Zarfirah Publisher

Zarfirah Publisher Islamic Kids Educational Books

16/06/2026

"May Allah grant this year to us with security, faith, safety, and Islam. Wishing you a blessed Hijri New Year!" 1448.

ကုရ်ဘာနီ✨✨✨✨✨✨✨✨✨ကုရ်ဗာနီနေ့ရက်များတွင် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန် ရည်ရွယ်၍ ဇဗဟ်ပြုလုပ်သော တိရိစ္ဆာန်ကို ကုရ...
06/05/2026

ကုရ်ဘာနီ
✨✨✨✨✨✨✨✨✨
ကုရ်ဗာနီနေ့ရက်များတွင် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန် ရည်ရွယ်၍ ဇဗဟ်ပြုလုပ်သော တိရိစ္ဆာန်ကို ကုရ်ဗာနီဟု ခေါ်ပါသည်။ တမန်တော်မြတ်(ﷺ)က ကုရ်ဗာနီနေ့ရက်များတွင် ကုရ်ဘာနီပြုလုပ်ခြင်းထက် အလ္လာဟ်အရှင်မြတ် ပိုမိုနှစ်သက်တော်မူသော အခြားမည်သည့် ကောင်းမှုကုသိုလ်မျှမရှိ ထိုနေ့ရက်များတွင် ဤကောင်းမှုသည် အခြားသော ကောင်းမှုအားလုံးထက် သာလွန်ထူးမြတ်ပါသည်။ တိရိစ္ဆာန်ကို ဇဗဟ်ပြုလုပ်လိုက်သောအခါ ၎င်း၏ သွေးစက်သည် မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် အလ္လာဟ်အရှင်မြတ်ထံတော် လက်ခံအတည်ပြုခြင်း ခံရပြီးဖြစ်သည်။ ထို့ကြောင့် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ စိတ်ကြည်လင်စွာဖြင့် ကုရ်ဗာနီကို ပြုကြပါလေဟု မိန့်ကြားတော်မူပါသည်။ (သိရ်မီဇီကျမ်း)

မည်သူမဆို ကုရ်ဗာနီ ပြုလုပ်ရန် တတ်စွမ်းနိုင်ပါလျက် (၎င်းအပေါ်၌ ဝါဂျိဗ်တာဝန်ဖြစ်နေပါလျက်)ကုရ်ဗာနီ မပြုလုပ်ပါက ထိုသူသည် ကျွန်ုပ်တို့၏ အီးဒ်ဂါဟ် သို့မလာရောက်ပါစေနှင့်ဟုလည်း မိန့်ကြားခဲ့ပါသည်။
(အိဗ်နေမာဂျဟ်ကျမ်း)

ကုရ်ဗာနီပြုလုပ်ရမည့်အချိန်
✨✨✨
ဇိလ်ဟဂျ်လ (၁ဝ)ရက်နေ့ နံနက်ပိုင်းမှစ၍ (၁၂)ရက်နေ့ နေဝင်ချိန် မဂ်ရိဗ်အထိ ကုရ်ဗာနီပြုလုပ်ရန် အချိန် ရှိပါသည်။ သို့သော်လည်း အီးဒ်နမာဇ်ဝတ်မပြုမီ ကြိုတင်၍ ကုရ်ဗာနီ ပြုလုပ်ခြင်း မပိုင်ပါ။ သို့ရာတွင် အီးဒ်နမာဇ် ဝတ်ပြုလေ့မရှိသော ကျေးရွာများတွင်မူ နံနက်အာရုဏ်တက်ပြီးသည်နှင့် ကုရ်ဗာနီပြုလုပ်ခွင့် ရှိပါသည်၊။

