့်ကျက်တယ် ... သန်မာတယ် ... အစ်မအရမ်းကို လေးစားသဘောကျရတဲ့ အမျိုးသမီးတစ်ယောက်ထဲမှာပါတယ် ... ကလေးအမေတွေတွေ့ရင် ပြောကြတာတော့ ကိုယ့်ကလေးအကြောင်းတွေချည်းပါပဲ ... ခုဆို အဖိုးတွေအတွက် မြေးကတွေအရင်၊ သမီးတွေက နောက်မှာဖြစ်နေပါပြီ " ဂရေ့စ်ထူး၊ နဒီရွှေရည်






Address

ဗထူးအိမ်ယာ၊ BB1(204)၊ ပထမထပ်၊ မြောက်ဒဂုံ၊ ရန်ကုန်။
Yangon

Alerts

Be the first to know and let us send you an email when Art Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Art Media:

Shortcuts

Share