ခီရာ - Kira

ခီရာ - Kira Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ခီရာ - Kira, Digital creator, Yangon.

25/04/2025

ဘန်ကောက်ကစာပေချစ်သူတွေအတွက် အစီအစဉ်လေးတခုလုပ်ပေးဖို့ ရှိပါတယ်။

ဒီပေ့လေးကို မကြာခင်ပြန်ပြီး Active ပြန်ဖြစ်အောင် လုပ်သွားပါမယ်။

အားလုံးကို လွမ်းနေပါပြီ။
ကိုရဲတိုက်ရဲ့စကားကိုယူပြောရရင် “ကျွန်တော်လွမ်းတတ်နေပါပြီ” ပေ့ါ…။

ခီရာ

02/02/2024

လွှတ်ချလိုက်ပါလားတဲ့။
ပင်ပန်းနေမှန်းသိလို့ ပြောတဲ့ စေတနာစကားမှန်း ကိုယ်သိပါတယ်။
လွှတ်ချလိုက်တိုင်း လွတ်ကျသွားတာ သေချာရဲ့လား။
ကိုယ့်အပေါ်ဖိတ်ကျမလာဘူးလို့ကော တပ်အပ်ပြောနိုင်ပါရဲ့လား။

ကိုင်ထားရတာ လေးလံနေပါပြီ။

#ခီရာ

ရည်မှန်းချက်ပဲရှိပြီး အကောင်အထည်မဖော်ခဲ့တဲ့ အချိန်တုန်းကတော့ ဘဝဟာ ပျံသန်းလို့ကောင်းတုန်းပဲ၊ဟော...အကောင်အထည်ဖော်ဖို့အတွက်...
25/01/2024

ရည်မှန်းချက်ပဲရှိပြီး အကောင်အထည်မဖော်ခဲ့တဲ့ အချိန်တုန်းကတော့ ဘဝဟာ ပျံသန်းလို့ကောင်းတုန်းပဲ၊

ဟော...အကောင်အထည်ဖော်ဖို့အတွက် ရုပ်လုံးဆင်တုန်းပဲရှိသေး ဟပ်ထိုးလဲရတာနဲ့ ၊ ခလုပ်တိုက်မိ ရတာနဲ့ အလဲလဲအကွဲကွဲပဲ။


ဒဏ်ရာတွေကို ဖယ်ကြည့်တော့ သစ္စာမဲ့မှုတွေကိုပဲ တွေ့ရတယ်။နားရှိပေမယ့် ဦးနှောက်မရှိတော့လည်း ဘယ်လိုလိမ်ညာမှုမျိုးမဆို မျက်လုံ...
19/01/2024

ဒဏ်ရာတွေကို ဖယ်ကြည့်တော့ သစ္စာမဲ့မှုတွေကိုပဲ တွေ့ရတယ်။
နားရှိပေမယ့် ဦးနှောက်မရှိတော့လည်း ဘယ်လိုလိမ်ညာမှုမျိုးမဆို မျက်လုံးမှိတ် ယုံကြည်ခဲ့မိတာပဲလေ။

ပေးခဲ့သလောက် ပြန်မရခဲ့ပါဘူး။
အသွားအပြန်ရှိတယ်ဆိုတဲ့ မေတ္တာတရားဟာ ကိုယ့်တစ်ယောက်စာအတွက်တော့ ခြွင်းချက်ပဲ ထင်ပါရဲ့။

ဟန်ဆောင်မျက်နှာဖုံးတွေပါကွယ်။
ဖုံးကွယ်နေလည်း မထူးမှတော့ ခွာချခဲ့ယုံပေါ့။ ဘောလုံးပွဲတွေလို နာကျင်အချိန်ပိုလည်း ကိုယ်မရခဲ့ပါဘူး။ ဒီလမ်းကိုမှ ဒီလောက်နဲ့ပဲ ကိုယ်ခေါင်းငိုက်စိုက် လှည့်ပြန်ခဲ့ရတယ်။

#ခီရာ

19/01/2024

နားရှိပေမယ့် ဦးနှောက်မရှိတော့လည်း
သူဘာပဲပြောပြော ယုံမိတာပါပဲ။

ကျနော်က စောင်မှတ်မှ မရှိဘဲလေ ...

(ခီရာ)

15/01/2024

လွမ်းခွင့်ရှိရင် လွမ်းချင်ပါတယ်။

နမ်းခွင့် ရှိ,မရှိတော့ တွေ့ရင် မေးပါမယ်။

#ခီရာ

09/01/2024

အငြင်းသန်ခြင်း

အငြင်းသန်သူတွေဟာ ကြောက်ဖို့ကောင်းတယ်။
သူတို့အမှားကို မမြင်ကြဘူး။
သူတို့အပြစ်ကို မမြင်ကြဘူး။
သူတို့အားနည်းချက်ကို အတင်းဖုံးကွယ်ကြတယ်။
အမှားဟာ အလုပ်လုပ်တဲ့သူတွေအတွက် ကြောက်စရာမဟုတ်။
လုပ်လို့သာ မှားကြတာ။ ဘာမှ မလုပ်သူတွေက ဘာမှ မမှားဘူး။
အမှားကို ကြောက်ပြီး ငြင်းနေစရာ မလိုဘူး။
အမှားကနေသာ သင်ခန်းစာယူရမှာ။
ငြင်းနေလို့ ဘာသင်ခန်းစာမှ မရ။
လူမုန်းယုံသာ အဖက်တင်သည်။