ကုရ်ဗာနီ တာဝန်ထိုက်သူ
✨✨✨
မုစ်လင်မ်ဖြစ်ပြီး အသိဉာဏ် ပြည့်ဝသူ အရွယ်ရောက်ပြီးသူ နိဆွာဗ်သတ်မှတ်ပမာဏ ပိုင်ဆိုင်သူ ခရီး သည်မဟုတ်ဘဲ မိမိနေရပ်တွင် ရှိနေသူတိုင်း (အမျိုးသား၊ အမျိုးသမီးမရွေး) အပေါ်၌ ကုရ်ဗာနီပြုလုပ်ရန် ဝါဂျိဗ် တာဝန်ဖြစ်ပါသည်။
သတိပြုရန်။ ။ အချို့သော သူများသည် ကုရ်ဗာနီကို ဟဂျ်ကဲ့သို့ ထင်မှတ်ပြီး ဘဝတွင် တစ်ကြိမ်သာ ပြုလုပ်လျှင် လုံလောက်ပြီဟု ယူဆကြသည်။ ၎င်းသည် အလွန်ကြီးမားသော အမှားတစ်ခုဖြစ်သည်။ ဇကားသ်ကဲ့ သို့ပင် နိဆွာဗ်ပိုင်ဆိုင်သူတိုင်းသည် နှစ်စဥ်နှစ်တိုင်း ကုရ်ဗာနီပြုလုပ်ရန် တာဝန်ရှိသည်။ အိမ်တစ်အိမ်တည်းတွင် ဇနီး၊ မိခင်၊ သမီး၊ ဖခင်၊ ခင်ပွန်းစသည်ဖြင့် အားလုံးသည် သီးခြားစီ နိဆွာဗ်ပိုင်ဆိုင်ကြပါက လူတိုင်းအပေါ်၌ ကုရ်ဗာ နီ သီးသန့်စီပြုလုပ်ရန် ဝါဂျိဗ်တာဝန်ဖြစ်သည်။

နိဆွာဗ်ပိုင်ဆိုင်သူ ဆိုသည်မှာ
✨✨✨
ကုရ်ဗာနီနေ့ရက်များတွင် မိမိနေထိုင်ရာ အိမ်၊ စားနပ်ရိက္ခာ အဝတ်အထည်နှင့် နေ့စဥ်အသုံးအဆောင် ပစ္စည်းများအပြင်
ရွှေ ၇ တိုလာခွဲ (၈၇ ဂရမ် ၄၈၀ မီလီဂရမ်)
သို့မဟုတ် ငွေ ၅၂ တိုလာခွဲ (၆၁၂ ဂရမ် ၃၆၀ မီလီဂရမ်)
သို့မဟုတ် ထိုပမာဏနှင့် ညီမျှသော ငွေကြေး၊ ကုန်သည်လုပ်ငန်းသုံးပစ္စည်းများ မိမိ၏ အခြေခံ လိုအပ်ချက်ထက်ပိုလျှံနေသော အိမ်၊ မြေ၊ ဆိုင်ခန်းသို့မဟုတ် အခြားပစ္စည်း ကိရိယာများပိုင်ဆိုင်ထားသူကို နိဆွာဗ်ပိုင်ဆိုင် သူဟု ဆိုလိုခြင်းဖြစ်ပါသည်။
ထိုကဲ့သို့သော သူအပေါ်၌ ကုရ်ဗာနီပြုလုပ်ရန် ဝါဂျိဗ်ဖြစ်ပါသည်။ ကုရ်ဗာနီတွင် ဤပိုင်ဆိုင်မှုအပေါ် တစ်နှစ်ပြည့်ရန် (ဇကားသ်ကဲ့သို့) မလိုအပ်ပါ။ ထို့နည်းတူ ကုန်သွယ်မှုပြုလုပ်သည့် ပစ္စည်းဖြစ်ရန်လည်း မလိုအပ်ပါ။

