Primacy Myanmar Property Management Co.,ltd

Primacy Myanmar Property Management Co.,ltd Real Estate Service & Rentals

Property Management & Cousultant

Single Residential Estate Projects

Emphasize in Yangon legislated property management

Robust Property Rental Terms & Services

Specialize in small and medium scale single housing projects

Reliable Real Estate Services

သွား​ရေးလာ​ရေး လွယ်ကူပြီးအချက်အချာကျတဲ့ သင်္ကန်းကျွန်းမြို့နယ် မှလူမ​နေရ​သေး တဲ့ condo ကွန်ဒိုအခန်းကျယ်​လေး အရောင်းရှိပါ...
10/12/2024

သွား​ရေးလာ​ရေး လွယ်ကူပြီး
အချက်အချာကျတဲ့ သင်္ကန်းကျွန်းမြို့နယ်
မှလူမ​နေရ​သေး တဲ့ condo ကွန်ဒိုအခန်းကျယ်​လေး အရောင်းရှိပါတယ်
သဃန်းကျွန်း Jnction Zawana အနီး

အကျယ်အဝန်း 1600 square feet
Master Bedroom တစ်ခန်း

Double Bedroom တစ်ခန်း

Single bed တစ်ခန်း

Store စတိုခန်း တစ်ခန်း

Kitchen

အပြင်ရေချိုးခန်း အိမ်သာ တစ်ခန်း

Aircon 4လုံး

ကားပါကင်တစ်စီးစာ

၂၄နာရီလုံခြုံရေးဝန်ထမ်း

ဓာတ်လှေကားနှင့် မီးစက်ပါရှိပါသည်

​စျေးနှုန်း သိန်း ၅ ၅ ၀ ၀

ဆက်သွယ်ရန်
Primacy Myanmar
Conaultant

09791622641

မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် 2️⃣3️⃣ ချက်        ၁။ မြေကွက်တည်နေရာနဲ့ အလားအလာ၊၂။ မြေကွက်အမျိုးအစား၊၃။ မြေကွက်တန်ဖိုးဈ...
10/12/2024

မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် 2️⃣3️⃣ ချက်

၁။ မြေကွက်တည်နေရာနဲ့ အလားအလာ၊

၂။ မြေကွက်အမျိုးအစား၊

၃။ မြေကွက်တန်ဖိုးဈေးနှုန်း
(ဆိုဈေးနဲ့ အလျှော့အတင်းအခြေ အနေ)

၄။ မြေကွက်အကျယ်အဝန်း
(နယ်နိမိတ်တိုင်းတာသတ် မှတ်တဲ့ မြေပုံနဲ့
တို.က်ဆိုင်စစ်ဆေး ပြီး အမှန်တကယ်ရှိမရှိ လက်တွေ့ တိုင်းကြည့်ရန်)

၅။ အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင်
ရောင်းချခြင်း ဟုတ်မဟုတ်၊

၆။ ပိုင်ဆိုင်မှုအဆင့် ဆင့်နဲ့ သက်ဆိုင်တဲ့
စာချုပ်၊ စာရွက်စာတမ်း အပြည့်အစုံမှုရှိမရှိ၊

၇။ ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့်
ရောင်းချခွင့်ရှိသူ ဟုတ်မဟုတ်၊

၈။ လိုအပ်ရင် အနည်းဆုံးလူနှစ်ဦးက
လက်မှတ်ရေးထိုးပေးနိုင်ခြင်း ရှိ မရှိ

၉။ လိုအပ်ရင်ဝယ်ယူမယ့်အ ကြောင်းကို
သတင်းစာမှာ ကြော်ငြာ တာတွေ လက်ခံ၊
လက်မခံ၊

၁၀။ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ စွန့်လွှတ်
လှူဒါန်း၊ အာမခံတင်သွင်းထားခြင်း ရှိမရှိ
တို့ကို သိထားသင့်ပါတယ်

၁၁။မြေကွက်အမှတ်၊ အိမ်အမှတ်၊

၁၂။ မြေကွက်မျက်နှာ ပြုလုပ်ရာအရပ်၊

၁၃။ လမ်းပန်းဆက်သွယ်ရေးနဲ့
ကားဝင်နိုင်မှုအ ခြေအနေ

၁၄။ ရေဝပ်၊ မဝပ်နဲ့ ရေဆင်းကောင်းမကောင်း၊

၁၅။ သ ဘာဝဘေးအန္တရာယ်ကြောင့်
ပေါ် ပေါက်နိုင်တဲ့ အန္တရာယ်ရှိမရှိ ( မြစ်ရေကြီးတာတွေ၊ တာကျိုးရေလျှံတာတွေ၊ ထူးကဲဒီရေမြုပ်ခြင်း၊ မြစ် ရေ တိုက်စားတာတွေ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ)၊