Kira

“ ၅၀၀ ကျပ်တန်”     ငယ်ငယ်က ပိုက်ဆံကောက်ရဖူးသည်။ လွန်ခဲ့တဲ့ ၂၄နှစ်ခန့် ကျွန်တော် ၅နှစ် ၆နှစ် ဝန်းကျင်ကဖြစ်မည် ထင်သည်။ ကော...
06/01/2024

“ ၅၀၀ ကျပ်တန်”

ငယ်ငယ်က ပိုက်ဆံကောက်ရဖူးသည်။ လွန်ခဲ့တဲ့ ၂၄နှစ်ခန့် ကျွန်တော် ၅နှစ် ၆နှစ် ဝန်းကျင်ကဖြစ်မည် ထင်သည်။ ကောက်ရပုံက ဆန်းသည်။ ကျွန်တော်တို့မောင်နှမ လေးယောက် တခြားရပ်ကွက်ဘ ဗီဒီယိုရုံသို့ ရုပ်ရှင်သွားကြည့်ကြရာ ရှေ့မှ သုံးယောက်တွဲ သွားနေကြသော အစ်မ၊အစ်ကိုတို့က မတွေ့ဘဲ နောက်ဆုံးမှ တစ်ယောက်တည်းကျန်ရစ်ခဲ့သော ကျွန်တော်က ပိုက်ဆံကောက်ရခြင်း ဖြစ်သည်။ ပိုက်ဆံက ၅၀၀ကျပ်တန် ဖြစ်သည်။ တစ်ရက်ကို ကျောင်းမုန့်ဖိုး ၁၀ကျပ် ပဲရတဲ့ကာလမှာ ၅၀၀ တန် ကောက်ရခြင်း ဖြစ်သည်။ ဗီဒီယိုရုံဝင်ခက အဲ့အချိန်က တစ်ဦးကို ၅ကျပ် ထင်သည်။ ဗီဒီယိုရုံဝင်ခ အတိအကျပဲ အားလုံးက ပါလာကြသည်။ မုန့်စားဖို့ပင် အပို မပါခဲ့ကြတော့ပေ။ ကောက်ရသည့် ၅၀၀ ကျပ်တန်သည် အသစ်လွင်ကြီး မဟုတ်သော်လည်း အလတ်လေး ဖြစ်သည်။ အဲ့အချိန်က ၅၀၀ တန် ကောက်ရသည်ကို မည်မျှလောက် ပျော်သွားသလဲဆိုလျှင် ဒီဇမ္ဗူမှာ ငါကံအကောင်းဆုံးလို့ပင် ထင်သွားမိလောက်သည်။ ၅၀၀ တန်ကို ကောက်ယူပြီး ဝမ်းသားအားရ ရှေ့ကိုပြေးထွက်သွားကာ
“ ပိုက်ဆံ၅၀၀ ကောက်ရတယ်ကွ၊ ပိုက်ဆံကောက်ရတယ်… ဟေး”
“ပိုက်ဆံ၅၀၀ ကောက်ရတယ်…ဟေး”
ဆိုပြီး အော်ဟစ်ခုန်ပေါက်နေတော့သည်။ မောင်နှမတွေက ဝိုင်းမေးတာကိုပင် မဖြေနိုင်ဘဲ ၅၀၀ တန်ကြီး ထောင်ပြီး
“ပိုက်ဆံ ကောက်ရတယ်… ဟေး
ပိုက်ဆံ ကောက်ရတယ်..ဟေး” ဆိုကာ အော်ပဲ အော်နေသည်။

ထိုအချိန်မှာပဲ အနီးနားမုန့်ဆိုင်က ဦးလေးကြီးတစ်ယောက် ထွက်လာပြီး
“"သား၊ ပိုက်ဆံကောက်ရတာလား။ စောနက ဦးလေး ပိုက်ဆံကျပျောက်သွားလို့ လိုက်ရှာနေတာ”
“"ဦးလေးက ဘယ်လောက်ကျပျောက်သွားလို့တုန်း”

“"၅၀၀ တန်ကြီး ပျောက်သွားတာ”
“"သားကောက်ရတဲ့ ပိုက်ဆံ၅၀၀ က ဦးလေး ကျခဲ့တဲ့ ပိုက်ဆံ”

ထိုဦးလေးကြီး ထွက်လာတဲ့ မုန့်ဆိုင်ကနေ နောက်ထပ် အန်တီကြီးတစ်ဦး ထပ်ထွက်လာပြီး
“"ဟုတ်တယ် သား၊ သူပိုက်ဆံ ၅၀၀ ပျောက်သွားလို့ လိုက်ရှာနေတာ”