ကုရ်ဗာနီပြုလုပ်ရမည့် တိရိစ္ဆာန်များ
✨✨✨
(၁) တိရိစ္ဆာန်ကြီးများ ကုလားအုတ်ဖြစ်ပါက အသက်(၅)နှစ်ထက် မနည်းရပါ. နွား၊ နွားသိုးနှင့် ကျွဲဖြစ်ပါက အနည်းဆုံးအသက် (၂)နှစ်ပြည်ပြီး ဖြစ်ရပါမည်။
(၂) တိရိစ္ဆာန်ငယ်များ အမြီးကို သိုး၊ သိုးနှင့် ဆိတ်ဖြစ်ပါက အနည်းဆုံး (၁)နှစ်ပြည့်ရပါမည်။ အကယ်၍ အသက် (၁)နှစ်ထက်နည်းပါက ကုရ်ဗာနီ မပိုင်ပါ။
သို့ရာတွင် ၆ လသား အရွယ်ရှိသော သိုးသည် ခန္ဓာကိုယ် ထွားကြိုင်းပြီး သိုးအုပ်ထဲတွင် လွှတ်ထားပါက အသက်(၁) နှစ်အရွယ်သိုးများနှင့် တန်းတူထင်မှတ်ရလောက်အောင် ထွားကြိုင်းနေပါက ၎င်းဖြင့်ကုရ်ဗာနီ လုပ်ပိုင်ခွင့် ရှိပါသည်။ သို့သော်ဆိတ်ဖြစ်နေပါက မည်မျှပင် ထွားကြိုင်းနေပါစေ အသက်(၁)နှစ်ပြည့်ရန် တစ်ရက်မျှ လိုနေသေးလျှင်ပင် ၎င်းဖြင့် ကုရ်ဗာနီ လုပ်ခွင့်မရှိပါ။