၁၆။ လျှပ်စစ်မီးရှိမရှိ၊

၁၇။ ရေရှိမှုအခြေ အနေ၊

၁၈။ အနီးပတ်ဝန်းကျင်အခြေအနေ၊

၁၉။ လမ်းမကြီး (ခရီး သည်တင်ဘတ်စ်ကားလိုင်း) က ဘယ်လောက်ကွာဝေးတယ်၊

၂၀။ မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ၊

၂၁။ အနီးဆုံးဈေးနဲ့ အနီးဆုံး ကျောင်းတွေ၊

၂၂။ သစ်ပင်နဲ့စားပင်တွေ ပါဝင်မှု၊

၂၃။ ပြန် ရောင်းရန် အလွယ်တကူပြန် ရောင်းရနိုင် မရနိုင် စတဲ့ အချက်အလက်တွေကို စိစစ်ဝယ်သူသင့်ပါ တယ်။

Credit : Kumudra

မင်္ဂလာပါ ပိုင်ရှင်ကိုယ်တိုင်အ​ရောင်းအပ်ထားတဲ့စာချုပ်စာတမ်းခိုင်မာတဲ့ ၄၀ × ၆၀သန်လျင် လုံးချင်း 1RC အ​ရောင်း​လေးပါသံလျှင်...
10/12/2024

မင်္ဂလာပါ

ပိုင်ရှင်ကိုယ်တိုင်အ​ရောင်းအပ်ထားတဲ့
စာချုပ်စာတမ်းခိုင်မာတဲ့ ၄၀ × ၆၀
သန်လျင် လုံးချင်း 1RC အ​ရောင်း​လေးပါ

သံလျှင် အောင်ချမ်းသာအပိုင်း ၁

အုတ်တံတိုင်း အပြည့်ခတ်ပြီး

လုံခြုံရေးချိန်းဘလိတ်များနှင့်တွဲထားသည်

ပေ ၄၀ ပေ၆၀ မြေကွက်
တစ်ထပ်ခွဲ တိုက်
အောက်ခန်း ၂ခန်း ဖွဲ့ပြီး

အပေါ်ထပ် လျှာထိုးခင်း

မီးဖို‌‌​​ချောင်

အိမ်သာရေချိုးခန်းနှင့် စတိုခန်းတွဲလျှက်ပါသည်

အဲယားကွန်း ၃လုံးပါသည်

အဝီစိတွင်းနှင့် pressure pump

ရေပူရေအေးစက် ပါဝင်တပ်ဆင်ထားပါသည်

ခြံထဲတွင် ကားနှစ်စီး ထည့်ထားနိုင်ပါသည် ။စာရွက်စာတမ်းခိုင်မာပြီး အလိုရှိက မိမိအမည်နှင့် ဂရံအမည်ဖောက်ရုံသာ

ရောင်း​စျေး 4800 lakhs
သိန်း ၄၈၀၀
အငှားလည်း ရပါသည်

ဆက်သွယ်ရန်
Primacy Myanmar Agent
09791622641

အိမ်ခြံ​မြေဗဟုသုတမှတ်စုတို
03/09/2023

အိမ်ခြံ​မြေဗဟုသုတ
မှတ်စုတို

အခွန်ဆောင်မည့်သူများအတွက် ( ၂၀၂၃/၂၄ ခုနှစ် ) တန်ဖိုးဖြတ် ( ရာဖြတ်နှုန်းထား ) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ...
03/09/2023

အခွန်ဆောင်မည့်သူများအတွက် ( ၂၀၂၃/၂၄ ခုနှစ် ) တန်ဖိုးဖြတ် ( ရာဖြတ်နှုန်းထား )
အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်

ကျွန်တော်တို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး

ဒါကြောင့်အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်

1. ၄ - လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

2. ၁-နှစ် အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)

3. အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ

4. ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ

5. ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း
(မူရင်းနှင့် မိတ္တူ )

6. ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်

7. တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ( ၄ % ) ဖိုးဝယ်ယူပြီး တံဆိပ်ခေါင်းခွန် ကပ်ရပါတယ်

အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်

ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ

ငွေဖြူမရှိရင်

သိန်း ၁၀၀၀ အောက် - ၃%

သိန်း ၁၀၀၀-၃၀၀၀ အထိ - ၅%

သိန်း ၃၀၀၀-၃၀၀၀၀ အထိ - ၁၀%

သိန်း၃၀၀၀၀ အထက် - ၃၀%

ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာပြဌာန်းထားပါတယ်

မူရင်းရေးသားသူကိုလေးစားစွာ Credit
ပေးပါတယ်

🏢အဆောက်အဦးတစ်ခုတရား၀င်ဆောက်လုပ်ရန်လိုအပ်သော စာရွက်စာတမ်းများ 🏠အဆောက်အဦးတစ်ခု တရား၀င်ဆောက်လုပ်ရန်အတွက် လိုအပ်သော စာရွက်စာ...
02/09/2023

