14/04/2023
မင်္ဂလာပါခင်ဗျာ ကျနော် ဒီနေ့ပြောပြချင်တဲ့အကြောင်းကတော့ S E I K O ဆိုတဲ့ကမ္ဘာ့ပထမဆုံး First Quartz Watch Astron 35SQ ကိုစတင်တီထွင်နိုင်ခဲ့တဲ့ Co. တစ်ခုအကြောင်းပဲဖြစ်ပြီး ကျနော်က facts အချက်အလတ်အချို့ကိုသာဆွဲ၍ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်ဗျ
Seiko's Founder ဖြစ်တဲ့ Mr.Kintaro Hattori ဟာဆိုရင်သူ့ရဲ့ လုပ်ငန်းကို 1881 ခုနှစ်မှာစတင်ခဲ့ပြီးနောက် ၁၀နှစ်အကြာမှာတော့ Seikosha လိုအမည်တွင်စေခဲ့တယ်ဗျ၊ Seiko Definition ကိုဘာသာပြန်ခဲ့ရင် `Precise (တိကျ/သေချာခြင်းလို့အဓိပ္ပာယ်ရပါတယ်၊
နာရီအမျိုးအစားတစ်ခုကို Model ခွဲထွက်သည့်အပြင် 2021 ခုနှစ်တွင် ထုတ်ဝေခဲ့သော Limited Edition Model စုစုပေါင်း 110 ရှိပြီး ထွက်ရှိတဲ့နာရီအားလုံး၏ 27% အောက်သာရှိတယ်ဗျ။
ဒါ့အပြင် Grand Seiko ကို 1960ခုနှစ်မှာ Seiko ရဲ့လက်အောက်ခံ Manufacture Co. တစ်ခုဖြစ်တဲ့ Suwa Seikosha မှထုတ်လုပ်ခဲ့ပြီး အဲ့ဒီနာရီကလည်း Power Reserve 45နာရီ(၂ရက်နီးပါး) ရရှိမည်ဖြစ်ပြီး တိကျမှန်ကန်မှုရှိတဲ့ Calibre 3180 Movement ကိုအသုံးပြုထားနိုင်တယ်ခင်ဗျ၊ ပြိုင်ဘက် လက်အောက်ခံ Manufacture တစ်ခုဖြစ်သေးတဲ့ Daini Seikosha ဟာဆိုရင်လည်း 1961ခုနှစ် (နောက်တစ်နှစ်အကြာမှာ) King Seiko ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်၊ King Seiko ရဲ့အဓိကရည်ရွယ်ချက်ကတော့ဗျာ Seiko နာရီများထုတ်လုပ်ခဲ့သမျှထက်အကောင်းဆုံးနာရီဖြစ်လိုတဲ့ Target ရှိတဲ့အတွက်ကြောင့် Suwa Seikosha နဲ့ Daini Seikosha တို့အပြိုင်အဆိုင်ပြင်းထန်လာကြတာပဲဖြစ်ပါတယ်ခင်ဗျာ
Seiko Watch Corporation ရဲ့နာမည်ကွဲတစ်ခုဖြစ်ပြီးလူသိနည်းသောအချက်တစ်ခုဖြစ်တဲ့ Alba ၊Pulsar နဲ့ Lorus ဆိုတဲ့နာရီလေးအကြောင်းဆက်ပြောပြချင်ပါတယ်ခင်ဗျာ (စာအရေးအသားမညီညွှတ်တာ/ဖတ်ရခက်စေရင်ကြိုမေတ္တာရပ်ခံပါတယ်ခင်ဗျ)
(Alba)
1971ခုနှစ်မှာ Seiko Family ရဲ့ Movement ကိုပဲအသုံးပြုထားပြီး လူငယ်များကြိုက်နှစ်သက်စေလောက်မဲ့ Up to date ခေတ်မီနာရီ Design မျိုးနဲ့ Alba ကိုစတင်မိတ်ဆက်စေတယ်ဗျ၊ အဲ့ဒီ Alba Watch ကို အာရှ နှင့် အရှေ့အလယ်ပိုင်းဈေးကွက်တွေကို အဓိကရည်ရွယ်ရောင်းချစေခဲ့ပြီး အားပေးဝယ်ယူမှုကြီးကြီးမားမားရရှိကာ အောင်မြင်မှုများရရှိခဲ့ပါတယ်၊ Alba ရဲ့အဓိပ္ပာယ်မှာ Italian နဲ့ Spain ဘာသာစကားအနေဖြင့် Dawn' (အာရုဏ်ဦး) လိုသိရှိရပါတယ်ခင်ဗျာ၊