ဓမ္မသတ်များ
✨✨✨
(၁) ဆိတ်၊ သိုးဖြင့် ကုရ်ဗာနီပြုလုပ်ပါက လူတစ်ဦးတည်းအတွက်သာ ကိုယ်စား ပြုခွင့်ရှိပါသည်။
(၂) နွား၊ ကျွဲ၊ ကုလားအုတ်တွင် အများဆုံး လူ (၇) ဦးအထိ အစုစပ် ပါဝင်နိုင်ပါသည်။ သို့‌သော် သတ်မှတ်ချက်မှာ ပါဝင်သူအားလုံးတွင် ကုရ်ဗာနီပြုလုပ်ရန် သို့မဟုတ် အကီကဟ်ပြုလုပ်ရန် ရည်ရွယ်ချက် နီယသ်အသီးသီးရှိကြရပါ မည်။ အကယ်၍ ပါဝင်သူတစ်ဦးဦးသည် အသားစားရန် သို့မဟုတ် အသားရောင်းချရန် ရည်ရွယ်ချက်ရှိခဲ့လျှင် မည်သူတစ်ဦးတစ်ယောက်၏ ကုရ်ဗာနီ ဥပမာ (၇) ဦးအစုစပ်ပါခဲ့လျှင် (၇) ဦးလုံး၏ ကုရ်ဗာနီ အထမြောက်မည် မဟုတ်ပါ။
(၃) သင်းထားသော တိရိစ္ဆာန်ဖြစ်စေ၊ မသင်းထားသော တိရိစ္ဆာန်ဖြစ်စေ အထီးဖြစ်စေ၊ အမဖြစ်စေ မည်သည့် အမျိုးအစားမဆို ကုရ်ဗာနီပြုခွင့် ရှိပါသည်။
(၄) ကုရ်ဗာနီပြုလုပ်မည့် တိရိစ္တာန်၌ ထွားကြိုင်းသန်မာရပါမည်။ ခြေမသန်ခြင်း ခြေခွင်ခြင်း မျက်စိကန်းခြင်း နှင့် အလွန်တရာပိန်လှီ ချို့တဲ့ခြင်း စသည့်အပြစ်အနာအဆာ များ ကင်းစင်ရပါမည်။ ထို့ပြင် ၎င်း၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု ဥပမာ အမြီး၊ နားရွက် စသည်တို့၏ သုံးပုံတစ်ပုံသို့မဟုတ် သုံးပုံတစ်ပုံထက် ပို၍ ပြတ်တောက် နေခြင်းမျိုး မရှိစေရပါ။
(၅) မည်သည့်တိရိစ္ဆာန်မဆို သွားလုံးဝ မရှိတော့ပါက သို့မဟုတ်သွားအများစု ကျိုးပဲ့ကြွေကျနေပါက ၎င်းဖြင့် ကုရ်ဗာနီပြုလုပ်ခြင်း မပိုင်ပါ။ သို့ရာတွင် ထိုသို့သွားမစုံသော်လည်း မြက်သို့မဟုတ် အစာကို ကိုယ်တိုင်အဆင်ပြေ ပြေ ကောက်ယူစားသောက်နိုင်ဆဲဖြစ်လျှင်မူ ကုရ်ဗာနီပြုလုပ်ခြင်း ပိုင်ပါသည်။ (ဂျဝါဟိရုလ်ဖိကဟ် အတွဲ(၁) စာ ၄၅၀)
(၆) ‌မွေးရာပါ နားရွက်လုံးဝ မပါလာသော တိရိစ္ဆာန်ဖြင့် ကုရ်ဗာနီ ပြုလုပ်ခြင်းသည် မပိုင်ပါ။ သို့သော် အကယ်၍ နားရွက်များရှိနေပြီး အလွန်သေးငယ်နေပါကမူ ၎င်းဖြင့်ကုရ်ဗာနီ ပြုလုပ်ခြင်းသည် ပိုင်ပါသည်။
(၇) မွေးရာပါ ဂျိုမပါလာသော တိရိစ္ဆာန်ဖြစ်စေ သို့မဟုတ် ဂျိုကျိုးနေသော တိရိစ္တာန်ဖြစ်စေ ကုရ်ဗာနီပြုလုပ် ခြင်းသည် ပိုင်ပါသည်။ သို့သော် ဂျိုကျိုးသွားသည့် ဒဏ်ရာသည် ဦးခေါင်းအတွင်ပိုင်း ဦးနှောက်သို့မဟုတ် အသားအထိ နက်ရှိုင်းစွာ ထိခိုက်ပျက်စီးသွားခြင်းမျိုး မရှိစေရပါ။
(၈) သင်းထားသော တိရိစ္ဆာန်ဖြင့် ကုရ်ဗာနီပြုလုပ်ခြင်းသည် ပိုင်ရုံသာမက ပိုမို၍ မွန်မြတ်ပါသည်။ သို့သော် အထီး အမ အင်္ဂါနှစ်မျိုးလုံးပါဝင်သော ဒွိလိင်တိရိစ္ဆာန်ဖြင့် ကုရ်ဗာနီပြုလုပ်ခြင်းသည် လုံးဝမပိုင်ပါ။
(၉) တိရိစ္ဆာန်၏ ခြေထောက်တွင် အနည်းငယ် ထော့နဲ့ခြင်း (ခြေမသန်ခြင်း)ရှိသော်လည်း ၎င်းကိုယ်တိုင် ဇဗဟ် ပြုမည့်နေရာအထိ လမ်းလျှောက်သွားနိုင်စွမ်း ရှိလျှင် ထိုကဲ့သို့သော တိရိစ္ဆာန်ဖြင့် ကုရ်ဗာနီပြုလုပ်ခြင်းသည် ပိုင်ပါ သည်။
(၁ဝ) ဇီးရှိသော တိရိစ္တာန်ဖြင့် ကုရ်ဗာနီပြုလုပ်ခြင်း ပိုင်ပါသည်။ သို့ရာတွင် သားဖွားခါနီး အချိန်ကာလသို့ ရောက်နေပါက မက္ကရူဟ်ဖြစ်ပါသည်။ အကယ်၍ ဇဗဟ်ပြုလုပ်ပြီးနောက် ဝမ်းဗိုက်ထဲမှ ကလေးသည် အသက်ရှင် လျက် ထွက်လာပါက ၎င်းကလေးကိုလည်း ထပ်မံဇဗဟ်လုပ်ပေးရပါမည်။ ထိုကလေး၏အသားကို စားသုံးခြင်း လည်း ပိုင်ပါသည်။
(၁၁) ကုရ်ဗာနီအတွက် သတ်မှတ်ထားသော တိရိစ္ဆာန်ထံမှ နို့ညှစ်ယူခြင်း သို့မဟုတ် ၎င်း၏ အမွှေးအမျှင်များကို ညှစ်ယူခြင်းသည် မပိုင်ပါ၊ အကယ်၍ ထိုသို့ပြုလုပ်မိခဲ့ပါက ညှစ်ယူခဲ့သော နို့သို့မဟုတ် ညှစ်ပစ်ခဲ့သော အမွှေး သို့မဟုတ် ၎င်းတို့၏ တန်ဖိုးငွေကို ဆွဒ်ကဟ်အလှူပေးပစ်ရန် ဝါဂျိဗ်ဖြစ်ပါသည်။ (ဂျဝါဟိရုလ်ဖိကဟ် တွဲ(၁)- စာ ၄၅ဝ)
ကုရ်ဗာနီ ပြုလုပ်နည်း
ကုရ်ဗာနီ ပြုလုပ်မည့် တိရိစ္ဆာန်ကို မိမိကိုယ်တိုင် ဇဗဟ်ပြုလုပ်သင့်ပါသည်။ အကယ်၍ မိမိကိုယ်တိုင် ဇဗဟ်မလုပ်နိုင်ပါက အခြားသူတစ်ဦးအား ဇဗဟ်လုပ်ခိုင်းပြီး မိမိကိုယ်တိုင်ကမူ ထိုနေရာတွင် အနီးကပ် မတ်တပ် ရပ်နေရပါမည်။
တိရိစ္ဆာန်သည် ဆာလောင်မွတ်သိပ်နေခြင်းမျိုး မရှိစေရပါ။ တိရိစ္ဆာန်ကို လက်ဝဲဘက်သို့စောင်း၍ ကိဗ်လဟ် ဘက်သို့ မျက်နှာမူလျက် လှဲသိပ်ထားရပါမည်။ ပြီးနောက် လှီးဖြတ်ခြင်း မပြုမီ ဤဒုအာကို ဖတ်ရပါမည်။