🏢အဆောက်အဦးတစ်ခုတရား၀င်ဆောက်လုပ်ရန်လိုအပ်သော စာရွက်စာတမ်းများ 🏠

အဆောက်အဦးတစ်ခု တရား၀င်ဆောက်လုပ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှချမှတ်ထားသောစည်းကမ်းအချို့ကိုမျှဝေ ပါရ​စေ

ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင်

၁။ ဌာနမှသတ်မှတ်လျှောက်လွှာ

၂။ သတ်ဆိုင်ရာ ဌာနမှ ၃ နှစ်အတွင်းထုတ်ပေးထားသော မြေပုံ/မြေရာဇ၀င်မူရင်း

၃။ဂရန်မိထ္တူ ( သို့ ) နယ်နိမိတ်တိုင်းတာမှတ်သားထားသည့်မြေပုံ ( မူရင်း နှင့်တိုင်ဆိုင်စစ်ဆေးရန် )

၄။မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အခွန်အကြွေးအကျန်ကင်းရှင်းကြောင်းထောက်ခံချက်

၅။လျှောက်ထားသူ၏မှတ်ပုံတင်မိထ္တူ

၆။လျှောက်ထားသူကိုယ်တိုင်သတ်ရှိထင်ရှားရှိပြီးလက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၇။ဘေးမြေကွက်များမှကန့်ကွက်ရန်မရှိကြောင်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၈။အိမ်ငှားမရှိလျှင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်
ဆင့်ထောက်ခံချက် နှင့် အိမ်ငှားရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက် အပြင်မြို့နယ်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၉။လိုင်စင်ရအင်ဂျင်နီယာမှလက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ (၃)စုံနှင့် ပစ္စည်းစာရင်း (၃)စုံ

၁၀။ ၃ထပ်နှင့်အထက်အဆောက်အဦများအတွက် SEC မှတွက်ချက်ထားသော ခိုင်ခံမှုဆိုင်ရာတွက်ချက်မှုပုံစံ (၂) စုံ

ကိုယ်ပိုင်လုံးချင်းအဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင် လိုက်နာရမည့်မြေကျန်များ

၄၀ x ၆၀ ကျယ်၀န်းသည့်မြေကွက်ပေါ်တွင် ၃ထပ်နှင့်အောက်ကိုယ်ပိုင်လုံးချင်းတည်ဆောက်လိုပါကအဆောက်အဦဆောက်လုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အနောက်ဖေး ၆ ပေ ( နောက်ဖေးလမ်းကြားရှိပါက ၁ ပေ )၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၃ပေ ချန်ပြီးဆောက်လုပ်ရပါမည်။

၄၀ x ၆၀ အောက်ငယ်သည့်မြေကွက်ပေါ်တွင် ကိုယ်ပိုင်လုံးချင်းတည်ဆောက်လိုပါကအဆောက်အဦဆောက်လုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အနောက်ဖေး ၆ ပေ ( နောက်ဖေးလမ်းကြားရှိပါက ၁ ပေ)၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၁ ပေ ချန်ပြီးဆောက်လုပ်ရပါမည်။

ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင် အနည်းဆုံးထားရှိရမည့်အခန်းအမြင့်များမှာ မြေညီ ၁၀ ပေ၊ကျန်အထပ်များ ၉ ပေဆီထားရှိရမည်ဖြစ်ပြီး အထက်ပါသတ်မှတ်ချက်အားပြောင်းလဲလိုပါကခိုင်လုံသောအကြောင်းပြချက်ဖြင့်သီးခြားခွင့်ပြုချက်ရယူဆောင်ရွက်ရပါမည်။

အထက်ပါအစည်းမျည်းစည်းကမ်းများအတိုင်းတည်ဆောက်ပြီးစီးသွားသောအခါ သက်သေခံလက်မှတ်( B.C.C ) လျှောက်ထားရာတွင်

၁။ B.C.C လျှောက်လွှာ

၂။လျှောက်ထားသူ/ ပိုင်ရှင် ၏မှတ်ပုံတင်မိထ္တူ

၃။လျှောက်ထားသူကိုယ်တိုင်သတ်ရှိထင်ရှားရှိပြီးလက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၄။ဆောက်လုပ်ခွင့်ပါမစ် မိတ္တူ

၅။ဆောက်လုပ်ခွင့်ပုံစံ Drawing မိတ္တူ ၁ စုံ

၆။ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခငွေသွင်းချလံမိတ္တူ

၇။အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း လိုင်စင်အင်ဂျင်နီယာနှင့်

၈။စစ်ဆေးရေးအင်ဂျင်နီယာ၏ မှတ်ချက်ပါရှိသော log-book

၉။သန့်ရှင်းရေးဌာန၏အမှိုက်ပုံး၀ယ်ပြီးကြောင်း ထောက်ခံချက်

၁၀။ပြည်တွင်းအခွန်ဦးစီးဌာန၏အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် တို့လိုအပ်ပါသည်။

Address

Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959783658887

Alerts

Be the first to know and let us send you an email when Primacy Myanmar Property Management Co.,ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Primacy Myanmar Property Management Co.,ltd:

Share