15/07/2026
Roll on ဆိုမသုံးတာကလေ အရင်ပိုစ့်တုန်းကရေးဖူးလားတော့မသိဘူး၊ သူ့ fragrance, alcohol တွေက ဂျိုင်းသားညစ်တာတွေ ၊ အဝတ်အဖြူမှာဆို စွန်းတာတွေ ဝါတာတွေရယ် ချွေးနံ့မထွက်အောင်လုပ်တဲ့သဘောဆိုတော့ ချွေးပေါက်ပိတ်တာ၊ အဆီဖုထတာ၊ နေ့တိုင်းချေးမတွန်းဘူးရေကိုပြီးစလွယ်ချိုးရင် roll on သုံးချိန်ကျ ဆဲလ်သေတွေကြောင့် ဘတ်တီးရီးယားပိုပျံ့တာ၊ အဓိိကက aluminium ဒြပ်ပေါင်းကြောင့် ခုဏပြောတဲ့ clog pore ဖြစ်တာဘဲ။ ဒါမို့မသုံးတာ။
ဒါနဲ့နေကပူတဲ့နေ့ကျ cream ဘာညာနဲ့ကျ အလုပ်မဖြစ်၊ ကိုယ့်ပါကိုယ်လဲ insecure ဖြစ်နေတာနဲ့ပဲ mild ဖြစ်တဲ့ထဲက ရှာတော့ ဒါလေးတွေ့လာတယ်။ 😂
Organic Chamomile လိုမျိုး အသားအရေကို အေးမြသက်သာစေတဲ့ သဘာဝပစ္စည်းတွေပဲ အဓိက
သုံးထားပါတယ်တဲ့ (shave တာ နုတ်တာတို့ကြောင့်ဖြစ်တာလောက်ကိုပြောတာ သက်သာမယ်ပေါ့) ၊ Hyaluronic acid 8 မျိုးလဲပါတယ်တဲ့ ခြောက်”တင်း”ကြီးမဟုတ်ဘဲ အစိုဓါတ်ရှိနေမယ်ပေါ့လေ၊
အရမ်းချွေးထွက်လို့ ချွေးထိန်းချင်တာတွေ၊ ချိုင်းနံ့တအားနံတာတွေကျ အလုပ်ဖြစ်မယ်မထင်ဘူး။
ကိုယ့်လို mild ဖြစ်တာသုံးချင်သူကျ အိုကေတယ်။ စိုနေချိန်၊ချွေးထွက်ချိန်မလိမ်းဘဲ ခြောက်အောင်ထားပြီး သုံးပြီးလဲ ခနချိုင်းမြောက်ထားပြီးသုံးရင် ပိုအိုကေ၊
သူ့အနံ့ကတော့သူ့ပေါင်ဒါတွေ body wash တွေအနံ့ပါပဲ၊ ကလေးနံ့မကြိုက်ရင်တော့ မသုံးနဲ့၊ ကလေးတွေသုံးလိူ့ရလားဆို ၁၀/၁၁ ကစသုံးလိူ့ရလောက်မယ် (အရေပြားဆရာဝန်နဲ့ဆွေးနွေးတာပိုကောင်း) Dermatologically Tested ပါလို့အရေပြားယားယံတာ၊ အဖုအပိမ့်ထွက်တာမျိုး မဖြစ်စေစမ်းသပ်ထားပြီးသားလို့တော့ပြောထားတယ်။ 🤓
ဘေးက Hygine fan တွေတွက် အသစ်ထွက်တဲ့ mist လေးပါ၊အနံ့ကသူ့softener , အမွှေးဆီအနံ့ပါပဲ။ ဒါကျကြိုက်လို့ဝယ်တာ🥴