إِنِّي وَجَّهْتُ وَجْهِيَ لِلَّذِيْ فَطَرَ السَّمَاوَاتِ وَالْأَرْضَ حَنِيفًا وَّمَا أَنَا مِنَ الْمُشْرِكِينَ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلهِ رَبِّ الْعَالَمِينَ

ထို့နောက် بِسْمِ اللّٰهِ اللّٰهُ اَكْبَرْဟုဆိုကာ တိရိစ္တာန်ကို ဇဗဟ်ပြုလုပ်ရပါမည်။ ဇဗဟ်ပြုလုပ်ပြီးသော အခါ အောက်ပါဒုအာကိုဆက်လက် ဖတ်ရပါမည်။
اَللّٰهُمَّ تَقَبَّلْهُ مِنِّيْ كَمَاتَقَبَّلْتَ مِنْ حَبِيْبِكَ مُحَمَّدٍ وَخَلِيْلِكَ إِبْرَاهِيْمَ عَلَيْهِمَا السَّلاَمُ
အကယ်၍ အခြားသူတစ်ဦးဦး၏ ကိုယ်စား ဇဗဟ်ပြုလုပ်ပေးနေခြင်းဖြစ်ပါက ဒုအာတွင်ပါရှိသောمِنِّيْ ဟူသော စကားလုံးအစား مِنْ ပြီးလျှင် ကုရ်ဗာနီပိုင်ရှင်သို့မဟုတ် အစုစပ်ပါဝင်သူ လူအားလုံး၏ အမည်ကို ထည့်သွင်းရွတ်ဆို ရပါမည်။

ကုရ်ဗာနီအသားကို ခွဲဝေခြင်း
✨✨✨
ကုရ်ဗာနီအသားကို သုံးပုံပုံရပါမည်။ အကောင်းဆုံးနည်းလမ်းမှာ
ပထမတစ်ပုံကို ဆင်းရဲနွးမ်ပါးသူများအား လှူဒါန်းရပါမည်။
ဒုတိယတစ်ပုံကို မိတ်ဆွေသူငယ်ချင်းများ ဆွေမျိုးသားချင်းများထံ ပေးကမ်းရပါမည်။
တတိယတစ်ပုံကို မိမိမိသားစုအတွက် ထားရှိရပါမည်။
သို့ရာတွင် မိမိကိုယ်တိုင်ပင် အသားအားလုံးကို သိမ်းဆည်း သုံးဆောင်ခဲ့မည်ဆိုလျှင်လည်း အပြစ်မရှိဘဲ ပိုင်ဆိုင်ခွင့်ရှိပါသည်။ ကုရ်ဗာနီအသားကို မုစ်လင်မ်မဟုတ်သူများအား ပေးကမ်းဝေငှခြင်းသည်လည်း ပိုင်ပါသည်။