(Pulsar)
Pulsar ဆိုတဲ့ 1970 မှာ ကမ္ဘာ့ပထမဆုံး LED WATCH ကိုဈေးကွက်ထဲစတင်မိတ်ဆက်သယ်ဆောင်လာတဲ့ Brand တစ်မျိုးဖြစ်ပြီး အဲ့ဒီအချိန်တုန်းကတော့ American Hamilton Watch Co. နဲ့ Electro/Data Inc တို့ပူးပေါင်းတီထွင်နိုင်ခဲ့ပါတယ်၊ 1972ခုနှစ်မှာတော့ Pl***oy အမည်ရှိစာစောင်အပိုင်းထဲမှာ ပထမဆုံး Pulsar ဓာတ်ပုံတစ်ပုံကိုထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်၊ 1975 မှာ Digital Built-in Calculator ကိုထုတ်ဝေခဲ့ပြီး 1978ခုနှစ်မှာတော့ Seiko Corporation က Pulsar ကိုဝယ်ယူခဲ့ပါတယ် ၊ 2020 အနှောင်းပိုင်းမှာတော့ Seiko က United Kingdom ကို Pulsar ရောင်းချခြင်းရပ်စဲလိုက်တယ်တဲ့ခင်ဗျ၊
(Lorus)
Lorus ဆိုတဲ့ နာရီလေးအကြောင်းဆိုရမယ်ဆိုရင်တော့ Pulsar၊ Alba ၊Seiko Watches နှင့် Lorus နာရီတွေကိုထုတ်လုပ်ရောင်းချသည့် Seiko Watch Corporation အမှတ်တံဆိပ်များထဲကတစ်ခုဖြစ်ပါတယ်၊ Lorus ကို 1982 ခုနှစ် ဥရောပ မှာစတင်ထုတ်လုပ်ခဲ့ပြီးတော့ လူကြိုက်များတဲ့ Pulsar၊ Seiko ကိုပါထည့်သွင်းခဲ့ပြီး လူသိစေခဲ့တယ်ဗျ၊ Lorus က ဈေးနှုန်းသက်သာရုံသာမက Quality၊ High Design၊ အရည်အသွေးကောင်းမွန်စွာထုတ်လုပ်နိုင်ခဲ့ကာ အောင်မြင်မှုအလျင်အမြန်ရရှိခဲ့တဲ့ Brand တစ်မျိုးပဲဖြစ်ပြီး Solar၊ Digital၊ Duo-display၊Alarm-chronograph နာရီများကိုအောင်မြင်စွာထုတ်လုပ်ထားနိုင်သေးပါတယ်၊
အချုပ်ပြောရရင် Seiko Wristwatch များက
ကျတော်တို့မြန်မာနိုင်ငံမှာလည်းယခုချိန်ထိရေပန်းစားပြီး လူကြိုက်များတဲ့ Branded နာရီတစ်မျိုးလည်းဖြစ်ပါတယ်၊ Affordable၊ Priceable Brand အနေနဲ့လည်း ဆီလျော်ကောင်းမွန်သောနာရီ Branded တစ်မျိုးပဲဖြစ်ပါတယ်၊ ကျနော်ရေးရတဲ့ရည်ရွယ်ချက်ကရှင်းပါတယ် နာရီနှင့်ဆက်စပ်ခြင်းနည်းသည့်နယ်ပယ်ကသူများအချို့၊နာရီအကြောင်းအမှန်အကန်စိတ်ဝင်စားသူများဖို့၊ နာရီများရဲ့ Fun Facts အချက်အလတ်တစ်ချို့ကိုသာ ကိုးကားရေးပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ (ကျနော်လည်း Professionalမဟုတ်ပဲ Still Learning သာဖြစ်တဲ့အတွက် အမှားများပါရင်ထောက်ပြပေးကူဖို့ပြောရင်း) ဒီမှာပဲရပျခှငျ့ပွုပါဦးခငျဗြ
mko