“"ဦးလေးပိုက်ဆံဆိုရင် နံပါတ်မှတ်မိလား” လို့ အစ်မက ဝင်မေးသည်။

“"ဘယ်သူက ပိုက်ဆံနံပါတ်တွေ လိုက်မှတ်ထားမလဲ သမီးရယ်”

“"ပျောက်သွားတဲ့ ပိုင်ရှင်ပြန်တွေ့နေပြီပဲ ပြန်ပေးလိုက်ပေါ့ကွယ်..” ဟု အန်တီကြီးက ဝင်ပြောသည်။ ထို့နောက် တဆက်တည်း
“"မုန့်ဖိုးလေးတော့ ပေးလိုက်ပေါ့။ ကလေးက ပိုက်ဆံကောက်ရတာကို “ ဟု ပိုက်ဆံပိုင်ရှင်ဟုပြောသည့် ဦးလေးကြီးဘက်ကို လှည့် ပြောလိုက်သည်။

“"မုန့်ဖိုးပေးပါမယ် သားရယ်၊ ဦးလေးပိုက်ဆံပါ။
ရော့ မုန့်ဖိုး” ဆိုပြီး ငါးကျပ်တန် ၂ရွက်၊ တစ်ဆယ်တန် ၂ရွက် ထုတ်ပေးသည်။
ထိုဦးလေးကြီး ပေးသည့် ပိုက်ဆံ၄ရွက်ကို ယောင်နနနဲ့ လှမ်းယူပြီး လက်ထဲက ၅၀၀ ကျပ်တန်ကို ကမ်းပေးလိုက်သည်။

“"ကျေးဇူးပါ သားရေ၊ ကျေးဇူးတင်ပါတယ်။”
ဟု ထိုဦးလေးကြီးက ကျေးဇူးတင်စကားတွေပြောပြီး လှည့်ထွက်သွားသည်။
“"ငါပြောပေးလို့ ရတာ၊ ငါ့ကိုလည်း ပေးဦး” ဟု အန်တီကြီးရဲ့အသံကို လှမ်းကြားလိုက်သေးသည်။

အစ်မက
“"နင် ဘာလို့ ၅၀၀ တန်ကို ပေးလိုက်ရတာလဲ” မေးသည်။

“"ဒီမှာလေ ပိုက်ဆံ ၄ရွက်တောင် ပြန်ရတယ်လေ” ဟု ပြန်ဖြေလိုက်သည်။

အဲ့နေ့က ဗီဒီယိုရုံမဝင်ခင် အချဉ်ထုပ်တွေအများကြီး ဝယ်လို့ ရလိုက်သည်။ အပြန် မုန့်တီပါ ဝင်သောက်ခဲ့ကြသည်။

(ခီရာ)
Sat,12.23

ဘုရားသွား၊ ကျောင်းတတ်ပေါ့ ကလေးရယ်က်ုယ့်လက်ကိုတွဲ လိုက်ခဲ့ပါ ။သံသရာခရီးဟာ ဒီထက်ရှည်ဦးမှာ.... #ခီရာ
05/01/2024

ဘုရားသွား၊ ကျောင်းတတ်ပေါ့ ကလေးရယ်
က်ုယ့်လက်ကိုတွဲ လိုက်ခဲ့ပါ ။

သံသရာခရီးဟာ ဒီထက်ရှည်ဦးမှာ....

#ခီရာ

ကျနော်ဟာ အရာရာ အားနည်းပါတယ်။တစ်ခုခုလိုချင်တာရှိရင် ဒါမှမဟုတ် တစ်ခုခု ဝမ်းနည်းတာရှိရင် ချောင်လေးတစ်ချောင်ချောင်မှာပဲ အမြဲ...
04/01/2024

ကျနော်ဟာ အရာရာ အားနည်းပါတယ်။
တစ်ခုခုလိုချင်တာရှိရင် ဒါမှမဟုတ် တစ်ခုခု ဝမ်းနည်းတာရှိရင် ချောင်လေးတစ်ချောင်ချောင်မှာပဲ အမြဲ ပြေးငိုတတ်ပါတယ်။

မျက်ရည်ကျရုံနှင့် မုန့် အမြဲရနေခဲ့တော့
မျက်ရည်ကိုပဲ အားသာချက်တစ်ခုလို
အသုံးချတတ်လာတယ်။

04/01/2024

မမြဲခြင်းလောကမှာ တစ်စုံတစ်ယောက်နဲ့ မြဲဖို့ ကြိုးစားရတာကလည်း ဒုက္ခတစ်မျိုးပဲ။

03/01/2024

မတွေ့တာကြာပြီဖြစ်တဲ့
မိတ်ဆွေ အပေါင်းအသင်း၊
အခုမှ စတင် တွေ့ဆုံရသူတို့နဲ့
တွေ့ဆုံရတဲ့အခါ
ဖုန်းကို မကြာခဏ မသုံးရဘူး။
မထိမဲ့မြင် မပြုရဘူး။
ဒါ မပြောဘဲသိနေရမယ့် လူမှုကျင့်ဝတ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ခီရာ - Kira posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share