ကုရ်ဗာနီ သားရေ
✨✨✨
ကုရ်ဗာနီသားရေကို ဇကားသ်စားထိုက်သော ဆင်းရဲနွမ်းပါးသူများကိုသာ ပေးရပါမည်။ ကုရ်ဗာနီသား‌ရေ သို့မဟုတ် ၎င်းကိုရောင်းရငွေအား သားသတ်သမား၏ လုပ်အားခအဖြစ် ပေးချေခြင်း၊ ဗလီဝတ်ကျောင်းတော် ပြုပြင် ထိန်းသိမ်းရေးတွင် အသုံးပြုခြင်း သို့မဟုတ် အများအကျိုးပြု ကောင်းမှုကုသိုလ်များတွင် အသုံးပြုခြင်း မပိုင်ပါ။

ပြန်ဆိုတင်ပြသူ-မော်လာနာ အုဆ်မားန် ရန်ကုန်
Zarfirah Publisher
No(207 ), 37th street, Kyauktada, Yangon.

Arabic Numerals အရဗီ ကိန်းဂဏန်းများ
22/03/2026

Arabic Numerals အရဗီ ကိန်းဂဏန်းများ

Arabic Alphabets အရဗီ ဗျည်းအက္ခရာများ
22/03/2026

Arabic Alphabets အရဗီ ဗျည်းအက္ခရာများ

အီးဒ်ဒုလ်ဖိသိရ် နေ့မြတ်မင်္ဂလာ ၂၀၂၆ ခုနှစ်၊ ဟစ်ဂျရီ ၁၄၄၇။
20/03/2026

အီးဒ်ဒုလ်ဖိသိရ် နေ့မြတ်မင်္ဂလာ ၂၀၂၆ ခုနှစ်၊ ဟစ်ဂျရီ ၁၄၄၇။

📣📣📣 Hijri 1447 Eidul Fitir နေ့အတွက် Eid Hadiya Card လက်ဆောင်📣📣📣အီးဒ်နေ့များတွင် ဆဟာဗဟ်သာဝကကြီးများ၏ အမူအကျင့်🌟🌟🌟🌟🌟🌟🌟🌟 تَ...
19/03/2026

📣📣📣 Hijri 1447 Eidul Fitir နေ့အတွက် Eid Hadiya Card လက်ဆောင်📣📣📣

အီးဒ်နေ့များတွင် ဆဟာဗဟ်သာဝကကြီးများ၏ အမူအကျင့်
🌟🌟🌟🌟🌟🌟🌟🌟
تَقَبَّلَ اللّٰهُ مِنَّا وَمِنْكُمْ
Taqabbalallahu Minnar Wa Min K*m
May Allah accept from us and from you
ကျွန်ုပ်နှင့်အသင်၏ ကောင်းမှုများကို အလ္လာဟ်အရှင်မြတ်လက်ခံတော်မူပါစေ။
✨✨✨✨✨✨✨
အီးဒ်နေ့များတွင် تَقَبَّلَ اللّٰهُ مِنَّا وَمِنْكُمْ အလ္လာဟ်အရှင် မြတ်သည် ကျွန်ုပ်တိုနှင့် သင်တို၏ ကောင်းမှုများကို လက်ခံတော်မူပါဟု ပြောဆိုခြင်းသည် အချိုသော ဆင့်ပြန်ချက်များနှင့် ဆွဟာဗဟ်သာဝကကြီးများ၏ လုပ်ဆောင်ချက်များအရ သက်သေထင်ရှားရှိပါသည်။ ထိုပြင် အခြားညီနောင် တစ်ဦးအား ကောင်းချီးမင်္ဂလာအတွက် ဆုတောင်းပေးခြင်းသည်လည်း ကောင်းသောလုပ်ရပ်ဖြစ်ပါသည်။ ထိုကြောင့် Eid Mubarak (မင်္ဂလာရှိသော အီးနေ့ဖြစ်ပါစေ)ဟု ပြောဆိုခြင်းသည်လည်း ခွင့်ပြုချက်ရှိပါသည်။
ဒါရုလ်အူလူမ် ဒီယိုဗန်ဒ်၏ ဓမ္မသတ်ဌာန
ဖသ်ဝါ အမှတ်စဥ် 953-805/0=09/1440
ပြန်ဆိုတင်ပြသူ-မော်လာနာ အုဆ်မားန် ရန်ကုန်

❇️Like, share, comment ပေးပြီး တစ်ဦးလျှင် Eid Hadiya Card အခု 20 စီလက်ဆောင်ကို 19.3.2026 မှ 20.3.2026 အတွင်း Messenger (သို့) ဖုန်းကြိုဆက်ပြီး လာရောက်ထုပ်ယူနိုင်ပါပြီ။

💎 Zarfirah Publisher
🏠 No(207 ), 37th street, Kyauktada, Yangon.
📱 09428702845

15/03/2026

အီးဒ်နေ့များတွင် ဆဟာဗဟ်သာဝကကြီးများ၏ အမူအကျင့်
🌟🌟🌟🌟🌟🌟🌟🌟

تَقَبَّلَ اللّٰهُ مِنَّا وَمِنْكُمْ
Taqabbalallahu Minnar Wa Min K*m
May Allah accept from us and from you
ကျွန်ုပ်နှင့်အသင်၏ ကောင်းမှုများကို အလ္လာဟ်အရှင်မြတ်လက်ခံတော်မူပါစေ။
✨✨✨✨✨✨✨

အီးဒ်နေ့များတွင် تَقَبَّلَ اللّٰهُ مِنَّا وَمِنْكُمْ အလ္လာဟ်အရှင် မြတ်သည် ကျွန်ုပ်တို့နှင့် သင်တို့၏ ကောင်းမှုများကို လက်ခံတော်မူပါဟု ပြောဆိုခြင်းသည် အချို့သော ဆင့်ပြန်ချက်များနှင့် ဆွဟာဗဟ်သာဝကကြီးများ၏ လုပ်ဆောင်ချက်များအရ သက်သေထင်ရှားရှိပါသည်။ ထို့ပြင် အခြားညီနောင် တစ်ဦးအား ကောင်းချီးမင်္ဂလာအတွက် ဆုတောင်းပေးခြင်းသည်လည်း ကောင်းသောလုပ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် Eid Mubarak (မင်္ဂလာရှိသော အီးနေ့ဖြစ်ပါစေ)ဟု ပြောဆိုခြင်းသည်လည်း ခွင့်ပြုချက်ရှိပါသည်။

ဒါရုလ်အူလူမ် ဒီယိုဗန်ဒ်၏ ဓမ္မသတ်ဌာန
ဖသ်ဝါ အမှတ်စဥ် 953-805/0=09/1440
ပြန်ဆိုတင်ပြသူ-မော်လာနာ အုဆ်မားန် ရန်ကုန်

2026 ခုနှစ် ရမ်ဒွါန် လမြတ် အချိန်ဇယား။ RAMDAN Timetable 2026
19/02/2026

2026 ခုနှစ် ရမ်ဒွါန် လမြတ် အချိန်ဇယား။
RAMDAN Timetable 2026

2026 Calenderဇွာဖေရဟ် အစ္စလာမ်ဘာသာရေးပြက္ခဒိန်။
01/01/2026

2026 Calender
ဇွာဖေရဟ် အစ္စလာမ်ဘာသာရေးပြက္ခဒိန်။

Address

207, 37th Street
Yangon
11128

Alerts

Be the first to know and let us send you an email when Zarfirah Publisher posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zarfirah Publisher:

Shortcuts

Share

Category